OT (11)

Background color
Font
Font size
Line height

#Unicode

ကိုကို ဒီတစ်ခါ ဆေးရုံပြန်ရောက်လာချိန်မှာတော့ Chanhwaပါ အတူတူ ပါလာသည်....

" ကိုယ် ဒီနေ့ companyမသွားဘူး...ဆေးရုံမှာပဲ နေမယ်...အော် ပြီးတော့ Chanhwaက မင်းကို စိတ်ပူနေတာနဲ့ သူ့ပါ ခေါ်လာလိုက်တာ..."

"........"

"အဆင်ပြေလား Jungkook...."
Chanhwaက လှမ‌်းမေးလိုက်သည်...

"ပြေပါတယ် ကျွန်တော့်ကို စိတ်ပူမနေပဲ companyသာ သွားကြပါ..."

"မပူလို့ ရမလား ခဏလေး လွှတ်ထားလိုက်ရင် ဖြစ်တော့တာပဲ..."

"တောင်းပန်ပါတယ် အလုပ်ရှုပ်စေမိတဲ့အတွက်...."

'မဟုတ်တာ အလုပ်မရှုပ်လို့ ပြောနေတာ မဟုတ်ဘူး‌လေကွာ မင်းလေး ဘာမှ မဖြစ်ဖို့ကသာ ပိုအရေးကြီးတာပါ....'

Taehyungရဲ့စိတ်ထဲမှာတော့ ရင်ထဲကအတိုင်း ပြောနေမိ‌ပေမဲ့ ....
အပြင်မှာ  မာနက တင်းခံနေပြန်တော့....
"နောက်ဆို ဆင်ခြင်လေ အဲ့ဒါဆိုလည်း.."

"သိပါပြီ..."

ပါးစပ်ကသာ သိပါပြီ ပြောတာ လက်တွေ့ကတော့ ရွဲ့ချင်တာလား ဘာလားမသိ Taehyတို့ဖက်ကို ကျောပေးကာ ကုတင်တစ်ဖက်ကို လှည့်သွားသည်...ဘယ်လောက်ပဲ သူ့စကား နာခံတတ်သော်လည်း  မူရင်းဓာတ်ခံလေးက အရွဲ့တိုက်လေးမို့ ဆန္ဒက ပြတတ်သေးသည်.....

အတန်ကြာ jungkook အိပ်‌ေပျာ်သွားတော့...
"Chanhwa ၊ ကိုယ့်အစား ရုံးသွားပေးပါ့လား ဒီနေ့ ရှယ်ယာရှင် အစည်းအဝေးရှိနေတော့ ပျက်လို့က မရလို့လေ..."

"Jungkookလဲ သက်သာနေပြီပဲ Hyungရယ်
Companyပဲ သွားကြရအောင်လေ Hyungပါတော့ ပိုအဆင်ပြေတာပေါ့..."

"Chanhwa မသွားချင်ရင် ပြောပါ
ကိုယ် အစည်းအဝေးဖျက်လိုက်မယ်..
Jungkookကို တစ်ယောက်တည်း စိတ်မချဘူး..."

'အာ့လောက်တောင်ပဲလား Hyung...
ဒါဆို ကျွန်တော်ကရော ဘာလဲ အဖြည့်ခံသက်သက်လား ကျွန်တော်ကသာ Hyungကို အရင်တွေ့ခဲ့ပြီး အရင်ချစ်ခဲ့ရသူပါ'

Chanhwaစိတ်ထဲမှာ နာကျင်နေလဲ အပြင်မှာတော့
"အင်းပါ ဖျက်တော့ မဖျက်ပါနဲ့ Hyungအစား ကျွန်တော် သွားလိုက်ပါ့မယ် ..."

"ကျေးဇူးပါ Chanhwa..."

"မဟုတ်တာ...ဒါဆို ကျွန်တော် သွားတော့မယ်နော်...."

