Chapter-30

Background color
Font
Font size
Line height

(Unicode)

"မေမေ"

မီးဖိုခန်းထဲသို့ ဝင်လာရင်း ချက်ပြုတ်နေသော မေမေ့ကို အနောက်မှ ဖက်ကာ ခပ်ချွဲချွဲ ခေါ်လိုက်သည်။ အရွယ်ရောက်လာပြီးနောက်ပိုင်း မေမေ့ကို ယခုလို မဖက်ရတာပင် ကြာပြီ။

"သား...ဘာလိုချင်လို့ အောက်ထိတောင် ဆင်းလာတာလဲ၊ သက်သာလို့လား"

နေမကောင်းဖြစ်နေသည့်သားကို မေမေက နူးနူးညံ့ညံ့ ဆက်ဆံသည်။ ပုံမှန်ဆိုလျှင်လည်း နူးညံ့ပါသော်လည်း စိတ်မရှည်လာလျှင်တော့ တမှူးခေတ်ဟူသော အမည်ကို နောက်မှခေါ်ပြီး လက်က ဇိုးခနဲဇက်ခနဲ အရင်လုပ်သည်။

"သက်သာတယ် မေမေ"

နေ့လယ်က ဆေးသောက်ပြီး စီနီယာက တစ်ရေးအိပ်စေသည်။ တမှူး အိပ်ပျော်သည်အထိ စောင့်နေပေးခဲ့ပြီး တမှူးအိပ်မှ ပြန်သွားသည့်ဟန်တူသည်။ တမှူး နိုးလာတော့ မရှိတော့။

"အင်း...မျက်နှာလေးက လန်းလာသလိုပဲ"

"တကယ် သက်သာသွားပြီ မေမေရဲ့၊ ကိုယ်ပူတောင်ကျသွားပြီ တွေ့လား"

မေမေက နှဖူးကို စမ်းကြည့်၍ ဟုတ်မှန်ကြောင်း ခေါင်းညိတ်သည်။

"တော်သေးတာပေါ့၊ ကျသွားလို့၊ မဟုတ်ရင် မနက်ဖြန် ဆေးရုံသွားဖို့တောင် မေမေက ပြင်တော့မလို့"

"မလိုတော့ဘူးဗျ၊ သား ကောင်းသွားပြီ"

ပြောရင်း ဗိုက်ထဲ အနည်းငယ် ဆာသလို ရှိနေ၍ မီးဖိုချောင်ထဲ ဝေ့ကြည့်လိုက်သည်။ သည်နေ့ညနေတော့ ဆန်ပြုတ်မသောက်ချင်တော့။ တခြားဟာကျွေးဖို့ မေမေ့ကို ရအောင်တောင်းဆိုရမည်။ ထိုစဥ် အထုပ်ကြီးအထုပ်ငယ်များနှင့် မနည်းလှသည့် မုန့်များကို စားပွဲပေါ်တွင် တွေ့လိုက်ရ၏။

"မေမေ မုန့်တွေကများလိုက်တာ၊ ဘာလို့ အဲ့လောက်တောင် အများကြီး ဝယ်ထားတာလဲ"

"အမလေး...မေမေဝယ်တာ မဟုတ်ပါဘူး၊ သားအစ်ကို နေရင့်ရောင် ဝယ်လာတာလေ၊ နည်းနည်းနောနောမဟုတ်ဘူး၊ မုန့်တိုက် မ,လားသလား ထင်ရတယ်၊ ဒါတွေက ရေခဲသေတ္တာမဆံ့တော့လို့ အပြင်မှာ ထုတ်ထားတာတွေ"

တမှူး ပါးစပ်အဟောင်းသားဖြစ်ရပါသည်။ ရေခဲသေတ္တာကို ဆွဲဖွင့်လိုက်တော့ တကယ်ပင် အပြည့်။ စီနီယာ့၏ တမှူးအပေါ် အလေးထားမှုကြောင့် ကြည်နူးစိတ်ကလေးက နှုတ်ခမ်းများကို ပြုံးစေသည်။ ထို့နောက် အပြင်ရှိ မုန့်ထုပ်များကို ဖွင့်ကြည့်ရင်း စားချင်သည်များကို ရွေးယူလိုက်သည်။

"မေမေ...သား မုန့် နည်းနည်းယူသွားမယ်"

"ဗိုက်ဆာလို့လား၊ မေမေ ဆန်ပြုတ်နွှေးပေးရမလား"

"ဟင့်အင်း၊ မုန့်ပဲစားမှာ"

ပြောပြီး မေမေ့တုံ့ပြန်စကားကိုပင် နားမထောင်တော့ဘဲ အပေါ်ထပ် အပြေးပြန်တက်လာခဲ့သည်။ ဒါတောင် ညနေဆန်ပြုတ်သောက်ရဦးမှာနော် ဆိုသည့် မေမေ့စကားသံက လေနှင့်အတူ ကပ်ပါလာသေးသည်။

မုန့်ထုပ်များကို စားပွဲပေါ်တင်ပြီး အခန်းထောင့်မှ အရုပ်နှစ်ရုပ်ကို ပြန်ယူကာ ဖုန်ခါပြီး ကုတင်ပေါ်ပြန်တင်သည်။ ထို့နောက် အံဆွဲသော့ရှာရသည်။ မနက်ကတော့ လမ်းလျှောက်နိုင်ဖို့တောင် အနိုင်နိုင်ဖြစ်ခဲ့သော ခန္ဓာကိုယ်က စိတ်ဆောင်သောအခါ လှစ်ခနဲ လှစ်ခနဲ။ သော့က အသိမ်းလွန်၍ ဘယ်ရောက်နေလဲ မသိ။ သော့မတွေ့လို့ မဖြစ်။ စီနီယာ့ဆီ ဖုန်းဆက်ရမည်။

စားပွဲပေါ်ရှာမတွေ့၍ အိပ်ယာပေါ် မွှေနှောက်ရှာတော့မှ ခေါင်းအုံးကြားမှ ထွက်လာသည်။ အံဆွဲသော့ဖွင့်ပြီးသည်နှင့် Dream Catcher လေးကို အရင်တယုတယထုတ်ယူကာ ကုတင်ခေါင်းရင်းတွင် ပြန်ချိတ်လိုက်သည်။ ယခု တမှူးအတွက် အရေးပါသည့် ပစ္စည်းများ၏ ပိုင်ရှင်သည် တစ်ယောက်တည်းဖြစ်သွားပြီပဲ။

