"ဒေါက်...ဒေါက်..."
ဆေးရုံခန်းတံခါးခေါက်သံကြောင့်ဝမ်ရိပေါ်အိပ်ရာ
ပေါ်ကနေလှမ်းကြည့်သည်။ဝင်လာသည့်သူများကဆရာဝန်တစ်ယောက်နှင့်သူ့အမေဖြစ်နေသည့်အခါဝမ်ရိပေါ်အကြည့်ပြန်လွှဲလိုက်၏။
ဆရာဝန်က ဝမ်ရိပေါ်၏ကုတင်ဘေးကခုံတွင်ဝင်ထိုင် ၍ ဒဏ်ရာကိုပတ်တီးဖြည်ကြည့်ရှု့ပြီးနောက်...
"ဒီနေ့ဆေးရုံဆင်းလို့ရပါပြီ...စာရွက်စာတမ်းတွေကို သူနာပြုတွေကနေတစ်ဆင့်ပေးခိုင်းလိုက်ပါ့မယ်..."
"ဒီအတောအတွင်းကူညီစောင့်ရှောက်ပေးခဲ့မှုအတွက် ကျေးဇူးတင်ပါတယ်..."
ဝမ်ရိပေါ်အစား လီလီကဝင်ပြောပေးလိုက်ခြင်းဖြစ်သည်။ဆရာဝန်ထွက်သွားပြီးနောက်မျက်နှာတစ်ခုလုံးသုန်မှုန်နေသည့်ဝမ်ရိပေါ်ကိုလီလီကြည့်လိုက်ကာ...
"ဘာဖြစ်လို့လဲ ရိပေါ်...ဆေးရုံဆင်းရတော့မယ်လေဘာကိုအလိုမကျဖြစ်နေတာလဲ..."
ဝမ်ရိပေါ်ဘာမှပြန်မဖြေတာကြောင့်လီလီလည်းအရေးတယူဆက်မမေးနေတော့ဘဲ သိမ်းဆည်းစရာရှိတာများစတင်သိမ်းဆည်းနေတော့၏။
"ဒေါက်...ဒေါက်..."
တံခါးခေါက်သံနောက်တစ်ခုကြောင့်တံခါးဘက်ကို
ဝမ်ရိပေါ်လှမ်းကြည့်သည်။အခုတစ်ခါကလီလီဖုန်းဆက်လှမ်းခေါ်ထားသည့်သူတို့အိမ်ကဝေယျာဝစ္စလုပ် ပေးသည့်အလုပ်သမားတစ်ယောက်ရောက်လာခြင်းဖြစ်သည်။
"ဒေါက်...ဒေါက်..."
ဝမ်ရိပေါ်တံခါးဘက်ကိုထပ်၍လှမ်းကြည့်လိုက်သည်။သူနာပြုလေးတစ်ယောက်ဝင်လာခြင်းဖြစ်ကာလီလီ့ကိုဆေးရုံဆင်းခွင့်စာရွက်စာတမ်းများ၊ဆေးစာများပေး ၍ပြန်ထွက်သွား၏။
"ဘာဖြစ်ချင်နေတာလဲ ရိပေါ်..."
တံခါးခေါက်သံတစ်ခါကြားတိုင်းတံခါးဘက်လှည့်လှည့်ကြည့်ပြီးမျက်နှာသုန်မှုန်နေသည့်ဝမ်ရိပေါ်ကိုဒီတိုင်းပဲမကြည့်နိုင်တော့၍ လီလီမေးလိုက်ခြင်းဖြစ်သည်။ဝမ်ရိပေါ်က ဂရုမစိုက်ဟန်ပြုသည်။
"တံခါးခေါက်သံတွေက အာရုံနောက်လို့..."
_______________ ____________
နေ့ထူးနေ့မြတ်မဟုတ်သော်လည်း ဧည့်ခန်းနှင့်စားသောက်ခန်း၌ သူ့အမေဖြစ်သူလီလီနှင့်အတူအလုပ် သမားများတရုန်းရုန်းဖြစ်နေကြသည်ကို ဝမ်ရိပေါ်
သတိထားမိသည်။ စနေနေ့ဖြစ်တာကြောင့်သူ့အဖေ
ဧည့်ခန်းထဲကအစိမ်းပုတ်ရောင်လိုက်ကာတွေနှင့်ကော် ဇောအခင်းအကျင်းတွေကအစ အသစ်များနှင့်လဲလှယ် ဖို့လုပ်နေသည့်အခါ စားသောက်ခန်းထဲမှရေပုလင်းယူပြီး ထွက်လာသည့် ဝမ်ရိပေါ်က ခါးထောက်ကြည့် လိုက်သည်။ဝမ်ရိပေါ် ရပ်ကြည့်နေတာကြောင့် အလုပ်သမားလေးများအနေကျဉ်းကျပ်ကာ အလုပ်လုပ်နှုန်းကခုနကထက်စာရင် နှေးသွားကြသည်။
"ဘာလို လို့လဲ ရိပေါ်..."
လီလီ၏အမေးကို ဝမ်ရိပေါ်က အမေးဖြင့်ပြန်တုံ့ပြန် သည်။
"ဒီနေ့က ဘာနေ့မလို့ အဲ့လောက်ပြင်ဆင်နေရတာလဲ..."
"SVS လုပ်ငန်းစုက ဥက္ကဋ္ဌနဲ့ သူ့ဇနီးကို မားတို့ညစာဖိတ်ထားတယ်...ဪ Sean လည်းပါမှာ..."
ဝမ်ရိပေါ် အသံတိတ်ထေ့ကနဲရယ်လိုက်သည်။ဘယ်သူကမေးနေလို့လဲ။ လာချင်လာမလာချင်နေ ဂရုကိုစိုက်မနေဘူး။ မလိုက်လာရင်အကောင်းဆုံး။
"ရိပေါ် ခဏလာပါဦး မားတို့ကို နည်းနည်းလောက်ကူညီ...ခန်းစီးတွေကို အသစ်ပြောင်းမလို့ ဘယ်အရောင် လေးကပိုသင့်တော်မယ်ထင်လဲ...လောလောဆယ် တော့ မားတို့မှာ ရွှေရောင်ရှိတယ် ခရမ်းရောင်ရှိတယ် မီးခိုးရောင်လေးရှိတယ်..."
