Chapter-5

Background color
Font
Font size
Line height

(Unicode)

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်။

နေ့လည်အချိန် ကန်တင်းတွင် တမှူး၊ စီနီယာနေရင့်ရောင်၊ နယုန်နှင့်ဝသုန်တို့ နေ့လည်စာ အတူးစားနေကြသည်။ စီနီယာက ယခုနောက်ပိုင်း တမှူးတို့နှင့်အတူ နေ့လည်စာ လာစားလေ့ရှိသည်မှာ တစ်ပတ်ခန့်ပင်ရှိပြီဖြစ်သည်။ ဤအချိန်တစ်ပတ်သည်ပင် စီနီယာနှင့် တမှူးတို့အကြားခင်မင်ရင်းနှီးမှု ပို၍ တိုးလာစေခဲ့သည်။

"ကောင်လေး မနက်ဖြန် ကျောင်းပိတ်ရက် ကောင်လေးတို့ အားလား"

စီနီယာကမေးလာ၍ အားလုံး စီနီယာ့ထံအကြည့်ရောက်သွား၏။

"ကျွန်တော်ကတော့ အားပါတယ်၊ ဘာကိစ္စရှိလို့လဲ စီနီယာ"

"မနက်ဖြန် ကိုယ်သူငယ်ချင်းတစ်ယောက်က သူ့မွေးနေ့အတွက် ဆေးရုံမှာ လူနာတွေ၊ လူနာစောင့်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေအတွက် အဟာရဒါနသွားပြုချင်လို့တဲ့၊ အဲ့ဒါ ကိုယ်တို့ လုပ်အားပေးလိုက်သွားမလို့၊ ကောင်လေးတို့ အားရင်လိုက်ခဲ့ပါလားလို့"

နယုန်နှင့်ဝသုန်က မျက်နှာလေးငယ်သွားကြ၏။

"ညီမတို့က မနက်ဖြန် သင်တန်းရှိတယ်"

ဟုတ်ပါသည်။ နယုန်နှင့် ဝသုန်က စနေပိတ်ရက်တွင် ကိုရီးယားစကားပြောသင်တန်းတက်နေကြသည်။ တမှူးလည်း လိုက်တက်ချင်သော်လည်း အိမ်က စိတ်မချ၍ မတက်ခိုင်း။ နယုန်နှင့်ဝသုန်က မလိုက်ဖြစ်တော့ စီနီယာက တမှူးဘက်သို့ ကြည့်လာ၏။ တမှူးခေါင်းညိတ်လိုက်သည်။

"ကျွန်တော် လိုက်မယ်လေ စီနီယာ၊ အဲ...ဒါပေမဲ့ အိမ်က လွှတ်မှ ရမှာ"

စီနီယာက သဘောတကျ ပြုံးသည်။

"ဒါဆို ကိုယ်ညနေကျရင် ကောင်လေးနဲ့ တစ်ခါတည်း အိမ်ထိလိုက်ပြီး ခွင့်တောင်းပေးမယ်လေ"

"အာ...စီနီယာ သက်သက်ပင်ပန်းလိမ့်မယ်"

"ရပါတယ်၊ ကောင်လေးအိမ်လည်း လိုက်လည်ပြီး ဖြစ်သွားတာပေါ့"

နယုန်နှင့် ဝသုန်က တစ်ယောက်နှင့် တစ်ယောက် လက်တံတောင်ချင်းတွတ်လျက် ခိုးရယ်ကြသည်။

ယခုဆိုလျှင် စီနီယာက တမှူးတို့ သုံးယောက်နှင့် စကွက်ဝင်ဟုပင် ဆိုရတော့မည်။ နယုန်တို့နှင့်လည်း ပို၍ ရင်းနှီးလာသည်။ ထို့ပြင် တမှူးနှင့်လည်း ပို၍ ခင်မင်ရင်းနှီးကာ ပွင့်လင်းလာသည်။ စီနီယာက မနက်တိုင်း တမှူးကို စောင့်၍ အဆောင်ထိ အတူလိုက်ပို့ပြီး ညနေဆိုလျှင် တမှူးဆိုင်ကယ်အနောက်မှ ကားဂိတ်ထိလိုက်တတ်သည်မှာ ယခုဆို တစ်ပတ်မျှပင်ကျော်ပြီဖြစ်သည်။

အချိန်ကြာလာသည်နှင့်အမျှ စီနီယာက နှစ်လိုဖွယ်ကောင်းသော သူတစ်ဦးအဖြစ် တမှူး ပို၍ ပို၍ လက်ခံလာသည်။