တိပ်နှင့် ပြန်ဆက်ထားသော ပုံတူလေးကို တွေ့တော့ စိတ်မကောင်းဖြစ်ရသည်။ တမှူးဟာ အလွန်ပင် စိတ်မြန်လက်မြန်ရှိလှသည်။ သို့သော် ကံကောင်းသည်က တစ်ပုံတည်း ကူးထားတာမဟုတ်လို့။ နောက်ပြီး သိပ်လည်း စိတ်ပူစရာ မလိုပါဘူး...။ နောက်ဆို စိတ်ကြိုက်ဆွဲခိုင်းလို့ ရပြီလေ။ Artist ကို ရပြီမို့ သူ့ဖန်တီးမှုလက်ရာတွေကလည်း ကိုယ့်အပိုင်ပင်မဟုတ်ပါလား။ ပျော်ရွှင် စိတ်လှုပ်ရှားလွန်း၍ အောက်နှုတ်ခမ်းကို ဖိကိုက်မိသည်။

ဖုန်းလေးက ဖွင့်လိုက်သည်နှင့် missed call ပေါင်းများစွာအတွက် စာများဝင်လာသည်။ အကုန်လုံးနီးပါးက စီနီယာဆီကပင်။ ကျန်တာက နယုန်နှင့် ဝသုန်။ ရုတ်တရတ် Jayy update ကိစ္စကို သတိရမိသည်။ စီနီယာ့ကို အင်္ဂါနေ့က update ဘာကြောင့် မလုပ်သလဲဟု မမေးလိုက်ရ။

"အား..."

ဖုန်းကိုကိုင်ရင်း ကုတင်ပေါ် လှဲချကာ စိတ်လှုပ်ရှားစွာ အော်ဟစ်မိသည်။ ယခု တမှူး အရူးအမူး crush ခဲ့ရသော Jayy က တမှူး ချစ်သူဖြစ်ပြီတဲ့။ တကယ်ကို အိပ်မက်ဆန်လွန်းသည်။ Jayy ၏ ချစ်သူဖြစ်ဖို့ အကြိမ်ကြိမ်စိတ်ကူးယဥ်ခဲ့ဖူးသော်လည်း တကယ့်လက်တွေ့ကတော့ စိတ်ကူးနဲ့ ထပ်တူမကျခဲ့။ Jayy က တမှူး ဘဝထဲကို စီနီယာနေရင့်ရောင်ဟူသော လူတစ်ယောက်အနေဖြင့် ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ တစ်ကြိမ်တစ်ခါမှ မမျှော်လင့်ခဲ့ဖူးသော ပုံစံဖြင့်ပေါ့။

ဝူဘအရုပ်ကြီးကို အသည်းယားစွာ ဆွဲညှစ်လိုက်သည်။ ထို့နောက် ကုတင်ပေါ် တင်ပလ္လင်ခွေထိုင်ကာ မုန့်တစ်ထုပ်ဖောက်စားရင်း စီနီယာ့ထံ ဖုန်းခေါ်လိုက်သည်။ တတီတီမြည်သံနှင့်အတူ ရင်တွေလည်း တဒိန်းဒိန်းခုန်နေသည်။ အရင်လို စီနီယာနှင့် ဂျူနီယာဆက်ဆံရေး မဟုတ်တော့ဘူးလေ။ ယခုဆို စီနီယာက တမှူး၏ချစ်သူ။ ဟုတ်ပါသည်။ နှစ်ဦးနှစ်ဖက် ချစ်တယ်လို့ ဝန်ခံပြီးပြီမို့ စီနီယာနှင့် တမှူးက ချစ်သူတွေဖြစ်ပြီ မဟုတ်ပါလား။ စိတ်လှုပ်ရှားလွန်း၍ အောက်နှုတ်ခမ်းကိုသာ မကြာခဏ ဖိကိုက်မိသည်။

"ဟဲလို ကောင်လေး၊ နိုးပြီလား၊ အခုမှ ဖုန်းစက်ဖွင့်တယ်လား"

"ဟုတ်...နိုးနိုးချင်း စီနီယာ့ဆီ ဖုန်းခေါ်တာ"

"အဟား..အရမ်းလွမ်းနေပြီပေါ့"

ဟိုးယခင် Jayy နှင့် ဖုန်းပြောတိုင်း သွားဖြီးတတ်သည့် တမှူးခေတ်ပြန်ဖြစ်လာသည်။

"လွမ်းလို့ မဟုတ်ပါဘူး၊ မေးစရာရှိလို့ ဆက်တာ"

"ဟုတ်လား...."

ထိုစကားကို စီနီယာက တမင်သံရှည်စွဲ ရေရွတ်သည်။

"ဆိုပါဦး၊ ဘာမေးမလို့လဲ"

"အင်္ဂါနေ့က ဘာလို့ update မလုပ်တာလဲ"

စီနီယာ့ဘက်မှ ခဏ တိတ်သွားသည်။

"အင်း...ကိုယ်စိတ်မကောင်းဖြစ်နေလို့"

"ဟင်...ဘာလို့၊ အဲ... ကျွန်တော့်ကြောင့်လား"

"ဟုတ်တယ်၊ ကိုယ့်ကို ကောင်လေးစိတ်ဆိုးနေတယ်လေ"

"ဟွန့် ဘာမှလည်း မဆိုင်ဘူး၊ စာရေးဆရာကြီးက personal နဲ့ အလုပ် ခွဲထားရမယ်လေ၊ အကြောင်းပြချက်မသိတဲ့ Jayy fan တွေ ဘယ်လောက် စိတ်ပူနေလိမ့်မလဲ"

"အင်း...အဲ့ထဲမှာ ကောင်လေးရောပါလား"

"မပါဘူး"

"ဟင်...မပါဘူးလား၊ ဒါဆိုလည်း update မလုပ်တော့ပါဘူး၊ အားမရှိတော့ဘူး"

"ဟာ...အိမ်ထိ လိုက်လာမှာနော်"

"လာလေ...လွမ်းနေတာ"

ဘာပြန်ပြောရမလဲ မသိတော့အောင် တမှူးမျက်နှာ ပြုံးဖြီးဖြီးကြီးဖြစ်သွားရသည်။ သည်လူက တမှူး ချစ်ရသည့် စာလုံးလေးတွေ၏ ဖန်တီးရှင်တဲ့။

"ဒါနဲ့ ကောင်လေး အဖျားကျရဲ့လား"

"ဟုတ် တော်တော်ကျသွားတယ်၊ အခု စီနီယာပေးခဲ့တဲ့ မုန့်တွေစားနေတာ"

"အင်း...အများကြီးလည်း မစားနဲ့ဦးနော်၊ ရင်ပြည့်နေမယ်"

"အများကြီး မစားစေချင်ရင် ဘာလို့ အများကြီးဝယ်လာလဲ"

"ဒါကတော့...ယောက္ခမကြီးဆီမှာ အမှတ်ရအောင်လေ"

"ဟာဗျာ..."

