"မမစင်ဒီ...မမစင်ဒီ..."
စင်ဒီတို့၏ အိမ်အပေါ်ထပ်ကနေ ကျန့်ကျန့် ကြောင်လိမ်လှေကားများမှတဆင့် အောက်သို့ပြေးဆင်းလာ၏။ တစ်စုံတစ်ယောက်က ဒီအသံလေးတွေကို လွမ်းနေသည့်ဟန်ဖြင့် ကျန့်ကျန့်ဆင်းလာသည်ကို တမေ့တမော ငေးကြည့်လို့နေ၏။
ကျန့်ကျန့် အောက်ထပ်ရောက်လို့ ဧည့်ခန်းဆီသို့ ခြေလှမ်းတွေ ဦးတည်လိုက်စဉ် တစ်စုံတစ်ယောက်ကို တွေ့လိုက်တာကြောင့် ခြေလှမ်းတွေ တန့်သွားပြီး ချက်ချင်းပင် နောက်ပြန်လှည့်ကာ အပေါ်ထပ်သို့ပြန်ပြေးသွား၏။ အလွန်မြန်တဲ့ နှုန်းဖြင့် ပြေးသွားတာကြောင့် လှေကားထစ်တစ်ခုနှင့် ခြေသလုံးလေးတိုက်မိသွားသည်။
"ကျန့်ကျန့်..."
ဝမ်ရိပေါ် သူ့ကိုတွေ့တာနဲ့ လှစ်ကနဲ ပြန်ပြေးသွားသည့် ကျန့်ကျန့် နောက်ကို လိုက်သွားပေမယ့် သူ့ထက်လျှင်တဲ့ကျန့်ကျန့်ကြောင့် တံခါးပိတ်ထားတဲ့ အခန်းတစ်ခုအရှေ့မှာသာ ရပ်လို့နေမိသည်။
"ဒေါက်...ဒေါက်..."
"ကျန့်ကျန့်..."
"....."
"ကျန့်ကျန့် ခဏလောက်ပဲဖြစ်ဖြစ် ထွက်ခဲ့ပါလား..."
"....."
"ကျန့်ကျန့် ငါဘာမှ မလုပ်ဘူးလေ...ခဏလေးပဲ တွေ့ချင်လို့..."
"....."
"ကျန့်ကျန့်ကို အရမ်းလွမ်းနေလို့လေ...ခဏလေးပဲ..."
ဘယ်လိုပြောပြော ထွက်လာဖို့ အရိပ်အယောင်မရှိတဲ့သူကြောင့် ဝမ်ရိပေါ် အခန်းတံခါးရှေ့ကြမ်းပြင်မှာပဲ တံခါးကိုမှီ၍ထိုင်ချလိုက်သည်။ အတန်ကြာတော့ အောက်ထပ်က စင်ဒီက တက်လာကာ ဝမ်ရိပေါ်ကို ကြည့်ပြီး...
"ရိပေါ်...မမ ပြောပေးမယ်...အောက်ထပ်မှာသွားစောင့်နေ...ကျန့်ကျန့်လေးကို မမခေါ်လာပေးမယ်..."
