အပိုင်း(၂၀) Unicode

Background color
Font
Font size
Line height

"မျက်နှာတစ်ခြမ်းကဘာဖြစ်တာလဲ Sean..."

စားသောက်ခန်းထဲသို့ ဝင်လာသည့်ရှောင်းကျန့်ကိုအမေဖြစ်သူ ဂျီနာ ကမေးလိုက်တော့ စားပွဲထိပ်မှာထိုင် နေသည့်အဖေဖြစ်သူရှောင်းရမ်ကလည်းကြည့်လိုက် သည်။သူ့အဖြေက်ိုစောင့်နေသည့်မိဘတွေကိုရှောင်းကျန့်ဘာမှမဖြစ်ဟန်မျက်နှာပေးဖြင့်ပုခုံးသာပင့်ပြလိုက်ပြီးစားပွဲတွင်ဝင်ထိုင်လိုက်သည်။

ရှောင်းကျန့်ဝင်ထိုင်လိုက်သည်နှင့်ဟင်းလျာများထည့် ပေးမည့် အလုပ်သမားတစ်ဦးအနားသို့ရောက်ရှိလာသည့်အခါ ရှောင်းကျန့်ကမလိုကြောင်းလက်ဟန်ပြ၍ အ​ဝေးသို့သွားခိုင်းလိုက်သည်။သူ့ဟာသူတွေ့ရာများကိုတစ်ခါတည်း ပန်းကန်ထဲထည့်၍ ခက်ရင်းတစ်ချောင်းကိုသာအသုံးပြုကာ အစားအသောက်တို့ကိုဝတ်ကျေတမ်းကျေစားသောက်သည်။

"နှုတ်ခမ်းကလည်း ကွဲနေတယ်နော် Sean..."

နှုတ်ခမ်းထောင့်ကိုထိန်းပြီးစားနေသည့် ရှောင်းကျန့် ကြောင့် ဂျီနာထပ်မေးလိုက်ခြင်းဖြစ်သည်။ရှောင်းကျန့်ကသူ့ဟန်အတိုင်းဘာမှမဖြစ်သလိုပြုံးသည်။ မနေ့မနက်ကအကြောင်းစဉ်းစားမိတော့ရယ်စစဖြစ်လို့လာ​ပြီးချောင်းတစ်ချက်ဟန့်လိုက်​၏။

သူ့ condo မှာညအိပ်ပျော်ခဲ့သည့်ခွေးပေါက်လေးက မနက်အိပ်ရာနိုးလာချင်းမှာပဲ သူ့မျက်နှာကိုအကြောင်းပြချက်မဲ့ထိုးခဲ့တာဖြစ်သည်။လက်သီးလာရာလမ်းကြောင်းကိုသူကြိုမြင်ခဲ့ပေမယ့် တမင်တကာမရှောင်ခဲ့ခြင်းမျိုးပဲဖြစ်​၏။

စကားတစ်ခွန်းတောင်အစမခံဘဲမနက်စာအတွက်ပြင်ထားပေးတဲ့ခေါက်ဆွဲပန်းကန်တွေကိုလည်း အကုန် မှောက်ပစ်ခဲ့ပြီးအိမ်ထဲကနေဝုန်းဒိုင်းကြဲထွက်သွားတဲ့ခွေးပေါက်လေးကအရင်လို အူရိုင်းလေးမဟုတ်တော့တာတော့ကျိန်းသေသည်။ဂူးဂူးဂဲဂဲနဲ့ပြန်ပြီးရန်ရှာတတ်တဲ့ပုံလေးကတော်တော်ကိုချစ်ဖို့ကောင်းတာတော့အမှန်။

"ဟိုပွဲမှာတုန်းက လူပုံအလယ်မှာဖြစ်ခဲ့တဲ့ကိစ္စကို မားတို့ကို ဘာလို့တစ်ခွန်းတောင်ပြန်မဟတာလဲ...မီဒီယာပေါ် မရောက်တာ ဟိုဘက်ကဖုံးလိုက်တာလည်းပါပေမယ့် မင်းကိုယ်တိုင်လည်းဘာလို့ဖုံးထားတာလဲ...ဟိုဘက်ကတောင်းပန်စာရောက်လာမှ သိရတယ်..."

"ရှန်ဟိုင်းမှာသွားမနေကြဘူးလား...ယဲယဲအိမ်ကြီးဒီလောက်ကြီးတာ..."