တော်ရုံမရှက်တတ်သည့် တမှူး ပါးတွေတောင် ရဲချင်သွားသည်။ စီနီယာ့ကို ယခုလို ရဲရဲတင်းတင်း flirt တတ်မည်ဟု မထင်ခဲ့။

"အင်း...ကောင်လေး၊ ဘာပြောစရာရှိသေးလဲ၊ ကိုယ်လုပ်စရာလေးတွေရှိသေးလို့၊ ညကျမှပြန်ဆက်လိုက်မယ်လေ"

ဟုတ်သားပဲ။ စီနီယာက လုပ်ငန်းရှင် ကြက်ခြံပိုင်ရှင်ကြီးလေ။ အလုပ်တွေရှိမှာပေါ့။

"ဟင့်အင်း ပြောစရာမရှိတော့ဘူး"

"ဒါဆို ကိုယ်ဖုန်းချတော့မယ်နော်"

"ဟုတ်...အာ...ခဏ စီနီယာ"

"အင်း...ပြော ကောင်လေး"

"မနက်ဖြန် ကျွန်တော့်ဆီလာဦးမှာလား"

စီနီယာ့ဘက်မှ ခဏ တိတ်သွားပြန်သည်။ စိတ်ထဲ တစ်မျိုးဖြစ်သွားသော်လည်း စီနီယာ့၌ အလုပ်တွေဘာတွေရှိနေနိုင်သည်ဟု ဖြည့်တွေးလိုက်သည်။

"အင်း...လာမှာပေါ့၊ ကောင်လေး နေမကောင်းမချင်း ကိုယ်လာမှာ"

ကျေနပ်စွာ ပြုံးလိုက်သည်။

"ဟုတ်...အာ့ဆို မနက်ဖြန် ကျွန်တော် မျှော်နေမယ်နော်၊ တာ့တာ စီနီယာ"

"အင်း...တာ့တာ ကောင်လေး"

တမှူးနှုတ်ဆက်သည့်အတိုင်း ပြန်နှုတ်ဆက်သည့် စီနီယာ့ကြောင့် ပြုံးရွှင်သွားသော မျက်နှာဖြင့် ဖုန်းချလိုက်သည်။ သာသာယာယာ တမှူးခေတ် နေ့ရက်တို့ ပြန်စတင်ပါပြီ။

************************************

လေက တငြိမ့်ငြိမ့်လေး တစ်ချက်တစ်ချက်တိုက်ခတ်နေသည်။ ခပ်ပါးပါးအနွေးထည်ကို ရင်ဘက်ထိ ဆွဲစိလိုက်ပြီး ဒန်းကို ခြေတော့လွှဲလိုက်သည်။ မျက်ဝန်းများက ခြံတံခါးဝသို့ လှမ်းမျှော်ကာ စီနီယာအလာကို စောင့်နေသည်။ ခုနလေးတင် အိမ်မှထွက်လာပြီဟု စီနီယာ ဖုန်းဆက်ထားလေသည်။ စီနီယာ့ကို မျှော်ရင်း လက်ကလည်း ဖုန်းကို လက်ဆော့ကာ ဖွင့်လိုက်ပိတ်လိုက်လုပ်နေမိသည်။

"ဟော့..."

အိမ်ရှေ့တွင်ရပ်တန့်သွားသော ကားလေးကြောင့် ဒန်းပေါ်မှဆင်းကာ ခြံတံခါးဝထိ ပြေးသွားလိုက်သည်။

"လေတိုက်နေတာကို ဘာလို့ ခြံထဲဆင်းနေတာလဲ ကောင်လေးရဲ့"

"အနွေးထည်ဝတ်ထားပါတယ် စီနီယာကလည်း"

"ကိုယ်ပူသေးလား"

မေးရင် စီနီယာက နဖူးကို အသာစမ်းသည်။

"အင်း...တကယ်တော်တော်ကျသွားတာပဲ၊ လာ အိမ်ထဲဝင်၊ နလံထစကို ပြန်ဖျားနေလိမ့်မယ်"

အိမ်ထဲရောက်တော့ စီနီယာက မေးသည်။

"အန်တီရော ကောင်လေး"

"မေမေ အလုပ်သွားတယ်လေ၊ ကျွန်တော့်ကြောင့် မေမေအလုပ်ပျက်နေတာ သုံးလေးရက်ရှိနေပြီ၊ ဒီနေ့တော့ ကျွန်တော်လည်း သက်သာတယ်၊ နောက်ပြီး စီနီယာလည်း လာမယ်လို့ ပြောလိုက်တော့ စိတ်ချလက်ချသွားတယ်"

စီနီယာ့ကို ဧည့်ခန်း၌ ထိုင်ခိုင်းကာ ရေခဲသေတ္တာထဲမှ ရေဘူးကိုထုတ်၍ ရေတစ်ခွက်ငှဲ့ပေးလိုက်ရင်း ဖြေလိုက်သည်။

"ဒါဆို အိမ်မှာ ကောင်လေးတစ်ယောက်တည်းပေါ့"

"မဟုတ်ဘူး နှစ်ယောက်"

စီနီယာက ဘယ်သူလဲဆိုသည့်သဘောဖြင့် မျက်ခုံးပင့်သည်။

"ဟိုမှာလေ"

"ညောင်...."

လှေကားထစ်တွင် ထိုင်နေသော မိညိုဟု တမှူးအမည်ပေးထားသည့် မေမေ့အချစ်တော်က စီနီယာ့ကို အသံပေးနှုတ်ဆက်သည်။ စီနီယာက ပထမကြောင်နေပြီးမှ ဟက်ခနဲ တစ်ချက်ရယ်ကာ တမှူးဘက်ပြန်လှည့်လာသည်။

"ကောင်လေး အဖျားကျတာ မြန်လိုက်တာ၊ တစ်ရက်ပဲရှိသေးတယ်၊ တော်တော်ကျသွားတာပဲ"

"ကျွန်တော်က ဆေးကောင်းတွေ့သွားတာကို"

စီနီယာက ရေသောက်ရင်း ဧည့်ခန်းဆိုဖာ၌ဝင်ထိုင်ကာ ဘာဆေးလဲဟူသော သဘောဖြင့်ကြည့်လာသည်။

"ဒီမှာလေ၊ ကျွန်တော့်ဆေးက Jayy ခေါ် စီနီယာနေရင့်ရောင်လေ"

စီနီယာ့ဘေးနားဝင်ထိုင်ရင်း စီနီယာ့ ပုခုံးကို လက်တို့ကာ ဆိုတော့ သောက်လက်စရေပင် သီးသွားပုံရသည်။ စီနီယာက ဖုန်းထဲမှာပဲ flirt တာ။ တမှူးတို့က အပြင်မှာပါ flirt ရဲတာပါ။

"ကောင်လေးကတော့ကွာ..."