တမှူးအနှစ်သက်ဆုံးကတော့ စီနီယာက တမှူးပြောသမျှ Jayy အကြောင်းကို နားထောင်ပေးခြင်းဖြစ်သည်။ Jayy ဇာတ်လမ်းတွေကိုလည်း ကောင်းကြောင်းဝေဖန်ပေးသည်။ နောက်ပြီး စီနီယာက ဉာဏ်ကောင်းသည်။ ဇာတ်လမ်းခန့်မှန်းတာတော်သည်။ အသေးစိတ်ဖတ်ရသည့် တမှူးထက် တမှူးပြောသမျှကို နားထောင်သော စီနီယာက ဇာတ်လမ်းကို ပိုခန့်မှန်းပေးနိုင်သည်။ ယခုအချိန်ထိ စီနီယာခန့်မှန်းလျှင် မလွဲတတ်သေးပေ။ ထို့ပြင် စီနီယာက နှစ်သိမ့်ဆွေးနွေးရာ၌လည်း တော်သည်။ အခြားလူတစ်ယောက် ဝမ်းနည်းနေချိန် ပြုံးအောင်လည်း စကားများဖြင့် စွမ်းဆောင်ပေးနိုင်သည်။ မောင်နှမသားချင်းမရှိသော တမှူးအဖို့ စီနီယာက နွေးထွေးကြင်နာတတ်သည့် အစ်ကိုကြီးတစ်ယောက်လိုပင်ဖြစ်သည်။

************************************

ယနေ့ည Jayy ၏ update ရှိသည်။ Jayy သည် အရင်တစ်ခါ စာပြန်ပြီးကတည်းက နောက်ထပ် စာမပြန်လာတော့ပါ။ သို့သော် တမှူးပို့သမျှ စာတွေကိုတော့ ကြည့်ပါသည်။ အနီရောင် အသည်းလေးတွေလည်း အမြဲပေးပါသည်။

ထိုထက်ပို၍ မျှော်လင့်မိပေမဲ့ ထိုမျှလောက်ထိရတာကပင် အတော်လေးကြီးမားသည့် ဆုလာဒ်မဟုတ်ပါလား။ တော်ပြီပေါ့။ ဆုလာဒ်တွေက တစ်ခါက နှစ်ခါ ဘယ်ရနိုင်ပါတော့မလဲ။

ယနေ့ညလည်း ထုံးစံအတိုင်းပင်။ အနီရောင် အသည်းလေးနှင့် ရပ်တန့်သွားသည်။ လွန်ခဲ့သည့် တစ်ပတ်ခန့် Jayy စာ စပြန်,ပြန်ချင်း နေ့ရက်တွေတုန်းကတော့ တမှူး မြောက်ကြွမြောက်ကြွ ဖြစ်နေခဲ့သည်။ Jayy ကပဲ တမှူးကို ကြိုက်လာတော့မလိုလို ရူးကြောင်မူးကြောင်တွေ တွေးမိခဲ့သေးသည်။ Jayy တင်သမျှ မိုင်ဒေးတိုင်းက မိမိကိုပဲ ရည်ညွှန်းသလိုလိုဘာလိုလို စိတ်ကူးယဥ်ခဲ့သေးသည်။ နောက်ပိုင်းကျတော့လည်း ဒုံရင်းက ဒုံရင်းနှင့် အေးစက်သွားပြန်သည်။

ဟူး.....။

စိတ်မောစွာ လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။ ရှေ့ဆက် တမှူးတစ်ယောက် ဘယ်လို နှစ်ပါးသွားရပါမလဲ။ Jayy နှင့်က တစ်သက်လုံး ခရက်ရှ်အဖြစ် အဆုံးသတ်သွားတော့မှာလား။ လူတွေကပြောကြသည်။ လူတစ်ယောက်ကို ခရက်ရှ်တာက လေးလထိပဲ ခံတယ်တဲ့။ လေးလကျော်သွားရင် ခရက်ရရှ်တာထက် ပိုသွားပြီတဲ့။ တမှူး Jayy ကို ခရက်ရှ်ရသည်မှာ လေးလကျော်၍ ငါးလတောင်စွန်းနေပြီလေ။ အကယ်၍ Jayy က ယောက်ျားလေးတွေကို စိတ်မဝင်စားခဲ့ဘူးဆိုရင်ရော...။

"You leave me breatheless...... "

ရင်ဘက်ပေါ်တင်ထားသော ဖုန်းမှ မြည်လာသောကြောင့် ကြည့်လိုက်တော့ စီနီယာ။

"ဟဲလို စီနီယာ"

