Chapter-29

Background color
Font
Font size
Line height

(Unicode)

ဒေါက်...ဒေါက်...ဒေါက်...။

အိပ်ယာထက်မှေးနေရာမှ တံခါးခေါက်သံကြောင့် နာရီကိုကြည့်လိုက်မိသည်။ ​နေ့လည် ၁၁ နာရီ။ မုန်းတီးသည့် ဆန်ပြုတ်ကိုသောက်ပြီး ဆေးသောက်ရမည့် အချိန်ရောက်လာပြန်ပြီမို့ တမှူး ရှုံ့မဲ့လိုက်မိသည်။ မေမေက အမြဲအချိန်တိကျလွန်းသည်။

"တံခါးဖွင့်ထားတယ် မေမေ၊ ဝင်လာလိုက်လေ"

ပြောပြီး လှဲနေရာမှ ထကာ ခုတင်ခေါင်းရင်းကို မှီထိုင်လိုက်သည်။ အကြာကြီးလှဲနေရာမှ ထလိုက်သဖြင့် မိုက်ခန​ဲမူးသွားသည့် ခေါင်းကို လက်ဖြင့် အသာထိန်းလိုက်ရသည်။

သုံးရက်ရှိပြီ။ အဖျားကကျမသွားသည့်အပြင် ည,ညဆို အပူကြီးပြီး ယောင်ယမ်းသည်အထိ အခြေအနေဆိုးလာသည်။ ဆရာဝန်က ဆေးရုံသွားရန်တိုက်တွန်းနေသည်။ မေမေကလည်း ဆေးရုံသွားချင်နေပြီ။ တမှူးကသာ ပေတေကာတောင့်ခံနေမိသည်။ မျှော်လင့်နေသည့် တစ်စုံတစ်ယောက်ကတော့ နေနိုင်ရက်လွန်းသည်။

အမှန်တော့ အဖျားမကျခြင်းသည် ခန္ဓာကိုယ်ကြောင့်ထက် စိတ်ညိုးရာကိုယ်နွမ်းသလိုဖြစ်နေခြင်းပင်။ ယခုအချိန်ထိနွမ်းနယ်နေသော စိတ်တို့ကြောင့် ခန္ဓာကိုယ်မှာ နလံမထူနိုင်။ရင်ဘက်ထဲမှ ဆို့နင့်မွန်းကြပ်မှုနှင့်အတူ ဟာတာတာခံစားချက်တစ်ခုက နေ့နေ့ညည ဒုက္ခပေးနေသည်။

ခုတင်ခေါင်းရင်းကို မှီ၍ အသာမှေးနေမိသည်။ တဆက်တည်းမှာပင် မျက်မှောက်ကုတ်မိသည်။ မေမေ တံခါးခေါက်ပြီး အခုထိ ဝင်မလာသေးဘူး။

"မေမေ..."

အသံပြုခေါ်လိုက်ချိန် တံခါးက ဖျတ်ခနဲ ပွင့်သွားသည်။ အလားတူ တမှူး နှုတ်ခမ်းများလည်း ပွင့်ဟသွားရသည်။ အခန်းဝတွင်ရပ်၍ ဆန်ပြုတ်လင်ပန်းကိုင်ထားသောသူသည် တမှူး ထင်ထားသလို မေမေမဟုတ်ခဲ့။

"စီနီယာ..."

ခေါ်နေကျ နာမ်စားတစ်ခုက နှုတ်မှယောင်ယမ်းထွက်သွားသည်။ မြန်ဆန်လာသော နှလုံးခုန်သံတို့က ပိုင်ရှင်ထက် သခင်ကို ပိုလိုလားနေသယောင်ယောင်။ ဟုတ်ပါသည်။ ပုံမှန်ထက် နှစ်ဆအလုပ်ပိုလုပ်နေသော နှလုံးသားလေး၏ ပိုင်ရှင်သည် မိမိဖြစ်သော်လည်း ထိုနှလုံးသားလေး၏ သခင်သည် အခန်းဝ၌ ရပ်နေသောသူဖြစ်သည်။

