OT (21)

Background color
Font
Font size
Line height


#Unicode

Jungkook လည်း Chanhwaနဲ့အတူ  Shopping Centerတစ်လျှောက် အဆင်ပြေမည့်လက်ဆောင်ကို တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လိုက်ရွေးပေးနေရင်း ဆိုင်တစ်ဆိုင်ရှေ့အရောက်တွင်တော့...
သူ့အာရုံကို ဖမ်းစားသွားတဲ့ တစ်ခုတည်းသော အရာလေး....

'အာ လှလိုက်တာ ကိုကိုနဲ့ဆို လိုက်မှာပဲ...'
မျက်လုံးထဲ ပြေးမြင်ကြည့်တော့ ထိုဟန်းချိန်းလေးဟာ ကိုကိုတစ်ယောက်တည်း အတွက်ပင် သီးသန့်ထုတ်ထားသယောင် ပနံ့သင့်လှသည်
အရမ်း အဖိုးမတန်တဲ့ ရွှေ ဖြူလေးနဲ့  ဖန်စီ‌ေကျာက်လေး‌ေတွ ရောထားတယ်ဆိုပေမဲ့ သူပေးရင် ကိုကို ကြိုက်လောက်မှာပါဆိုတဲ့ အတွေးလေးနဲ့ ထို ငွေရောင်ဟန်းချိန်းလေးကို Jungkookဝယ်လိုက်တော့သည်....

လက်ဆောင်တွေ ဝယ်ပြီးချိန်မှာတော့ ကားနားဆီ တစ်ခေါက်ပြန်လျှောက်လာရင်း လက်ထဲက ဟန်းချိန်းဗူးလေးကို ကိုင်ကာ သူရင်ခုန်နေမိသည်....

ပတ်ဝန်းကျင်ကို ဂရုမစိုက်မိလိုက်တဲ့ Jungkookဟာ ဆယ်ယောက်မျှသော လူအင်အားတစ်စု သူတို့ရှေ့ လာရပ်မှသာလျှင် သတိဝင်လာခဲ့သည်....

"မင်းကKim Taehyungရဲ့ ယောကျၤား Jeon Jungkookဆိုတာလား...."

"ဟုတ်ပါတယ် ဒါနဲ့ ဘာလို့လဲ~ "

"ဟေ့ကောင်တွေ ‌သူ့ကို ဆွဲခေါ်ခဲ့..."

ရုတ်တရက်ကြီး ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်ကြား သူရော Chanhwaရော တွန်းလှန်ရုန်းကန်ကြခဲ့ပေမဲ့ အင်အားမမျှလှတဲ့ လူတစ်စုကြောင့် ခေါင်းကို တုတ်နဲ့ အရိုက်ခံရပြီးနောက်တွင်တော့ Jungkookဘာမှမသိလိုက်တော့....

မေ့မျောသွားပြီ ဖြစ်တဲ့ Jungkookကို Chanhwa ပြုံးကြည့်လိုက်ပြီး....

"သပ်သပ်အချိန်ဖြုန်းတဲ့ကောင်!! ကျစ် ဟန်ဆောင် ထိုးပြရတာ လက်တောင် နာသွားတယ် ..."

Chanhwa ညည်းညူလိုက်ပြီး သူ့လူတွေဘက် ပြန်ကြည့်ကာ....

"ငါခိုင်းတယ်ဆိုတာ မသိ‌စေနဲ့ မတော်လို့ လွတ်သွားရင် ငါပြသာနာ တက်မှာ ၊ ဒါပေမဲ့ အဟက်' လွတ်စရာတော့ မရှိပါဘူး အဲ့ဒီကောင် သွားရမဲ့ တစ်ခုလမ်းက သေလမ်းပဲလေ ဟားဟားဟား.. ဘာတွေပဲ ဖြစ်လာဖြစ်လာ သူ့ကို ရအောင် သတ်ရမယ် အဲ့ဒါ မင်းတို့ရဲ့ အဓိက တာဝန်ပဲ....."

"ဟုတ်ကဲ့ပါ သခင်လေး...ဒါဆို ဒီကောင့်ကို ‌ပြောထားတဲ့ အတိုင်း ဂိုဒေါင်ဘက် ခေါ်သွားလိုက်မယ်..."

Chanhwa ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။
" အင်း ပြီးရင် အလောင်‌းဖျောက်ဖို့လဲ သေချာကြည့်ကြပ်လုပ်နော် အခု သွားတော့"

သူ့လူတွေ ထွက်သွားပြီဆိုတာနဲ့ မဲ့ပြုံးတစ်ခုကို ပြုံးလိုက်ကာ အိတ‌်ထောင်ထဲက ဖုန်းကို ထုတ်လိုက်သည်....