"အင်း ကောင်လေး၊ မနက်ဖြန်ကျရင် အရင်ချိန်းထားတဲ့နေရာကို မလာနဲ့တော့၊ အိမ်မှာပဲစောင့်နေ၊ ကိုယ်လာခေါ်မယ်"

"ဘာလို့လဲ စီနီယာ"

"ကိုယ် သူငယ်ချင်းမှာတဲ့ ပစ္စည်းတစ်မျိုး မြို့ထဲ ဝင်ဝယ်ပြီးမှ ဆေးရုံကို ဆက်လိုက်ရမှာမိုလို့ တော်ကြာ ကောင်လေးတစ်ယောက်တည်းဖြစ်နေလိမ့်မယ်၊ ဒါကြောင့် ကောင်လေးကို ကိုယ်နဲ့အတူ မြို့ထဲ ခေါ်သွားမလို့"

"ဪ...ဟုတ်"

"အင်း...အဲ့ဒါလှမ်းပြောတာ၊ အခု ဘာလုပ်နေလဲ"

"သည်တိုင်းပဲ လိုင်းသုံးနေတာ"

"အင်း..ဉာဥ့်နက်အောင်တော့ မသုံးနဲ့နော်၊ မနက်ကျရင် လုပ်အားပေးရဦးမှာဆိုတော့ စောစောအိပ်"

"ဟုတ်"

"ဒါဆို ကိုယ်ဖုန်းချတော့မယ်နော်"

"ဟုတ်"

"အာ...ခဏနေဦး"

ဖုန်းချခါနီးမှ စီနီယာ့အသံကြောင့် ဖုန်းကို နားနားပြန်ကပ်လိုက်ရသည်။

"တ ဟုတ် ဟုတ်နဲ့၊ ဘာဖြစ်နေတာလဲ၊ စိတ်ညစ်နေတာလား၊ အသံမကောင်းဘူး"

တကယ်ပင် စီနီယာဟာ ထိုကဲ့သို့လူမျိုးဖြစ်သည်။ ကျန်တဲ့သူတွေအပေါ်တော့မသိ။ တမှူးအပေါ်တော့ ဖုန်းထဲကစာကအစ ယခုအသံအဆုံး စိတ်ခံစားချက်များကို ခန့်မှန်းပေးနိုင်သူ။

"သည်လိုပါပဲ..."

"Jayy ကြောင့်ပဲလား"

စီနီယာလည်း တမှူးအကြောင်း အချိန်ခဏနှင့် နောကျေနေချေပြီ။

"ကျွန်တော့စိတ်ထဲ Jayy နဲ့ အရမ်းကြီးဝေးသွားသလို ခံစားရတယ်"

မသိလျှင် အရင်တုန်းက နီးခဲ့တာကျလို့။

"ဘာလို့ အဲ့လိုထင်တာလဲ"

"မသိဘူး၊ စိတ်ထဲက ခံစားနေရတာ"

"ကောင်လေးကတော့ လုပ်ပြန်ပြီ၊ ကိုယ်ခဏခဏမှာနေတာတောင်၊ စိတ်ဆိုတာက ကိုယ်နိုင်ရင်နိုင်သလို စေခိုင်းလို့ရတယ်လို့၊ စိတ်ကို နိုင်အောင်ထားရတယ်၊ ကိုယ့်ကို ထိခိုက်စေမဲ့ ဝမ်နည်းစရာ ခံစားချက်တွေကို စိတ်နဲ့ ပေးမတွေးခိုင်းရဘူး။ ဝမ်းနည်းစရာတွေးဖို့ အချိန်မရှိအောင်ကို ဝမ်းသာစရာတွေ စိတ်ချမ်းသာစရာတွေ အမြဲတွေးနေပေးရတယ်"

"စီနီယာပဲ ပြောနိုင်တယ်၊ လူတိုင်းက စီနီယာ့လို စိတ်ကျောင်းသားမှ မဟုတ်တာ"

"အမ်...ကောင်လေးကတော့ကွာ၊ စကားအကောင်းပြောနေတာကို၊ ကောင်လေး သိလား၊ စိတ်ညစ်နေချိန်မှာ ဟာသဗီဒီယိုတွေ၊ သီချင်းမြူးမြူးတွေ ဘာလို့ နားထောင်းခိုင်းတာလဲဆိုတာ၊ အဲ့ဒါ့ စိတ်ကို အလုပ်ပေးလိုက်တာပဲ၊ ဝမ်းနည်းစရာ မတွေးမိအောင် ပျော်စရာတွေနဲ့ အလုပ်များခိုင်းလိုက်တာ၊ အများပြောကြတာတော့ စိတ်အပြောင်းအလဲ ဖြစ်အောင်ပေါ့ဆိုတာမျိုး"

