အပိုင်း (၃၄) Unicode

Background color
Font
Font size
Line height

တစ်လကြာပြီးနောက်...

တစ်လဆိုသည့်အချိန်အခါအတွင်း၌ ဘေကျင်းမြို့​၏နေ့စဉ်ထုတ်သတင်းစာများတွင် ထိပ်သီးသတင်းကြီး (၄) ခုက တစ်လှည့်စီနေရာယူသည်။

၁။ SVS လုပ်ငန်းစု၊ ဝမ်လုပ်ငန်းစုနှင့် ယွမ်လုပ်ငန်းစုတို့​၏ ပူးပေါင်းလုပ်ငန်းများဖျက်သိမ်းခြင်းနှင့်အတူ ရှယ်ယာဈေးများသိသိသာသာထိုးကျသွားခြင်း။

၂။ မိဘတို့​၏ဆန္ဒကိုဆန့်ကျင်သော သားဖြစ်သူအား ဝမ်လုပ်ငန်းစုမှ အမွေပြတ်စွန့်လွှတ်ခြင်း။

၃။ ဆွဇ်ဇလန်သို့သွားသည့်လေယာဉ်ပေါ်၌ ပါသွားသည်ဟုသာသိလိုက်ရပြီး ဘယ်နေရာမှာမှ ရှာလို့မရအောင် စုံးစုံးမြုပ်ပျောက်လို့သွားသည့် သမီးဖြစ်သူအား ယွမ်လုပ်ငန်းစုမှ အမွေပြတ်စွန့်လွှတ်ခြင်း။

သတင်း (၄)ခု အနက် အများနှင့်မတူစွာ ထူးထူးခြားခြားနောက်ဆုံးသတင်းက...

၄။ SVS လုပ်ငန်းစုမှ သားဖြစ်သူက မိခင်နှင့်ဖခင်အား မိဘများအဖြစ်မှ စွန့်လွှတ်ခြင်း။
_______________ _____________

"ကျစ်..."

အချိန်ပိုင်းအလုပ်မှပြန်လာပြီး အိမ်ရှေ့ကတစ်လုံးတည်းသော ဆိုဖာခုံပေါ်မှာထိုင်မည်ဟုကြံရုံပဲကြံလိုက်ရသေးသည့်အချိန်တွင် တဖွဲဖွဲကျလို့လာသည့် မိုးစက်များကြောင့် ဝမ်ရိပေါ် အိမ်အနောက်ဘက်သို့ အပြေးသွားလိုက်ပြီး မနက်တုန်းက လှန်းခဲ့သည့် အဝတ်များကို အမြန်ရုတ်လိုက်သည်။

လက်ထဲတစ်ပွေ့တစ်ပိုက်ပါလာသည့် အဝတ်များအားဝမ်ရိပေါ်သူ့အိပ်ရာပေါ်သို့တင်သည်။မနေ့ကတည်းက စောင်တွေ၊ အိပ်ရာခင်းတွေလျှော်ဖို့ မှန်းထားသော်လည်း မိုးတွေရွာတာကြောင့် မလျှော်ဖြစ်ခဲ့ခြင်းဖြစ်သည်။ဒီနေ့တော့ကံကောင်းထောက်မစွာဖြင့်ခြောက်သွေ့လို့နေပြီဖြစ်သည့် သူ့အဝတ်များကို ဝမ်ရိပေါ် လက်ပူသေချာတိုက်လို့နေသည်။

မီးပူတစ်လုံးရှိသော်လည်း အဝတ်များကို လက်ပူတိုက်ရခြင်းအကြောင်းက မီတာခခြွေတာရာရောက်ပြီး မကုန်သင့်တာ မကုန်စေရန်ဖြစ်​၏။ထိုအပိုကုန်ကျမည့်အရာတွေကို ဝမ်ရိပေါ်တတ်နိုင်သမျှရှောင်ကြဉ်၍ လိုအပ်တာများကို ဝယ်ယူ​၏။ ဥပမာ- ပြန်တက်ဖို့ရည်ရွယ်ထားသည့် ကျောင်းအတွက် လိုအပ်သည့်စာအုပ်များကို ဖြည်းဖြည်းချင်းဆီဝယ်စုထားခြင်းဖြစ်သည်။

ခေါက်ပြီးသွားသည့်အဝတ်များကို ဝမ်ရိပေါ် ဗီဒိုထဲထည့်လိုက်ကာ ရေချိုးခန်းထဲဝင်လိုက်​၏။ ဈေးသက်သာသည့် တိုက်ခန်းတစ်ခုကိုငှားရမ်းခဲ့တာကြောင့် ရေပူစက်မရှိသည့်အခါ ရေအေးများဖြင့်ဝမ်ရိပေါ်မြန်မြန် သွက်သွက်ချိုးပြီး ပြန်ထွက်လာခဲ့သည်။အပြင်ဘက်ကမိုးရွာနေသည့်အရှိန်ကြောင့်ခိုက်ခိုက်တုန်လို့နေသည့် ဝမ်ရိပေါ်က ခန္ဓာကိုယ်ပေါ်မှရေစက်များကိုအမြန်သုတ်လိုက်ပြီး အဝတ်အစားလဲ၍ မီးဖိုချောင် ဘက်သို့တန်းသွားသည်။

ဟာနေပြီဖြစ်သည့် ဝမ်းဗိုက်ကြောင့် မီးဖိုချောင်အံဆွဲတွေထဲမှာရှိသည့် ခေါက်ဆွဲခြောက်တစ်ထုပ်ကို ရေနွေးတည်ထားသည့်အိုးထဲ ဖောက်ထည့်ကာ ကြက်ဥတစ်လုံးကိုထည့်မွှေလိုက်​၏။ဒီတိုက်ခန်းကိုရောက်လာပြီးနောက်ပိုင်းသူ​၏မိတ်ဆွေစစ်များဖြစ်လာသောခေါက်ဆွဲနှင့်ကြက်ဥကို အိုးလိုက်ပင် ဝမ်ရိပေါ်မြန်မြန်သွက်သွက်စားသုံးလိုက်သည်​။

ပြီးသွားသည့်အခါတွင်တော့ မီတာခခြွေတာသည့်သဘောဖြင့်မီးဖိုချောင်မီးကိုပိတ်ခဲ့ပြီး အိမ်ရှေ့ကိုထွက်ခဲ့သည်​။အပျင်းပြေတီဗီကြည့်ဖို့ပြင်လိုက်သော်လည်းမီတာတက်မည်စိုး၍ မကြည့်တော့ဘဲ စာကြည့်စားပွဲတွင်သာဝင်ထိုင်လိုက်သည်။

