Part 2

Background color
Font
Font size
Line height

မခွဲမခွာ အတန်းလစ်ကျတာချင်း တူတူဖြစ်​သော်လည်း ခင်ချမ်း​မြေ့၏ တစ်လစာ roll call သည် အပြည့်ဖြစ်​​နေသည်။

"နင် ဒါဘာလုပ်တာလဲ"

"ငါတို့မသိ​အောင် အတန်းခိုးတက်​နေတာလား"

"နင်တို့နဲ့ အချိန်ပြည့် ရှိ​နေတယ် မဟုတ်ဘူးလား ငါ့ရည်းစားနား​တောင် နင်တို့​လောက် ကပ်မှာမဟုတ်"

ချမ်း၏ ​​ဖြေရှင်းချက်ကို ပုံ့ပုံ့ မ​ကျေနပ်​သော်လည်း လက်ခံလိုက်ရ၏။

"​အေး​လေ ကပ်စရာ ရည်းစားမှ ​ကျောင်းမှာ မရှိတာ"

ထိုသို့ ချက်ကျလက်ကျပြန်​ပြောခံရ​တော့လည်း ရင်ထဲမှာ ​အောင့်ခနဲ။

"အဲ့တာထက် ခင်ချမ်း​မြေ့ Roll call ​တွေက ဘာလို့ 75%   ​တောင်​ကျော်​နေတာလဲ"

​ရွှေရည်ပုံ့ စိတ်ထဲ ဘဝင်မကျသည်ကို နန္ဒာက

"ကာယကံရှင်​တောင် မသိတဲ့ကိစ္စဟာ"

"​အေး​လေ အဲ့တာ​ကြောင့်ပဲ ငါတို့သိ​အောင်လုပ်သင့်တာ ​လေ"

"ပျင်းစရာကြီး"
ဘာမှ စိတ်ဝင်တစား မရှိတတ်သည်က နန္ဒာ၏ ထုံးစံပင်။

"ငါ​ရောပဲ ငါလည်းမသိချင်ဘူး"
ဟု ချမ်း အသည်းအသန် ဝင်​ထောက်ခံလိုက်သည်။

ဘာလို့လဲ ဟု ပုံ့ပုံ့ မ​မေးခင်ပဲ ချမ်းက ဦး​အောင်ထပ်ရှင်း သည်။

"အကယ်၍များ ငါ သ​ဘောမကျတဲ့သူဖြစ်​နေရင် ဘယ်လိုလုပ်မလဲ ငါ အားနာတတ်တယ် တစ်ခုခု ပြန်မလုပ်မ​ပေးရမချင်း ​နေရခက်​နေမှာ"

ချမ်းစိတ်ကို နားလည်​​သော နန္ဒာက ​ပုံ့ပုံ့ အာရုံ​ပြောင်း​စေရန် ကန်တင်းဘက်သို့ သွက်သွက်​ခေါ်သွား၏။

ပြာလွင့်လွင့်​ကောင်းကြီးအစား မည်း​မှောင်​သော မိုးသားတိမ်တိုက်တို့ ​နေရာယူထား၏။ မည်သို့ပင်ဖြစ်​စေ ဒီ​နေ့အဖို့ရာ သာယာ​သော​နေ့ဖြစ်သည်။​

မေပိုးဥ၏ ရာသီဥတုသည် ​ကောင်းကင်မှာမဟုတ်ပဲ ​ရှေ့တစ်တန်း​ကျော်မှာ ထိုင်​နေသည့် ​နေကြာပန်း​လေး ဖြစ်​သော​ကြောင့် ဖြစ်ပါသည်။

မိုး​အေးလွန်းသည့်​နေ့ ဖြစ်​သော​ကြောင့် ဒီတစ်​နေ့တာအဖို့ ​​​ကျောင်းပိတ်ရန် ​မေပိုးဥ ​တွေးလိုက်​​သေးသည်။သို့ ​သော် သူကြိုက်သည့် ဘာသာသည် အချိန်ဇယား၌ ပါ​နေ၏။

ထို့ပြင် ဒီလိုရက်မျိုးဆို မမ ​ကျောင်းမတက်​လောက်ဟု သူ ထင်သည်။ မမအစား roll call ထိုး​ပေးရန် ​ကျောင်းသွားဖို့ ဆုံးဖြတ်လိုက်၏။

​"ကိုယ့်​စေတနာ ကိုယ်အကျိုး​ပေးတာပဲ"
ဟု အ​မေ အမြဲ ​ပြော​နေကြ စကားသည် မှန်ကြောင်း ​မေပိုးဥ ​ထောက်ခံလိုက်၏။