အမေဖြစ်သူ​၏စကားကိုမဆီမဆိုင်လမ်းကြောင်းလွှဲလိုက်သည့်ရှောင်းကျန့်​ကိုရှောင်းရမ်က...

"မင်းယဲယဲမရှိတော့တဲ့အိမ်ကြီးမှာငါတို့လင်မယားနှစ် ယောက်ပဲဘာသွားလုပ်နေရမှာလဲ...ဘေကျင်းမှာအိမ်ဝယ်ပြီးလာနေတာတောင်တနင်္ဂနွေတစ်ရက် နေ့လယ်စာလေးတစ်ခါလာစားဖို့တော်တော်ပင့်ရတာ ရှန် ဟိုင်းမှာနေရင် တစ်နှစ်တစ်ခါလောက်ပဲတွေ့ရမယ်ထင်တယ်..."

"ဟိုးအရင်တစ်တောက်လျှောက်လုံးလည်း နိုင်ငံတွေခြားနေတာပဲ အခုမှဘာလို့ အစားတူတူစားတဲ့ကိစ္စကိုရေးကြီးခွင်ကျယ်လုပ်နေကြတာလဲ..."

"ငါတို့ကမင်းကို တရုတ်ကိုလွှတ်ချင်လို့လွှတ်လိုက်တယ်များထင်လို့လား ဟိုမှာကျောင်းထုတ်ခံလိုက်ရလို့ ရွေးချယ်စရာမရှိဘဲ ဒီကိုပို့လိုက်ရတာလေ...ပြီးတော့အဲ့တုန်းကမင်းကိုထိန်းဖို့မင်းရဲ့ယဲယဲလည်းရှိတယ်၊ထိန်းနိုင်ခဲ့တာ မထိန်းနိုင်ခဲ့တာကတစ်ကြောင်းပေါ့... နောက်ပြီးအခုက လုပ်ငန်းရှင်တွေတော်တော် များများနဲ့ထိတွေ့ရမှာမလို့ အတွေ့အကြုံသိပ်မရှိသေးတဲ့မင်းဘေးနားမှာငါရှိနေဖို့လည်းလိုတယ်..."

"Whatever..."

ပုခုံးပင့်၍လက်ထဲကခက်ရင်းကိုချကာ စားလက်စကိုရှောင်းကျန့်ရပ်လိုက်သည်။ခုံမှထပြီး စားပွဲမှာအလှဆင် ထားသည့် သစ်သီးဖန်ဇလုံထဲကပန်းသီးတစ်လုံးကိုကောက်ယူလိုက်​၏။

"စိပ်ထားပြီးသား ပန်းသီးတွေရှိတယ်လေ Sean..."

ရှောင်းကျန့်အနောက်ကိုပြန်လှည့်ကြည့်ကာ ပါးစပ်ကိုဟ၍ ထင်းထွက်နေသည့်ရှေ့သွားနှစ်ချောင်းကိုလက်ညိုးထိုးပြလိုက်ပြီး "ဒါတွေက ဘာလုပ်ဖို့လဲ"လို့ပြောကာစားသောက်ခန်းထဲကထွက်သွားသည့်အခါဂျီနာပြုံးလိုက်မိသည်။အကြောင်းမသိရင်တော့သူ့သားကတကယ့်ကို အကြည်ဓာတ်လေး။

"တနင်္ဂနွေနေ့တိုင်း နေ့လယ်စာလာစားရမယ်...ဖြစ်တယ်မလား..."

"ဖြစ်တယ်...ပေးထားတဲ့ကတိကိုသာတည်..."

အဝေးကနေပြန်လှမ်းပြောလိုက်သည့် ရှောင်းကျန့်​၏စကားကြောင့် ရှောင်းရမ်ကို ဂျီနာကြည့်လိုက်သည်။ရှောင်းရမ်ကစားစရာရှိတာဆက်စားနေသော်လည်းဂျီနာပြောမည့်စကားတွေကိုကြိုသိနေဟန်ရှိသည်။

"ရှင်ပြောတော့ စိတ်ကစားရုံသပ်သပ်ပဲဆို...ငါးနှစ်ရှိပြီ ရမ်...ပျော်ဝင်နေတဲ့ Sean ရဲ့မျက်လုံးတွေကလတ်ဆတ်နေတုန်းပဲ..."
______________ ___________