ကြားထဲမှာတော်တော်ကြီးအဆက်ပြတ်လို့နေခဲ့သည့် စာအုပ်များကို ဝမ်ရိပေါ် လှန်လှောကြည့်ရှူလိုက်သည်။ ညစဉ်ညတိုင်းပုံမှန်သဘောဖြင့် ပြန်လေ့လာခဲ့တာ ကြောင့် အခြေခံမှစ၍ သူရပ်တန့်ခဲ့သည့် ဒုတိယနှစ်ကစာများကိုပါ ပြန်လည်တီးမိခေါက်မိလို့လာတာဖြစ်သည်။

တွက်ချက်ရမည့်အရာများကို အကြမ်းချရေးချင်သည့် ဝမ်ရိပေါ်က စာရွက်တစ်ရွက်နှင့်ခဲတံတစ်ချောင်းကိုယူဖို့လက်လှမ်းလိုက်စဉ် ဖုန်းဝင်လာတာကြောင့် ခေါ်ဆိုသူကိုကြည့်ပြီး ချက်ချင်းပြန်ဖြေလိုက်သည်။

"ဟယ်လို မစ္စဂျီနာ..."

"နေကောင်းရဲ့လား ရိပေါ်..."

"ဟုတ်...မစ္စဂျီနာရော..."

"အန်တီလည်းကောင်းပါတယ်...စားပြီးပြီလား..."

"ဟုတ်ကဲ့ အခုပဲ ခေါက်ဆွဲစားပြီးတာ..."

ဝမ်ရိပေါ်​၏စကားကြောင့် ဂျီနာ သဲ့သဲ့လေးရယ်လိုက်ပြီး...

"အင်း အန်တီလည်း အခုပဲ ခေါက်ဆွဲပြုတ်စားတော့မလို့...ကြက်ဥတောင်ကုန်နေလို့ အလွတ်ပဲစားရတော့မှာ..."

သူနဲ့ ဘဝတူအိမ်ပြေးတစ်ယောက်ဖြစ်လို့နေသည့် ဂျီနာ​၏ အပြောကြောင့်လည်း ဝမ်ရိပေါ်ရယ်လိုက်သည်။

သားဖြစ်သူထံမှ မိဘအဖြစ်စွန့်လွှတ်ခြင်းခံလိုက်ရသည့်သတင်းတက်လာပြီးနောက် လင်မယားနှစ်ယောက် အကြီးအကျယ်စကားများရန်ဖြစ်ခဲ့ပြီးကွာရှင်းခွင့်ပါတောင်းခဲ့သည့် ဂျီနာ့ကို ရှောင်းရမ်က မကွာရှင်းပေးတာကြောင့် ဂျီနာစိတ်ဆိုးပြီး အိမ်ပေါ်မှဆင်းလာခဲ့ခြင်းဖြစ်သည်။

အသက် ၆၀ နီးနီး အမျိုးသမီးတစ်ဦးဖြစ်ပြီးငယ်စဉ်ကတည်းက ဘာဆိုဘာမှခက်ခဲမှုမရှိခဲ့သည့်ဂျီနာက အိမ်ပေါ် ကဆင်းလာသည့်အခါ ဝမ်ရိပေါ်ထက်ခက်ခဲနေတာဖြစ်​၏။ထို့ကြောင့်တစ်ယောက်နဲ့တစ်ယောက်ဒီလိုမျိုးပုံမှန်ဖုန်းခေါ်ဖြစ်ရင်း စိတ်ဓာတ်ခွန်အားများရယူနေရတာဖြစ်​၏။

"ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ရတာ မလွယ်ဘူးနော် ရိပေါ်..."

ဝမ်ရိပေါ် ထောက်ခံသည့်သဘောဖြင့် "အင်း" ဆိုသည့်စကားလုံးကို အသံရှည်ဆွဲပြောလိုက်သည်။

"အိမ်ပြေးတွေထဲမှာတော့ Sean ရဲ့လုပ်ရပ်တွေကပိုင်ချက်...သူ့အဖေဆီက ကွန်ဒိုတစ်ခန်းနဲ့ ကားတစ်စီးကို သူ့အမည်ပေါက်နဲ့လွှဲခိုင်းလိုက်ပြီးတဲ့အခါမှ အန်တီတို့ကိုမိဘအဖြစ်ကနေစွန့်လွှတ်လိုက်တာ...ပြီးတော့ အန်တီတို့ထက်သာတာက ကွန်ဒိုမှာနေရမှမဟုတ်ဘူး ဘယ်နေရာမှာမဆိုနေတတ်တဲ့ သူ့ရဲ့ adaptation skill က တော်ရုံတန်ရုံမဟုတ်ဘူး...ခိုင်းနှိုင်းပြီးပြောရရင်တော့ ဟိုဟာကျရာပျော်တဲ့ လောက် ကောင်လေးလိုပဲ..."

"ရှောင်းကျန့်ကို အဲ့လိုခိုင်းနှိုင်းပြီးမပြောနဲ့..."

"မပြောရဘူးလား..."

"အင်း...ကျွန်တော်မကြိုက်ဘူး..."

"အင်းပါ အင်းပါ...အန်တီမပြောတော့ပါဘူး...အန်တီဆိုလိုချင်တဲ့သဘောက အဲ့လို wild and free type ဖြစ်တဲ့ Sean က မင်းနဲ့ပတ်သက်မှ ပတ်ဝန်းကျင် လူ့အသိုင်းအဝိုင်းဆိုတာကို ဂရုစိုက်တတ်လာတာ...အန်တီပြောတာ နားလည်တယ်မလား..."

နှုတ်ဆိတ်လို့သွားသည့်ဝမ်ရိပေါ်ကို ဂျီနာကဆက်ပြီး...

"သားနဲ့ပတ်သက်ရင် Sean မှာ မာနဆိုတာ မရှိဘူး... တွေ့တဲ့လူရှေ့အချိန်မရွေးဒူးထောက်ချနိုင်တယ်ဆိုတာ မင်းလည်းမျက်မြင်ကိုယ်တွေ့ပဲလေ ဟုတ်တယ်မလား..."

"....."

