Chapter-3

Background color
Font
Font size
Line height

(Unicode)

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်။

တမှူး၊ နယုန်နှင့်ဝသုန်တို့ညီအစ်မနှင့်အတူ ကန်တင်းရှိထိုင်နေကျ ဆိုင်ထဲသို့အဝင် စားပွဲဝိုင်းတစ်ခု၌ သူငယ်ချင်းများနှင့်အတူထိုင်နေသော စီနီယာနေရင့်ရောင်ကို တွေ့လိုက်ရသည်။ ယခုရက်ပိုင်း လိုင်းပေါ်တွင် ညတိုင်းစကားပြောဖြစ်ခဲ့ပြီး ရင်းနှီးသလိုရှိခဲ့ပေမဲ့ တကယ့်အပြင်တွင်တော့ တမှူးဘက်က စီနီယာ့ကို စတင်နှုတ်ဆက်ဖို့ ရှိုန်နေသလိုခံစားရသည်။

ထို့ပြင် နယုန်တို့အရှေ့မှာ မိမိက စီနီယာ ယောက်ျားလေးတစ်ဦးနှင့်ရင်းနှီးကြောင်းလည်းမပြချင်။ သိလျှင်ထိုနှစ်ယောက်က ထုံးစံအတိုင်း သင်္ဘောရွက်လွှင့်ကြပေလိမ့်မည်။ ထို့ကြောင် စီနီယာ့ကို မမြင်ချင်ယောင်ဆောင်လိုက်ပြီး မျက်နှာကို လက်ဖြင့်မသိမသာကွယ်လိုက်မိသည်။

အမှန်က ရှက်သောကြောင့်လည်းဖြစ်သည်။ လိုင်းပေါ်တွင် Jayy အကြောင်းပြောလွန်း၍ Jayy ကို သဘောကျသည်ထက်ပိုနေသလားဟု စီနီယာက မေးလာသည်အထိပင်။ မဖြေလည်း စီနီယာရိပ်မိနေလောက်ပြီ။ ဘာကြောင့်ရယ်မသိ စီနီယာနေရင့်ရောင်ကို ယုံကြည်သလို ခံစားရသောကြောင့် စိတ်ထဲရှိသမျှအကုန်ပြောပြီးတာတောင် သိပ်ပြီး စိုးရိမ်တာမျိုးတော့မဖြစ်။

သူတို့သုံးယောက် စီနီယာတို့ စားပွဲဝိုင်းနှင့် ခပ်လှမ်းလှမ်းရှိ ဝိုင်းတစ်ခုတွင်နေရာယူလိုက်ကြပြီး ထိုင်ဖို့ပြင်မိချိန်တွင်

"ဟေး...ကောင်လေး"

မိမိ၏ခုံ အနောက်တည့်တည့်ဆီမှ မိမိဆံပင်ကို ဖွလိုက်သည့်လက်တစ်စုံနှင့်အတူ ခေါ်သံက ပျံ့လွင့်လာသည့်အခါ တမှူး ကိုယ့်နဖူးကိုယ်သာ စိတ်ပျက်လက်ပျက်အုပ်ကိုင်လိုက်မိသည်။ စီနီယာက မြင်ဖြစ်အောင်မြင်သွားသေးလေသည်။ ဘာလဲဆိုသည့် အရှေ့တည့်တည့်မှ စူးစူးစမ်းစမ်းအကြည့်များက တမှူးအပေါ်ကျရောက်လာသည်။

"အာ...စီနီယာ"

အခုမှတွေ့သည့်ပုံစံဖြင့် မသက်မသာ ပြုံးပြလိုက်ရသည်။ စီနီယာက တမှူးဘေးခုံတွင် ဝင်ထိုင်ရင်း

"ကောင်လေးတို့ နေ့လည်စာ စားကြမှာမဟုတ်လား၊ ကိုယ်လည်း အတူစားမယ်လေ”

"ဟို စီနီယာ့သူငယ်ချင်းတွေနဲ့မစားဘူးလား"

"ကိုယ့်သူငယ်ချင်းတွေလား၊ ပြန်ကုန်ကြပြီလေ"

တမှူးလှည့်ကြည့်လိုက်တော့ တကယ်ပင်တစ်ယောက်မှမရှိတော့။ မြန်လိုက်ကြသည်ဖြစ်ခြင်း။ တမှူး အခုမှ ခုံပေါ်ဖင်ထိုင်ရုံရှိသေးသည်ကို။

"စီနီယာက သူတို့နဲ့ အစကတည်းကအတူတူစားနေတာမဟုတ်ဘူးလား"

"မဟုတ်ဘူး၊ သူတို့ကစားပြီးနေပြီ၊ ကိုယ်က သန့်စင်ခန်းသွားနေလို့ ခုနကမှ ရောက်တာ"

"ဪ"

တမှူး ခေါင်းညိတ်ကာ နှုတ်ဆိတ်သွားပြီး နယုန်တို့နှင့် စီနီယာ့ကို မိတ်ဆက်ပေးဖို့ပင်မေ့နေသည်။ ထို့ကြောင့် စီနီယာက ကိုယ့်ဘာကိုယ်မိတ်ဆက်သွားသည်။

"ညီမလေးတို့က ကောင်လေး သူငယ်ချင်းတွေလား၊ တွေ့ရတာ ဝမ်းသာပါတယ်၊ အစ်ကိုက မြန်မာစာဖိုင်နယ်က နေရင့်ရောင်ပါ"

အကြီးတန်းကဟူ၍လည်း သိသွားရော နယုန်နှင့်ဝသုန်က ချက်ချင်းလိုလို ပြားပြားဝပ်သွားသည်။

"ဟုတ်ကဲ့ အစ်ကိုနေရင့်ရောင်၊ တွေ့ရတာဝမ်းသာပါတယ်၊ ညီမနာမည်က နယုန်မိုးပါ၊ သူကတော့ ညီမနဲ့အမွှာညီမ ဝသုန်မိုးပါ"

"အမွှာလေးတွေက ချစ်ဖို့ကောင်းတယ်"

"အဟီး..."

