ဘယ်ဖက်ဒူးပေါ် ညာဖက်ဒူး တင်တယ်ဆိုရုံလေး ခြေချင်း ချိတ်လျက် စားပွဲအဆုံးတွင် ထိုင်နှင့်လျက် မဒမ်ကို သူ စောင့်နေလိုက်သည်။ ရန်လိုတာမျိုး မဟုတ်သော်လည်း စူးရှရှ မျက်ဝန်းများသည် မျက်လုံး ဝိုင်းဝိုင်းလေးနှင့် တကယ် အတွဲအစပ်မိလွန်းသည်။
ခပ်တင်းတင်း စေ့ထားသော နှုတ်ခမ်းလေးနှင့် ကိုးဆယ်ဒီဂရီ မတ်နေသော ခါးတို့သည် ဘယ်သူ့ကိုမှ တရေးတယူ မြင်လွှာတွင် ထည့်မည် မဟုတ်ကြောင်း သက်သေတွေပင်။
အမှန်တော့ မျက်ဝန်းနက်တို့သည် ပွင့်လာမည့် တံခါးကိုသာ အာရုံစိုက်လျက် ရှိနေသည်။
‘ငါလုပ်နိုင်ပါ့မလား’
လက်ချောင်းလေးများ ကျစ်နေအောင် ကွေးဆုပ်ထားသည်ကို အနောက်တွင် ရပ်နေသော အေးရိပ်က မြင်သည်။
“စိတ်မလှုပ်ရှားနဲ့ အရမ်းကြောက်လာရင် ချမ်းကိုပဲ တွေး ကျော်ဖြတ်နိုင်မှ ရမယ်”
အေးရိပ်ပေးသော alarm သည် မေပိုးဥ အတွက် အလုပ်ဖြစ်သည်။ ချမ်းဆိုသည့် အသံကြားသည်နှင့် ချက်ချင်း လက်ချောင်းလေးများပြေလျော့ကာ သက်ပြင်းဖွဖွ ချလျက် သူ အသင့် အနေအထား ဖြစ်နေပြီ ဖြစ်သည်။
‘တစ်စုံတစ်ယောက် စောင့်နေမယ့် အိမ်ပြန်ခရီးက အဲ့လောက်တောင်ပဲ စွမ်းအားကြီးသလား’
‘ငါ့ရဲ့ကံကို နင့်ဆီမှာ လောင်းထားတယ် မေပိုးဥ ငါတို့တစ်ယောက်ချင်းဆီရဲ့ ကံကြမ္မာက နင့် လက်ထဲမှာပဲ’
တံခါးကိုသာ တည့်တည့်စိုက်ကြည့်နေသော မျက်လုံးများသည် မဒမ်ဝင်လာသည်နှင့် ချက်ချင်းဆိုသလို ထမင်းစားပွဲဘေးက ပြတင်းပေါ်ဆီသို့ ရောက်သွား၏။
‘မဆိုးဘူး လုပ်တာ ကောင်းတယ် တကယ့်ကို နှင်းပိုးအိမ် clone လေးပဲ’
အကူမိန်းကလေးက ထိုင်ခုံရွှေ့ပေးသည်နှင့် မတ်တပ်ရပ်ကာ သူ့ လေးစားမှုကို ပြလိုက်၏။ မဒမ်ထိုင်ပြီးသည့်နောက်မှ မေပိုးဥ လိုက်ထိုင်၏။မဒမ်က ဝိုင်ခွက်ကို အရင်ကိုင်ပြီး မေပိုးဥကတော့ ခရင်းနှင့် ဓားကို အရင်ကိုင်သည်။ ယခုအချိန်ထိတော့ သင်ပေးထားသမျှနှင့် ကွက်တိကျနေသေးသည်။
“တွေ့ခဲ့လား”
မဒမ့်ဆီမှ မေးခွန်းစပြီ ဖြစ်သော်လည်း မေပိုးဥ မလှုပ်။ အကြည့်လေး တစ်ချက်တောင် မဒမ့်ဆီမှာ ရှိမနေ။ ပန်းကန်ထဲက အသားကိုသာ ဂရုစိုက်လျက် လှီးဖြတ်နေသည်။
“ပျောက်သွားတဲ့ ရက်အတွင်း အဲ့ကလေးဆီ ရောက်နေခဲ့တာ မဟုတ်ဘူးလား”