နာမည်တစ်ခုကို ခေါ်လိုက်ပြီး တစ်ဖက်က hello ဆိုတဲ့ အသံ ကြားတာနဲ့ တစ်ပြိုင်နက်....

"Hyung ဟင့် ဘယ်လိုလုပ်မလဲ Jungkookကို Min Sejungရဲ့ လူတွေ ဖမ်းသွားကြတယ်..ဟင့်."

တစ်ဖက်က သွေးပျက်သွားပုံရတဲ့ စကားသံတစ်ခုကြောင့် သူဆက်ကာ စကားပြောဆိုဖို့ တွေးလိုက်သော်လည်း ဖုန်းက ကျသွားခဲ့လေပြီ...

'ဟင်းဟင်း သွေးပျက်နေပါရောလား Hyungရာ
စိတ်မပူပါနဲ့ နောက်ဆို Hyungကောင်လေးထက် ကျွန်တော်က ပိုချစ်ပေးနိုင်ပြီး သာယာမှုတွေလဲ ပေးနိုင်‌တော့မှာပါ...'

သို့သော် ကံတရားတို့ မည်သည် အမြဲတမ်း ကောင်းနေကြသည် မဟုတ်သလို ဆိုးနေကြသည်လဲ မဟုတ်‌ေပ ၊ ထို့အတူ ဘယ်သူမှ သတိထားမိတဲ့ GPSပါတဲ့ ဖုန်းလေးတစ်ခုဟာလည်း
မေ့မျောနေတဲ့ ကောင်လေးရဲ့ hoodieအက်ျီအိတ်ကပ်လေးအတွင်းမှာ ယခုထိတိုင် ရှိနေဆဲပင် ဖြစ်ခဲ့သည်.....

.
.
.
.
.
Taehyung ပူလောင်လာတဲ့ ရင်အစုံကို ကြိုးစားထိန်းချုပ်ရင်း
ဟိုလူတွေလက်ထဲက ကလေးငယ်ကို ဘယ်လို ကယ်ထုတ်ရမလဲဆိုတာ သူမျက်လုံးအစုံကို မှိတ်ကာ အကြံထုတ်မိတဲ့ တစ် ခဏဝယ်...

"GPS!!!

ဟုတ်တယ် ကလေးဖုန်းကို သူသိမ်းထားရင်းနဲ့ ပိုပိုလိုလို GPSတပ်ထားခဲ့တာ ဖုန်းခေါ်လို့တော့ မဖြစ်ဘူး ဟိုကောင်တွေ တွေ့သွားခဲ့ရင် သွားပြီပဲ..."
ထို့နောက် GPSမှတဆင့် ကလေးငယ်ရဲ့ ဖုန်းတည်နေရာကို သူတွေ့ရှိသွားခဲ့သည်...

GPSရဲ့ လမ်းညွှန်မှု့အရ ဆိုးလ်မြို့စွန်ဘက်ရှိ
ဂျူဒုံလမ်းဆုံက ဂိုဒေါင်ကို သူအမြန် သွားဖို့ရာ ကားထားတဲ့ နေရာဆီ ပြေးလာခဲ့သည်....
ကားဆီလာရင်း ရဲတွေဆီ ဖုန်းခေါ်ဖို့လည်း သူမမေ့ခဲ့ပါ အခုလို သူတစ်ယောက်တည်း အရင် စောထွက်ရသည်မှာလည်း ကလေးငယ်မှာ အန္တရာယ်ရှိနိုင်လဲ မသိနိုင်လို့ အရဲစွန့်ခြင်းပင်.....

ကားဆီ ရောက်ခန့်နီး သူ့အနားကို ပြေးလာတဲ့ တစ်စုံတစ်ယောက်ကြောင့် သေချာကြည့်မိတော့ Chanhwaဖြစ်နေသည်..

တစ်ကိုယ်လုံး ထိုးကြိတ်ခဲ့ထားရပုံ ရတဲ့ Chanhwaကို မြင်တော့ စိတ်မကောင်းဖြစ်‌မိပေမဲ့ အခုချိန်မှာ ပိုအရေးကြီးတဲ့ အရာတစ်ခုက ရှိနေခဲ့သည်မို့ သူလျစ်လျူရှူခဲ့သည်...

"Hyung ဟင့် ဘယ်လိုလုပ်မလဲ...."

"ငါ ‌တစ်နေရာ သွားစရာရှိတယ် မင်းအိမ်ပြန်လိုက်တော့..."

"ဟင်..ဘယ် ဘယ်သွားမလို့လဲ....."

"Shit** မေးခွန်းထုတ်တာ ငါမကြိုက်ဘူး အိမ်ပြန်ပြီး မင်းအနာတွေကိုသာ ဆေးထည့်ထားလိုက်..."

"ကျွန်တော်ရော လိုက်ခဲ့မယ် Hyungတစ်ယောက်တည်း စိတ်မချဘူး..."