"မင်းတိုသူငယ်ချင်းကလည်း ချစ်ဖို့ကောင်းပါတယ်"

"အဟွပ်...ဟွပ်"

ဘာမှမစားရသေးဘဲ တမှူး ကိုယ့်တံတွေးနဲ့ကိုယ် ပြန်သီးသွားရသည်။ စီနီယာက အလျှင်အမြန်ရေတစ်ခွက်ဖြည့်ကာ လှမ်းပေးသည်။ မျက်နှာအနည်းငယ်ရဲကာ ရေခွက်ကိုဆောင့်ယူ၍ အမြန်မော့သောက်လိုက်ရသည်။

"နှုတ်ခမ်းမှာ ရေကွက်နေပြီ"

ပြောလည်းပြော မိမိ၏နှုတ်ခမ်းဆီလှမ်းလာသော တစ်ရှူးကိုင်ထားသည့် လက်တစ်ဖက်ကြောင့် မျက်နှာပို၍နီရဲသွားရသည်။ ဗို့အားတစ်ထောင်အပြည့် အဓိပ္ပါယ်ဖြင့် စိုက်ကြည်နေသည့် အရှေ့မှ တစ်ထပ်တည်းမျက်ဝန်းနှစ်စုံကြောင့်အနေခက်လာကာ သူ့လက်ထဲမှတစ်ရှူးကို ကပျာကယာယူလိုက်၍ ကိုယ့်ဘာကိုယ်သုတ်လိုက်ရသည်။

ထို့နောက် စားစရာများရောက်လာသည့်အခါ တမှူး စကားတစ်ခွန်းမှ မပြောဖြစ်တော့ဘဲ တိတ်တဆိတ်သာစားနေလိုက်သည်။ စီနီယာနှင့်နယုန်တို့ညီအစ်မကတော့ စကားတပြောပြောရှိကြသည်။

"ကောင်လေးက တိတ်လိုက်တာ၊ လိုင်းပေါ်မှာကျတော့ စကားတွေအများကြီးပြောပြီးတော့"

ဒိုင်းခနဲကျရောက်လာသည့်အမွှာညီအစ်မ၏ တစ်ပုံစံတည်းသောမျက်ဝန်းနှစ်စုံ။ လိုင်းပေါ်မှာတောင် စကားအများကြီးပြောသည်အထိရင်းနှီးပြီး သူတို့ဘာမှမသိရပါလားဆိုသည့်အဓိပ္ပါယ်။

မိမိက ပုံမှန်ဆို သည်လိုတိတ်ဆိတ်နေတတ်သည့် လူမျိုးမဟုတ်တာမို့။ နယုန်တို့ထက်နှစ်ဆ စကားပြောနိုင်သည့်လူမျိုးပါ။ ယခုတိတ်နေရသည့်အကြောင်းရင်းက စီနီယာနှင့် စကားအများကြီးပြောမိလျှင် မတော်တဆ စီနီယာက Jayy အကြောင်းစကားဟလာမှာ စိုးသောကြောင့်ပင်။ နယုန်တို့ကို တမင်ဖုံးကွယ်ထားခြင်းမဟုတ်ပေမဲ့ စိတ်ထဲရှက်သလိုလိုရှိတာကြောင့် မသိစေချင်ပါ။

"ကျွန်တော် ထမင်းစားရင်း စကားသိပ်မပြောတတ်လို့ပါ စီနီယာ"

"ဪ ဟုတ်လား၊ အဲဒါဆိုလည်း အေးဆေးစား"

ပြောရင်းတမှူးဘေးရှိ ရေခွက်ထဲသို့ ရေဖြည့်ပေးပြီး တစ်ရှူးတစ်ခုယူကာ ဘေးမှာချပေးသည်။ တမှူးမှာ မျက်နှာပူရင်း ဟိုနှစ်ယောက်၏ ပြူးပြုးပြဲပြဲ မျက်ဝန်းနှစ်စုံကိုမသိကျိုးကျွံပြုပြီး နေ့လယ်စာသာငုံ့စားရတော့သည်။ စီနီယာက လူတွေရင်ဖွင့်သမျှ နားထောင်ပေးတတ်သည့်အပြင် လူတွေကိုလည်းအခုလိုဂရုစိုက်တတ်သည်ပဲလား။

*************************

"ကောင်လေး"

ညနေကျောင်းဆင်းချိန် ဆိုင်ကယ်သော့ဖွင့်ကာစက်နှိုးဖို့ပြင်နေစဥ် စီနီယာရောက်လာသည်။ ကျောပိုးအိတ်တစ်လုံးနှင့် အတန်းဆင်းလာဟန်ရှိလေသည်။

"ကိုယ် ကားဂိတ်ထိလိုက်ဦးမယ်"

"စီနီယာ ခါတိုင်း ဘယ်လိုသွားလဲ"

နေ့လည်က ငြိမ်ကုပ်ထားသမျှ တမှူးလွှတ်ချတော့သည်။

"ခါတိုင်းကတော့ လမ်းလျှောက်သွားတာပေါ့"

"အခုလည်း လမ်းလျှောက်သွား၊ မခေါ်ဘူး"

"မင်းက သဘောကောင်းမလိုလိုနဲ့ စိတ်ပုပ်ပြန်ပြီ၊ မင်း မကျေနပ်လည်း မတတ်နိုင်ဘူး၊ ကိုယ်ကတော့လိုက်မှာပဲ"

ပြောရင်းဆိုရင်း စီနီယာက ဆိုင်ကယ်နောက်ခုံပေါ်ခွထိုင်လိုက်ပြီဖြစ်သည်။ တမှူး မျက်စောင်းမမည်သော အကြည့်တစ်ချက်သာ ပို့လွှတ်လိုက်မိသည်။ အမှန်တော့ စီနီယာ့ကို ငြင်းလို့သာငြင်းနေတာ စိတ်ထဲမှာခေါ်ချင်စိတ်ရှိပါသည်။ စိတ်ထဲမှာ ခင်မင်မိတာတောင် အပြင်တွင်ချေတတ်သောမူလေးအရ ဘုကလန့်ပြောမိခြင်းသာ။

"အနိုင်ကျင့်တဲ့ စီနီယာ၊ လမ်းမှာ မော်တော်ပီကယ်နဲ့တိုးပါစေ"

"ဟား...ဟား...၊ နောက်နေ့ကျရင် ဆိုင်ကယ်ဦးထုပ်တစ်လုံးယူလာခဲ့မယ်လေ"

"ဟမ်၊ နေ့တိုင်းလိုက်မယ်ပေါ့"

"အင်းလေ၊ နည်းနည်းလမ်းလျှောက်ရသက်သာလည်း နည်းလား"

တမှူးမျက်နှာပဲရှုံမဲ့လိုက်ကာ ဘာမှပြန်မပြောတော့ဘဲ ဆိုင်ကယ်စက်နှိုးလိုက်ရင်း တစ်စုံတစ်ခုကို သတိရသွားသည်။