"ဘာလာလုပ်တာလဲ...အခုထွက်သွား"

ရင်ဘက်ထဲမှ ဆန္ဒနှင့်ဆန့်ကျင်စွာ နှုတ်ထွက်စကားတို့က ကိုယ့်နှလုံးသားကိုပါ ကိုယ်ပြန်နာကျင်စေသည်။

"ခုနတော့ ကောင်လေးပဲ ဝင်ခဲ့ဆို"

ခပ်ဖွဖွအပြုံးတို့ကြောင့် အံ့ဩတကြီး ငေးမိသွားသည်။ ပြုံးနေသည်။ တမှူးမြတ်နိုးရသည့် နှုတ်ခမ်းများဖြင့် ပြုံးနေသည်။ တမှူးတို့အကြား ဘာမှမဖြစ်ပျက်ခဲ့သလို...ပုံမှန်အချိန် နှုတ်ဆက်နေသလို...ပေါ့ပေါ့ပါးပါးပင် ပြုံးနေသည်။

ဆန်ပြုတ်ပန်းကန်ကို စားပွဲပေါ်တင်ကာ ခုတင်ဘေးခုံတွင် ဝင်ထိုင်လာသည်အထိ ​ကြောင်အကာ ငေးကြည့်နေမိသည်။ အဓိပ္ပါယ်မျိုးစုံ ပျော်ဝင်နေသည့် ခပ်မှိုင်းမှိုင်း မျက်ဝန်းညိုများနှင့် ဆုံချက်ညီသည့်အချိန်တွင်မှ သတိဝင်ရသည်။

"ဘယ်သူ ခင်ဗျားကို ဝင်ခွင့်ပြုလို့လဲ၊ ကျွန်တော့်အခန်းထဲက အခုထွက်သွား"

"ဆေးသောက်ရမယ် မဟုတ်လား၊ ဆန်ပြုတ်အရင်သောက်လိုက်နော်"

ဘာလဲ...။ ဒါဘာသဘောလဲ...။ အခု ဘာလုပ်ဖို့ စဥ်းစားနေတာလဲ။ တမှူးတို့အကြား ဘာမှပြောင်းလဲခြင်းမရှိခဲ့သလို ကျော်သွားဖို့စဥ်းစားနေတာလား။

"ခင်ဗျား မသွားရင် ကျွန်တော်သွားမယ်၊ မေမေ..."

သူ့ကို အပေါ်တက်ခွင့်ပြုလိုက်သည့် မေမေ့ကို မကျေနပ်စွာအော်ခေါ်ရင်း ခုတင်ပေါ်မှဆင်းကာ အခန်းဝသို့ ဦးတည်လိုက်သည်။ အားအင်ချိနဲ့နေသော ခြေထောက်တို့က ယိုင်ခနဲ ဖြစ်သွားသည်။ မုန်းသည်။ သူ့ရှေ့မှာမှ ယခုလို အားနည်းနေသည့် ခန္ဓာကိုယ်ကို မုန်းသည်။

"ကောင်လေး..."

ခေါ်သံကို ဥပေက္ခာပြုကာ အခန်းတံခါးရှိရာသို့ အားတင်းလျှောက်လာမိသည်။ တွေ့ချင်နေခဲ့သည်။ သို့သော် ရှောင်ပြေးချင်ပြန်သည်။ ပူနွေးလာသော ပါးပြင်တို့က အဖျားရှိန်ကြောင့်ထက်ပို၍ လွန်ကဲလာသည်။

တံခါးနားအရောက် ခေါင်းထဲ မိုက်ခနဲ ဖြစ်ကာဝေဝါးသွားသည့် မြင်ကွင်းတို့ကြောင့် တံခါးဘောင်ကို ဆုပ်ကိုင်လိုက်မိသည်။

"ကောင်လေး..."

