အပိုင်း(၁၆) Zawgyi

Background color
Font
Font size
Line height

"ကိုယ် ဗိုက်ဆာတယ် ခွေးပေါက်လေး..."

တက်တူးဆိုင်ထဲမှထွက်လာပြီးနောက် ရှောင်းကျန့် ပြောလိုက်သည့်ပထမဦးဆုံးစကား။

ဖုန်းထဲကနာရီကိုဝမ်ရိပေါ် ငုံ့ကြည့်လိုက်တော့ မနက် တစ်နာရီ။အပျော်တွေနဲ့ပြည့်နှက်နေသည့်သူကဗိုက်ဟာနေမှုကိုသတိတောင်မထားမိတော့ဘဲ ရှောင်းကျန့်ပြောမှတစ်နေကုန်နီးပါးသူတို့တွေဘာမှမစားရသေးမှန်းအမှတ်ရလာသည်။

ရှောင်းကျန့်ကို ကြည့်လိုက်တော့ဗိုက်ဆာနေလွန်းတာကြောင့်ထင်သည်။ လက်ဖျားလေးတွေတဆတ်ဆတ် တုန်နေသည်။နှစ်ယောက်လုံး​၏ဝမ်းမှထွက်လာသည့် သံစုံတီးဝိုင်းတွေကလည်း မြိုင်မြိုင်ဆိုင်ဆိုင်။

"ဒီအချိန်ဘယ်စားသောက်ဆိုင်တွေဖွင့်ဦးမလဲမသိဘူး ကျွန်တော်ဖုန်းထဲက ရှာကြည့်ဦးမယ်...နည်းနည်းလေးသည်းခံလိုက်ပါဦး..."

"မရတော့ဘူး ခွေးပေါက်လေး ကိုယ့်ဗိုက်ကိုစမ်းကြည့် သောင်းကျန်းနေပြီ..."

ရှောင်းကျန့်က ဝမ်ရိပေါ်​၏လက်တစ်ဖက်ကိုဆွဲယူပြီး သူ့ဗိုက်ပေါ်သို့တင်လိုက်​၏။ အင်္ကျီအပြင်ဘက်မှမဟုတ်ဘဲ အတွင်းထဲကိုလျှိုသွင်းလိုက်ပြီးအသားချင်းတိုက်ရိုက်ထိကပ်လိုက်တာဖြစ်သည်။ ရှောင်းကျန့်ကအမှတ်တမဲ့ပြုမူလိုက်တာဖြစ်ပေမယ့် ဝမ်ရိပေါ်​၏လက်တစ်လျှောက် လျှပ်စီးဓာတ်များဖြတ်စီးသွားသလိုကျဉ် ကနဲ။

"ဖုန်းထဲမှာပြနေတာကတော့ဒီပတ်ဝန်းကျင်မှာ convenience store တစ်ခုရှိတယ် ငါးမိနစ်လောက် လျှောက်ရမယ် ရှောင်းကျန့်အဆင်ပြေတယ်မလား..."

"ခွေးပေါက်လေး ကိုယ့်လက်ကိုတွဲပြီးလျှောက်သွားပေးရင်တော့ အဆင်ပြေပါတယ် မဟုတ်ရင်အားပြတ်ပြီး လဲသွားမှာ စိုးရိမ်ရတယ်..."

မျက်ခုံးတစ်ချက်ပင့်ကာ မိုက်ကနဲဖြစ်သွားသည့်အမူအရာလုပ်ပြနေသည့် ရှောင်းကျန့်ကို ကြည့်ကာဝမ်ရိပေါ်စိတ်ထဲကနေအားမလိုမရအော်လိုက်မိသည်။ရှောင်းကျန့်ကအဲ့လိုအရမ်းချစ်ဖို့ကောင်းတဲ့အ​မူအရာတွေလုပ်ပြမှဖြစ်မှာလား။နေရင်းထိုင်ရင်းတောင် တစ်ကိုယ်လုံးကိုဆွဲမွှေ့ယမ်းပစ်လိုက်ချင်တာကို။

"ချီသွားပေးရမလား..."

"နိုင်လို့လား..."

"စမ်းကြည့်လိုက်လေ..."