လက်ကျန်ဝို်ငကို အပြီးသတ်လျက် မဒမ့်၏ မျက်လုံးတို့သည် မေပိုးဥကို စူးစိုက်ကြည့်နေသည်။ အမူအရာ မပျက် သူ့မနက်စာကို မေပိုးဥ သုံးဆောင်နေဆဲ ဖြစ်သည်။
“မေပိုးဥ အဲ့ဒီကလေး အသက်ရှင်နေသေးတယ်မလား”
ထိုမေးခွန်းကို မေပိုးဥ မပြောနှင့် အေးရိပ်ပါ ထိတ်သွား၏။ နှင်းပိုးအိမ် သေချာရှင်းလိုက်သည့် ကိစ္စတိုင်းကို ဘယ်သူမှ ပြန်ဖော်နိုင်ရိုး ထုံးစံမရှိခဲ့ပါ။ အခု ဘယ်လိုဖြစ်လို့ မဒမ်ဆီ အထိပါ ရောက်လာရတာလဲ။
အေးရိပ် အခြေအနေကို မထိန်းနိုင်ခင်မှာပင် မေပိုးဥသည် မဒမ့်မျက်လုံးသို့ စူးစူးစိုက်စိုက်ကြည့်ပြီး သွားပြီဖြစ်သည်။ မဒမ်ဆီမှ ဒုတိယမေးခွန်း မလာခင် ခပ်မြန်မြန် စားပွဲမှ ထထွက်သွား၏။
အကောင်းဆုံး ဖြေရှင်းနည်းပင်။
မဒမ်နှင့်တွေ့ပေးဖို့ သေချာ ပြင်ဆင်ပေးထားသော်လည်း ထိုသို့သော အရေးပေါ် အခြေအနေများအတွက် ပြင်ဆင်မှုကို အေးရိပ်လုပ်မပေးထား။ ဖြတ်ထိုးဉာဏ်ကို အသုံးချနိုင်သည်ဟုပဲ ခေါ်ရမည်။
ခြေလှမ်းသည်လည်း ပုံမှန်၊ တင်းနေအောင် စေ့ထားသော နှုတ်ခမ်းများသည်လည်း နည်းနည်းလေးမှ ပြေလျော့သွားခြင်း မရှိ။
အခန်းထဲရောက်သည်နှင့် ဝုန်းကနဲ တံခါးကို စောင့်ပိတ်လိုက်ကာ တံခါးရွက်ကို မှီလို့ ကျုံ့ကျုံ့လေး ထိုင်နေသည့် မေပိုးဥ။
“အရမ်းတော်..”
အေးရိပ် ချီးကျူးသည့် စကားပင် မဆုံးလိုက်ရှာ သူ့ဆံပင်ထဲ သူ့လက်ဖောင်းဖောင်းလေးတွေကို ဖွက်လို့
“အံမယ်လေး ကြောက်စရာကြီး အေးရိပ် ကြောက်စရာကြီး”
မျက်စိရှေ့က ပုံလေးကို ကြည့်ပြီး ရယ်ချလိုက်ချင်သော်လည်း အောက်နှုတ်ခမ်းကို ဖိကိုက်လို့ သူ့ရယ်ချင်စိတ်ကို အေးရိပ် ခမျာ ထိန်းချုပ်ထားရသည်။
အမှန်မှာတော့ မေပိုးဥ အပေါ် သူ ထိုသို့ မတင်းကျပ်ချင်။
‘ငါတို့အားလုံးရဲ့ ကံက နင့်လက်ထဲမှာ ရှိနေတာမလို့..’
တစ်ထေရာထဲ တူနေသည့် အမွှာဟုဆိုသော်လည်း တကယ်တော့ နှစ်ယောက်သည် လုံးလုံး ဆန့်ကျင်ဖက်ဖြစ်သည်။ မေပိုးဥသည် နာမည်နှင့်လိုက်အောင် ဥထားချင်စရာ ကောင်းသည့် နုနုဥဥ ကလေးဖြစ်ပြီး နှင်းပိုးအိမ်ကတော့ မာကြော ခက်ထန်လွန်းသည်။
“အေးရိပ် ငါ မမဆီကို စာလေး တစ်စောင်လောက် ရေးလို့ မရဘူးလား”
“ဖုန်းပြောချင်တယ် မဟုတ်ပဲ စာလား”
“တကယ်လား ငါဖုန်းပြောလို့ ရတာလား”
“သေချာပေါက်..”