အပြုံးလေးဖြင့် လက်ရမ်းပြကာ ထွက်သွားတဲ့ Chanhwaဆိုတဲ့ ထိုကောင်လေးကိုကြည့်ပြီး
'အရမ်းဖြူစင်ပြီး ကူညီတတ်တဲ့ ကောင်လေးပါလား...' ဟုသာ Taehyung မှတ်ချက် ချလိုက်သည်....

မနက် ၁၀နာရီလောက်က အိပ်ပျော်သွားတဲ့ Jungkookက နေ့လည် ၂နာရီလောက်မှာတော့ နှိုးလာသည်...

အပျင်းကြောဆန့်ကာ အားရပါးရ သမ်းရင်း အခန်းထဲ  ဝေ့ကြည့်လိုက်တော့...
"အမယ်လေး!!.."

Jungkookလန့်လဲ လန့်ချင်စရာ လူနာစောင့်ခုံမှာ အသံတစ်ချက်‌လေးမှ‌ တောင် မပေးဘဲ မျက်တောင် မခပ်တမ်းစိုက်ကြည့်နေတဲ့ Taehyungက သူမနှိုးခင်ကတည်းက ထိုနေရာမှာ ရှိနေတာ ဖြစ်လောက်သည်....

"ဗိုက်ဆာနေပြီလား..."

"ဟုတ်..."

"ဘာစားချင်လဲ စားချင်တာပြော...."

"ရေခဲမုန့်...."

"သေချင်နေတာလား...."

"hyungပဲ စားချင်တာ ပြောဆိုလို့ ပြောတာလေ...."

"နည်းနည်းလေး စဉ်းစားပြောလေ...ဒီလောက် သေမတတ်ဖျားထားတာကို ရေခဲမုန့် စားချင်နေသေးတယ်..."

"အဲ့ဒါဆို ဘာလို့ လာမေးနေသေးတာလဲ ကြိုက်တာသာ ဝယ်ကျွေးလိုက်လေ...."

"ငါ ထု ထည့်လိုက်ရ ပြန်ပြောနေတယ် ငါမင်းထက် ၈နှစ်လောက်ကြီးတာ မမေ့နဲ့..."

သူ ငေါက်လောက်တော့ ဟွန့်' ဟုဆိုကာ နှုတ်ခမ်းဆူသွားတဲ့ ထိုကောင်လေးငယ် ၊
တကယ်ပါပဲ ြကက်ပေါက်လေးလား ယုန်ပေါက်လေးလား မခွဲခြားတတ်တော့ဘူး....

"ကြက်‌ပေါင်းခေါက်ဆွဲနဲ့ နွားနို့ပူပူလေး သောက်မလား..."

"ငြင်းလဲ ကျွေးချင်တာပဲ ကျွေးတာမဟုတ်လား အဲ့ဒါပဲ မှာလိုက်ပါ...."

လူကို လာရွဲ့နေတဲ့ ထိုကလေးကြောင့်..

အရင်စိတ်နဲ့သာဆို စိတ်ဆိုးမိမှာ မှန်ပေမဲ့ အခုတော့ ရင်ဘတ်ကြီးက ဘာဖြစ်ချင်နေမှန်းမသိ အူယားပြီးရင်းသာ ယားနေတော့သည်....

အစာကျွေးပြီး ဆေးတိုက်ပြီးသည်နှင့် အပြင်ခဏ လမ်းလျှောက်ထွက်ချင်တယ်ဆိုတာ‌ကြောင့် ဆေးရုံပန်းခြံဘက် Taehyungပါ လိုက်‌ပေးရတော့သည်....

၁၅မိနစ်လောက် လမ်းလျှောက်ပြီးနောက်...

"အဟွတ်...အဟွတ်...."
ရုတ်တရက်ချောင်းဆိုးလာတဲ့ Jungkook‌ကြောင့် သူအမြန်ပဲ အနားသွားကာ လက်ကို တွဲလိုက်ရင်း...

"လာ...အခန်းပြန်မယ်...."

"ခဏလေးပါ ဟိုမှာ သီချင်းဆိုမို့လား မသိဘူး ကြည့်ချင်လို့...."
ဆေးရုံဆိုပေမဲ့ တစ်ချို့လူနာတွေ အပျင်းပြေ‌ပျော်ရွှင်စရန် သီချင်းလာဆိုတဲ့ လမ်းဘေးအနုပညာရှင်လေးတွေ ရှိလေသည်....