"ကြိုက်တာတပ်..."
"အဲ့လိုကြီးပြီးစလွယ်မပြောနဲ့လေ ရိပေါ်...
သေသေချာချာလေး လာရွေးပေး လာ..."
ဝမ်ရိပေါ် စိတ်မပါဟန် ခေါင်းကဆံပင်တွေကိုထိုးဖွသည်။ လီလီခေါ်နေသည်ကိုလည်းမသွားဘဲ ရေပုလင်းကိုသာ ကိုင်၍အပေါ်ထပ်တက်မည့်လှေကားဘက် ကိုလျှောက်သွားသည်။
"ရိပေါ်...ရွေးပေးသွားပါဦးဆို...ရိပေါ်..."
အဆက်မပြတ်ခေါ်နေသည့်အသံများကြောင့် ဝမ်ရိပေါ်စိတ်ရှုပ်စွာကျစ်သပ်၍အနောက်ကိုပြန်လှည့်ကြည့်လိုက်ကာ...
"မီးခိုးရောင်..."
ဝမ်ရိပေါ်ရွေးပေးသွားသည့်အတိုင်း လီလီက သူ့အလုပ်သမားများကို မီးခိုးရောင်ကတ္တီပါစ ခန်းစီးများအား ဧည့်ခန်းရှိ မှန်တံခါးများမှန်သမျှ လိုက်လံတပ်ဆင်ခိုင်းလိုက်၏။ ကော်ဇောတွေပါမကျန် အရောင်တူပဲခင်းကျင်းလိုက်တော့ ခန်းလုံးပြည့်မီးခိုးရောင်လွှမ်းသွားသည့်အခါ လီလီအတွေးတစ်ချက်ဝင်မိသွား၏။
အရမ်းမှိုင်းပျပျများဖြစ်နေမလား။
"ကြွကြပါ ခင်ဗျာ...ကြွကြပါ..."
ဝမ်အိမ်၏ဖိတ်ကြားမှုကြောင့်ရောက်လာကြသည့် ရှောင်းမိသားစုဝင်သုံးယောက်ကို ဝမ်မင်ရီကိုယ်တိုင် လှိုက်လှိုက် လှဲလှဲကြိုဆိုသည်။ဝင်ဝင်ချင်းမှာပင်မီးခိုးရောင်ခြုံလွှမ်းနေသည့်အပြင်အဆင်များကတိုက်ဆိုင်စွာ သူ့သားဖြစ်သူ၏အကြိုက်နဲ့ကိုက်နေလွန်းသည့် အခါ ဂျီနာတစ်ယောက်ပါးစပ်ကနေတောင်ထုတ် မေးရသည်အထိဖြစ်သည်။
"ဘယ်လိုစိတ်ကူးလေးနဲ့ပြင်ဆင်ထားမှန်းမသိပေမယ့် မီးခိုးရောင်လွှမ်းနေတဲ့ ဧည့်ခန်းလေးက မသိရင် Sean အကြိုက်ကိုများလိုက်ထားသလားမှတ်ယူရတယ်ရှင်..."
ဂျီနာ၏စကားကြောင့် လီလီအံ့ဩရကာ...
"လူငယ်တွေချင်းမျက်စိတူတာဖြစ်မှာ...အဲ့တာရိပေါ် ရွေးပေးတာ...အရောင်မှိုင်းမှိုင်းဆိုတော့ ဧည့်သည်တွေမျက်လုံးနဲ့အဆင်ပြေပါ့မလားလို့ကျွန်မစိုးရိမ်နေတာ..."
"မီးခိုးရောင်နဲ့ကျွန်မတို့က ကျင့်သားရပြီးသား...တ ကယ်ပြောတာပါ ဒီဧည့်ခန်းထဲကိုဝင်လိုက်တာနဲ့ကိုယ့် အိမ်ကိုယ်ပြန်ရောက်သွားသလိုပဲခံစားလိုက်ရတယ်..."
"ကြိုက်နှစ်သက်မှန်းသိရလို့ ဝမ်းသာမိပါတယ်ရှင်..."
အလုပ်သမားများညစာပြင်ဆင်နေတုန်းဧည့်ခန်းမှာစကားလက်ဆုံကျနေကြတာဖြစ်ပြီးတစ်စုံတစ်ယောက်၏အရိပ်အယောင်ကိုအခုထက်ထိမတွေ့သေးတာကြောင့်ရှောင်းကျန့်သူ့မျက်လုံးများကိုမသိမသာအလုပ်ပေးလိုက်သည်။ထိုအခြင်းအရာကိုရိပ်စားမိသည့် ရှောင်းရမ်က...
"ဝမ်ဥက္ကဋ္ဌတို့ရဲ့သားလေးရော..."
"ရိပေါ်က အပေါ်ဆုံးထပ်ကသူ့အခန်းထဲမှာထင်တယ်...လီလီသွားခေါ်လိုက်ပါဦး အလုပ်သမားတွေကိုသွားခေါ်ခိုင်းရင်မောင်းထုတ်နေဦးမယ်..."
လီလီလှေကားထစ်တွေဘက်ကိုထွက်သွားပြီးနောက် ဝမ်မင်ရီကရှောင်းရမ်တို့ကိုကြည့်ပြီး...
"သားတစ်ယောက်ကို ပျိုးထောင်ရတာမလွယ်ပါဘူး...ရှောင်းဥက္ကဋ္ဌတို့ Sean ကို ဘယ်လိုထိန်းကျောင်းလည်းတော့မသိပေမယ့် ကျွန်တော်တို့အတွက်ကတော့ ရိပေါ်ကိုထိန်းကျောင်းရတာတော်တော်ခက်ခဲတယ်..."
"သားရှိတဲ့ဖခင်ချင်း နားလည်မိပါတယ်...ပြီးတော့ ရိပေါ်ဆိုးတာလောက် ကတော့ ဘာဟုတ်ဦးမှာလဲ ကျွန်တော်ကြုံဖူးတဲ့တချို့သောကလေးတွေဆို ဘယ်ပြောကောင်းမလဲ..."
