Chapter-7

Background color
Font
Font size
Line height

(Unicode)

ညနေ လိုင်းပေါ်တွင် ယနေ့ လုပ်အားပေးသွားကြရာမှ အုပ်စုလိုက်ပုံများကို တမှူးအကောင့်ထဲမှ လုပ်အားပေးအတူလိုက်သော အစ်ကိုတစ်ယောက်က တင်ထားသည်ကို တွေ့လိုက်ရသည်။ စီနီယာ့ကိုပင် Tag တွဲထားသေးသည်။ တမှူးကိုတော့ မရင်းနှီးလို့ထင်၏။ Tag မတွဲ။ တမှူး ဓာတ်ပုံများကို အမှတ်တရ သိမ်းယူထားလိုက်သည်။

ထို့နောက် ဟိုဟိုသည်သည်လျှောက်ကြည့်ရင်း လူကပျင်းရိရိ။ ယနေ့ည Jayy ကလည်း မိုင်ဒေးတောင်မတင် တိတ်ဆိတ်နေသည်။ စီနီယာကလည်း လိုင်းမတက်။ စီနီယာလိုင်းတက်လျှင်တောင် စီနီယာနှင့် စကားပြောလို့ရသေးသည်။

နေ့လည်က ယနေ့ည စီနီယာတို့ ဝိုင်းရှိသည်ဟု ပြောသံကြားခဲ့၏။ စီနီယာတစ်ယောက် အခုလောက်ဆို ကောင်းနေရောပေါ့။ တမှူးကတော့ အသက်မပြည့်သေး၍ အနည်းအကျဉ်းမျှ မြည်းစမ်းကြည့်ဖူးရုံကလွဲ၍ သေချာမသောက်ဖူးချေ။ နောက်တစ်နှစ်ဆိုလျှင်တော့ သောက်လို့ရပါပြီ။

လိုင်းပေါ်တွင် ရေရေရာရာမရှိ ခဏလောက်အချိန်ဖြုန်းနေရင်း ပိုပျင်းလာ၍ လိုင်းဆင်းဖို့ပြင်တုန်း စာဝင်သည့်နိုတီက တောင်ခနဲ တစ်ခုဝင်လာ၏။

"ဟင်"

နိုတီတွင်မြင်လိုက်ရသည့် Jayy ဆိုသည့် အမည်နာမကြောင့် တမှူး မယုံကြည်နိုင်လွန်းစွာ မျက်လုံးနှစ်ဖက်ကို ကပျာကယာ ပွတ်ကြည့်မိ၏။ တဒိန်းဒိန်းခုန်လာသော ရင်ဘက်နှင့်အတူ  အလျင်အမြန်ဝင်ကြည့်လိုက်သောအခါ အပြာရောင်လက်မလေးတစ်ခု။

မတော်တဆထိမိတာများလား။ မတော်တဆဆိုလျှင် Jayy က တမှူးနဲ့ စကားပြောတဲ့ ကွန်ဗာဆေးရှင်းထဲကို ဝင်ကြည့်နေတာလား။ ဒါမှမဟုတ် မတော်တဆဝင်ကြည့်မိတာပဲလား။

တီ...တီ...။

"အမေ့…”

မရေမရာအတွေးများဖြင့် လက်မအပြာကြီးအား မင်သက်စွာ ထိုင်ကြည့်နေရင်း ဝင်လာသော ဗီဒီယိုကောလ်တစ်ခုကြောင့် လန့်ဖျပ်ကာ ဖုန်းပင်ပြုတ်ကျသွားရသည်။ ကမန်ကတန်းပြန်ကောက်လိုက်ကာ ကြည့်လိုက်သောအခါမှ ဗီဒီယိုကောလ်မဟုတ်။
ွVoice call ဖြစ်နေ၏။ ခေါ်နေသူ၏နေရာတွင်မူ Jayy ဟုသောအမည်နာမက ထင်းနေသည်။

ဘုရားရေ...အခု Jayy က တမှူးကို voice call ခေါ်နေတာလား။

တမှူး အံ့ဩသွားလွန်း၍ ခေတ္တမျှကြောင်အနေမိသည်။ တတီတီမြည်နေသော ဖုန်းက မရပ်မှ ကိုင်ဖို့ သတိရသည်။

"ဟဲလို"

"..."

တမှူးထူးပြီး အတော်ကြာသည်အထိ Jayy ဘက်မှ ဘာမှပြောမလာ။ အသက်ရှူသံ ခပ်ပြင်းပြင်းကိုသာကြား​ေနရသည်။

"ဟဲလို...Jayy...Jayy လား"

အသံမတုန်အောင် သတိထား၍ နောက်တစ်ခေါက် ထပ်မေးလိုက်သော်လည်း ဖြေမလာပါ။ အသက်ရှူသံနှင့် တစ်ချက်တစ်ချက် သက်ပြင်းချသံသာကြားရသည်။
မဟုတ်မှလွဲရော...Jayy ခေါ်မိနေမှန်းတောင် မသိတာလား။ မှားနှိပ်မိထားတာများလား။

"ဟဲလို..."