မေပိုးဥ၏ မျက်လုံးလေးများသည် တလက်လက်ဖြင့် အေးရိပ်အား ငေးစိုက်လျက် ကြည့်နေသည်။
“ဘယ်ရမလဲ”
သူ့ အဖြေအဆုံး၌ ခေါင်းအုံးအား ခပ်ပြင်းပြင်းထုလျက်
“ဒီလိုဖြစ်မယ်ဆိုတာ ငါသိသားပဲ အဲ့တာကြောင့် စာလေးတစ်စောင်လောက်လို့ပဲ ခွင့်တောင်းခဲ့တာ မဟုတ်ဘူးလား”
“အင်း ရေးထားလိုက်လေ ငါပို့ပေးမယ်”
မှန်တင်ခုံရှေ့မှာ ထိုင်လျက် လက်ရေးဝိုင်းလေးများဖြင့် စီထားသော စာတစ်စောင်ကို မေပိုးဥ ပြင်ဆင်နေသည်။ နံရံကို မှီလျက် ရပ်စောင့်ပေးနေသော အေးရိပ်။
“ဒီစာက မနက်ဖြန်ဆို မမဆီရောက်ပြီလား”
ဝုန်းကနဲဆိုသလို တံခါးကို စောင့်ဖွင့်လျက် ဝင်လာသူက နှင်းပိုးအိမ်။ လက်ကောက်ဝတ်နှင့် ခြေကျင်းဝတ်တို့တွင် သွေးစို့လျက် ရှိနေသည်။ဘယ်လိုဖြစ်လို့ ဒဏ်ရာတွေ ရလာရတာလဲ။
မေပိုးဥဆီသို့ တန်းတန်းမတ်မတ် လျှောက်လာကာ ကော်လံကနေ ဆွဲမလျက်
“မတွေ့စေနဲ့လို့ သတိပေးခဲ့တယ်မဟုတ်ဘူးလား”
လေသံမမာသော်လည်း နှင်းပိုးအိမ်၏ အကြည့်တစ်ချက်နှင့်တင် မျက်ရည်က ဝဲတက်လာ၏။ သူ့ ကော်လံစကိုကိုင်ကာ တစ်လှမ်းချင်း ရှေ့သို့တိုးတိုးလာသည်မို့ လူက နောက်ဆုတ်ရင်း ဆုတ်ရင်း ခုတင်နှင့် ထိနေပြီ။ ထပ်ဆုတ်စရာ ခြေလှမ်းမကျန်တော့။
“သေချာလုံအောင် ပုန်းခဲ့ရမှာပေါ့”
ကော်လံစကို ကိုင်ထားသည့် လက်ချောင်းတို့သည် ပို၍ တင်းကျပ်လာ၏။ ဘယ်လိုစကားလုံးမျိုး သုံးပြီး ဖြေသင့်လဲ စဉ်းစားနေစဉ်မှာပင် နှင်းပိုးအိမ်၏ လက်ကောက်ဝတ်ကို အုပ်ကိုင်လိုက်သည့် အေးရိပ်၏ လက်ချောင်းရှည်တွေ။
ဒဏ်ရာတွေပေါ်မှ အုပ်ကိုင်ထားတာဖြစ်သော်လည်း တစ်ချက်လေးတောင် တွန့်သွားတာမျိုး မရှိ။ထို့အပြင် သူ့ကော်လံစကို ဆွဲထားသည့် နှင်းပိုးအိမ်၏ လက်ချောင်းတို့သည် နည်းနည်းလေးမှ ပြေလျော့မသွား။
ဒေါသလျှံနေသော မျက်ဝန်းနက်တွေဟု မေပိုးဥ မြင်သော်လည်း အေးရိပ်၏ အမြင်အရတော့ ထိုသို့ ဟုတ်ဟန်မတူ။ အေးရိပ်သည် အေးဆေးလွန်းနေ၏။
အလျင်လိုနေသော ခြေသံများဖြင့် အခန်းထဲသို့ ပြေးဝင်လာသည့် ကောင်လေးသုံးယောက်။ အေးရိပ် တစ်ချက်ပဲ ကြည့်ရသေးသည် သူတို့ မျက်နှာများသည် ဇီးရွက်လောက်သာ ကျန်တော့သည်။ နှင်းပိုးအိမ်၏ မျက်လုံးများသည်လည်း အေးရိပ်ကဲ့သို့ပင် ထိုသုံးယောက်ဆီမှာ။
ပခုံးနှင့် လည်ပင်းကြားအား လက်ဝါးစောင်းဖြင့် တစ်ချက်ရိုက်ပြီးနောက် ခွေကနဲဖြစ်သွားသော နှင်းပိုးအိမ်အား ဆွေ့ကနဲ ပွေ့ကာ အခန်းထဲမှ ထွက်သွားသော အေးရိပ်။
နှင်းပိုးအိမ်ရဲ့ အခိုက်အတန့် အားလုံးကို အလွတ်ရနေသည့်သူမို့လို့လားပဲ..ဘယ်အချိန်မှာ တိုက်ခိုက်ရမည်ဆိုတာကို သူ သေချာသိနေသည်။