ရှောင်းရမ်က လက်ဖက်ရည်တစ်ငုံကိုသောက်ရင်း ရှောင်းကျန့်ကိုကြည့်ကာပြောလိုက်ခြင်းဖြစ်သည်။ရှောင်းကျန့်ကသူ့ကိုပြောနေမှန်းသိသော်လည်း၊တခြားလူအကြောင်းနားထောင်နေရသကဲ့သို့ခေါင်းတညိတ် ညိတ်သာလုပ်သည်။ဂျီနာကတော့ အသံတိတ်ပြုံးလို့နေ၏။
ရှောင်းရမ်၏ကုန်ခါနီးလက်ဖက်ရည်ခွက်ထဲသို့ ဝမ်မင် ရီ လက်ဖက်ရည်ငှဲ့ထည့်ပေးလိုက်ရင်း...
"လုပ်ငန်းလမ်းကြောင်းတွေရောအဝင်အထွက် ချောမွေ့ရဲ့လား..."
"ဟိုတယ်သုံး လျှပ်စစ်ပစ္စည်းတွေသွင်းတာကတော့ချောချောမွေ့မွေ့ပါပဲ နည်းနည်းကထိကထဖြစ်တာကခရီးသွားကားတွေတင်သွင်းတဲ့နေရာပေါ့...ရေကြောင်းလမ်းဘက်ကတစ်ဆင့်ဆိုတော့ အခွန်တွေအဆင့်ဆင့်ဖြတ်ရတာလေးပါ..."
"လွယ်တော့မလွယ်ဘူးနော် လုပ်ငန်းစုတစ်ခုကိုထိန်းသိမ်းဖို့ရာကလည်း..."
"ဘယ်လွယ်မလဲဗျာ...မျိုးရိုးစဉ်ဆက်လုပ်ငန်းတွေဆိုတော့ ကိုယ့်အလှည့်ရောက်ရင် ပုခုံးထမ်းရတာပါပဲ..."
"ရှောင်းဥက္ကဋ္ဌတို့က ဂျာမဏီမှာပဲကြီးတာလား..."
"အင်း ဟုတ်တယ်...Sean ရဲ့အဘိုးဖြစ်သူ ကျွန်တော့်ရဲ့အဖေလည်း အဲ့မှာကြီးခဲ့တာပဲ...သူကအသက် အရွယ် ရလာမှ ရှန်ဟိုင်းမှာပြန်နေတာ...ကျွန်တော်တို့မျိုးရိုးအစက ရှန်ဟိုင်းမှာကိုး...ကျွန်တော့်အဖေကတော် တော်ထက်မြက်တဲ့လူတစ်ယောက်ဖြစ်သလိုသဘောလည်းတော်တော်ကောင်းတယ်...သက်ရှိထင်ရှားသာရှိသေးရင် ဝမ်ဥက္ကဋ္ဌနဲ့တစ်ခေါက် လောက်တွေ့ပေးချင်သေးတာ..."
ရှောင်းရမ်၏စကားကြောင့် ဝမ်မင်ရီကစိတ်မကောင်းဖြစ်ဟန်ဖြင့်...
"ဆုံးပါးသွားပြီလား..."
"ကြာပါပြီ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတည်းက..."
"ဪ စိတ်မကောင်းပါဘူးဗျာ...ရိပေါ်ရဲ့နှစ်ဖက်အဘိုးအဘွားတွေလည်း ရိပေါ်ငယ်ငယ်လေးကတည်းကဆုံးသွားကြတာ...Seanကအရွယ်ရောက်တဲ့အထိအဘိုးရှိခဲ့သေးတယ်ဆိုတော့ ကံကောင်းတယ်လို့ဆိုရမှာပေါ့..."
"Sean တို့ကံကောင်းချက်ကအတိုင်းထက်အလွန်ပဲပေါ့...သူကသူ့ယဲယဲကို လိုတရပဒေသာပင်ကြီးတစ်ခုလိုတောင် သတ်မှတ်ထားတာဗျ..."
"ဒါကတော့ သားအချစ် မြေးအနှစ်လေဗျာ မဟုတ်ဘူးလား..."
ရှောင်းရမ်နှင့် ဝမ်မင်ရီတို့နှစ်ဦးသား လုပ်ငန်းအကြောင်းပြောလိုက်၊ ရောက်တတ်ရာရာများပြောလိုက်လုပ် နေရင်းအိမ်ပေါ်ထပ်ကနေလီလီနှင့်ဝမ်ရိပေါ်တို့ဆင်းလာ၏။ထမင်းပွဲပြင်ဆင် ပြီးသည့် အလုပ်သမားလေးတွေကလည်းလာခေါ်နေကြပြီဖြစ်တာကြောင့်နှစ်ဖက်မိသားစုအတူတူ စားသောက်ခန်းထဲသို့ဦးတည်သွားကြသည်။
စားသောက်ခန်းသို့သွားရာလမ်းတစ်လျှောက်မှာ လူ ကြီးတွေကရှေ့မှသွားနေသည်ဖြစ်ရာ နောက်ဆုံးကနေလိုက်လာသည့် ဝမ်ရိပေါ်ဘေးတွင် ရှောင်းကျန့် ကပ် နေတာဖြစ်ပြီးမသိမသာလက်ဖဝါးချင်းသွားအပ်လိုက် တော့ ပုတ်ထုတ်ခံလိုက်ရသည်။
တစ်လောကလုံးကိုဘာမထီသလိုဆတ်တောက် တောက်နဲ့လမ်းလျှောက်နေသည့်ဝမ်ရိပေါ်ကိုရှောင်းကျန့်တစ်ချက်ငဲ့ကြည့်ရင်းချစ်စနိုးနဲ့ပြုံးလိုက်မိသည်။
ထမင်းစားပွဲဆီသို့ရောက်သည့်အခါ ဝမ်မိသားစုဝင် များက ဘယ်ဘက်အခြမ်းတွင်နေရာယူ၍ရှောင်းမိသားစုဝင်များက ညာဘက်အခြမ်းတွင်နေရာယူသည်။ ဂုဏ်ရည်တူသည့်ဧည့်သည်များကိုလေးစားသမှုဖြင့် ဝမ်မင်ရီကခါတိုင်းထိုင်နေကျလိုစားပွဲထိပ်၌မထိုင်ဘဲမျက်နှာချင်းဆိုင်နေရာယူလိုက်တာဖြစ်သည်။
"ခါတိုင်းရိပေါ်က ဒီအချိန်ဆိုအပြင်ထွက်နေကျ...ဒီနေ့မှဘာစိတ်ကူးပေါက်ပြီးအိမ်မှာနေလဲမသိပေမယ့် လူစုံတက်စုံဖြစ်သွားတော့ကျွန်မတို့လည်းဝမ်းသာရတာပေါ့..."
