31

Background color
Font
Font size
Line height

Unicode

‘မင်းရဲ့သား အလည်မလာတာကြာပြီပဲ’

‘သူလည်းပြိုင်ပွဲနဲ့ရှုပ်နေမှာပေါ့ အဖေကြီးရယ်’

‘အင်း...ငါ့သားတော့ ငါ့နေရာယူရင်ကောင်းမှာပဲ’

‘ယူမှာပါ ဖေကြီးရဲ့..စာအုပ်အထူကြီးကိုတောင်ယူပြီး ဖတ်နေတာပဲကို..’

‘ဟား ဟား’

ညစာအတူစားရင်းစကားစမြည်ပြောနေကြတာက ၂ ယောက်တည်း။ ဒီလိုအေးစက်စက်ညစာမျိုးက နှစ်ချီနေပြီမို့ ကျင့်သားရနေပြီဆိုပေမယ့် တစ်ခါတလေတော့လည်း စကားစမြည်ပြောရင်း သားနဲ့အတူတူ ထမင်းစားချင်သား။

‘သားက ရုတ်တရက်ကြီးဘာလို့ ကုမ္ပဏီအလုပ်ကို စိတ်ဝင်စားလာတယ်လို့ထင်လဲ အမေကြီး’

‘ကျောင်းပြီးတော့မှာဆိုတော့ သူလည်း အနာဂတ်ကိုတွေးမိမှာပေါ့..သူ့ဘွဲ့နဲ့ဘာလုပ်မှာလဲ’

‘အင်း..ဒါပဲဖြစ်မယ်ထင်တယ်..ဒါနဲ့ သူဟိုကိစ္စကိုဘာမှမသိဘူးမလား’

‘အင်း..မသိဘူးပေါ့.. သူကသိရင်ဒီတိုင်းနေမယ့်သူလား..ရှင်လည်းသူ့အကြောင်းသိရဲ့သားနဲ့’

‘ငယ်ပါသေးတယ်ကွာ..သူဒီလောက်ထိမရင့်ကျက်သေးပါဘူး။ လုပ်ချင်ရာလုပ်တတ်တဲ့ ၂၀ ကျော် လူငယ်တစ်ယောက်ပါပဲ’

‘ဒါပေမယ့် အခုတလောတော့ ပြောင်းလဲလာတယ်နော်..လူကြီးဖြစ်သွားသလိုပဲ’

‘ဒီလောက်တော့ပြောင်းလဲရမှာပေါ့..တစ်ယောက်တည်းလည်းနေချင်တယ်ဆိုလို့ နေခွင့်ပေးထားတာပဲ..ဒီလောက်မှမပြောင်းလဲရင်လည်း သုံးစားရမှာမဟုတ်ဘူး’

အိမ်မှာမနေဘဲ အဆောင်မှာနေမယ်လို့ပြောခဲ့တုန်းက တစ်ပြားမှမထောက်ပံ့ခိုင်းတဲ့ ယောက်ျားဖြစ်သူကို မနည်းဆွဲဆောင်ပြီး သားကို ကျောင်းလခပေးရင်းနဲ့ ပိုပိုပေးထားခဲ့ရသည်။ မာရှီဟိုကလည်း ပုန်ကန်ချင်တဲ့ဇက ရှိတာမို့ မယူဘူးလုပ်နေသေးသည်။ ကျောင်းစတက်ကတည်းက အပြင်အလုပ်တွေဝင်လုပ်ပြီး အပိုဝင်ငွေရှာနေတဲ့ သူ့ကိုအမေက မနည်းတောင်းပန်ပြီး တားထားရတာတောင်သိပ်ဘဝင်မကျချင်။

အိမ်ကပိုက်ဆံမလိုချင်ဘူး..အဖေ့အလုပ်ကိုမလုပ်ချင်ဘူးဆိုပြီးပြောသွားတဲ့ သူ့သားက ဒီလိုစိတ်ဝင်စားလာပြီး အိမ်ကိုဝင်ထွက်လာတာ ရိုးရောရိုးရဲ့လားလို့ ညစာစားနေရင်း စဉ်းစားနေမိသေးသည်။

အသက် ၂၀ ကျော် လူငယ်တစ်ယောက်အနေနဲ့ ပြောင်းလဲလာတာဘာမှမထူးတာမို့ သိပ်ရှည်ရှည်ဝေးဝေးတွေးမနေတော့။

ညစာအတူစားပြီးတဲ့နောက် ဧည့်ခန်းမှာစာဖတ်နေတဲ့ ယောက်ျားအတွက် သစ်သီးယူလာပေးရင်း တီဗီအစီအစဉ်တစ်ခုကိုကြည့်လိုက်သည်။

ကလေးလေးတွေနဲ့ မိဘတွေအတူရိုက်တဲ့ အစီအစဉ်။

‘မာမို ငယ်ငယ်တုန်းက အဲ့လိုတောင် အတူတူမနေခဲ့ရဘူး..ရှင်ကအလုပ်တွေများနေတာနဲ့’

‘ငါအလုပ်များလည်း မင်းရှိတာပဲလေ..မင်းနေပေးလိုက်လည်းရတာပဲ’

‘ကျွန်မက အဲ့တုန်းက ကျောက်အကြောင်းပြန်သင်ပေးတဲ့ဆရာမလေ .. ဘယ်အချိန်အားခဲ့လို့လဲ’

ထပ်ပြောရင် ငယ်ကျိုးငယ်နာတွေပါ ပါတော့မှာမို့ ယောက်ျားဖြစ်သူကဘာမှဆက်မပြောတော့။ သူ့ဘက်ကလည်း မှားထားသေးတာဖြစ်လို့ ဒီနေရာမှာတင်ရပ်လိုက်တာအကောင်းဆုံး။ မဟုတ်ရင် ဒီလိုမအားတဲ့ကြားကတောင် နောက်မိန်းမက ယူလာသေးတယ်လို့ပြောဦးမှာ။

တကယ်တော့ အရမ်းစိတ်ဖိစီးပြီး ပင်ပန်းနေတဲ့နေ့မှာ သူအရမ်းသဘောကျတဲ့ ကိတ်မုန့်ဆိုင်က သကြားကိတ်စားပြီး stress ဖြေခဲ့မိရင်း လုပ်ခဲ့မိတဲ့အမှားတစ်ခု။

