အချိန်ခရီးသွားပြီး အဖေ့ကို လင်ပေးစားမယ်
ဇာတ်လမ်း အကျဥ်းကတော့ ဝတ္ထုခေါင်းစဥ်အတိုင်းပါပဲ...လင်းမာန်ခက wormhole ကို ဖြတ်လာပြီး လွန်ခဲ့တဲ့ အနှစ် ၂၀ ကို ရောက်လာတယ် ။သူ့အဖေက သူ ၂နှစ်သားထဲက ဆုံးသွားခဲ့ပြီဖြစ်တယ် ။သူ့အဖေရဲ့ ဒိုင်ယာရီ အရ သူ့အဖေ ချစ်တဲ့သူက ယောကျ်ားလေးတစ်ယောက်ဆိုတာ သူ သိခဲ့တယ် ။သူသာ သူ့အဖေကို လင်ပေးစားနိုင်ခဲ့ရင် သူ့အဖေလည်း စိတ်ညစ်ပြီး အရက်သောက်မှာ မဟုတ်သလို ၊ သေခဲ့မှာလည်း မဟုတ်ဘူး ။အတိတ်ကို ရောက်လက်စနဲ့ လင်းမာန်ခ တစ်ယောက် သူ့အဖေကို မသေဆုံးရလေအောင် လင်ပေးစားဖို့ ကြိုးစားပါတော့တယ် ။ဒါပေမယ့် သူ့အဖေကို အတင်းလိုက်ကပ်နေပြီး သူ့အဖေကို လင်မရအောင် လုပ်နေသူ... ၊ သူ့အခေါ်အရ ဗီလိန်အစစ်မ က သူ ကြောက်ရတဲ့ ပွစိပွစိ လုပ်တတ်သူ သူ့အမေ ကိုယ်တိုင် ဖြစ်နေတဲ့အခါ... ။လင်းမာန်ခ တစ်ယောက် သူ့အမေလက်ထဲကို သူ့အဖေ ပါမသွားရလေအောင်လည်း အစီအစဥ်တွေ ဆွဲရပါလေတော့တယ် ။…