ဒုတိယတစ်ကြိမ်ခေါ်သံနှင့်အတူ လက်တစ်ဖက်ကို ဆွဲယူခြင်းခံလိုက်ရပြီး ယိမ်းယိုင်နေသော ခန္ဓာကိုယ်ဟာ နောက်ပြန်ပါသွားကာ ရင်းနှီးနေကျရင်ခွင်တစ်ခုထဲ မျက်နှာအပ်မိသည်။ စက္ကန့်ပိုင်းမျှ ကြောင်အ ငြိမ်သက်သွားပြီးမှ အသိဝင်လာသည်နှင့် ရုန်းထွက်လိုက်သည်။ သို့သော် တင်းကြပ်စွာပွေ့ဖက်ထားခံရသော မြဲမြံသည့် လက်များအကြား လူမမာသည်၏ ခွန်အားက မမျှတနိုင်ခဲ့။ ပူနွေးနေသော အသားတို့ကို ထိတွေ့ထားသော စီနီယာ့လက်များက အေးစက်နေသည်။ သို့သော် ခိုအောင်းမိသည့် ရင်ခွင်ကတော့ နွေးထွေးဆဲပင်။

စီနီယာတော်ပါသည်...။

ချစ်ခင်ရင်းနှီးသူတစ်ဦးဦးနှင့် ပဋိပက္ခဖြစ်လျှင် အခြေအတင်စကားမပြောခင် နှလုံးသားနှင့် အနီးဆုံးရောက်အောင်ပွေ့ဖက်လိုက်ပါတဲ့။ နီးစပ်သွားသော နှလုံးသားများမှ အချင်းချင်း တီးတိုးစကားပြောကြသည့်အခါ နှုတ်မှ ဖွင့်ဟမပြောခင် ပြဿနာတစ်ဝက်ပြေလည်နိုင်သည်တဲ့လေ။

ပူလောင်မြိုက်နေသော တမှူးနှလုံးသားဟာ နှလုံးသားတစ်ခုနှင့် နီးစပ်သွားသည့်အခါ အနည်းငယ် ငြိမ်းချမ်းသွားသလိုရှိသည်။ တောင့်မခံနိုင်သော နှလုံးသားက လူထက်အရင် အရှုံးပေးချင်နေသည်။

"တောင်းပန်ပါတယ်...ကိုယ်တကယ်တောင်းပန်ပါတယ်"

တမှူးကို တင်းကြပ်စွာပွေ့ဖက်၍ စီနီယာက တဖွဖွဆိုသည်။ ရုန်းကန်နေသောလက်များက ငြိမ်သက်သွားပြီး ပူနွေးနွေး မျက်ရည်များက ပါးထက်မှတဆင့် သူ့ရင်ဘက်တစ်နေရာကို စွတ်စိုသွားစေသည်။

"မငိုပါတော့နဲ့ ကောင်လေးရာ ၊ တစ်ချိန်လုံး ငိုနေခဲ့တာ မဟုတ်လား၊ တော်သင့်ပြီလေကွာ"

အသံတိတ်စီးကျလာသော မျက်ရည်များက ပို၍ အားကောင်းလာသောအခါ ရှိုက်သံများကိုပါ ဖန်ဆင်းလာသည်။ တစ်ချိန်လုံး တင်းထားသမျှဟာ သူ့ရင်ခွင်ရောက်တော့ အပြိုပြိုအလဲလဲ။

"ကျွန်တော့်ကို ပစ်ထားတယ်၊ ကျွန်တော့်ကို အကြာကြီး တစ်ယောက်တည်း ပစ်ထားတယ်"

ရှိုက်သံများကြားမှ သူ့အင်္ကျီစကို ခပ်တင်းတင်းဆုပ်ကိုင်၍ ပြောမိသွားသည်က မရည်ရွယ်ထားသော စကားများ။ သုံးရက်ဆိုသော်လည်း တမှူးအတွက် သိပ်ကို ကြာရှည်လွန်းခဲ့သည်လေ။

