OT (6)

Background color
Font
Font size
Line height


#Unicode

Jungkook အိမ်ပြန်ရောက်တော့ ကိုကိုက ဧည့်ခန်းမှာ laptopတစ်လုံးနဲ့ အလုပ်လုပ်နေပြီး ဟိုChanhwaဆိုတဲ့ တစ်ယောက်ကတော့ ဘေးမှာ ဖုန်းနှိပ်နေလေသည်....

"Hyung....ကျွန်တော် ပြန်ရောက်ပါပြီ...."

"အွန်း...ဒီကို ခဏလာခဲ့အုံး Jungkook...."

Jungkook လဲ ဆိုဖာ တစ်ခု ပေါ် ဝင်ထိုင်လိုက်ပြီးနောက်...

"Jungkook... သူ့နာမည်က  Chanhwa၊ ငါနဲ့ အရင်က နှစ်အိမ့်တစ်အိမ်လို နေတဲ့ အိမ်နီးနားချင်းတွေ...သူက အခု ဒီအိမ်မှာ နေမှာ လပိုင်းလောက်တော့ ကြာမယ် မင်းအကြောင်းတော့ ငါသူ့ကို ပြောထားပြီးပြီ...."

"တွေ့ရတာ ဝမ်းသာပါတယ် Chanhwa shi..."

"ဟုတ်ကဲ့၊ တွေ့ရတာဝမ်းသာပါတယ်...Jungkookလို့ပဲ ခေါ် မယ်နော် မင်းနဲ့ငါက အသက်လဲ သိပ်မကွာဘူးဆိုတော့လေ..."

"အာ ရပါတယ်...အဆင်ပြေသလို ခေါ် ပါ..."

Chanhwa, Jungkookနဲ့ စကားပြောနေတုန်း Taehyung Hyungဘက်ကို အကြည့်ပို့မိတော့ ကိုHyungက Jungkook ကို မျက်ဝန်း နက်နက်တွေနဲ့ လှမ်းကြည့်နေလေသည်...မချစ်ဖူးမလား Hyung.... Hyungပြောသလို အကြောင်းတစ်ခုခုကြောင့်ပဲ လက်ထပ်ထားတာ မလား....

ဘာပဲဖြစ်ဖြစ် Jungkook!....Jungkook! မင်းကို ငါမုန်းလိုက်တာ hyungက မင်းကို လက်ထပ်ထားတာတဲ့လား၊ ဟ တကယ်ဆို ဒီနေရာက ငါပိုင်ဆိုင်သင့်တဲ့ နေရာလေ ငါ့မှာတော့ Hyungကို ကလေးဘဝကတည်းက သံယောဇဉ်တွယ်တာခဲ့ရတာ၊ နောက် အချစ်ကို စသိတဲ့ အချိန်မှာလဲ လာကြိုက်သမျှ ငြင်းလွှတ်ပြီး ဟောင်းနွမ်းနေတဲ့ Hyungနဲ့အတူရိုက်ထားတဲ့ ပုံလေးကိုပဲ ကြည့်ပြီး Hyungကိုပဲ တမ်းတနေခဲ့ရတာ ပထမဆုံးတွေ့ခဲ့တဲ့သူ ငါဖြစ်နေပါလျက်နဲ့ လက်လွှတ်ပေးရမယ်ဆိုတာကတော့ မတရားဘူးမလား Jeon Jung Kook!....
.
.
.
.
.
.
.
.
ညနေရောက်တော့ ကိုကို က ညစာကို အပြင်ထွက်စားမည်ဟု လာပြောသောကြောင့် Jungkook လဲ အနက်ရောင်hoodieထူထူ တစ်ထည်နဲ့ ဂျင်းဘောင်းဘီ အနက်ရောင်ကို ဝတ်လိုက်ပြီး အောက်ထပ်ဆင်းလာခဲ့သည်...

ကားပေါ် ရောက်တော့ Chanhwaက Seoulက ရှုခင်းကို ကြည့်ချင်လို့ဆိုပြီး သူ့ထက်အရင် ကားရှေ့ခန်းထဲ ဝင်ထိုင်လိုက်သည် ကိုကိုကလဲ Chanhwa ကို ပြုံးရုံပြုံးပြပြီး၊
ဘာမှ မပြောခဲ့သလို သူကိုယ်တိုင် လဲ ဘာတစ်ခွန်းမှ ပြောခွင့်မရှိခဲ့....