ည ၈ နာရီအချိန်အခါတွင် ဆိုင်ကယ်ကွင်းတစ်ခု၌အင် ဂျင်သံများဖြင့်ဆူညံနေသည်။ပွဲကြည့်ပရိသတ်မရှိသည့်အပျော်တမ်းချိန်းပွဲကမကြာမီစတင်တော့မှာဖြစ်၍ racer များက ကွင်းကိုပတ်၍အစမ်းမောင်းအင်ဂျင်စမ်းနေကြခြင်းဖြစ်သည်။

ဝါကျန့်ကျန့်ဆလိုက်မီးအရောင်တို့ကလည်း မျက်စိကျိန်းလုမတတ်ထိန်ညီးလို့နေပြီးဆိုင်ကယ်တို့​၏အရှိန်ပြင်းပြင်းဝေါကနဲဖြတ်ပြေးမှုများကြောင့်ပြေးလမ်းတစ်လျှောက် မီးစလေးတွေတဖျတ်ဖျတ် ပွင့်လို့သွား​သေး​၏။မောင်းနေသည့်သူများပင်မဆိုထားနှင့် ကြည့်နေရသူအတွက်ပင်အသည်းတအေးအေးဖြစ်စေလိမ့်မည်။

ညနေ ၆ နာရီမခွဲခင်ကတည်းက တစ်နေ့တာလုပ်ရမည့် လုပ်ငန်းကိစ္စတွေအားလုံးကိုတတ်နိုင်သမျှအပြီးသတ် ခဲ့သည့်ရှောင်းကျန့်က ညစာစားဖို့ခေါင်းထဲမရှိသေးဘဲ စုံစမ်းမိထားသည့်ဆိုင်ကယ်ပြိုင်ကွင်းရှိရာသို့ရောက် လာသည်။အစမ်းပြိုင်မောင်းနေဆဲဖြစ်သည့် racer များကို ပြေးလမ်းနှင့်အနီးကပ်ဆုံးပွဲကြည့်စင်ထိုင်ခုံတန်းတစ်ခုကနေ ထိုင်ကြည့်လို့နေတာဖြစ်သည်။

​အလုပ်မှတန်းလာ၍ ဝတ်စုံပြည့်ဖြစ်လို့နေကာ အပေါ် ကုတ်အင်္ကျီတွင်း၌ထည့်ထားသော ပီကေဘူးကိုထုတ် ယူလိုက်ပြီး အတွင်းမှပီကေနှစ်ခုကိုထုတ်၍ ဝါးနေလိုက်သည်။

နီကိုတင်းပါဝင်သည့်ဆေးပီကေက စီးကရက်ဖြတ် ထားသူများအတွက်စိတ်ဖြေရာတစ်ခုဖြစ်ပြီး၊ဆေးပီကေ​၏ အရသာပူရှိန်းရှိန်းနှင့်ပါဝင်သည့်နီကိုတင်းဓာတ်ကစီးကရက်သောက်ချင်သည့်ဆန္ဒတို့ကိုချိုးနှိမ်ပေးတာဖြစ်သည်။ထို့ကြောင့်ပြန်သောက်ချင်သည့်စိတ်များဖြစ်ပေါ်လာတိုင်း သတ်မှတ်ထားသည့်အခုအရေအတွက်အတိုင်းသုံးစွဲပေးရတာဖြစ်​၏။

ရှောင်းကျန့်ဝါးနေသည့်ပီကေ အချိုကုန်သွားသည့်အချိန်၌ အစမ်းမောင်းနေကြသည့် racer များဆိုင်ကယ်စက်သတ်လိုက်ကာ ခေတ္တနားကြသည့်နေရာများတွင် ဆိုင်ကယ်ကိုရပ်ထားလိုက်ကြ​၏။ထိုအခိုက် ရှောင်းကျန့်က သူထိုင်နေသည့်နေရာမှ ဆင်းလာကာ racer ထဲမှတစ်ဦးဖြစ်သည့် ဝမ်ရိပေါ်ရှေ့သို့လျှောက်သွားသည်။

ဝမ်ရိပေါ်က ခေါင်းပေါ်မှဆိုင်ကယ်ဦးထုပ်ကိုချွတ်နေဆဲဖြစ်ပြီး သူ့ရှေ့၌အပြုံးတစ်ခုနှင့်အတူရေသန့်ဘူးတစ်ခုကမ်းပေးနေသည့်ရှောင်းကျန့်ကိုတွေ့သည့်အခါ မမြင်ချင်ယောင်ဆောင်ကာကျော်သွားလိုက်သည်။ဝမ်ရိပေါ်နောက်သို့ ရှောင်းကျန့်ကပ်ပါလို့သွားပြီး...