ဘာဖြစ်နေနေ ဒီအိမ်ရဲ့ ပိုင်ရှင်ကသူဖြစ်နေပြီး မိန်းမဖြစ်သူကလည်း သူ့ကိုလက်မလွှတ်နိုင်မှန်းသိတာမို့ အကြောင်းပြချက်ကောင်းကောင်းပေးပြီး ကလေးလူလားမြောက်သည်အထိ အိမ်မကြီးမှာနေခွင့်ပေးလိုက်သည်။

ဒါသူ့ဘက်ကပေးနိုင်တဲ့ အကောင်းဆုံးလျော်ကြေးတစ်ခုလို့သူသတ်မှတ်သည်။

‘မာမိုတို့ ပြိုင်ပွဲက ဖိုင်နယ်ပဲကျန်တော့တာတဲ့’

‘ဘတ်စကတ်ဘောများကွာ...ဘာပိုက်ဆံရလို့လဲ..သူက  NBA သွားမှာလား? အိုလံပစ်ပြိုင်မှာလား? နိုင်ငံကိုယ်စားပြုလား? ဒီအတိုင်းအပျော်ဆော့တဲ့ကျောင်းကပွဲများ အဖတ်လုပ်နေသေးတယ်’  ဖတ်လက်စစာအုပ်ကို အကြည့်မပြတ်ဘဲ ဆက်ဖတ်ရင်း ပြန်ပြောလိုက်တဲ့ အသံက ဂရုမစိုက်မှုအပြည့်။

‘ဒါပေမယ့် ရှင့်သား တိုးမုကတော့ သူဖလားရရင် ဒီအိမ်ထဲကိုလာမှာလို့ပြောထားတာနော်...အဲ့တာလည်းရှင်ကိုယ်တိုင်ပဲ ခွင့်ပေးထားတာ’

‘ဟား ဟား...ဒီလိုဘာမဟုတ်တဲ့ပွဲလေးတောင် သူက မာရှီဟိုကိုမနိုင်ပါဘူးကွာ..စိတ်ပူမနေပါနဲ့’

‘အင်း..ရှင်မွှေးခဲ့တဲ့မီးပဲ..သူနဲ့ပတ်သက်လာရင်တော့ ကျွန်မလုံးဝစိတ်မဝင်စားဘူး‌’

မိန်းမဖြစ်သူကဘာမှဆက်မပြောသေးဘဲ တီဗီဆက်ကြည့်နေလိုက်သည်။ မေ့လောက်မှထပ်ပြီး စကားပြန်စသည်။

‘မျိုးရိုးနာမည်ကလည်းပေးထားရသေးတယ်...အိမ်ကိုလည်းထပ်အဝင်ခံရဦးမယ်ဆိုရင်တော့မဟုတ်သေးဘူး’

‘ဘာလို့ဖြစ်ပြီးသားတွေထပ်ပြောနေတာလဲ’
‘အခဲမကြေလို့ပေါ့...မိန်းမတစ်ယောက်ရဲ့ခံစားချက်ကို ရှင်တို့တွေ ဘယ်တော့မှသိမှာမဟုတ်ဘူး။ ကျွန်မမှာတော့ သစ္စာရှိလိုက်ရတာ..ရှင်ကတော့ အလုပ်များလို့ ရှုပ်လို့ဆိုပြီး ကလေးတစ်ယောက်နဲ့ မိန်းမတစ်ယောက်အဖက်တင်လာသေးတယ်’

‘မိန်းမ!’

‘ကျွန်မပြောတာမှားလို့လား? ဘာပဲဖြစ်ဖြစ် ရှင် မာမို့ကိုပဲ အကုန်အမွေပေးရမယ် ဟိုမိန်းမရဲ့ ကလေးကိုတော့ နည်းနည်းလေးမှ မသဒ္ဓါနိုင်ဘူး’

ပြောပြီးတဲ့နောက် သစ်သီးမရှိတော့တဲ့ ပန်းကန်ကို ယူသွားပြီးထသွားတော့သည်။

မိန်းမမရှိတော့မှ စာအုပ်ကိုချပြီး မျက်မှန်ကိုချွတ်ကာ မျက်ရိုးတွေကို လက်နဲ့နှိပ်လိုက်သည်။
အဲ့နေ့….

ညဘက်ကြီးဖုန်းခေါ်ပြီး ကြောက်လန့်နေတဲ့အသံနဲ့ ဖုန်းဆက်တဲ့ တိုးမုကို သူမျက်နှာမလွှဲနိုင်ခဲ့။ ပိုဆိုးတာက ရဲမှူးရဲ့ တူနဲ့ပတ်သက်နေတာဖြစ်လို့ ပိုဆိုးသည်။

မျက်နှာအပျက်ခံလို့မဖြစ်တဲ့ဆက်ဆံရေးဖြစ်တာမို့ အချင်းချင်း ဖုံးရင်းဖိရင်းနဲ့ နှစ်ဖက်လုံးအဆင်ပြေသွားသည်။ မှောင်ခိုသွင်းနေတဲ့ ကျောက်တွေနဲ့ ဈေးနှိမ်ထားတဲ့ အရည်အသွေးနိမ့်ကျောက်တွေကိုဖုံးဖိပေးရမယ့်သူနဲ့ ဒါတွေအတွက် အကျိုးအမြတ်ခံစားရမယ့်သူတို့လင်မယား။

နဂိုကတည်းကမှလည်း အရှုပ်ထုတ်တစ်ခုလိုသတ်မှတ်ထားခဲ့ပုံရတာမို့ သိပ်တောင်ဝမ်းနည်းပုံမပေါ်။ စီးပွားရေးသမားနဲ့ ငွေမက်တဲ့သူတွေ့တော့ အဆင်ပြေလို့နေသည်။ ဒီ့ထက်ရာထူးတိုးသွားရင် အထက်ကလူတွေသိသွားမှာစိုးတာနဲ့ ဒီရဲမှူးရာထူးမှာပဲ ဆက်နေပြီး အသက်ကြီးလို့ ရာထူးမမက်သလိုလိုနဲ့ ကြောင်သူတော်လုပ်နေခဲ့တာကြာခဲ့ပြီ။