ဒီလိုနဲ့ပဲ ကားနောက်ခန်းက ကောင်လေးသည်လဲ Hoodieက ဦးထုတ်ကို ဆွဲစောင်းလိုက်ရင်း မမြင်ချင်တဲ့ မြင်ကွင်းတွေအတွက် မျက်စိကို ပိတ်ပြီး ရှေ့ကတီတီတာတာပြောနေတဲ့ စကားသံတွေကိုလဲ မကြားချင်တာကြောင့် နားကြပ်လေးတပ်ပြီးသာ တိတ်တိတ်လေး လိုက်လာခဲ့သည်....

ဖွင့်ထားမိတဲ့ သီချင်းလေးနာမည်ကတော့ 'For You'တဲ့

စားသောက်ဆိုင်ရောက်တော့ Jungkook က တစ်ဖက်၊ Chanhwaနဲ့ Taehyung တို့တစ်ဖက် ထိုင်ကြလေသည်....

ထို့နောက် ဝိတ်တာကောင်လေး ရောက်လာတော့...Chanhwaလဲ Menuကို လှမ်း ယူကာ ကြည့်လိုက်သည်....

"မှာလေ Chanhwa, hyungတို့ကို ကြည့်မနေနဲ့၊ ကြိုက်တာသာ မှာ...."

Taehyung hyungစကားကြောင့် Chanhwa ပြုံးလိုက်ပြီး

"ဟုတ် ...
ပင်လယ်စာတစ်ပွဲ တုံ့ယမ်းအရသာနဲ့
ဂဏန်းမာလာ တစ်ပွဲ
ရေဘဝဲအစပ်သုပ် တစ်ပွဲ
တော့ပိုကီအစပ် တစ်ပွဲ
အာလူးနှပ်တစ်ပွဲ
ပုဇွန်လုံးကင် နှစ်ပွဲနဲ့
ထမင်း ၃ပွဲချပေးပါနော် "

"ဟုတ်ကဲ့၊ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါအုံးခင်ဗျ..."

ဝိတ်တာကောင်လေး ထွက်သွားတော့ Chanhwa hyung ဘက်ကို ခေါင်း လှည့် ကြည့်လိုက်ပြီး...

"Hyung... နက်ဖြန် ရုံးသွားရင် Chanhwaလဲ လိုက်ချင်တယ်..."

"အင်း လိုက်ခဲ့လေ ရပါတယ်..."

"အလကားတော့ မလိုက်ပါဘူး၊ မဟုတ်လဲ ကျွန်တော်က ဒယ်ဒီခြေရာကို နင်းရမှာဆိုတော့ တစ်ချိန်မှာ စီးပွားရေးသမားပဲ ဖြစ်လာမှာ၊ အဲ့ဒါမို့ အခုကတည်းက အချိန်အလကား မဖြစ်အောင် hyung Companyမှာ အလုပ်ဝင်ချင်လို့...."

"ဟာ မရပါဘူး.... ဦးလေးက သူ့သားလေးကို ခိုင်းစားနေပါတယ်ဆိုပြီး ဆူရင် ဘယ်လိုလုပ်မလဲကွာ.. "

"အာ အဲ့အတွက် စိတ်မပူပါနဲ့၊ ဒယ်ဒီက ပိုတောင် သဘောတူနေအုံးမှာ၊ အဟမ်း! Hyungနဲ့ဆို ဘာဖြစ်ဖြစ် ဒယ်ဒီက သဘောတူပြီးသား...."

"ဟုတ်ပါပြီ၊ ဒါဆို နက်ဖြန် Companyကို လိုက်ပြီး အသေးစိတ်လေ့လာကြည့်ပေါ့... ဘယ်ရာထူးရယ်လို့တော့  မခန့်တော့ဘူး... Hyungဘေးမှာ နေပြီး လေ့လာစရာရှိတာ အကုန်လေ့လာကြည့်ပေါ့...."

"ဟုတ် hyungကို အဲ့ကြောင့်မို့ ချစ်နေရတာ....ဟီး"

"အဟွတ်!...အဟွတ်..."
Chanhwaရဲ့စကားကြောင့် jungkook သောက်နေလက်စ ရေတောင်သီးသွားရသည်....

"ဘာဖြစ်တာလဲ jungkook..."