အခုလောလောဆယ်တော့ တမှူးတစ်ယောက် စီနီယာ့ဆုံမစကားတွေနဲ့ အလုပ်များနေပါပြီ။

"အင်း"

"ဘာအင်းလဲ၊ ပြီးရင် ကိုယ်ပြောသလိုလုပ်၊ ဘာမှ မတွေးဘဲ ဖုန်းကို လူနဲ့ ဝေးဝေးမှာချလိုက်၊ သံစဥ်ခပ်အေးအေးလေးတစ်ပုဒ်ကို အချိန်နဲ့ ဖွင့်ထားလိုက်၊ ပြီးရင် မျက်လုံးလေးမှိတ် အသက်မှန်မှန်ရှူပြီး သံစဥ်ထဲပဲ စိတ်ထည့်ကြည့်၊ Jayy အကြောင်းလည်း မတွေးနဲ့၊ ကိုယ့်အကြောင်းလည်းမတွေးနဲ့၊ မိသားစုသူငယ်ချင်း ဘာအကြောင်းမှ မတွေးဘဲ သံစဥ်ကိုပဲ ခံစားကြည့်"

တမှူး ငယ်ငယ်က ဆယ်ရက်တရားစခန်းဝင်နေရသလို ခံစားလိုက်ရသည်။ စီနီယာက တရားပြဆရာ လုပ်စားသင့်သည်။ တမှူးလည်း အဲ့လို လုပ်ရင် ကောင်းမယ်ဆိုတာ သိပါသည်။ သို့ပေမဲ့ အဲ့လို လုပ်ဖို့ကို ပျင်းနေတာလေ။

"ကြားလား ကောင်လေး"

"ဟုတ်ကဲ့"

"လုပ်မယ်လို့ ကတိပေး"

"ဟုတ်ကဲ့ပါဆို...လုပ်ပါ့မယ်လို့"

တမှူး ဆောင့်ဆောင့်အောင့်အောင့် ဖြေတော့ စီနီယာ့ထံမှရယ်သံခပ်ဟဟကြားရသည်။

"ဒါဆို ကိုယ် စိတ်ချမယ်နော်၊ အိပ်ရေး မပျက်စေနဲ့ ကောင်လေး"

"ဟုတ်"

ယခုတစ်ခါမှ တကယ်ဖုန်းချသွားသည်။ တမှူး ဖုန်းကိုကိုင်ပြီး စီနီယာခိုင်းသလိုလုပ်ဖို့ပျင်းနေမိသည်။ သို့သော် ကတိပေးလိုက်သည်မို့ ပျင်းတွဲတွဲဖြင့် နေရာမှထကာ စန္ဒယားသံစဥ်တပုဒ်ကိုဖွင့်ပြီး ဖုန်းကို စားပွဲပေါ်တင်လိုက်သည်။ ထို့နောက်ရင်ဘက်ပေါ် လက်တင်၍ အသက်ဝအောင်ရှူပြီး သံစဥ်ကို နားထောင်သည်။ အစပထမတော့ အတွေးက ဟိုရောက်သွားလိုက်၊ သံစဥ်နားထောင်ဆိုပြီး ပြန်ဆွဲလိုက်နှင့် နောက်ဆုံး သံစဥ် ဘယ်အချိန်းဆုံးလဲတောင် မသိလိုက်ဘဲ အိပ်ပျော်သွားခဲ့၏။

****************

အားလုံးကိုကျေးဇူးတင်လျက်
ဆာကူရာရိန်း🌸

(Zawgyi)

၂၀၂၀ ခုႏွစ္၊ ဇန္နဝါရီလ ၁၇ ရက္။

ေန႕လည္အခ်ိန္ ကန္တင္းတြင္ တမႉး၊ စီနီယာေနရင့္ေရာင္၊ နယုန္ႏွင့္ဝသုန္တို႔ ေန႕လည္စာ အတူးစားေနၾကသည္။ စီနီယာက ယခုေနာက္ပိုင္း တမႉးတို႔ႏွင့္အတူ ေန႕လည္စာ လာစားေလ့ရွိသည္မွာ တစ္ပတ္ခန့္ပင္ရွိၿပီျဖစ္သည္။ ဤအခ်ိန္တစ္ပတ္သည္ပင္ စီနီယာႏွင့္ တမႉးတို႔အၾကားခင္မင္ရင္းႏွီးမႈ ပို၍ တိုးလာေစခဲ့သည္။