မချိုမချဥ်ပြုံးရင်း မျက်နှာလွှဲသော စီနီယာ့ကြောင့် တမှူး လှိုက်လှိုက်လှဲလှဲ ရယ်မောမိသည်။

"ဒါနဲ့ နေ့လည်စာကရော ဘာစားမှာလဲ"

"ထမင်းစားလို့ရပြီလေ၊ မေမေ ထမင်းအိုးတည်ပေးခဲ့တယ်၊ ဟင်းနွှေးစားရုံပဲ၊ စီနီယာလည်း အိမ်မှာပဲ စားနော်၊ ကျွန်တော်နဲ့ အတူတူ အဟီး"

မလွယ်ဘူးဟူသော ပုံစံဖြင့် စီနီယာက ထပ်ပြုံးသည်။ တမှူးခေတ်တို့ တော်တော်လေး အူမြူးနေတာပါ။

"ဒါနဲ့ စီနီယာ၊ ဒီနေ့ညရော fic update လုပ်မှာလား"

"အင်း...လုပ်ရမှာပေါ့၊ လုပ်ဖြစ်မယ်ထင်တယ်"

"ဟင်...စီနီယာ့အဖြေကြီးကလည်း၊ မလုပ်လို့မရဘူးနော်၊ Jayy fan တွေ တကယ်စိတ်ပူနေကြတာ၊ ဘာလို့ post တစ်ခုတစ်လေတောင် မတင်တာလဲ"

"အင်း...ဒီလိုပဲ အလုပ်လေးတွေ ရှုပ်နေလို့ပါ၊ ညကျရင် ကျိန်းသေပေါက်တင်မယ် ဟုတ်ပြီလား"

တမှူး ခေါင်းကို တဆက်ဆက်ညိတ်လိုက်သည်။ ထို့နောက် နှစ်ယောက်လုံး တိတ်ဆိတ်သွားကြသည်။ ဘာပြောရမလဲ မစဥ်းစားတတ်တော့။ ဘေးချင်းယှဥ်ထိုင်၍ ကိုယ်ငွေ့နွေးနွေးချင်း ထိကပ်နေခြင်းမှာ တဒိန်းဒိန်း ရင်ခုန်တာမျိုး မဟုတ်ဘဲ တသိမ့်သိမ့်စိတ်လှုပ်ရှားနေသည်။ စိတ်ထဲ မရိုးမရွဖြစ်လာ၍ လက်ချောင်းများအချင်းချင်း ဆုပ်နှယ်ရင်း ဖြေလျော့လိုက်မိသည်။ ခုနက စနောက်နေသ၍တုန်းကတော့ မသိသာ။ နှစ်ယောက်လုံး တိတ်ဆိတ်သွားတော့မှ တစ်အိမ်လုံးမှာမှ လူသားဟူ၍ နှစ်ယောက်တည်းရှိသော မိမိတို့နှစ်ဦး၏ ဆက်ဆံရေးကို ပြန်လည်သတိရသုံးသပ်ရင်း ရင်ထဲ ရှိုန်းခနဲဖြစ်သွားသည်။

တမှူး အနေရခက်နေမှန်း စီနီယာက ရိပ်မိပုံရသည်။

"အန်တီဘာဟင်းတွေ ချက်ပေးခဲ့လဲ၊ ကောင်လေး ခံတွင်းတွေ့တာ... စားချင်နေတာရှိလား၊ ကိုယ်ချက်ကျွေးမယ်လေ"

"ဝါး...စီနီယာက ချက်တတ်တယ်ပေါ့"

"လာ အလုပ်နဲ့ သက်သေပြမယ်"

စီနီယာက မတ်တပ်ရပ်ကာ တမှူးကို လက်တစ်ဖက်ကမ်းပေးသည်။ ရင်ထဲဆွတ်ပျံ့ကြည်နူးမှုအတွက် နှုတ်ခမ်းပါးမှ အပြုံးများကို ဖန်တီးရင်း ကမ်းလာသည့် လက်ထဲ တမှူးလက်ကို ထည့်လိုက်သည်။ ယောက်ျားလေးနှစ်ဦး၏ လက်ပင်ဖြစ်သောငြား တမှူးလက်က စီနီယာ့လက်ဖဝါးထဲ အံဝင်ခွင်ကျဖြစ်နေသည်။ ခပ်တင်းတင်းဆုပ်ကိုင်လိုက်မှုတွင် နှလုံးသားတစ်ခုလုံးကို ထိုသူ့ဆီ ပုံအပ်လိုက်ဖို့ တွေဝေခြင်းမရှိတော့။ ထာဝရအဆုံးထိ သည်လက်တစ်ဖက်ကို လွှတ်ပေးဖို့လည်း စိတ်ကူးမရှိတော့ပါ။

တမှူး မတ်တပ်ရပ်လိုက်ချိန် စီနီယာက တမှူးလက်နှစ်ဖက်လုံးကို ဆုပ်ကိုင်ကာ သူနှင့် မျက်နှာချင်းဆိုင်စေသည်။

"ကိုယ့်ကိုကြည့် ကောင်လေး၊ ကိုယ်နဲ့အတူရှိရင် အရင်လိုပဲ ပေါ့ပေါပါးပါးနေ၊ ကောင်လေး စိတ်ထဲရှိတဲ့အတိုင်း ပြုမူလို့ရတယ်၊ ကိုယ့်အရှေ့မှာ အမြဲတမ်း အပွင့်လင်းဆုံးနေလို့ရတယ်၊ ကောင်လေးရဲ့ ပုံစံတိုင်းကို ကိုယ်မြတ်နိုးတာမိုလို့ ကောင်လေးစိတ်ကြိုက်ပဲ နေပါ၊ ကောင်လေး အမြဲတမ်းတွေးထားရမှာက ကောင်လေး အဆင်ပြေ ပျော်ရွှင်နေမှ ဖြစ်မယ်၊ ကိုယ့်ဘဝအတွက် အရေးကြီးဆုံးက ကောင်လေးပျော်နေဖို့ပဲဖြစ်တဲ့ အတွက်ကြောင့် ဘယ်လို အခြေအနေပဲဖြစ်ဖြစ် ကောင်လေး ပျော်ရွှင်နေရမယ်၊ ကိုယ်ပြောတာ နားလည်လား"