"အဲ့တော့ ရိပေါ်ရယ်...Sean ဘက်က ဖုန်းခေါ်ရင်တစ်ခါလောက်ဖြစ်ဖြစ်ကိုင်ပေးလိုက်ပါနော်..."

ဒီရက်ပိုင်းအတွင်း အဝင် call တွေ ၊ message တွေ၊ voice message တွေ နဲ့ပလူပျံနေခဲ့တာ ဘယ်သူ့လက် ချက်လဲဆိုတာ ဝမ်ရိပေါ်သိလိုက်ရပြီးနောက်...

"ရှောင်းကျန့်ကိုကျွန်တော့်နံပါတ်ပေးလိုက်တာ မစ္စဂျီနာပေါ့..."

"ငိုပြီးလာတောင်းနေတော့ အန်တီလည်း ဘယ်တတ်နိုင်ပါ့မလဲ...သားသမီးမျက်ရည်လေ ဘယ်မိဘကကြည့်ချင်ပါ့မလဲ..."

"ရှောင်းကျန့်က ငိုတယ် ဟုတ်လား..."

"ငိုတာမှသားရယ် အသံတွေတောင်အက်ရှနေတာ..."

ရှောင်းကျန့်ငိုတာ တစ်ခါမှမတွေ့ဖူးသည့် ဝမ်ရိပေါ်က ဂျီနာ​၏စကားကို မယုံသလိုဖြစ်နေရင်း အပြင်ဘက်မှာရွာသွန်းဖြိုးလို့နေသည့်မိုးစက်များကို ပြတင်းတံခါးမှတစ်ဆင့်ကြည့်လိုက်သည်။

ညနေ ငါးနာရီအချိန်ကတည်းက တဖွဲဖွဲ ကျနေခဲ့သည့် မိုးစက်တို့က အချိန်ကြာမြင့်လာသည်နှင့် အမျှ ရပ်တန့်သွားခြင်းမရှိဘဲပို၍သာအရှိန်ကောင်းလို့လာခြင်းဖြစ်သည်။

"ခွေးပေါက်လေး..."

ရုတ်တရက်ကြီး ပေါ်ထွက်လာသည့်ခေါ်သံပီပီသသတစ်ခုကြောင့် ဝမ်ရိပေါ်ဆတ်ကနဲဖြစ်သွားရသည်။ နားကြားလွဲသည်ဟုထင်မိနေရင်း ခေါ်သံကနောက်တစ် ခေါက်ထွက်ပေါ်လို့လာသည့်အခါ ဖုန်းပြောနေဆဲဖြစ်သည့် ဂျီနာကို...

"မစ္စဂျီနာ...ရှောင်းကျန့်ကို ကျွန်တော်ရှိနေတဲ့နေရာအထိ ပြောပြလိုက်တာလား..."

ဝမ်ရိပေါ်​၏အမေးကြောင့် ဂျီနာဖြေရခက်သွားပြီးမှ ရယ်ကျဲကျဲဖြင့်...

"ဟိုလေ...Sean က မင်းရှိနေတဲ့နေရာကိုပြောပြရင် အန်တီ့ကို အမေအဖြစ်ပြန်သတ်မှတ်မယ်ဆိုလို့ပါ..."

ပြောပြီးသည်နှင့်ဂျီနာကဖုန်းကိုတိကနဲချလိုက်တာကြောင့် ဝမ်ရိပေါ် စာကြည့်စားပွဲ၌သာ ငုတ်တုတ်ကျန်ရစ်ခဲ့​၏။
.
.
.
"ခွေးပေါက်လေး..."

ထစ်ချုန်းမိုးသံတွေကြားထဲမှာတောင်ဟိန်းထွက်နေသည့်အသံကြောင့် လေဝင်ရုံလေးဖွင့် ထားသည့်တိုက်ခန်းပြတင်းပေါက်ကို ဝမ်ရိပေါ် အားဖြင့်ဆောင့်ပိတ်ပြီးအတွင်းမှဂျက်ချလိုက်သည်။ပြတင်းပေါက်အတွင်းပိုင်းမှာရှိနေသည့် လိုက်ကာကိုလည်းဆွဲချလိုက်ကာမီးရောင်များကိုပါအမှောင်ချလိုက်​၏။

"ကိုယ့်ကို ဘာလို့ထွက်မတွေ့တာလဲ ကိုယ့်မျက်နှာကိုမမြင်ချင်ရင်တောင် ဖုန်းလေးတော့ကိုင်ပါကွာ...ကိုယ့်အသံမကြားချင်ဘူးဆိုလည်း မက်ဆေ့ချ်လေးတော့ပြန် အဲ့တာမှမဟုတ်ရင်လည်း ကိုယ်ပို့ထားတဲ့မက်ဆေ့ချ်တွေကိုဖတ်ပြီးကြောင်း seen လေးတော့ပြလေနော်..."

"အခုလောလောဆယ် ကိုယ့်ကိုထွက်တွေ့ပါဦး ခွေးပေါက်လေးမျက်နှာကို ကိုယ်မတွေ့ရတာဘယ်လောက် ကြာပြီလဲ ကိုယ့်ကိုဘယ်လိုဖြစ်စေချင်တာလဲ ကိုယ်ရူးသွားတာကို မြင်ချင်တာလား...အရာရာအတွက်ကိုယ်တောင်းပန်မှာမလို့ ခဏလေးတော့ထွက်ခဲ့ပေးပါ...အခုခွေးပေါက်လေးကိုမှ ကိုယ်မတွေ့ရရင် ကိုယ်ရူးတော့မှာ ကိုယ်ရူးတော့မှာလို့..."

ထိုစကားတွေကို ရင်းရင်းနှီးနှီးကြားဖူးသလိုဖြစ်နေသည့် ဝမ်ရိပေါ်ကဒီတိုင်းသာနားထောင် နေသည်။ သူပြောခဲ့ဖူးတဲ့တောင်းပန်စကားတွေအတိုင်းပြန်ပြောနေတဲ့လူက ဘာလုပ်ဖို့ကြိုးစားနေတာလဲ။

"ဒေါက် ဒေါက် ဒေါက်..."