လီလီ၏စကားကြောင့် ရေသောက်နေသည့်ဝမ်ရိပေါ် ကချောင်းတစ်ချက်ဟန့်လိုက်သည်။မျက်နှာချင်း ဆိုင် ကိုအကြည့်ရောက်သွားသည့်အခိုက်ပြုံးပြီးကြည့်နေသည့်ရှောင်းကျန့်ကိုတွေ့တော့အလိုမကျကြောင်းမျက်ခုံးများကိုတမင်တကာတွန့်ချိုးလိုက်သည်။
ဂျီနာကရှောင်းကျန့်နှင့်ဝမ်ရိပေါ်၏ဆက်ဆံရေးအတိမ်အနက်ကို မသိမသာအကဲခတ်လို့နေ၏။တွဲခဲ့ဖူးကြောင်းသိပြီးသားဖြစ်သော်လည်း နှစ်ဦးကြားကခံစားချက်တွေ မည်မျှနက်ရှိုင်းလဲဆိုတာကိုလေ့လာနေခြင်းဖြစ်သည်။
အဓိကသိချင်တာက Sean ဘက် ကပဲလား။ဒါမှမဟုတ်ဟိုကောင်လေးဘက်ကရော Sean နဲ့ထပ်တူညီခံစားချက်တွေရှိတာပဲလား။
အတ္တကြီးတယ်ပဲဆိုဆို Sean ဘက်ကပဲတစ်ဖက်သတ် ဖြစ်နေမှာကိုမလိုလား။ Seanကကျေနပ်လို့ဘယ် လောက်ပဲအလျော့ပေးထားနိုင်တယ်ဆိုဦးတော့မိခင် ဖြစ်တဲ့သူ့အနေနဲ့ကတော့ ကိုယ့်သားဘက်ကကိုယ်ပါချင်တာပင်။
ပြီးတော့ Sean ကဘယ်လိုလူမျိုးလဲဆိုတာ သူတို့လင်မယားအသိဆုံး။ Sean လူမှန်းသိတတ်စအရွယ်ကတည်းကအခုချိန်ထိ ဒီကောင်လေးကလွဲလို့ကျန်တဲ့ဘယ်သူ့အပေါ်ကိုများဒီလောက်နူးညံ့ပေးခဲ့ဖူးလို့လဲ။
"Sean ရဲ့အသက်ကဘယ်လောက်ရှိပြီလဲ..."
ဝမ်မင်ရီ၏ အမေးကိုလေးလေးစားစားဖြေလိုတာကြောင့် ရှောင်းကျန့်စားလက်စကိုရပ်ပြီးဇွန်းပါချလိုက်သည်။
"သုံးဆယ်ပြည့်ပြီးသွားပါပြီ..."
"ဟော သုံးဆယ်တောင်ပြည့်သွားပြီးပြီလား ကျွန် တော်တို့က ရိပေါ်နဲ့မတိမ်းမယိမ်းလောက်ပဲအောက်မေ့လို့...လက်တွဲဖော်ရောမရှာသေးဘူးလား အချိန်အရမ်းလင့်နေဦးမယ် အိမ်ထောင်ပြု မျိုးဆက်ယူဆိုတာဒီအချိန်အကောင်းဆုံးပဲ..."
ရှောင်းကျန့်ဘာမှပြန်မပြောမိပေမယ့်အလိုက်အ ထိုက် ပြုံးပြလိုက်သည်။ ဝမ်မင်ရီကဆက်ပြီး...
"ကျွန်တော်တို့လည်းရိပေါ်ကိုအသက်သုံးဆယ်မကျော်ခင် မိသားစုစုံစုံလင်လင်နဲ့မြင်ချင်နေပြီ...သားမွေးတာ သမီးမွေးတာဆိုတာထက် ဆက်ခံသူတစ် ယောက်သာရရင်တော်ပါပြီ...လက်တွဲဖော်ဆိုရင်လည်းဘယ်မျိုးရိုးညာမျိုးရိုးတွေမကြည့်ပါဘူး အဓိက က နောက်ကြောင်းရှင်းပြီးလိမ္မာရေးခြားရှိတဲ့မိန်းကလေးမျိုးဆိုရင်လုံလောက်ပါတယ်..."
မလှုပ်မယှက်ငြိမ်သက်ကာထမင်းပန်းကန်ကိုပဲစိုက်
ကြည့်ရင်းတစ်စုံတစ်ရာကိုတွေးတောနေဟန်ရသည့် ရှောင်းကျန့်၏ပုံစံကိုရှောင်းရမ်စိတ်မသန့်တာကြောင့် အာရုံပြောင်းလိုသည့်သဘောဖြင့်သူ့အနီးမှဟင်းတစ် မျိုးထည့်ပေးလိုက်သည်။
"Sean ဒါလေးစားကြည့်မလား မင်းကြိုက်လောက်မယ်ထင်တယ်..."
ထိုအခါမှရှောင်းကျန့်၏လက်တို့ပြန်လှုပ်ရှားလာကာ
ဇွန်းကိုကိုင်၍ ရှောင်းရမ်ထည့် ပေးထားသည့်အရာကိုစားလိုက်သည်။တစ်ချက်ချင်းဝါးလို့နေရင်းမှပင့်သက် တစ်ချက်ရှိုက်၍လက်ထဲကဇွန်းကိုပြန်ချလိုက်ပြီးဝမ်မင်ရီကိုကြည့်ကာ...
"ကျွန်တော့်ကိုရော..."
"Sean..."
"Sean..."
ရှောင်းရမ်နှင့် ဂျီနာ၏ အသံများကပြိုင်တူထွက်လာသည်။ဆက်မပြောနိုင်အောင်တားမြစ်ဖို့ကြိုးစားလိုက် သော်လည်း...
"ကျွန်တော့်ကိုရော ခွေးပေါက်လေးရဲ့လက်တွဲဖော်အဖြစ်လက်ခံပေးနိုင်လား..."