"ဒီ ဒီတိုင်း ..အဟွတ်!...ရေသီးသွားတာပါ... hyung.."

သဝန်တိုစိတ်က အလုံးလိုက် ဝင်လာတာကြောင့် လည်ချောင်းထဲထိ လာနှောက်တာလို့တော့ မဖြေရှင်းနိုင်ပါ....

"အမြဲ နမော်နမဲ့နဲ့..."

ထို့နောက်တွင်တော့ စကားဝိုင်းလေးဟာလဲ ပြတ်တောက်သွားပြီး စားစရာတွေရော ရောက်လာတာကြောင့် စကားသံ တိတ်ကာ စားလေတော့သညျ....

Jungkook က ပုစွန်နဲ့ မတည့်တာကြောင့် ပုစွန်ပါတဲ့ ဟင်းပွဲတွေကို ရှောင်ရသည်...သူက အစပ်လဲ သိပ်မစားနိုင်တာကြောင့် ဘာမှလည်း သိပ်မစားဖြစ်လိုက်...

ညစာလဲ စားပြီးနောက်၊ သူတို့လဲ အိမ်သို့သာ ပြန်လာခဲ့လိုက်သည်....
.
.
.
.
.

အနီရောင်တွေဟာ နေရာတိုင်းမှာ ဖုံးလွှမ်းနေသည်...

အနီရောင် တိမ်ခိုးတွေကြား သူလျှောက်လှမ်းနေရင်း ကျောပြင် ဖြူဖြူကို လှမ်းမြင်လိုက်ရတော့ အနားသို့ အသာ တိုးကပ်သွားလိုက်ပြီး....

"ဟို...တစ်ဆိတ် ဒါဘယ်နေရာလဲဗျ..."

Jungkookမေးလိုက်တော့ ထိုလူဟာ လှည့်တောင်မကြည့်သလို ပြန်လဲ မဖြေခဲ့ပေ....

"ဟာ...ဒီမှာ...ကျွန်တော် မေးနေတာ ဖြေပါအုံး...."

"ဟိတ်လူ!..."

သူ စိတ်မရှည်စွာနဲ့ ပုခုံးကို ဆွဲလှည့်လိုက်မိတော့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် နေရာတင် အကြောင်သားနဲ့ ကြက်သေ သေ မိသွားသည်...

သူ့ရှေ့က...
အဖြူရောင် ဝတ်ထားတဲ့ လူရဲ့ ရင်ဘတ်နေရာမှာ အပေါက်ကြီးလို ဖြစ်နေပြီး ထိုအပေါက်ထဲမှာ သွေးတွေတစ်စက်စက်စီးကျနေလေသည်...မျက်ဝန်းတွေဟာ မှိုင်းညိုညိုနဲ့ ခံစားချက်မဲ့နေတယ် ထင်ရပေမဲ့ သေချာကြည့်ရင် ဝမ်းနည်းနေသယောင်ယောင်....

"Ji....Jimin hyung!...."

"Jungkookie....မင်းတို့ ငါ့ကို ရက်စက်တယ်...."

"ကျ...ကျွန်တော် တကယ်မသိခဲ့ဘူး....hyung...."

တစ်စက်စက်ကျနေတဲ့ သွေးတွေဟာ ပိုမို ဒလောဟောဆင်းလာပြီး ဝတ်ထားတဲ့ အက်ျ** အဖြူဟာ သွေးရောင်တွေ ဖုံးလွှမ်းနေလေပြီ....

"Jungkook. ...မင်း...ငါ ...ငါ့ရဲ့နှလုံးကို ပြန်ပေးပါ ငါလေ hyungနဲ့ နေချင်တယ်...."

သွေးစွန်းနေတဲ့ လက်နဲ့ Jungkook ရင်ဘတ်နေရာကို လက်ရှေ့တိုးလာသောကြောင့် Jungkook အမြန်နောက်ဆုတ်လိုက်ပြီး.....

"ဟင့်အင်း!....မပေးဘူး...မပေးဘူး...."
သူလုယူခဲ့တာ ဆိုပေမဲ့ ဒီအရာကိုတော့ သူပိုင်ရှင်ကို ပြန်မပေးချင်ပါ....Taehyungနဲ့ ဝေးရရင် ကျွန်တော်တကယ် သေမှာ...