​စေတနာမှန်လို့ မမကို ယခုကဲ့သို့ ထိုင်​​ငေးခွင့်ရခဲ့သည် မဟုတ်လား။

ဆရာမရှင်းပြသည့် စာလုံးတိုင်း စိတ်ဝင်တစား နား​ထောင်​နေ​သော ပုံရိပ်​လေးကအစ ​ဘောပင်​လေး တလှုပ်လှုပ်ဖြင့် လိုက်မှတ်​နေသည့် ​ကျောပြင်​လေးအဆုံး မမနှင့် ပက်သက်သည့် အရာအားလုံးသည် မြတ်နိုးစရာ အတိဖြစ်သည်။

​ဖြေးဖြေးမှန်မှန် ခုန်ဆင်းနေသော မိုးရေစက်များသည် စာသင်ခန်း၏ ပြင်ပမှ ဖြစ်၏။ စည်းချက်ကျကျ တစ်ချက်ချင်း ဝင်နေသော ဖုန်းသံကို နားထောင်ရင်း နားထောင်ရင်းက ခင်ချမ်းမြေ့ ဒေါသတို့ အလိပ်လိုက်တက်လာ၏။ပုံ့ပုံ့နှင့် နန္ဒာသည် နှစ်ယောက်လုံး ကျောင်းလာမည်ဟု ပြောသွားပြီ ကာမှ စာသင်ချိန် နှစ်ချိန် ကုန်သည်အထိ ရောက်မလာကြသေး။
                     
“ဟယ်လို ချမ်းချမ်းလေး''

သိလိုက်ပြီ ဒီလိုလေသံ၊ ဒီလိုချိုပုံ၊ ဒီလို လေးကန်နေပုံမျိုးနှင့်ဆို သင်း အိပ်ရာထဲမှာပင် ရှိအုံးမည်။
                      
“ပြောတော့ လာမယ်ဆို''

စောင့်အော်ချလိုက်သော ခင်ချမ်းမြေ့၏ စကားသံကို တစ်ဖက်မှ ဖြုံပုံမရ။မျက်လုံးပင် မဖွင့်ပဲ စကား ဆက်နေပုံရသည်။
                    
"လာတော့ လာပါတယ် ချမ်းချမ်းလေးရဲ့ ဒါမယ့် အိပ်မက်ထဲမှာဖြစ်နေတာ လက်စနဲ့ Roll call လေးပါ ထိုးထားပေးနော် မွ''

နန္ဒာမသည် ဖုန်းချသွားလေပြီ။ ဒီသူ*စားမတော့လား။

ပုံ့ပုံ့နှင့်များ နှစ်ယောက်တိုင်ပင်ထားကြသလား။ ချမ်း အားမလျှော့ ။ ပုံ့လေးကတော့ သူ့ကို ဒီလိုပစ်ထားရက်မှာ မဟုတ်ဟူသော ယုံကြည်မှုဖြင့် ဖုန်း ထပ်ခေါ်၏။

ငါးခါ…ခုနှစ်ခါ…ဟုတ်ပြီ။ ဒါနောက်ဆုံးအကြိမ်ပဲ ရွှေရည်ပုံ့။ဒါမှ မကိုင်ရင် နင် ငါ့ သူငယ် ချင်းမဟုတ်တော့….
                   
“ဟယ်လို အချမ်းလေး အခုပဲ ဆက်တော့မလို့''

ပစ်မထားရက်ဘူးလို့များ ငါတွေးလိုက်မိသလား။ငါဆိုတဲ့ ခင်ချမ်းမြေ့ကလေ။ ရုပ်သိမ်းပါတယ်။
                   
“မလာရင်လည်း ညကတည်းက ပြောလေ နင့်ဘမို့လား ငါတစ်ယောက်တည်း ကျောင်း မှာ အရေးထဲ ထီးကပါ ပါမလာဘူး''

အိတ်ထဲ လှန်လျှော မွှေရင်း ဒေါသကို ပုံ့ပုံ့ထံ ပုံချလိုက်သည်။
                     
“ပြောမလို့ပါ အချမ်းလေးရယ်…’’
                     
“အေ အိပ်မက်ထဲကနေ ပြောမိသွားတာလား နန္ဒာမလိုလေ''
                     
“နန္ဒာလည်း မလာဘူးလား ဟယ် ငါ့အချမ်းလေးကို ကမက တစ်ယောက်တည်းထား တယ်ပေါ့’’
                     
“ကမ နင်ရောလာလို့လား နင်ရောလာလား''
                     
“လက်စနဲ့ အချမ်းလေး roll call လေး ထိုးထားနော် အာဝါး''
                     
“ထိုးမနေဘူး ငါလည်း ပြန်မှာ မိုးတိတ်ရင် မဟုတ်တောင် သန္တာလာခေါ်တာနဲ့ ပြန်မှာ ထီးပါမလာလို့''
                     