______________ ____________
"မင်းယဲယဲလည်းမရှိတော့ဘူးဆိုတော့ ဟိုကိုတစ်ခါတည်း ပြန်လိုက်ဖို့စီစဉ်ထား..."
အဘိုးဖြစ်သူဈာပနပွဲပြီးသွားလို့နောက်တစ်နေ့မှာပြောလာသည့်အဖေဖြစ်သူကိုရှောင်းကျန့်မျက်မှောင်ကျုံ့ ၍ကြည့်လိုက်သည်။
"မလိုက်ဘူး..."
"မလိုက်လို့မရဘူး Sean...မင်းကိုငါတို့အဝေးကနေလှမ်းမထိန်းနိုင်ဘူး...ဟိုမှာကျောင်းဆက်တက်ဖို့စီစဉ် ထားပြီးပြီ...ဆိုးချင်မိုက်ချင်ရင်လည်းငါတို့မျက်စိအောက်မှာပဲဆိုးမိုက်..."
"မလိုက်ဘူးလို့ပြောနေတယ် မဟုတ်ဘူးလား..."
ဂျာမဏီပြန်လိုက်ဖို့ကိစ္စအားခါးခါးသီးသီးငြင်းဆန်နေသည့် ရှောင်းကျန့်ကို ရှောင်းရမ်မျက်လုံးများဘောင် ကျဉ်း၍ ကြည့်လိုက်ကာ...
"ပြန်မလိုက်နိုင်တဲ့အကြောင်းအရင်းကဘာလဲ..."
ရှောင်းကျန့်အကြာကြီးနှုတ်ဆိတ်နေပြီးမှ...
"တွဲနေတဲ့သူ ရှိတယ်..."
"အဲ့ဒီတော့..."
"အဲ့ဒီတော့ ပြန်မလိုက်နိုင်ဘူးလေ...အဖြေကရှင်းရှင်းလေးပဲ..."
"ဘယ်ကမိန်းကလေးလဲ..."
"မိန်းကလေးမဟုတ်ဘူး..."
ရှောင်းရမ် နားမရှင်းလိုက်တာကြောင့်...
"ဒါဘာစကားလဲ Sean..."
"ကြားတဲ့အတိုင်းပဲ..."
ဘာမှမထူးဆန်းသလိုလွယ်လင့်တကူလေးထွက်လာသည့် ရှောင်းကျန့်စကားကြောင့်ရှောင်းရမ် တုန်လှုပ်ခဲ့ရသည်။နားကြားမှားသည် အထင်ဖြင့် နောက်တစ်ခေါက်ထပ်မေးလိုက်လည်းအဖြေတစ်ခုတည်းဖြစ်နေသည့်အခါရှောင်းကျန့်၏မျက်လုံးတွေကိုကြည့်ပြီးအတည်ထပ်ပြုသည်။
စစကြားချင်းမယုံကြည်နိုင်ခြင်းနှင့်အတူရှောင်းရမ်၏စိတ်တွင်းအလွန်အမင်းဒေါသထွက်ခဲ့သည်။အရင် ကလည်းရှောင်းကျန့်နှင့်ပတ်သက်ပြီးရှောင်းရမ်ဒေါသထွက်ခဲ့ရသည့် အချိန်တွေရှိပေမယ့်ထိုအခိုက်အတန့် ကိုတစ်ခါမှမမှီခဲ့ခြင်းဖြစ်သည်။
သို့သော်ရှောင်းရမ်အလွန်ပါးနပ်ခဲ့၏။သူ့ဒေါသကိုအပြင်ထုတ်မပြခဲ့။ဖခင်တစ်ဦးအနေနဲ့ရှောင်းကျန့်၏ အကြောင်းကိုကောင်းကောင်းသိနေသည့်အခါ သူ့ဘက်က ဒေါသနှင့်တုံ့ပြန်လျှင်ရှောင်းကျန့်ဘက်ကပို၍မိုက်ကန်းသည့်အပြုအမူမျိုးနဲ့ပြန်တုံ့ပြန်လိမ့်မည်ဆိုတာကိုတွက်ချက်မိခြင်းကြောင့်ဖြစ်သည်။
"ဘယ်အသိုင်းအဝိုင်းကလဲ..."
"မသိဘူး..."
"အင်း ဟုတ်ပြီ...ငါတို့ဘက်က နည်းနည်းပါးပါးစုံစမ်းပြီးမှ ဒီစကားတွေဆက်ပြောကြတာပေါ့..."
စုံစမ်းမှုကြောင့် ရှောင်းကျန့်နှင့်ပတ်သက်နေသည့်သူ၏အချက်အလက်တွေကိုသုံးရက်အတွင်းရှောင်းရမ် သိရှိလာပြီးနောက်...
"အဲ့ကောင်လေးက အသိုင်းအဝိုင်းကြီးထဲကဆိုတာတော့ ရိပ်စားမိတယ်မလား..."
"လူတစ်ယောက်ရဲ့ background ကိုလိုက်ကြည့်နေတာမဟုတ်ဘူး စိတ်လည်းမဝင်စားဘူး..."
"အဲ့တာဆို အပျော်သပ်သပ်ပဲပေါ့ Sean...ဒါများပါးစပ် ညောင်းခံပြီး ပြောနေရသေးတယ်... ဒါမှန်းသိရင် ငါတို့ဘက်ကလည်းအပင်ပန်းခံပြီးမစုံစမ်းခဲ့ပါဘူး..."
ရှောင်းရမ်၏သွေးတိုးစမ်းစကားများ၌ ရှောင်းကျန့်အကြာကြီးတိတ်ဆိတ်လို့သွားသည်။ ငြိမ်သက်နေသည့်ရှောင်းကျန့်၏အမူအရာကို ရှောင်းရမ်အကဲခတ်လိုက်ပြီး...
"အပျော်ဆိုရင် တစ်ယောက်မကဘူး အယောက်တစ် ထောင်လောက်တွဲလည်း ငါတို့မကန့်ကွက်ဘူး...အ တည်ဆိုရင်တော့ ခွင့်မပြုနိုင်ဘူး..."