"ေကာင္ေလး မနက္ျဖန္ ေက်ာင္းပိတ္ရက္ ေကာင္ေလးတို႔ အားလား"

စီနီယာကေမးလာ၍ အားလုံး စီနီယာ့ထံအၾကည့္ေရာက္သြား၏။

"ကြၽန္ေတာ္ကေတာ့ အားပါတယ္၊ ဘာကိစၥရွိလို႔လဲ စီနီယာ"

"မနက္ျဖန္ ကိုယ္သူငယ္ခ်င္းတစ္ေယာက္က သူ႕ေမြးေန႕အတြက္ ေဆး႐ုံမွာ လူနာေတြ၊ လူနာေစာင့္ေတြ၊ က်န္းမာေရးဝန္ထမ္းေတြအတြက္ အဟာရဒါနသြားျပဳခ်င္လို႔တဲ့၊ အဲ့ဒါ ကိုယ္တို႔ လုပ္အားေပးလိုက္သြားမလို႔၊ ေကာင္ေလးတို႔ အားရင္လိုက္ခဲ့ပါလားလို႔"

နယုန္ႏွင့္ဝသုန္က မ်က္ႏွာေလးငယ္သြားၾက၏။

"ညီမတို႔က မနက္ျဖန္ သင္တန္းရွိတယ္"

ဟုတ္ပါသည္။ နယုန္ႏွင့္ ဝသုန္က စေနပိတ္ရက္တြင္ ကိုရီးယားစကားေျပာသင္တန္းတက္ေနၾကသည္။ တမႉးလည္း လိုက္တက္ခ်င္ေသာ္လည္း အိမ္က စိတ္မခ်၍ မတက္ခိုင္း။ နယုန္ႏွင့္ဝသုန္က မလိုက္ျဖစ္ေတာ့ စီနီယာက တမႉးဘက္သို႔ ၾကည့္လာ၏။ တမႉးေခါင္းညိတ္လိုက္သည္။

"ကြၽန္ေတာ္ လိုက္မယ္ေလ စီနီယာ၊ အဲ...ဒါေပမဲ့ အိမ္က လႊတ္မွ ရမွာ"

စီနီယာက သေဘာတက် ၿပဳံးသည္။

"ဒါဆို ကိုယ္ညေနက်ရင္ ေကာင္ေလးနဲ႕ တစ္ခါတည္း အိမ္ထိလိုက္ၿပီး ခြင့္ေတာင္းေပးမယ္ေလ"

"အာ...စီနီယာ သက္သက္ပင္ပန္းလိမ့္မယ္"

"ရပါတယ္၊ ေကာင္ေလးအိမ္လည္း လိုက္လည္ၿပီး ျဖစ္သြားတာေပါ့"

နယုန္ႏွင့္ ဝသုန္က တစ္ေယာက္ႏွင့္ တစ္ေယာက္ လက္တံေတာင္ခ်င္းတြတ္လ်က္ ခိုးရယ္ၾကသည္။

ယခုဆိုလွ်င္ စီနီယာက တမႉးတို႔ သုံးေယာက္ႏွင့္ စကြက္ဝင္ဟုပင္ ဆိုရေတာ့မည္။ နယုန္တို႔ႏွင့္လည္း ပို၍ ရင္းႏွီးလာသည္။ ထို႔ျပင္ တမႉးႏွင့္လည္း ပို၍ ခင္မင္ရင္းႏွီးကာ ပြင့္လင္းလာသည္။ စီနီယာက မနက္တိုင္း တမႉးကို ေစာင့္၍ အေဆာင္ထိ အတူလိုက္ပို႔ၿပီး ညေနဆိုလွ်င္ တမႉးဆိုင္ကယ္အေနာက္မွ ကားဂိတ္ထိလိုက္တတ္သည္မွာ ယခုဆို တစ္ပတ္မွ်ပင္ေက်ာ္ၿပီျဖစ္သည္။

အခ်ိန္ၾကာလာသည္ႏွင့္အမွ် စီနီယာက ႏွစ္လိုဖြယ္ေကာင္းေသာ သူတစ္ဦးအျဖစ္ တမႉး ပို၍ ပို၍ လက္ခံလာသည္။