ခါတိုင်းဆို ဂျစ်တစ်တစ်နိုင်တဲ့ ကောင်လေးက အခုတော့ စကားတစ်ခွန်းတည်းနဲ့ အောက်ထပ်ကိုဆင်းသွားတာကြောင့် စင်ဒီသက်ပြင်းချမိသည်။
ကျန့်ကျန့်လေးသူ့အိမ်ရောက်နေတာ တစ်ပတ်ကျော်ပြီဖြစ်သည်။ ကျန့်ကျန့်လေး ဒီမှာရှိနေတာဖြစ်၍ ချင်လိကလည်း ခဏခဏ လာလည်သည်။ ဟိုတစ်နေ့က ချင်လိပြောပုံအရ သူ့မိဘတွေ ရိပေါ်ကြောင့် ပြဿနာမတက်အောင် မနည်းရှင်းလိုက်ရသည်တဲ့။
ကောင်မလေးတစ်ယောက် ကို ကိုယ်ထိလက်ရောက် ရိုက်ခဲ့မိတာကြောင့် ဟိုဘက်က မိဘတွေက မကျေနပ်ဘဲ တရားဆွဲဖို့တောင်လုပ်ခဲ့တာ။
သို့ပေမယ့် ရိပေါ် ဒီလောက်ထိလုပ်လိုက်ရတဲ့ အကြောင်းပြချက်ကို အတွင်းကျကျလိုက်ခဲ့ကြတော့ ဘယ်သူ့ဘက်ကမှ မမှန်တာကြောင့် ဟိုဘက်ကလည်း တရားစွဲမယ့် ကိစ္စကိုပြန်ရုတ်သိမ်းလိုက်ခြင်းဖြစ်သည်။ အဲ့ဒိအစား သူတို့က သူတို့ သမီးကို တခြားကျောင်းပြောင်းဖို့ စီစဉ်လိုက်ကြတာပင်။ စရိတ်စက တွေကိုတော့ ဝမ်မိသားစုက တာဝန်ယူရတာပေါ့။
ဒါတင်မကသေး ရိပေါ် ဖျက်ဆီးခဲ့တဲ့ ကလပ်က အပျက်အစီးတန်ဖိုးတွေကိုလည်းတော်တော်လျော်လိုက်ရ၏။ ဦးဦး ဖေးရန်က ပမာဏများများလျော်လိုက်ရပေမယ့် သူ့သားကိုတော့ ထပ်ပြီးအပြစ်မဆိုခဲ့တော့။ ကျန့်ကျန့်လေးကြောင့် ဖြစ်ခဲ့ရတာကို သိသွားလို့ပင်။
"ဒေါက်...ဒေါက်..."
"ကျန့်ကျန့်လေး...မမစင်ဒီကို တံခါးလေးခဏလာဖွင့်ပေးပါဦးနော်...အပြင်မှာ ဘယ်သူ့မှ မရှိဘူး မမတစ်ယောက်တည်း အဲ့တာကြောင့် လာဖွင့်ပေး ဟုတ်ပြီလား..."
"ချောက်..."
စင်ဒီ စကားဆုံးတာနဲ့ ကျန့်ကျန့် အထဲကနေတံခါးကိုဖွင့်ပေးလိုက်၏။ ထို့နောက် အိပ်ရာပေါ်သို့ ချက်ချင်းပြေးတက်သွားပြီး စောင်အိအိလေးကို ယူကာ ခေါင်းမြီးခြုံလိုက်သည်။စင်ဒီက ကျန့်ကျန့်ကိုယ်ပေါ်က စောင်လေးကို ဖယ်ကာ မျက်နှာလေးပေါ်စေလိုက်ပြီး...
"ကျန့်ကျန့်လေး..."
"ဟင့်အင်း ကျန့်ကျန့် ရိပေါ်နဲ့ မတွေ့ချင်ဘူး..."
"ကျန့်ကျန့်လေး မမပြောတာခဏနားထောင်..."
"....."
"ကျန့်ကျန့်လေးက ရိပေါ်ကို မုန်းနေတာလား..."
"အင်းအင်း ရိပေါ်ကို ကျန့်ကျန့်မုန်းတယ်..."
"မုန်းတယ်ဆို ဘာပြန်လုပ်ရလဲသိလား..."
"ဟင့်အင်း ကျန့်ကျန့် မသိဘူး..."
"သူ့ကို ကလဲ့စားချေရမယ်..."
"ဟင်..."
"မမစင်ဒီ ရေခဲမုန့်ဆိုင်လေးအသစ်တွေ့ထားတယ်...အဲ့ကရေခဲမုန့်တွေကအရမ်းစားကောင်းပြီး ဈေးလည်းကြီးတယ်...ကျန့်ကျန့်လေးရိပေါ်ကို ခေါ်ပြီးတော့ အများကြီးသွားဝယ်စား...ပြီးရင်သူ့ကို ပိုက်ဆံရှင်းခိုင်း...အဲ့လိုနည်းနဲ့ ကလဲ့စားချေပစ်..."
ကျန့်ကျန့်အတွေးတွေတော်တော် နက်သွားတယ်ထင်သည်။ အတန်အကြာကြီးစဉ်းစားပြီးမှ...