"လူကသာ လူမမာ ဟိုဟာလုပ်ချင်ရတာနဲ့ ဒီဟာလုပ်ချင်ရတာနဲ့ ...."

"ခဏလေးပါပဲ  တစ်ပုဒ်လောက်ပဲ နော်..."

အတင်းတောင်းဆိုနေတဲ့ ရှေ့က ယုန်ပေါက်ကြောင့် သူလဲ ဘာမှ ဆက်မပြောတော့ဘဲ ဝတ်ထားတဲ့ အနွေးထည်ကိုသာ  ချွတ်ပြီး ဆေးရုံဝတ်စုံသာ ဝတ်ထားတဲ့ ထိုကောင်လေးကို ဝတ်ပေးလိုက်တော့ မျက်လုံးဝိုင်းလေးတွေနဲ့ သူ့ကို တအံ့တဩကြည့်လာပြန်သည်....

"ဟမ်း!...အဟမ်း...နောက်ထပ် ထပ်ဖျားရင် ငါ အလုပ်ပျက်မှာစိုးလို့..."

ဒီတစ်ခါတော့ မျက်လုံးတွေ မှိတ်ပြီး ရှေ့သွားလေး နှစ်ချောင်း ပေါ်ထွက်သည်အထိ ရီပြလာသည်.... Taehyungလဲ ရုပ်တည်ကြီးနဲ့ ထိုအပြုံ‌း‌လေးကို ကြောင်ကြည့်နေမိရင်း ထိုယုန်ပေါက် မျက်နှာလွှဲသွားမှသာလျှင် နှုတ်ခမ်းကို အသာချိတ်ကာ သူခိုးပြုံးမိလိုက်သည်....

ဂီတာသံလေးက တဖြည်းဖြည်း ပန်းခြံအတွင်းလွင့်ပြယ်လျက်....

ထို့အတူ ခုံလေးပေါ် ထိုင်ကာ နားထောင်နေတဲ့ သူတို့နှစ်ဦးဆီသို့ သံစဉ်လေးတွေကဟာလည်း လွင့်ပြယ်လာတော့သည်....

ဆိုးလ်မြို့ရဲ့ အေးစက်လှတဲ့ ရာသီဥတုနဲ့ အတူ ဝမ်းနည်းဖွယ်ကောင်းတဲ့ သီချင်းလေးတစ်ပုဒ်......

သီချင်းလေး နာမည်က 'Only Then'တဲ့

အာ့သီချင်လေးအတိုင်းပါပဲ ကိုကို....

'ကိုကို သာ တခြားတစ်ယောက်ကို ချစ်မိသွားပြီဆိုရင် ပြီးတော့ ကျွန်တော်သာ ကိုကို့ကို မေ့နိုင်သွားပြီဆိုပြီး တိတ်တိတ်လေးသာ ကျွန်တော် ထွက်သွားမှာပါ...'

ပုံမှန်ဆို ကျွန်တော်က အတ္တကြီးတတ်ပေမဲ့ ကိုကို့ကို ချစ်ပြီး နောက်ပိုင်း ကိုကို့ပျော်ရွှင်မှု့ကသာ ကျွန်တော့်အတ္တ ဖြစ်လာတာ....
.
.
.
Tbc.....

#Zawgyi

ကိုကို ဒီတစ္ခါ ေဆး႐ုံျပန္ေရာက္လာခ်ိန္မွာေတာ့ Chanhwaပါ အတူတူ ပါလာသည္....

" ကိုယ္ ဒီေန႕ companyမသြားဘူး...ေဆး႐ုံမွာပဲ ေနမယ္...ေအာ္ ၿပီးေတာ့ Chanhwaက မင္းကို စိတ္ပူေနတာနဲ႕ သူ႕ပါ ေခၚလာလိုက္တာ..."

"........"

"အဆင္ေျပလား Jungkook...."
Chanhwaက လွမ‌္းေမးလိုက္သည္...