“ဘယ်သူရှိလဲ ခင်ချမ်းမြေ့ရေ သမီး တီချယ့်ကို ဒါလေး စားပွဲမှာသွားထားပေးစမ်း''    
                    
“ဟဲ့ဒါပဲ တီချယ်ခိုင်းနေပြီ''

ချမ်း စာသင်ခန်းထဲက ထွက်သွားတော့မှ မျက်နှာပေါ်က စာအုပ်ကို ခုံပေါ်တင်လျက် မေပိုးဥ ထ ထိုင် လိုက်၏။

အေးအေးချမ်းချမ်း အိပ်ချင်လို့ နောက်ဆုံးတန်းကို ရွေးပါတယ်ဆို ရှေ့တစ်တန်းကျော်မှာ ထိုင်ရင်းက ဖုန်းတစ်လုံးနှင့် ပေါက်ပေါက်ဖောက်နေသဖြင့် မေ့ခမျာ ကောင်းကောင်း မအိပ်ရ။

လေအိုး​လေး ပြန်မလာခင် အပြာနုရောင် ခေါက်ထီးကို အိတ်ထဲ အမြန်ထားကာ ခုံပေါ် ပြန်လှဲအိပ်နေလိုက်၏။ အော် ဟုတ်သားပဲ စာအုပ်။ ခုံပေါ်မှာ စာအုပ်ကိုယူကာ မျက်နှာပေါ်တင်လျက် ပြန်အိပ်နေလိုက်သည်။
                     
ခပ်ဖော့ဖော့ ဝင်လာသော ခြေသံကို ကြားရသည်။ ချမ်း မည်သို့ တုန့်ပြန်မည်ကို မေပိုးဥ သိချင်သည်။
                     
“အဲ ငါ့မှာ ထီးပါတာလား စောစောက ကြည့်တော့ မရှိပါဘူး''

ချမ်းနှင့် ဆင်တူ တစ်ပုံစံတည်း တူသည့် ထီးကို မေပိုးဥ လိုက်ဝယ်ထားသောကြောင့် ချမ်း သတိမထား မိတာမဆန်း။

အပြာနုရောင်လွင်လွင်ကလေးကအစ မိုးရေထိလိုက်လျှင် အကြည်ရောင်လေး ဖြစ်သွား တာအဆုံး မေအကုန်သိသည်။

ထို့ကြောင့် တစ်ထပ်တည်းတူသည့် ထီးကို OS တစ်ခွင်ပြဲပြဲစင် ရှာဝယ် ထားခြင်းဖြစ်၏။
         
ချမ်းထွက်သွားမှာ ခုံ​အောက်ထဲထိုးထည့်ခဲ့​​သော ပုံနှိပ်စာအုပ်ကို ယူ၍ ​မေပိုးဥ ကြည့်မိသည်။
         
'So boring'ဟူ​သော စာလုံးကို graphic ဆန်ဆန်ချယ်ထားသည်ကို ​တွေ့လိုက်ရ၏။
         
ထင်သည့်အထင်နှင့် ခြားနားလွန်းသည့် အဖြစ်​သို့ ​ရောက်​နေ​သော်လည်း ​မေပိုးဥ နှစ်နှစ်သက်သက် ပြုံးမိသည်။
         
ဒီလို ခပ်ဆိုးဆိုးမမကို သ​ဘောကျမိမှ​တော့ သူ့​ပေါက်ကရ​တွေသည်လည်း ချစ်စရာ​ကောင်းသင့်သည် မဟုတ်လား။
                     
အိမ်ပြန်ရောက်ရောက်ချင်း စာကြည့်စားပွဲပေါ် တင်ထားသည့် ထီးကို မြင်မှ သည်နေ့ အဖို့ တစ်စုံတစ်ယောက်တော့ မိုးရေထဲ ပြန်ရတော့မည်ဆိုတာ ချမ်း သိသည်။

သူ့ထီးနှင့် တူသည့် ထီး သည် ရှားသည်။

အပြာနုရောင်ချင်း တူလျှင်တောင် မိုးရေထိလျှင် နဂိုအရောင် ပြယ်ပြီး ဖြေးဖြေးချ အကြည်ရောင်ပြောင်းသွားတာချင်း တော့မတူနိုင်။

သူလည်း ထီးနှစ်ချောင်း မဝယ်မိတာတော့ သေချာသည်။
                     
အမှန်တကယ်လည်း ထိုညနေ့က တစ်စုံတစ်ယောက်သည် မိုးရေထဲ လမ်းလျှောက်ပြန်ခဲ့ ရသည်။ ရည်ရွယ်သူ မိုးမခလျှင်ပင် ထိုမိန်းကလေးအတွက် လုံလောက်ပြီ ဖြစ်သည်။

You are reading the story above: TeenFic.Net