တမှူး ခေါင်းတဆတ်ဆတ်ညိတ်လိုက်သည်။ အကယ်၍များ ဘဝမှာ အတိတ်တို့ကို နောက်ထပ် အကြိမ်ပေါင်းများစွာ ပြန်လည်ပြင်ဆင်ရွေးချယ်ခွင့်ရှိခဲ့ရင်တောင် နေရင့်ရောင်ဆိုသည့် လူသားကိုပဲ တမှူးခေတ် နောင်တရခြင်းမရှိ ပြန်လည်ရွေးချယ်မိမှာပါ။

နဖူးထက်သို့ ညင်သာစွာ ကျရောက်လာသော အနမ်းတစ်ပွင့်ဟာ တမှူးအတွက် စီနီယာတစ်ဦးသာပေးသည့် သီးသန့်ရင်ခုန်မှု။

ထိုရင်ခုန်ခြင်းတွေကို သက်သေတည်၍ စီနီယာနေရင့်ရောင်ကို တမှူးခေတ် ချစ်ပါသည်။

************************************

အားလုံးကိုကျေးဇူးတင်လျက်
ဆာကူရာရိန်း🌸

(Zawgyi)

"ေမေမ"

မီးဖိုခန္းထဲသို႔ ဝင္လာရင္း ခ်က္ျပဳတ္ေနေသာ ေမေမ့ကို အေနာက္မွ ဖက္ကာ ခပ္ခြၽဲခြၽဲ ေခၚလိုက္သည္။ အ႐ြယ္ေရာက္လာၿပီးေနာက္ပိုင္း ေမေမ့ကို ယခုလို မဖက္ရတာပင္ ၾကာၿပီ။

"သား...ဘာလိုခ်င္လို႔ ေအာက္ထိေတာင္ ဆင္းလာတာလဲ၊ သက္သာလို႔လား"

ေနမေကာင္းျဖစ္ေနသည့္သားကို ေမေမက ႏူးႏူးညံ့ညံ့ ဆက္ဆံသည္။ ပုံမွန္ဆိုလွ်င္လည္း ႏူးညံ့ပါေသာ္လည္း စိတ္မ႐ွည္လာလွ်င္ေတာ့ တမႉးေခတ္ဟူေသာ အမည္ကို ေနာက္မွေခၚၿပီး လက္က ဇိုးခနဲဇက္ခနဲ အရင္လုပ္သည္။

"သက္သာတယ္ ေမေမ"

ေန႔လယ္က ေဆးေသာက္ၿပီး စီနီယာက တစ္ေရးအိပ္ေစသည္။ တမႉး အိပ္ေပ်ာ္သည္အထိ ေစာင့္ေနေပးခဲ့ၿပီး တမႉးအိပ္မွ ျပန္သြားသည့္ဟန္တူသည္။ တမႉး ႏိုးလာေတာ့ မ႐ွိေတာ့။

"အင္း...မ်က္ႏွာေလးက လန္းလာသလိုပဲ"

"တကယ္ သက္သာသြားၿပီ ေမေမရဲ႕၊ ကိုယ္ပူေတာင္က်သြားၿပီ ေတြ႕လား"

ေမေမက ႏွဖူးကို စမ္းၾကည့္၍ ဟုတ္မွန္ေၾကာင္း ေခါင္းညိတ္သည္။

"ေတာ္ေသးတာေပါ့၊ က်သြားလို႔၊ မဟုတ္ရင္ မနက္ျဖန္ ေဆး႐ုံသြားဖို႔ေတာင္ ေမေမက ျပင္ေတာ့မလို႔"

"မလိုေတာ့ဘူးဗ်၊ သား ေကာင္းသြားၿပီ"

ေျပာရင္း ဗိုက္ထဲ အနည္းငယ္ ဆာသလို ႐ွိေန၍ မီးဖိုေခ်ာင္ထဲ ေဝ့ၾကည့္လိုက္သည္။ သည္ေန႔ညေနေတာ့ ဆန္ျပဳတ္မေသာက္ခ်င္ေတာ့။ တျခားဟာေကြၽးဖို႔ ေမေမ့ကို ရေအာင္ေတာင္းဆိုရမည္။ ထိုစဥ္ အထုပ္ႀကီးအထုပ္ငယ္မ်ားႏွင့္ မနည္းလွသည့္ မုန္႔မ်ားကို စားပြဲေပၚတြင္ ေတြ႕လိုက္ရ၏။

"ေမေမ မုန္႔ေတြကမ်ားလိုက္တာ၊ ဘာလို႔ အဲ့ေလာက္ေတာင္ အမ်ားႀကီး ဝယ္ထားတာလဲ"

"အမေလး...ေမေမဝယ္တာ မဟုတ္ပါဘူး၊ သားအစ္ကို ေနရင့္ေရာင္ ဝယ္လာတာေလ၊ နည္းနည္းေနာေနာမဟုတ္ဘူး၊ မုန္႔တိုက္ မ,လားသလား ထင္ရတယ္၊ ဒါေတြက ေရခဲေသတၱာမဆံ့ေတာ့လို႔ အျပင္မွာ ထုတ္ထားတာေတြ"

တမႉး ပါးစပ္အေဟာင္းသားျဖစ္ရပါသည္။ ေရခဲေသတၱာကို ဆြဲဖြင့္လိုက္ေတာ့ တကယ္ပင္ အျပည့္။ စီနီယာ့၏ တမႉးအေပၚ အေလးထားမႈေၾကာင့္ ၾကည္ႏူးစိတ္ကေလးက ႏႈတ္ခမ္းမ်ားကို ျပဳံးေစသည္။ ထို႔ေနာက္ အျပင္႐ွိ မုန္႔ထုပ္မ်ားကို ဖြင့္ၾကည့္ရင္း စားခ်င္သည္မ်ားကို ေ႐ြးယူလိုက္သည္။

"ေမေမ...သား မုန္႔ နည္းနည္းယူသြားမယ္"

"ဗိုက္ဆာလို႔လား၊ ေမေမ ဆန္ျပဳတ္ေႏႊးေပးရမလား"