တိုက်ခန်းတံခါးကို အဆက်မပြတ်လာခေါက်နေသံများကြောင့် ဝမ်ရိပေါ်ဖွင့်ကြည့်လိုက်တော့ တိုက်ခန်းအပြင်မှာ လူတစ်အုပ်ရောက်လို့နေသည်။နာမည်တွေဘာတွေအတိအကျမသိသော်လည်း မျက်မှန်းတန်းဖူးတော့ သူနဲ့တစ်တိုက်တည်းနေသည့် အိမ်နီးချင်းများမှန်းတော့သိသည်။လူမှုရေးအရ မေးထူးခေါ်ပြောရမည်ဆိုတာ ဝမ်ရိပေါ်သိသောအခါ...

"ဘာကူညီပေးရမလဲ..."

"တိုက်အောက်မှာ မူးရူးအော်ဟစ်နေတဲ့လူကို သွားတွေ့လိုက်စမ်းပါ...ငါတို့မှာ မိသားစုနဲ့ကွ ည ရှစ်နာရီ ကိုးနာရီဆိုတာ မိသားစုနဲ့အေးအေးဆေးဆေး အနားယူတဲ့အချိန်..."

"ကျွန်တော်နဲ့အဲ့လူနဲ့ ဘာဆိုင်လို့လဲ အဲ့လူကို ကျွန်တော် သိလည်း မသိသလို မြင်လည်းမမြင်ဖူးဘူး..."

"မင်းရဲ့အခန်းပြတင်းပေါက်ဘက်ကို ကြည့်ပြီးအော် နေတဲ့လူက မင်းနဲ့မဆိုင်ဘူးဆိုတော့လည်း ငါတို့ဘယ်လိုပြောရမလဲ...သွားတွေ့လိုက်စမ်းပါ မဟုတ်ရင် ဘယ်နှစ်ရက်တောင် ငါတို့တွေဒီဒဏ်ကိုခံစားရဦးမလဲမသိဘူး..."

"ကျွန်တော်နဲ့မဆိုင်ဘူးလို့ပြောပြီးပြီလေ ခင်ဗျားတို့သည်းမခံနိုင်တော့ရင် ရဲခေါ်ပြီးဖမ်းသွားခိုင်းလိုက်..."

"ဂျိမ်း...! "

အိမ်အပြင်မှာရပ်နေတဲ့လူတွေကိုမှမထောက် အိမ်အဝင်ဝတံခါးကို ဝုန်းဒိုင်းပိတ်ပြီး ဝမ်ရိပေါ်အိမ်ထဲပြန်ဝင်လာသည်။သူ့ခြေထောက်တွေက ခုနက သူပိတ်ထားခဲ့သည့် ပြတင်းပေါက်ဆီသို့တည့်မတ်စွာသွားလို့နေ​၏။ဆွဲချထားသည့်လိုက်ကာစကို ဘေးကပ်လိုက်ကာရှင်းလင်းသွားသည့်မှန်ပြတင်းပေါက်မှတစ်ဆင့်မြင်တွေ့နေရသည့် လူကိုခါးထောက်ပြီးကြည့်လိုက်သည်။

အမှန်တကယ်ရမ်းကားနေသည့်လူကိုတော့ ရဲလက်အပ်ဖို့မလုပ်ဘဲ တိုက်ခန်းထဲမှာနေ နေသည့်သူ့ကိုအုပ်စုဖွဲ့လာပြောကြတာအံ့ဩဖို့ကောင်းလွန်းသည်။ရမ်းကားနေသည့်လူက ကားအကောင်းစားကြီးစီး၊ခေါင်းအစခြေအဆုံးတန်ဖိုးကြီးအဝတ်အစားတွေပဲဝတ်ထားတော့ရဲခေါ်ဖို့တွန့်ဆုတ်နေကြပြီး သူ့ကိုပဲလာပတ်မဲဲကြတာဖြစ်မည်။လူ့အသိုင်းအဝိုင်းကထိုသို့ပဲကြောက်ဖို့ကောင်းသည်။

"ခွေးပေါက်လေးရေ...ကိုယ့်ကို ထွက်တွေ့ပါဦးခွေးပေါက်လေး...ကိုယ့်ကိုလျစ်လျူရှုပြီးဒဏ်ရာတွေမပေးပါနဲ့..."

"ခွမ်း...! "

တစ်ဝက်လောက်ကျန်ရှိနေသေးသည့် လက်ထဲကအရက်ပုလင်းကို ကားဘော်ဒီနဲ့ရိုက်ခွဲလိုက်တာကြောင့်ဖန်ကွဲစတွေဖြာကနဲဖြစ်သွားသည့်မြင်ကွင်းကမျက်ဝါးထင်ထင်။ကားခေါင်မိုးပေါ် မရမကတက်ပြီး သူရှိရာကို မျက်နှာမူအော်နေသည့်အက်ရှရှအသံတို့ကလည်းမကြားစိမ့်စရာ။

သူ့အိမ်တံခါးကို လာခေါက်ပြီးကောင်းကောင်းမွန်မွန်လာတောင်းပန်ပြလည်းရရဲ့သားနဲ့ လူသိရှင်ကြားလုပ်နေရခြင်းကဘာရည်ရွယ်ချက်ကြောင့်လဲ။ဘာဖြစ်လို့လဲမသိ။ဒီမြင်ကွင်းကိုသူ့မျက်လုံးထဲမှာ ပြဇာတ်တစ်ခုလိုပဲမြင်နေသည်။ ဘယ်အထိဆက်သွားနိုင်ဦးမလဲဆိုတာလည်း သိချင်သေး​၏။

​ကြည့်နေရင်းမှ ကားခေါင်မိုးပေါ်တက်အော်နေသည့်လူက အောက်ကိုပြန်ဆင်းသွားကာ ကားထဲပြန်ဝင်လို့သွားသည်။အချိန်တန်တော့ဒီပြဇာတ်ကပြီးသွားတာပါပဲ။သက်သက်မဲ့အချိန်ဖြုန်းပြီးမတ်တပ်ရပ်ကြည့်နေမိတာ သူ့အမှား။ဟက်။

ဝမ်ရိပေါ် လိုက်ကာစကိုပြန်ဆွဲချလိုက်ပြီးပြတင်းပေါက်ကိုကျောခိုင်းလိုက်သည်။ကျောခိုင်းပြီးခြေတစ်လှမ်းတောင် မလှမ်းရသေး...

"ကျွီ...ဒုန်း...! "

အနောက်ကိုချက်ချင်းပြန်လှည့်ပြီး ပြတင်းတံခါးကိုဂျက်ဖွင့်ကာအပြင်ဘက်ကိုကြည့်လိုက်သည်။

​"ကျွီ..."

