3 (zawgyi)

Background color
Font
Font size
Line height

ဘတ်စကတ်ဘောအင်္ကျီလက်ပြတ်နဲ့ အဖွဲ့ရဲ့အလယ်မှာရပ်နေတဲ့ကောင်လေးရယ်...

သူ့ကိုစိုက်ကြည့်ပြီး ပြုံးပြနေတဲ့ ကောင်လေးရယ်...

နည်းပြဆရာနဲ့ ကျန်တဲ့အဖွဲ့သားတွေကတော့ ဘေးကနေ ဟိုကြည့်ဒီကြည့်နဲ့...

'အဲ့တော့မင်းတို့နှစ်ယောက်ကသိတာလား မသိတာလား'

နည်းပြဆရာက ပြန်မေးတော့ မာရှီဟိုက

'သိသလိုလိုပါပဲ...' လို့ပြန်ဖြေလိုက်သည်။

'အိုကေ ဒါဆိုရင်လည်း ထားပါတော့...ဒီကဆရာကင်ဂျွန်ခယူက မင်းတို့ကို မနက်ဖြန်ကစပြီးလေ့ကျင့်ပေးလိမ့်မယ်..ဒီနေ့ကတော့မိတ်ဆက်ပေးရုံပဲ..သူလည်းပြင်ဆင်စရာလေးတွေရှိဦးမှာပေါ့'

'ဟုတ်ကဲ့ပါ'

မာရှီဟိုကလွဲပြီး ကျန်တဲ့လူတွေအကုန်လုံးကပြန်ဖြေသည်။

'ဒါဆို ဆရာဂျွန်ခယူ ကျွန်တော် အပ်တယ်နော်..ကျွန်တော်လည်း အငယ်တန်းကလေးတွေကို သင်ပေးရဦးမှာနဲ့ အတော်ပါပဲ'

'ရပါတယ်ဆရာ ရင်းရင်းနှီးနှီးပဲခေါ်ပါ ကျွန်တော်ကအများကြီးငယ်တာပဲကို'

'ဟုတ်ပြီဒါဆို ငါသွားဦးမယ်နော် ဂျွန်ခယူ..သူတို့ကစားတာ တစ်ပွဲလောက်ကြည့်ရင်ကြည့်သွားဦးလေ'

'ဆရာသွားပြီနော်'

နည်းပြဆရာက အသင်းသားတွေကိုနှုတ်ဆက်လိုက်တော့ အကုန်လုံးက ၉၀ ဒီဂရီခါးကိုင်းပြီး နှုတ်ဆက်လိုက်ကြသည်။

'မာရှီ ငါတို့ဆော့ကြမှာလား...သူလည်းရှိနေတာဆိုတော့'

ဂျီဟွန်းကဘေးကနေ မာရှီဟို့နားထဲကို တိုးတိုးလေးကပ်မေးလိုက်သည်။

မာရှီဟိုက ဂျွန်ခယူ့ကိုကြည့်လိုက်သည်။ ဂျွန်ခယူက ပုခုံးပင့်ပြလိုက်သည်။ အကြည့်ကတော့ ရွဲ့သလိုလို ခနဲ့သလိုလိုအကြည့်မျိုး...

ဒီအကြည့်မျိုးကို မာရှီဟိုလုံးဝမကြိုက်ပါ...သူ့ကိုစိန်ခေါ်နေတဲ့သဘောသက်ရောက်သည်။

'ဆော့မယ်လေ'

မာရှီဟိုကပြောတော့ အကုန်လုံးနေရာယူလိုက်ကြသည်။

ပြိုင်ပွဲမဟုတ်တာမို့ လေ့ကျင့်တဲ့ နည်းနဲ့သွားသည်။ offensive , defensive ပြောင်းကစားကြပြီး ဘောလုံးလုတာ...ကာတာ...ဂိုးသွင်းတာကို အဓိကထားပြီး ပြလိုက်သည်။

မာရှီဟိုက အသင်းခေါင်းဆောင်ပီပီ အားလုံးကိုဘယ်ကိုသွား ဘယ်လိုလုပ်ဆိုပြီး ညွှန်ကြားသည်။

သူကိုယ်တိုင်ကလည်း 3 point တွေကို ၄ ခါလောက်ဒိုင်ခံသွင်းပြီးနေပြီ။

စည်းပြင်ကနေထိုင်ကြည့်ရင်း မာရှီဟိုရဲ့ အရည်အချင်းကိုတော့ ဂျွန်ခယူအသိအမှတ်ပြုသည်။ တကယ်တော်သည့် ကစားသမားတစ်ယောက်ဖြစ်သည်။ ခေါင်းဆောင်လည်းပီသသည်။

ဒါပေမယ့် သူ့တာဝန်က ကစားပွဲလာကြည့်ဖို့မဟုတ်...လူအကဲခတ်ဖို့လာချင်းသာ...