တတိယအကြိမ်ထိ တုံ့ပြန်သံမကြားရသည့်အခါ တမှူး ဆက်မထူးမိတော့ဘဲ ဖုန်းကိုကိုင်၍ တစ်ဖက်မှ Jayy ၏ အသက်ရှူသံဟု ယူဆ၍ရမည့် အသံကိုသာ တိတ်တဆိတ်နားထောင်နေလိုက်မိသည်။ Jayy မှားနှိပ်မိတာပဲ ဖြစ်မှာပါ။ ဒါကြောင့် ခေါ်နေလို့ ခေါ်နေမိမှန်းတောင်မသိဘဲ စကားမပြောတာ ဖြစ်နိုင်၏။ Jayy က တမှူးဆီ ဤသို့ ဆက်စရာအကြောင်းမှ မရှိတာ။ သို့ပေမဲ့ မှားခေါ်သည်ဆိုလျှင်လည်း ယခု တမှူးအသံကို Jayy မကြားဘူးလား။

အတန်ကြာသည်အထိ Jayy ဘက်က မည်သည့်စကားမှ မပြောသလို ဖုန်းလည်း မချပါ။ တမှူးလည်း တိတ်တဆိတ် Jayy အသက်ရှူသံကိုပဲ နားထောင်နေမိသည်။ တစ်မိနစ်စွန်းစွန်းခန့်အထိ ကြာပြီးမှ Jayy ဘက်မှ ချောင်းဆိုးသံလိုလို ကြားရပြီး တီခနဲ လိုင်းကျသွား၏။

ထိုအခါမှ တမှူး ဖုန်းကို နားနှင့်ပြန်ခွာလိုက်သည်။ ထို့နောက် မှန်သားပြင်ပေါ်မှ Jayy နှင့် ကွန်ဗာဆေးရှင်း၏ အောက်ဆုံးမှာ ပေါ်နေသော voice call ခေါ်ထားသည့်သက်သေစာကြောင်းလေးကို ပြန်ကြည့်ရင်း ငြိမ်သက်နေမိသည်။ voice call မှာပေါ်နေသည်က အချိန်အားဖြင့် တစ်မိနစ်နှင့် ဆယ့်ငါးစက္ကန့်။

လူတွေက ပျော်ရွှင်မှု၏ အတိုင်းအတာ တစ်ခုထက်ပို၍ ပျော်ရွှင်သွားသည့်အခါ ငြိမ်သက်သွားလေ့ရှိသလား။ တမှူး အရင်လို အရူးတပိုင်း အော်ဟစ်မိတာမျိုးမလုပ်မိဘဲ ငြိမ်ငြိမ်လေး ထိုင်နေဖြစ်သည်။ ရင်ဘက်အစုံကတော့ ယခုထိတိုင် နိမ့်ချည်မြင့်ချည်။

မှားခေါ်မိတာဆိုလျှင် အနည်းဆုံးတော့ မှားခေါ်သည်ဟု ဖြေရှင်းချက်ပေးရမည်။ အကြောင်းတစ်ခုခုကြောင့် ခေါ်လျှင်လည်း စကားပြောရမည် မဟုတ်ပါလား။

Jayy က တမှူး နှလုံးသားကိုတင်မက ဦးနှောက်ကိုပါ စားချင်နေသည်နှင့်တူ၏။

“Jayy ဘာပြောစရာရှိလို့လဲဟင်”

နောက်ဆုံး မနေနိုင်စွာ စာပို့ကြည့်လိုက်သော်လည်း Jayy ဘက်က ကြည့်မလာ။ လိုင်းဆင်းသွားဟန်ဖြင့် ရောက်ရှိကြောင်းအမှတ်အသားပင်မပေါ်။

ဟူး...။

တမှူးသက်ပြင်းတစ်ချက်ချမိသည်။
ဝေခွဲမရသည့် ဦးနှောက်နှင့်အတူ စိတ်က ကယောက်ကယက်ဖြစ်လာပြန်၏။ သည်အချိန်မှာ တမှူး သတိရမိသော တစ်ဦးတည်းသော ရင်ဖွင့်ရာက စီနီယာ။ စီနီယာ့ဆီ ဖုန်းဆက်ရင် ကောင်းမလား။ တစ်ယောက်ယောက်ကို တမှူး အရမ်းပြောပြချင်နေသည်မို့။

နောက်ဆုံး တမှူး၏လက်ချောင်းလေးများက စီနီယာ့ ဖုန်းနံပါတ်ကလေးကို နှိပ်လိုက်သည်။ တတူတူမြည်သံ ငါးခါလောက် ဝင်ပြီးသောအခါ စီနီယာက ကိုင်လာ၏။

"ဟဲလို...အင်း..."

ယခုမှ တမှူး သတိရသည်။ စီနီယာ သည်ည သောက်ထားတာပဲ။ စီနီယာ့အသံက လေးလုံးသိပ်မကွဲကာ လေးနေသည်။

"စီနီယာ ကျွန်တော် တမှူးခေတ်"

"အင်း...ကောင်လေး..."

စီနီယာက စကားတစ်လုံးချင်းစီကို အတော် အားယူပြောနေရပုံရသည်။ လေလုံးမကွဲ၍ မနည်းအားစိုက်နားထောင်ရသည်။ တမှူး သက်ပြင်းချလိုက်မိသည်။ စီနီယာ့ကို ပြောပြလို့လည်း ထူးမှာမဟုတ်။ ယခု စီနီယာ့အခြေအနေက တမှူးဘာပြောလဲတောင် နားလည်မည့်ပုံမပေါ်။

"ဘာမှမဟုတ်ဘူး စီနီယာ၊ သည်တိုင်း စီနီယာ သောက်မယ်ဆိုလို့ အဆင်ပြေလား လှမ်းဆက်တာ၊ စောစောအိပ်တော့နော်"

"အင်း...ကောင်လေးက...အဟမ်း... ကိုယ့်ကိုစိတ်ပူတယ်ပေါ့"

စီနီယာက အမူးပါးပင်။ လေလုံးမကွဲသည့်ကြားက အသားယူသွားသေးသည်။ မူးနေသည့်လူကို စကားနာပြန်မထိုးချင်၍ တမှူး စိတ်လျှော့လိုက်၏။