ကားကို အနောက်ဆုတ်လိုက်ပြီး သူ့ဟာသူတသီးတခြားရှိနေသည့်လမ်းဘေးကဓာတ်တိုင်ကိုအရှိန်နဲ့ဝင်တိုက်နေသည့်အပြုအမူက။

"ဒုန်း...! "

သုံးခါမြောက်ဝင်တိုက်ခြင်းခံရပြီးနောက်မှာဓာတ်တိုင်ကအခြေယိုင်ပြီး အလယ်တည့်တည့်မှကျိုးကျလာသလို လမ်းတစ်လျှောက်ကမီးတိုင်တွေကလည်း တဖျတ်ဖျတ်နဲ့ဖောက်လွဲဖောက်ပြန်ဖြစ်လာကြသည်။ပြီးတော့...

What the...

ဓာတ်တိုင်ကိုရစရာမရှိအောင်ကားနဲ့တိုက်လိုက်တဲ့တရားခံက ကားထဲကထွက်လာပြီး ကားခေါင်မိုးပေါ်ပြန်တက်ကာ ဓာတ်တိုင်ပေါ်ကညွှတ်ကျနေသည့်လျှပ်စီးတလက်လက်ဖြစ်နေသော ဓာတ်ကြိုးတွေကိုလက်ဗလာနဲ့လှမ်းကိုင်ဖို့လုပ်နေသည်။

​ဒါတော့မဟုတ်သေးဘူး။ ဒါကတော့တကယ်မဟုတ် သေးဘူးလို့။

ဝမ်ရိပေါ် ကျိန်းစက်လို့လာသည့်ခေါင်းတစ်ခြမ်းကြောင့်သူ့ဆံပင်တွေကို စုတ်ဖွာလို့သွားအောင်ထိုးဖွပစ်လိုက်သည်။တွေ့တဲ့ထီးတစ်ချောင်းကိုဆွဲယူကာ တိုက်ခန်းတံခါးကိုဖွင့် ဓာတ်လှေကားတောင်မစောင့်နိုင်တော့ဘဲ လှေကားထစ်တွေကနေ ခြေကျင်ပြေးဆင်းသွားသည်။

"အဲ့ဒီကားခေါင်မိုးပေါ်က ဆင်းလာခဲ့...! "

ဆယ့်နှစ်လွှာကနေ တစ်ချက်မနားပြေးဆင်းလာရတာကြောင့်မောဟိုက်နေသည့်ကြားမှ ဒေါသသံနဲ့အော်လိုက်သည့်အခါ ကားခေါင်မိုးပေါ်ကလူကလှည့်ကြည့်လာသည်။ခုနကဓာတ်ကြိုးတွေကို လှမ်းကိုင်ဖို့လုပ်ခဲ့တာမဟုတ်သည့်အတိုင်းကားခေါင်မိုးပေါ်ကချက်ချင်းကိုဆင်းလာပြီး သူ့ရှေ့မှာဒူးထောက်သည်။

ခေါင်းကိုငိုက်စိုက်ထားပြီး တောင်းပန်စကားတွေဆိုနေသည့်လူကို သူငုံ့မကြည့်မိ။သူတို့ကိုပြဇာတ်တစ်ခုလိုစပ်စပ်စုစုဝိုင်းကြည့်နေကြသည့်ပတ်ဝန်းကျင်တိုက်မှလူများကိုလည်းသူမကြည့်မိ။

လက်ထဲကိုင်ဆောင်လာပေမယ့် ဖွင့်ဆောင်းဖို့မေ့နေသည့်ထီးကိုသာလွှတ်ချလိုက်ပြီး ထစ်ချုန်းမိုးတွေရွာသွန်းနေသည့်ကောင်းကင်ကြီးကိုမော့ကြည့်လိုက်သည်။

ဖွင့်ထားသောမျက်လွှာတွေကြောင့်မျက်သားထဲကိုတိုက်ရိုက်ကျရောက်နေသော မိုးရေအေးစက်စက်များကိုခံယူရင်း တစ်ခုတည်းသာဆုတောင်းနေမိသည်။

သူ့ရဲ့ဦးခေါင်းတည့်တည့်ကိုသာ မိုးကြိုးပစ်ချသွားလိုက်ပါတော့။

အခုသူကြုံနေရသည့်ဖြစ်ရပ်ကပြဇာတ်တစ်ပုဒ်မဟုတ်ဘဲ တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်နေသည့်အခါအဝေးမှလာနေသည့်ရဲကားသံများကိုတသဲ့သဲ့ကြားနေရသည်။ဒီလူသားကို ရဲစခန်းမှာအာမခံနဲ့သူသွားထုတ်ပေးရဦးမှာပေါ့။

"အများပိုင်ပစ္စည်းဖြစ်တဲ့ လမ်းမီးတိုင်ကိုဖျက်ဆီးခြင်းနဲ့ ပတ်ဝန်းကျင်ကိုဆူပူအောင်လုပ်တဲ့အမှုကြောင့်ရဲစခန်းလိုက်ခဲ့ရပါမယ်..."

ရဲကားပေါ်မှဆင်းလာသည့် ရဲသားနှစ်ဦးက ရှောင်းကျန့်ကို လက်ထိပ်ခတ်ဖို့လုပ်လိုက်သည့်အခါ ဝမ်ရိပေါ် လက်ပြတားလိုက်ပြီး...

"သူ့ကို ရဲစခန်းမခေါ်သွားခင် မိုးတွေစိုနေတဲ့ အဝတ်တွေကို လဲခွင့်ခဏပေးနိုင်မလား..."

"အချိန်မရှိဘူး...ငါတို့က ပြီးရင် ကင်းထပ်လှည့်ရဦးမှာ အခုချက်ချင်းခေါ်သွားမှရမယ်..."

"အဲ့တာဆိုလည်း သုံးမိနစ်လောက် စောင့်ပေးပါ...ကျွန်တော် တိုက်ခန်းပြန်ပြီး အနွေးထည်တစ်ခုသွားပြေးယူမလို့...အဲ့တာတော့ ခွင့်ပြုပါ..."

"အေး...အဲ့တာဆိုလည်း မြန်မြန်သွား..."

မူးနေသည့်အရှိန်ကြောင့် အကျိုးအကြောင်းမသိသည့် ရှောင်းကျန့်က တိုက်ခန်းဘက်သို့ပြေးဝင်သွားသည့် ဝမ်ရိပေါ်ကိုကြည့်ပြီး...

