OT (19)

Background color
Font
Font size
Line height

#Unicode

"အေး လူ10‌ယောက် လောက် ခေါ်ထားလိုက် ငါမနက်ဖြန် ငါ အဲ့ဒီကောင်ကို ခေါ်ထုတ်လာခဲ့မယ်...."

"....."

"Ok ဒါပဲ....ငါ့ဘက်က သေချာတယ်..."

Chanhwa ဖုန်းချလိုက်ပြီးနောက်တွင်တော့ Hyungကို ဘယ်လိုလိမ်ပြီး Jungkookကို ခေါ်ထုတ်လာရမလဲ တွေးလိုက်သည်... အိမ်မှာ နေစဉ်အတောအတွင်းမှာလည်း Jungkookက အပေါ်ထပ်မှာ သာ နေသည် ဖြစ်၍ တစ်ပတ်နေလို့ တစ်ခါ စကားမပြောဖြစ်၊ ဘာပဲ ဖြစ်ဖြစ်ပါ သူဘယ်လိုပဲ လိမ်ခေါ်ခေါ် Hyungက သူ့ကိုတော့ ယုံလောက်မှာပါလေ ဟူး....

Jungkookနဲ့ Taehyung ညဈေးမှာပဲ မုန့်တွေ ဝင်စားပြီး ဈေးလမ်းတစ်လျှောက် ‌လမ်းလျှောက်လာခဲ့သည်....

"ဒီနေ့ လမ်းပေါ် လူတွေ အတော်စည်တယ်နော် ဘာပွဲများ ရှိလို့လဲ.."

"Happy New Yearလေ....ဒါလေးတောင် မသိဘူးလား...."
အမြဲ အလုပ်ထဲမှာသာ စိတ်နှစ်ထားလို့ ပတ်ဝန်းကျင်နဲ့ အဆက်အသွယ်ပြတ်နေတဲ့ ကိုကို့ရဲ့ အမေးကို Jungkookခပ်ပြတ်ပြတ်သာ ပြန်‌ဖြေလိုက်သည်....

"အာ ဟုတ်လား...ရုံးပိတ်ရက်လဲ ဖြစ်တော့ ကိုယ် မေ့နေတာ ဟီး...."

လေးထောင့်ဆန်ဆန် အပြုံးတွေကို စွန့်ကြဲလာပြန်တဲ့ ကိုကို....ရင်ဘတ်ထဲကတော့ ဒုတ်ခနဲပဲ....
ဒါနဲ့ ဒီနေ့ ဘယ်လိုတောင် မျက်နှာအမျိုးမျိူး ပြောင်းနေတာပါလိမ့်၊ ခုနကပဲ ဝမ်းနည်းနေတဲ့ပုံစံနဲ့ အခုကျ ပျော်ရွှင်နေတဲ့ပုံနဲ့ ခင်ဗျား မျက်နှာ ဘယ်နှဖက် ရှိတာလဲ ကိုကို...

လမ်းနည်းနည်း လျှောက်လာရင်း Fairy landရှေ့ရောက်တော့

"ဒါနဲ့ ကလေးလေး ကိုယ်တို့ ကစားကွင်း ခဏ ဝင်က့ည့်ကြမလား...."

ဟော ....ကြည့် အခုလဲ ကလေးကလား အလုပ်တွေ မလုပ်စဖူး လုပ်နေပြန်ပြီ...

"သွားစရာလား...ကျွန်တော် လူကြီးဖြစ်နေပြီ....သ‌ွားချင်ရင် ခင်ဗျား ဘာသာ သွား
...ဟာ ဘယ်လိုဖြစ် ခင်ဗျား...."

Jungkookရဲ့စကားမဆုံးခင်ပဲ လက်ကို ဆွဲပြီး ကစားကွင်းဘက် ပြေးလိုက်တဲ့ ကိုကို့ကြောင့် သူ့မှာ ယုန်ပေါက်လုံး‌ေလးကို ကျားပေါက်ဆွဲသလို ရက်ကန်ရက်ကန်နဲ့ ပါသွားတော့သည်.....

ကစားကွင်းထဲ ရောက်မှ...
သူ့လက်ကို လွှတ်ပေးလိုက်တဲ့ ကိုကို...