ကစားချိန်တစ်ဖြတ်ဆော့ပြီးတဲ့နောက်မှာတော့ အားလုံးနားလိုက်ကြသည်။

ဟျောင်ဘင်းက ရေဘူးနဲ့တဘက်ကိုယူလာပေးပြီး တခြားသူတွေကိုပေးလိုက်သည်။

ဂျွန်ခယူကလည်း စည်းအပြင်မှာထိုင်နေရာကနေ ဝင်လာပြီး လက်ခုပ်တီးကာပြောလိုက်သည်။

'တကယ့်ပြိုင်ပွဲမှာဆော့နေသလိုပဲ...ကြည့်ကောင်းလိုက်တာ'

'ကျေးဇူးတင်ပါတယ်' ဝူဂျင်းက မောမောနဲ့ရေသောက်ရင်းပြန်ဖြေလိုက်သည်။

'ဒီထဲက အရန်ကစားသမားတွေကဘယ်သူလဲ'

'ကျွန်တော်နဲ့ ဟျောင်ဘင်းပါ' ဆူဟိုက လက်ထောင်ပြီးပြန်ဖြေလိုက်သည်။

'ဒါဆို ကျောင်းလက်ရွေးစင်အဖွဲ့ထဲပါတဲ့သူတွေကရော'

'ကျွန်တော်ရယ် ဆူဟိုရယ် မာရှီရယ် .. ဝူဂျင်းက အရန်ပဲ'

ဂျီဟွန်းကဖြေလိုက်ပေမယ့် ဂျွန်ခယူကဂျီဟွန်းကိုမကြည့်ဘဲ မာရှီဟို့ကိုသာကြည့်နေသည်။

ခပ်တည်တည်နဲ့နေတတ်တဲ့ သူ့ပုံက အနားကို ဘယ်သူမှ မကပ်ရဲလောက်အောင်ရှိန်စရာကောင်းသည်။

သွေးအေးတဲ့လူမျိုး....အေးတိအေးစက်နဲ့...ခံစားချက်မရှိတဲ့ပုံစံမျိုး

'ဒီက အသင်းခေါင်းဆောင်နာမည်က မာရှီဟိုနော်'

'သိရဲ့သားနဲ့ဘာလို့မေးနေသေးလဲ'

မာရှီဟိုကခပ်ပြတ်ပြတ်ပြန်ဖြေလိုက်တာမို့ ဘေးနားက အသင်းသားတွေအကုန်မျက်လုံးပြူးသွားကြသည်။ ပေါင်းသင်းဆက်ဆံရေးဟာ ခပ်စိမ်းစိမ်းနေတတ်တဲ့သူမှန်းသိထားပေမယ့် အခုမှစတွေ့ပြီး နောက်လည်းနည်းပြအနေနဲ့ ဆက်တွေ့နေရမယ့်သူကိုတော့ ဒီလိုဖြေလိုက်မယ်လို့မထင်ထားခဲ့ကြ။

'ကျောင်းပေါင်းစုံပွဲကြီးကဘယ်တော့လဲ'

'ပုံမှန်ဆိုရင်တော့ ဒီလထဲမှာ ဒါပေမယ့် နောက်လကိုပြောင်းထားတယ်'

'အဲ့တာနိုင်ရင် မြို့နယ်အဆင့်တက်ရမှာမလား'

'ဟုတ်ပါတယ်'

မာရှီဟိုကလွဲပြီး တခြားသူတွေအကုန် ဂျွန်ခယူမေးတာကို တစ်ယောက်တစ်လှည့်စီဖြေပေးကြသည်။

မာရှီဟိုကတော့ တဘက်နဲ့ချွေးသုတ်လိုက်ပြီးထိုင်ရာကနေထလိုက်သည်။

ဒီလိုထသွားပြီဆိုတာနဲ့ သူအခန်းထဲပြန်ပြီးနားတော့မယ်ဆိုတာကို အားလုံးကသိတာမို့ ဘာမှမထူးဆန်း