"အင်း...စီနီယာ အဆင်ပြေတယ်ဆို ကျွန်တော် ဖုန်းချတော့မယ်နော်၊ စောစောအိပ်"

"နေဦး”

"ဟုတ်...ဘာပြောချင်သေးလို့လဲ"

"ချော့...သိပ်"

"ဟမ်"

"သီချင်းဆိုပြီး ချော့သိပ်ပါလားလို့"

ရင်ဖွင့်ချင်လို့ ဖုန်းဆက်ပါသည်ဆိုမှ တမှူး ငါးပါးမှောက်တော့သည်။ စီနီယာက မူးရင် သည်လိုလည်း ရစ်တတ်တာပဲလား။

"အာ...ဘာသီချင်ဆိုပြီးချော့သိပ်ရမှာလဲ စီနီယာရဲ့၊ ကျွန်တော်မှ သီချင်းမဆိုတတ်တာ"

"ကြိုက်တဲ့သီချင်းဆို...အဟွပ်...အဟွပ်"

"ဟော...စီနီယာ၊ ဘယ်လောက်တောင် သောက်ထားတာလဲ၊ ချောင်းတွေတောင် ဆိုးနေတယ်"

"သီချင်းဆိုသိပ်..."

ပြောပြီး ချောင်းတွေဆိုးနေသေးပြန်၏။ တမှူး သက်ပြင်းချရင်း ရယ်လိုက်မိသည်။ စီနီယာလုပ်တာနှင့် ကိုယ့်အပူတောင်ကိုယ်မေ့သွားရပြီ။

"ကြောင်ကြီးရဲ့ မြှီးတံတို ဆိုပြရမလား အဟီး"

ဘာဆိုပြရမလဲမသိ၍ စိတ်ထဲရှိရာပြောလိုက်မိသည်။ သို့သော်

"အင်း...အဆီကို စားပါလို့ အသားကိုတဲ့မြို...အဟွပ်"

ရုတ်တရတ် သီချင်းအကျယ်ကြီးထဆိုသည့် စီနီယာ့ကြောင့် တမှူးကြောင်သွားရသည်။

"ကြောင်အိုရယ် ပေးမှေး....ကိုက်ပါနဲ့...လေး..."

လေး...ဆိုသည့်နေရာကို သံရှည်ဆွဲဆိုသော စီနီယာက တမှူးမြင်ဖူးနေကျ ရပ်ကွက်ထဲက ဦးလေးကြီးတွေ အရက်မူးရင်ဆိုသလိုမျိုး။ တမှူး နှုတ်ခမ်းကို ဖိကိုက်ရင်း ရယ်ချင်စိတ်ကိုထိန်းနေရသည်။

"လူကလေးတို့ရဲ့...ချော့စရာ...
မိတ္ထီလာကန်အောက်က....ဖားကောက်ခဲ့ပါ...
ဖားပါရင် တစ်ကောင်ပေး...
မျက်လုံးရယ် ကြောင်တောင်တောင်နဲ့...
ဖားကောင်ကသေး...အဟွပ်"

ထပ်ပြီး စီနီယာဆိုနေသည့် သားချော့တေးအဆက်ကို တမှူး မသိတော့ပါ။ ယခုက တမှူးကို သီချင်းဆိုခိုင်းပြီး စီနီယာက သူ့ဘာသူ ပြန်ဆိုနေသည့်အဖြစ်။

"ငယ်ငယ်က အမေအမြဲ ချော့သိပ်တယ် အဲ့သီချင်းနဲ့"

ထပ်ပြီးပြောလာသည့် စီနီယာ့အသံက ခပ်တိုးတိုး။

"အဲ့ဒါဆို စီနီယာ့အမေကို အခုဆိုသိပ်ခိုင်းလိုက်လေ"

တမှူး ခပ်မြူးမြူးပြောလိုက်၏။

"မရှိတော့ဘူး..."

"ဟင်"

"ကိုယ့်အမေက မရှိတော့ဘူး၊ ကိုယ်အရမ်းမုန်းရတဲ့ ရောဂါဆိုးကြီးက အမေ့ကိုခေါ်သွားပြီ”

ပြောပြီး ရှိုက်လိုက်သည့် စီနီယာ့အသံကြောင့် တမှူး ဘာပြန်ပြောရမလဲမသိဘဲ အသံတိတ်သွားရ၏။ စီနီယာ့အမေက ဆုံးသွားပြီပေါ့။ စိတ်မကောင်းစွာ မည်သည့်စကားလုံးတို့ဖြင့် နှစ်သိမ့်ရမလဲ ရှာမတွေ့နိုင်။

ထို့နောက် ထပ်မံထွက်ပေါ်လာသော ရှိုက်သံများကြောင့် စီနီယာငိုနေမှန်း ရိပ်မိလိုက်သည့်အခါ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင် တမှူး ပူထူသွားရ၏။

"စီနီယာ...အဆင်ပြေရဲ့လားဟင်...စီနီယာ"

စီနီယာက စကားတုံ့ပြန်ပြောမလာဘဲ ရှိုက်၍သာနေသည်။

"စီနီယာ...ကျွန်တော်တောင်းပန်ပါတယ်၊ ကျွန်တော်မသိလို့...စီနီယာ"

တီခနဲ ဖုန်း​လေးက ကျသွား၏။ တမှူး ချက်ချင်းပြန်ခေါ်သော်လည်း မကိုင်။ နောက်ထပ် သုံးခါလောက် ထပ်ခေါပြီးချိန်တွင်တော့ တစ်ဖက်က ဖုန်းစက်ပိတ်သွားလေ၏။