"ဟော....ဟဲ...မောလိုက်တာ ခင်ဗျား ဘယ်... ဘယ်လိုတောင် ပြေးနေတာလဲ...."

ရင်ဘတ်လေးကို ဖိရင်း Jungkook ပြောလိုက်သည်.... ကိုကို ခင်ဗျားရဲ့ လက်လေးကို ကိုင်ဆွဲလိုက်ရလို့ ရင်ခုန်ရလွန်းတာကြောင့်လဲ ပါတယ်လို့တော့ ထည့်မပြောဖြစ်....

"ကိုယ် တောင်းပန် ‌ေတာင်းပန်ပါတယ် အရမ်းမောနေလား...ခဏ ကိုယ်ရေသွားဝယ်ပေးမယ်နော်..."

Jungkookစကားကို အရေးတယူ နားထောင်ပြီး ဂရုစိုက်နေတဲ့ ကိုကိုက Jungkook မောနေတာကို ကြည့်ပြီး ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေတာ‌ေြကာင့် Jungkookမှာ သူ့ကိုကြည့်ပြီး မောတဲ့ စိတ်‌ ပျောက်ပြီး မျက်စိတွင် ပင် နောက်လာလေသည်။

"တော်ပါပြီ လာ ဝင်ရအောင် လက်မှတ်မြန်မြန် ဖြတ်လိုက်တော့..."





မသွားချင်ပါဘူး ဆိုပြီး အတင်းငြင်းနေခဲ့တဲ့ ကလေးငယ်ဟာ ကစားကွင်းထဲက ဆော့စရာတွေကို မြင်တာနဲ့ အတော်လေး သဘောကျနေလေသည်....

ကစားကွင်းထဲမှာ တစ်ခုပြီး တစ်ခု မရိုးရအောင် စီးနေတဲ့ ကလေးငယ်...
သူပါ ထိုကလေးနဲ့ အတူတူ လိုက်စီးတာနဲ့ အခု အတော်လေး ‌ခြေကုန်လက်ပန်းကျနေလေသည်...
ထိုကောင်လေးငယ်ကတော့ အခုထိ နည်းနည်းလေးမှ‌ဝောာင် ဖြုံသေးပုံမ‌ပေါ် ။ ဒီလို နေရာဆိုရင် ရောဂါဆိုသည်မှာလည်း ထိုကလေးအတွက်တော့ ကြက်ပျောက်ငှက်ပျောက်သလို....

ခဏနားရအောင် ဆိုတဲ့ Taehyungစကားအပေါ် ဆူအောင့်အောင့်လုပ်နေတဲ့ ကလေးငယ်ဟာ သူ့စကားကိုတော့ နားထောင်ခဲ့သည်။

အသည်းပုံ ရေကန်အသေးလေး‌ဘေးနားက ခုံတန်းလေး တစ်ခုအပါ် ခဏမျှ ထိုင်နားနေရင်းက....

"Taehyung hyung~~~"

လေးလေးနက်နက်နဲ့ ခေါ်လာတဲ့ ကလေးငယ်အသံကြောင့် သူစိုက်ကြည့်လိုက်တော့ ကလေးက သူ့အကြည့်တွေကိရှောင်လွှဲနေသယောင်ယောင်....

"ဟိုးတုန်းကလည်း Jimin hyungနဲ့ ဒီ Fairyland ကို အတူတူလာခဲ့ဖူးသေးတယ်နော် အဲ့ဒီတုန်းက Jimin hyungရော Taehyungရောက အရမ်းပျော်နေခဲ့တာ ...."

"ကလေး..."
Taehyung ‌လေသံတိုး‌လေးနဲ့ ကလေးငယ်ကို သေချာလေး ငေးမောကြည့်‌ရင်း ‌ခေါ်လိုက် တော့ ကလေးက တစ်ချက်မျှသာ ကြည့်လာပြီး သူ့စကားတွေကို ရှေ့ဆက်ခဲ့သည်....

"တကယ်လို့...တကယ်လို့ပေါ့ ကျွန်တော်သာ ကြားမဝင်ခဲ့ရင် မဟုတ်သေးဘူး ကျွန်တော်သာ မွေးဖွားမလာခဲ့ရင် Hyungတို့နှစ်ယောက်စလုံး ပျော်ပျော်ရွှင်ရ်ွှင် နေသွားရမှာနော်...."