ဒါပေမယ့် ဂျွန်ခယူက လက်နှစ်ဖက်ကိုနောက်ပစ်ပြီး လှမ်းမေးလိုက်သည်။

'မာရှီဟို အဲ့ပွဲက ဘာလို့နောက်ဆုတ်လိုက်တာလဲဆိုတာသိလား'

ရှေ့ဆက်သွားနေတဲ့ ခြေလှမ်းတွေကို မာရှီဟိုရပ်လိုက်သည်။

ဒါဘယ်လိုမေးခွန်းမျိုးလဲ။

ကျန်တဲ့သူတွေကထိုင်လျက်သားနဲ့ ဂျွန်ခယူ့ကိုမော့ကြည့်လိုက်သည်။

မျက်မှောင်တွေကျုံ့လျက်..

'သိချင်ရင် နည်းပြကိုသွားမေးလေ..ကျွန်တော်တို့ကသူတို့ပြောသလိုလုပ်ပေးရုံပဲ'

မာရှီဟိုက သူ့ပုံစံအတိုင်း တိုတိုပြတ်ပြတ် ပြန်ဖြေပြီး အားကစားရုံထဲကနေထွက်သွားသည်။

ဂျီဟွန်းကလည်း အနောက်ကလေ လိုက်ထွက်သွားတာနဲ့ ကစားသမားတွေအကုန်အပြင်လိုက်ထွက်သွားကြသည်။

ဂျွန်ခယူတစ်ယောက်တည်း ဘတ်စကတ်ဘော တစ်လုံးနဲ့ကျန်ခဲ့သည်။

ထိုဘောလုံးကိုကောက်ယူလိုက်ပြီး ခြင်းထဲကိုပစ်ထည့်လိုက်သည်။

ဘောလုံးက ခြင်းထဲကိုတန်းတန်းမတ်မတ်ဝင်သွားပြီးနောက် အောက်ကိုပြန်ကျလာသည်။

ထိုကောင်လေး တစ်ခုခုကိုသိထားပြီး ဖုံးကွယ်ထားသည်ဆိုတာကလည်း သေချာနေသလောက်ပင်။

'စောင့်ကြည့်နေပါ...ငါသေချာပေါက် တရားခံကိုရှာပြမယ်...တကတ မာရှီဟို'

ကျောင်းဆင်းတာနဲ့ချက်ချင်း ဘယ်ကိုမှမဝင်ဘဲ မာရှီဟိုတစ်ယောက် အဆောင်ကိုတန်းပြန်လာခဲ့သည်။

၎ လွှာ ရဲ့ အခန်းနံပါတ် ၄၀၀၇ ကို လျှို့ဝှက်နံပါတ်ဖွင့်ပြီး ဝင်သွားလိုက်သည်။ ဒီနေ့တော့ တော်တော်ပင်ပန်းနေတာမို့ ရေမိုးမချိုးရသေးခင်ကို ကုတင်ပေါ်ပစ်လှဲလိုက်သည်။

'အားးးရှ်...အဲ့ကောင်ကဘာကောင်လဲကွ'

ဒီနေ့တွေ့ခဲ့ရတဲ့ နည်းပြဆရာအသစ်ဆိုတဲ့ကောင်ကို နည်းနည်းလေးမှသဘောမကျ။

ဟိုတစ်နေ့ အရိုးပြာအိုးဗိမာန်မှာကတည်းက ထူးဆန်းနေတဲ့သူ...ဘာလိုလိုညာလိုလိုစကားတွေပြောသွားပြီး ဒီနေ့ပြန်ပေါ်လာသည်။

တကယ်ပဲ ဘယ်လိုလူလဲ...

'မာရှီဟို အဲ့ပွဲက ဘာလို့နောက်ဆုတ်လိုက်တာလဲဆိုတာသိလား'

သူမေးလိုက်တဲ့မေးခွန်းကရော ဘာအဓိပ္ပါယ်နဲ့မေးတာလဲ...

ဆောဂျွန်းရဲ့အုတ်ဂူကိုလည်းလာတယ်...ပန်းစည်းလည်းလာချသွားတယ်

ငါ့ကိုလည်း ဒီလိုတွေလာမေးသွားတယ်...