အခု မျက်စိရှေ့မှာ ဖြစ်ပျက်သွားတာက ဘယ်လို အခြေအနေမျိုးလဲ။ အရမ်းအနီးကပ် မဟုတ်ပေမယ့် ခဏလေး တွေ့လိုက်တဲ့ အချိန်မျိုးမှာတောင် အေးရိပ်က နှင်းပိုးအိမ်အပေါ် နူးညံ့တာကို မေပိုးဥ ခံစား မိသည်။
ဘာက လွဲမှားနေတာလဲ မသိပေမယ့် တစ်ခုခုက…။
မှေးစင်းလာသော မျက်လုံးများသည် မကြာခင်မှာ ပိတ်ကျတော့မည်ဆိုတာ မေပိုးဥ သိသည်။ အေးရိပ်သည် သူ့ညစာထဲတွင် အိပ်ဆေးတစ်မျိုးမျိုး ထည့်တတ်သည်ဟု ထင်၍ ဒီည ညစာကို အငတ်ခံ ခဲ့သော်လည်း အရာမထင်။
ညစာ မဟုတ်ရင် အိပ်ဆေးကို ဘယ်မှာသုံးတာများလဲ။ ငါ ရေတောင် မသောက်တာကို။
‘မဖြစ်ဘူး နောက်ဆုံး တစ်ကြောင်းလောက် ရေးဖို့ ကျန်သေးတာကို’
ခုတင်ပေါ် စွေ့ကနဲ ပြုတ်ကျသွားသော ခန္ဓာကိုယ်လေးကတော့ သူ့စိတ်စေရာအတိုင်း လှုပ်ရှားနိုင်ခြင်း မရှိတော့ပြီ။ ဒါပေမယ့်လည်း ကိစ္စမရှိ။ အိပ်မက်ထဲတွင် ၁၅ ကြိမ်မြောက်သော အိမ်ပြန်ခရီးကို သူ စတင်နေပြီဖြစ်သည်။
“ထတော့ မေပိုး”
ဖြတ်ခနဲ လိုက်ကာကို ဆွဲဖွင့်ကာ သူ့ကို စတင်အလုပ်ပေးတော့မည့် အေးရိပ်။
ဒီမနက်တော့ ခါတိုင်းလို အေးရိပ် တစ်ယောက်ထဲ မဟုတ်။ အေးရိပ်နှင့်အတူ ပါလာသည့် အကူ မိန်းကလေး လေးယောက် ရှိနေသည်ကို မြင်လိုက်ရသဖြင့် မေပိုးဥ စိတ်ပျက်သွားမိသည်။
သေချာပေါက် သူ ဒီကို စစရောက်ချင်း နေ့တုန်းကလိုမျိုး ဒီမိန်းကလေးတွေသည်လည်း သူနှင့် တစ်မနက်ပဲ တွေ့ရမည့် သူများဖြစ်သည်။
“မဒမ်ဘေးမှာ တစ်စက္ကန့်လေးတောင် အတိမ်းမခံပဲ ငြိမ်ငြိမ်လေး ရပ်ပေးနေရင်ရပြီ”
“မေးချင်တာ ရှိသေးလား”
“အေးရိပ် သူတို့ ငါ့မျက်နှာကို မြင်ဖူးပေမယ့် ငါကသူတို့မျက်လုံးထဲမှာတော့ နှင်းပိုးအိမ်ပဲ မဟုတ်ဘူးလား ငါတို့ကြားမှာ ဘာကွာခြားချက်မှ မရှိတာ”
“လိုရင်းက”
“သူတို့ အမြင်မှာ ငါက နှင်းပိုးအိမ် ဖြစ်နေမှာပဲမလို့ သူတို့ကို…”
မေပိုးဥ၏ တောင်းဆိုမှုသည်ပင် အဆုံးမသတ်လိုက် ရှေ့ဆင့်၊နောက်ဆင့် ထွက်ပေါ်လာသော သေနတ်သံ လေးချက်။
ကျယ်လောင်လွန်းသည့် သေနတ်သံကြောင့်လား ထပ်ပြီး သူများအသက်ကို ဖြတ်နင်းရင်း မနက်ဖြန်ကို ကူးလျှောက်ရပြန်ပြီဆိုတဲ့ ခံစားမှုကြောင့်လား လှမ်းနေရင်းမှ ယိုင်ခနဲ ခွေညွတ်ကျသွားသည့် ခြေထောက်တွေ။
သူ့ဘေးတွင် အပုံလိုက်ကလေး ခပ်ခွေခွေ ယိုင်လဲနေသော မေပိုးဥကို ငုံ့ကြည့်လျက်
“နင်နဲ့ နှင်းပိုးအိမ် ကြားမှာ ကွာခြားချက် ဘာလို့ မရှိရမှာလဲ”
“တစ်မျက်နှာထဲပဲကို ငါတို့ကို ယှဉ်ပြီး ခွဲချင်ရင်တောင် မတူညီတဲ့ အစိတ်အပိုင်း..”