"ကလေး အဲ့ဒါတွေ မတွေးနဲ့တော့‌နော် အစကတည်းက ကံကြမ်မာက အလိုလိုဖန်တီးထားတဲ့အရာ‌တွေပါ...ကလေးရဲ့ အပြစ်တစ်ခုမှ မပါပါဘူး အရင်က ကိုယ်ပြောခဲ့မိတာတွေ အတွက်လဲ တောင်းပန်ပါတယ်နော်..."

"ဒါပေမဲ့...."

"ပြီးတော့ ကိုယ်မင်းကို အရမ်းချစ်တယ် ကလေးလေး..."

ဝမ်းနည်းစရာ အတွေးတွေကို ကလေးကို ထပ်ပြီး မတွေးစေချင်...ဒီကောင်လေးက သူ့အတွက် အဖိုးမဖြတ်နိုင်တဲ့အရာလေးဆိုတာ မသိလေရော့ပါလား ထို့ကြောင့် စကားဆက်ခွင့်မပေး‌တော့ဘဲ အဖိုးတန်လေးကို သူသိပ်ချစ်ရတဲ့အကြောင်း  ရင်ခွင်ထဲ ဆွဲထည့်ရင်း ‌ပြောလိုက်သည်..

မျက်ရည်တွေဝ‌ဲနေခဲ့တဲ့ ကလေးငယ်ဟာ.....
ချော့တဲ့သူ ရှိရင် ပိုငိုတတ်တဲ့ သဘာဝအတိုင်း ယခုတော့ ရင်ခွင်ထဲမှာ တစ်ရှုံရှုံ ငိုနေ‌ေလသည်....

"အင်...ဟင့် ကျွန်တော်လဲ ခင်ဗျားကို အရမ်းချစ်တယ် Taehyung....  မုန်းမရလောက်အောင်ထိပဲ...."

"အာ့ဆို ခင်ဗျားလို့ မခေါ်ရတော့ဘူးနော်....မွ..."

ရင်ခွင်ထဲက ခေါင်းလုံးလုံးလေးကို Taehyungငုံကာနမ်းလိုက်သည်  တစ်ဖန် မျက်လုံးရွှဲရွှဲလေးတွေနဲ့ မော့ကြည့်လာတဲ့ ကလေးငယ်ကြောင့် ဟစိစိဖြစ်နေတဲ့ နှုတ်ခမ်းပါး‌လေးကို သူထပ်မံ နမ်းရိှုက်လိုက်တော့သည်

ထိ့ုနောက်တွင်‌တော့ အနမ်းတွေကို တုန့်ပြန်လာခဲ့တဲ့ ကလေးငယ်ကြောင့် နှုတ်ခမ်းမှ တဆင့် လျှာဖျားထိအောင် နယ်ကျွံနေခဲ့မိသည်...

လေညင်းလေးတွေ တိုက်ခတ်နေပြီး လူသူရှင်းမဲ့နေတဲ့ နေရာလေးတစ်ခုနဲ့အတူ....

ဒီနေ့ရဲ့ လဟာ အတော်လေး တောက်ပနေခဲ့ပြီး ဒ‌ီတစ်ခဏတာလေးသည်လဲ ချစ်သူကောင်လေး နှစ်ဉီး အတွက် တစ်ဘဝလုံးစာ‌ မေ့မရနိုင်တဲ့ အမှတ်တရ လေး ဖြစ်နေပေတော့မည်.....
.
.
.
.
.
.
Tbc.........



#Zawgyi

"ေအး လူ10ေယာက္ ေလာက္ ေခၚထားလိုက္ ငါမနက္ျဖန္ ငါ အဲ့ဒီေကာင္ကို ေခၚထုတ္လာခဲ့မယ္...."

"....."

"Ok ဒါပဲ....ငါ့ဘက္က ေသခ်ာတယ္..."