"ေျပပါတယ္ ကြၽန္ေတာ့္ကို စိတ္ပူမေနပဲ companyသာ သြားၾကပါ..."

"မပူလို႔ ရမလား ခဏေလး လႊတ္ထားလိုက္ရင္ ျဖစ္ေတာ့တာပဲ..."

"ေတာင္းပန္ပါတယ္ အလုပ္ရႈပ္ေစမိတဲ့အတြက္...."

'မဟုတ္တာ အလုပ္မရႈပ္လို႔ ေျပာေနတာ မဟုတ္ဘူး‌ေလကြာ မင္းေလး ဘာမွ မျဖစ္ဖို႔ကသာ ပိုအေရးႀကီးတာပါ....'

Taehyungရဲ႕စိတ္ထဲမွာေတာ့ ရင္ထဲကအတိုင္း ေျပာေနမိ‌ေပမဲ့ ....
အျပင္မွာ  မာနက တင္းခံေနျပန္ေတာ့....
"ေနာက္ဆို ဆင္ျခင္ေလ အဲ့ဒါဆိုလည္း.."

"သိပါၿပီ..."

ပါးစပ္ကသာ သိပါၿပီ ေျပာတာ လက္ေတြ႕ကေတာ့ ႐ြဲ႕ခ်င္တာလား ဘာလားမသိ Taehyတို႔ဖက္ကို ေက်ာေပးကာ ကုတင္တစ္ဖက္ကို လွည့္သြားသည္...ဘယ္ေလာက္ပဲ သူ႕စကား နာခံတတ္ေသာ္လည္း  မူရင္းဓာတ္ခံေလးက အ႐ြဲ႕တိုက္ေလးမို႔ ဆႏၵက ျပတတ္ေသးသည္.....

အတန္ၾကာ jungkook အိပ္‌ေပ်ာ္သြားေတာ့...
"Chanhwa ၊ ကိုယ့္အစား ႐ုံးသြားေပးပါ့လား ဒီေန႕ ရွယ္ယာရွင္ အစည္းအေဝးရွိေနေတာ့ ပ်က္လို႔က မရလို႔ေလ..."

"Jungkookလဲ သက္သာေနၿပီပဲ Hyungရယ္
Companyပဲ သြားၾကရေအာင္ေလ Hyungပါေတာ့ ပိုအဆင္ေျပတာေပါ့..."

"Chanhwa မသြားခ်င္ရင္ ေျပာပါ

ကိုယ္ အစည္းအေဝးဖ်က္လိုက္မယ္..
Jungkookကို တစ္ေယာက္တည္း စိတ္မခ်ဘဴး..."

'အာ့ေလာက္ေတာင္ပဲလား Hyung...
ဒါဆို ကြၽန္ေတာ္ကေရာ ဘာလဲ အျဖည့္ခံသက္သက္လား ကြၽန္ေတာ္ကသာ Hyungကို အရင္ေတြ႕ခဲ့ၿပီး အရင္ခ်စ္ခဲ့ရသူပါ'

Chanhwaစိတ္ထဲမွာ နာက်င္ေနလဲ အျပင္မွာေတာ့
"အင္းပါ ဖ်က္ေတာ့ မဖ်က္ပါနဲ႕ Hyungအစား ကြၽန္ေတာ္ သြားလိုက္ပါ့မယ္ ..."

"ေက်းဇူးပါ Chanhwa..."

"မဟုတ္တာ...ဒါဆို ကြၽန္ေတာ္ သြားေတာ့မယ္ေနာ္...."

အၿပဳံးေလးျဖင့္ လက္ရမ္းျပကာ ထြက္သြားတဲ့ Chanhwaဆိုတဲ့ ထိုေကာင္ေလးကိုၾကည့္ၿပီး
'အရမ္းျဖဴစင္ၿပီး ကူညီတတ္တဲ့ ေကာင္ေလးပါလား...' ဟုသာ Taehyung မွတ္ခ်က္ ခ်လိဳက္သည္....