ရှင်းလင်းလွန်းသည့်စကားကြောင့် ရှောင်းရမ်ကို ရှောင်းကျန့်စူးရဲနေအောင်ပြန်စိုက်ကြည့်လိုက်သည်။
"ခွင့်ပြုချက်တောင်းနေတာမဟုတ်တဲ့အတွက်ကြောင့် ခွင့်မပြုဘူးဆိုတာကို ဂရုစိုက်မယ်ထင်လို့လား..."
"ပြန်ထိုင်နေ Sean...စကားပြောလို့မပြီးသေးဘူး...မင်းလည်းသိမယ်ထင်တယ် တကယ်လို့မင်းသာအဲ့ကောင်လေးကို လေးလေးနက်နက်သဘောမထားဘူးဆိုရင် ငါတို့ကိုထုတ်ပြောမှာတောင်မဟုတ်ဘူး...အဲ့တာကြောင့်နေရာမှာပြန်ထိုင်နေ ငါတို့စကားတွေအများကြီးဆက် ပြောဖို့လိုတယ်..."
ရှောင်းကျန့်အာရုံနောက်လွန်းစွာဖြင့်မီးခိုးရောင်ဆံပင်တွေကို လက်ချောင်းများဖြင့်ထိုးဖွလိုက်ကာရှောင်းရမ်အရှေ့ကဆိုဖာခုံမှာပြန်ထိုင်လိုက်၏။
"အဓိက ပြဿနာကဘာလဲသိလား Sean..."
"....."
"ဂုဏ်ချင်းမတူလို့မဟုတ်ဘူး အဆင့်အတန်းချင်းမတူလို့လည်းမဟုတ်ဘူး...ဂုဏ်ချင်းလည်းတူ၊အဆင့်အတန်းချင်းလည်းတူရုံတင်မကဘူး အရာရာတူနေလို့ခက်တာ...မင်းသိလား မင်းတို့က ယောကျာ်းလေးဖြစ် နေတာချင်းလည်း တူနေတယ်...နယ်နယ်ရရမဟုတ်တဲ့မင်းကောင်လေးရဲ့အသိုင်းအဝိုင်းက လိင်တူချင်းချစ်ကြိုက်တာကိုလက်ခံမယ်ထင်လို့လား..."
"ဂရုမစိုက်ဘူးလို့ ပြောပြီးသားပဲ..."
ရှောင်းကျန့်၏ ဂျွတ်ဆတ်ဆတ်အဖြေကြောင့် ရှောင်းရမ်ဟက်ကနဲရယ်လိုက်သည်။
"အဲ့တာမင်းဘက်ကလေ...ဟိုကောင်လေးဘက် က ရော...ဆယ်ကျော်သက်အရွယ်တောင်မကုန်ဆုံးသေးတဲ့ ၁၉ နှစ်ကျော်ကျော်ကောင် လေးဘက်ကရော မင်းလိုပဲအသိုင်းအဝိုင်းတွေကိုဂရုမစိုက်ဘဲ နေနိုင်လို့လား..."
"....."
"ဟုတ်ပါပြီ နေနိုင်တယ်ပဲထားဦး နှစ်ဖက်အသိုင်းအဝိုင်းကိုဆန့်ကျင်ပြီး မိုက်တွင်းထဲမှာ မင်းတို့ဘယ်နှစ်နှစ်ပျော်နိုင်မှာလဲ...မင်းလောကဓံဆိုတဲ့အရာကိုဘယ် လောက်များနားလည်လဲ..."
"ယဲယဲဆိုပြီးအဘိုးကိုတလိုက်တိုင်း လိုချင်တာရခဲ့တဲ့မင်း၊ မင်းရဲ့ယဲယဲဖုန်းလေးတစ်ချက်ဆက်ပေးလိုက် တာနဲ့မွှေးသမျှမီးတွေအကုန်ငြိမ်းသွားစေတဲ့ဘဝမှာ ကြီးပြင်းလာတဲ့မင်းက လောကဓံဆိုတဲ့အရာကို ဘယ်လောက် များနားလည်လို့လဲ..."
"ပြောလေ Sean..."
ပြန်လည်ချေပခြင်းမရှိ နှုတ်ခမ်းကိုတင်းတင်းစေ့ထားကာ နှုတ်ဆိတ်လို့နေသည့် ရှောင်းကျန့်ပုံစံကို ရှောင်းရမ်ထပ်ပြီးအကဲခတ်ကြည့်သည်။ဒီအသက်အရွယ်ရောက်သည်အထိ ဘယ်အရာကိုမှအလေးအနက်ထားပြီး တည့်ထားခြင်းမရှိသည့်ဦးနှောက်တစ်ခုကဗလာချည်းပဲဖြစ်သည့်အခါ သူရိုက်သွင်းနေသမျှစကားများအားလုံးတစ်လုံးမကျန်အကုန်ဝင်ဆံ့နေသည့်သဘောကိုဆောင်သည်။
နေရာလွတ်တွေအများကြီးကျန်ရှိသေးသည့် ရှောင်းကျန့်၏ ဦးနှောက်ထဲသို့ နောက်ထပ်သောစကားလုံးများရိုက်သွင်းဖို့ ရှောင်းကျန့်၏ဘယ်ဘက်နားရွက် ပေါ်က နားကပ်မရှိတော့သည့် အပေါ်ဆုံးနားပေါက်ရာနှစ်ခုကို ရှောင်းရမ်တစ်ချက်ကြည့်လိုက်ပြီး...
"မင်းယဲယဲကျန်းမာရေးတော်တော်မကောင်းဖြစ်ခါစတုန်းက မင်းကိုမင်းယဲယဲကမသိစေချင်ခဲ့ဘူး...အဲ့တုန်းကငါတို့လင်မယားမင်းကိုတစ်ဖက်လှည့် နည်းနဲ့ ရှန်ဟိုင်းခဏပဲဖြစ်ဖြစ်ပြန်လာစေချင်လို့မင်းရဲ့ဘဏ်ကတ်တွေကိုပိတ်ထားခဲ့တယ်...အဲ့တုန်းကမင်းဘယ်လိုဖြတ်သန်းလဲမသိပေမယ့် မင်းရဲ့နားကပ်တွေကိုရောင်းပြီးရှင်သန်နိုင်ခဲ့တယ်ဆိုရင်လည်း အဲ့တာတွေက လတ်တလောဖြေရှင်းမှုတွေပဲ Sean..."