"ဟင့္အင္း၊ မုန္႔ပဲစားမွာ"

ေျပာၿပီး ေမေမ့တုံ႔ျပန္စကားကိုပင္ နားမေထာင္ေတာ့ဘဲ အေပၚထပ္ အေျပးျပန္တက္လာခဲ့သည္။ ဒါေတာင္ ညေနဆန္ျပဳတ္ေသာက္ရဦးမွာေနာ္ ဆိုသည့္ ေမေမ့စကားသံက ေလႏွင့္အတူ ကပ္ပါလာေသးသည္။

မုန္႔ထုပ္မ်ားကို စားပြဲေပၚတင္ၿပီး အခန္းေထာင့္မွ အ႐ုပ္ႏွစ္႐ုပ္ကို ျပန္ယူကာ ဖုန္ခါၿပီး ကုတင္ေပၚျပန္တင္သည္။ ထို႔ေနာက္ အံဆြဲေသာ့႐ွာရသည္။ မနက္ကေတာ့ လမ္းေလွ်ာက္ႏိုင္ဖို႔ေတာင္ အႏိုင္ႏိုင္ျဖစ္ခဲ့ေသာ ခႏၶာကိုယ္က စိတ္ေဆာင္ေသာအခါ လွစ္ခနဲ လွစ္ခနဲ။ ေသာ့က အသိမ္းလြန္၍ ဘယ္ေရာက္ေနလဲ မသိ။ ေသာ့မေတြ႕လို႔ မျဖစ္။ စီနီယာ့ဆီ ဖုန္းဆက္ရမည္။

စားပြဲေပၚ႐ွာမေတြ႕၍ အိပ္ယာေပၚ ေမႊေႏွာက္႐ွာေတာ့မွ ေခါင္းအုံးၾကားမွ ထြက္လာသည္။ အံဆြဲေသာ့ဖြင့္ၿပီးသည္ႏွင့္ Dream Catcher ေလးကို အရင္တယုတယထုတ္ယူကာ ကုတင္ေခါင္းရင္းတြင္ ျပန္ခ်ိတ္လိုက္သည္။ ယခု တမႉးအတြက္ အေရးပါသည့္ ပစၥည္းမ်ား၏ ပိုင္႐ွင္သည္ တစ္ေယာက္တည္းျဖစ္သြားၿပီပဲ။

တိပ္ႏွင့္ ျပန္ဆက္ထားေသာ ပုံတူေလးကို ေတြ႕ေတာ့ စိတ္မေကာင္းျဖစ္ရသည္။ တမႉးဟာ အလြန္ပင္ စိတ္ျမန္လက္ျမန္႐ွိလွသည္။ သို႔ေသာ္ ကံေကာင္းသည္က တစ္ပုံတည္း ကူးထားတာမဟုတ္လို႔။ ေနာက္ၿပီး သိပ္လည္း စိတ္ပူစရာ မလိုပါဘူး...။ ေနာက္ဆို စိတ္ႀကိဳက္ဆြဲခိုင္းလို႔ ရၿပီေလ။ Artist ကို ရၿပီမို႔ သူ႕ဖန္တီးမႈလက္ရာေတြကလည္း ကိုယ့္အပိုင္ပင္မဟုတ္ပါလား။ ေပ်ာ္႐ႊင္ စိတ္လႈပ္႐ွားလြန္း၍ ေအာက္ႏႈတ္ခမ္းကို ဖိကိုက္မိသည္။

ဖုန္းေလးက ဖြင့္လိုက္သည္ႏွင့္ missed call ေပါင္းမ်ားစြာအတြက္ စာမ်ားဝင္လာသည္။ အကုန္လုံးနီးပါးက စီနီယာဆီကပင္။ က်န္တာက နယုန္ႏွင့္ ဝသုန္။ ႐ုတ္တရတ္ Jayy update ကိစၥကို သတိရမိသည္။ စီနီယာ့ကို အဂၤါေန႔က update ဘာေၾကာင့္ မလုပ္သလဲဟု မေမးလိုက္ရ။

"အား..."

ဖုန္းကိုကိုင္ရင္း ကုတင္ေပၚ လွဲခ်ကာ စိတ္လႈပ္႐ွားစြာ ေအာ္ဟစ္မိသည္။ ယခု တမႉး အ႐ူးအမူး crush ခဲ့ရေသာ Jayy က တမႉး ခ်စ္သူျဖစ္ၿပီတဲ့။ တကယ္ကို အိပ္မက္ဆန္လြန္းသည္။ Jayy ၏ ခ်စ္သူျဖစ္ဖို႔ အႀကိမ္ႀကိမ္စိတ္ကူးယဥ္ခဲ့ဖူးေသာ္လည္း တကယ့္လက္ေတြ႕ကေတာ့ စိတ္ကူးနဲ႔ ထပ္တူမက်ခဲ့။ Jayy က တမႉး ဘဝထဲကို စီနီယာေနရင့္ေရာင္ဟူေသာ လူတစ္ေယာက္အေနျဖင့္ ဝင္ေရာက္လာခဲ့ျခင္းျဖစ္သည္။ တစ္ႀကိမ္တစ္ခါမွ မေမွ်ာ္လင့္ခဲ့ဖူးေသာ ပုံစံျဖင့္ေပါ့။

ဝူဘအ႐ုပ္ႀကီးကို အသည္းယားစြာ ဆြဲညႇစ္လိုက္သည္။ ထို႔ေနာက္ ကုတင္ေပၚ တင္ပလႅင္ေခြထိုင္ကာ မုန္႔တစ္ထုပ္ေဖာက္စားရင္း စီနီယာ့ထံ ဖုန္းေခၚလိုက္သည္။ တတီတီျမည္သံႏွင့္အတူ ရင္ေတြလည္း တဒိန္းဒိန္းခုန္ေနသည္။ အရင္လို စီနီယာႏွင့္ ဂ်ဴနီယာဆက္ဆံေရး မဟုတ္ေတာ့ဘူးေလ။ ယခုဆို စီနီယာက တမႉး၏ခ်စ္သူ။ ဟုတ္ပါသည္။ ႏွစ္ဦးႏွစ္ဖက္ ခ်စ္တယ္လို႔ ဝန္ခံၿပီးၿပီမို႔ စီနီယာႏွင့္ တမႉးက ခ်စ္သူေတြျဖစ္ၿပီ မဟုတ္ပါလား။ စိတ္လႈပ္႐ွားလြန္း၍ ေအာက္ႏႈတ္ခမ္းကိုသာ မၾကာခဏ ဖိကိုက္မိသည္။

"ဟဲလို ေကာင္ေလး၊ ႏိုးၿပီလား၊ အခုမွ ဖုန္းစက္ဖြင့္တယ္လား"

"ဟုတ္...ႏိုးႏိုးခ်င္း စီနီယာ့ဆီ ဖုန္းေခၚတာ"

"အဟား..အရမ္းလြမ္းေနၿပီေပါ့"

ဟိုးယခင္ Jayy ႏွင့္ ဖုန္းေျပာတိုင္း သြားၿဖီးတတ္သည့္ တမႉးေခတ္ျပန္ျဖစ္လာသည္။

"လြမ္းလို႔ မဟုတ္ပါဘူး၊ ေမးစရာ႐ွိလို႔ ဆက္တာ"

"ဟုတ္လား...."