"ခွေးပေါက်လေး ဘယ်ကိုပြေးသွားတာလဲ...ကိုယ့်ကိုမချန်ထားခဲ့နဲ့လေ...ဒီမှာ ဒီလူတွေက ကိုယ့်ကိုခွေးပေါက်လေးနဲ့ဝေးရာကိုခေါ်သွားဖို့လားမသိဘူး...ကိုယ် ကြောက်တယ်...ကိုယ် ကြောက်တယ်လို့...ခွေးပေါက်လေးကိုယ့်ကိုမချန်ခဲ့ပါနဲ့~~"

ရှောင်းကျန့်​၏ငိုပြောသံတွေကို ဝမ်ရိပေါ်ကြားနေရသော်လည်း အနွေးထည်ပြေးယူပေးဖို့သာအဓိကဖြစ်နေတာကြောင့် အနောက်ပြန်လှည့်မကြည့်မိ။တိုက်ခန်းရှိရာသို့ပြေးတက်သွားသည့်လမ်းတစ်လျှောက်ဝမ်ရိပေါ်စိတ်ထဲ၌ ကြိမ်းလို့နေ​၏။

သူကအဖြစ်သဘောနဲ့ပြောလိုက်ပေမယ့် ရှောင်းကျန့်ကိုတကယ်ကြီးရဲတိုင်လိုက်တဲ့လူကိုတွေ့လို့ကတော့ အရှင်ကိုမထားဘူး။

ရဲတွေကိုကတိပေးခဲ့သည့်အတိုင်း သုံးမိနစ်ဆိုသည့်အချိန်အတွင်း၌ ဝမ်ရိပေါ် အနွေးအင်္ကျီထည့်ထားသည့် ကြွပ်ကြွပ်အိတ်တစ်လုံးကိုဆွဲပြီး တိုက်အောက်သို့ပြန်ရောက်လာခဲ့သည်။ထို့နောက် ရဲကား​၏အနောက်ခန်းမှာရောက်လို့နေသည့် ရှောင်းကျန့်​၏ ဘေးတွင်ဝင်ထိုင်လိုက်ပြီးနောက် ရဲကားသည်လည်း စတင်ရွေ့လျားလို့သွား​၏။

ဝမ်ရိပေါ်သူကိုယ်တိုင်မိုးရေတွေစိုရွှဲနေသော်လည်း ဂရုမစိုက်နိုင်ဘဲ ယူလာသည့် အနွေးထည်အား ရှောင်းကျန့်​၏ကိုယ်ပေါ်သို့လွှမ်းခြုံပေးလိုက်​၏။ရှေ့ခန်းမှာကားမောင်းနေသည့် ရဲနှစ်ယောက်ကိုလည်း လှမ်းပြောလိုက်သည်။

"လေအေးပေးစက်ကို ဒီဘက်မလှည့်ထားနဲ့ ဟိုဘက်နည်းနည်းရွှေ့လိုက်..."

ဝမ်ရိပေါ်​၏တောင်းဆိုချက်ကြောင့် ရဲတစ်ယောက်က အနောက်သို့ရှုတည်တည်လှည့်ကြည့်လိုက်ပေမယ့် ပြောသလိုလုပ်ပေးလိုက်​၏။

"လွမ်းနေတာ~~ခွေးပေါက်လေးကို ကိုယ်က အများကြီး လွမ်းနေတာ~~"

ရင်ခွင်ထဲအသေအကြေခေါင်းတိုးဝှေ့ပြီးပြောနေသည့်သူကို ဝမ်ရိပေါ်ငုံ့ကြည့်လိုက်ကာ...

"မင်းတွေ ငါတွေ ဟေ့ရောင်တွေ မဟုတ်တော့ဘူးလား..."

"ဘယ်သူလဲ...ဘယ်သူလဲ...ကိုယ့်ခွေးပေါက်လေးကို ဟေ့ရောင်လို့ခေါ်တာ...အဲ့ကောင်ကိုတွေ့ရင်ကိုယ်သွားသတ်မယ်...အရှေ့ကကားမောင်းနေတဲ့ကောင်တွေလား..."

ရှေ့ခန်းမှရဲများ​၏ မျက်နှာများမှောင်သွားပြီး အံကြိတ်လိုက်သည်ကို ဝမ်ရိပေါ် တွေ့လိုက်သည့်အခါ ရှောင်းကျန့်​၏ နားရွက်ဖျားနားသို့ တိုးကပ်သွား၍ လေသံလေးဖြင့်သတိပေးစကားပြောလိုက်သည်။

"ရှောင်းကျန့်...ကားမောင်းနေတဲ့လူတွေက ရဲတွေနော်..."

ဝမ်ရိပေါ်စကားကြောင့် အင်မတန်ကြောက်ရွံ့သွားဟန် ဖြင့် လက်တွေခြေတွေတုန်ပြလာသည့် ရှောင်းကျန့်က အသံတွေပါတုန်လာပြီး...

"ကြောက်လိုက်တာ~~ကိုယ်ကရဲသားကြီးတွေဆိုအရမ်းကြောက်တာ~~ခွေးပေါက်လေး ကိုယ့်ကိုဖက်ထားနော် ကိုယ်ကြောက်လို့တုန်နေပြီ~~"

သူမဖက်ထားလည်း သူ့ရင်ခွင်ထဲအတင်းတိုးဝင်နေသည့် ရှောင်းကျန့်ကိုဝမ်ရိပေါ်အလိုက်သင့်လေးပွေ့ဖက်ပေးလို့ထားရင်း မိနစ်နှစ်ဆယ်ခန့်ကြာသည့်အခါ ရဲစခန်းသို့ရောက်ရှိလာ​၏။အရင်လို ပိုက်ဆံနဲ့လိုက် ပေးဖို့ မတတ်စွမ်းနိုင်သည့်အခါ စခန်းမှူးအားရှောင်းကျန့်ကို အာမခံဖြင့်လွှတ်ပေးဖို့ဝမ်ရိပေါ်အကြိမ်ကြိမ်တောင်းပန်သည်။