Chanhwa ဖုန္းခ်လိဳက္ၿပီးေနာက္တြင္ေတာ့ Hyungကို ဘယ္လိုလိမ္ၿပီး Jungkookကို ေခၚထုတ္လာရမလဲ ေတြးလိုက္သည္... အိမ္မွာ ေနစဥ္အေတာအတြင္းမွာလည္း Jungkookက အေပၚထပ္မွာ သာ ေနသည္ ျဖစ္၍ တစ္ပတ္ေနလို႔ တစ္ခါ စကားမေျပာျဖစ္၊ ဘာပဲ ျဖစ္ျဖစ္ပါ သူဘယ္လိုပဲ လိမ္ေခၚေခၚ Hyungက သူ႕ကိုေတာ့ ယုံေလာက္မွာပါေလ ဟူး....

Jungkookနဲ႕ Taehyung ညေဈးမွာပဲ မုန႔္ေတြ ဝင္စားၿပီး ေဈးလမ္းတစ္ေလွ်ာက္ လမ္းေလွ်ာက္လာခဲ့သည္....

"ဒီေန႕ လမ္းေပၚ လူေတြ အေတာ္စည္တယ္ေနာ္ ဘာပြဲမ်ား ရွိလို႔လဲ.."

"Happy New Yearေလ....ဒါေလးေတာင္ မသိဘူးလား...."
အၿမဲ အလုပ္ထဲမွာသာ စိတ္ႏွစ္ထားလို႔ ပတ္ဝန္းက်င္နဲ႕ အဆက္အသြယ္ျပတ္ေနတဲ့ ကိုကို႔ရဲ႕ အေမးကို Jungkookခပ္ျပတ္ျပတ္သာ ျပန္ေျဖလိုက္သည္....

"အာ ဟုတ္လား...႐ုံးပိတ္ရက္လဲ ျဖစ္ေတာ့ ကိုယ္ ေမ့ေနတာ ဟီး...."

ေလးေထာင့္ဆန္ဆန္ အၿပဳံးေတြကို စြန႔္ႀကဲလာျပန္တဲ့ ကိုကို....ရင္ဘတ္ထဲကေတာ့ ဒုတ္ခနဲပဲ....
ဒါနဲ႕ ဒီေန႕ ဘယ္လိုေတာင္ မ်က္ႏွာအမ်ိဳးမ်ိဴး ေျပာင္းေနတာပါလိမ့္၊ ခုနကပဲ ဝမ္းနည္းေနတဲ့ပုံစံနဲ႕ အခုက် ေပ်ာ္႐ႊင္ေနတဲ့ပုံနဲ႕ ခင္ဗ်ား မ်က္ႏွာ ဘယ္ႏွဖက္ ရွိတာလဲ ကိုကို...

လမ္းနည္းနည္း ေလွ်ာက္လာရင္း Fairy landေရွ႕ေရာက္ေတာ့

"ဒါနဲ႕ ကေလးေလး ကိုယ္တို႔ ကစားကြင္း ခဏ ဝင္က့ည့္ၾကမလား...."

ေဟာ ....ၾကည့္ အခုလဲ ကေလးကလား အလုပ္ေတြ မလုပ္စဖူး လုပ္ေနျပန္ၿပီ...

"သြားစရာလား...ကြၽန္ေတာ္ လူႀကီးျဖစ္ေနၿပီ....သြားခ်င္ရင္ ခင္ဗ်ား ဘာသာ သြား
...ဟာ ဘယ္လိုျဖစ္ ခင္ဗ်ား...."

Jungkookရဲ႕စကားမဆုံးခင္ပဲ လက္ကို ဆြဲၿပီး ကစားကြင္းဘက္ ေျပးလိုက္တဲ့ ကိုကို႔ေၾကာင့္ သူ႕မွာ ယုန္ေပါက္လုံးေလးကို က်ားေပါက္ဆြဲသလို ရက္ကန္ရက္ကန္နဲ႕ ပါသြားေတာ့သည္.....

ကစားကြင္းထဲ ေရာက္မွ...
သူ႕လက္ကို လႊတ္ေပးလိုက္တဲ့ ကိုကို...

"ေဟာ....ဟဲ...ေမာလိုက္တာ ခင္ဗ်ား ဘယ္... ဘယ္လိုေတာင္ ေျပးေနတာလဲ...."