တကယ်ပဲ သူကဘာလုပ်တဲ့လူလဲ...နည်းပြအစစ်ရောဟုတ်ရဲ့လား...

'ဟာမသိဘူးကွာ တော်ပြီ'

ကုတင်ပေါ်ကနေခုန်ဆင်းလိုက်ပြီး ရေချိုးဖို့ပြင်လိုက်သည်။ ကုတင်ဘေးက စားပွဲပေါ်မှာတော့ မူလက လက်ရွေးစင်အသင်းပုံက ထောင်လျက်သားရှိနေဆဲ။

'မင်းကတော့ မိုးကောင်ကင်မှာ ပျော်နေမှာပဲနော်'

ဆောဂျွန်းကိုကြည့်ပြီး ပြောလိုက်သည်။ ထို့နောက် ရေချိုးခန်းထဲဝင်သွားလိုက်သည်။

-------------------- ---------------------- -----------

'အာ မင်္ဂလာပါ'

'ဟုတ်ပြီ ထိုင်ထိုင်... ဘာကိစ္စရှိလို့လဲမသိဘူး'

'ကျွန်တော်ကအလွတ်တန်းစုံထောက်တစ်ယောက်ပါ အငယ်တန်းအဆင့်ပဲရှိပါသေးတယ်'

ဂျွန်ခယူကကတ်ကိုထုတ်ပြလိုက်သည်။

'ဝမ်ကယူ....'

မြို့နယ်ရဲမှူးက သူ့ရဲ့ကတ်ကိုကြည့်ပြီး နာမည်ကိုဖတ်လိုက်သည်။

'ဟုတ်ပြီ...အဲ့တာနဲ့'

'ဒါကတော့ ကျွန်တော့်ဆရာရဲ့ကတ်ပါ...သူမအားလို့ ကျွန်တော့်ကိုကိုယ်စားလွှတ်လိုက်တာပါ..'

ဆရာပေးလိုက်တဲ့ကတ်ကိုပါထုတ်ပြလိုက်တော့ ရဲမှူးက ယုံကြည်သွားသည့်ပုံပေါက်သည်။

'လွန်ခဲ့တဲ့ ၂ လက ကိုရီးယားတက္ကသိုလ်မှာဖြစ်သွားတဲ့ ကျောင်းသားမင်ဆောဂျွန်ရဲ့ သေကြောင်းကြံမှုအမှုတွဲကိုကြည့်လို့ရမလားခင်ဗျာ'

'ကြည့်လို့ကရပါတယ်..ဒါပေမယ့် ဒါကအမှုပိတ်ပြီးသားမလား'

'ဟုတ်..ဒါပေမယ့် ကျွန်တော်လည်းလေ့လာချင်လို့ပါ...'

ရဲမှူးက ခဏတွေဝေသွားပြီးနောက်...

'အိုကေ ဒါဆို ခဏစောင့်ပါ'

အမှုတွဲဖိုင်သွားယူတဲ့ရဲမှူးမရှိတဲ့နောက် အခန်းထဲကို လှည့်ပတ်ကြည့်လိုက်သည်။

မပြီးဆုံးသေးသော အမှုများ...တရားခံရှာမရသေးသောအမှုများ...လူပျောက်ကြေညာချက်များက နံရံမှာအပြည့်...

ဖြေရှင်းလက်စအမှုတစ်ခုဟုထင်ရသည့် ပရိုဖိုင်တွေကလည်း ဘုတ်ပေါ်မှာပွသလောင်းထနေသည်။

'ဒီမှာပါ'

ဖိုင်ထဲထည့်ညှပ်ထားသည့် ၁ လက်မနီးပါးထူသည့် အမှုတွဲဖိုင်ကြီး ဂျွန်ခယူ့ရှေ့ကိုရောက်လာသည်။

'ကျွန်တော်ဒီမှာပဲ ကြည့်လို့ရမှာလား ယူသွားလို့ရောရလားဗျ'

'အဲ့လိုတော့မရပါဘူး...အပြင်သယ်ခွင့်မရှိလို့ပါ...ဒါပေမယ့် ဆရာ့တပည့်ဆိုတော့ ဓာတ်ပုံရိုက်ယူလို့တော့ ရပါတယ်'