စီနီယာ အရမ်း ဝမ်းနည်းသွားလောက်မလား။ ဖုန်းက တမင်သက်သက်စက်ပိတ်သွားတာလား၊ အားကုန်၍ စက်ပိတ်သွားတာလားမသိ။ တမှူး သက်ပြင်းမောသာချလိုက်မိသည်။

ဒါကြောင့် စီနီယာက ဆေးရုံးမှာ ထူးထူးဆန်းဆန်းမေးခွန်းတွေမေးခဲ့တာများလား။ စီနီယာကလည်း လျို့ဝှက်သည်။ သူ့မိသားစုအကြာင်း တစ်ခါမှ တမှူးကို မပြောပြဖူးပေ။ စီနီယာက သူ့အမေကိုလည်း အရမ်းချစ်ပုံရ၏။

ရှိုက်,ရှိုက်ငိုသွားသည့် စီနီယာ၏ အသံက တမှူးနားထဲက မထွက်။ စီနီယာက တော်ရုံဝမ်းနည်းတတ်သည့် ပုံစံမှမဟုတ်တာ။ တမှူး မိမိကိုယ်မိမိ အပြစ်ရှိသလို ခံစားလိုက်ရ၏။

နောက်ဆုံး ခုတင်ပေါ်လှဲမိရင်း ခေါင်းထဲ၌ အတွေးပေါင်းစုံဖြင့် ချာချာလည်နေရသည်။ Jayy က ဘာကြောင့် voice call ခေါ်တာလဲ...။
စီနီယာရော အဆင်ပြေပါ့မလား...။
စီနီယာက ဘယ်လိုလူမျိုးလဲ...။
အခုအချိန် Jayy ဘာလုပ်နေမလဲ...။
တကယ်ပဲ တမှူးဆီ voice call ခေါ်မိခြင်းကို Jayy မသိတာလား...။
Jayy စိတ်ထဲ တမှူးကို ဘယ်လိုတွေးနေသလဲ...။
မေးခွန်းပေါင်းစုံဖြင့် စိတ်က အိပ်မပျော်သော်လည်း ခန္ဓာကိုယ်က တစ်နေကုန်ပင်ပန်းထားသည်မို့ အတော်လေးနွမ်းနယ်ကာ အိပ်ချင်နေသည်။

နောက်ဆုံး သက်ပြင်းအကြိမ်ကြိမ်ချရင်း စီနီယာပြောဖူးသည့် နည်းလမ်းအတိုင်း သံစဥ်တစ်ပုဒ်ဖြင့် အတွေးပေါင်းစုံကို ခေတ္တခဏပဲဖြစ်ဖြစ်မောင်းထုတ်လိုက်သည်။ ကျောင်းဖွင့်တဲ့နေ့ကျမှ စီနီယာ့ကိုတောင်းပန်ရင်းနဲ့ စီနီယာနှင့်တိုင်ပင်တော့မည်။ Jayy လည်း တကယ်လို့ အရေးကြီးရင် တစ်ခုခုတော့ ထပ်ပြောလာမှာပါလေ။

တစ်ဆက်တည်း Jayy က မိမိနှင့်လက်တကမ်းအကွာမှာ ရှိနေသည်ဟု ခံစားနေရပြန်သည်။ စိတ်ကူး အတွေးထဲမှာပင် Jayy က သူနဲ့ နီးလိုက်ဝေးလိုက်။

သီချင်းသံစဥ်ကို နားထောင်ဖို့ကြိုးစားရင်း ကိုယ့်ကိုယ်ကိုယ်တောင် မသိလိုက်ဘဲ Jayy ဆီ စိတ်ပြန်ရောက်ကာ အိပ်ပျော်သွားသည်။

ထို့နောက် အိပ်မက်,မက်ခဲ့သည်။ အိပ်မက်ထဲတွင် Jayy က တမှူးရှေ့မှာ တမှူးကို ကျောပေး၍ ရပ်နေသည်တဲ့။ Jayy မျက်နှာကို မြင်ရဖို့ကြိုးစားရင်း ချဥ်းကပ်သွားချိန် တမှူးကို အနောက်မှလူတစ်ယောက်ကဆွဲထားသည်။

လှည့်ကြည့်လိုက်သောအခါ ထိုသူသည် စီနီယာ။

*******************

အားလုံးကို ကျေးဇူးတင်လျက်

ဆာကူရာရိန်း🌸

(Zawgyi)

ညေန လိုင္းေပၚတြင္ ယေန႕ လုပ္အားေပးသြားၾကရာမွ အုပ္စုလိုက္ပုံမ်ားကို တမႉးအေကာင့္ထဲမွ လုပ္အားေပးအတူလိုက္ေသာ အစ္ကိုတစ္ေယာက္က တင္ထားသည္ကို ေတြ႕လိုက္ရသည္။ စီနီယာ့ကိုပင္ Tag တြဲထားေသးသည္။ တမႉးကိုေတာ့ မရင္းႏွီးလို႔ထင္၏။ Tag မတြဲ။ တမႉး ဓာတ္ပုံမ်ားကို အမွတ္တရ သိမ္းယူထားလိုက္သည္။

ထို႔ေနာက္ ဟိုဟိုသည္သည္ေလွ်ာက္ၾကည့္ရင္း လူကပ်င္းရိရိ။ ယေန႕ည Jayy ကလည္း မိုင္ေဒးေတာင္မတင္ တိတ္ဆိတ္ေနသည္။ စီနီယာကလည္း လိုင္းမတက္။ စီနီယာလိုင္းတက္လွ်င္ေတာင္ စီနီယာႏွင့္ စကားေျပာလို႔ရေသးသည္။