"ဆံပင်တွေမှာချွေးတွေစို့နေတယ် ကိုယ်သုတ်ပေးရမလား..."

ဝမ်ရိပေါ်​၏ဆံပင်များဆီသို့ လှမ်းနေသည့်ရှောင်းကျန့်​၏လက်တစ်ဖက်က ပြင်းထန်စွာပုတ်ထုတ်ခြင်းခံလိုက်ရသည်။လက်ဖျံရိုးပင်ကျိုးနိုင်လောက်သည့်အရှိန်ပြင်းမှုမျိုးဖြစ်​၏။မျက်နှာတစ်ချက်မပျက်ဘဲကမ်းပေးနေဆဲဖြစ်သည့်သူ့ဆီမှရေဘူးကိုဝမ်ရိပေါ်ဆတ်ကနဲဆွဲယူလိုက်တော့ရှောင်းကျန့်ပြုံးလိုက်မိသည်။

ရှောင်းကျန့်​၏ ထိုအပြုံးကိုဝမ်ရိပေါ်ကြည့်မရတာကြောင့်မျက်လုံးများမှေးကျဉ်း၍ကြည့်လိုက်ပြီးနှုတ် ခမ်းဝတေ့ထားပြီဖြစ်သည့်ရေသန့်ဘူးကိုနေရာပြောင်းကာ ရှောင်းကျန့်​၏ဦးခေါင်းပေါ်သို့ လောင်းချလိုက်သည်။

ရေဘူးထဲမှရေတွေတစ်ဝက်ရောက်သည်အထိ လောင်းချလို့နေသည့် ဝမ်ရိပေါ်နှင့် တစ်ချက်မှမလှုပ်ဘဲစိတ် ရှိသလိုအလုပ်ခံနေသည့်ရှောင်းကျန့်ကို တခြား racer များနှင့်သူတို့ကိုအားပေးဖို့လိုက်လာခဲ့ကြသည့် သမီးရည်းစားလိုလိုအမျိုးသမီးငယ်တို့ကစိတ်ဝင်စားစွာကြည့်သည်။

မျက်နှာပေါ်ထိတစိမ့်စိမ့်ပြန်စီးကျလာသည့်ရေစက် များကို ဝမ်ရိပေါ်ကြည့်ရင်းမဲ့ပြုံးပြုံးသည်။ရှောင်းကျန့်မျက်နှာပျက်လာမည့်အချိန်ထိစိုက်ကြည့်နေရင်းရေဘူးထဲမှ ရေများကုန်လုဆဲဖြစ်လာသည်အထိ ရှောင်းကျန့်မျက်နှာတစ်ချက်ပျက်လာခြင်းမရှိသည့်အခါ ဝမ်ရိပေါ်အံကိုကြိတ်လိုက်ကာ ​ရေဘူးကိုအားဖြင့်ခြေမွလိုက်​၏။

ထို့နောက်ဘူးအဖုံးကိုပြန်ပိတ်၍လက်ထဲကနေမတော် တ ဆပြုတ်ကျသွားသလိုပစ်ချလိုက်​ပြီး ရေဘူးကိုဖိနပ် ထိပ်ဖျားဖြင့်ဖိထားလိုက်​၏။ ရှောင်းကျန့်ကိုမထီသလိုပြန်ကြည့်လိုက်ကာ...

"အခုမှရေပြန်သောက်ချင်လာလို့ ဖိနပ်အောက်ရောက် နေတဲ့ ရေဘူးကို..."