နှစ်ဦးသားက သိတာလည်းကြာပြီမို့ ဘာမှထွေထွေထူးထူးပြောနေစရာမလို။  win-win situation ဖြစ်နေသ၍ တတ်နိုင်သမျှအကုန်လုပ်ပြီး ကိုရီးယားမှာသာမက နိုင်ငံတကာမှာ ထိုးဖောက်နိုင်တဲ့ ကျောက်မျက်ရတနာ ကုမ္ပဏီဖြစ်အောင်ကိုလုပ်ဦးမည်။

သူ့ရဲ့ မဟာအစီအစဉ်ကို မစတင်ခင်ကတည်းကဖျက်ပစ်ချင်နေသူက သားအရင်းခေါက်ခေါက်တကတမာရှီဟို။

တစ်ဖက်မှာ အဖေက လုပ်ငန်းတိုးတက်ဖို့စဉ်းစားနေရင်း တစ်ဖက်မှာသားဖြစ်သူက အဖေ့ကိုထိုးနှက်ဖို့ကြံစည်နေသည်။

‘ဟျောင်း.. ဘယ်လိုလုပ်ရင်ကောင်းမလဲ’

‘ဟင် ဘာကိုလဲ’

ခြေထောက်ပတ်တီးစည်းထားရတုန်းမို့ ကုတင်ပေါ်မှာခြေဆင်းထိုင်နေတဲ့မာရှီဟိုက ကုတင်အောက်မှာ မှီပြီးထိုင်နေတဲ့ ကြမ်းပြင်ပေါ်က ဂျွန်ခယူ့ကိုလှမ်းမေးလိုက်သည်။

အခန်းကိုအပူပေးထားပေမယ့် ဆောင်းကတော်တော်အေးတာမို့ အောက်မှာ မွေ့ရာခင်းထားရသည်။ တကယ်တော့ သူဒီလိုအိပ်နေတာ ၃ ရက်တောင်ရှိခဲ့ပြီ။

တစ်ခုခုဆို မာရှီဟိုလိုရင်အဆင်သင့်ရှိနေအောင်ဆိုပြီး ကုတင်အောက်မှာ မွေ့ရာခင်းပြီးအိပ်နေခဲ့တာ။ အတူအိပ်ဖို့ကျတော့လည်း ဟိုကောင်လေးက ခြေထောက်နာနေတာဆိုတော့ တက်ဖိမိမှာစိုးရသေး။

‘ကုမ္ပဏီ ကိုပြောပါတယ်..အဖေ့ကိုဘယ်လိုလုပ်ရင်ကောင်းမလဲ’

‘မာရှီက ဘယ်လိုလုပ်ချင်လို့လဲ’

‘ကျွန်တော့်သ‌ဘောအတိုင်းဆိုရင်တော့ သူလုပ်ထားသမျှအကုန်ဖော်ချင်တာပဲ’

‘ဒါဆို စီးပွားပျက်သွားမှာနော်’
‘ပျက်အောင်လုပ်ချင်တာလေ’

‘ဒါဆို မာရှီရောဘယ်လိုလုပ်မလဲ’

‘ကျွန်တော်က..သူတို့ကုမ္ပဏီယူမှာလည်းမဟုတ်ဘူး..လိုလည်းမလိုချင်ဘူး’

‘အဲ့တာကိုပြောတာမဟုတ်ဘူး..အစ်ကိုပြောပြမယ်နားထောင်’

နားထောင်ဆိုတာနဲ့ မာရှီဟိုကသူ့ကျောင်းဖတ်စာအုပ်ကိုလက်ထဲကချလိုက်ပြီးခေါင်းအုံးကိုပြောင်းဖက်လိုက်သည်။ snooopy အရုပ်ခေါင်းစွပ်စွပ်ထားတဲ့ ခေါင်းအုံးကိုမေးထောက်ပြီး ကုတင်ခေါင်းရင်းကိုမှီထားရင်း ဂျွန်ခယူပြောတာကိုနားထောင်နေသည်။

‘သူကမင်းရဲ့အဖေ ဖြစ်နေတာမို့လို့ မာရှီနောက်ဘာပဲလုပ်လုပ် သူ့အဖေက ဘယ်လို..ဘာဆိုပြီး နေရာတိုင်းမှာအပြောခံရလိမ့်မယ်။ လူတွေက ကောင်းတာလုပ်ရင်သာ ၁ ပတ်လောက်ပဲ ပြောကြတာ..မဟုတ်တာဆိုရင်တော့ သေတဲ့အထိ ပြောလို့မပြီးဘူး’

မာရှီဟိုကသေချာနားထောင်နေဆဲ။

‘အဲ့တော့ မာရှီကဘာဖြစ်ချင်တာလဲ..မင်းရဲ့အိပ်မက်..အစ်ကိုတစ်ခါမှမမေးဖူးလို့’

‘နိုင်ငံလက်ရွေးစင်ဘတ်စကတ်ဘောသမား’

‘မိုက်လှချေလား..မာရှီဆိုဒီအိပ်မက်ကဖြစ်ကိုဖြစ်နိုင်တယ်..ဒါပေမယ့်’

‘ဘာဖြစ်လို့လဲ ဟျောင်း..’

‘မာရှီအဖေ့ကြောင့် ဖြစ်နိုင်မှာမဟုတ်ဘူး’

‘....’

‘နာမည်ကြီးမယ့်လူတစ်ယောက်ဆိုတာ နောက်ကြောင်းအကုန်ရှင်းနေရမှာ..မာရှီ့အဖေသာစီးပွားပျက်သွားပြီ သူလုပ်ခဲ့တာတွေအကုန်ပေါ်သွားပြီပဲထားပါတော့..သူ့အဖေက ဘယ်သူ ဆိုပြီး မိဘရာဇဝင်ကြောင့် အလုပ်ခန့်မှာလည်းမဟုတ်ဘူး’

‘ကျွန်တော်လုပ်တာမှမဟုတ်ဘဲ’

‘မာရှီက ကိုယ်တိုင်ထွက်ပြောလည်း ယုံတဲ့သူထက် မယုံတဲ့သူကများမှာပဲ..ဘာလို့လဲဆိုတော့ လူတွေက အဲ့လိုအဖြစ်မျိုးကိုပိုသဘောကျတာလေ’