သူ့ရှေ့မှနေ ပိတ်ရပ်ကာ အပေါ်မှ အုပ်မိုးကြည့်နေသည့် အေးရိပ်။
“15.24 cm”
မျက်ရည်ဝဲနေသော မျက်လုံးများနှင့် အေးရိပ်အား ငေးစိုက်ကြည့်နေသော်လည်း အေးရိပ် ဘာကိုဆိုလိုမှန်း သူ နားလည်ပုံမရပါ။
“နင်နဲ့ နှင်းပိုးအိမ်ကြားက ကွာခြားမှုက 15.24 cm”
“အကုန်လုံးချွတ်စွပ်တူပေမယ့် နင်တို့ အရပ်တွေ မတူကြဘူး နင်က ငါးပေပဲ ရှိပြီး နှင်းပိုးအိမ်က ၅ ပေ ၆ ရှည်တယ်”
“15.24 cm (6”) လောက်ကွာခြားမှုအတွက်နဲ့ လူတွေကို သတ်ပစ်လိုက်တာလား”
တုန်လှုပ်ထိတ်လန့်နေသည့် မေပိုး၏ ပုံစံကြောင့် အေးရိပ် အနည်းငယ်စိတ်ပူသွားမိသည်။ သူ ဒီနေ့အတွက် ကြိုးစားပြင်ဆင်ထားခဲ့ရသည် မဟုတ်လား။ နည်းနည်းလေးမှ အတိမ်းအစောင်းခံလို့ မဖြစ်။
မေးရိုးကနေ ကိုင်ညှစ်ကာ
“မမြင်သလို နေလိုက်ဖို့ ပြောဖူးတယ်မလား ဒီအိမ်မှာ နင့်နားမှာ အနီးကပ်နေတဲ့ ငါကစလို့ ဖိနပ်တိုက်ပေးတဲ့သူအထိ ဘယ်သူ့ကိုမှ ပေါ့ပေါ့ကလေး မတွေးလိုက်နဲ့ သူတို့က နင်နဲ့ နှင်းပိုးအိမ်ရဲ့ အရပ်ကွာခြားချက်ကို သတိမထားမိလောက်အောင်အထိ တုံးအ မယ်ထင်နေလား”
အေးရိပ်ပြောတာလည်း ဟုတ်ပါသည်။ သူ့ ခြေဖဝါးအောက်တွင် ရှိနေသော ဖိနပ်ကို စီးနိုင်ဖို့ ၇ ရက်လောက် သူ အချိန်ယူခဲ့ရသည်။ နှင်းပိုးအိမ် အရပ်နှင့် ကွက်တိညီစေရန် အေးရိပ် လုပ်ပေးထားသော ဒေါက်သည် သူ့အတွက် မြင့်လွန်းသည်။ ဒေါက်ကို လူမမြင်စေရန် ခြေမျက်စိထိ ဖုံးသော ဂါဝန်များ ဝတ်လျက် ချော်မလဲစေရန်လည်း သတိထားရပြန်သည်။
အေးရိပ် ထိုမျှအထိ ပြောပြီးတာတောင် မေပိုးဥ၏ မျက်ရည်က မရပ်တန့်သေး။
“အခု စောင့်နေတဲ့သူဆီ ပြန်နိုင် မပြန်နိုင်ဆိုတာ နင့်အပေါ်မှာပဲ မူတည်တော့တယ်”
ခလုတ်ပိတ်လိုက်သလိုမျိုး ရပ်တန့်သွားသည့် မျက်ရည်တွေသည် အေးရိပ်ရှေ့တင်။ မေးဖျား တစ်လျှောက် တွဲလဲခိုနေသော မျက်ရည်စများကို ဖယ်ရှားလို့
“ငါဘာလုပ်ရင်ရပြီလဲ”
“ငါပြောသလိုပဲ နာရီလက်တံရဲ့ တစ်စက္ကန့်စာလေးတောင် မလှုပ်ပဲ ငြိမ်ငြိမ်ကလေး မဒမ်ဘေးမှာ ရပ်နေ”
‘တောင်းပန်ပါတယ် ငါ့ကို ခွင့်မလွှတ်ပါနဲ့ မေပိုး’
များလွန်းတဲ့ ဧည့်သည်တွေသည် မြက်ခင်းပြင် အပြည့်။ ပြုံးပြ နှုတ်ဆက်သည့် သူ ရှိသော်လည်း အေးရိပ် သင်ပေးထားသည့်အတိုင်းပင် နှုတ်ခမ်းကို တင်းနေအောင် စေ့လျက် ခါးကို ကိုးဆယ်ဒီဂရီ မတ်နေအောင် ထားလျက် ဧည့်ခံပွဲအတွင်းသို့ သူ ဝင်လိုက်သည်။
မဒမ်ရှိရာဆီသို့သာ တည့်တည့်လျှောက်သွားလျက် သင်ပေးထားသည့်အတိုင်းဘေးတွင် နေရာယူလိုက်သည်။အေးရိပ်သည်လည်း သူ့နောက် မလှမ်းမကမ်းတွင် ရပ်လျက် ရှန်ပိန်တစ်ခွက်ကိုင်ကာ ရှိနေသည်။