တမႉးအႏွစ္သက္ဆုံးကေတာ့ စီနီယာက တမႉးေျပာသမွ် Jayy အေၾကာင္းကို နားေထာင္ေပးျခင္းျဖစ္သည္။ Jayy ဇာတ္လမ္းေတြကိုလည္း ေကာင္းေၾကာင္းေဝဖန္ေပးသည္။ ေနာက္ၿပီး စီနီယာက ဉာဏ္ေကာင္းသည္။ ဇာတ္လမ္းခန့္မွန္းတာေတာ္သည္။ အေသးစိတ္ဖတ္ရသည့္ တမႉးထက္ တမႉးေျပာသမွ်ကို နားေထာင္ေသာ စီနီယာက ဇာတ္လမ္းကို ပိုခန့္မွန္းေပးနိုင္သည္။ ယခုအခ်ိန္ထိ စီနီယာခန့္မွန္းလွ်င္ မလြဲတတ္ေသးေပ။ ထို႔ျပင္ စီနီယာက ႏွစ္သိမ့္ေဆြးႏြေးရာ၌လည္း ေတာ္သည္။ အျခားလူတစ္ေယာက္ ဝမ္းနည္းေနခ်ိန္ ၿပဳံးေအာင္လည္း စကားမ်ားျဖင့္ စြမ္းေဆာင္ေပးနိုင္သည္။ ေမာင္ႏွမသားခ်င္းမရွိေသာ တမႉးအဖို႔ စီနီယာက ႏြေးေထြးၾကင္နာတတ္သည့္ အစ္ကိုႀကီးတစ္ေယာက္လိုပင္ျဖစ္သည္။

************************************

ယေန႕ည Jayy ၏ update ရွိသည္။ Jayy သည္ အရင္တစ္ခါ စာျပန္ၿပီးကတည္းက ေနာက္ထပ္ စာမျပန္လာေတာ့ပါ။ သို႔ေသာ္ တမႉးပို႔သမွ် စာေတြကိုေတာ့ ၾကည့္ပါသည္။ အနီေရာင္ အသည္းေလးေတြလည္း အၿမဲေပးပါသည္။

ထိုထက္ပို၍ ေမွ်ာ္လင့္မိေပမဲ့ ထိုမွ်ေလာက္ထိရတာကပင္ အေတာ္ေလးႀကီးမားသည့္ ဆုလာဒ္မဟုတ္ပါလား။ ေတာ္ၿပီေပါ့။ ဆုလာဒ္ေတြက တစ္ခါက ႏွစ္ခါ ဘယ္ရနိုင္ပါေတာ့မလဲ။

ယေန႕ညလည္း ထုံးစံအတိုင္းပင္။ အနီေရာင္ အသည္းေလးႏွင့္ ရပ္တန့္သြားသည္။ လြန္ခဲ့သည့္ တစ္ပတ္ခန့္ Jayy စာ စျပန္,ျပန္ခ်င္း ေန႕ရက္ေတြတုန္းကေတာ့ တမႉး ေျမာက္ႂကြေျမာက္ႂကြ ျဖစ္ေနခဲ့သည္။ Jayy ကပဲ တမႉးကို ႀကိဳက္လာေတာ့မလိုလို ႐ူးေၾကာင္မူးေၾကာင္ေတြ ေတြးမိခဲ့ေသးသည္။ Jayy တင္သမွ် မိုင္ေဒးတိုင္းက မိမိကိုပဲ ရည္ၫႊန္းသလိုလိုဘာလိုလို စိတ္ကူးယဥ္ခဲ့ေသးသည္။ ေနာက္ပိုင္းက်ေတာ့လည္း ဒုံရင္းက ဒုံရင္းႏွင့္ ေအးစက္သြားျပန္သည္။

ဟူး.....။

စိတ္ေမာစြာ ေလပူတစ္ခ်က္မႈတ္ထုတ္မိသည္။ ေရွ႕ဆက္ တမႉးတစ္ေယာက္ ဘယ္လို ႏွစ္ပါးသြားရပါမလဲ။ Jayy ႏွင့္က တစ္သက္လုံး crush အျဖစ္ အဆုံးသတ္သြားေတာ့မွာလား။ လူေတြကေျပာၾကသည္။ လူတစ္ေယာက္ကို crush တာက ေလးလထိပဲ ခံတယ္တဲ့။ ေလးလေက်ာ္သြားရင္ crush တာထက္ ပိုသြားၿပီတဲ့။ တမႉး Jayy ကို crush ရသည္မွာ ေလးလေက်ာ္၍ ငါးလေတာင္စြန္းေနၿပီေလ။ အကယ္၍ Jayy က ေယာက္်ားေလးေတြကို စိတ္မဝင္စားခဲ့ဘူးဆိုရင္ေရာ...။

"You leave me breatheless...... "

ရင္ဘက္ေပၚတင္ထားေသာ ဖုန္းမွ ျမည္လာေသာေၾကာင့္ ၾကည့္လိုက္ေတာ့ စီနီယာ။

"ဟဲလို စီနီယာ"