စီနီယာက ခဏငြိမ်သက်နေပြီးမှ တမှူးကို သူနှင့် မျက်နှာချင်းဆိုင်စေသည်။ ပါးထက်မှမျက်ရည်များကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်သုတ်ပေးလာသည်။ အေးစက်နေသော လက်ချောင်းများမှ အထိအတွေ့များကို လွမ်းဆွတ်နေလွန်း၍ ရုန်းမထွက်နိုင်။

အကြောင်းပြချက်မပေးခင်ကတည်းက ခွင့်လွှတ်တာ သိပ်ချစ်လို့ပါ။

"တောင်းပန်ပါတယ်"

ထိုစကားကိုပင် စီနီယာက တိုးလျလျထပ်ပြောသည်။ မျက်ဝန်းညိုများဟာ ရီဝေမှုန်မှိုင်းလျက်။ ထို့​ပြင် ထိုမျက်ဝန်းညိုများမှ စိုးရိမ်ပူပန်မှုအငွေ့အသက်များကလည်း နှလုံးသားမှပင် ခံစားမိစေသည်။

"တစ်ကိုယ်လုံး ပူခြစ်နေတာပဲ၊ ဘာလို့ ဒီလောက် နေမကောင်းဖြစ်နေတာတောင် ဆေးရုံမသွားတာလဲ ကောင်လေးရာ"

ဘာမှပြန်မပြောဘဲ မျက်လွှာချမိသည်။ မျက်ရည်များက ဆက်မကျတော့သော်လည်း တစ်ချက်တစ်ချက်တော့ တစ်ကိုယ်လုံး တုန်ယင်သည်အထိ ရှိုက်မိသည်။ရင်ဘက်ထဲမှ ဟာနေသော နေရာတစ်ခုဟာ ကွက်လပ်ပြည့်သွားသလိုရှိပြီး ဆို့နင့်မွန်းကြပ်မှုက အားရပါးရ ငိုရှိုက်လိုက်သောအခါ ပြေလျော့သွားသလိုရှိသည်။ အရာအားလုံးအတွက် အဖြေဟာ စီနီယာပင်ဖြစ်ကြောင်း နားလည်လိုက်သည်။ တမှူး အသက်ဆက်ရှင်နိုင်ဖို့ စီနီယာ့ကို လိုအပ်သည်။ ကိုယ့်ကိုယ့်ကိုယ်လိမ်၍ မရအောင်၊ မာနတို့ဖြင့် တင်းခံတွန်းလှန်ထား၍ မရနိုင်အောင် Jayy တစ်ဖြစ်လည်း စီနီယာ့ကို တမှူးလိုအပ်သည်။

"ဘာလို့လဲ...ဘာလို့ ကျွန်တော့်ကို လိမ်ခဲ့တာလဲ"

ဦးနှောက်ရောနှလုံးသာရောက စီနီယာ့ကိုမြင်သည်နှင့် ထိန်းချုပ်မရစွာ ခွင့်လွှတ်လိုက်ပြီဖြစ်သော်လည်း အကြောင်းပြချက်ကို သိချင်မိသေး၏။

စီနီယာက သက်ပြင်းချသည်။ ထို့နောက် တမှူးကို တဖန်ပြန်လည် ထွေးဖက်လာပြန်သည်။ စီနီယာ့အပြုအမူကို နားမလည်သော်လည်း မရုန်းမိ။

"တကယ်တော့ ကိုယ်ကြောက်ခဲ့တာ၊ Jayy အနေနဲ့ နေရင့်ရောင်ဆိုတဲ့ လူတစ်ယောက်ကို ကောင်လေးလက်မခံမှာကြောက်ခဲ့တာ"

"ဘာလို့အဲ့လို တွေးရတာလဲ"

တင်းကြပ်စွားပွေ့ဖက်ထားမှုကြောင့် စီနီယာ့ မျက်နှာကို မမြင်နိုင်။ ကြည့်ချင်၍ ရုန်းသော်လည်း စီနီယာက မလွှတ်။