"ကျန့်ကျန့် ကြိုက်သလောက်စားလို့ရလား..."
"ရတာပေါ့...တစ်ဆိုင်လုံးဝယ်စားပစ်ပြီး ရိပေါ် မွဲသွားအောင်လုပ်ပစ်လိုက်...အဲ့တာမှ ရိပေါ်ခံစားသွားရမှာ..."
"အင်းအင်း ရိပေါ်မွဲအောင် ကျန့်ကျန့်လုပ်ပစ်မယ်..."
ကျန့်ကျန့်တစ်ယောက် အမွှေးပွ ဦးထုပ်လေးကို ဆောင်းလို့ အောက်ထပ်ဆင်းလာကာ ဝမ်ရိပေါ်၏ အရှေ့တွင် ရပ်လိုက်သည်။ထို့နောက် မျက်လုံးကို ထောင့်ကပ်ကြည့်ပြီး...
"ရိပေါ်...ကျန့်ကျန့် ရေခဲမုန့်စားချင်တယ်..."
ဝမ်ရိပေါ် မယုံနိုင်စွာ စင်ဒီ့ဘက်ကို ကြည့်လိုက်တော့ စင်ဒီက မျက်စိတစ်ဖက်မှိတ်ပြပြီးပြုံးပြလိုက်သည်။
__________ ____________
"ဟိုဟာလေးထည့်ပေးပါ...ချောကလက်လေးရော စတော်ဘယ်ရီလေးရော...ဟင့်အင်း ကျန့်ကျန့်ပူရှိန်းအရသာမကြိုက်ဘူး ပါးစပ်ထဲစပ်တယ်...ဟိုဘက်ကနို့အရသာလေး...ငှက်ပျောသီးအရသာရော..&@$?!&..."
ဆယ်ခွက်ထပ်မနည်းတဲ့ ရေခဲမုန့်ခွက်တွေကြောင့် ဆိုင်ကစားပွဲထိုးလေးက ဗန်းကြီးနဲ့တောင်ထည့်သယ်လာရသည်။ သူတို့ထိုင်နေတဲ့နေရာရောက်လာတော့ ကျန့်ကျန့်က ဝမ်ရိပေါ်ကိုကြည့်လိုက်ကာ...
"ရိပေါ် မွဲသွားပြီလား..."
ဝမ်ရိပေါ်က ကျန့်ကျန့်၏ မျက်နှာလေးကိုသာစိုက်ကြည့်နေတာကြောင့် ကျန့်ကျန့်ဘာမေးမှန်းနားမလည်လိုက်။
"ရိပေါ် မွဲသွားပြီလားလို့..."
ဘာပြောလို့ပြောနေမှန်းမသိတာကြောင့် သူ အင်းလို့သာခေါင်းညိတ်ပြလိုက်တဲ့အခါ အရှေ့ကတစ်ယောက် ကြိတ်ပြုံးလိုက်တာကို သူတွေ့လိုက်ရသည်။ ဘာတွေသဘောကျသွားလို့လဲ။ အခုလည်း အရှေ့ကခဲတောင့်နေတဲ့ ရေခဲမုန့်ကို ကြိုးစားပန်းစား ဇွန်းနဲ့ကလော်ဖို့လုပ်နေတာကြောင့် သူကူပေးမလို့ လက်လှမ်းလိုက်လျှင်ပဲ သူ့လက်ကို ပုတ်ချလိုက်၏။
"ကျန့်ကျန့်ဘာသာ ကျန့်ကျန့်စားမယ်...ကျန့်ကျန့်ကိုမထိနဲ့...! "
အသံစူးစူးလေးထဲမှာ လျှပ်စစ်ဓာတ်တွေများပါလား။ရင်ထဲကိုကျင်ကနဲ။
"အင်း ဟုတ်ပါပြီ..."
ဝမ်ရိပေါ် စိတ်လှုပ်ရှားစွာသူ၏ လက်နှစ်ဖက်ကို ပူထူနေအောင်ပွတ်လိုက်ပြီး စကားစ ရှာဖို့ပြင်နေသည်။ ဒီအထိရောက်လာတာတောင် ဘယ်ကစပြောလို့ ပြောရမည်မသိ။
"ကျန့်ကျန့်..."