‘ဒါပေမယ့် ဟျောင်း...ကျွန်တော်နိုင်ငံလက်ရွေးစင်ဘတ်စကတ်ဘောသမားဖြစ်သွားပြီပဲထားပါတော့...အဲ့တော့မှ အဖေ့အကြောင်းကိုတစ်ယောက်ယောက်က‌ ဖော်လိုက်ရင်လည်း ကျွန်တော်ကခံရဦးမှာပဲလေ’

မာရှီဟိုပြောတာကလည်းမှန်နေတာပဲမို့ ဂျွန်ခယူဘာမှဆက်မပြောဘဲ ခဏစဉ်းစားလိုက်သည်။
ဘယ်လိုပဲလုပ်လုပ် တစ်နည်းမဟုတ် တစ်နည်းနဲ့ သူ့ဘဝကိုထိခိုက်လာမှာပဲမို့ အခု လား နောက်မှလားဆိုတာပဲ စဉ်းစားနိုင်တဲ့အခြေအနေ။

"မာရှီ..မင်းအဖြစ်ကလေ"

"အင်း ...ဘာနဲ့တူနေလို့လဲ"

"ရှေ့တိုးရင်ချောက်..နောက်ဆုတ်ရင်မြွေဟောက် ဆိုတာမျိုးလေ"

"ဖုန်း.."

တခြားတော့မဟုတ် မာရှီဟိုတစ်ယောက် ဘေးကစာအုပ်ကိုလှမ်းယူပြီး ဂျွန်ခယူ့ပခုံးကို ချလိုက်တဲ့အသံ။

"အား.. အမလေး"

အချခံလိုက်ရတဲ့သူက ဂျွန်ခယူဆိုပေမယ့် နာတယ်ဆိုပြီး အော်လိုက်တဲ့သူက မာရှီဟိုကိုယ်တိုင်။

"ဟျောင်း...ဟျောင်း.. ကျွန်တော့်ကိုအောက်ချပေးဦး"

ဂျွန်ခယူ့ပခုံးကို လက်နဲ့လှမ်းချပြီး ပါးစပ်ကတတွတ်တွတ်အော်‌နေသေးသည်။ ဂျွန်ခယူက ရယ်ပြီး မာရှီဟို့ဘက်ကိုလှည့်လိုက်ကာ သူ့ရဲ့လက်တွေကို မာရှီဟိုရဲ့ခန္ဓာကိုယ်အောက်ကိုထိုးထည့်လိုက်သည်။ ဒါမှ မင်းသားလေးက မင်းသမီးလေးကိုချီသလို ချီလို့ရမှာကိုး။

"အောက်ချပေးပါဆို ဘာလို့လက်တွေက ပေါင်အောက်နဲ့ ကျောကုန်းပေါ်ရောက်နေတာလဲ..ဟျောင်း နှာဘူးလား"

မာရှီဟို့ကိုမပြီး အောက်ချပေးတော့မလိုပြင်နေတဲ့ ဂျွန်ခယူတစ်ယောက် ဆွံ့အသွားရသည်။

"ဟောဗျာ...ဒီလိုမပြီး ချပေးမှ ခြေထောက်မထိမှာပေါ့။  တရွတ်တိုက်ဆွဲချပေးရမှာလားဗျ"

*ဟုတ်သားပဲ...ဂျွန်ခယူဟျောင်းက ငါ့ကိုမထိခိုက်စေချင်လို့ ဂရုစိုက်ပေးတာကို  ငါကဘာတွေတွေးနေတာလဲ*

"ရ..ရပြီ လုပ်လက်စပဲ ဆက်လုပ်ပါတော့"

ဂျွန်ခယူက မာရှီဟို့ကိုမလိုက်ပြီး ခေါင်းကို ခေါင်းအုံးပေါ်နေရာတကျဖြစ်အောင် သေချာချပေးလိုက်သည်။

"ရပြီနော် အဆင်ပြေလား? ခြေထောက်‌ကရော?"

"အင်း…." မာရှီဟိုက ခြေကျင်းဝတ်ကို တစ်ပတ်လည်လှည့်ကြည့်ပြီး မျက်နှာတစ်ချက်ရှုံ့လိုက်မိသည်။

"နာသေးတယ်"
"မာရှီ..ဖိုင်နယ်မှာ မဆော့ရင်ကောင်းမယ်လို့အစ်ကိုထင်တယ်"

"၂ ပတ်လောက်လိုသေးတာပဲ...စောင့်ကြည့်ကြဦးမယ်လေနော်"

"အိုကေ..အဲ့တော့မှ နာ‌နေသေးရင် မဆော့ရဘူးနော် ကြားလား"

"ဟိုက်!"

"ချစ်ဖို့ကောင်းလိုက်တဲ့ ကလေးလေး"  ဂျွန်ခယူက မာရှီဟို့ ခေါင်းကိုဖွလိုက်တော့ မာရှီဟိုက မျက်လုံးတွေ အလိုလိုမှိတ်သွားရသည်။

"မာရှီ"

"အင်း?"

"အစ်ကို့ကို ချစ်လား"

"ဟင်"

"ဘာလို့လန့်သွားတာလဲ...အစ်ကိုတို့ကအခုတွဲနေတာပဲမဟုတ်ဘူးလား….."

ဘာမှပြန်မပြောဘဲ ဒီတိုင်းကြည့်နေတဲ့ မာရှီကိုမြင်လိုက်ရတော့ အမြန်ထပ်မေးလိုက်ရသည်။ "မဟုတ်ဘူးလားဟင်"

"ဟင် မဟုတ်ပါဘူး" မာရှီဟိုက သူ့ပခုံးကိုလာလှုပ်နေတဲ့ ဂျွန်ခယူ့လက်ကိုအားယူပြီးပြန်ထလိုက်သည်။

"မဟုတ်ဘူးလား"  ဂျွန်ခယူက ငိုတော့မယ့်မျက်နှာနဲ့ စိတ်ဓာတ်ကလည်းကျနေပြီ။

"မဟုတ်ဘူး..မဟုတ်ဘူး ဆိုတာ မဟုတ်ဘူးလို့ပြောတာ"

"အာ...ကိုယ်ဘာမှမသိတော့ဘူး...နားလည်အောင်ပြောကွာ"

"အဲ့တော့...ဟျောင်းထင်နေတာတွေ မဟုတ်ဘူးလို့ပြောတာ"

"ဟူး….တော်သေးတာပေါ့...အဲ့တာဆို မေးထားတာဖြေဦးလေ...ချစ်လားလို့"