"စီနီယာ"

"ပြော"
ထူးပုံက တစ်စက်မှ ဆိုင်ကယ်ပေါ် တင်ခေါ်ချင်စရာမရှိ။

"နယုန်တို့ကို ကျွန်တော် Jayy အကြောင်းတွေပြောတာ သွားမပြောနဲ့နော်"

"ဘာဖြစ်လို့လဲ"

"မပြောပါနဲ့ဆိုဗျာ၊ ကျွန်တော်ရှက်လို့"

"ကိုယ့်ကိုတော့ မရှက်ဘူးလား"

"အမ်"

စီနီယာပြောမှ မျက်နှာကြီးရဲလာကာ ဘာပြန်ပြောရမည်မသိဖြစ်သွားသည်။ စီနီယာ့လို လူမျိုးကို ယုံယုံကြည်ကြည်လက်လွတ်စပယ်သွားပြောမိတာကိုက တမှူးအမှား။

"ဟား...ဟား...၊ စတာပါကွာ၊ ကိုယ်မပြောဘူး စိတ်ချ၊ ကိုယ်မပြောလည်း မင်း Jayy ရဲ့ပို့စ်တွေ သည်လောက်ရှဲနေတာ သူတို့မမြင်ဘူးလား"

"အဲတာက လူတိုင်းရှဲနေကျလေ၊ ထွေထွေထူးထူးမဟုတ်ဘူး"

"ဪ၊ ဟုတ်ပါပြီ"

စီနီယာက ခေါင်းတညိတ်ညိတ်။ ထိုအခါမှ တမှူး ဆိုင်ကယ်စက် တကယ်နှိုးကာ ထွက်ခဲ့လိုက်သည်။

**********

ညရောက်တော့ ထုံစံအတိုင်း စာကြည့်ပြီးသည်နှင့် ခုတင်ပေါ်လှဲကာ လိုင်းသုံးမိပြန်သည်။ လိုင်းသုံးသည်နှင့် Jayy များမိုင်ဒေးအသစ်တင်သလား၊ ပို့စ်အသစ်တင်သလား အရင် ကြည့်ရတာက အမြဲလုပ်နေကျလုပ်ထုံးတစ်ခု။ တမှူးလိုင်းစသုံးသုံးချင်းမှာ Jayy က မိုင်ဒေးမတင်ထားခဲ့ပေမဲ့ တမှူးလိုင်းဖွင့်ပြီး သိပ်မကြာ မိုင်ဒေးတစ်ခုတင်လာသည်။

'စာရေးနေပါတယ်၊ မနက်ဖြန်တင်နိုင်ဖို့ စာရေးနေပါတယ်'တဲ့။

တမှူး အားရပါးရပြုံးလိုက်မိပြီး အသည်းများ ပေးကာ 'မျှော်နေပါတယ် Jayy ရေ' ဟု ပို့လိုက်သည်။ Jayyက ချက်ချင်းမကြည့်။ အတော်ကြာမှ ကြည့်လာပြီး အသည်းလေးပေးလာပြန်သည်။ တမှူး ရက်စ်ဟု အားရပါးရအော်လိုက်မိသည်။
လေးကြိမ်မြောက် Jayy ထံမှ အသည်းလေးရခြင်းပင်။ အရင်လို Jayy မဖတ်သည့် စာလေးတွေတော့ မဖြစ်တော့ချေ။ သည်လိုဘဲ Jayy က တစ်ခါကြည့်ပြီးရင် နောက်ပိုင်းဆက်တိုက်ကြည့်တော့တာပဲလား။ မကြည့်တုန်းကလည်း လေးလကျော်ငါးလလောက် ဆက်တိုက်ပို့တာတောင်အဖက်မလုပ်။ ကြည့်တော့လည်း ဘာပို့ပို့ကြည့်ပြီး အသည်းပေးသည်။ တမှူးမှာ အသည်းလေးတွေဖြင့်ပင် ရူးမတက်ပျော်နေမိတာ။ စာသာပြန်လျှင် တမှူးခေတ်တို့ ရူးသွားလောက်သည်။ ကိုယ့်အတွေးဖြင့်ကိုယ်ပြုံးမိပြီး မိမိစာအောက်မှ အသည်းနီနီလေးကို တယုတယပွတ်သပ်မိသည်။

ထိုစဥ် တမှူးအပ်ထားသော စာရေးသူ မိန်းကလေးတစ်ဦးမှ ဖရန့်ဒ်လက်ခံလိုက်ကြောင်း စာလေးတက်လာ၍ ထိုစာရေးသူ၏ အကာင့်ထဲကို ဝင်ကြည့်လိုက်မိသည်။ ပထမဆုံး မြင်လိုက်ရသောပို့စ်တွင် Jayy ၏ အသည်းရီအက်လေးကို မြင်လိုက်ရ၏။ ထိုအခါမှ ကြည့်လိုက်တော့ Jayy နှင့်လည်းဖရန့်ဒ် ဖြစ်နေသည်ကိုတွေ့လိုက်ရ၏။
ဖြစ်မှာပေါ့...။ သူတို့နှစ်ယောက်လုံးက နယ်ပယ်တူသည့် နာမည်ကြီးစာရေးသူတွေပဲကို။ ထပ်မံ၍ အထဲထိဝင်ကြည့်မိတော့ ပို့စ်တိုင်းနီးပါးမှာမြင်ရသည့် Jayy ၏ ရီအက်တွေကြောင့် ရင်ဘက်ထဲက တဆစ်ဆစ်ဖြစ်လာ၏။ တစ်ခါတလေ မန့်တွေတောင်ဝင်ရေးထား၏။

Jayyက တမှူးပို့စ်တွေကို တစ်ခါတလေသာ ရီအက်ပေးတတ်တာ။ တစ်ခါမှ ယောင်လို့တောင် မန့်မရေးဖူးပါ။ ယခုစာရေးသူ အမျိုးသမီး၏ပို့စ်တွေမှာတော့ ရက်ရက်ရောရောပဲ။ အပြန်အလှန်ပြောထားကြသော စကားများအရ အတော်လေးရင်းနှီးသည်ဟုခံစားမိ၏။ နယ်ပယ်တူမို့ရင်းနှီးကြတာ မထူးဆန်းသော်လည်း တမှူး စိတ်ထဲတော့ အတော်လေးစိတ်ဓာတ်ကျသွား၏။ သက်ပြင်းလည်း အသာအယာချမိသည်။