"မရဘူး....ပေးရမယ်...Jeon Jungkook မင်းပေးရမယ်....ဒါ ငါ့ဟာ!!! အစကတည်းက ငါ့နှလုံး! ပြီးတော့ hyungကလဲ အစကတည်းက ငါ့အပိုင်ပဲ... မင်းလုယူတာ အကုန်လုံးကို မင်းလုယူသွားတာ ..."

Jiminဟာ Jungkookဆီသို့ အရှိန်ဖြင့် အတင်းတိုးကပ်သွားပြီး နှလုံးရှိရာ ရင်ဘတ်တည့်တည့်ကို လက်ဖြင့် ဝင်ရောကျထိုးဖောကျလိုကျသညျ........

"အား!!!!!!!!....ကိုကို!!!"
ရေရွတ်မိတဲ့ တစ်ခုတည်းသော နာမ်စားဟာ သူ့နှလုံးသား၏ကိုးကွယ်ရာသာ....
.
.
အသက်ရှုမဝလောက်အောင် မောနေပြီး jungkook အိပ်ယာထက်မှ ထထိုင်မိလိုက်သည်...ပြည့်ကြပ်နေတဲ့ ရင်ဘတ်တစ်နေရာကို ဖိကာ အသက်ကို ထိန်းရှူရင်း, ခဏအကြာ ခုံပေါ်က ရေဘူးကို ယူကာ သောက်လိုက်သည်....

တစ်ဖန် ရင်ဘတ်နေရာကို ဘာရယ်မဟုတ် လက်နဲ့ အသာ တိုးကာဖိလိုက်တော့ စူးခနဲ နေအောင် ခံစားရသည်...

"Jimin hyung.... ကျွန်တော့်ကို ဒီဘဝတော့ ခွင့်လွှတ်ပေးပါဗျာ ....နောင်တစ်ချိန် Jimin hyung နဲ့ပြန်ဆုံတဲ့ချိန်မှ ကျွန်တော် အတိုးချ တောင်းပန်ပါရစေ၊ အပြစ်ကျွေးတွေ အများကြီးဆိုလည်း ကျွန်တော် ခံပါ့မယ်...."

ဘေးနားက ရေခွက်ကို ထပ်မံယူသောက်လိုက်ပြီး သူပြန်လဲလိုက်ပေမဲ့ ဆက်ပြီးတော့ သူအိပ်မပျော်နိုင်တော့ပါ...
.
.
.
.
.
အတိတ်ရဲ့ ရက်စက်ခဲ့တဲ့ နေ့ရက်အချို့တွင် ဖြစ်သည်......

တကယ်တော့ Jimin ဟာ Jeon မိသားစုရဲ့ သားအရင်းတစ်ယောက်မဟုတ်ခဲ့ပေ...ဒါကိုသူတို့လင်မယားကလွဲပြီး ဘယ်သူမှ မသိခဲ့.....သားသမီးမရနိုင်တဲ့ Sung Jyu Ra ဟာ jiminကို မိဘမဲ့ဂေဟာတစ်ခုကနေ ခေါ် ယူမွေးစားခဲ့သည်...သို့ပေမဲ့ ဆရာဝန်တွေ မျိုးစုံအောင်လိုက်ပြကာ ဆေးပေါင်းစုံ သောက်သုံးပြီးနောက် jiminကို မွေးစားပြီး ၃နှစ်အကြာ သူမ ကိုယ်ဝန်ရခဲ့သည်....

ကိုယ်ဝန်လရင့်ပြီး မွေးသော်အခါတွင်လည်း သူ့မ ကိုယ်ဝန်ရဖို့ဆေးတွေ အမျိုးမျိုး သုံးမိခဲ့တဲ့အတွက် ကလေးဟာ ကိုယ်ခံအားနည်းပြီး မွေးရာပါနှလုံးရောဂါလဲ ပါလာခဲ့သည်...

ရှားပါးလွန်းတဲ့ သွေးအမျိုးအစားနဲ့ မွေးလာခဲ့တဲ့ ကလေးကြောင့် အသက်မရှည်နိုင်ဘူးဆိုတဲ့ ဆရာဝန်တွေရဲ့ စကားလုံးတွေကြား Sung Jyu Raဟာ မှန်ဘောင်ချောင်းထဲက ကလေးနီတာရဲလေးကို ကြည့် ပြီး ရင်နင့်စွာ မျက်ရည်ကျခဲ့ရသည်....