ေန႕လည္က ယေန႕ည စီနီယာတို႔ ဝိုင္းရွိသည္ဟု ေျပာသံၾကားခဲ့၏။ စီနီယာတစ္ေယာက္ အခုေလာက္ဆို ေကာင္းေနေရာေပါ့။ တမႉးကေတာ့ အသက္မျပည့္ေသး၍ အနည္းအက်ဥ္းမွ် ျမည္းစမ္းၾကည့္ဖူး႐ုံကလြဲ၍ ေသခ်ာမေသာက္ဖူးေခ်။ ေနာက္တစ္ႏွစ္ဆိုလွ်င္ေတာ့ ေသာက္လို႔ရပါၿပီ။

လိုင္းေပၚတြင္ ေရေရရာရာမရွိ ခဏေလာက္အခ်ိန္ျဖဳန္းေနရင္း ပိုပ်င္းလာ၍ လိုင္းဆင္းဖို႔ျပင္တုန္း စာဝင္သည့္နိုတီက ေတာင္ခနဲ တစ္ခုဝင္လာ၏။

"ဟင္"

နိုတီတြင္ျမင္လိုက္ရသည့္ Jayy ဆိုသည့္ အမည္နာမေၾကာင့္ တမႉး မယုံၾကည္နိုင္လြန္းစြာ မ်က္လုံးႏွစ္ဖက္ကို ကပ်ာကယာ ပြတ္ၾကည့္မိ၏။ တဒိန္းဒိန္းခုန္လာေသာ ရင္ဘက္ႏွင့္အတူ အလ်င္အျမန္ဝင္ၾကည့္လိုက္ေသာအခါ အျပာေရာင္လက္မေလးတစ္ခု။

မေတာ္တဆထိမိတာမ်ားလား။ မေတာ္တဆဆိုလွ်င္ Jayy က တမႉးနဲ႕ စကားေျပာတဲ့ conversation ထဲကို ဝင္ၾကည့္ေနတာလား။ ဒါမွမဟုတ္ မေတာ္တဆဝင္ၾကည့္မိတာပဲလား။

တီ...တီ...။

"အေမ့

မေရမရာအေတြးမ်ားျဖင့္ လက္မအျပာႀကီးအား မင္သက္စြာ ငုတ္တုတ္ထိုင္ၾကည့္ေနရင္း ဝင္လာေသာ ဗီဒီယိုေကာလ္တစ္ခုေၾကာင့္ လန့္ဖ်ပ္ကာ ဖုန္းပင္ျပဳတ္က်သြားရသည္။ ကမန္ကတန္းျပန္ေကာက္လိုက္ကာ ၾကည့္လိုက္ေသာအခါမွ ဗီဒီယိုေကာလ္မဟုတ္။
ြVoice call ျဖစ္ေန၏။ ေခၚေနသူ၏ေနရာတြင္မူ Jayy ဟုေသာအမည္နာမက ထင္းေနသည္။

ဘုရားေရ...အခု Jayy က တမႉးကို voice call ေခၚေနတာလား။

တမႉး အံ့ဩသြားလြန္း၍ ေခတၱမွ်ေၾကာင္အေနမိသည္။ တတီတီျမည္ေနေသာ ဖုန္းက မရပ္မွ ကိုင္ဖို႔ သတိရသည္။

"ဟဲလို"

"..."

တမႉးထူးၿပီး အေတာ္ၾကာသည္အထိ Jayy ဘက္မွ ဘာမွေျပာမလာ။ အသက္ရႉသံ ခပ္ျပင္းျပင္းကိုသာၾကားေနရသည်။

"ဟဲလို...Jayy...Jayy လား"

အသံမတုန္ေအာင္ သတိထား၍ ေနာက္တစ္ေခါက္ ထပ္ေမးလိုက္ေသာ္လည္း ေျဖမလာပါ။ အသက္ရႉသံႏွင့္ တစ္ခ်က္တစ္ခ်က္ သက္ျပင္းခ်သံသာၾကားရသည္။
မဟုတ္မွလြဲေရာ...Jayy ေခၚမိေနမွန္းေတာင္ မသိတာလား။ မွားႏွိပ္မိထားတာမ်ားလား။

"ဟဲလို..."

တတိယအႀကိမ္ထိ တုံ႕ျပန္သံမၾကားရသည့္အခါ တမႉး ဆက္မထူးမိေတာ့ဘဲ ဖုန္းကိုကိုင္၍ တစ္ဖက္မွ Jayy ၏ အသက္ရႉသံဟု ယူဆ၍ရမည့္ အသံကိုသာ တိတ္တဆိတ္နားေထာင္ေနလိုက္မိသည္။ Jayy မွားႏွိပ္မိတာပဲ ျဖစ္မွာပါ။ ဒါေၾကာင့္ ေခၚေနလို႔ ေခၚေနမိမွန္းေတာင္မသိဘဲ စကားမေျပာတာ ျဖစ္နိုင္၏။ Jayy က တမႉးဆီ ဤသို႔ ဆက္စရာအေၾကာင္းမွ မရွိတာ။ သို႔ေပမဲ့ မွားေခၚသည္ဆိုလွ်င္လည္း ယခု တမႉးအသံကို Jayy မၾကားဘူးလား။

အတန္ၾကာသည္အထိ Jayy ဘက္က မည္သည့္စကားမွ မေျပာသလို ဖုန္းလည္း မခ်ပါ။ တမႉးလည္း တိတ္တဆိတ္ Jayy အသက္ရႉသံကိုပဲ နားေထာင္ေနမိသည္။ တစ္မိနစ္စြန္းစြန္းခန့္အထိ ၾကာၿပီးမွ Jayy ဘက္မွ ေခ်ာင္းဆိုးသံလိုလို ၾကားရၿပီး တီခနဲ လိုင္းက်သြား၏။