ဝမ်ရိပေါ်​၏စကားပင်မဆုံးသေး ရှောင်းကျန့်က ကိုယ်ကို ကိုင်းညွှတ်လိုက်ပြီဖြစ်သည်။ထိုသို့မျက်နှာတစ်ချက်မပျက်၊တွေဝေခြင်းမရှိသည့်အပြုအမူက အ ကြောင်းပြချက်မဲ့ဝမ်ရိပေါ်​ကိုဒေါသဖြစ်စေသည်။ထို့ကြောင့်ဖိနပ်အောက်က ရေဘူးကိုရှောင်းကျန့်ကောက်ယူလို့မရအောင်အဝေးသို့ကန်ထုတ်လိုက်ပြီး ဆိုင်ကယ်ဦးထုပ်ကိုကိုင်၍ သူ့ဆိုင်ကယ်ရှိရာသို့ လျှောက်သွားသည်။

ရှောင်းကျန့်ကနေရာမှာပဲရပ်လို့နေကာ ရေစိုသွားသည့်ဆံပင်များကိုလက်နဲ့ထိုးဖွခါလိုက်ပြီးအဝေးသို့လျှောက်သွားသည့်ဝမ်ရိပေါ်ဘက်သို့မျက်နှာမူလိုက် ၍ဝမ်ရိပေါ်ကြားနိုင်လောက်မည့်အသံဖြင့်...

"ပြိုင်ပွဲပြီးသွားရင် ကိုယ့်ကိုစကားပြောခွင့်ပေးမယ်မလား ခွေးပေါက်လေး...ခဏလေးပဲလေ..."

ဆိုင်ကယ်ဦးထုပ်ဆောင်းထားတာကြောင့်သူအော်ပြောလိုက်သည့်စကားကိုဝမ်ရိပေါ်မကြားလိုက်ခြင်းဟုရှောင်းကျန့်သတ်မှတ်လိုက်ကာ ပီကေတစ်ခုထပ်ထုတ်ဝါးလိုက် ၍ ပွဲကြည့်ခုံရှိရာသို့ပြန်လျှောက်သွားဖို့လုပ်သည်။

ထိုစဉ်ရှောင်းကျန့်အနီးသို့တချို့racer များရောက်လာကာ လှောင်ချင်သလိုလိုပုံမျိုးဖြင့်၊ ရှောင်းကျန့် အပေါ်ဝမ်ရိပေါ်လုပ်ခဲ့သည့်ပုံကိုအတုယူကာမထီမျက်မြင်အပြုအမူတချို့ပြုမူသည်။

ဘလိုင်းကြီး သူ့ပုခုံးတစ်ဖက်ကို ကိုယ်ထည်နဲ့ဝင်တိုက် သွားကြသည့် ချာတိတ်နှစ်ယောက် သုံးယောက်ကို ရှောင်းကျန့်ကြည့်ကာ အပြုံးရေးရေးဖြင့်...

"ငါ့အေးချမ်းရာလေးရှိနေလို့ ဒေါသမထွက်ပြတာကို အဟုတ်ထင်နေကြတာလား..."

အပြုံးမပျက်သော်လည်း ပီကေကို တစ်ချက်ချင်းဖိဝါးရင်းကြိမ်းလိုက်သည့်စကားသံက ကျောရိုးများကိုအလိုလိုထောင်မတ်မိသွားစေသည့် ဓာတ်တချို့ပါဝင်နေမှန်း ထိုလူများခံစားရလိုက်သည့်အခါ ရှောင်းကျန့် ဘေးမှရှောင်ထွက်သွားကြကာ သူတို့ဆိုင်ကယ်များရှိရာသို့ပြန်လျှောက်သွားကြသည်။

"ဝူး..."

ဆိုင်ကယ်ပြေးလမ်းတစ်လျှောက် လီဗာသံများအင်ဂျင်သံများဖြင့်ပြန်လည်ဆူညံသွား​၏။ ပမာဏများသည့် လောင်းကြေးပါဝင်သည့်အပျော်တမ်းဆိုင်ကယ်ပြိုင်ပွဲက စတင်နေပြီဖြစ်၍ racer များ​၏ဆိုင်ကယ်များစမှတ်မှထွက်ခွာလို့သွားပြီဖြစ်​၏။အစမ်းလေ့ကျင့်နေတုန်းကထက်ပို၍မြန်သည့်အရှိန်များက လျှပ်စီးနှုန်းများကဲ့သို့ဖြစ်​၏။

"ကျွီ..."