ထို့နောက် ဆို့နင့်ဖွယ် ဝမ်းသာစရာ သတင်းသည်ကား သူတို့ရဲ့ မွေးစားသားလေးဟာ ရှားပါး (O-) သွေး ဖြစ်တာကြောင့် အလုံးစုံ မတူသော်ညား (AB-)သွေးကို နှလုံးအစားထိုး လှူလို့ရပေသည်....

ရာသီတွေ အလီလီ ဖြတ်ကျော်ပြီးသည့် တစ်ရက်သော ညနေခင်းတွင်....လေဆိပ်သို့ ကောင်လေး နှစ်ယောက် ကားတစ်စီးဖြင့် တူတူ ထွက်လာကြသည်...

Taehyung ဟာ ကျောင်းပြီးသွားတဲ့နောက်တစ်နှစ် USသို့ စီးပွားရေးနဲ့ပတ်သတ်ပြီး တစ်နှစ် သွားရောက် သင်ကြားလေသည်...ယခုမူကား သူပြန်ရောက်လာမည်ကို သိသောကြောင့် Jiminတို့ လာကြိုခြင်းပင်...

"Hyung ရာ ဖြေဖြေမောင်းပါ Taehyung Hyungက အေးဆေးလာခဲ့လို့ ပြောတာကို..."

လေဆိပ်ဟာ အရမ်းမဝေးသော်လည်း တစ်နာရီလောက်တော့ မောင်းရသည်...Jungkookလဲ ပျင်းပျင်းနဲ့ ဘေးကနေ အိပ်လိုက် လာရင်း...

"Jungkook Jungkook!...."

ရုတ်တရက် hyungနဲ့ အော်သံကြောင့် သူအိပ်မှုန်စုံမွှားနဲ့ မျက်လုံးဖွင့်ကြည့်လိုက်တော့...
Jimin hyungမျက်နှာဟာ ချွေးတွေ ချွဲနစ်နေပြီး တစ်ခုခုကို ထိတ်လန့်နေပုံပင်..

"Hyung ဘာဖြစ်လို့လဲ..."

"ကား ကားက ဘရိတ် မမိတော့ဘူး!!...."

"ဟမ်.."
Jungkookမနေ့ညက ကားပြိုင်ပွဲကို ယူသွားတဲ့ကားဟာ ...ယခုပင် ဘရိတ်မမိတော့ ၊ ြဖစ်နိုင်တာက မနေ့က အချီကြီး ရှုံးသွားခဲ့တဲ့ တစ်ဖက်အဖွဲ့ရဲ့လက်ချက်ပင် ဖြစ်မည်....

ထို့နောက်တွင်တော့ ကားလေးဟာ လမ်းမတစ်လျှောက် ဒယိမ်းဒယိုင် မောင်းနှင်နေရင်း မီးပွိုင့်နေရာအရောက် နီနေသော မီးပွိုင့်ကြောင့် ရှေ့ကလမ်းဆုံမှာ ကား တွေက သူတို့နဲ့ ကန့်လန့်ဖြတ်ကာ မောင်းနှင်နေသည်...

ဘယ်လိုမှ ရပ်တန့်မရတဲ့ ကားကြောင့် လမ်းဆုံထဲတိုးဝင်သွားရာတွင် ကားဆီ ဦးတည်ကာ တိုက်မိတော့မဲ့ ကုန်ကားကြီးကြောင့် Jimin လက်ကိုင်ကို ဆွဲကွေ့လိုက်ပြီး လမ်းဘေးကွေ့ရှောင်လိုက်သော်လည်း နောက် ကားတစ်စီးအလာတွင်မူ မရှောင်နိုင်ခဲ့တော့...

အုန်းးးး!!. .

ဒုန်း!

ကားလေးဟာ လွင့်စွင့်သွားကာသုံးပတ်လောက် လှိမ့်ပြီးမှ ရပ်သွားလေသည်.... ကားထဲက ကောင်လေးနှစ်ယောက်သည်လဲ သတိကပ်မနေတော့သလို သွေးတွေဟာလဲ တစ်ကိုယ်လုံး စိုရွဲနေလေပြီ...