စကားဆုံးသည်နှင့် ဝမ်ရိပေါ်က ဝတ်ဆင်ထားသည့်ဂျက်ကတ် အင်္ကျီလက်ကိုတံတောင်ဆစ်နားထိဆွဲတင်လိုက်ပြီးရှောင်းကျန့်​၏ကိုယ်ကို ပွေ့ချီလိုက်သည်။အရမ်းကြီးပေါ့နေတာမဟုတ်သည့် ရှောင်းကျန့်​၏ကိုယ်အလေးချိန်ကို ဝမ်ရိပေါ်ခံစားလိုက်ရပေမယ့်ဟန်မပျက်စွာဖြင့် သူတို့ရောက်နေသည့် တက်တူးဆိုင်ရှေ့မြေအောက်ထပ်လှေကားကို တက်လှမ်းလိုက်သည်။

လှေကားပထမတစ်ထစ်မှာသိပ်မသိသာသော်လည်း မနိုင့်တနိုင်ဖြစ်နေသည့် ပွေ့ချီထားမှုက လှေကားဒုတိယအဆင့်သို့ရောက်သည့်အခါ ဝမ်ရိပေါ်​၏ခြေထောက်များကိုကွေးညွတ်စေ၍ဟန်ချက်ပျက်ကာ နှစ်ယောက်စလုံး လှေကားပေါ်ကနေနောက်ပြန်ပြုတ်ကျသည်။

"ဟား...ဟား...ဟား..."

ရှောင်းကျန့်က သဘောကျလွန်းစွာရယ်နေရင်းဝမ်ရိပေါ်ဘက်သို့သွားလိုက်ကာ မြေကြီးနဲ့ဆောင့်မိသွားသည့်ဦးခေါင်းနောက်စေ့နေရာကို ပွတ်သပ်ပေးလိုက်​၏။ခေါင်းကိုပွတ်ပေးလို့နေပေမယ့် အဆက်မပြတ်လည်းရယ်မောနေတာကြောင့် ဝမ်ရိပေါ်​မျက်နှာမကောင်းချင်တော့။

"ရယ်စရာကောင်းလို့လား ရှောင်းကျန့်..."

လုပ်ပြချင်တဲ့အရာတစ်ခုကိုအောင်မြင်အောင်မလုပ်နိုင်လို့ အလိုမကျသည့်ကလေးတစ်ယောက်လိုဖြစ်နေသည့် ဝမ်ရိပေါ်​၏ မျက်နှာရိပ်ကိုရှောင်းကျန့်ဂရုမစိုက်နိုင်။သူ့မျက်လုံးထဲမှာ မျက်မှောင်ကျုံ့ကြည့်နေသည့်ဝမ်ရိပေါ်က ရယ်ချင်စိတ်ကိုလှုံ့ဆော်နေလွန်းတာကြောင့်...

"မရယ်ရလို့လား...ကိုယ်ကတော့အရမ်းရယ်ရတယ်လို့ထင်တာပဲ...ကိုယ့်ကိုမချီခင်တုန်းကပြောခဲ့တဲ့ခွေးပေါက်လေးရဲ့ confidence ကို ကိုယ်သဘောကျလို့ပါ..."

"စောင့်ကြည့်နေလိုက်ပါ...နောက်ထပ် ၄၊၅ နှစ် ရှောင်းကျန့်ရဲ့လက်ရှိအသက်အရွယ်နဲ့မတိမ်းမယိမ်းအသက်အပိုင်းအခြားတစ်ခုကို ကျွန်တော်ရောက်လာခဲ့ရင် ရှောင်းကျန့်ဒီလိုစကားမျိုးပြောနိုင်ဦးမှာလားလို့..."

"အင်းပါ ကြည့်ရသေးတာပေါ့..."

ရှောင်းကျန့်ကမြေကြီးပေါ်မှထလိုက်ကာ ဝမ်ရိပေါ်ကိုလက်ကမ်း၍ထူလိုက်သည်။ လက်ချင်းတွဲကာလှေကားထစ်တွေကို နှစ်ယောက်သားခြေလှမ်းညီညီတက်နေကြရင်း မပြီးပြတ်သေးသောဆွေးနွေးမှုကိုဝမ်ရိပေါ်ဘက်ကထပ်ဆက်သည်။

"မယုံလို့လား ရှောင်းကျန့်က အခုအသက် ၂၅ ဆိုတော့အကြီးကုန်သွားပြီ ဒီထက်ပိုပြီးဖွံ့ဖြိုးလာစရာအကြောင်းမရှိတော့ဘူး..."