ထိုအခါမွ တမႉးဖုန္းကို နားႏွင့္ျပန္ခြာလိုက္သည္။ ထို႔ေနာက္ မွန္သားျပင္ေပၚမွ Jayy ႏွင့္ conversation ၏ ေအာက္ဆုံးမွာ ေပၚေနေသာ voice call ေခၚထားသည့္သက္ေသစာေၾကာင္းေလးကို ျပန္ၾကည့္ရင္း ၿငိမ္သက္ေနမိသည္။ voice call မွာေပၚေနသည္က အခ်ိန္အားျဖင့္ တစ္မိနစ္ႏွင့္ ဆယ့္ငါးစကၠန့္။

လူေတြက ေပ်ာ္႐ႊင္မႈ၌ အတိုင္းအတာ တစ္ခုထက္ပို၍ ေပ်ာ္႐ႊင္သြားသည့္အခါ ၿငိမ္သက္သြားေလ့ရွိသလား။ တမႉး အရင္လို အ႐ူးတပိုင္း ေအာ္ဟစ္မိတာမ်ိဳးမလုပ္မိဘဲ ၿငိမ္ၿငိမ္ေလး ထိုင္ေနမိတာပင္။ ရင္ဘက္အစုံကေတာ့ ယခုထိတိုင္ နိမ့္ခ်ည္ျမင့္ခ်ည္။

မွားေခၚမိတာဆိုလွ်င္ အနည္းဆုံးေတာ့ မွားေခၚသည္ဟု ေျဖရွင္းခ်က္ေပးရမည္။ အေၾကာင္းတစ္ခုခုေၾကာင့္ ေခၚလွ်င္လည္း စကားေျပာရမည္ မဟုတ္ပါလား။

Jayy က တမႉး ႏွလုံးသားကိုတင္မက ဦးႏွောက္ကိုပါ စားခ်င္ေနသည္ႏွင့္တူ၏။

တမႉး ဖုန္းကို အသာအယာခ်ကာ စိတ္ကို ၿငိမ္ေအာင္ထိန္းရင္း တစ္ခုခ်င္းစီ ေသခ်ာ ျပန္စဥ္းစားမိသည္။ ယခုေလးတင္ Jayy က မိမိကို voice call ေခၚသည္။ သို႔ေသာ္ ဘာစကားမွ မေျပာခဲ့။ Jayy ေခၚရသည့္ အေၾကာင္းအရင္းျဖစ္နိုင္ေခ်က အမ်ိဳးမ်ိဳးရွိနိုင္သည္။ ဤကိစၥႏွင့္ ပတ္သတ္၍ Jayy ကို သြားေမးသင့္သလား။ ဒါမွမဟုတ္ မသိသလို ေနလိုက္ရမည္လား။ Jayy ႏွင့္ မိမိၾကားမွာ voice call ေခၚရေလာက္သည့္ ဆက္ဆံေရးမ်ိဳးမွမရွိတာ။

Jayy ဘာေျပာစရာရွိလို႔လဲဟင္

ေနာက္ဆုံး မေနနိုင္စြာ စာပို႔ၾကည့္လိုက္ေသာ္လည္း Jayy ဘက္က ၾကည့္မလာ။ လိုင္းဆင္းသြားဟန္ျဖင့္ ေရာက္ရွိေၾကာင္းအမွတ္အသားပင္မေပၚ။

ဟူး...။

တမႉးသက္ျပင္းတစ္ခ်က္ခ်မိသည္။
ေဝခြဲမရသည့္ ဦးႏွောက္ႏွင့္အတူ စိတ္က ကေယာက္ကယက္ျဖစ္လာျပန္၏။ သည္အခ်ိန္မွာ တမႉး သတိရမိေသာ တစ္ဦးတည္းေသာ ရင္ဖြင့္ရာက စီနီယာ။ စီနီယာ့ဆီ ဖုန္းဆက္ရင္ ေကာင္းမလား။ တစ္ေယာက္ေယာက္ကို တမႉး အရမ္းေျပာျပခ်င္ေနသည္မို႔။

ေနာက္ဆုံး တမႉး၏လက္ေခ်ာင္းေလးမ်ားက စီနီယာ့ ဖုန္းနံပါတ္ကေလးကို ႏွိပ္လိုက္မိသည္။ တတူတူျမည္သံ ငါးခါေလာက္ ဝင္ၿပီးေသာအခါ စီနီယာက ကိုင္လာ၏။

"ဟဲလို...အင္း..."

ယခုမွ တမႉး သတိရသည္။ စီနီယာ သည္ည ေသာက္ထားတာပဲ။ စီနီယာ့အသံက ေလးလုံးသိပ္မကြဲကာ ေလးေနသည္။

"စီနီယာ ကြၽန္ေတာ္ တမႉးေခတ္"

"အင္း...ေကာင္ေလး..."

စီနီယာက စကားတစ္လုံးခ်င္းစီကို အေတာ္ အားယူေျပာေနရပုံရသည္။ ေလလုံးမကြဲ၍ မနည္းအားစိုက္နားေထာင္ရသည္။ တမႉး သက္ျပင္းခ်လိဳက္မိသည္။ စီနီယာ့ကို ေျပာျပလို႔လည္း ထူးမွာမဟုတ္။ ယခု စီနီယာ့အေျခအေနက တမႉးဘာေျပာလဲေတာင္ နားလည္မည့္ပုံမေပၚ။

"ဘာမွမဟုတ္ဘူး စီနီယာ၊ သည္တိုင္း စီနီယာ ေသာက္မယ္ဆိုလို႔ အဆင္ေျပလား လွမ္းဆက္တာ၊ ေစာေစာအိပ္ေတာ့ေနာ္"

"အင္း...ေကာင္ေလးက...အဟမ္း... ကိုယ့္ကိုစိတ္ပူတယ္ေပါ့"