စုစုပေါင်း သုံးပတ်ပြိုင်မောင်းရမည့် ပြိုင်ပွဲမှာ ပထမအပတ်ပြီး၍ စမှတ်သို့ပြန်ဖြတ်လာပြီဖြစ်သည့်ဝမ်ရိပေါ်​က ပွဲကြည့်စင်ဘက်ကိုမတော်တဆအကြည့် ရောက်လို့သွားခိုက် ဆိုင်ကယ်ကဟန်ချက်ပျက်ပြီးတစ်ချက်ယိုင်သွားသည်။

စိုးရိမ်သွားသည့်ဟန်ဖြင့်ထိုင်ခုံမှထလိုက်သည့်လူ​၏ပုံရိပ်ကိုမျက်လုံးထောင့်ကနေဝမ်ရိပေါ်ဖြတ်ကနဲတွေ့လိုက်ရသလို၊ ထိုလူဘေးမှာ အတူတူရပ်နေသည့် အမျိုးသမီးတစ်ဦးကိုလည်းတွေ့လိုက်ရသည့်အခါ ဝမ်ရိပေါ်ထေ့ကနဲပြုံးလိုက်ပြီး သူ့ကိုကျော်တက်လို့သွားသည့် ဆိုင်ကယ် များကိုပြန်ကျော်တက်ဖို့ လီဗာကိုမိုင်ကုန်တင်လိုက်​၏။

ကျွမ်းကျင်သည့်မောင်းနှင်မှုကြောင့် ဒုတိယတစ်ခေါက်စမှတ်ကိုပြန်ရောက်လာသည့်သူမှာဝမ်ရိပေါ်ပဲဖြစ်​၏။ဒုတိယအခေါက်စမှတ်ကိုဖြတ်သွားသည့်အချိန်၌ ဝမ်ရိပေါ်ဘယ်နေရာကိုမှကြည့်နေခြင်းမရှိဘဲယှဉ်ပြိုင်ခြင်းကိုသာအာရုံစိုက်ထားတာကြောင့်အထစ်အငေါ့မရှိခဲ့။

အပြတ်အသတ်ပင်အခြားသော racer များထက် အရှေ့မှာဦးဆောင်နေတာဖြစ်ပြီး၊ နောက်ဆုံးတစ်ခေါက် ပန်းဝင်ရမည့်နေရာ စမှတ်ဆီသို့ရောက်တော့မည့် အခါ၌ ပွဲကြည့်စင်ဘက်သို့အကြည့်တစ်ချက်ရောက် လို့သွားကာ ဆိုင်ကယ်ကဟန်ချက်သိသိသာသာပျက် လို့သွားသည့်အပြင် အနောက်ကကပ်လိုက်လာသည့် racer ​၏ အနည်းငယ်သော မရိုးသားသည့်ယှဉ်ပြိုင်မှုကြောင့် ပန်းမဝင်ခင်လမ်းချော်ပြီး....

"ကျွီ...!!! "

သူ့ဘေးနားကိုအကြောင်းမရှိ အကြောင်းရှာပြီးလာကပ်နေသည့် အမျိုးသမီးက စကားများလွန်းတာကြောင့် ပါးစပ်ပိတ်သွားစေရန်အလို့ငှာ ရှောင်းကျန့်သူ့ပီကေ တစ်ခုကို ကမ်းပေးနေရင်းမှာပင် ပြေးလမ်းအပြင်ဘက်ထိ ချော်ထွက်သွားသည့်ဝမ်ရိပေါ်​၏ဆိုင်ကယ်ကိုမြင်လိုက်ရသည့်အခါပွဲကြည့်စင်ပေါ်မှ ချက်ချင်းဆင်းသွားလိုက်​၏။

ဆိုင်ကယ် ပြေးလမ်းအပြင်ဘက်မှာမြက်ခင်းများရှိတာကြောင့် အရမ်းကြီးအထိမနာသော်လည်း ဘယ်အရာနဲ့တရွတ်တိုက်ပွတ်ဆွဲခိုက်မိခဲ့မှန်းမသိသည့် ဝမ်ရိပေါ်​၏ဘယ်ဘက်လက်ဖျံတစ်လျှောက်အင်္ကျီစတို့ပါစုတ်ပြတ်သတ်ကာ ပွန်းပဲ့ဒဏ်ရာများကြောင့် သွေးတို့တစက်စက်ကျလို့နေ​၏။

ပန်းဝင်သည့်လူကပန်းဝင်သွားပြီဖြစ်သော်လည်း တချို့က ဆိုင်ကယ်များစက်သတ်လိုက်ကာ ဝမ်ရိပေါ်ဆီသို့ပြေးလာခဲ့ကြသည်။