"မယုံဘူးလို့လည်းမပြောပါဘူး ဒါပေမယ့်ယေဘုယျအားဖြင့် ယောကျာ်းလေးတွေက အသက် ၂၀ လောက် ဆို အရပ်မထွက်ကြတော့ဘူး ကိုယ့်အရပ် ၆ ပေပြည့်သွားတာအသက် ၁၉နှစ်ကတည်းက...အခုခွေးပေါက်လေးအသက်က ၁၉ ပြည့်ပြီးပြီလေကိုယ့်အရပ်ကိုမှီလို့လား..."

မခံချင်အောင်ပြောနေသည့် ရှောင်းကျန့်​၏စကားကိုဝမ်ရိပေါ်ကလက်မခံနိုင်စွာဖြင့်...

"အဲ့တာ ယေဘုယျသဘောတရားလေ...မျိုးရိုးနဲ့လည်းဆိုင်သေးတယ် ကျွန်တော့်အဖေတုန်းက အသက် ၂၃ ထိအရပ်ထွက်သေးတယ်..."

"ဟုတ်ပါပြီ ဟုတ်ပါပြီ...ပြိုင်မငြင်းပါဘူး ခွေးပေါက်လေးကို ကိုယ်အရှုံးပေးပါတယ်...ကိုယ့်လိုလူကြီးတစ်ယောက်အနေနဲ့ ကလေးတွေနဲ့ပြိုင်ငြင်း...ဟ...ကိုယ့်ကိုဘာလို့ကိုက်ရပြန်တာလဲ..."

အတူယှဉ်တွဲလျှောက်နေရင်း ဆတ်ကနဲကိုက်ခံရမှုကြောင့် ဖြစ်ပေါ်သွားသည့်လက်မောင်းပေါ်ကသွားရာမှိန်မှိန်လေးကိုရှောင်းကျန့်ငုံ့ကြည့်လိုက်ပြီးရယ်စစဖြင့်...

"ခွေးပေါက်လေးဆိုတဲ့အတိုင်း တကယ်လည်းအကိုက်သန်တယ်နော်...နာမည်စီးသွားသလားပဲ..."

"ကျွန်တော့်ကို ကလေး ကလေးဆိုပြီး ထပ်နှိမ်ပြောဦးမယ်ဆိုရင် တွေ့တဲ့နေရာအကုန်ကိုက်ဆွဲပစ်မှာ...အထူးသဖြင့် ဘယ်တော့မှလုံလုံခြုံခြုံမရှိတဲ့ အဲ့ဒီလက်မောင်းနှစ်ဖက်..."

"ကြောက်လိုက်တာ~~"

"ရှောင်းကျန့်..."

"မှားပါတယ် မှားပါတယ် ကိုယ်မှားပါတယ်..."

ရှောင်းကျန့်က ဝမ်ရိပေါ်​၏ဆံပင်ကြားထဲလက်ချောင်းများဖြင့်ထိုးဖွရင်းချော့မော့လိုက်သည့်အခါ ဝမ်ရိပေါ်​၏စိတ်ပြန်ပြေပြီး ချက်ချင်းပြုံးလာသည်။

နှစ်ယောက်သားစနောက်ကာလျှောက်လာရင်းစတိုးဆိုင်သို့ရောက်လာသည့်အခါ စားလို့ကောင်းမည်ထင်သည့်အရာများကိုရွေးချယ်ကြသည်။နှစ်ယောက်စလုံးကအူတွေလှိမ့်နေတဲ့အထိ ဗိုက်ဆာနေကြတာကြောင့် စားဖို့ရွေးလိုက်သည့်အရာများကလက်နဲ့ပင်မဆံ့တော့ဘဲခြင်းတောင်းအသေးလေးတစ်ခုကိုပြေးယူလိုက်ရ​၏။

ရွေးထားသည့်အရာများတွင် အအေးဘူးများ၊ ခေါက်ဆွဲဘူးများ၊ အသင့်စားကြက်အူချောင်းများ၊အသီးစုံဘူးနှင့်ကိတ်မုန့်များ၊အာလူးကြော်စသည့်မုန့်ထုပ်များစွာပါဝင်သည်။နောက်ဆုံးအနေနဲ့ရှောင်းကျန့်အတွက် မပါမဖြစ်နှင့်မရှိမဖြစ်က စီးကရက်တစ်ဘူးနှင့်မီးခြစ်တစ်ခု။

"အပြင်ဘက်ကခုံမှာ သွားစောင့်နေလိုက်ပါလား...ကျွန်တော်ငွေရှင်းပြီးထွက်လာမယ်..."