ထိုစကားကို စီနီယာက တမင္သံ႐ွည္စြဲ ေရ႐ြတ္သည္။

"ဆိုပါဦး၊ ဘာေမးမလို႔လဲ"

"အဂၤါေန႔က ဘာလို႔ update မလုပ္တာလဲ"

စီနီယာ့ဘက္မွ ခဏ တိတ္သြားသည္။

"အင္း...ကိုယ္စိတ္မေကာင္းျဖစ္ေနလို႔"

"ဟင္...ဘာလို႔၊ အဲ... ကြၽန္ေတာ္႕ေၾကာင့္လား"

"ဟုတ္တယ္၊ ကိုယ့္ကို ေကာင္ေလးစိတ္ဆိုးေနတယ္ေလ"

"ဟြန္႔ ဘာမွလည္း မဆိုင္ဘူး၊ စာေရးဆရာႀကီးက personal နဲ႔ အလုပ္ ခြဲထားရမယ္ေလ၊ အေၾကာင္းျပခ်က္မသိတဲ့ Jayy fan ေတြ ဘယ္ေလာက္ စိတ္ပူေနလိမ့္မလဲ"

"အင္း...အဲ့ထဲမွာ ေကာင္ေလးေရာပါလား"

"မပါဘူး"

"ဟင္...မပါဘူးလား၊ ဒါဆိုလည္း update မလုပ္ေတာ့ပါဘူး၊ အားမ႐ွိေတာ့ဘူး"

"ဟာ...အိမ္ထိ လိုက္လာမွာေနာ္"

"လာေလ...လြမ္းေနတာ"

ဘာျပန္ေျပာရမလဲ မသိေတာ့ေအာင္ တမႉးမ်က္ႏွာ ျပဳံးၿဖီးၿဖီးႀကီးျဖစ္သြားရသည္။ သည္လူက တမႉး ခ်စ္ရသည့္ စာလုံးေလးေတြ၏ ဖန္တီး႐ွင္တဲ့။

"ဒါနဲ႔ ေကာင္ေလး အဖ်ားက်ရဲ႕လား"

"ဟုတ္ ေတာ္ေတာ္က်သြားတယ္၊ အခု စီနီယာေပးခဲ့တဲ့ မုန္႔ေတြစားေနတာ"

"အင္း...အမ်ားႀကီးလည္း မစားနဲ႔ဦးေနာ္၊ ရင္ျပည့္ေနမယ္"

"အမ်ားႀကီး မစားေစခ်င္ရင္ ဘာလို႔ အမ်ားႀကီးဝယ္လာလဲ"

"ဒါကေတာ့...ေယာကၡမႀကီးဆီမွာ အမွတ္ရေအာင္ေလ"

"ဟာဗ်ာ..."

ေတာ္႐ုံမ႐ွက္တတ္သည့္ တမႉး ပါးေတြေတာင္ ရဲခ်င္သြားသည္။ စီနီယာ့ကို ယခုလို ရဲရဲတင္းတင္း flirt တတ္မည္ဟု မထင္ခဲ့။

"အင္း...ေကာင္ေလး၊ ဘာေျပာစရာ႐ွိေသးလဲ၊ ကိုယ္လုပ္စရာေလးေတြ႐ွိေသးလို႔၊ ညက်မွျပန္ဆက္လိုက္မယ္ေလ"

ဟုတ္သားပဲ။ စီနီယာက လုပ္ငန္း႐ွင္ ၾကက္ျခံပိုင္႐ွင္ႀကီးေလ။ အလုပ္ေတြ႐ွိမွာေပါ့။

"ဟင့္အင္း ေျပာစရာမ႐ွိေတာ့ဘူး"

"ဒါဆို ကိုယ္ဖုန္းခ်ေတာ့မယ္ေနာ္"

"ဟုတ္...အာ...ခဏ စီနီယာ"

"အင္း...ေျပာ ေကာင္ေလး"

"မနက္ျဖန္ ကြၽန္ေတာ္႕ဆီလာဦးမွာလား"

စီနီယာ့ဘက္မွ ခဏ တိတ္သြားျပန္သည္။ စိတ္ထဲ တစ္မ်ိဳးျဖစ္သြားေသာ္လည္း စီနီယာ့၌ အလုပ္ေတြဘာေတြ႐ွိေနႏိုင္သည္ဟု ျဖည့္ေတြးလိုက္သည္။

"အင္း...လာမွာေပါ့၊ ေကာင္ေလး ေနမေကာင္းမခ်င္း ကိုယ္လာမွာ"

ေက်နပ္စြာ ျပဳံးလိုက္သည္။

"ဟုတ္...အာ့ဆို မနက္ျဖန္ ကြၽန္ေတာ္ ေမွ်ာ္ေနမယ္ေနာ္၊ တာ့တာ စီနီယာ"

"အင္း...တာ့တာ ေကာင္ေလး"

တမႉးႏႈတ္ဆက္သည့္အတိုင္း ျပန္ႏႈတ္ဆက္သည့္ စီနီယာ့ေၾကာင့္ ျပဳံး႐ႊင္သြားေသာ မ်က္ႏွာျဖင့္ ဖုန္းခ်လိုက္သည္။ သာသာယာယာ တမႉးေခတ္ ေန႔ရက္တို႔ ျပန္စတင္ပါၿပီ။

************************************

ေလက တၿငိမ့္ၿငိမ့္ေလး တစ္ခ်က္တစ္ခ်က္တိုက္ခတ္ေနသည္။ ခပ္ပါးပါးအေႏြးထည္ကို ရင္ဘက္ထိ ဆြဲစိလိုက္ၿပီး ဒန္းကို ေျခေတာ့လႊဲလိုက္သည္။ မ်က္ဝန္းမ်ားက ျခံတံခါးဝသို႔ လွမ္းေမွ်ာ္ကာ စီနီယာအလာကို ေစာင့္ေနသည္။ ခုနေလးတင္ အိမ္မွထြက္လာၿပီဟု စီနီယာ ဖုန္းဆက္ထားေလသည္။ စီနီယာ့ကို ေမွ်ာ္ရင္း လက္ကလည္း ဖုန္းကို လက္ေဆာ့ကာ ဖြင့္လိုက္ပိတ္လိုက္လုပ္ေနမိသည္။

"ေဟာ့..."