ဆေးရုံကားကိုရှောင်းကျန့်အရင်ဆုံးဖုန်းခေါ်လိုက်ပြီးနောက် အုံနေသည့်လူတွေကို တွန်းဖယ်ကာ ဝမ်ရိပေါ် ဆီသို့သွားလိုက်​၏။ ဆိုင်ကယ်ဦးထုပ်ဆောင်းထားတာကြောင့် ဦးခေါင်းထိခိုက်မှုမရှိခဲ့သော်လည်း လက်ဖျံတစ်လျှောက်မှသွေးတွေကြောင့်ရှောင်းကျန့်မျက်လုံးထဲဘာမှမမြင်နိုင်တော့သည်အထိပြာဝေလို့သွားကာဝမ်ရိပေါ်ကို ထိခိုက်အောင်လုပ်ပြီးပန်းဝင်သွားခဲ့သည့်racer ကို လှမ်းကြည့်လိုက်သည်။

ထိုသူကိုကြည့်နေရင်းလည်ပင်းကြောတွေပေါက်ထွက်လုမတတ်ထင်းလို့လာသည့် ရှောင်းကျန့်ကစိတ်ကိုတတ်နိုင်သမျှပြန်ထိန်းလိုက်ကာဝမ်ရိပေါ်ကိုသာအာရုံစိုက်လိုက်ပြီး ဒဏ်ရာကို ကိုင်ကြည့်ဖို့ လုပ်သည်။

"ခင်ဗျားလက်ကိုဖယ်စမ်းပါ...!!! "

နာကျင်နေသည့်ကြားမှ ဟိန်းထွက်နေသည့်အသံဖြင့် အော်လိုက်သည့် ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်လက်တုံ့ဆိုင်းလို့သွားပေမယ့် လက်မလျှော့ဘဲ တွဲထူဖို့ကြိုးစားသည်။ တခြားလူတွေလည်းဝင်ထူပေးလို့နေတာဖြစ်ပြီး ထူပေးနေကြသည့်လူများကြားမှာ ဝမ်ရိပေါ်က ရှောင်းကျန့်​၏လက်ကိုသာ တွန်းဖယ်လိုက်​၏။

ဒဏ်ရာရနေသည့်သူကို ပိုပြီးဒေါသထွက်အောင်မလုပ်ချင်တော့တာကြောင့်ရော၊ ခေါ်ထားသည့်ဆေးရုံကားမှဆေးဝန်ထမ်းများလည်းရောက်ရှိလို့လာတာကြောင့်ပါရှောင်းကျန့်ဝင်မပါတော့ဘဲ ဆေးရုံကားရှိရာထိတိတ်ဆိတ်စွာလိုက်ပါလို့သွား​၏။

"အုပ်ထိန်းသူ (သို့မဟုတ်) သက်ဆိုင်သူတစ်ယောက် လိုက်ခဲ့လို့ရပါတယ်..."

ဘယ်သူမှပြန်မဖြေရသေးခင် ဝမ်ရိပေါ်က လူအုပ်ထဲမှတွေ့သည့်လူတစ်ယောက်ကို လက်ညိုးထိုးလိုက်၍...

"မင်း လိုက်ခဲ့..."

"ကိုယ် မလိုက်ရဘူးလား ခွေးပေါက်လေး..."

ဝမ်ရိပေါ်ဘက်က အဖြေပြန်မပေးသလို၊ ဆေးဝန်ထမ်းမှလည်း ဝမ်ရိပေါ်​၏ဒဏ်ရာသွေးထွက်လွန်မှာကိုစိုးရိမ်တာကြောင့် ဝမ်ရိပေါ်လိုက်စေချင်သည့်သူကိုသာခေါ် ဆောင်လို့သွားသည့်အခါ ထွက်သွားသည့် ဆေးရုံကားကိုရှောင်းကျန့်ရပ်ကြည့်လို့နေခဲ့သည်။

ထိုဆေးရုံကားမြင်ကွင်းထဲမှပျောက်ကွယ်လို့သွားသည့်အခါ ဘောင်းဘီအိတ်ကပ်ထဲသို့ရှောင်းကျန့်လက်လျှိုသွင်းလိုက်ကာ ဖုန်းကိုထုတ်ယူပြီး ဆေးရုံကားနောက်တစ်စီးကိုထပ်ခေါ်လိုက်သည်။