မနက္ ၁၀နာရီေလာက္က အိပ္ေပ်ာ္သြားတဲ့ Jungkookက ေန႕လည္ ၂နာရီေလာက္မွာေတာ့ ႏွိုးလာသည္...

အပ်င္းေၾကာဆန႔္ကာ အားရပါးရ သမ္းရင္း အခန္းထဲ  ေဝ့ၾကည့္လိုက္ေတာ့...
"အမယ္ေလး!!.."

Jungkookလန႔္လဲ လန႔္ခ်င္စရာ လူနာေစာင့္ခုံမွာ အသံတစ္ခ်က္‌ေလးမွ‌ ေတာင္ မေပးဘဲ မ်က္ေတာင္ မခပ္တမ္းစိုက္ၾကည့္ေနတဲ့ Taehyungက သူမႏွိုးခင္ကတည္းက ထိုေနရာမွာ ရွိေနတာ ျဖစ္ေလာက္သည္....

"ဗိုက္ဆာေနၿပီလား..."

"ဟုတ္..."

"ဘာစားခ်င္လဲ စားခ်င္တာေျပာ...."

"ေရခဲမုန႔္...."

"ေသခ်င္ေနတာလား...."

"hyungပဲ စားခ်င္တာ ေျပာဆိုလို႔ ေျပာတာေလ...."

"နည္းနည္းေလး စဥ္းစားေျပာေလ...ဒီေလာက္ ေသမတတ္ဖ်ားထားတာကို ေရခဲမုန႔္ စားခ်င္ေနေသးတယ္..."

"အဲ့ဒါဆို ဘာလို႔ လာေမးေနေသးတာလဲ ႀကိဳက္တာသာ ဝယ္ေကြၽးလိုက္ေလ...."

"ငါ ထု ထည့္လိုက္ရ ျပန္ေျပာေနတယ္ ငါမင္းထက္ ၈ႏွစ္ေလာက္ႀကီးတာ မေမ့နဲ႕..."

သူ ေငါက္ေလာက္ေတာ့ ဟြန႔္' ဟုဆိုကာ ႏႈတ္ခမ္းဆူသြားတဲ့ ထိုေကာင္ေလးငယ္ ၊
တကယ္ပါပဲ ၾကက္ေပါက္ေလးလား ယုန္ေပါက္ေလးလား မခြဲျခားတတ္ေတာ့ဘူး....

"ၾကက္‌ေပါင္းေခါက္ဆြဲနဲ႕ ႏြားနို႔ပူပူေလး ေသာက္မလား..."

"ျငင္းလဲ ေကြၽးခ်င္တာပဲ ေကြၽးတာမဟုတ္လား အဲ့ဒါပဲ မွာလိုက္ပါ...."

လူကို လာ႐ြဲ႕ေနတဲ့ ထိုကေလးေၾကာင့္..
အရင္စိတ္နဲ႕သာဆို စိတ္ဆိုးမိမွာ မွန္ေပမဲ့ အခုေတာ့ ရင္ဘတ္ႀကီးက ဘာျဖစ္ခ်င္ေနမွန္းမသိ အူယားၿပီးရင္းသာ ယားေနေတာ့သည္....

အစာေကြၽးၿပီး ေဆးတိုက္ၿပီးသည္ႏွင့္ အျပင္ခဏ လမ္းေလွ်ာက္ထြက္ခ်င္တယ္ဆိုတာ‌ေၾကာင့္ ေဆး႐ုံပန္းၿခံဘက္ Taehyungပါ လိုက္‌ေပးရေတာ့သည္....

၁၅မိနစ္ေလာက္ လမ္းေလွ်ာက္ၿပီးေနာက္...

"အဟြတ္...အဟြတ္...."
႐ုတ္တရက္ေခ်ာင္းဆိုးလာတဲ့ Jungkook‌ေၾကာင့္ သူအျမန္ပဲ အနားသြားကာ လက္ကို တြဲလိုက္ရင္း...

"လာ...အခန္းျပန္မယ္...."

