Final (Part-1)

Background color
Font
Font size
Line height

#Unicode

Chanhwa သေနတ်ချိန်လိုက်တာကို မြင်လိုက်သည်နဲ့ Jungkook သူရှေ့မှာ ရပ်နေတဲ့ ကိုကို့ကို ကာကွယ်ပေးဖို့ရာ ဆွဲလှည့်လိုက်သော်ငြား ....ကိုကိုက သိနေသည်အလား တစ်ဖန်ပြန်ဆွဲလှည့်လိုက်ကာ သူ့ကိုယ်လုံးငယ်လေးကို အုပ်မိုးလိုက်ချိန်တွင်....

ဒိုင်း!

အ့!

ကိုကို!!

ထို့အတူ ရဲတွေ တားနေသည့်ကြားမှ လှမ်းပစ်လိုက်သည့် Chanhwa ဆီသို့ စုပြုံဝင်လာသည့် ကျည်ဆံများ

ဒိုင်း! ဒိုင်း!

ဒိုင်း!

မျက်လုံး ပွင့်လျက်နဲ့ သေဆုံးသွားပြီဖြစ်သော် Chanhwaဆီသို့ Jungkook အာရုံမစိုက်နိုင်ပါ
မျက်နှာလေး ဖြူဖျော့လာကာ နောက်ကျောဘက်မှ သွေးတွေ အိုင်ထွန်းလာသော ကိုကို့ကြောင့်....

"ကိုကို ကိုကို သတိထားပါအုံး..."

"ကိုကို အာ့ ဘာမှ မဖြစ်ပါဘူး က ...ကလေးလေး စိတ်မပူနဲ့နော်..."

"အင့် ဟင့် ဘာကို ဘာမှ မဖြစ်တာလဲ ကိုကို့ နောက်ကျောမှာ သွေးတွေ အများကြီးပဲ ဟင့်..."

"အာ့..... အ အဆင်ပြေသွားမှာပါ  ကလေးရယ်...."

"ဟင့် ကိုကိုသာ တစ်ခုခုဖြစ်ရင် ကျွန်တော် သေမှာ သိရဲ့လား...."

"အွန်း ကိုကိုက အာ့ ဒီချစ်စရာကလေးလေးကို ခွဲမသွားနိုင်ပါဘူး...

အခုတော့ ကိုကို ခဏ အိပ်လိုက်အုံးမယ်နော်.."

"ဟင့်....ဟင့်အင်း မအိပ်ရဘူး!
Kim Taehyung မျက်လုံးဖွင့်! မျက်လုံးဖွင့်လို့ အီးဟီး ကျွန်တော် ပြောနေတယ်လေ ခင်ဗျား မကြားဘူးလား....
ခဏနေ လူနာတင်ကား လာတော့မှာမို့ တောင့်ခံပေးပါအုံး ခင်ဗျားရယ်......"

သို့ပေမဲ့ မေ့မြောသွားသောသူသည် အမှောင်ကမ်ဘာထဲသို့ ဆုံးဆုံး ဝင်ရောက်သွားပြီ ဖြစ်သလို ဘယ်အချိန်မှ ပြန်နှိုးထ လာနိုင်မှန်းလည်း ဘယ်သူမှ မသိနိုင်တော့ပါပေ ....
ဒါမှမဟုတ် ထာဝရ ပြန်နိုးထမလာနိုင်တော့တာများ ဖြစ်သွားမလား........
.
.
.
.
.
.
ခွဲစိတ်ခန်းအရှေ့မှ အသိစိတ်မကပ်သေးဘဲ ရပ်စောင့်နေသော်သူအား KimSeokJin ကူစောင့်ပေးရင်း....

"အဆင်ပြေသွားမှာပါ JungKookieရယ်
မင်း အေးအေးဆေးဆေး အနားယူပါအုံးလား
မင်းပါ လှဲသွားလိမ့်မယ်..."

Jungkookက ရှိုက်ကာငိုရင်း.....

"ဟင့်အင်း ကျွန်တော် ကိုကို ဘေးကင်းမှပဲ စိတ်ဖြောင့်နိုင်မှာ...ကျွန်တော်ကြောင့် ဟင့် ကျွန်တော်ကြောင့် ကိုကို အခုလို ဖြစ်ရတာ..."

"မင်းကြောင့်လည်း မဟုတ်မပါဘူးကွာ ပြီးတော့ Hyungယုံကြည်တယ် Kim Taehyungက သေချာပေါက် မင်းဆီ ပြန်လာမှာပါ..."

"ဟင့်...ဟုတ်တာပေါ့ သူသာ ပြန်မလာတော့ရင် ကျွန်တော် နောက်တစ်ယောက် ဟင့်....ထားမှာ ဟင့်
ဒီလူ့ကို ချစ်ဖို့ ပေးဆပ်ရတဲ့အချိန်တွေ ဘယ်လို များခဲ့လဲ ဒီလူ အသိဆုံး ထားခဲ့ရဲရင်တော့ ဒီတစ်ခါ တကယ်ကြီး မုန်းပစ်တော့မှာ ဟင့်...."