Jimin မသိစိတ်ထဲ တိုးဝင်နေတဲ့ စိတ်တစ်စုံကို အတင်းတွန်းကန်ကာ မျက်လုံးတွေ ဖွင့်ကြည့်လိုက်တော့ သွေးတွေ အများကြီးနဲ့ ကောင်ငယ်လေးဟာ ဘေးနားမှာ မေ့မျောနေသည် ပါးလေးကို အသာတို့ထိလိုက်ရင်း....

"kookie.... အ!...kookie! hyungကို ပြန် ပြန်ထူးပါအုံးကွာ..."

တစ်ဖက်လူကို အတင်းလှုပ်နိုးနေတဲ့ ကောင်လေးဟာ သူကိုယ်တိုင်က ထိခိုက်မှု့ ပိုများခဲ့ပြီး သွေးထဲ နစ်ဝင်နေတာတော့ မေ့မျော့နေခဲ့မယ် ထင်ပါတယ်....
"အ! ကိုယ်တစ်ခုခု ဖြစ်သွားတောင် မင်းတော့ ဘာမှ မဖြစ် ....မဖြစ်လိုက်ပါနဲ့ ညီလေးရာ.....!"
ထို့နောက် နောက်ထပ် ကောင်ငယ်လေးဟာလည်း လေဟာနယ်ထဲသို့ တစ်ဖန် တိုးဝင်ကာ အသိစိတ်လွတ်သွားလေတော့သညျ....

ခွဲစိတ်ခန်းရှေ့ Taehyung တစ်ယောက် ခေါက်တုန့်ခေါက်ပြန် လျှောက်နေမိသည်....Jiminတို့ မိဘ တွေကို ဖုန်းဆက်ထားသော်လည်း နော်ဝေးကနေ ဒီကို လေယာဉ်နဲ့ အမြန် လာမယ်ဆိုရင်တောင် 4နာရီလောက်တော့ကြာအုံးမည်....

သူကြောင့် သူကြောင့်မို့ပါ.... သူသာ လာမကြိုခိုင်းရင် ဒီလို ဖြစ်မှာ မဟုတ်ဘူး... အခုတော့ သူ့ကြောင့် သူချစ်ရတဲ့ ချစ်ရသူရော ညီငယ်လေးရော နှစ်ယောက်စလုံး သေမင်းတံခါးဝ ရောက်နေလေပြီ....

သုံးနာရီအကြာ ခွဲစိတ်ခန်းထဲမှ Hospital bed (လှည်းကုတင်)တစ်လုံးနဲ့အတူ ဆရာဝန် တစ်ယောက်နဲ့ nurseနှစ်ယောက် ထွက်လာသည်...ကုတင်ပေါ် မှာတော့ သူချစ်ရတဲ့ သည်းငယ်ရဲ့ ဖြူဖျော့ဖျော့ မျက်နှာလေးက အထင်းသား...

"ဒေါက်တာ သူ အဆင်ပြေသွားပြီမလားဟင်.."

"လူနာက တော့ ...အခြေအနေ စိုးရိမ်စရာ မရှိတော့ပါဘူး... ဒါပေမဲ့ ဦးခေါင်းကို ပြင်းပြင်းထန်ထန် ထိခိုက်သွားတာကြောင့် သတိရဖို့ကတော့ နည်းနည်းစောင့်ရမယ်... ကျန်တာကတော့ အဆင်ပြေပါတယ်..အခု ICU အခန်းထဲ ထားပြီးရင် ဝင်တွေ့လို့ ရပါပြီ...."

ဒေါက်တာ စကားဆုံးတော့ nurseလေး နှစ်ယောက်က ICUအခန်းဘက်သို့ လူနာတွန်းလှည်းကို တွန်းသွားလေသည်....

သည်းငယ်က အဆင်ပြေပြီဆိုတော့ ဒါဆို Jungkook ကရော....

"ဒေါက်တာ! accidentမှာ အတူတူပါလာတဲ့ နောက်တစ်ယောက် အခြေအနေရော..."

ခွဲစိတ်ခန်းထဲ ပြန်ဝင်တောမဲ့ ဒေါက်တာကို အမြန်မေးလိုက်တော့ ဒေါက်တာက လှည့်ကြည့်လာပြီး...