ဂျွန်ခယူကလည်း မာရှီဟို့ကုတင်ပေါ်တစ်ခြမ်းတက်ထိုင်နေပြီး ခါးကကိုင်းထားသေးတာကြောင့် မျက်နှာချင်းက နီးကပ်နေပြီ။

"ဟျောင်းကရော ကျွန်တော့်ကို ချစ်လို့လား"

" ချစ်တာပေါ့...ချစ်လွန်းလို့ အနားကနေတောင်မခွာချင်ဘူး...အစ်ကိုအလုပ်သွားရတဲ့နေ့ဆို အိမ်မှာတစ်ယောက်တည်းထားခဲ့ရတာ စိတ်ကိုမချဘူး"

"ကျွန်‌တော်က ကလေးမှမဟုတ်တာ ဘာတွေစိတ်မချဖြစ်"

"ကလေးနဲ့တူလို့စိတ်မချတာမဟုတ်ဘူး"

"ဒါဆို ဘာလို့? ခြေ‌ထောက်နာနေလို့လား"

"အရမ်းချစ်ဖို့ကောင်းလို့"

မာရှီဟိုက စောင်ကိုဆွဲပြီး ပက်လက်လှန်ချလိုက်တော့သည်။ ဒီခြေထောက်နဲ့က ဝမ်းလျားမှောက်မဪ ဘေးစောင်းမရဆိုတော့ ပက်လက်ကိုပဲ စောင်နဲ့လုံအောင်ဖုံးထားလိုက်မိသည်။

"ဟိတ် မေ့ချင်ယောင်ဆောင်မသွားနဲ့ မေးတာ ဖြေဦး"

"မဖြေဘူး"

"ဟာ"

"အိပ်တော့မယ် … ဟျောင်းလည်းအိပ်တော့"

"ဟုတ်ပါပြီဗျာ"

မာရှီဟိုကအိပ်မယ်ဆိုတော့လည်း မီးတွေအကုန်ပိတ်ပြီး အောက်ဆင်းလိုက်ရသည်။

အခုအချိန်ထိ "ချစ်တယ်" လို့မပြောသေးလည်း ချစ်နေမှန်းသိတာမို့ အလျင်မလို။ သူလည်း တစ်ချိန်က ခံစားခဲ့ရတာကို ပြန်ကုစားဖို့လိုဦးမှာပဲမလား...ချစ်ခြင်းမေတ္တာဆိုတာကို သေချာသိရှိနားလည်သွားအောင် လုပ်ပေးမှာမို့ ကြိုက်သလောက်သာအချိန်ယူလိုက်ပါ။

ဂျွန်ခယူဆင်းသွားတာသေချာမှ ခေါင်းအထိလုံအောင်ခြုံထားတဲ့စောင်ကိုဖယ်လိုက်သည်။ အောက်ကိုစောင်းကြည့်တော့ ဂျွန်ခယူက သူ့ကုတင်ဘက်ကို မျက်နှာပေးပြီးအိပ်နေတာကိုတွေ့လိုက်ရသည်။

*အစ်ကိုကြိုးစားနေတာတွေက ကျွန်တော့်ကိုတကယ်ချစ်လို့ပဲလား? ဒါမှမဟုတ် အရင်တုန်းကကိစ္စတွေကို အားနာလို့ပဲလား? ဆိုတာ ကျွန်တော်မသိတော့ဘူး*

*ကျွန်တော်ကပဲ အစိုးရိမ်လွန်နေတာလား? သတ္တိမရှိတာပဲလား ဟျောင်း*

ဂျွန်ခယူက သူ့ကိုတစ်ယောက်ယောက်စိုက်ကြည့်နေသလို ထင်နေမိတာနဲ့ မျက်လုံးဖွင့်ကြည့်လိုက်မိသည်။ ကုတင်ပေါ်ကနေသူ့ကိုကြည့်နေတဲ့ မာရှီဟိုနဲ့ အကြည့်ချင်းဆုံသွားတော့ ရေးရေးလေးပြုံးပြလိုက်သည်။

"အိပ်တော့လေ"

"အင်း ဟျောင်းလည်းအိပ်တော့လေ"

"တစ်ယောက်ယောက်က ဒီလိုကြီးစိုက်ကြည့်နေမှတော့ ဘယ်အိပ်လို့ရမလဲ"

"ဒါဆိုမကြည့်တော့ဘူး အိပ်ပြီ"

မာရှီဟိုက နှုတ်ခမ်းဆူပြီးပြောရင်း တစ်ဖက်ကိုလှည့်သွားသည်။

တကယ်စိတ်ကောက်သွားတာမဟုတ်မှန်းသိတာမို့ ဂျွန်ခယူလည်း မျက်လုံးမှိတ်ပြီး ပြန်အိပ်လိုက်တော့သည်။

°°°°°°°°°°°°    °°°°°°°°°°°°°°

ဒီနေ့က တိုးမုတို့ကျောင်းနဲ့တခြားကျောင်းနဲ့ ဆီမီးဖိုင်နယ်ပွဲ။ နိုင်မှာသေချာနေတာကတော့ တိုးမုတို့ကျောင်းဆိုပေမယ့် အခြေအနေကိုစောင့်ကြည့်ရဦးမည်။ မာရှီဟိုကသွားကြည့်မယ်လုပ်နေလို့ ဂျွန်ခယူ့မှာပြောမရဆိုမရ။

‘မာရှီရာ ခြေထောက်နာနေလို့ လေ့ကျင့်ရေးတောင်မဆင်းခိုင်းတဲ့ဟာကို..ကျောင်းတောင်နေ့တစ်ဝက်ပဲတက်ခိုင်းတာလေ..သွားမကြည့်ပါနဲ့နော်’

‘ဟာ ခဏလေးပဲကို..ဟျောင်းလိုက်ပို့လေနော်..ဟျောင်းလိုက်ပို့ရင်ရတာပဲ..ပြီးတော့စောင့်နေလေ’

‘လိုက်ပို့ လိုက်ကြိုတာကရတယ်လေကွာ..ဒါပေမယ့် ဒီခြေထောက်ထပ်ထိခိုက်မိလို့ သက်သာနေရာကနေ ပြန်ဆိုးသွားရင်ဘယ်လိုလုပ်မလဲ’