လူတစ်ယောက်ကို ခရက်ရှ်ရတာ အရမ်းပင်ပန်းသည်။ အထူးသဖြင့် Jayy လို အောင်မြင်နေပြီး မိန်းကလေးတွေ သည်းသည်းလှုပ်နေသည့် လူတစ်ယောက်ကို ခရက်ရှ်ရတာပေါ့။

သူက ကိုယ့်ကို စာဖတ်သူဟူသော စကားလုံးလေးနှင့်ပဲ တရားဝင် အဆင့်သတ်မှတ်ထားပေမဲ့ ကိုယ်ကတော့ သူ့ကို စာရေးသူဆိုသည့် အဆင့်ထက်ကျော်လွန်၍ ခရက်ရှ်အဆင့်ထိ လူမသိသူမသိ ရာထူးတိုးထားမိသည်။

လူတွေ၏ လောဘကလည်း ခက်သည်။ အရင် ဖရန့်ဒ်မဖြစ်ခင်ကတော့ Jayy နှင့် ဖရန့်ဒ်ဖြစ်ခွင့်ရရင်ပဲ ကျေနပ်ပါပြီဟုတွေးခဲ့သည်။ တကယ်တမ်း ဖရန့်ဒ်ဖြစ်လာတော့လည်း Jayyနှင့် ပိုရင်းနှီးချင်လာသည်။

သူ့၏ထောင်ပေါင်းများစွာသော ပရိတ်သတ်တွေထဲမှာ ကိုယ့်ကို အသိအမှတ်ပြုတာခံချင်လာသည်။ ဟော...အသိအမှတ်ပြုတာ ခံရပြီးတော့လည်း Jayy ၏ နှလုံးသားရေးထိ လောဘတက်လာပြန်ရော။

သက်ပြင်းသာအနိုင်နိုင်ချ၍ ထိုစာရေးသူ၏အကောင့်ထဲမှ ပြန်ထွက်လိုက်သည်။ ထိုစဥ် စာဝင်သံလေး ထွက်လာ၍ ကြည့်လိုက်တော့ စီနီယာ့ဆီမှ။

'ဆိုင်ကယ်ဦးထုပ် ဝယ်ပြီးကြောင်း'ဆိုပြီး ပုံလေးနှင့်ပို့လာသည်။ တမှူး မျက်နှာမဲ့လိုက်သည်။ ဝေးဝေးလံလံမဟုတ်သည်ကို တမှူးကို ဒုက္ခပေးဖို့သက်သက်ဆိုင်ကယ်ဦးထုပ်တစ်လုံးဝယ်သည်တဲ့။

'အဲတော့ ဘာဖြစ်လဲ'

တမှူး ဘုတော၍သာ စာပြန်လိုက်သည်။ စီနီယာက ခဏတိတ်ဆိတ်သွားပြီးမှ စာပြန်သည်။

'ဘာတွေ စိတ်မကြည်ဖြစ်နေတာလဲ'

အမ်...။ တမှူး စိတ်မကြည်ဟူ၍လည်း မဆိုမိပါလား။ သို့ပေမဲ့ တကယ်လည်းစိတ်မကြည်တာဖြစ်သည် ။ Jayy ၏ တခြားမိန်းကလေးတွေကို ရက်ရက်ရောရောစွန့်ခြွေထားသည့် အသည်းရီအက်တွေကြောင့်ဖြစ်မည်။

'ဘာလို့မေးတာလဲ'

'ကောင်လေး စာက စိတ်မကြည်တဲ့ အငွေ့အသက်တွေရနေလို့လေ'

စီနီယာကတော့ ပေါက်ကရပြောပြန်ပြီ။ စာက သူ့ကို သွားဖြဲပြနေလို့လား။

သို့သော် စီနီယာပြောတာလည်း မှန်နေသည်။

'ဟုတ်တယ် စိတ်မကြည်ဘူး'

'Why?'

'Jayy'

စီနီယာက ရယ်နေသော စတစ်ကာလေးပို့လာသည်။

'နှစ်ဆအချေခံရလို့လား’

'သူနဲ့ နယ်ပယ်တူတဲ့စာရေးသူကောင်မလေးကို ရီအက်တွေပေးတာအများကြီးပဲ'

ထိုစာကို ရိုက်နေရင်း တမှူးမျက်နှာစူပုပ်နေမည်မှာ အသေအချာပင်။ ကလေးတစ်ယောက်က လူကြီးတစ်ယောက်ကိုတိုင်တည်နေသလိုမျိုး။

'သဝန်တိုနေတာပေါ့'

တမှူး မဲ့နေသည့် အီမိုဂျီလေးတွေပြန်ပို့လိုက်သည်။

'သဝန်တိုတာထက် စိတ်မကောင်းဖြစ်တာ၊ ဝမ်းနည်းတာဗျ စီနီယာရဲ့၊ ငါ့မှာတော့ သည်လိုအခွင့်အရေးမရှိပါလားဆိုပြီး'

စီနီယာ့ဘက်မှ အတန်ကြာတိတ်နေပြီးမှ စာပြန်လာသည်။

'သူတို့က နယ်ပယ်တူဆိုတော့ အတိုင်းအတာတစ်ခုထိတော့ ရင်းနှီးကြမှာပေါ့ ကောင်လေးရဲ့၊ Jayy လိုလူတစ်ယောက်ကို သဘောကျနေပြီး ဒါလေးတွေကအစ ကောင်လေးလိုက်ခံစားရင် ကောင်လေးပင်ပန်းမှာပေါ့၊ ပြီးတော့ ကောင်လေးမှာ အခွင့်အရေးမရှိတာမဟုတ်ပါဘူး၊ ပုံသေတွက်လို့မရတဲ့လောကကြီးမှာ Jayy ကလည်း ကောင်လေးကို စိတ်ဝင်စားလာနိုင်တာပဲလေ၊ အဲတစ်ယောက်ထက်သာလွန်တဲ့အခွင့်အရေးတွေ ကောင်လေး ရချင်ရလာနိုင်တာပဲ'

'စီနီယာက သူများစိတ်ချမ်းသာအောင်ပြောနေတာပဲ'