ငွေရှင်းသည့်နေရာမှာ တန်းစီနေကြသည့်လူများက အရှေ့မှာငါးယောက်ခန့်ရှိနေတာကြောင့်ဝမ်ရိပေါ်ပြောလိုက်သည့်အခါ...

"တူတူရပ်စောင့်မယ်လေ..."

"ကျွန်တော်တို့နှစ်ယောက်လုံးဒီမှာရပ်စောင့်နေရင် အပြင်ကစားပွဲခုံကို သူများတွေဦးသွားမှာစိုးလို့..."

"ဟုတ်ပြီ အဲ့တာဆို ကိုယ်နေရာသွားဦးထားလိုက်မယ်..."

သူ့အလှည့်ရောက်လာပြီဖြစ်သည့်အခါ ဝမ်ရိပေါ်ကကျသင့်ငွေကိုရှင်းလိုက်ပြီးနောက်ကောင်တာရှေ့မှထွက်ဖို့လုပ်လိုက်စဉ် ကလေးမလေးများအတွက်ရည်ရွယ်ပြီး လျော့ဈေးနဲ့ရောင်းထားသည့် ရောင်စုံသားရည်ကြိုးခေါင်းစည်းကွင်းအထုတ်လေးတွေကိုတွေ့တော့ တစ်စုံတစ်ခုကိုတွေးမိကာ တစ်ထုတ်ကောက်ဝယ်လာခဲ့​၏။ ထိုခေါင်းစည်းကြိုးအထုတ်လေးကိုတော့ မုန့်များဖြင့်ရောနှောမထည့်ထားဘဲ ဘောင်းဘီအိတ်ကပ်ထဲထည့်လာခဲ့လိုက်​သည်။

"မအေးဘူးလားရှောင်းကျန့် ဂျက်ကတ်ယူမလား...တက်တူးကလည်း အရမ်းယောင်နေတယ်..."

ဝယ်ထားသည့်မုန့်များ၊ ခေါက်ဆွဲဘူးများကိုစား သောက်နေရင်း လေအေးတစ်ချက်ဝေ့သွားတာကြောင့် ဝမ်ရိပေါ်ကစားလက်စကိုရပ်ပြီး သူ့ဂျက်ကတ်ကိုချွတ်ပေးဖို့လုပ်လိုက်စဉ် ရှောင်းကျန့်ကလက်ပြပြီးတားလိုက်သည်။

"ကိုယ်က အေးတာကိုကြိုက်တယ်...ချွေးထွက်လွယ်လို့ခန္ဓာကိုယ်ကအပူဒဏ်ကိုမခံနိုင်ဘူး...စွပ်ကျယ်တောင် မသက်သာလို့ဝတ်ထားရတာ ဖြစ်နိုင်ရင် အကုန်ချွတ်ထားချင်တာ..."

မျက်နှာတစ်ပြင်လုံးရဲတက်သွားသည့်ဝမ်ရိပေါ်ကိုကြည့် ကာ ရှောင်းကျန့်ချောင်းဟန့်ချင်ယောင်ဆောင်ပြီးမသိမသာရယ်လိုက်သည်။သူလက်ဆောင်ပေးထားသည့်ဂျက်ကတ်နဲ့လိုက်ဖက်လွန်းနေသည့် ဝမ်ရိပေါ်ကြောင့်...

"ကိုယ်ပေးတဲ့မွေးနေ့လက်ဆောင်ကိုကြိုက်လား..."

"အင်း အရမ်းကြိုက်တယ် ဒါကိုဝတ်ထားရင် ရှောင်းကျန့်ဖက်ထားပေးသလိုပဲ အရမ်းနွေးတယ်..."

