OT(16)

Background color
Font
Font size
Line height

#Unicode

Chanhwa ခေါ်လာတဲ့ ဒေါက်တာက ကလေးငယ်ကို စစ်ဆေးကာ ဆေးပါ   တစ်ခါတည်း သွင်းပေးလိုက်ပြီးနောက်....

"လူနာရှင်က ခင်ဗျားလား..."
Taehyungဘက်ကိုလှည့်ပြီး မေးလာတာ‌ကြောင့်....

"ဟုတ်ပါတယ် ကျွန်တော်ပါ..."

"လူနာက နှလုံးခွဲစိတ်ထားတာ ထင်တယ်၊ လူနာနဲ့ ပတ်သတ်တဲ့ ဆေးမှတ်တမ်းတွေရော ခင်ဗျားဆီမှာရှိလား..."

"သူ ခွဲစိတ်တုန်းကဆေးမှတ်တမ်း‌တွေကတော့ ကျွန်တော့်ဆီမှာ မရှိဘူး...ဒါနဲ့ အခုက သူ အခု ဘာဖြစ်တာလဲ...အရမ်း စိုးရိမ်ရလား"

"ဖျားတာရော လန့်တာရောပေါင်းပြီး သွေးလန့်သလို ဖြစ်သွားတာပါ...ပြီးတော့ သွေးလန့်ပြီး သတိမေ့တာ ကြာသွားတာကြောင့် နှလုံးရဲ့စွမ်းဆောင်ရည် ကျဆင်းပြီး ကလဲ ခန္ဓာကိုယ်က အလွန်အမင်း အေးစက်လာတာ...ဒီထက် ပိုကြာသွားရင်တော့ စိုးရိမ်ရတဲ့ အခြေအနေပဲ....
ပြီးတော့ သူ့ကို ဆေးရုံမှာ ဆေးသေချာသွားစစ်စေချင်တယ်...ခွဲစိတ်ထားတဲ့နှလုံးကနေ သိပ်မူမမှန်တဲ့ အနေအထားတွေ တွေ့နေရတယ်...."

"အဲ့ဒါက စိုး..စိုးရိမ်ရလား ဒေါက်တာ..."

"အင်း.....အဲ့ဒါတော့ ကျွန်တော် မပြောတတ်သေးဘူး သေချာ သွားစစ်ဆေးကြည့်လိုက်ပါ....."

"ဟုတ်ကဲ့ပါ....ဒေါက်တာ...."

"လူနာ မကြာခင် သတိရပါလိမ့်မယ်...အဖျားလဲရှိသေး‌တော့ သေချာလေးတော့ ဂရုစိုက်လိုက်‌ေပးပါ..."

Taehyung ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ဒေါက်တာလည်း  ပြန်သွားလေတော့သည်...

Chanhwaပါ ဒေါက်တာကို ပြန်လိုက်ပို့ဖို့ထွက်သွားပြီးတဲ့နောက်တွင်တော့

Taehyung လဲ ကုတင်ပေါ်က အခုထိ နိုးမလာသေးတဲ့ ကလေးငယ်နားလေး သွားလိုက်ကာ အေးစက်စက် လက်ဖဝါးလေးကို ဖွဖွလေး ဆုတ်ကိုင်လိုက်သည်....

ကျန်းမာရေးချူချာတဲ့ ကောင်လေးကို သူဘာလို့ အတင်းအကြပ် လုပ်မိမှန်း သူမသိ၊ တစ်ခုခုဆို ဒေါသအရမ်းကြီးလွန်းတဲ့ သူ့စိတ်ကြောင့် အခုလဲ ကလေးကို ထိခိုက်ရပြန်ပြီ...

ဖြူစွတ်စွတ် မျက်နှာလေးကို ထိုင်ကြည့်နေမိသာ ဘယ်လောက်ကြာပြီ မသိ ၊
ကုတင်ပေါ်ကနေ တဖြည်းဖြည်း လူးလွန့်လာတဲ့   ကိုယ်ငယ်‌ေ‌လးကြောင့် သာလျှင် သတိပြန်ဝင်လာခဲ့သည်...

"jungkook...ကလေးလေး နှိုးလာပြီလား...."

သတိရလို့ မျက်လုံးဖွင့်တာနဲ့ Jungkook သူ့ဘေးက လူကြောင့်  မျက်ဝန်းအစုံကျယ်သွားပြီးနောက် တစ်ခဏမှာပင် ဒေါသရိပ်သမ်းတဲ့ မျက်ဝန်း‌တွေ အဖြစ် ပြောင်းလဲသွားသည်....

"ခင်ဗျား....ထွက်သွား...."

"...."

"သွား....ခင်ဗျား မျက်နှာ မမြင်ချင်ဘူး....အခု ထွက်သွားလို့...."