ရင္ဘတ္ေလးကို ဖိရင္း Jungkook ေျပာလိုက္သည္.... ကိုကို ခင္ဗ်ားရဲ႕ လက္ေလးကို ကိုင္ဆြဲလိုက္ရလို႔ ရင္ခုန္ရလြန္းတာေၾကာင့္လဲ ပါတယ္လို႔ေတာ့ ထည့္မေျပာျဖစ္....

"ကိုယ္ ေတာင္းပန္ ေတာင်းပန်ပါတယ် အရမ္းေမာေနလား...ခဏ ကိုယ္ေရသြားဝယ္ေပးမယ္ေနာ္..."

Jungkookစကားကို အေရးတယူ နားေထာင္ၿပီး ဂ႐ုစိုက္ေနတဲ့ ကိုကိုက Jungkook ေမာေနတာကို ၾကည့္ၿပီး ေျခမကိုင္မိလက္မကိုင္မိ ဖြဈနေတာေွကာင့ျ Jungkookမွာ သူ႕ကိုၾကည့္ၿပီး ေမာတဲ့ စိတ္ ေပ်ာက္ၿပီး မ်က္စိတြင္ ပင္ ေနာက္လာေလသည္။

"ေတာ္ပါၿပီ လာ ဝင္ရေအာင္ လက္မွတ္ျမန္ျမန္ ျဖတ္လိုက္ေတာ့..."





မသြားခ်င္ပါဘူး ဆိုၿပီး အတင္းျငင္းေနခဲ့တဲ့ ကေလးငယ္ဟာ ကစားကြင္းထဲက ေဆာ့စရာေတြကို ျမင္တာနဲ႕ အေတာ္ေလး သေဘာက်ေနေလသည္....

ကစားကြင္းထဲမွာ တစ္ခုၿပီး တစ္ခု မရိုးရေအာင္ စီးေနတဲ့ ကေလးငယ္...
သူပါ ထိုကေလးနဲ႕ အတူတူ လိုက္စီးတာနဲ႕ အခု အေတာ္ေလး ေျခကုန္လက္ပန္းက်ေနေလသည္...
ထိုေကာင္ေလးငယ္ကေတာ့ အခုထိ နည်းနည်းေလးမွေဝာာျင ၿဖဳံေသးပုံမေပၚ ။ ဒီလို ေနရာဆိုရင္ ေရာဂါဆိုသည္မွာလည္း ထိုကေလးအတြက္ေတာ့ ၾကက္ေပ်ာက္ငွက္ေပ်ာက္သလို....

ခဏနားရေအာင္ ဆိုတဲ့ Taehyungစကားအေပၚ ဆူေအာင့္ေအာင့္လုပ္ေနတဲ့ ကေလးငယ္ဟာ သူ႕စကားကိုေတာ့ နားေထာင္ခဲ့သည္။

အသည္းပုံ ေရကန္အေသးေလးေဘးနားက ခုံတန္းေလး တစ္ခုအပၚ ခဏမွ် ထိုင္နားေနရင္းက....

"Taehyung hyung~~~"

ေလးေလးနက္နက္နဲ႕ ေခၚလာတဲ့ ကေလးငယ္အသံေၾကာင့္ သူစိုက္ၾကည့္လိုက္ေတာ့ ကေလးက သူ႕အၾကည့္ေတြကိေရွာင္လႊဲေနသေယာင္ေယာင္....

"ဟိုးတုန္းကလည္း Jimin hyungနဲ႕ ဒီ Fairyland ကို အတူတူလာခဲ့ဖူးေသးတယ္ေနာ္ အဲ့ဒီတုန္းက Jimin hyungေရာ Taehyungေရာက အရမ္းေပ်ာ္ေနခဲ့တာ ...."

"ကေလး..."
Taehyung ေလသံတိုးေလးနဲ႕ ကေလးငယ္ကို ေသခ်ာေလး ေငးေမာၾကည့္ရင္း ေခၚလိုက္ ေတာ့ ကေလးက တစ္ခ်က္မွ်သာ ၾကည့္လာၿပီး သူ႕စကားေတြကို ေရွ႕ဆက္ခဲ့သည္....