"....."
"တောင်းပန်ပါတယ်..."
"ဟင်..."
ရေခဲမုန့်အစားမပျက်ဘဲ မော့ကြည့်လာတဲ့ သူကြောင့် သူဘာဆက်ပြောရမှာလဲ။ ဘာကိုတောင်းပန်လဲဆိုတာရော သိရဲ့လား။ဘာကိုဆိုလို လို့ ဆိုလိုမှန်းမသိတာကပိုဆိုးတာ။
"ကျန့်ကျန့် အိမ်ပြန်လိုက်ခဲ့ပါလား..."
"လိုက်ဘူး...ကျန့်ကျန့် ရိပေါ်နဲ့ မနေချင်ဘူး...ကျန့်ကျန့် မနက်ဖြန် မာမားဆီသွားမှာ..."
"ကျန့်ကျန့်..."
"ကျန့်ကျန့်က မာမားဆီသွားပြီး မာမားနောက်လိုက်သွားမှာ..."
သူတကယ်မယုံနိုင်ဘူး။ ကျန့်ကျန့်က ဘာလို့ဒီလောက်ထိတောင်။
"ကျန့်ကျန့်ပြောတော့ မာမားကို မုန်းတယ်ဆို..."
ဒီမေးခွန်းမေးဖို့ သူ့မှာအခွင့်ရော ရှိလို့လား။ မမေးလိုက် ရင်လည်း အကောင်းသား။
"အင်း မာမားကို ကျန့်ကျန့် မုန်းတယ်....ဒါပေမယ့် ရိပေါ်ကို ကျန့်ကျန့်ပိုမုန်းလို့ ကျန့်ကျန့်မာမားနောက်လိုက်သွားမှာ..."
"ငါကျေနပ်တဲ့အထိတောင်းပန်မှာမလို့ မမုန်းလို့မရဘူးလား..."
စူးစူးနင့်နင့် နှင့်ပြောလာသည့် ဝမ်ရိပေါ်ကို ကျန့်ကျန့်မျက်မှောင်ကျုံ့ကြည့်၍...
"ရပါဘူး..."
ကျန့်ကျန့်က ဆက်ပြီး...
"ကျန့်ကျန့်က လေယာဉ်ပျံစီးပြီး ရိပေါ်နဲ့အဝေးကြီးကို ထွက်သွားတော့မှာ..."
လက်ကို လေယာဉ်ပျံ ပျံနေတဲ့ပုံလေး လုပ်ပြပြီးပြောနေတဲ့တစ်ယောက်ကို ဝမ်ရိပေါ်ကြည့်ကာ မျက်ရည်တွေထိန်းချုပ်ထားတဲ့ကြားက စီးကျလာရသည်။ပြီးနောက် ချက်ချင်းပင် နဖူးကို စားပွဲခုံစောင်းနဲ့တေ့၍ ခေါင်းကိုမှောက်ချလိုက်သည်။ ရှိုက်သံတွေနဲ့အတူ လှုပ်ခတ်လာတဲ့ ပုခုံးနှစ်ဖက်ကလည်းသိသိသာသာ။
ဒါကိုကျန့်ကျန့်ကြည့် ရင်း ဝမ်ရိပေါ်၏ ခေါင်းကို လက်ညိုးလေးနဲ့သွားတို့ကာ...
"ရိပေါ်...ဘာဖြစ်လို့လဲ...ကျန့်ကျန့်ရေခဲမုန့်တွေအများကြီးမှာလိုက်လို့ မွဲသွားလို့ ငိုနေတာလား..."
ဝမ်ရိပေါ်က ခေါင်းငုံ့ထားလျက်နှင့်ပင် ခေါင်းခါပြလိုက်သည်။
"တကယ် လိုက်သွားမှာလား ကျန့်ကျန့်..."
"ဟင် ဘာကိုလဲ..."
"အဲ့ ဂျပန်ကို တကယ်လိုက်သွားမှာလားလို့..."
"အင်းအင်း ဟုတ်တယ် ကျန့်ကျန့်တကယ်လိုက်သွားမှာ..."