‘ဒီမှာကြည့် ဘာမှမဖြစ်ဘူး..ပြမယ်’

မာရှီဟိုကဘာအကူမှမယူဘဲ မတ်တပ်ရပ်ပြလိုက်သည်။ ညာဘက်ခြေထောက်ကိုဖွဖွလေးထောက်ထားပြီးရပ်တာနေတာကို ဂျွန်ခယူကမြင်သွားတော့…

‘အဲ့ခြေထောက်ကိုတည့်တည့်ရပ်ပြ’

ကြောက်ကြောက်နဲ့တည့်တည့်ရပ်ပြလိုက်ရပေမယ့် အရှင်းမပျောက်သေးတဲ့ခြေထောက်ကနာသွားတာနဲ့ လူကယိုင်သွားသည်။
သူ့ရှေ့မှာရပ်နေတဲ့ ဂျွန်ခယူ့ရဲ့ပုခုံးကိုလက်နဲ့လက်ထောက်လိုက်ရတော့ ဂျွန်ခယူကလည်း လျင်မြန်စွာနဲ့ မာရှီဟိုရဲ့ခါးကိုလှမ်းဖက်လိုက်သည်။

‘ဘာကို ဘာမှမဖြစ်တာလဲ..တည့်တည့်ဖြင့်မရပ်နိုင်သေးဘဲနဲ့’

‘ဒါပေမယ့် ဟျောင်း..သူတို့အခြေအနေကိုသွားကြည့်ထားမှ ဖိုင်နယ်နေ့မှာ သူတို့ကိုဘယ်လိုအနိုင်ယူရမလဲဆိုတာသိမှာပေါ့’

‘အင်း..အဲ့တာတော့ဟုတ်တယ်’

‘နော်..နော်...ဟုတ်တယ်ဆိုသွားမယ်လေနော်’  မာရှီဟိုကလည်း ဂျွန်ခယူ့ပခုံးကိုကိုင်ထားဆဲ..ဂျွန်ခယူကလည်း မာရှီဟိုရဲ့ခါးကိုဖက်ထားဆဲ။

မာရှီဟိုကမျက်လုံးလေးမှိတ်ခတ်မှိတ်ခတ်နဲ့ ပြုံးပြုံးလေးလုပ်ရင်း ချစ်စရာကောင်းအောင်ပြောလိုက်သည်။

‘အား….စိတ်ညစ်တယ် ငါတော့’  ဂျွန်ခယူက သူ့မျက်ရိုးတွေကိုနှိပ်လိုက်ပြီး မျက်လုံးတွေကိုမှိတ်ကာ ညီးလိုက်သည်။ ထို့နောက် မာရှီဟို့ကိုကြည့်ကာ

‘သေချာဂရုစိုက်ရမယ်နော်...အစ်ကိုကမင်းကိုချီထားချင်ပေမယ့်လူတွေအများကြီးဆိုတော့ လုပ်မရဘူး..ဖက်ထားလို့လဲမရပြန်ဘူး..ဘေးမှာရှိနေမှာဆိုပေမယ့် ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ရမယ်နော်’

‘အင်း...စိတ်ချ’

‘ဒါဆို သွားမယ်’

‘ရေး….အဲ့တာတွေချစ်တာ….မွ’

တကယ်နမ်းလိုက်တာမဟုတ်ဘဲ လေထဲကနေ နှုတ်ခမ်းလေးထော်ပြီး အသံထွက်အောင်လုပ်လိုက်သည်။ ပြောလိုက်တော့လည်း ဗြုန်းစားကြီးဆိုသလို မထင်ထားတဲ့အချိန်မှာထုတ်ပြောလိုက်ပြန်သည်။ တကယ် ဒီကောင်လေးနဲ့တော့ ရင်ခုန်ရလွန်းလို့ရူးတော့မည်ထင်သည်။

‘သွားမယ်လေ’ မာရှီဟိုက ဂျွန်ခယူ့လက်ကိုတောင်းသည်။ ချိုင်းထောက်ကြီးတကားကားနဲ့မသွားချင်တာမို့ ဘေးနားကလူရဲ့ လက်ကိုမှီပြီးပဲ သွားချင်သည်။ ဂျွန်ခယူကလည်း အလိုက်သတိနဲ့ ဘေးကပ်ပေးရင်းအခန်းထဲကနေအတူတူထွက်လာလိုက်သည်။

‘အာ..ဟျောင်း..ကျောင်းကတစ်ဖွဲ့လုံးကိုခေါ်ထားတယ်သိလား’

‘ဘယ်တုန်းကခေါ်လိုက်တာ’

‘ကြိုပြောထားတာလေ..သူတို့ကအရင်တောင်ရောက်နှင့်နေလောက်ပြီ’

‘မာရှီမသွားရရင် သူတို့ချည်းပဲဖြစ်နေမှာပေါ့’

‘ဟျောင်းလိုက်ပို့မယ်ဆိုတာသိပြီးသား’

ပြောစရာစကားမရှိတော့တဲ့ ဂျွန်ခယူကတော့ မာရှီဟို့ကိုတွဲရင်း ခေါ်ထားတဲ့တက္ကစီပေါ်ကိုတက်လိုက်သည်။

‘အစ်ကိုတော့ ကားဝယ်မှဖြစ်တော့မယ်’

‘ဘာလို့လဲ ဟျောင်း’

‘မာရှီသွားချင်တဲ့နေရာရှိရင် အေးဆေးလိုက်ပို့လို့ရအောင်လို့’

‘နောက်ဆို တစ်ယောက်မှမအားကြတော့မယ့်ဟာကို ဘယ်ကိုပို့ချင်နေတာလဲ အလကားပိုက်ဆံကုန်တယ်မဝယ်နဲ့’

‘မအားရင်အားအောင်လုပ်မှာပေါ့..မအားလို့မတွေ့ကြကြေးဆို အတွဲတွေအကုန်ပြတ်မှာပဲ’

‘ကျွန်တော်တို့က အတွဲတွေမို့လို့လား’

မာရှီဟိုက ဂျွန်ခယူ့ကိုကြည့်ရင်း ပြုံးပြုံးလေးနဲ့စသလိုပြောလိုက်တော့ ဂျွန်ခယူကမျက်မှောင်ကျုံ့ပြလိုက်ပြီး ကားဆရာကလည်း နောက်ကြည့်မှန်ကနေ မျက်လုံးပြူးပြီးမသိမသာချောင်းကြည့်သည်။

‘အစ်ကိုတို့က..’