"အင္း ေကာင္ေလး၊ မနက္ျဖန္က်ရင္ အရင္ခ်ိန္းထားတဲ့ေနရာကို မလာနဲ႕ေတာ့၊ အိမ္မွာပဲေစာင့္ေန၊ ကိုယ္လာေခၚမယ္"

"ဘာလို႔လဲ စီနီယာ"

"ကိုယ္ သူငယ္ခ်င္းမွာတဲ့ ပစၥည္းတစ္မ်ိဳး ၿမိဳ႕ထဲ ဝင္ဝယ္ၿပီးမွ ေဆး႐ုံကို ဆက္လိုက္ရမွာမိုလို႔ ေတာ္ၾကာ ေကာင္ေလးတစ္ေယာက္တည္းျဖစ္ေနလိမ့္မယ္၊ ဒါေၾကာင့္ ေကာင္ေလးကို ကိုယ္နဲ႕အတူ ၿမိဳ႕ထဲ ေခၚသြားမလို႔"

"ဪ...ဟုတ္"

"အင္း...အဲ့ဒါလွမ္းေျပာတာ၊ အခု ဘာလုပ္ေနလဲ"

"သည္တိုင္းပဲ လိုင္းသုံးေနတာ"

"အင္း..ဉာဥ့္နက္ေအာင္ေတာ့ မသုံးနဲ႕ေနာ္၊ မနက္က်ရင္ လုပ္အားေပးရဦးမွာဆိုေတာ့ ေစာေစာအိပ္"

"ဟုတ္"

"ဒါဆို ကိုယ္ဖုန္းခ်ေတာ့မယ္ေနာ္"

"ဟုတ္"

"အာ...ခဏေနဦး"

ဖုန္းခ်ခါနီးမွ စီနီယာ့အသံေၾကာင့္ ဖုန္းကို နားနားျပန္ကပ္လိုက္ရသည္။

"တ ဟုတ္ ဟုတ္နဲ႕၊ ဘာျဖစ္ေနတာလဲ၊ စိတ္ညစ္ေနတာလား၊ အသံမေကာင္းဘူး"

တကယ္ပင္ စီနီယာဟာ ထိုကဲ့သို႔လူမ်ိဳးျဖစ္သည္။ က်န္တဲ့သူေတြအေပၚေတာ့မသိ။ တမႉးအေပၚေတာ့ ဖုန္းထဲကစာကအစ ယခုအသံအဆုံး စိတ္ခံစားခ်က္မ်ားကို ခန့္မွန္းေပးနိုင္သူ။

"သည္လိုပါပဲ..."

"Jayy ေၾကာင့္ပဲလား"

စီနီယာလည္း တမႉးအေၾကာင္း အခ်ိန္ခဏႏွင့္ ေနာေက်ေနေခ်ၿပီ။

"ကြၽန္ေတာ့စိတ္ထဲ Jayy နဲ႕ အရမ္းႀကီးေဝးသြားသလို ခံစားရတယ္"

မသိလွ်င္ အရင္တုန္းက နီးခဲ့တာက်လိဳ႕။

"ဘာလို႔ အဲ့လိုထင္တာလဲ"

"မသိဘူး၊ စိတ္ထဲက ခံစားေနရတာ"

"ေကာင္ေလးကေတာ့ လုပ္ျပန္ၿပီ၊ ကိုယ္ခဏခဏမွာေနတာေတာင္၊ စိတ္ဆိုတာက ကိုယ္နိုင္ရင္နိုင္သလို ေစခိုင္းလို႔ရတယ္လို႔၊ စိတ္ကို နိုင္ေအာင္ထားရတယ္၊ ကိုယ့္ကို ထိခိုက္ေစမဲ့ ဝမ္နည္းစရာ ခံစားခ်က္ေတြကို စိတ္နဲ႕ ေပးမေတြးခိုင္းရဘူး။ ဝမ္းနည္းစရာေတြးဖို႔ အခ်ိန္မရွိေအာင္ကို ဝမ္းသာစရာေတြ စိတ္ခ်မ္းသာစရာေတြ အၿမဲေတြးေနေပးရတယ္"

"စီနီယာပဲ ေျပာနိုင္တယ္၊ လူတိုင္းက စီနီယာ့လို စိတ္ေက်ာင္းသားမွ မဟုတ္တာ"