" ဒါပေါ့ သူသာ ထားသွားရင် Jungkookieလေးကို မတရားရာ ကျမှာပေါ့နော့်..."

စိတ်မကောင်းတဲ့ကြားက အရမ်းငိုနေသော ကောင်ငယ်လေးကို KimSeokJinသည်လည်း ချော့မြူရပါသေးသည်။

တဖက်ခန်းတွင် မခွဲခွာနိုင်သေးသော ဝိဉာဉ်ငယ်တစ်ခုက ထိုစကားလုံးများကို ကြားသွားသည့်အလား ရပ်သွားခဲ့တဲ့ နှလုံးက ပြန်ခုန်လာခဲ့လေသည်.....



နောက်ထပ် နာရီဝက်လောက်ကြာတော့ ခွဲစိတ်ခန်းထဲမှ ဆရာဝန်တွေ ထွက်လာတာကြောင့် SeokJinနဲ့ Jungkook အမြန်အနားသွားလိုက်ကာ.... SeokJinက....

"သူ အဆင်ပြေသွားပြီလား ပရော်ဖက်ဆာ..."

"အင်း အစကတော့ သွေးထွက်လွန်ပြီး နှလုံးရပ်မလို့ ဖြစ်သွားသေးတယ်၊ ဒါပေမဲ့ အချိန်မှီ ကယ်လိုက်နိုင်လို့ အခုတော့ အဆင်ပြေသွားပါပြီ...."

Jungkook လည်း ကိုကို အဆင်ပြေသွားတယ်ကြားမှ သက်ပြင်းဖွဖွလေး ချမိတော့သည်။
'တော်သေးတာပေါ့ ကိုကိုရယ်'

" ကျေးဇူးပါ ပရော်ဖက်ဆာ ..."

"ရပါတယ် SeokJinရယ် ခဏနေ လူနာကို သီးသန့်ခန်းထဲ ရွှေ့ပေးမယ် ၊ အဲ့ကျရင် သွားကြည့်လို့ရပါပြီ မကြာခင် သတိရလာမှာပါ..."

"ဟုတ်ကဲ့ပါဗျ"



တအောင့်အကြာမှာတော့ SeokJinက Jungkook ကို အားဆေးသွင်းပေးဖို့ရာ ခေါ်သွားတော့သည်....
ဆေးမသွင်းရင် ကိုကို့ဆီ သွားမတွေ့ရ ဟုသော တစ်ချက်လွှတ်အမိန့်ကြောင့် Jungkookလည်း မငြင်းနိုင်တော့ပေ....

သွင်းပေးထားတဲ့ ဆေးရည် ကုန်သည်နဲ့ ကိုကို့ရိှိရာဆီသို့ Jungkookသွားလိုက်တော့သည်။
ကိုကို့မျက်နှာက  သွေးေရာင္ ပြန်လွှမ်းလာတာကြောင့် အခုမှသာ Jungkook စိတ်ချနိုင်တော့ပေသည်။

ခုနက အားဆေးထဲမှာ အိပ်ဆေး ပါသည်ထင် ....ကိုကို့ကုတင်ဘေးလေး ဝင်ထိုက်ရင်း ခဏအကြာ Jungkook အတော်လေး မျက်ခွံတေွလေးလာသည်မို့ ကိုကို့လက်လေးကို ဆုတ်ကိုင်ထားရင်း  သူအိပ်မော ကျသွားတော့သည်။

' ကျွန်တော်နိုးလာရင် ကိုကို့ကို အရင်ဆုံး တွေ့ချင်ပါသည် ကိုကို...သတိရပါတော့နော်..."



#Zawgyi


ဒိုင်း!

အ့!

ကိုကို!!


ဒိုင်း! ဒိုင်း!

ဒိုင်း!










.
.
.
.
.
.















" ကျေးဇူးပါ ပရော်ဖက်ဆာ ..."


"ဟုတ်ကဲ့ပါဗျ"




သွင်းပေးထားတဲ့ ဆေးရည် ကုန်သည်နဲ့ ကိုကို့ရှိရာဆီသို့ Jungkookသွားလိုက်တော့သည်။
ကိုကို့မျက်နှာက  သွေးရောင် ပြန်လွှမ်းလာတာကြောင့် အခုမှသာ Jungkook စိတ်ချနိုင်တော့ပေသည်။

ခုနက အားဆေးထဲမှာ အိပ်ဆေး ပါသည်ထင် ....ကိုကို့ကုတင်ဘေးလေး ဝင်ထိုက်ရင်း ခဏအကြာ Jungkook အတော်လေး မကျြခှံတှေလေးလာသညျမို့ ကိုကို့လက်လေးကို ဆုတ်ကိုင်ထားရင်း  သူအိပ်မော ကျသွားတော့သည်။







You are reading the story above: TeenFic.Net