နောက်တစ်ခေါက်ထပ်မဖြစ်စေရပါဘူးလို့ ကတိတွေလည်းအထပ်ထပ်ခံပေးရင်း တောင်းပန်လွှာ၌ ခံဝန်ကတိထိုးဖို့ရှောင်းကျန့်​၏လက်ထဲသို့ ဘောပင်တစ်ချောင်းထည့်ပေးလိုက်သည်။ဘောပင်တောင်တည့်တည့်မကိုင်နိုင်သည့်အခြေအနေဖြစ်နေသောရှောင်းကျန့် ကြောင့် လက်ဗွေနှိပ်ခိုင်းဖို့သာ အစီအစဉ်ပြောင်းလိုက်ရပြီး ရဲဝန်ထမ်းတစ်ဦးဆီကနေ ink pad ကိုတောင်းလိုက်သည်။

"ဘယ်လိုတွေလုပ်နေတာလဲ...ink pad က အရှေ့မှာလေ..."

ink pad ချထားပေးသည်ကို မတွေ့သည့်ရှောင်းကျန့်ကလက်မကိုလျှာဖျားလေးနဲ့ဖိကပ်ပြီးတံတွေးနဲ့လက်ဗွေနှိပ်ဖို့ကြံစည်နေဟန်ရှိသည့်အခါ ဝမ်ရိပေါ်အချိန်မှီဆွဲတားလိုက်ပြီး ကိုယ်တိုင်ကိုယ်ကျ ရှောင်းကျန့်​၏လက်မကိုယူကာ မင်တို့ပေးပြီး လက်ဗွေနှိပ်ပေးလိုက်​၏။

အားလုံးပြီးစီးသွားသည့်နောက် အရက်ရှိန်ကြောင့် အိပ်တစ်ဝက်နိုးတစ်ဝက်နဲ့ ထိုင်ခုံပေါ်မှာ ခေါင်းငိုက်စိုက်လို့နေသည့်ရှောင်းကျန့်ကို လက်ကောက်ဝတ်နေရာကနေ ဝမ်ရိပေါ်အသာကိုင်ဆွဲ၍...

"ထ...ပြန်မယ် ရှောင်းကျန့်..."

သို့သော်ဝမ်ရိပေါ်​၏လက်ထဲမှ ရှောင်းကျန့်ရုန်းထွက်လိုက်ကာမျက်ရည်တွေဝဲနေသည့်မျက်ဝန်းများဖြင့်ဝမ်ရိပေါ်ကိုမော့ကြည့်လိုက်ပြီး...

"ကိုယ့်ကိုချစ်လား..."

"လာ...ပြန်မယ်..."

"ကိုယ့်ကိုချစ်လားလို့..."

"ပြန်ရအောင် ရှောင်းကျန့်..."

ရှောင်းကျန့်ခေါင်းကိုတွင်တွင်ခါလိုက်ပြီး...

"ခွေးပေါက်လေးကိုယ့်ကို ချစ်တယ်လို့ပြောမှ ကိုယ်ပြန်လိုက်မှာ..."

"ချစ်တယ်...အရမ်းချစ်တာမလို့ မြန်မြန်ထတော့...မိုးမိထားတာကြာရင် ဖျားလိမ့်မယ်..."

"အဲ့တာဆို ခွေးပေါက်လေး ကိုယ့်ကို ကျောပိုးမှာလားဟင်..."

လက်နှစ်ဖက်ဆန့်တန်းကာပြောလာသည့်ရှောင်းကျန့် ကြောင့် ဝမ်ရိပေါ် ရှောင်းကျန့်အရှေ့ကျောပေး၍ ဒူးထောက်လိုက်သည်။ထိုအခါ ရှောင်းကျန့်တစ်စက္ကန့်ပင်တုံ့ဆိုင်းမနေဘဲဝမ်ရိပေါ်​၏ကျောပေါ်တက်သည်။လည်ပင်းကိုလည်း ကျစ်နေအောင်ဖက်လို့ထား​၏။

"ခွေးပေါက်လေးရဲ့ ကျောပြင်က နွေးနေတာပဲနော်...တစ်သက်လုံးဖက်တွယ်ထားချင်တယ်..."

အနောက်ဘက်ကနေ လည်တိုင်ကြားထဲမျက်နှာအတင်းတိုးဝှေ့ရင်းပြောနေသူကို ဝမ်ရိပေါ်တစ်ချက်လှည့် ကြည့်လိုက်ပြီး ပြုံးလိုက်မိ​၏။တစ်သက်လုံးအဲ့လိုလေးသာ ချွဲနေလိုက်ပါတော့။

"ဘယ်ကိုပြန်ပို့ပေးရမလဲ ရှောင်းကျန့်..."

"ကိုယ့်ကွန်ဒိုကို လိုက်ပို့...ပြီးရင် ခွေးပေါက်လေးလည်း မပြန်နဲ့ အဲ့မှာကိုယ်နဲ့တစ်သက်လုံးအတူတူနေ... အိပ်ရာကြီးကလည်းအကျယ်ကြီး လူငါးယောက်လောက်တောင်ဆန့်တယ်..."

စကားအဖြစ်ပြောမှန်းသိသော်လည်း ဝမ်ရိပေါ်မျက် မှောင်ကြုတ်လိုက်ပြီး "နောက်ထပ်ဘယ်ကသုံးယောက်ကရောက်လာတာလဲ"ဆိုပြီးမေးလိုက်ချင်ပေမယ့် ရှောင်းကျန့်ကလုံးဝကိုဇက်ကျိုးသွားပြီဖြစ်သည့်အခါ ရှောင်းကျန့်ဆန္ဒအရ ရှောင်းကျန့်​၏ ကွန်ဒိုရှိရာသို့ အတူတူကားငှားစီးလာခဲ့​၏။

ကွန်ဒိုအခန်းရောက်သည့်အခါ ရှောင်းကျန့်ကို တံခါး password နံပါတ် ခက်ခက်ခဲခဲမေးလိုက်ရပြီးနောက် မှာတော့ အိမ်ထဲဝင်လို့ရသွား​၏။ အိပ်ခန်းထဲသို့တန်းဝင်သွားသည့် ဝမ်ရိပေါ်က သူကျောပိုးထားသည့်ရှောင်းကျန့်ကို အိပ်ရာထက်အသာလေးချပေးလိုက်သည်။ထို့နောက် ရှောင်းကျန့်ကိုယ်ပေါ်မှ ရေစိုနေသည့်အဝတ်အစား များကို အိမ်နေရင်းအဝတ်အစားများဖြင့် လဲလှယ်ပေးလိုက်သည်။