'ဪ ကောင်လေးရယ်၊ အလကားရတဲ့ အတွေးတွေနဲ့ကိုယ့်ကိုယ်ကိုယ် စိတ်မချမ်းသာအောင်ထားမဲ့အစား စိတ်ချမ်းသာအောင်ပဲတွေးသင့်တာပေါ့၊ ကောင်လေးစိတ်ထဲမှာ Jayy က ငါ့ကို ကြိုက်လာမှာလို့ ယုံကြည်လိုက်လည်း ဘယ်သူက လာငြင်းရဲမှာလဲ၊ ကိုယ့်အတွေးနဲ့ကိုယ်ပဲလေ'

တမှူး ပြုံးလိုက်မိသည်။

'Jayy က ကျွန်တော့ကို ကြိုက်လာမှာလို့ ကျွန်တော်ယုံကြည်ခဲ့ပြီး နောက်ဆုံးမကြိုက်လာရင် စီနီယာ တာဝန်ယူမှာလား ပြော'

'အဟား...ဘုန်းကြီးအမှု ရွာမပတ်နဲ့လေ'

'မရဘူးလေ၊ စီနီယာ မြှောက်ပေးတာလေ'

တမှူး စိတ်ထဲပေါ့ပါးလာသလိုခံစားရသည်။

'အင်းလေ မတတ်နိုင်ဘူး၊ ကောင်လေးက အတင်းအကြပ်ယူခိုင်းရင်တော့ ကိုယ်က အနစ်နာခံပြီး ယူပေးရမှာပေါ့'

'အယ်...စီနီယာကပဲ နစ်နာရတယ်ရှိသေး၊ ကျွန်တော်က ပိုနစ်နာမှာဗျ၊ စိတ်ချ Jayyက ကျွန်တော့်ကို မကြိုက်ရင်တောင် စီနီယာ့ကိုတော့ လုံးဝ စိတ်မကူးဘူး

'အဟား...ပြတ်သားလိုက်တာ'

'ပြတ်သားတယ်'

'ပြီးမှ Jayyက ဘာဖြစ်တယ်ညာဖြစ်တယ် လာမပြောနဲ့နော်'

'မပြောဘူး'

စီနီယာထံမှ ပို့လာသော ရယ်နေဟန် စတစ်ကာလေးတွေကို ကြည်းရင်း တမှူးစိတ်ကြည်လင်လာခဲ့သည်။ စီနီယာက တကယ်ကို  healing လုပ်ပေးနိုင်သည့် လူမျိုးပါပဲ။ နောက်ပြီး စီနီယာသည် တမှူးစိတ်မကြည်နေချိန် ပြုံးအောင်လုပ်ပေးနိုင်သော ပထမဆုံးသူစိမ်းတစ်ယောက်လည်း ဖြစ်လေသည်။

********************************

အားလုံးကိုကျေးဇူးတင်လျက်
ဆာကူရာရိန်း🌸

(Zawgyi)

၂၀၂၀ ခုႏွစ္၊ ဇန္နဝါရီလ ၆ ရက္။

တမႉး နယုန္ႏွင့္ဝသုန္တို႔ညီအစ္မႏွင့္အတူ ကန္တင္းရွိထိုင္ေနက် ဆိုင္ထဲသို႔အဝင္ စားပြဲဝိုင္းတစ္ခု၌ သူငယ္ခ်င္းမ်ားႏွင့္အတူထိုင္ေနေသာ စီနီယာေနရင့္ေရာင္ကို ေတြ႕လိုက္ရသည္။ ယခုရက္ပိုင္း လိုင္းေပၚတြင္ ညတိုင္းစကားေျပာျဖစ္ခဲ့ၿပီး ရင္းႏွီးသလိုရွိခဲ့ေပမဲ့ တကယ့္အျပင္တြင္ေတာ့ တမႉးဘက္က စီနီယာ့ကို စတင္ႏႈတ္ဆက္ဖို႔ ရွိုန္ေနသလိုခံစားရသည္။

ထို႔ျပင္ နယုန္တို႔အေရွ႕မွာ မိမိက စီနီယာ ေယာက္်ားေလးတစ္ဦးႏွင့္ရင္းႏွီးေၾကာင္းလည္းမျပခ်င္။ သိလွ်င္ထိုႏွစ္ေယာက္က ထုံးစံအတိုင္း သေဘၤာ႐ြက္လႊင့္ၾကေပလိမ့္မည္။ ထို႔ေၾကာင္ စီနီယာ့ကို မျမင္ခ်င္ေယာင္ေဆာင္လိုက္ၿပီး မ်က္ႏွာကို လက္ျဖင့္မသိမသာကြယ္လိုက္မိသည္။

အမွန္က ရွက္ေသာေၾကာင့္လည္းျဖစ္သည္။ လိုင္းေပၚတြင္ Jayy အေၾကာင္းေျပာလြန္း၍ Jayy ကို သေဘာက်သည္ထက္ပိုေနသလားဟု စီနီယာက ေမးလာသည္အထိပင္။ စီနီယာလည္း ရိပ္မိသိရွိေနေလာက္ၿပီ ျဖစ္သည္။ ဘာေၾကာင့္ရယ္မသိ စီနီယာေနရင့္ေရာင္ကို ယုံၾကည္သလို ခံစားရေသာေၾကာင့္ စိတ္ထဲရွိသမွ်အကုန္ေျပာၿပီးတာေတာင္ သိပ္ၿပီး စိုးရိမ္တာမ်ိဳးေတာ့မျဖစ္။

သူတို႔သုံးေယာက္ စီနီယာတို႔ စားပြဲဝိုင္းႏွင့္ ခပ္လွမ္းလွမ္းရွိ ဝိုင္းတစ္ခုတြင္ေနရာယူလိုက္ၾကၿပီး ထိုင္ဖို႔ျပင္မိခ်ိန္တြင္

"ေဟး...ေကာင္ေလး"

မိမိ၏ခုံ အေနာက္တည့္တည့္ဆီမွ မိမိဆံပင္ကို ဖြလိုက္သည့္လက္တစ္စုံႏွင့္အတူ ေခၚသံက ပ်ံ့လြင့္လာသည့္အခါ တမႉး ကိုယ့္နဖူးကိုယ္သာ စိတ္ပ်က္လက္ပ်က္အုပ္ကိုင္လိုက္မိသည္။ စီနီယာက ျမင္ျဖစ္ေအာင္ျမင္သြားေသးေလသည္။ ဘာလဲဆိုသည့္ အေရွ႕တည့္တည့္မွ စူးစူးစမ္းစမ္းအၾကည့္မ်ားက တမႉးအေပၚက်ေရာက္လာသည္။

"အာ...စီနီယာ"