"ကောင်လေးက ကိုယ့်ကို စတွေ့တွေ့ချင်းတုန်းက သဘောမှမကျတာ၊ ကိုယ် Jayy အကြောင်းပြောမှ ကောင်လေးက ကိုယ့်ကို အဖက်လုပ်တာလေ"

သေချာပြန်စဥ်းစားကြည့်မှ မရည်ရွယ်ခဲ့သော်လည်း ထိုကဲ့သို့ ဖြစ်သွားခဲ့သည်ပဲ။

"အဲတော့ ကိုယ်ဖွင့်ပြောလိုက်ရင် ကောင်လေးစိတ်ထဲက Jayy ကို သဘောကျနေတဲ့ စိတ်လေးပါပျောက်သွားမှာစိုးခဲ့တယ်၊ ဒါကြောင့် နေရင့်ရောင်ဆိုတဲ့ လူတစ်ယောက်အနေနဲ့ပဲ ကောင်လေးလက်ခံနိုင်အောင်ကြိုးစားကြည့်ချင်ခဲ့တာ၊ အဲ့လို မကြိုးစားနိုင်ခင် ကောင်လေးသိသွားခဲ့တယ်၊ ကိုယ်ရည်ရွယ်ပြီး ဖုံးကွယ်ခဲ့တာ မဟုတ်ပါဘူး၊ ဒါပေမယ့် တကယ်လို့ အခုချိန်ထိ နေရင့်ရောင်အနေနဲ့ ကောင်လေး လက်မခံနိုင်သေးရင်လည်း Jayy အနေနဲ့ပဲဖြစ်ဖြစ် ကိုယ့်ကို ပြန်လက်ခံပေးပါနော်၊ ကိုယ်တောင်းပန်ပါတယ်"

တကယ်တမ်းက နှစ်ယောက်လုံးအနေနဲ့ လက်ခံနေမိတာကြောင့် တမှူး ပြုံးမိသွားသည်။ အစိုင်အခဲတစ်ခုကြေပျက်သွားသလို ရင်ထဲပေါ့ပါးသွားသည်။ မနက်ကထိ ချစ်လိုက်မုန်းလိုက်ဖြစ်ခဲ့သော ခံစားချက်တွေနေရာတွင် အချိန်ပြည့်အချစ်တစ်ခု အစားထိုး ပေါက်ဖွားလာသည်။ ချစ်နေတာမို့ ကြာကြာစိတ်မနာနိုင်။

"လက်ခံတယ်"

"ဟင်"

ရင်ခွင်ထဲမှ ရုန်းထွက်လိုက်ပြီး မျက်နှာချင်းဆိုင်ကာ မျက်ဝန်းညိုများကို ဆုံကြည့်လိုက်သည်။

"လက်ခံတယ်၊ နှစ်ယောက်လုံး အနေနဲ့ လက်ခံတယ်လို့"

စီနီယာက နားမလည်ဟန်ဖြင့် ခေတ္တကြောင်နေသည်။

"စီနီယာသိလား၊ ကျွန်တော် အများကြီး စိတ်တွေရှုပ်ထွေးခဲ့ရတာ၊ Jayy ကို သဘောကျနေတဲ့ကြားက စီနီယာ့အပေါ် အရောင်တွေဆိုးခဲ့မိလို့ ကိုယ့်ကိုယ်ကိုယ် မုန်းတီးခဲ့ရတာ"