ဖိနပ်နှင့်တကွ ခြေစွပ်များကိုလည်း ချွတ်ပေးလိုက်ပြီး သေချာ ရေနွေးစိမ်ထားသည့် တဘက်ဖြင့်သန့်စင်ပေးလိုက်ပြီးနောက် မိုးရေများကြောင့်အရေပြားလေးများတွန့်နေသည့် ခြေဖဝါးနှစ်ဖက်ကို စောင်သီးသန့်တစ်ထည်ဖြင့်လုံခြုံအောင်ပတ် ပေးလိုက်သည်။ ပြီးလျှင်တော့အလုံထုတ်ဖြစ်သွားသည့် ခြေထောက်နှစ်ဖက်ကိုယူပြီး ရင်ခွင်ထဲပွေ့ကာအနွေးဓာတ်ပေးလိုက်​၏။

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လို့နေသည့် ရှောင်းကျန့်အနွေးဓာတ်အလုံအလောက်ရလောက်ပြီထင်သည့်အခါမှ အိပ်ရာပေါ်မှဝမ်ရိပေါ်ဆင်းကာ သူ့ကိုယ်ပေါ်ကရေစိုဝတ်များကို ရှောင်းကျန့်ဗီဒိုထဲမှသင့်တော်သည့်အဝတ်အစားများဖြင့်လဲလှယ်ဝတ်ဆင်လိုက်သည်။ပြီးနောက် အိပ်ရာဘေးသို့ပြန်လာကာ ကြမ်းပြင်ထက်ထိုင်၍ မှောက်ခုံအနေအထားပြောင်းအိပ်သွားသည့်ရှောင်းကျန့်ကို ထိုင်ကြည့်လို့နေ​၏။

မှောက်ခုံအိပ်နေတာကြောင့် မျက်နှာကခေါင်းအုံးနဲ့အပ်နေသည့်ဖြစ်ရာ ရှောင်းကျန့်အသက်ရှူရခက်မည်စိုး၍ အနေအထားပြန်ပြင်ပေးဖို့ ဝမ်ရိပေါ်လုပ်လိုက်ပေမယ့် အနည်းငယ်လွန့်လူးသွားသည့်ရှောင်းကျန့်ကြောင့် ဒီတိုင်းလေးသာထားပေးလိုက်တော့သည်။

ထိုသို့ဝမ်ရိပေါ် ရှောင်းကျန့်ကိုစိတ်လိုလက်ရစိုက်ကြည့်လို့နေရင်းမှ ကြမ်းပြင်ပေါ်မှထလိုက်သည်။

ညကြီးအချိန်မတော် ရှောင်းကျန့်အဖျားတက်လာပါက ဆေးအဆင်သင့်ဖြစ်နေစေရန်အလို့ငှာ ရှောင်းကျန့်အခန်းထဲမှာရှိနေသည့် အံဆွဲတွေထဲလိုက်ရှာဖွေလို့နေ​၏။ထိုအံဆွဲတွေထဲမှာ သောက်ဆေးဆိုသည့်အရာများတစ်ခုတစ်လေမှမရှိသည့်အခါ ဝမ်ရိပေါ် အခန်းပြင်ထွက်လာပြီး ရှောင်းကျန့်အလုပ်စားပွဲရှိ အံဆွဲများ၌ ဆက်၍ရှာဖွေ​သည်။

စားပွဲအံဆွဲများကို တစ်ဆင့်ချင်းရှာဖွေလို့နေသည့် ဝမ်ရိပေါ်က အောက်ဆုံးအဆင့်အံဆွဲကိုမွှေနှောက် လို့နေရင်း တစ်နေရာအရောက်မှာလက်များရပ်တန့်သွား​၏။ဝမ်ရိပေါ်အံ့ဩခြင်းနဲ့ မယုံနိုင်မှုကြောင့် သူ့မျက်စိရှေ့တွေ့နေရသည့်အရာလေးကို ကောက်ကိုင်ကာစေ့စေ့ကြည့်လို့နေပြီးမှ အိပ်ခန်းဘက်သို့ အလျင်စလိုပြေးသွားလိုက်​၏။

"ရှောင်းကျန့်...ခဏလောက်ထ..."

စိတ်လှုပ်ရှားလွန်းနေသည့် ဝမ်ရိပေါ်က လက်တွေတုန်နေပြီး အိပ်မောကျနေသည့် ရှောင်းကျန့်ကိုမရမကသွားနှိုးသည်။ အိပ်ပျော်နေသည့်လူကိုအတင်းမနှိုးသင့်မှန်းသိသော်လည်း ဝမ်ရိပေါ် ရှောင်းကျန့်ကိုအဆက်မပြတ်လှုပ်ရမ်း၍ နှိုးလို့နေ​၏။

"ရှောင်းကျန့် ထလို့..."

ဘယ်လောက်နှိုးနှိုးရှောင်းကျန့်ကညည်းသံလေးတစ်ချက်သာ ထွက် လာပြီး ပြန်ပြန်အိပ်ပျော်သွားသည့်အခါ ဝမ်ရိပေါ်တခြားနည်းပြောင်းသည်။အသက်ရှူပေါက်ဖြစ်သောရှောင်းကျန့်​၏နှာခေါင်းကို လက်နဲ့အသာညှစ်လိုက်ပြီး နောက်ထပ်အသက်ရှူပေါက်ဖြစ်သည့်ပါးစပ်နေရာကိုတော့ နှုတ်ခမ်းများဖြင့်ဖိကပ်ပိတ်လိုက်​၏။

ခဏအကြာမှာအသက်ရှူပေါက်ပိတ်ကာ မွန်းကြပ်လို့လာသည့် ရှောင်းကျန့်က မျက်လုံးများဖွင့်ကြည့်လာသည်။သို့သော်လည်း ပြန်အိပ်ပျော်သွားတော့မည့်အခိုက် ဝမ်ရိပေါ် ခပ် ကြမ်းကြမ်းကိုင်လှုပ်လိုက်တာကြောင့် ရှောင်းကျန့် အိပ်ရာနိုးလာသည်။

ထိုအခါ ဝမ်ရိပေါ်သူ့လက်ထဲမှာကိုင်ထားသည့် အရာလေးကို ရှောင်းကျန့်​၏ မျက်ဝန်းအိမ်ကျယ်ကျယ်များရှေ့တွင်

You are reading the story above: TeenFic.Net

#random