"OK Ok ဒါဆို မြန်မြန်တက်တော့...."

စိတ်မကြည်ရင် မကြည်သလို ဆက်ဆံတတ်တဲ့ Hyung စိတ်ကို သိနေတာမို့ Chanhwa ကားပေါ်သို့ အမြန်တက်လိုက်ရင်း မ‌ မျှော်လင့်ထားသော အခြေအနေတွေ ဖြစ်လာတဲ့အကြား မီးစင် ကြည့်က ဖို့သာ ဆုံးဖြတ်လိုက်ရတော့သည်။

'ငါ့လူတွေကို Sejungရဲ့ လူတွေ အနေနဲ့ အယောင်‌ေ‌ဆာင်ထားပြီး ခိုင်းထားဆိုတော့ ငါမှန်း မရိပ်မိနိုင်ပါဘူးလေ ငါတို့ ရောက်သွားတဲ့အချိန် ဟိုကောင့်ကို ရှင်းပြီးရင် သိပ်ကောင်းမှာပဲ..မရှင်းရသေးရင်တော့ ငါ့လက်နဲ့ပဲ ကိုင်တိုင် နိဂုံးချုပ်ပေးရတော့မှာပေါ့လေ..hak....'

.
.
.
.
.
.
.
Taehyung ကားမောင်းနေရင်းနဲ့ သိပ် မူမမှန်တဲ့ Chanhwaကို မသိစိတ်အရရော အသိစိတ်က အလိုလို သတိထားမိသည်။ သို့ပေမဲ့ ရောက်ခန့်နီးပြီမို့ ကားကို အရှိန်တင်မောင်းရင်း တစ်ခုတည်းသော ဦးတည်ရာဆီသို့သာ...အရင် ခရီးနှင်ခဲ့သည်။

"စောင့်နေပါ ကလေးလေး
ကိုယ်မင်းကို တစ်ခုလေးတောင် ထိခိုက်မခံဘဲ
ကာကွယ်ပေးမှာမို့ မင်းဘာမှ မဖြစ်ပဲ ‌စောင့်နေပေးပါကွာ...."
.

.
.
Tbc............

(⭕⭕A/N- တစ်ကယ်တမ်း ရေးပြီဆို ကောင်းကောင်းခမ်းခမ်း မထွက်နိုင်တော့ဘူးရယ် ဇာတ်မျောကြီးကို အဆုံးထိ ဖတ်ပေးလို့လဲ ကျေးဇူးတင်ပါတယ်၊ ပြီးတော့ ဒီအပိုင်းက အရင်ရေးထားတဲ့ plotအဟောင်းကို လုံးဝ ပြောင်းထားပါတယ်နော် အရင်က ဒီအပိုင်းထိ ဖတ်ထားတဲ့သူတွေကလည်း plotအသစ်လေးနဲ့ ထပ်မံ ဖတ်ပေးပါအုံးရှင်)

#Zawgyi


အရမ်း အဖိုးမတန်တဲ့ ရွှေ ဖြူလေးနဲ့  ဖန်စီကြောကျလေးတှေ ရောထားတယ်ဆိုပေမဲ့ သူပေးရင် ကိုကို ကြိုက်လောက်မှာပါဆိုတဲ့ အတွေးလေးနဲ့ ထို ငွေရောင်ဟန်းချိန်းလေးကို Jungkookဝယ်လိုက်တော့သည်....



"မင်းကKim Taehyungရဲ့ ယောင်္ကြား Jeon Jungkookဆိုတာလား...."















သို့သော် ကံတရားတို့ မည်သည် အမြဲတမ်း ကောင်းနေကြသည် မဟုတ်သလို ဆိုးနေကြသည်လဲ မဟုတ်ပေ ၊ ထို့အတူ ဘယ်သူမှ သတိထားမိတဲ့ GPSပါတဲ့ ဖုန်းလေးတစ်ခုဟာလည်း

.
.
.
.
.


"GPS!!!











'ငါ့လူတွေကို Sejungရဲ့ လူတွေ အနေနဲ့ အယောင်ဆောင်ထားပြီး ခိုင်းထားဆိုတော့ ငါမှန်း မရိပ်မိနိုင်ပါဘူးလေ ငါတို့ ရောက်သွားတဲ့အချိန် ဟိုကောင့်ကို ရှင်းပြီးရင် သိပ်ကောင်းမှာပဲ..မရှင်းရသေးရင်တော့ ငါ့လက်နဲ့ပဲ ကိုင်တိုင် နိဂုံးချုပ်ပေးရတော့မှာပေါ့လေ..hak....'

.
.
.
.
.
.
.

"စောင့်နေပါ ကလေးလေး
.
.
.
Tbc............



You are reading the story above: TeenFic.Net