"အသိုင်းအဝိုင်းတွေရဲ့ထောက်ပံ့မှုမပါဘဲ ရေရှည်မှာရပ်တည်နိုင်ဖို့ ဝင်ငွေရတဲ့အလုပ်တစ်ခုလိုတယ်...ဒီမှာငါတစ်ခုပဲမေးချင်တယ် အဲ့လိုအလုပ်တစ်ခုရဖို့အတွက် မင်းမှာအရည်အချင်းရှိလား..."
"ပထမနှစ်ကိုသုံးခါကျတယ် ဒီနှစ်လည်းအောင်မယ်ဆိုတာမသေချာဘူးဆိုတော့ ကျောင်းထုတ်ခံရဖို့ပဲရှိတယ် ၊လေးနှစ်ဆက်တိုက်ကျတဲ့ ကျောင်းသားတစ်ယောက် ကို ဒီနိုင်ငံကဘယ်တက္ကသိုလ်ကမှ ဆက်ပြီးလက်ခံတော့မှာမဟုတ်ဘူး...ပိုက်ဆံနဲ့လိုက်ပေးရင်တော့ ရ တာပေါ့...ဒါပေမယ့်ငါကမင်းရဲ့ယဲယဲလိုလိုက်လုပ်ပေးမယ်လို့မထင်နဲ့..."
"ကျောင်းလည်းမပြီး အလုပ်အကိုင်လည်းမရှိဘဲ ခက်ခက်ခဲခဲသွားရမယ့်ဆူးခင်းလမ်းမှာ မင်းကဟိုကောင်လေးကိုပါအတူတူလျှောက်ခိုင်းမှာလား...ဖိနပ် ဖိုးတောင်မတတ်နိုင်ဘဲ ဆူးခင်းလမ်းထဲဘယ်လိုလျှောက်ကြမလဲဆိုတာ ပြောပါဦး..."
ရှောင်းရမ် ပြောလက်စ စကားကိုရပ်ကာ နေရာမှထပြီးရှောင်းကျန့်ရှိရာဆိုဖာခုံသို့ပြောင်းရွှေ့ထိုင်လိုက်သည်။
"တစ်ခုတော့ရှိတယ်...မင်းသာအခုလိုဆိုးဆိုးပေပေလူတစ်ယောက်မဟုတ်ဘဲ အရည်အချင်းရှိတဲ့လူတစ်ယောက်ဖြစ်လာမယ်ဆိုရင် အခြေအနေတွေက တစ်မျိုးပြောင်းသွားနိုင်တယ်...ဟိုကောင်လေးတို့ရဲ့ အသိုင်းအဝိုင်းကလက်ခံနိုင်တဲ့အထိ အရည်အချင်းတွေနဲ့သာပြည့်စုံနေမယ်ဆိုရင်ပေါ့..."
ရှောင်းကျန့်၏ အကြည့်များက ကြမ်းပြင်ထက်တွင် သာရောက်လို့နေပြီး ခေါင်းကို ငိုက်စိုက်လို့ထား၏။ဘာဆိုဘာမှပြန်ဖြေခြင်းမရှိသည့်အခါ ရှောင်းရမ်က ရှောင်းကျန့်၏ ဆံပင်များကိုတစ်ချက်သပ်တင်ကာခေါင်းကိုပြန်မတ်ပေးလိုက်ပြီး...
"ရွေးချယ်စရာနှစ်ခုပေးမယ်...ပထမတစ်ခုကမင်းသာ ငါဖြစ်ချင်စေတဲ့အနေအထားရောက်တဲ့အထိ ငါထားသလိုနေပေးနိုင်မယ်ဆိုရင် မင်းလိုချင် တဲ့အရာကိုလည်း ငါမရ,ရအောင်ယူပေးနိုင်မယ်ထင်တယ်..."
"ဒုတိယတစ်ခုက မင်းသာငါ့သဘောထားကိုဆန့်ကျင် ပြီးမိုက်ရူးရဲဆန်ဆန်ဆုံးဖြတ်ချက်တွေချလိုက်မယ်ဆိုရင် မင်းနဲ့ဟိုကောင်လေးလျှောက်မယ့်လမ်းက ဆူးခင်းလမ်းတင်မကဘူး မီးပင်လယ် တစ်ခုဖြစ်တဲ့အထိတောင် ငါဖန်တီးနိုင်တယ်...မင်းသေချာစဉ်းစားနော် သူ့အသိုင်းအဝိုင်းကိုစွန့်ပြီးမင်းနဲ့တစ် ကမ္ဘာတည်ဖို့ရာ ကလေးရုပ်တောင်မပျောက်သေးတဲ့ကောင်လေးကအညွန့်တလူလူနဲ့နုနုနယ်နယ်လေးရယ်..."
သားသမီးနှင့်မိဘကြားကစစ်အေးတိုက်ပွဲတစ်ခု၌ အားနည်းချက်ဆိုသည့်အရာရှိလာသည့်လူဘက်ကအရေးနိမ့်ဖို့အခွင့်သာခဲ့တာဖြစ်သည်။
စီးပွားရေးလုပ်ငန်းရှင်တစ်ဦးပီသလွန်းသည့် ရှောင်းရမ်က ချော့တစ်ခါ ခြောက်တစ်လှည့်ဖြင့် ဘာမှအားမစိုက်လိုက်ရဘဲ ငါးကြင်းဆီဖြင့်ငါးကြင်းပြန်ကြော်သကဲ့သို့ တစ်ဖက်ရန်သူ၏အားနည်းချက်ဖြစ်သောနှလုံးသားနှင့်ခံစားချက်များကို ချနင်းနိုင်ခဲ့တာဖြစ်သည်။
တရားခြင်း၊ မတရားခြင်းဆိုတာထက် တစ်သက်လုံးလမ်းချော်နေခဲ့သည့်သားဖြစ်သူကို လိုရာပုံသွင်းပြီး လမ်းကြောင်းမှန်ပေါ်ပြန်တင်နိုင်မည့်အခွင့်အရေးတစ်ခုအား ရှောင်းရမ်လက်မလွှတ်နိုင်ခဲ့ခြင်းဖြစ်၏။
"ဖုန်းခဏပြန်ပေးလို့ရလား..."