ဘာမှ ကြီးကြီးမားမား မဖြစ်လောက်ဘူး ရပ်နေရုံလေးတင်ဟု တွေးထားသော်လည်း စူးကနဲ ဖြစ်သွားသော နာကျင်မှုသည် ရင်ဘတ်မှ လာသည်။ လက်ထဲမှ ဝိုင်ခွက်လည်း ပြုတ်ကျသွားကာ သူ့ ပန်းရောင်ဂါဝန်လေးပေါ် ဖိတ်စင်ကုန်သည်။
လဲကျသွားသော ကိုယ်လေးအား ကောက်ယူဆွဲပွေ့လိုက်သူ ကတော့ မဒမ်ပင်။ မဒမ်က သူ့ရင်ဘတ်ကို ဖိလို့ အသည်းအသန် အော်ဟစ်နေသည်။ သူအော်ဟစ်နေ သည့် စကားလုံးတွေကို ကြားနေသော်လည်း မေပိုးဥ နားမလည်။
‘နာလိုက်တာ အရမ်းနာတယ်’
ရင်ဘတ်နားလေးသည် နီရဲတက်လျက် ဂါဝန်၏ အောက်အနားစလေးကတော့ နဂိုအတိုင်း ပန်းရောင် ဖြစ်သည်။
‘ဒီအနီရောင်တွေက ဘာတွေလဲ အေးရိပ်.. ဝိုင်တွေ ဟုတ်တယ်မလား’
ရှုပ်ယှက်ခတ် ဆူညံ့နေသည့်ကြားမှ ပီပီပြင်ပြင် ထွက်ပေါ်လာသော သေနတ် မောင်းတင်သည့် အသံ။ လဲကျနေသည့် သူ့ရှေ့မှ ရပ်ကာ သေနတ်မောင်းတင်လျက် ချိန်ထားသည့် အေးရိပ်။
‘မဟုတ်ဘူးမလား ငါ့ကို မသေစေရဘူးလို့ ပြောထားတယ်လေ’
သူ့ စိတ်ထဲက စကားသံကို အေးရိပ်က ကြားသည်ထင်
“ငါပြောဖူးတယ်မလား သေဖူးပြီးသား လူတွေက သေရမှာကို မကြောက်ဘူးလို့”
‘မမဆီ ပြန်ပို့ပေးမယ်လို့ ကတိပေးထားတယ်လေ..ထပ်ပြီး နောက်တစ်ခေါက် တွေ့မှ ဖြစ်မယ်.. မဟုတ်ရင် သူ့ တစ်ဘဝလုံး ငါ့ကို စောင့်နေမှာ’
သေနတ်ပြောင်းမှ ကျည်ထပ်မထွက်ခင်ပင် ရှည်လျားသည့်မျက်တောင်တွေသည်ညွတ်ဆင်းလာကာ ပိတ်ကျသွားခဲ့ပြီ။
အရာအားလုံးသည် အေးရိပ်စီစဉ်ထားသည့်အတိုင်း အံဝင်ခွင်ကျ ဖြစ်ခဲ့သည်။ သူ့မျက်စိရှေ့မှာ ဖြစ်သော်လည်း သူ့ အဘွား၏ နောက်ဆုံးအချိန်ကို မေပိုးဥအား သူ မပြချင်။
“တကယ့်ကို revenge is sweet ပဲ”
လက်ခုပ်ကို တစ်ချက်ခြင်း တီးလျက် မြက်ခင်းပေါ် နင်းဖြတ်လာသည့် Ellen ။
“နောက်ဆုံးတော့ နင်တကယ် လုပ်လိုက်ပြီပဲ”
အနီရောင်တချို့ ရောယှက်လျက် ငြိမ်သက်နေသည့် အဖြူရိပ်လေးကို သဘောတကျ ငေးစိုက်လို့ အေးရိပ်ကို ချီးကျူးနေသည်။
ကမ္ဘာပေါ်မှာ ၁ ယောက်အပြင် ပိုမရှိတဲ့ သူ့သွေးသားဖြစ်တဲ့ သူ့ရဲ့ မောင်အရင်းက သူ့အသက်ထက် ပိုချစ်ပါတယ်ဆိုတဲ့ အမျိုးသမီးကိုမှ သေစေချင်လောက်အောင်အထိ မုန်းသတဲ့လားလေ။
“ဘယ်တုန်းကမှ မပစ်ပယ်ခဲ့ဖူးဘူးလို့ ပြောတယ်လေ”
အေးရိပ်၏ မုသားတွင် ပျော်ဝင်နှစ်ခြိုက်သွားသည့် သူကတော့ Ellen ပင်။
“ဘာကို ကြည့်နေတာလဲ Drakenbeg တွေရဲ့ အိမ်ပြန်ခရီးကို ကြိုဆိုမယ့်သူ မရှိဘူးလား”
Ellen စကားသည် အခြေအနေကို ပိုပြီး လှုပ်လှုပ်ရွရွ ဖြစ်သွားစေသည်။
“အခု Drakenbeg လို့ ပြောလိုက်တာလား”
“Draken တွေက သုတ်သင်ခံလိုက်ရပြီးသား မဟုတ်ဘူးလား”
“ကလေးလေး ၂ ယောက် ရှင်ကျန်တယ်ဆိုတဲ့ ကောလာဟလတွေ ရှိပေမယ့်..”