အခုမွေတြ႕သည့္ပုံစံျဖင့္ မသက္မသာ ၿပဳံးျပလိုက္မိသည္။ စီနီယာက တမႉးေဘးခုံတြင္ ဝင္ထိုင္ရင္း

"ေကာင္ေလးတို႔ ေန႕လည္စာ စားၾကမွာမဟုတ္လား၊ ကိုယ္လည္း အတူစားမယ္ေလ

"ဟို စီနီယာ့သူငယ္ခ်င္းေတြနဲ႕မစားဘူးလား"

"ကိုယ့္သူငယ္ခ်င္းေတြလား၊ ျပန္ကုန္ၾကၿပီေလ"

တမႉးလွည့္ၾကည့္လိုက္ေတာ့ တကယ္ပင္တစ္ေယာက္မွမရွိေတာ့။ ျမန္လိုက္ၾကသည္ျဖစ္ျခင္း။ တမႉး အခုမွ ခုံေပၚဖင္ထိုင္႐ုံရွိေသးသည္ကို။

"စီနီယာက သူတို႔နဲ႕ အစကတည္းကအတူတူစားေနတာမဟုတ္ဘူးလား"

"မဟုတ္ဘူး၊ သူတို႔ကစားၿပီးေနၿပီ၊ ကိုယ္က သန့္စင္ခန္းသြားေနလို႔ ခုနကမွ ေရာက္တာ"

"ဪ"

တမႉး ေခါင္းညိတ္ကာ ႏႈတ္ဆိတ္သြားၿပီး နယုန္တို႔ႏွင့္ စီနီယာ့ကို မိတ္ဆက္ေပးဖို႔ပင္ေမ့ေနသည္။ ထို႔ေၾကာင့္ စီနီယာက ကိုယ့္ဘာကိုယ္မိတ္ဆက္သြားသည္။

"ညီမေလးတို႔က ေကာင္ေလး သူငယ္ခ်င္းေတြလား၊ ေတြ႕ရတာ ဝမ္းသာပါတယ္၊ အစ္ကိုက ျမန္မာစာဖိုင္နယ္က ေနရင့္ေရာင္ပါ"

အႀကီးတန္းကဟူ၍လည္း သိသြားေရာ နယုန္ႏွင့္ဝသုန္က ခ်က္ခ်င္းလိုလို ျပားျပားဝပ္သြားသည္။

"ဟုတ္ကဲ့ အစ္ကိုေနရင့္ေရာင္၊ ေတြ႕ရတာဝမ္းသာပါတယ္၊ ညီမနာမည္က နယုန္မိုးပါ၊ သူကေတာ့ ညီမနဲ႕အမႊာညီမ ဝသုန္မိုးပါ"

"အမႊာေလးေတြက ခ်စ္ဖို႔ေကာင္းတယ္"

"အဟီး..."

"မင္းတိုသူငယ္ခ်င္းကလည္း ခ်စ္ဖို႔ေကာင္းပါတယ္"

"အဟြပ္...ဟြပ္"

ဘာမွမစားရေသးဘဲ တမႉး ကိုယ့္တံေတြးနဲ႕ကိုယ္ ျပန္သီးသြားရသည္။ စီနီယာက အလွ်င္အျမန္ေရတစ္ခြက္ျဖည့္ကာ လွမ္းေပးသည္။ တမႉးမ်က္ႏွာအနည္းငယ္ရဲကာ ေရခြက္ကိုေဆာင့္ယူ၍ အျမန္ေမာ့ေသာက္လိုက္ရသည္။

"ႏႈတ္ခမ္းမွာ ေရကြက္ေနၿပီ"

ေျပာလည္းေျပာ မိမိ၏ႏႈတ္ခမ္းဆီလွမ္းလာေသာ တစ္ရႉးကိုင္ထားသည့္ လက္တစ္ဖက္ေၾကာင့္ မ်က္ႏွာပို၍နီရဲသြားရသည္။ ဗို႔အားတစ္ေထာင္အျပည့္ အဓိပ္ပါယ်ဖြင့် စိုက္ၾကည္ေနသည့္ အေရွ႕မွ တစ္ထပ္တည္းမ်က္ဝန္းႏွစ္စုံေၾကာင့္အေနခက္လာကာ သူ႕လက္ထဲမွတစ္ရႉးကို ကပ်ာကယာယူလိုက္၍ ကိုယ့္ဘာကိုယ္သုတ္လိုက္ရသည္။

ထို႔ေနာက္ စားစရာမ်ားေရာက္လာသည့္အခါ တမႉး စကားတစ္ခြန္းမွ မေျပာျဖစ္ေတာ့ဘဲ တိတ္တဆိတ္သာစားေနလိုက္သည္။ စီနီယာႏွင့္နယုန္တို႔ညီအစ္မကေတာ့ စကားတေျပာေျပာရွိၾက သည္။

"ေကာင္ေလးက တိတ္လိုက္တာ၊ လိုင္းေပၚမွာက်ေတာ့ စကားေတြအမ်ားႀကီးေျပာၿပီးေတာ့"

ဒိုင္းခနဲက်ေရာက္လာသည့္အမႊာညီအစ္မ၏ တစ္ပုံစံတည္းေသာမ်က္ဝန္းႏွစ္စုံ။ လိုင္းေပၚမွာေတာင္ စကားအမ်ားႀကီးေျပာသည္အထိရင္းႏွီးၿပီး သူတို့ဘာမှမသိရပါလားဆိုသည့်အဓိပ္ပါယ်။

မိမိက ပုံမွန္ဆို သည္လိုတိတ္ဆိတ္ေနတတ္သည့္ လူမ်ိဳးမဟုတ္။ နယုန္တို႔ထက္ႏွစ္ဆ စကားေျပာနိုင္သည့္လူမ်ိဳးပါ။ ယခုတိတ္ေနရသည့္အေၾကာင္းရင္းက စီနီယာႏွင့္ စကားအမ်ားႀကီးေျပာမိလွ်င္ မေတာ္တဆ စီနီယာက Jayy အေၾကာင္းစကားဟလာမွာ စိုးေသာေၾကာင့္ပင္။ နယုန္တို႔ကို တမင္ဖုံးကြယ္ထားျခင္းမဟုတ္ေပမဲ့ စိတ္ထဲရွက္သလိုလိုရွိတာေၾကာင့္ မသိေစခ်င္ပါ။

"ကြၽန္ေတာ္ ထမင္းစားရင္း စကားသိပ္မေျပာတတ္လို႔ပါ စီနီယာ"