စီနီယာက အမူးပါးပင္။ ေလလုံးမကြဲသည့္ၾကားက အသားယူသြားေသးသည္။ မူးေနသည့္လူကို စကားနာျပန္မထိုးခ်င္၍ တမႉး စိတ္ေလွ်ာ့လိုက္၏။

"အင္း...စီနီယာ အဆင္ေျပတယ္ဆို ကြၽန္ေတာ္ ဖုန္းခ်ေတာ့မယ္ေနာ္၊ ေစာေစာအိပ္"

"ေနဦး

"ဟုတ္...ဘာေျပာခ်င္ေသးလို႔လဲ"

"ေခ်ာ့...သိပ္"

"ဟမ္"

"သီခ်င္းဆိုၿပီး ေခ်ာ့သိပ္ပါလားလို႔"

ရင္ဖြင့္ခ်င္လို႔ ဖုန္းဆက္ပါသည္ဆိုမွ တမႉး ငါးပါးေမွာက္ေတာ့သည္။ စီနီယာက မူးရင္ သည္လိုလည္း ရစ္တတ္တာပဲလား။

"အာ...ဘာသီခ်င္ဆိုၿပီးေခ်ာ့သိပ္ရမွာလဲ စီနီယာရဲ႕၊ ကြၽန္ေတာ္မွ သီခ်င္းမဆိုတတ္တာ"

"ႀကိဳက္တဲ့သီခ်င္းဆို...အဟြပ္...အဟြပ္"

"ေဟာ...စီနီယာ၊ ဘယ္ေလာက္ေတာင္ ေသာက္ထားတာလဲ၊ ေခ်ာင္းေတြေတာင္ ဆိုးေနတယ္"

"သီခ်င္းဆိုသိပ္..."

ေျပာၿပီး ေခ်ာင္းေတြဆိုးေနေသးျပန္၏။ တမႉး သက္ျပင္းခ်ရင္း ရယ္လိုက္မိသည္။ စီနီယာလုပ္တာႏွင့္ ကိုယ့္အပူေတာင္ကိုယ္ေမ့သြားရၿပီ။

"ေၾကာင္ႀကီးရဲ႕ ျမႇီးတံတို ဆိုျပရမလား အဟီး"

ဘာဆိုျပရမလဲမသိ၍ စိတ္ထဲရွိရာေျပာလိုက္မိသည္။ သို႔ေသာ္

"အင္း...အဆီကို စားပါလို႔ အသားကိုတဲ့ၿမိဳ...အဟြပ္"

႐ုတ္တရတ္ သီခ်င္းအက်ယ္ႀကီးထဆိုသည့္ စီနီယာ့ေၾကာင့္ တမႉးေၾကာင္သြားရသည္။

"ေၾကာင္အိုရယ္ ေပးေမွး....ကိုက္ပါနဲ႕...ေလး..."

ေလး...ဆိုသည့္ေနရာကို သံရွည္ဆြဲဆိုေသာ စီနီယာက တမႉးျမင္ဖူးေနက် ရပ္ကြက္ထဲက ဦးေလးႀကီးေတြ အရက္မူးရင္ဆိုသလိုမ်ိဳး။ တမႉး ႏႈတ္ခမ္းကို ဖိကိုက္ရင္း ရယ္ခ်င္စိတ္ကိုထိန္းေနရသည္။

"လူကေလးတို႔ရဲ႕...ေခ်ာ့စရာ...
မိတၳီလာကန္ေအာက္က....ဖားေကာက္ခဲ့ပါ...
ဖားပါရင္ တစ္ေကာင္ေပး...
မ်က္လုံးရယ္ ေၾကာင္ေတာင္ေတာင္နဲ႕...
ဖားေကာင္ကေသး...အဟြပ္"

ထပ္ၿပီး စီနီယာဆိုေနသည့္ သားေခ်ာ့ေတးအဆက္ကို တမႉး မသိေတာ့ပါ။ ယခုက တမႉးကို သီခ်င္းဆိုခိုင္းၿပီး စီနီယာက သူ႕ဘာသူ ျပန္ဆိုေနသည့္အျဖစ္။

"ငယ္ငယ္က အေမအၿမဲ ေခ်ာ့သိပ္တယ္ အဲ့သီခ်င္းနဲ႕"

ထပ္ၿပီးေျပာလာသည့္ စီနီယာ့အသံက ခပ္တိုးတိုး။

"အဲ့ဒါဆို စီနီယာ့အေမကို အခုဆိုသိပ္ခိုင္းလိုက္ေလ"

တမႉး ခပ္ျမဴးျမဴးေျပာလိုက္၏။

"မရွိေတာ့ဘူး..."

"ဟင္"

"ကိုယ့္အေမက မရွိေတာ့ဘူး၊ ကိုယ္တို႔အရမ္းမုန္းရတဲ့ ေရာဂါဆိုးႀကီးက အေမ့ကိုေခၚသြားၿပီ

ေျပာၿပီး ရွိုက္လိုက္သည့္ စီနီယာ့အသံေၾကာင့္ တမႉး ဘာျပန္ေျပာရမလဲမသိဘဲ အသံတိတ္သြားရ၏။ စီနီယာ့အေမက ဆုံးသြားၿပီေပါ့။ စိတ္မေကာင္းစြာ မည္သည့္စကားလုံးတို႔ျဖင့္ ႏွစ္သိမ့္ရမလဲ ရွာမေတြ႕နိုင္။

ထို႔ေနာက္ ထပ္မံထြက္ေပၚလာေသာ ရွိုက္သံမ်ားေၾကာင့္ စီနီယာငိုေနမွန္း ရိပ္မိလိုက္သည့္အခါ ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိေအာင္ တမႉး ပူထူသြားရ၏။