“မဒမ်က Dreaken ၂ ယောက်ကို မွေးစားထားတယ်ဆိုတာ ကောလာဟလ မဟုတ်ဘူးပေါ့”
“Draken တွေရဲ့ တည်ရှိမှုဟာ ငါတို့လောကမှာ ညှာတာမှု မရှိသင့်ဘူးဆိုတဲ့ ပြယုဂ်ပဲ”
Ellen သည် ထိုသူ့ တည့်တည့်ကို ချိန်လျက်
“ဘယ်လိုညှာတာမှု မရှိသင့်တာလဲ ဒီလိုမျိုးလား”
မေးခွန်းနှင့် အတူ ပြေးဝင်သွားသော ကျည်ဆံသည် ထိုသူ့ခေါင်းထဲမှာ။
“ဒီနေရာမှာ ငါပေးတဲ့ အဖြေကို မကျေနပ်တဲ့ တခြားတစ်ယောက်များ ထပ်ရှိသေးလား”
ဘယ်သူမှ Ellen မေးခွန်းကို ထပ်မဖြေရဲကြတော့။ အားလုံးတိတ်ဆိတ်လျက် နှုတ်ပိတ်နေကြသည်။
“တကယ်လို့ ဒီထပ်ပိုကောင်းတဲ့ အဖြေကို လိုချင်တဲ့သူများ ရှိရင် ဘုရားသခင်နဲ့တွေ့တော့မှ ထပ်မေးကြည့်လို့ရတယ်လေ”
Ellen ပခုံးအားကိုင်လို့
“တော်လောက်ပြီ Ellen လုံလောက်နေပါပြီ”
နံရံနှင့် ထိရိုက်ကာ အစိပ်စိပ် အမွှာမွှာဖြစ်သွားသော ဖန်ခွက်လေးသည် အေးရိပ် အရှေ့မှာ။ ဒီလောက်နှင့် နှင်းပိုးအိမ်၏ ဒေါသ မပြေသေးဘူးဆိုတာ သူသိသည်။
ဘယ်သူ့ကိုမှ မပြောဖို့ သေချာ နှုတ်ပိတ်ထားသော်လည်း သူ့အသက်နှင့် ဒီသတင်းကိုလဲလျက် နှင်းပိုးအိမ်ဆီ အရောက်ပို့သွားသော အိမ်အကူ အမျိုးသမီးသည်လည်း ဖန်ကွဲစများဘေးတွင် အသက်မဲ့နေပြီဖြစ်သည်။
“နင် အားလုံးကို ငါ့ဘဝထဲကနေ စုတ်ဖြဲပစ်လိုက်တယ်”
ဘယ်သူ့ကို မဆို ခက်ထန်ထန်၊စူးစူးရှရှ ကြည့်တတ်ပေမယ့် သူ့မြင်လွှာမှာ အေးရိပ်ရှိလျှင်တော့ ဘာကြောင့်ရယ်မသိ နူးညံ့မှုတစ်ခုက အလိုလို ရော ယှက်သွားတတ်သည်။
ညတိုင်း ယခုလို အေးရိပ် ရှေ့က နာကျင်ပြီး ဝမ်းနည်းနေသည့် မျက်ဝန်းတွေကို အိပ်မက်မက်ခဲ့ဖူးသည်။ မက်တိုင်းလည်း အဲ့လို အကြည့်မျိုး မလုပ်ပါနဲ့လို့ ငိုယိုပြီး တောင်းပန်ခဲ့ရသူက အေးရိပ်ပင်။
တကယ့်တကယ်တမ်း လက်တွေ့ တွင်တော့ တောင်းပန်ဖို့ရာ အေးရိပ်တွင် ခွန်အားမကျန်တော့။
“ငါတစ်ခါမှ မမြင်ဖူးပေမယ့် အရူးလို ကာကွယ်ချင်ခဲ့တဲ့ ငါ့အမွှာ အကုန်လုံးဆီကနေ ဖွက်ထားပေးနိုင်ဖို့ ငါ့မှာ ရှိသမျှ အရာအားလုံး ရင်းထားခဲ့ရတဲ့ ငါတစ်ခါမှ လက်ဖျားနဲ့တောင် မထိတွေ့ဖူးတဲ့ ငါ့ညီမကို နင်..”