"နောက်လူနာကိုကတော့ ဒေါက်တာKim Seok Jin ကတာဝန်ယူထားပါတယ် ၊ ကျွန်တော်က တာဝန်ယူထားတဲ့သူ မဟုတ်ပေမဲ့ ကြားရသလောက်ကတော့ အခြေအနေက တော်တော်ဆိုးတယ်၊ ကားမှန်စက နှလုံးတည့်တည့်ကို စိုက်ဝင်သွားတာ၊ ခွဲစိတ်လို့ အဆင်ပြေတယ်ဆိုရင်တောင် လူနာက နှလုံးရောဂါလည်း ရှိနေတော့ ... မရတော့ဘူး ထင်ပါတယ်...."

အဆုံးသတ်နား မှာ တိုးဝင်သွားတဲ့ ဒေါက်တာ စကားသံ အကြား Taehyung ရင်ထဲ ဆို့နင့်ပူလောင်သွားရသည်....

"သူ့ကို ရအောင် ကယ်ပေးပါ ဒေါက်တာ... "

"အကောင်းဆုံး ဖြစ်အောင် ကျွန်တော်တို့ ကြိုးစား သွားမှာပါ..."

ပြောပြီး ဒေါက်တာ ထွက်သွားသည့်တိုင်အောင် Taehyung နေရာမှာတင် ရပ်နေမိလျက်...

"ကျေးဇူးပြုပြီး ဘာမှ ဖြစ်မသွားပါနဲ့ JungKookie...."

မိနစ်အနည်းငယ်အကြာတွင် Jungkookတို့ မိဘတွေ ရောက်လာတာကြောင့် Taehyung လက်ရှိအခြေအနေကို ပြောပြလိုက်ပြီး နှုတ်ဆက်ကာ သည်းငယ်ကို ကြည့်ဖို့ ICUအခန်းဘက် လာခဲ့လိုက်သည်....

ကုတင်ဘေးနား ထိုင်ရင်း ဖြူဖွေးဖွေး လက်ဖောငျးဖောငျးလေးတဈဖကျကို အသာလေး မ' ကိုင်လိုက်ပြီးနောက်....

"ကိုယ့်သည်းငယ်လေး ပင်ပန်းလို့ အိပ်နေတယ်ဆိုရင်တောင် မြန်မြန် နှိုးထလာပါနော်....
ကိုယ်စိတ်ကူးထားတယ် သိလား
Seoulကို ပြန်ရောက်တာနဲ့ သည်းငယ်နဲ့ ခရီးလေး တစ်ခုထွက်မယ်ဆိုပြီး အဲ့ဒီနေရာလေးက Busanမှာရှိတာ ကိုယ်တောင် တစ်ခါပဲ ရောက်ဖူးသေးတယ် စမ်းချောင်းလေးတွေရော ပန်းခင်းလေးတွေရော သည်းငယ်က ရှုခင်းကြည့်ရတာ ကြိုက်တယ်ဆိုတော့ တ ကယ် ကြိုက်လောကျမှာ ပြီးတော့ သည်းငယ်နဲ့ အတူတူ စွန်လွှတ်ကြမယ် ပြီးရင် ကိုယ် က ငယ်ငယ်တုန်းက လို သီချင်း လေး ဆိုပြမယ် သည်းငယ်က လက်ခုပ်တီးပြီး အပြုံးလေးနဲ့ အားပေးပေးပေါ့...ဟားဟား jungkookကတော့ သူ့ကို ခေါ် မသွားလို့ စိတ်ကောက်မှာ မြင်ယောင်သေး.... အဲ့ကျလဲ ဘာဖြစ်လဲ သည်းငယ်နဲ့အတူ ပြန်လာရင် သူ့ကို ငယ်ငယ်တုန်းက လို ကစားကွင်းလိုက်ပို့ပေးလိုက်မယ် အဲ့ဒီကောင်လေးကလေ အခုထိ ကလေးဆန်တုန်း banana milkလဲ အခုထိ စွဲသောက်တတ်သေးတာ...အာ ပြီးတော့ ကိုယ်လေ သည်းငယ် နဲ့တစ်နှစ်လေး ဝေးရတာတောင် အရမ်းလွမ်းနေခဲ့တာ သိလား ဖုန်းscreenပေါ် က ပုံရိပ်လေး တွေ့နေရတောင် မလုံလောက်သေးလို့ ခဏ ခဏ ပြေးတွေ့ချင်တာ အမော မနည်း စိတ်ထိန်းထားလို့တာပေါ့...သည်းငယ်ရဲ့
ပါးလေးကိုရော နှုတ်ခမ်းလေးကိုရော လွှမ်းနေရခဲ့ရတာ သိလား ပြန်လာရင် အကြာကြီး နမ်းပစ်မယ် စိတ်ကူးထားတာကို သည်းငယ်က ညစ်ပြီး အိပ်မနေနဲ့ မြန်မြန် နှိုးထလာပေးနော် ချစ်တယ် ကိုယ့်ရဲ့သည်းငယ်လေး...."