အံ့သြရိပ်များက မျက်ဝန်းညိုများတွင် ဖြတ်ပြေးသွားသည်။

"ဟုတ်တယ်...ကျွန်တော် Jayy ကို သဘောကျတယ်လို့ပြောရင်းနဲ့ကို စီနီယာ့ကိုပါ သဘောကျနေခဲ့မိတာ၊ စီနီယာနဲ့အတူရှိနေရင် ပျော်တယ်၊ လုံခြုံတယ်လို့ ခံစားရတယ်၊ နောက်ပြီး ရင်ခုန်တယ်၊ ကျွန်တော် စီနီယာနဲ့ ဝေးဝေးမှာမနေနိုင်ခဲ့ဘူး၊ Jayy နဲ့ စီနီယာ့ကို ယှဥ် ယှဥ်တွေးပြီး ကျွန်တော့်ကိုယ်ကျွန်တော် ဝေခွဲမရဖြစ်ခဲ့ရတယ်"

"ဘယ်ကတည်းကလဲ"

"ဟင်"

"ကိုယ့်ကို နေရင့်ရောင်အဖြစ်ဘယ်ကတည်းက သဘောကျတာလဲ"

"အသေအချာတော့ မပြောတတ်ဘူး၊ ဒါပေမယ့် ကျိန်းသေတာကတော့ တော်တော်ကြာခဲ့ပြီ"

ဖြေရင်း ခေါင်းငုံ့လိုက်မိသည်။ စီနီယာ့ကိုရော...Jayy ကိုရော ချစ်ခဲ့မိတာ တမှူး သိက္ခာတွေရော...မာနတွေပါအကုန် ခဝါချနေရသည်။ သို့ပေမယ့် ကျေနပ်ပါသည်။ မာနခံပြီး နာကျင်နေမည့် အစား သူလက်ခံမည်ဆိုလျှင် ခဝါချဖို့ ထိုက်တန်ပါသည်လေ။

"ဒါဆို ကောင်လေးက ကိုယ့်ကို နေရင့်ရောင်အနေနဲ့ရော ချစ်ခဲ့တယ်ပေါ့"

ရှက်ရွံ့မှုကြောင့် မျက်နှာတစ်ပြင်လုံး ပူထူသွားရပြန်သည်။ အဲ့လို ဒဲ့မေးစရာလား။ ဘာမှပြန်မပြောဘဲ မျက်နှာလွှဲလိုက်တော့ စီနီယာက ပြုံးသည်။ နှဖူးထက်မှ နွေးထွေးမှုကို ခံစားမိတော့ ခေါင်းငုံ့ကာ အောက်နှုတ်ခမ်းကိုသာ ဖိကိုက်လိုက်မိသည်။ ယခု တမှူးနဲ့ စီနီယာက အဆင်ပြေသွားပြီလား...။

"အာ...11 ခွဲတော့မယ်၊ ဆေးသောက်ချိန် နောက်ကျတော့မယ်၊ ဆန်ပြုတ်သောက်တော့ ကောင်လေး"

စီနီယာက နာရီကိုကြည့်ရင်း မျက်လုံးပြူးကာ တမှူးကို ကုတင်ပေါ်ပြန်ထိုင်စေပြီး စားပွဲပေါ်မှ ဆန်ပြုတ်လင်ပန်းကို ယူသည်။

"မသောက်ချင်ဘူး"

"မသောက်လို့မရဘူးလေ၊ နေမကောင်းရတဲ့ ကြားထဲ အစာမရှိရင် ဗိုက်ပါအောင့်နေမယ်၊ ပြီးတော့ လူကိုလည်းကြည့်ဦး၊ ပိန်သွားလိုက်တာ လေတိုက်ရင်တောင်လွင့်တော့မယ်"

ထိုစကားကိုဆိုသူကိုယ်တိုင်က ချောင်ကျသွားသည်မှာ အသိအသာ။

"အဲ့ဆန်ပြုတ်တွေက အရသာမရှိဘူး"

မေမေကြားရင် သွေးတက်နိုင်သည်။

"ဒါ ကိုယ်ပြုတ်လာတာ၊ ပြီးတော့ ကိုယ်ခွံ့ကျွေးမယ်လေ၊ ကိုယ်ခွံ့ကျွေးရင် အရသာရှိမယ်မဟုတ်လား"