"တကယ္လို႔...တကယ္လို႔ေပါ့ ကြၽန္ေတာ္သာ ၾကားမဝင္ခဲ့ရင္ မဟုတ္ေသးဘူး ကြၽန္ေတာ္သာ ေမြးဖြားမလာခဲ့ရင္ Hyungတို႔ႏွစ္ေယာက္စလုံး ေပ်ာ္ေပ်ာ္႐ႊင္ရ္ႊင္ ေနသြားရမွာေနာ္...."

"ကေလး အဲ့ဒါေတြ မေတြးနဲ႕ေတာ့ေနာ္ အစကတည္းက ကံၾကမ္မာက အလိုလိုဖန္တီးထားတဲ့အရာေတြပါ...ကေလးရဲ႕ အျပစ္တစ္ခုမွ မပါပါဘူး အရင္က ကိုယ္ေျပာခဲ့မိတာေတြ အတြက္လဲ ေတာင္းပန္ပါတယ္ေနာ္..."

"ဒါေပမဲ့...."

"ၿပီးေတာ့ ကိုယ္မင္းကို အရမ္းခ်စ္တယ္ ကေလးေလး..."

ဝမ္းနည္းစရာ အေတြးေတြကို ကေလးကို ထပ္ၿပီး မေတြးေစခ်င္...ဒီေကာင္ေလးက သူ႕အတြက္ အဖိုးမျဖတ္နိုင္တဲ့အရာေလးဆိုတာ မသိေလေရာ့ပါလား ထို႔ေၾကာင့္ စကားဆက္ခြင့္မေပးေတာ့ဘဲ အဖိုးတန္ေလးကို သူသိပ္ခ်စ္ရတဲ့အေၾကာင္း  ရင္ခြင္ထဲ ဆြဲထည့္ရင္း ေျပာလိုက္သည္..

မ်က္ရည္ေတြဝဲေနခဲ့တဲ့ ကေလးငယ္ဟာ.....
ေခ်ာ့တဲ့သူ ရွိရင္ ပိုငိုတတ္တဲ့ သဘာဝအတိုင္း ယခုေတာ့ ရင္ခြင္ထဲမွာ တစ္ရႈံရႈံ ငိုေနေလသည်....

"အင္...ဟင့္ ကြၽန္ေတာ္လဲ ခင္ဗ်ားကို အရမ္းခ်စ္တယ္ Taehyung....  မုန္းမရေလာက္ေအာင္ထိပဲ...."

"အာ့ဆို ခင္ဗ်ားလို႔ မေခၚရေတာ့ဘူးေနာ္....မြ..."

ရင္ခြင္ထဲက ေခါင္းလုံးလုံးေလးကို Taehyungငုံကာနမ္းလိုက္သည္  တစ္ဖန္ မ်က္လုံး႐ႊဲ႐ႊဲေလးေတြနဲ႕ ေမာ့ၾကည့္လာတဲ့ ကေလးငယ္ေၾကာင့္ ဟစိစိျဖစ္ေနတဲ့ ႏႈတ္ခမ္းပါးေလးကို သူထပ္မံ နမ်းရွိုက်လိဳက်ေတာ့သည်

ထိ့ုေနာက္တြင္ေတာ့ အနမ္းေတြကို တုန႔္ျပန္လာခဲ့တဲ့ ကေလးငယ္ေၾကာင့္ ႏႈတ္ခမ္းမွ တဆင့္ လွ်ာဖ်ားထိေအာင္ နယ္ကြၽံေနခဲ့မိသည္...

ေလညင္းေလးေတြ တိုက္ခတ္ေနၿပီး လူသူရွင္းမဲ့ေနတဲ့ ေနရာေလးတစ္ခုနဲ႕အတူ....

ဒီေန႕ရဲ႕ လဟာ အေတာ္ေလး ေတာက္ပေနခဲ့ၿပီး ဒီတစ္ခဏတာေလးသည္လဲ ခ်စ္သူေကာင္ေလး ႏွစ္ဉီး အတြက္ တစ္ဘဝလုံးစာ ေမ့မရနိုင္တဲ့ အမွတ္တရ ေလး ျဖစ္ေနေပေတာ့မည္.....
.
.
.
.
.
.
Tbc.........


You are reading the story above: TeenFic.Net