‘ရှူး..တိုးတိုးနေ ဟိုရောက်မှပြော’  သူ့လက်နဲ့ နှုတ်ခမ်းကိုလာဖိပြီးတားတော့လည်း ဆက်မပြောဘဲ ရပ်လိုက်ရပြန်သည်။

‘ဆူဟို’

‘ဟာ ကပ္ပတိန် ရောက်ပြီလား..ရော့ထိုင်’

အဆင်သင့်ကြိုယူထားတဲ့ခုံကိုတွန်းပေးတော့ မာရှီဟိုလည်းပျော်ပျော်ကြီးထိုင်ချလိုက်သည်။ ဂျွန်ခယူကတော့ သူ့အနောက်ကနေ မတ်တပ်ရပ်နေပြီး ဘယ်သူမှအနားကပ်မလာနိုင်အောင် ကာကွယ်ပေးမယ့် ကိုယ်ရံတော်ကြီးလို။ ထိုင်နေတဲ့မာရှီဟိုနောက်မှာ မတ်တပ်လာရပ်လိုက်တော့ ကျောပြင်ကျယ်ကျယ်ကြီးရဲ့ အရိပ်က မာရှီဟို့တစ်ကိုယ်လုံးကိုဖုံးအုပ်သွားသည်။ ရုတ်တရက် နွေးထွေးပြီး မှောင်သွားသလိုခံစားချက်ကြောင့် အနောက်ကိုလှည့်ပြီးမော့ကြည့်လိုက်တော့ ဂျွန်ခယူဟျောင်းက လက်ပိုက်ထားပြီးဘေးကိုကြည့်နေသည်။

မာရှီဟို ကြည်နူးစွာနဲ့ပြုံးလိုက်ပြီး အရှေ့ကိုပြန်လှည့်ကာ ပွဲကိုကြည့်လိုက်သည်။
‘ကွန်ပျူတာသိပ္ပံကမဆိုးဘူးကွ’

‘အေး သူတို့ကပ္ပတိန်လည်းတော်တယ်’

‘ငါတို့သူတို့ကိုလျှော့တွက်လို့တော့မရဘူး သူတို့မနှစ်ကထက်ပိုတော်လာတယ်’

‘ဟုတ်တယ်..မင်းတို့တွေ နေ့တိုင်းလေ့ကျင့်တယ်မလား’

‘ဟာ ဒါပေါ့ ကပ္ပတိန်ကလည်း..ဖိုင်နယ်ပဲရောက်ပြီဟာကို’

မာရှီဟိုကမေးလိုက်တော့ ဝူဂျင်းကပြန်ဖြေသည်။ ဂျီဟွန်းကလည်းခေါင်းညိမ့်ပြသည်။ ဒီလောက်ဆို မာရှီဟို သူ့အဖွဲ့သားတွေနဲ့လွှတ်ထားလို့ရပြီမလား?

‘ကပ္ပတိန် ပြိုင်ပွဲနေ့တော့ ခြေထောက်ပြန်ကောင်းလောက်ပြီမလား..ဆော့လို့ရပါ့မလား’

‘ဟုတ်တယ်..အခြေအနေဘယ်လိုလဲ’

‘အင်း...ဆရာဝန်ကတော့ နားစေချင်ပေမယ့် ငါလည်းအခုထိမစဉ်းစားရသေးဘူး’

‘ကပ္ပတိန်မရှိလို့တော့မဖြစ်ဘူးနော်’

‘ကပ္ပတိန်ကငါတစ်ယောက်တည်းလား...ဟိုမှာ လူမှုဗေဒကပ္ပတိန်ရှိနေတာပဲ’

‘မင်းသဘောပါပဲ..မင်းက ခေါင်းဆောင်ပဲဟာကို’ ဒုကပ္ပတိန်ကပြန်ပြောသည်။

‘ငါကတော့ မင်းဆိုရင်စိတ်ချတယ်’

မာရှီဟိုနဲ့ လူမှုဗေဒဘက်က ကပ္ပတိန်ပြောနေတဲ့စကားကို ဂျီဟွန်းကသေချာနားထောင်ပြီး ကစားပွဲကိုပြန်ကြည့်လိုက်သည်။

ထင်ထားတဲ့အတိုင်း ကွန်ပျူတာသိပ္ပံဘက်ကနိုင်သွားပြီး မာရှီဟိုနဲ့ ဖိုင်နယ်မှာတွေ့ရတော့မည်။

မာရှီဟို မပြန်ခင် တိုးမုကိုစာပို့လိုက်သည်။

-ဆီမီးဖိုင်နယ်ပြီးသွားပြီဆိုတော့ မင်းနဲ့ငါတွေ့လို့ရပြီထင်တယ်..အဆင်ပြေတဲ့နေ့ကိုစာပို့ထားလိုက် ငါစောင့်နေမယ်-

‘ဟျောင်း ပြန်မယ်’

‘အင်း လာ’ မာရှီဟိုက ဂျွန်ခယူ့လက်မောင်းကအင်္ကျီစကိုဆွဲပြီးမတ်တပ်ထလိုက်သည်။

‘မင်းတို့တွေလည်းပြန်မှာမလား..အတူတူပြန်မယ်လေ’ အနောက်ကလူတွေကို ဂျွန်ခယူကလှမ်းပြောလိုက်သည်။

‘မပြန်သေးဘူး နည်းပြ..ပန်းခြံထဲကကွင်းမှာ သွားဆော့ကြမလို့..လိုက်ကြည့်ဦးမလား’

‘အင်း လိုက်ခဲ့မယ်..မင်းတို့ဘယ်လိုသွားကြမှာလဲ’

‘ဘတ်စ်ကားစီးသွားမှာပေါ့’

‘ဒါဆို ငါ မာရှီ့ကိုအဆောင်လိုက်ပို့ပြီးရင်လာခဲ့မယ်နော်’

‘ဟျောင်း..ကျွန်တော်လည်းလိုက်မှာပေါ့..သွားမယ်’

‘မင်းကအဆောင်ပြန်နားနေပါကွာ နော်.. ဒီနေ့သွားတာများရင် ထပ်နာမှာစိုးလို့’