ရှောင်းကျန့်ဟက်ကနဲရယ်လိုက်သည်။

"အဲ့လို ကိုယ်ကြွေအောင်လည်းပြောတတ်တာပဲလား..."

"ကျွန်တော်တမင်တကာပြောတာမဟုတ်ပါဘူး...ရင်ထဲကလာတဲ့စကားကိုပဲပြောတာ..."

"ကြည့်...ထပ်ပြောနေပြန်ပြီ...ဒီတိုင်းဆိုမလွယ်ဘူး ကိုယ်အနှေးနဲ့အမြန်နှလုံးရောဂါရနိုင်တယ်..."

"အခု ဘယ်သူက ဘယ်သူ့ကိုခြွေနေတာလဲ..."

ဝမ်ရိပေါ်​၏စကားကြောင့်ရှောင်းကျန့်ထပ်ရယ်လိုက်ပြန်သည်။စီးကရက်ဘူးထဲမှစီးကရက်တစ်လိပ်ကိုထုတ်ကာ မီးညှိနေရင်း အနှောင့်အသွားမလွတ်သည့်သီချင်းတစ်ကြောင်းကိုညည်းသည်။

🎵ကြယ်တွေမြေခနေလည်း ကိုယ်ကြွေတာမင်းတစ်ယောက်တည်း...🎶

အနည်းငယ်ရိသဲ့သဲ့ဆန်သည့်အကြည့်တွေအောက်မှာ ဝမ်ရိပေါ်မျက်နှာမထားတတ်တာကြောင့်ခေါင်းကိုတစ်ချက်မှပင်မဖော်တော့ဘဲ စားပွဲပေါ်ကရှိရှိသမျှ မုန့်တွေကို တစ်ခုပြီးတစ်ခုစားသည်။

ပါးစပ်နဲ့မဆံ့အောင်ထိုးကြိတ်စားသောက်နေတာကြောင့်တစ်ချက်ဝါးတိုင်းတစ်ချက်မို့တက်လို့သွားသည့် လှုပ်စိစိပါးဖောင်းဖောင်းနှစ်ဖက်ကိုရှောင်းကျန့်တစ်တောက်လျှောက်လုံးကြည့်နေမိရင်း အားမရလာတော့သည့်အခါ ရှိုက်လက်စစီးကရက်မီးကိုစားပွဲခုံမျက်နှာပြင်မှာထိကပ်ငြိမ်းသတ်လိုက်သည်။

ထို့နောက်ထိုင်ခုံကိုဝမ်ရိပေါ်​ထိုင်နေသည့်ဘေးသို့ဆွဲသွားပြီး လက်တစ်ဖက်ကို ဝမ်ရိပေါ်​၏ပုခုံးပေါ်သိုင်းဖက်၍ ကျန်လက်တစ်ဖက်ကို စားပွဲပေါ်တင်ပြီး ၊ ထိုစားပွဲပေါ်တင်ထားသည့်လက်ပေါ်မေးတင်ကာ ဝမ်ရိပေါ်​၏မျက်နှာကိုဘေးတစ်စောင်းအနေအထားဖြင့်အနီးကပ်ကြည့်လိုက်​၏။

သူအနားရောက်လာမှ ဆက်စားဖို့တုံ့ဆိုင်းသွားသည့်ဝမ်ရိပေါ်ကြောင့် မုန့်ငုံထားလို့ဖောင်းနေသည့်ဝမ်ရိပေါ်​၏ပါးတစ်ဖက်ကို ရှောင်းကျန့်လက်ချောင်းလေးနဲ့အသာသပ်ပေးလိုက်ပြီး...

"ဘာဖြစ်လို့လဲ ဆက်စားလေ...ကိုယ်ကဒီတိုင်းပဲခွေးပေါက်လေး မုန့်စားနေတဲ့ပုံလေးကို သဘောကျလို့..."

ဝမ်ရိပေါ်က ဝါးလက်စကိုခက်ခက်ခဲခဲမြိုချလိုက်ကာ...

"ရှောင်းကျန့်အဲ့လို လာကြည့်နေတော့ ကျွန်တော်ဘယ်လိုဆက်စားမလဲ..."

"ကြည့်တာကကြည့်တာတစ်ပိုင်း စားတာကစားတာတစ်ပိုင်း ဘာဆိုင်လို့လဲ ခွေးပေါက်လေး..."