အိမ္ေ႐ွ႕တြင္ရပ္တန္႔သြားေသာ ကားေလးေၾကာင့္ ဒန္းေပၚမွဆင္းကာ ျခံတံခါးဝထိ ေျပးသြားလိုက္သည္။

"ေလတိုက္ေနတာကို ဘာလို႔ ျခံထဲဆင္းေနတာလဲ ေကာင္ေလးရဲ႕"

"အေႏြးထည္ဝတ္ထားပါတယ္ စီနီယာကလည္း"

"ကိုယ္ပူေသးလား"

ေမးရင္ စီနီယာက နဖူးကို အသာစမ္းသည္။

"အင္း...တကယ္ေတာ္ေတာ္က်သြားတာပဲ၊ လာ အိမ္ထဲဝင္၊ နလံထစကို ျပန္ဖ်ားေနလိမ့္မယ္"

အိမ္ထဲေရာက္ေတာ့ စီနီယာက ေမးသည္။

"အန္တီေရာ ေကာင္ေလး"

"ေမေမ အလုပ္သြားတယ္ေလ၊ ကြၽန္ေတာ္႕ေၾကာင့္ ေမေမအလုပ္ပ်က္ေနတာ သုံးေလးရက္႐ွိေနၿပီ၊ ဒီေန႔ေတာ့ ကြၽန္ေတာ္လည္း သက္သာတယ္၊ ေနာက္ၿပီး စီနီယာလည္း လာမယ္လို႔ ေျပာလိုက္ေတာ့ စိတ္ခ်လက္ခ်သြားတယ္"

စီနီယာ့ကို ဧည့္ခန္း၌ ထိုင္ခိုင္းကာ ေရခဲေသတၱာထဲမွ ေရဘူးကိုထုတ္၍ ေရတစ္ခြက္ငွဲ႔ေပးလိုက္ရင္း ေျဖလိုက္သည္။

"ဒါဆို အိမ္မွာ ေကာင္ေလးတစ္ေယာက္တည္းေပါ့"

"မဟုတ္ဘူး ႏွစ္ေယာက္"

စီနီယာက ဘယ္သူလဲဆိုသည့္သေဘာျဖင့္ မ်က္ခုံးပင့္သည္။

"ဟိုမွာေလ"

"ေညာင္...."

ေလွကားထစ္တြင္ ထိုင္ေနေသာ မိညိဳဟု တမႉးအမည္ေပးထားသည့္ ေမေမ့အခ်စ္ေတာ္က စီနီယာ့ကို အသံေပးႏႈတ္ဆက္သည္။ စီနီယာက ပထမေၾကာင္ေနၿပီးမွ ဟက္ခနဲ တစ္ခ်က္ရယ္ကာ တမႉးဘက္ျပန္လွည့္လာသည္။

"ေကာင္ေလး အဖ်ားက်တာ ျမန္လိုက္တာ၊ တစ္ရက္ပဲ႐ွိေသးတယ္၊ ေတာ္ေတာ္က်သြားတာပဲ"

"ကြၽန္ေတာ္က ေဆးေကာင္းေတြ႕သြားတာကို"

စီနီယာက ေရေသာက္ရင္း ဧည့္ခန္းဆိုဖာ၌ဝင္ထိုင္ကာ ဘာေဆးလဲဟူေသာ သေဘာျဖင့္ၾကည့္လာသည္။

"ဒီမွာေလ၊ ကြၽန္ေတာ္႕ေဆးက Jayy ေခၚ စီနီယာေနရင့္ေရာင္ေလ"

စီနီယာ့ေဘးနားဝင္ထိုင္ရင္း စီနီယာ့ ပုခုံးကို လက္တို႔ကာ ဆိုေတာ့ ေသာက္လက္စေရပင္ သီးသြားပုံရသည္။ စီနီယာက ဖုန္းထဲမွာပဲ flirt တာ။ တမႉးတို႔က အျပင္မွာပါ flirt ရဲတာပါ။

"ေကာင္ေလးကေတာ့ကြာ..."

မခ်ိဳမခ်ဥ္ျပဳံးရင္း မ်က္ႏွာလႊဲေသာ စီနီယာ့ေၾကာင့္ တမႉး လိႈက္လိႈက္လွဲလွဲ ရယ္ေမာမိသည္။

"ဒါနဲ႔ ေန႔လည္စာကေရာ ဘာစားမွာလဲ"

"ထမင္းစားလို႔ရၿပီေလ၊ ေမေမ ထမင္းအိုးတည္ေပးခဲ့တယ္၊ ဟင္းေႏႊးစား႐ုံပဲ၊ စီနီယာလည္း အိမ္မွာပဲ စားေနာ္၊ ကြၽန္ေတာ္နဲ႔ အတူတူ အဟီး"

မလြယ္ဘူးဟူေသာ ပုံစံျဖင့္ စီနီယာက ထပ္ျပဳံးသည္။ တမႉးေခတ္တို႔ ေတာ္ေတာ္ေလး အူျမဴးေနတာပါ။

"ဒါနဲ႔ စီနီယာ၊ ဒီေန႔ညေရာ fic update လုပ္မွာလား"

"အင္း...လုပ္ရမွာေပါ့၊ လုပ္ျဖစ္မယ္ထင္တယ္"

"ဟင္...စီနီယာ့အေျဖႀကီးကလည္း၊ မလုပ္လို႔မရဘူးေနာ္၊ Jayy fan ေတြ တကယ္စိတ္ပူေနၾကတာ၊ ဘာလို႔ post တစ္ခုတစ္ေလေတာင္ မတင္တာလဲ"

"အင္း...ဒီလိုပဲ အလုပ္ေလးေတြ ႐ႈပ္ေနလို႔ပါ၊ ညက်ရင္ က်ိန္းေသေပါက္တင္မယ္ ဟုတ္ၿပီလား"

တမႉး ေခါင္းကို

You are reading the story above: TeenFic.Net