စပွန်ဆာ
ထွဋ်ဧရာဝတီဆိုတဲ့မိန်းကလေးဟာ ငယ်စဥ်ကတည်းက မိခင်ရဲ့စွန့်ပစ်မှုကို ခံခဲ့ရပါတယ်။ဖခင်ဖြစ်သူရဲ့အဖေက သူ့ရဲ့တစ်ဦးတည်းသောမြေးလေးကို ထိုအချက်တစ်ခုကြောင့်နဲ့ အလိုလိုက်အကြိုက်ဆောင် စေလိုရာစေ လိုလေသေးမရှိပြုစုစောင့်ရှောက်ခဲ့ပါတယ်။ဖခင်ဖြစ်သူ နောက်အိမ်ထောင်ပြုသွားချိန်မှာသူမဟာ ဖခင်ဖြစ်သူရဲ့မိသားစုနဲ့ အတူမနေလိုတာကြောင့် အိမ်ပေါ်ကဆင်းသွားခဲ့ပြီး အဖိုးဖြစ်သူဝယ်ထားပေးတဲ့တိုက်ခန်းမှာ တစ်ယောက်တည်းနေပါတယ်။သူမရဲ့အဖိုးဟာ မြန်မာပြည်ရဲ့ အချမ်းသာဆုံးစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ကွန်ဒိုစီမံကိန်းအမြောက်များကို လုပ်ဆောင်လျက်ရှိပါတယ်။သူမက မေတ္တာတရားငတ်မွတ်ခဲ့သူပီပီ။အရွယ်ရောက်လာတဲ့အခါမှ သူလိုချင်တဲ့ ပြုစုယုယမှုတွေကို ငွေကြေးနဲ့ရအောင်ယူဖို့ကြိုးစားလာပါတယ်။ဒါပေမယ့် သူ့နားကိုရောက်လာတဲ့သူတွေက င…