"အဲ့ဒိမှာ ငါမှမရှိတာ..."
"မာမားပြောတာ အဲ့ဒိမှာ ရိပေါ်လို သူငယ်ချင်းတွေ အများကြီးရှိမှာတဲ့..."
"တူလို့လား ကျန့်ကျန့်..."
ဝမ်ရိပေါ် မျက်ရည်တွေသုတ်ပြီး ခေါင်းကိုပြန်မတ်လိုက်ကာ ထိုင်နေရာမှ ဆတ်ကနဲထလိုက်သည်။
"ထတော့ကျန့်ကျန့်...ပြန်လိုက်ပို့ပေးမယ်..."
"ရိပေါ်..."
"အင်း ပြော..."
"လေယာဉ်ပျံကြီး စီးတာပျော်ဖို့ကောင်းလား..."
သူထိတာ မကြိုက်လို့ မသိမသာရုန်းနေတဲ့ လက်လေးတစ်ဖက်ကို ဝမ်ရိပေါ် မသိချင်ယောင်ဆောင် ခပ်တင်းတင်းလေးဆွဲထားလိုက်ပြီး အပြုံးတစ်ခုဆင် ၍ပြောလိုက်သည်။
"အင်း ပျော်ဖို့ကောင်းမှာပေါ့..."
_____________ ______________
အိမ်ပြန်ရောက်လာတော့ ဝမ်ရိပေါ် သူ့အိပ်ရာဘေး က ခုံလေးပေါ်မှာရှိနေတဲ့ ကြွေအပိုင်းအစလေးတွေကို ထိကိုင်လိုက်သည်။ သူမနက်တုန်းက ရစ်ကီ လာပေးထားတဲ့ စုဘူး အကွဲ အပိုင်းလေးတွေကို ကော်နဲ့ပြန်ဆက်ထားတာ။ ဆက်ဆက်ပြီးချင်းတော့ အဆင်ပြေပေမယ့် ကော်နဲ့ မရဘူးထင်ရဲ့ အကုန်ကိုပြန်ပြိုကွဲသွားတာ။
ဝမ်ရိပေါ် အံဆွဲထဲက တိတ်ခွေတစ်ခုကိုယူပြီး စုဘူး အပိုင်းအစလေးတွေကို တစ်စစီဂရုတစိုက်ယူရင်း အတွင်းရော အပြင်ရော ကပ်လို့နေ၏။ တိတ်တစ်ခွေ နီးနီးကုန်သွားသည့်အခါ စုဘူးလေးက နဂိုပုံလေးပြန်ပေါက်လာသည်။ နဂိုပုံလေးပြန်ပေါက်လာသော်လည်း ဒီစုဘူးလေးထဲမှာ ဘာမှထည့်စုလို့မရတော့။
အကြွေစေ့ထည့်ရင်လည်း ဒဏ်မခံနိုင်ပဲ ပြန်ပြိုသွားလိမ့်မည်။ ငွေစက္ကူတွေထည့်ပြန်ရင်လည်း ပြန်ထုတ်တဲ့အခါ ငွေစက္ကူလေးတွေက မညီညာတော့တဲ့ စုဘူး အနားလေးတွေနဲ့ ညိပြီး စုတ်ပြဲသွားလိမ့်မည်သာ။
ဘယ်အရာဝတ္ထုမှ ထပ်စုလို့ မရတော့တဲ့ စုဘူးလေးထဲမှာ စိတ္တဇနာမ်ဖြစ်တဲ့ အချစ်တစ်ခုတည်းကိုပဲ ထည့်စုလို့ရတော့မည်ဖြစ်၏။ရည်ရွယ်ချက်ကတော့ ကျန့်ကျန့်တစ်ယောက်တည်းကိုပဲ ပေးမလို့။
ဝမ်မိသားစု၏ အိပ်ခန်းတံခါးများသည် တော်တော်အသံလုံသည်။အခန်းထဲမှာ ရှိုက်ကြီးတငင်ငိုနေသည့် ဝမ်ရိပေါ်၏ အသံကို မည်သူမှမကြားရ။
.
You are reading the story above: TeenFic.Net