နက်ခ်တိုင်စကိုဖြေလျှော့၍ အတွင်းရှပ်အင်္ကျီ​၏အပေါ် ဆုံးကြယ်သီးနှစ်လုံးကို ဖြုတ်လိုက်ပြီး အင်္ကျီလက်ကိုလည်း တံတောင်ဆစ်နားရောက်သည်အထိသေသေချာချာခေါက်လိုက်​၏။

တည်နေလွန်းသောမျက်နှာဖြင့် ဆိုင်ကယ်ကွင်းဘက် သို့ပြန်သွားကာ ဆိုင်ကယ်ပြေးလမ်းဘေးချွတ်ထားခဲ့သည့် အနည်းငယ်ကွဲအက်နေသော ဝမ်ရိပေါ်​၏ဆိုင် ကယ်ဦးထုပ်ကိုပြန်ကောက်ယူ၍မြဲအောင်ဆုပ်ကိုင် သည်။

ထို့နောက် ဆိုင်ကယ်ကွင်းထဲမှာအခုထိအောင်ပွဲခံနေဆဲဖြစ်သော racer ရှိရာသို့တစ်လှမ်းချင်းတစိုက်မတ်မတ်လျှောက်သွားလိုက်ပြီးကိုင်ထားသည့် ဆိုင်ကယ်ဦးထုပ်ဖြင့် မျက်နှာတည့်တည့်ကို အားကုန် လွှဲရိုက်လိုက်​၏။

​ရှောင်ချိန်မရဘဲအရိုက်ခံလိုက်ရသည့်လူကမျက်နှာတစ်ခုလုံးလည်ထွက်သွားကာ နှာခေါင်းသွေးတို့သည်လည်းဖြာကနဲဖြစ်သွားပြီးတစ်ခါတည်းမှောက်သွား​၏။ မှောက်သွားသည့်လူကိုဆံပင်ကနေကိုင်ဆွဲ၍ ရှောင်းကျန့်မရမကပြန်ထူမတ်တပ်ရပ်စေကာ အတင်းဆောင့်ဆွဲခေါ်လာပြီး ဆိုင်ကယ်တစ်ခု​၏စက်ခေါင်းနေရာထက် ထိုသူ​၏လက်ဖဝါးကိုမှောက်ခုံတင်လိုက်သည်။

မာကြောသောအရာတစ်ခုပေါ်မှာ အလွန်မာကြောသော ဆိုင်ကယ်ဦးထုပ်ဖြင့် ကြားညှပ်ပြီးရိုက်ချခံလိုက်ရသည့် လက်ချောင်းများ​၏ကျိုးကြေလို့သွားသည့်အသံများနှင့်အတူ...

"အား...!!! "

နာကျင်မှုကြောင့်ထွက်ပေါ်သောအော်သံတစ်ခုသည် လည်းတစ်ဆက်တည်းပေါ်ထွက်လာသည့်အခါ ဝင်ဆွဲမည့်လူများပင်ခြေလှမ်းတို့နောက်ဆုတ်ကုန်​၏။

လက်ထဲက ဆိုင်ကယ်ဦးထုပ်ကို ရှောင်းကျန့်လွှတ်ချလိုက်သည်။ ကျိုးသွားသည့်လက်ချောင်းများကိုကိုင်ကာ ခွေကနဲဖြစ်နေသည့်လူကို ငုံ့ကြည့်လိုက်ပြီး...

"မင်းဘယ်အိမ်ကကောင်လဲ ငါစိတ်မဝင်စားပေမယ့် လောင်းကြေးအပြင်လျော်ကြေးတွေပါရလာတော့မှာဆိုတော့ Congrats...! "

ဆိုင်ကယ်ကွင်းထဲမှပြန်ထွက်လာခဲ့သည့်ရှောင်းကျန့် က ဘာဆိုဘာမှမဖြစ်ခဲ့သည့်ပုံမျိုးပင်ဖြစ်သည်။

မကြာခင်မှာပဲ ကြိုခေါ်ထားခဲ့သည့် ဆေးရုံကားတစ်စီးကလည်းဆိုင်ကယ်ကွင်းအနီးဆီသို့။


You are reading the story above: TeenFic.Net

#random