Taehyung ပုခုံးကို တွန်းကာ သူနှင်ထုတ်နေမိသည်...'ဒီလောက် ချစ်ပေးခဲ့တာတောင် အနိုင်ကျင့်ဖို့ပဲ ခင်ဗျားသိတယ် ကျွန်တော်က ခင်ဗျားအတွက် ဘာလဲ! စိတ်ရှိတိုင်း ထင်သလိုလုပ်ရမယ့် ရုပ်သေးရုပ်လား ဟမ်....'

Taehyung,သူ့ကို အတင်းတွန်းထုတ်နေတဲ့ ကလေးကြောင့်  ကလေးရဲ့လက်တစ်စုံကို အမိ ဖမ်းဆုပ်ကိုင်လိုက်ပြီး ကိုယ်လုံးလေးကိုပါ နစ်မြုပ်အောင် ဖက်ထားပစ်လိုက်သည်...

"မဆိုးပါနဲ့ ကလေးငယ်ရာ....ကိုယ် လိမ်မာပါတော့မယ်နော်"

မထိတွေ့ရတဲ့ ကြာပြီ ဖြစ်တဲ့ ခန္ဓာကိုယ်ငယ် လေး....
ကိုယ် မင်းကို သိပ်လွမ်းနေခဲ့ရတာပါ ........

မြန်ဆန်လွန်းနေတဲ့ ရင်ခုန်သံတွေကို လျစ်လျူရှုရင်း Jungkookရုန်းထွက် မရတဲ့အဆုံး ကျောက်ရုပ် တစ်ရုပ်အနှယ် သူငြိမ်သက်ပစ်လိုက်သည်....

"အဟက်!! မေးပါရစေဦး၊ ကျွန်တော်က ခင်ဗျားအတွက် အရုပ်သာသာပဲ မလား Taehyung...."

ဝမ်းနည်းစိတ်တွေကြောင့် Jungkookထိန်းမရနိုင်တော့ဘဲ မျက်ဝန်းအစုံဟာလဲ ပြောနေရင်းကနေ  မျက်ရည်တွေ လျှံလာတော့သည်.....

"မ...မဟုတ်ပါဘူး ကိုယ် ပြောပြ..."

"ခင်ဗျား ဂရုစိုက်ချင်တဲ့ အချိန်မှာ ဂရုစိုက်‌ေပးပြီး....
လွှင့်ပစ်ချင်တဲ့ အချိန် အဝေးကို လွှင့်ပစ်ခံရတဲ့ အရုပ်သာသာလေ ....."

"....."

"ကျွန်တော့်ဘဝမှာလေ ခင်ဗျားကိုသာ မတွေ့ခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ....အနည်းဆုံးတော့ မျှော်လင့်ချက်တွေ ရိုက်ချိုးမခံရတာပေါ့...."

"ချစ်တယ်......"

".....ဟင်...."
မျက်ရည်တွေကြားထဲက ထွက်မိတဲ့ အာမေဋိတ် တစ်ခု....ချစ်တယ်..Taehyung! ခင်ဗျားကလား....

"ကိုယ် မင်းကို သိပ်ချစ်ပါတယ် ကလေးငယ်ရယ်...အတိတ်‌က ဖြစ်ရပ်တွေ အတွက် ကိုယ်တကယ် တောင်းပန်ပါတယ်ကွာ ...ကိုယ်တို့ အသစ်ကနေစပြီး ပျော်ပျော်ရွှင်ရွှင် လေး နေသွားကြရအောင်‌ေလနော်...."

"....."

.
.
.
.
.
.

.
.
.
.


Tbc......

(တိုသွားတယ်နော် ညကျ ထပ်Upပေးပါ့မယ်ရှင့်😚)

#Zawgyi


"လူနာရှင်က ခင်ဗျားလား..."







"ဟုတ်ကဲ့ပါ....ဒေါက်တာ...."

"လူနာ မကြာခင် သတိရပါလိမ့်မယ်...အဖျားလဲရှိသေးတော့ သေချာလေးတော့ ဂရုစိုက်လိုက်ပေးပါ..."





ကုတင်ပေါ်ကနေ တဖြည်းဖြည်း လူးလွန့်လာတဲ့   ကိုယ်ငယ်လေးကြောင့် သာလျှင် သတိပြန်ဝင်လာခဲ့သည်...



"ခင်ဗျား....ထွက်သွား...."

"...."










"ခင်ဗျား ဂရုစိုက်ချင်တဲ့ အချိန်မှာ ဂရုစိုက်ပေးပွီး....

"....."


"ချစ်တယ်......"

".....ဟင်...."


"ကိုယ် မင်းကို သိပ်ချစ်ပါတယ် ကလေးငယ်ရယ်...အတိတ်က ဖြစ်ရပ်တွေ အတွက် ကိုယ်တကယ် တောင်းပန်ပါတယ်ကွာ ...ကိုယ်တို့ အသစ်ကနေစပြီး ပျော်ပျော်ရွှင်ရွှင် လေး နေသွားကြရအောင်လေနျော...."

"....."

.
.
.
.
.
.
.
.
.
.


Tbc......



You are reading the story above: TeenFic.Net