"စီနီယာ...အဆင္ေျပရဲ႕လားဟင္...စီနီယာ"

စီနီယာက စကားတုံ႕ျပန္ေျပာမလာဘဲ ရွိုက္၍သာေနသည္။

"စီနီယာ...ကြၽန္ေတာ္ေတာင္းပန္ပါတယ္၊ ကြၽန္ေတာ္မသိလို႔...စီနီယာ"

တီခနဲ ဖုန္းေလးက က်သြား၏။ တမႉး ခ်က္ခ်င္းျပန္ေခၚေသာ္လည္း မကိုင္။ ေနာက္ထပ္ သုံးခါေလာက္ ထပ္ေခါၿပီးခ်ိန္တြင္ေတာ့ တစ္ဖက္က ဖုန္းစက္ပိတ္သြားေလ၏။

စီနီယာ အရမ္း ဝမ္းနည္းသြားေလာက္မလား။ ဖုန္းက တမင္သက္သက္စက္ပိတ္သြားတာလား၊ အားကုန္၍ စက္ပိတ္သြားတာလားမသိ။ တမႉး သက္ျပင္းေမာသာခ်လိဳက္မိသည္။

ဒါေၾကာင့္ စီနီယာက ေဆး႐ုံးမွာ ထူးထူးဆန္းဆန္းေမးခြန္းေတြေမးခဲ့တာမ်ားလား။ စီနီယာကလည္း လ်ိဳ႕ဝွက္သည္။ သူ႕မိသားစုအၾကာင္း တစ္ခါမွ တမႉးကို မေျပာျပဖူးေပ။ စီနီယာက သူ႕အေမကိုလည္း အရမ္းခ်စ္ပုံရ၏။

ရွိုက္,ရွိုက္ငိုသြားသည့္ စီနီယာ၏ အသံက တမႉးနားထဲက မထြက္။ စီနီယာက ေတာ္႐ုံဝမ္းနည္းတတ္သည့္ ပုံစံမွမဟုတ္တာ။ တမႉး မိမိကိုယ္မိမိ အျပစ္ရွိသလို ခံစားလိုက္ရ၏။

ေနာက္ဆုံး ခုတင္ေပၚလွဲမိရင္း ေခါင္းထဲ၌ အေတြးေပါင္းစုံျဖင့္ ခ်ာခ်ာလည္ေနရသည္။ Jayy က ဘာေၾကာင့္ voice call ေခၚတာလဲ...။
စီနီယာေရာ အဆင္ေျပပါ့မလား...။
စီနီယာက ဘယ္လိုလူမ်ိဳးလဲ...။
အခုအခ်ိန္ Jayy ဘာလုပ္ေနမလဲ...။
တကယ္ပဲ တမႉးဆီ voice call ေခၚမိျခင္းကို Jayy မသိတာလား...။
Jayy စိတ္ထဲ တမႉးကို ဘယ္လိုေတြးေနသလဲ...။
ေမးခြန္းေပါင္းစုံျဖင့္ စိတ္က အိပ္မေပ်ာ္ေသာ္လည္း ခႏၶာကိုယ္က တစ္ေနကုန္ပင္ပန္းထားသည္မို႔ အေတာ္ေလးႏြမ္းနယ္ကာ အိပ္ခ်င္ေနသည္။

ေနာက္ဆုံး သက္ျပင္းအႀကိမ္ႀကိမ္ခ်ရင္း စီနီယာေျပာဖူးသည့္ နည္းလမ္းအတိုင္း သံစဥ္တစ္ပုဒ္ျဖင့္ အေတြးေပါင္းစုံကို ေခတၱခဏပဲျဖစ္ျဖစ္ေမာင္းထုတ္လိုက္သည္။ ေက်ာင္းဖြင့္တဲ့ေန႕က်မွ စီနီယာ့ကိုေတာင္းပန္ရင္းနဲ႕ စီနီယာႏွင့္တိုင္ပင္ေတာ့မည္။ Jayy လည္း တကယ္လို႔ အေရးႀကီးရင္ တစ္ခုခုေတာ့ ထပ္ေျပာလာမွာပါေလ။

တစ္ဆက္တည္း Jayy က မိမိႏွင့္လက္တကမ္းအကြာမွာ ရွိေနသည္ဟု ခံစားေနရျပန္သည္။ စိတ္ကူး အေတြးထဲမွာပင္ Jayy က သူနဲ႕ နီးလိုက္ေဝးလိုက္။

သီခ်င္းသံစဥ္ကို နားေထာင္ဖို႔ႀကိဳးစားရင္း ကိုယ့္ကိုယ္ကိုယ္ေတာင္ မသိလိုက္ဘဲ Jayy ဆီ စိတ္ျပန္ေရာက္ကာ အိပ္ေပ်ာ္သြားသည္။

ထို႔ေနာက္ အိပ္မက္,မက္ခဲ့သည္။ အိပ္မက္ထဲတြင္ Jayy က တမႉးေရွ႕မွာ တမႉးကို ေက်ာေပး၍ ရပ္ေနသည္တဲ့။ Jayy မ်က္ႏွာကို ျမင္ရဖို႔ႀကိဳးစားရင္း ခ်ဥ္းကပ္သြားခ်ိန္ တမႉးကို အေနာက္မွလူတစ္ေယာက္ကဆြဲထားသည္။

လွည့္ၾကည့္လိုက္ေသာအခါ ထိုသူသည္ စီနီယာ။

*******************

အားလုံးကို ေက်းဇူးတင္လ်က္
ဆာကူရာရိန္း🌸


You are reading the story above: TeenFic.Net