‘ရပါတယ်ဆို..သွားမယ်’

ပြောမရဆိုမရလေးကို စိတ်ညစ်အောင်မလုပ်ချင်တာမို့ လိုက်ပို့လိုက်ရပြန်ပြီ။ တစ်ညနေလုံး ထိုင်ပြီး သူတို့အသင်း လေ့ကျင့်နေတာကို ကြည့်နေသည်။ ဘယ်ဘက်ကနေ ဘာလုပ်ဆိုပြီးတော့ ဘေးကနေအကြံပေးနေပေမယ့် အားမရတော့ မတ်တပ်ကထထရပ်သေးသည်။ ဒီလိုအချိန်မျိုးဆို ဂျွန်ခယူကအသင့်ဘေးမှာ ထိန်းထားပေးရသည်။ မာရှီဟိုကတော့သိမှာတောင်မဟုတ်။ ဘတ်စကတ်ဘောဆိုတာနဲ့ ဘေးမှာဘာဖြစ်နေမှန်းသိတော့တာမဟုတ်တဲ့သူမို့။

အကုန်လုံးဗိုက်ဆာလို့ညစာစားခါနီးမှရပ်လိုက်ကြတဲ့ လေ့ကျင့်ရေးက ည ၇ နာရီထိုးနေပြီ။ အားကစားသမားတွေများလုပ်နိုင်လိုက်တာလို့ ဂျွန်ခယူစိတ်ထဲမှာပဲတွေးနေမိတော့သည်။

အကုန်လုံးကို ညစာလိုက်ကျွေးလိုက်ပြီး အဆောင်အတူတူပြန်လာခဲ့ကြသည်။ မာရှီဟိုနဲ့ဂျွန်ခယူကလည်း အကုန်လုံးကိုနှုတ်ဆက်ပြီး ဓာတ်လှေကားပေါ်တက်သွားသည်။ ကျန်တဲ့သူတွေကတော့ လှေကားကနေတက်သည်။ လေ့ကျင့်ခန်းလုပ်တာတဲ့။

‘မာရှီ မင်းတို့အားကစားသမားတွေ အရမ်းသွားနိုင် လှုပ်ရှားနိုင်တယ်နော်..မင်းဆိုပဲကြည့် ထော့နဲ့ထော့နဲ့သွားနေတာ တစ်နေကုန်ပဲ’

‘အားကစားသမားပါဆို ဒီလောက်ကတော့အပျော့ပေါ့ ဟျောင်းရဲ့’

‘မာရှီပျော့တာကတော့ မဟန်ဘူး..အစ်ကို့အင်္ကျီပြဲတော့မယ် တစ်နေကုန်ဆွဲထားတာ’

‘ဂိုမန်း ဂိုမန်း..နောက်မှအသစ်ပြန်ဝယ်ပေးမယ်နော်’

‘အသစ်မလိုပါဘူး အချစ်ပဲလိုတယ်’

‘အဲ့တာဆိုလည်း မဝယ်ပေးတော့ဘူး ပိုက်ဆံကုန်သက်သာတယ်’

ဓာတ်လှေကားတံခါးပွင့်သွားတာနဲ့ အတူတူထွက်လိုက်ကြပြီး အခန်းထဲကိုဝင်သွားလိုက်တော့သည်။

-------------------

‘ကပ္ပတိန်မြန်မြန်ကောင်းမှဖြစ်မယ်ကွာ’

‘ဟုတ်တယ်..သူကအဓိကပဲကို’

ဝူဂျင်းနဲ့ဆူဟိုက လှေကားပေါ်တက်လာရင်းပြောလာကြသည်။ ကျန်တဲ့သူတွေကလည်းခေါင်းတညိမ့်ညိမ့်။

‘ဒါပေမယ့် အဲ့တာမျိုးက ပြန်ထိရင် တော်တော်နဲ့ပြန်မကောင်းတတ်တော့ဘူး..ငါ့လက်တောင် တော်တော်ကုလိုက်ရတာ’

‘ပြိုင်ပွဲကလည်းနီးနေပြီ...ကပ္ပတိန်ဘယ်လိုလုပ်မလဲမသိဘူး..သူကအဓိကဆိုတာသူလည်းသိမှာပဲ’

‘ငါတော့ ဒီတစ်ခေါက်သူပါမယ်မထင်တော့ဘူး’  ဂျီဟွန်းကဝင်ပြောလိုက်တော့ အကုန်လုံးရပ်ပြီးပြန်မေးလိုက်ကြသည်။

‘ဘာလို့လဲ ဂျီဟွန်းဟျောင်း’

‘သူဟိုကပ္ပတိန်နဲ့ပြောနေတဲ့စကားအရ ဒီတစ်ခေါက်သူပါတော့မယ်မထင်ဘူး’

‘ဒါဆိုဘယ်လိုလုပ်မလဲ အမြဲတမ်း ကပ္ပတိန်ကပဲ ACE ဖြစ်နေတာလေ..ပြီးတော့ ဆောဂျွန်လည်းမရှိတော့ အားပိုမရှိတာ…’

‘မင်းတို့သိလား..သူမပါတော့ဘူးဆိုတာ ငါတို့ကိုယုံလို့ပဲ’

‘ဘယ်လို?’

‘သူခဏခဏထိခိုက်ဖူးပါတယ်..ဘယ်တုန်းကမှမပျက်ခဲ့ဖူးဘူး..အခုအဲ့တုန်းက ဒဏ်တွေနဲ့ဒဏ်ရာကပိုပြင်းသွားတယ်ထင်တယ်..သူသာဝင်ဆော့ရင် နောက်အကြာကြီးနာထားရနိုင်တယ်..အဲ့တော့သူငါတို့ကိုပဲအားကိုးလိမ့်မယ်’

ဂျီဟွန်းကဆက်ပြောသည်။ အားလုံးက သူတို့ရဲ့အထပ်ကိုရောက်လို့ ကော်ရစ်ဒါမှာလမ်းလျှောက်နေဆဲ။

‘သူကနဂိုကတည်းကမှ ဘာမှသိပ်ထုတ်ပြောတတ်တဲ့သူမဟုတ်တော့ ဒီတစ်ခေါက်လည်းသူပြောမှာမဟုတ်ဘူး...ဒါပေမယ့်

You are reading the story above: TeenFic.Net