"အမ္...ေကာင္ေလးကေတာ့ကြာ၊ စကားအေကာင္းေျပာေနတာကို၊ ေကာင္ေလး သိလား၊ စိတ္ညစ္ေနခ်ိန္မွာ ဟာသဗီဒီယိုေတြ၊ သီခ်င္းျမဴးျမဴးေတြ ဘာလို႔ နားေထာင္းခိုင္းတာလဲဆိုတာ၊ အဲ့ဒါ့ စိတ္ကို အလုပ္ေပးလိုက္တာပဲ၊ ဝမ္းနည္းစရာ မေတြးမိေအာင္ ေပ်ာ္စရာေတြနဲ႕ အလုပ္မ်ားခိုင္းလိုက္တာ၊ အမ်ားေျပာၾကတာေတာ့ စိတ္အေျပာင္းအလဲ ျဖစ္ေအာင္ေပါ့ဆိုတာမ်ိဳး"

အခုေလာေလာဆယ္ေတာ့ တမႉးတစ္ေယာက္ စီနီယာ့ဆုံမစကားေတြနဲ႕ အလုပ္မ်ားေနပါၿပီ။

"အင္း"

"ဘာအင္းလဲ၊ ၿပီးရင္ ကိုယ္ေျပာသလိုလုပ္၊ ဘာမွ မေတြးဘဲ ဖုန္းကို လူနဲ႕ ေဝးေဝးမွာခ်လိဳက္၊ သံစဥ္ခပ္ေအးေအးေလးတစ္ပုဒ္ကို အခ်ိန္နဲ႕ ဖြင့္ထားလိုက္၊ ၿပီးရင္ မ်က္လုံးေလးမွိတ္ အသက္မွန္မွန္ရႉၿပီး သံစဥ္ထဲပဲ စိတ္ထည့္ၾကည့္၊ Jayy အေၾကာင္းလည္း မေတြးနဲ႕၊ ကိုယ့္အေၾကာင္းလည္းမေတြးနဲ႕၊ မိသားစုသူငယ္ခ်င္း ဘာအေၾကာင္းမွ မေတြးဘဲ သံစဥ္ကိုပဲ ခံစားၾကည့္"

တမႉး ငယ္ငယ္က ဆယ္ရက္တရားစခန္းဝင္ေနရသလို ခံစားလိုက္ရသည္။ စီနီယာက တရားျပဆရာ လုပ္စားသင့္သည္။ တမႉးလည္း အဲ့လို လုပ္ရင္ ေကာင္းမယ္ဆိုတာ သိပါသည္။ သို႔ေပမဲ့ အဲ့လို လုပ္ဖို႔ကို ပ်င္းေနတာေလ။

"ၾကားလား ေကာင္ေလး"

"ဟုတ္ကဲ့"

"လုပ္မယ္လို႔ ကတိေပး"

"ဟုတ္ကဲ့ပါဆို...လုပ္ပါ့မယ္လို႔"

တမႉး ေဆာင့္ေဆာင့္ေအာင့္ေအာင့္ ေျဖေတာ့ စီနီယာ့ထံမွရယ္သံခပ္ဟဟၾကားရသည္။

"ဒါဆို ကိုယ္ စိတ္ခ်မယ္ေနာ္၊ အိပ္ေရး မပ်က္ေစနဲ႕ ေကာင္ေလး"

"ဟုတ္"

ယခုတစ္ခါမွ တကယ္ဖုန္းခ်သြားသည္။ တမႉး ဖုန္းကိုကိုင္ၿပီး စီနီယာခိုင္းသလိုလုပ္ဖို႔ပ်င္းေနမိသည္။ သို႔ေသာ္ ကတိေပးလိုက္သည္မို႔ ပ်င္းတြဲတြဲျဖင့္ ေနရာမွထကာ စႏၵယားသံစဥ္တပုဒ္ကိုဖြင့္ၿပီး ဖုန္းကို စားပြဲေပၚတင္လိုက္သည္။ ထို႔ေနာက္ရင္ဘက္ေပၚ လက္တင္၍ အသက္ဝေအာင္ရႉၿပီး သံစဥ္ကို နားေထာင္သည္။ အစပထမေတာ့ အေတြးက ဟိုေရာက္သြားလိုက္၊ သံစဥ္နားေထာင္ဆိုၿပီး ျပန္ဆြဲလိုက္ႏွင့္ ေနာက္ဆုံး သံစဥ္ ဘယ္အခ်ိန္းဆုံးလဲေတာင္ မသိလိုက္ဘဲ အိပ္ေပ်ာ္သြားခဲ့၏။

****************

အားလုံးကိုေက်းဇူးတင္လ်က္

ဆာကူရာရိန္း🌸



You are reading the story above: TeenFic.Net