"ဪ ဟုတ္လား၊ အဲ့ဒါဆိုလည္း ေအးေဆးစား"

ေျပာရင္းတမႉးေဘးရွိ ေရခြက္ထဲသို႔ ေရျဖည့္ေပးၿပီး တစ္ရႉးတစ္ခုယူကာ ေဘးမွာခ်ေပးသည္။ တမႉးမွာ မ်က္ႏွာပူရင္း ဟိုႏွစ္ေယာက္၏ ျပဴးျပဳးၿပဲၿပဲ မ်က္ဝန္းႏွစ္စုံကိုမသိက်ိဳးကြၽံျပဳၿပီး ေန႕လယ္စာသာငုံ႕စားရေတာ့သည္။ စီနီယာက လူေတြရင္ဖြင့္သမွ် နားေထာင္ေပးတတ္သည့္အျပင္ လူေတြကိုလည္းအခုလိုဂ႐ုစိုက္တတ္သည္ပဲလား။

*************************

"ေကာင္ေလး"

ညေနေက်ာင္းဆင္းခ်ိန္ ဆိုင္ကယ္ေသာ့ဖြင့္ကာစက္ႏွိုးဖို႔ျပင္ေနစဥ္ စီနီယာေရာက္လာသည္။ ေက်ာပိုးအိတ္တစ္လုံးႏွင့္ အတန္းဆင္းလာဟန္ရွိေလသည္။

"ကိုယ္ ကားဂိတ္ထိလိုက္ဦးမယ္"

"စီနီယာ ခါတိုင္း ဘယ္လိုသြားလဲ"

ေန႕လည္က ၿငိမ္ကုပ္ထားသမွ် တမႉးလႊတ္ခ်ေတာ့သည္။

"ခါတိုင္းကေတာ့ လမ္းေလွ်ာက္သြားတာေပါ့"

"အခုလည္း လမ္းေလွ်ာက္သြား၊ မေခၚဘူး"

"မင္းက သေဘာေကာင္းမလိုလိုနဲ႕ စိတ္ပုပ္ျပန္ၿပီ၊ မင္း မေက်နပ္လည္း မတတ္နိုင္ဘူး၊ ကိုယ္ကေတာ့လိုက္မွာပဲ"

ေျပာရင္းဆိုရင္း စီနီယာက ဆိုင္ကယ္ေနာက္ခုံေပၚခြထိုင္လိုက္ၿပီျဖစ္သည္။ တမႉး မ်က္ေစာင္းမမည္ေသာ အၾကည့္တစ္ခ်က္သာ ပို႔လႊတ္လိုက္မိသည္။ အမွန္ေတာ့ စီနီယာ့ကို ျငင္းလို႔သာျငင္းေနတာ စိတ္ထဲမွာေခၚခ်င္စိတ္ရွိပါသည္။ စိတ္ထဲမွာ ခင္မင္မိတာေတာင္ အျပင္တြင္ေခ်တတ္ေသာမူေလးအရ ဘုကလန့္ေျပာမိျခင္းသာ။

"အနိုင္က်င့္တဲ့ စီနီယာ၊ လမ္းမွာ ေမာ္ေတာ္ပီကယ္နဲ႕တိုးပါေစ"

"ဟား...ဟား...၊ ေနာက္ေန႕က်ရင္ ဆိုင္ကယ္ဦးထုပ္တစ္လုံးယူလာခဲ့မယ္ေလ"

"ဟမ္၊ ေန႕တိုင္းလိုက္မယ္ေပါ့"

"အင္းေလ၊ နည္းနည္းလမ္းေလွ်ာက္ရသက္သာလည္း နည္းလား"

တမႉးမ်က္ႏွာပဲရႈံမဲ့လိုက္ကာ ဘာမွျပန္မေျပာေတာ့ဘဲ ဆိုင္ကယ္စက္ႏွိုးလိုက္ရင္း တစ္စုံတစ္ခုကို သတိရသြားသည္။

"စီနီယာ"

"ေျပာ"
ထူးပုံက တစ္စက္မွ ဆိုင္ကယ္ေပၚ တင္ေခၚခ်င္စရာမရွိ။

"နယုန္တို႔ကို ကြၽန္ေတာ္ Jayy အေၾကာင္းေတြေျပာတာ သြားမေျပာနဲ႕ေနာ္"

"ဘာျဖစ္လို႔လဲ"

"မေျပာပါနဲ႕ဆိုဗ်ာ၊ ကြၽန္ေတာ္ရွက္လို႔"

"ကိုယ့္ကိုေတာ့ မရွက္ဘူးလား"

"အမ္"

စီနီယာေျပာမွ မ်က္ႏွာႀကီးရဲလာကာ ဘာျပန္ေျပာရမည္မသိျဖစ္သြားသည္။ စီနီယာ့လို လူမ်ိဳးကို ယုံယုံၾကည္ၾကည္လက္လြတ္စပယ္သြားေျပာမိတာကိုက တမႉးအမွား။

"ဟား...ဟား...၊ စတာပါကြာ၊ ကိုယ္မေျပာဘူး စိတ္ခ်၊ ကိုယ္မေျပာလည္း မင္း Jayy ရဲ႕ပို႔စ္ေတြ သည္ေလာက္ရွဲေနတာ သူတို႔မျမင္ဘူးလား"

"အဲတာက လူတိုင္းရွဲေနက်ေလ၊ ေထြေထြထူးထူးမဟုတ္ဘူး"

"ဪ ၊ ဟုတ္ပါၿပီ"

စီနီယာက ေခါင္းတညိတ္ညိတ္။ ထိုအခါမွ တမႉး ဆိုင္ကယ္စက္တကယ္ႏွိုးကာ ထြက္ခဲ့လိုက္သည္။

**********

ညေရာက္ေတာ့ ထုံစံအတိုင္း စာၾကည့္ၿပီးသည္ႏွင့္ ခုတင္ေပၚလွဲကာ လိုင္းသုံးမိျပန္သည္။ လိုင္းသုံးသည္ႏွင့္ Jayy မ်ားမိုင္ေဒးအသစ္တင္သလား၊ ပို႔စ္အသစ္တင္သလား အရင္ ၾကည့္ရတာက အၿမဲလုပ္ေနက်လဳပ္ထုံးတစ္ခု။ တမႉးလိုင္းစသုံးသုံးခ်င္းမွာ Jayy က မိုင္ေဒးမတင္ထားခဲ့ေပမဲ့ တမႉးလိုင္းဖြင့္ၿပီး သိပ္မၾကာ မိုင္ေဒးတစ္ခုတင္လာသည္။