"ကျွန်တော်ခံနိုင်ရည်မရှိဘူး..."

ပါးစပ်လှုပ်ရုံလေးပြောလိုက်သည့် ဝမ်ရိပေါ်​၏စကားကို ရှောင်းကျန့်မကြားလိုက်သည့်အခါပို၍နီးကပ်စွာတိုးကပ်လိုက်ရင်း...

"နည်းနည်းကျယ်ကျယ်လေးပြောကိုယ်မကြားလိုက်ဘူး..."

"ရှောင်းကျန့်ရဲ့အကြည့်တွေကို ကျွန်တော်ခံနိုင်ရည်မရှိဘူးလို့..."

"အဲ့ဒီမှာပြဿနာပဲ ကိုယ်ကလည်းခွေးပေါက်လေးကိုမကြည့်ဘဲမနေနိုင်တော့ဘယ်လိုလုပ်ကြမလဲ..."

ပိုပို၍ငုံ့သွားသည့် ဝမ်ရိပေါ်​၏မျက်နှာကိုရှောင်းကျန့်ကလည်း မရမကငုံ့၍လိုက်ကြည့်သည်။

"ဟင် ဖြေလေခွေးပေါက်လေး ကိုယ်တို့ဘယ်လိုလုပ်ကြမလဲ...ကိုယ့်မျက်လုံးတွေကိုဖောက်ပစ်လိုက်ရမလား..."

မျက်နှာမှာဟပ်နေသည့်အပူရှိန်တွေက ရင်ဘတ်ထဲထိတဟုန်းဟုန်းနဲ့ လာဟပ်နေတာကြောင့် စားပွဲခုံပေါ်ကအအေးဘူးကို ဝမ်ရိပေါ်လှမ်းယူလိုက်သည်။ သို့သော် လည်း လက်မမှီသလိုဖြစ်သွားသည့်အခါ...

"မမှီရင် ပြောလေ ကိုယ်ယူပေးမှာပေါ့..."

ဝမ်ရိပေါ်အတွက် ရှောင်းကျန့်ကအအေးဘူးကိုယူပေးပြီး အဖုံးကိုပါတစ်ခါတည်းဖွင့်ပေးလိုက်ကာလက်ထဲအအေးဘူးရောက်သွားသည်နှင့်ချက်ချင်းမော့သောက်နေသည့်ဝမ်ရိပေါ်ကို ငြိမ်ငြိမ်လေးထိုင်ကြည့်နေ​၏။

ဂတ်စ်ပါတဲ့အအေးဖြစ်တာကြောင့်ဝမ်ရိပေါ်တရစပ်မသောက်နိုင်ဘဲ ကြားထဲမှာတစ်ချက်နားလိုက်သည့်အခါ ရှောင်းကျန့်ကအအေးတွေစိုစွတ်ပြီးနေသည့်ဝမ်ရိပေါ်​၏နှုတ်ခမ်းကို လက်မလေးနဲ့ပွတ်ဆွဲသုတ်ပေးလိုက်သည်။ထို့နောက်လက်မမှာကပ်ညိနေသော အအေးစလေးများကို သူ့နှုတ်ခမ်းနဲ့ဖိကပ်လိုက်​၏။ဝမ်ရိပေါ်​၏နှုတ်ခမ်းများကို အကြည့်မခွာနိုင်စွာတစိုက်မတ်မတ်စိုက်ကြည့်ရင်းရှတတလေသံဖြင့်...

"ကိုယ်တို့ဒီညအဆောင်မပြန်ဘဲ ဟိုတယ်မှာသွားအိပ်ကြမလား..."

လက်ထဲကလွတ်ကျသွားသည့် အအေးဘူးနဲ့စားလက်စမုန့်များ။

အအေးသီးသွားတာကြောင့် အဆက်မပြတ်ထွက်ပေါ် နေသည့်ချောင်းဆိုးသံများ။

ကျောပြင်ပေါ်ကို လက်နဲ့ခပ်ဖွဖွပုတ်ပေးနေသည့်အသံများနှင့်...

ရှောင်းကျန့် ​၏ ရယ်သံလွင်လွင် များ။


You are reading the story above: TeenFic.Net

#random