ရှောင်းရမ်၏လက်ထဲရောက်လို့နေပြီဖြစ်သည့်သူ့ဖုန်းကိုရှောင်းကျန့်ခေတ္တပြန်ယူလိုက်ပြီးနောက် သုံးစက္ကန့် စာတောင်မရှိသည့် စကားတစ်ခွန်းကိုအသံဖိုင်လေးတစ်ခုအဖြစ်ပို့လိုက်သည်။နောက်ထပ်နောက်ထပ်သောစကားများထပ်ဆက်၍မရအောင် ရှောင်းကျန့်၏လက် ထဲကဖုန်းကို ရှောင်းရမ်ချက်ချင်းပြန်ယူသည်။
"ဒီည flight နဲ့ ညတွင်းချင်းပြန်ဖို့ပြင်တော့..."
ရှောင်းကျန့်၏မျက်သားနီနီမျက်ဝန်းများကိုရှောင်းရမ်လျစ်လျူရှုသည်။ရှောင်းကျန့်ထွက်သွားသည်နှင့် သူ့လက်ထဲက ရှောင်းကျန့်၏ဖုန်းကို ပါဝါပိတ်လိုက်သည်။ဖုန်း sim card ကိုလည်းထုတ်၍ချိုးပြီးဖျက်ဆီးပစ်ကာအမှိုက်ပုံးထဲထည့်လိုက်သည်။
ဂျာမဏီကိုပြန်ရောက်ပြီး ကျောင်းဆက်မတက်ခင်ပထမဦးဆုံးတစ်နှစ်ကရှောင်းကျန့်အတွက် အိမ်မက် ဆိုးများပင်ဖြစ်သည်။
အချိန်တန်ရင် လိုချင်တာကိုရအောင်ယူပေးမယ်ဆိုသည့်ကတိစကားအောက်မှာ ရှောင်းကျန့်၏စိတ်နှင့်ခန္ဓာကို ရှောင်းရမ်အကျဉ်းချထားခဲ့သည်။ ရှောင်းကျန့်၏လက်အတွင်း၌ ဆက်သွယ်ရေးကိရိယာများတစ်ခုမှထားရှိခြင်းမရှိဘဲ သူစီစဉ်ပေးထားသည့်ဖုန်းကိုလည်း အတွင်းရေးမှူးမှတစ်ဆင့်သာခေါ်ဆိုဖြေကြားခွင့် ပြုသည်။
ထိုမျှမကသေး ရှောင်းကျန့်၏ဖုန်းအဝင်အထွက် ကို ရှောင်းရမ်ကသူ့ဖုန်းနှင့်လည်းချိတ်ဆက်ထားခဲ့သည်ဖြစ်ရာ ပြောဆိုသမျှ အဝင် call များ၊အထွက် call များမှန်သမျှ ရှောင်းရမ်၏ထိန်းချုပ်မှုအောက်မှာပဲရှိခဲ့သည်။ ၂၄ နာရီအပြည့်အစောင့်များချထား၍ သူ့ထိန်းချုပ်မှုအောက်မှာပဲရှိနေသည့် ရှောင်းကျန့်ကို တရုတ်ပြည်နှင့်ပတ်သက်သမျှအဆက်အသွယ်များကို အကုန်ဖြတ်တောက်ထားခဲ့တာဖြစ်သည်။
အသက်၁၄ နှစ်ကတည်းကစတင်ထိတွေ့ခဲ့သည့်စီးကရက်တင်မကဘဲ၊ အသက် ၁၆ နှစ်မှာစသုံးခဲ့သည့် ဆေးခြောက်ဆိုသည့်အရာကိုလည်းအတင်းအကြပ်ဖြတ်တောက်ခံခဲ့ရမှုမှာ အသက်ရှင်လျက်ငရဲကျနေသကဲ့သို့ သည်းခြေပျက်လုမတတ်ခံစားခဲ့ရတာဖြစ်သည်။
အသွေးအသားကစွဲလမ်းရသည့် အရာနှင့်နှလုံးသားကစွဲလမ်းရသည့်အရာနှစ်ခုကို တစ်ပြိုင်တည်းဖြတ် တောက်ခံထားရချိန်၌ရှောင်းကျန့်ခံနိုင်ရည်မရှိစွာအိပ်ဆေးလွန်ပြီးဆေးရုံတင်ခံခဲ့ရသည် အထိဖြစ်ခဲ့သည်။
ထိုသို့တစ်မိသားစုလုံးအတွက်မလွယ်ကူခဲ့သည့်အချိန်ကာလများတွင်ရှောင်းရမ်အလွန်ပင်သွေးအေးခဲ့သည်။ရှောင်းရမ်၏ ရည်ရွယ်ချက်ကရှင်းရှင်းလေးပင်ဖြစ်သည်။
တစ်ချက်ခုတ်နှစ်ချက်ပြတ်သဘောမျိုးဖြင့်သားဖြစ်သူ၏မျက်လုံးထဲ၌ သူ့ကိုဗီလိန်တစ်ဦးအဖြစ်လည်းအမြင်မခံနိုင်သည့်အတွက်ကြောင့်ကတိစကားတစ်ခုကိုအယောင်ပြရင်းရှောင်းကျန့်၏ခံစားချက်တွေကိုတဖြည်းဖြည်းနဲ့သူ့အလိုလိုအရောင်မှိန်သွားအောင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
အချိန်ဆိုသည့်အရာအား မည်သူမှမလွန်ဆန်နိုင်မှန်းရှောင်းရမ်ကြားဖူးနားဝရှိသည့်အခါ ရှောင်းကျန့်၏ နှလုံးသားကိုလည်းအနေဝေးရင် သွေးအေးပြီး မေ့မေ့လျော့လျော့ဖြစ်သွားလိမ့်မည်ဟု အပိုင်တွက်ထားခဲ့ခြင်းပဲဖြစ်သည်။
သို့သော်အချိန်တွေကတရွေ့ရွေ့ကုန်ဆုံးလာသည်။ရှောင်းကျန့် ကရှောင်းရမ် ဖြစ်စေချင်သည့် ပုံစံအတိုင်းမသွေမတိမ်းနေပေးနိုင်ခဲ့ပြီး "လိုချင်တာကိုရအောင်ယူပေးမည်" ဆိုသည့်ကတိစကားကိုလည်းအခုထက်ထိ အသေမှတ်ယူထားခဲ့၏။
You are reading the story above: TeenFic.Net