ကျည်ဆန်အချက်တစ်ရာထက် ပိုပြီး အနာသည်းစေတာဟာ နှင်းပိုးအိမ် အခု ပြောနေတဲ့ စကားလုံးတွေ မဟုတ်ဘူး။
ကူရာမဲ့နေတဲ့ ကလေးငယ်လေးလို နာကျင်နေတဲ့ ..
အေးရိပ်ရှေ့က နီထွေးထွေး မျက်ခမ်းစပ်တွေ။
တခြားတစ်ယောက်အတွက်နဲ့ အဲ့လို မနာကျင်ပါနဲ့ ..
ငါရူးတော့မယ်။
“အရမ်းမုန်းပေမယ့်.. မနက်တိုင်း မနက်စာ တူတူစားဖို့ တစ်ရက်လေးတောင် ငါမပျက်ကွက်ခဲ့ဖူးဘူး အဲ့လို ငါ့အတွက် အရေးကြီးတဲ့လူကိုလည်း နင်..”
“မဒမ်ကတော့ သေချာပေါက် ငါပြန်တောင်းရမယ့် အကြွေးရှိခဲ့တယ် မဟုတ်ဘူးလား”
အေးရိပ်၏ ဖြေရှင်းချက်ကြောင့် တစ်လှမ်းချင်း တိုးလာနေသည့် ခြေလှမ်းလေး ရပ်သွား၏။
“ဟက်.. နောက်ဆုံးတော့ နင်စကားပြောပြီပဲ”
အခု အေးရိပ်ကို ခနဲ့လိုက်တာလား။
“ဝင်လာကတည်းက လူသေကောင်လိုမျိုး ငါ့ကို စိုက်ကြည့်နေလို့ နင့်လျှာ ပျောက်သွားတယ်လို့တောင် ငါထင်နေတာ”
အေးရိပ်၏ ကော်လံစအား ခပ်တင်းတင်းဆုပ်ကိုင်လို့
“ဒါဆို ငါ့ရှေ့မှာ ငြိမ်နေတဲ့ မိန်းကလေးကရော.. သူကရောနင့်ကို ပေးစရာ အကြွေးရှိလို့လား”
“သခင့်အမိန့်ကို မလိုက်နာတဲ့ အစေခံတွေဆို ဘယ်လိုထိန်းသိမ်းလဲ နင်အသိဆုံး မဟုတ်ဘူးလား”
ခပ်တင်းတင်း ဆုပ်ကိုင်ထားသော လက်ချောင်းရှည်တွေသည် ပြေလျော့ကျသွား၏။မျက်ဝန်းထဲတွင် အသက်မဲ့နေသော ကိုယ်ခန္ဓာထဲသို့ ကျည်တစ်တောင့်ပြီး တစ်တောင့် မရပ်မနားပစ်သွင်းနေသော ပုံရိပ်က ပြန်လည်ထင်ဟပ်လာသည်။ထိုအတိတ်သို့ ဆွဲခေါ်သွားတိုင်း ဆက်လက် မတ်တပ်ရပ်နိုင်စွမ်း မရှိအောင် ခြေထောက်တွေမှာ အားဖျော့ရသည်။
ဆံသားနုနုထဲ လက်ချောင်းသွယ်တွေ ထိုးဖွလို့ သူ့ ခေါင်းကို ထိန်းကိုင်ထားမိသည်။ ထပ်ပြီး သူ ပြန်မသွားချင်တော့သည့် အတိတ်တွေ မဟုတ်လား။
ထိုင်ချလျက် နှင်းပိုးအိမ်၏ မျက်နှာနားထိ တိုးကပ်လို့
“အခုထိ ဒီအလောင်းကောင်အတွက် ငါ့မှာ တာဝန်ရှိတယ်လို့ ထင်နေတုန်းပဲလား”
နီရဲစိုအီနေသော မျက်လုံးဝိုင်းလေးဖြင့် အေးရိပ်အား စူးစူးစိုက်စိုက်ကြည့်ကာ
“အဲ့ကလေးဆီတော့ သူ့ကို ပြန်ပို့ပေးလို့ ရတယ်မလား”
နှင်းပိုးအိမ် ပြောသည့် အဲ့ကလေးသည် ချမ်းကို ဆိုလိုတာမှန်း အေးရိပ်သိလိုက်သည်။
“ဟမ်..အေးရိပ် ပို့ပေးမယ် မဟုတ်လား”
အေးရိပ်သည် မည်သို့သော အဖြေကိုမှ မပေး။ သူ့အား စိုက်ကြည့်လျက်သာ ငြိမ်သက်နေသည်။
You are reading the story above: TeenFic.Net