ဆရာ့ရဲ့လွှမ်းမိုးမှုက တော်တော်ဩဇာညောင်းပုံရသည်။ မညောင်းရှိရိုးလား...နာမည်ကြီးစုံထောက်တစ်ယောက်တစ်ဖြစ်လည်း လူသတ်မှုတွေကို သေချာဖော်ထုတ်ပေးနိုင်ခဲ့တဲ့သူပဲဟာကို။

ဒါပေမယ့် သူ့တပည့်မို့ အခွင့်ထူးခံဖြစ်ရတာမျိုး မလိုလား...လူတိုင်းကတန်းတူပဲဖြစ်သင့်သည်မဟုတ်ပါလား..

'ရပါတယ်...ကျွန်တော်မရိုက်ပါဘူး...ဒီမှာပဲထိုင်ဖတ်လိုက်ပါ့မယ်'

ဉာဏ်ကတော့ကောင်းတာမို့ ဒါတွေအကုန်လုံးကို တစ်ခုမလွဲအကုန်မှတ်နိုင်မည်လို့ယုံကြည်သည်။

မင်ဆောဂျွန်

၂၅ နှစ်

သိပ္ပံပညာဌာန နောက်ဆုံးနှစ်ကျောင်းသား

ကျောင်းလက်ရွေးစင်ဘတ်စကတ်ဘောအဖွဲ့ဝင်

သေဆုံးချိန် - မနက် ၁၃ နာရီ ၃၆ မိနစ်

သေဆုံးရသည့်အကြောင်းရင်း - ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှု

မျက်မြင်သက်သေ - ကျောင်းစောင့်လုံခြုံရေး

သေဆုံးချိန်တွင် တစ်ပါးတည်းတွေ့ရှိရသည့်ပစ္စည်း - ညာလက်လက်မှ ဘတ်စကတ်ဘောပုံပါ လက်ကောက်

-လွယ်အိတ်ထဲတွင် အိပ်ဆေးများ နှင့် စိတ်ကျရောဂါဆေးများကိုတွေ့ရသည်။

-အဆောင်အခန်းထဲတွင် မူမမှန်မှုမတွေ့ရှိရသော်လည်း ဆေးခန်စာအုပ်တစ်အုပ်နှင့် ကျောင်းစာအုပ်များသာရှိသည်။

-လက်ရွေးစင်ဘတ်စကတ်ဘောဓာတ်ပုံကို စားပွဲပေါ်တွင် မှောက်လျက်သားတွေ့ရှိရသည်။

အမှုတွဲဖိုင်ကိုသေချာဖတ်ပြီးတဲ့နောက် တစ်ခုချင်းပြန်ဆက်စပ်တွေးကြည့်လိုက်သည်။

အရေးကြီးတယ်ထင်တဲ့အချက်တွေကို ဖုန်းထဲမှာရေးမှတ်ထားလိုက်သည်။

နေပါဦး...ဘတ်စကတ်ဘောပုံပါတဲ့လက်ကောက်.....

'သိချင်ရင် နည်းပြကိုသွားမေးလေ..ကျွန်တော်တို့ကသူတို့ပြောသလိုလုပ်ပေးရုံပဲ'

မာရှီဟို သူ့ကိုဖြေလိုက်တုန်းက သူမာရှီဟို့ကိုသေချာသတိထားကြည့်လိုက်သေးသည်။

ဆံပင်...မျက်နှာ...လက်မောင်း...ရင်ဘတ်....လက်...

ဟုတ်တယ်...သူ့ဘယ်ဘက်လက်မှာ...ဟန်းချိန်းလေးတစ်ခုရှိတယ်...

တွဲလျောင်းလေးကျနေတဲ့ လော့ကတ်သီးက...

သေချာသည်။

လိမ္မော်ညိုရောင် ဘတ်စကတ်ဘောလေး .....

------------- Shot Clock -----------------

အကြာကြီးနေမှပြန်လာရလို့ အားနာပါတယ် TT

RuJeongWoo လေး အရင်ရေးမယ်နော် <3

မာရှီခယူက အေးဆေးနဲ့ဖြည်းဖြည်းပေါ့ ဟဲဟဲ

ဇာတ်ကြောင်းမေ့သွားရင် အစကပြန်ဖတ်ကြ :P

You are reading the story above: TeenFic.Net