ခပ်စစအပြုံးကို မျက်နှာရဲကာခေါင်းငုံ့မိသည်။ ယခု စီနီယာနှင့် တမှူးက ဘယ်အခြေအနေထိ ပြန်အဆင်ပြေသွားပြီလဲ။ တမှူးက စီနီယာ့ကိုရော Jayy ကိုရော ချစ်ကြောင်း ဝန်ခံပြီးပြီ။ စီနီယာကရော...။ တမှူး မျက်မှောက်ကုတ်လိုက်မိသည်။ စိတ်ထဲမှသာ စီနီယာက တမှူးကို ချစ်တယ်လို့ ခံစားမိနေပေမယ့် စီနီယာ့နှုတ်မှ ချစ်တယ်လို့ မပြောရသေး။ ဆတ်ကနဲ့ ခေါင်းမော့ကာ စီနီယာ့ကို ကြည့်လိုက်သည်။

"စီနီယာ"

ဆန်ပြုတ်ကို ဇွန်းဖြင့်မွှေနေသော စီနီယာက ဘာလဲဟူသော သဘောဖြင့် ကြည့်လာသည်။

"စီနီယာ ကျွန်တော့်ကို ချစ်လား"

ကွေ့ဝိုက်မနေဘဲ ဒဲ့မေးလိုက်သည်။ ဒီ့ထက်လည်း တမှူးတို့ ပိုမရှက်တတ်တော့ပါဘူး။ စီနီယာက ဘာများလဲလို့ ဟူသောပုံစံဖြင့် ဟက်ကနဲ့ တစ်ချက်ရယ်ကာ ခေါင်းပြန်ငုံ့၍ ဆန်ပြုတ်ကို ပြန်မွှေသည်။

"ကိုယ်သာ ကောင်လေးကို မချစ်ရင် ဒီအထိလိုက်လာပါ့မလားကွာ"

ပြောရင်း ဆန်ပြုတ်တစ်ဇွန်းကို ခပ်ကာ တမှူး နှုတ်ခမ်းရှေ့ လာတေ့သည်။ ခပ်ပေါ့ပေါ့အဖြေကို မကျေနပ်၍ ပါးစပ်နားလာတေ့သည့် ဆန်ပြုတ်ဇွန်းကို ခေါင်းနောက်ဆုတ် ရှောင်လွှဲလိုက်သည်။

"ချစ်ရင်ချစ်တယ်လို့ ဖြေလေ"

"ဖြေမယ်...ဒီတစ်ဇွန်းအရင်စား"

မျက်မှောက်ကုတ်၍ ပါးစပ်ဟပေးလိုက်သည်။ ထိုအချိန်တွင် စီနီယာက တီးတိုးဆိုသည်။

"ချစ်တယ်ဆိုတာထက်ကို ပိုမြတ်နိုးတာပါ ကောင်လေးရယ်"တဲ့။

ပါးစပ်ထဲရောက်လာသည့် ဆန်ပြုတ်အရသာက ဘာမှန်းမသိလိုက်ခဲ့။

***********************************

အားလုံးကို ကျေးဇူးတင်လျက်
Sakura Rain🌸

(Zawgyi)

ေဒါက္...ေဒါက္...ေဒါက္...။

အိပ္ယာထက္ေမွးေနရာမွ တံခါးေခါက္သံေၾကာင့္ နာရီကိုၾကည့္လိုက္မိသည္။ ​ေန႔လည္ ၁၁ နာရီ။ မုန္းတီးသည့္ ဆန္ျပဳတ္ကိုေသာက္ၿပီး ေဆးေသာက္ရမည့္ အခ်ိန္ေရာက္လာျပန္ၿပီမို႔ တမႉး ႐ႈံ႕မဲ့လိုက္မိသည္။ ေမေမက အၿမဲအခ်ိန္တိက်တယ္။

"တံခါးဖြင့္ထားတယ္ ေမေမ၊ ဝင္လာလိုက္ေလ"