'စာေရးေနပါတယ္၊ မနက္ျဖန္တင္နိုင္ဖို႔ စာေရးေနပါတယ္'တဲ့။

တမႉး အားရပါးရၿပဳံးလိုက္မိၿပီး အသည္းမ်ား ေပးကာ 'ေမွ်ာ္ေနပါတယ္ Jayy ေရ' ဟု ပို႔လိုက္သည္။ Jayyက ခ်က္ခ်င္းမၾကည့္။ အေတာ္ၾကာမွ ၾကည့္လာၿပီး အသည္းေလးေပးလာျပန္သည္။ တမႉး ရက္စ္ဟု အားရပါးရေအာ္လိုက္မိသည္။
ေလးႀကိမ္ေျမာက္ Jayy ထံမွ အသည္းေလးရျခင္းပင္။ အရင္လို Jayy မဖတ္သည့္ စာေလးေတြေတာ့ မျဖစ္ေတာ့ေခ်။ သည္လိုဘဲ Jayy က တစ္ခါၾကည့္ၿပီးရင္ ေနာက္ပိုင္းဆက္တိုက္ၾကည့္ေတာ့တာပဲလား။ မၾကည့္တုန္းကလည္း ေလးလေက်ာ္ငါးလေလာက္ ဆက္တိုက္ပို႔တာေတာင္အဖက္မလုပ္။ ၾကည့္ေတာ့လည္း ဘာပို႔ပို႔ၾကည့္ၿပီး အသည္းေပးသည္။ တမႉးမွာ အသည္းေလးေတြျဖင့္ပင္ ႐ူးမတက္ေပ်ာ္ေနမိတာ။ စာသာျပန္လွ်င္ တမႉးေခတ္တို႔ ႐ူးသြားေလာက္သည္။ ကိုယ့္အေတြးျဖင့္ကိုယ္ၿပဳံးမိၿပီး မိမိစာေအာက္မွ အသည္းနီနီေလးကို တယုတယပြတ္သပ္မိသည္။

ထိုစဥ္ တမႉးအပ္ထားေသာ စာေရးသူ မိန္းကေလးတစ္ဦးမွ ဖရန့္ဒ္လက္ခံလိုက္ေၾကာင္း စာေလးတက္လာ၍ ထိုစာေရးသူ၏ အကာင့္ထဲကို ဝင္ၾကည့္လိုက္မိသည္။ ပထမဆုံး ျမင္လိုက္ရေသာပို႔စ္တြင္ Jayy ၏ အသည္းရီအက္ေလးကို ျမင္လိုက္ရ၏။ ထိုအခါမွ ၾကည့္လိုက္ေတာ့ Jayy ႏွင့္လည္းဖရန့္ဒ္ ျဖစ္ေနသည္ကိုေတြ႕လိုက္ရ၏။
ျဖစ္မွာေပါ့...။ သူတို႔ႏွစ္ေယာက္လုံးက နယ္ပယ္တူသည့္ နာမည္ႀကီးစာေရးသူေတြပဲကို။ ထပ္မံ၍ အထဲထိဝင္ၾကည့္မိေတာ့ ပို႔စ္တိုင္းနီးပါးမွာျမင္ရသည့္ Jayy ၏ ရီအက္ေတြေၾကာင့္ ရင္ဘက္ထဲက တဆစ္ဆစ္ျဖစ္လာ၏။ တစ္ခါတေလ မန့္ေတြေတာင္ဝင္ေရးထား၏။

Jayyက တမႉးပို႔စ္ေတြကို တစ္ခါတေလသာ ရီအက္ေပးတတ္တာ။ တစ္ခါမွ ေယာင္လို႔ေတာင္ မန့္မေရးဖူးပါ။ ယခုစာေရးသူ အမ်ိဳးသမီး၏ပို႔စ္ေတြမွာေတာ့ ရက္ရက္ေရာေရာပဲ။ အျပန္အလွန္ေျပာထားၾကေသာ စကားမ်ားအရ အေတာ္ေလးရင္းႏွီးသည္ဟုခံစားမိ၏။ နယ္ပယ္တူမို႔ရင္းႏွီးၾကတာ မထူးဆန္းေသာ္လည္း တမႉး စိတ္ထဲေတာ့ အေတာ္ေလးစိတ္ဓာတ္က်သြား၏။ သက္ျပင္းအသာအယာခ်မိသည္။

လူတစ္ေယာက္ကို ခရက္ရွ္ရတာ အရမ္းပင္ပန္းသည္။ အထူးသျဖင့္ Jayy လို ေအာင္ျမင္ေနၿပီး မိန္းကေလးေတြ သည္းသည္းလႈပ္ေနသည့္ လူတစ္ေယာက္ကို ခရက္ရွ္ရတာေပါ့။

သူက ကိုယ့္ကို စာဖတ္သူဟူေသာ စကားလုံးေလးႏွင့္ပဲ တရားဝင္ အဆင့္သတ္မွတ္ထားေပမဲ့ ကိုယ္ကေတာ့ သူ႕ကို စာေရးသူဆိုသည့္ အဆင့္ထက္ေက်ာ္လြန္၍ ခရက္ရွ္အဆင့္ထိ လူမသိသူမသိ ရာထူးတိုးထားမိသည္။

လူေတြ၏ ေလာဘကလည္း ခက္သည္။ အရင္ ဖရန့္ဒ္မျဖစ္ခင္ကေတာ့ Jayy ႏွင့္ ဖရန့္ဒ္ျဖစ္ခြင့္ရရင္ပဲ ေက်နပ္ပါၿပီဟုေတြးခဲ့သည္။ တကယ္တမ္း ဖရန့္ဒ္ျဖစ္လာေတာ့လည္း Jayyႏွင့္ ပိုရင္းႏွီးခ်င္လာသည္။

သူ႕၏ေထာင္ေပါင္းမ်ားစြာေသာ ပရိတ္သတ္ေတြထဲမွာ ကိုယ့္ကို အသိအမွတ္ျပဳတာခံခ်င္လာသည္။ ေဟာ...အသိအမွတ္ျပဳတာ ခံရၿပီးေတာ့လည္း Jayy ၏ ႏွလုံးသားေရးထိ ေလာဘတက္လာျပန္ေရာ။

You are reading the story above: TeenFic.Net