Taehyungလက်လေးကို အသာ ဖိကပ်နမ်းလိုက်ပြီး သူ သည်းငယ်မျက်နှာလေးကို ဆက်၍ ငေးကြည့်နေမိသည်....

တစ်ခြားသော တစ်ဖက်တွင်ကား....

Sung Jyu raလဲ သားကို ခွဲစိတ်နေတဲ့ အခန်းထဲက ဆရာဝန်တစ်ယောက် ထွက်လာတာကြောင့် မျက်ရည်စလက်နဲ့ အပြေး သွားလိုက်ရင်း

"ဆရာ ကျွန်မသားငယ်လေး အခြေအနေဘယ်လို ရှိလဲဟင်...."

"မတော်တဆမှု့မှာ ကားမှန်စက နှလုံးကို စိုက်မိသွားတယ် ၊ ရောဂါအခံလည်း ရှိနေပြန်တော့ နှလုံးက ခွဲစိတ်ပြီးတာတောင် အလုပ်မလုပ်တော့ဘူး၊ အခု တော့ အရေးပေါ်နှလုံးခုန်စက် တပ်ထားရပါတယ်၊ ကျွန်တော် ပြောရမှာ စိတ်မကောင်းပေမဲ့ နောက်၂ရက်လောက်အတွင်းမှ နှလုံးအသစ်မရရင် ကျွန်တော်တို့ သူ့ကို ကယ်နိုင်တော့မှာ မဟုတ်တော့ဘူး...."

"ရှင်!!!....သားလေး ကျွန်မသားလေး ဟင့် ဟင့် ယောက်ျားရယ် လုပ်ပါအုံး ကျွန်မ သားလေး ဟင့်...."
Jeon Ho Minလည်း မိန်းမကို ဖက်ကာနှစ်သိမ့်နေရင်း ယောက်ျားဖြစ်နေပါမူ သားဇောကြောင့် အသံတိတ် မျက်ရည်ကျနေမိသည်.....

Seok Jinလဲ မျက်နှာပူစွာ ပြောပြီးနောက် စိတ်မကောင်း စွာ ထိုနေရာမှ ထွက်လာခဲ့သည်...Jungkookie က အရင်ကတည်းက သူ့လူနာ ဖြစ်တာကြောင့် သူသည်လည်း ပိုကာဝမ်းနည်းရတယ်....
"ကံကောင်းပါစေ ကောင်လေးရာ..."
.
.
.
Tbc
(ရှင်းတမ်း- Jiminလေးက Jungkookကို အရမ်းချစ်တဲ့သူပါ၊ Jungkookအိပ်မက်တာကလဲ စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေတာကြောင့်ရော ၊ Taehyungရဲ့ စကားတွေကြောင့် အမြဲလိပ်ပြာမလုံသလို ခံစားရပြီး စိတ်စွဲပြီး မက်တာပါ၊ အိပ်မက်သည် အမှန်မဟုတ်ပါ စိတ်၏စွဲလန်းခြင်းကြောင့် ဖြစ်ပေါ်ခြင်းသာ ဖြစ်ပါသည်။)

#Zawgyi










.
.
.
.
.

.
.
.








"ဟုတ် ...
ဂဏန်းမာလာ တစ်ပွဲ
ရေဘဝဲအစပ်သုပ် တစ်ပွဲ
တော့ပိုကီအစပ် တစ်ပွဲ
အာလူးနှပ်တစ်ပွဲ










"အဟွတ်!...အဟွတ်..."

"ဘာဖြစ်တာလဲ jungkook..."


"အမြဲ နမော်နမဲ့နဲ့..."



.
.
.
.
.






"ဟိတ်လူ!..."


သူ့ရှေ့က...

"Ji....Jimin hyung!...."









"အား!!!!!!!!....ကိုကို!!!"

You are reading the story above: TeenFic.Net