"ခဏေလးပါ ဟိုမွာ သီခ်င္းဆိုမို႔လား မသိဘူး ၾကည့္ခ်င္လို႔...."
ေဆး႐ုံဆိုေပမဲ့ တစ္ခ်ိဳ႕လူနာေတြ အပ်င္းေျပ‌ေပ်ာ္႐ႊင္စရန္ သီခ်င္းလာဆိုတဲ့ လမ္းေဘးအႏုပညာရွင္ေလးေတြ ရွိေလသည္....

"လူကသာ လူမမာ ဟိုဟာလုပ္ခ်င္ရတာနဲ႕ ဒီဟာလုပ္ခ်င္ရတာနဲ႕ ...."

"ခဏေလးပါပဲ  တစ္ပုဒ္ေလာက္ပဲ ေနာ္..."

အတင္းေတာင္းဆိုေနတဲ့ ေရွ႕က ယုန္ေပါက္ေၾကာင့္ သူလဲ ဘာမွ ဆက္မေျပာေတာ့ဘဲ ဝတ္ထားတဲ့ အႏြေးထည္ကိုသာ  ခြၽတ္ၿပီး ေဆး႐ုံဝတ္စုံသာ ဝတ္ထားတဲ့ ထိုေကာင္ေလးကို ဝတ္ေပးလိုက္ေတာ့ မ်က္လုံးဝိုင္းေလးေတြနဲ႕ သူ႕ကို တအံ့တဩၾကည့္လာျပန္သည္....

"ဟမ္း!...အဟမ္း...ေနာက္ထပ္ ထပ္ဖ်ားရင္ ငါ အလုပ္ပ်က္မွာစိုးလို႔..."

ဒီတစ္ခါေတာ့ မ်က္လုံးေတြ မွိတ္ၿပီး ေရွ႕သြားေလး ႏွစ္ေခ်ာင္း ေပၚထြက္သည္အထိ ရီျပလာသည္.... Taehyungလဲ ႐ုပ္တည္ႀကီးနဲ႕ ထိုအၿပဳံ‌း‌ေလးကို ေၾကာင္ၾကည့္ေနမိရင္း ထိုယုန္ေပါက္ မ်က္ႏွာလႊဲသြားမွသာလွ်င္ ႏႈတ္ခမ္းကို အသာခ်ိတ္ကာ သူခိုးၿပဳံးမိလိုက္သည္....

ဂီတာသံေလးက တျဖည္းျဖည္း ပန္းၿခံအတြင္းလြင့္ျပယ္လ်က္....

ထို႔အတူ ခုံေလးေပၚ ထိုင္ကာ နားေထာင္ေနတဲ့ သူတို႔ႏွစ္ဦးဆီသို႔ သံစဥ္ေလးေတြကဟာလည္း လြင့္ျပယ္လာေတာ့သည္....

ဆိုးလ္ၿမိဳ႕ရဲ႕ ေအးစက္လွတဲ့ ရာသီဥတုနဲ႕ အတူ ဝမ္းနည္းဖြယ္ေကာင္းတဲ့ သီခ်င္းေလးတစ္ပုဒ္......

သီခ်င္းေလး နာမည္က 'Only Then'တဲ့

အာ့သီခ်င္ေလးအတိုင္းပါပဲ ကိုကို....

'ကိုကို သာ တျခားတစ္ေယာက္ကို ခ်စ္မိသြားၿပီဆိုရင္ ၿပီးေတာ့ ကြၽန္ေတာ္သာ ကိုကို႔ကို ေမ့နိုင္သြားၿပီဆိုၿပီး တိတ္တိတ္ေလးသာ ကြၽန္ေတာ္ ထြက္သြားမွာပါ...'

ပုံမွန္ဆို ကြၽန္ေတာ္က အတၱႀကီးတတ္ေပမဲ့ ကိုကို႔ကို ခ်စ္ၿပီး ေနာက္ပိုင္း ကိုကို႔ေပ်ာ္႐ႊင္မႈ႕ကသာ ကြၽန္ေတာ့္အတၱ ျဖစ္လာတာ....
.
.
.
Tbc.....


You are reading the story above: TeenFic.Net