ေျပာၿပီး လွဲေနရာမွ ထကာ ကုတင္ေခါင္းရင္းကို မွီထိုင္လိုက္သည္။ အၾကာႀကီးလွဲေနရာမွ ထလိုက္သျဖင့္ မိုက္ကနဲ႔မူးသြားသည့္ ေခါင္းကို လက္ျဖင့္ အသာထိန္းလိုက္ရသည္။

သုံးရက္႐ွိၿပီ။ အဖ်ားကက်မသြားသည့္အျပင္ ည,ညဆို အပူႀကီးၿပီး ေယာင္ယမ္းသည္အထိ အေျခအေနဆိုးလာသည္။ ဆရာဝန္က ေဆး႐ုံသြားရန္တိုက္တြန္းေနသည္။ ေမေမကလည္း ေဆး႐ုံသြားခ်င္ေနၿပီ။ တမႉးကသာ ေပေတကာေတာင့္ခံေနမိသည္။ ေမွ်ာ္လင့္ေနသည့္ တစ္စုံတစ္ေယာက္ကေတာ့ ေနႏိုင္ရက္လြန္းသည္။

အမွန္ေတာ့ အဖ်ားမက်ျခင္းသည္ ခႏၶာကိုယ္ေၾကာင့္ထက္ စိတ္ညိဳးရာကိုယ္ႏြမ္းသလိုျဖစ္ေနျခင္းပင္။ ယခုအခ်ိန္ထိႏြမ္းနယ္ေနေသာ စိတ္တို႔ေၾကာင့္ ခႏၶာကိုယ္မွာ နလံမထူႏိုင္။ရင္ဘက္ထဲမွ ဆို႔နင့္မြန္းၾကပ္မႈႏွင့္အတူ ဟာတာတာခံစားခ်က္တစ္ခုက ေန႔ေန႔ညည ဒုကၡေပးေနသည္။

ကုတင္ေခါင္းရင္းကို မွီ၍ အသာေမွးေနမိသည္။ တဆက္တည္းမွာပင္ မ်က္ေမွာက္ကုတ္မိသည္။ ေမေမ တံခါးေခါက္ၿပီး အခုထိ ဝင္မလာေသးဘူး။

"ေမေမ..."

အသံျပဳေခၚလိုက္ခ်ိန္ တံခါးက ဖ်ပ္ကနဲ႔ ပြင့္သြားသည္။ အလားတူ တမႉး ႏႈတ္ခမ္းမ်ားလည္း ပြင့္ဟသြားရသည္။ အခန္းဝတြင္ရပ္၍ ဆန္ျပဳတ္လင္ပန္းကိုင္ထားေသာသူသည္ တမႉး ထင္ထားသလို ေမေမမဟုတ္ခဲ့။

"စီနီယာ..."

ေခၚေနက် နာမ္စားတစ္ခုက ႏႈတ္မွေယာင္ယမ္းထြက္သြားသည္။ ျမန္ဆန္လာေသာ ႏွလုံးခုန္သံတို႔က ပိုင္႐ွင္ထက္ သခင္ကို ပိုလိုလားေနသေယာင္ေယာင္။ ဟုတ္ပါသည္။ ပုံမွန္ထက္ ႏွစ္ဆအလုပ္ပိုလုပ္ေနေသာ ႏွလုံးသားေလး၏ ပိုင္႐ွင္သည္ မိမိျဖစ္ေသာ္လည္း ထိုႏွလုံးသားေလး၏ သခင္သည္ အခန္းဝ၌ ရပ္ေနေသာသူျဖစ္သည္။

"ဘာလာလုပ္တာလဲ...အခုထြက္သြား"

ရင္ဘက္ထဲမွ ဆႏၵႏွင့္ဆန္႔က်င္စြာ ႏႈတ္ထြက္စကားတို႔က ကိုယ့္ႏွလုံးသားကိုပါ ကိုယ္ျပန္နာက်င္ေစသည္။

"ခုနေတာ့ ေကာင္ေလးပဲ ဝင္ခဲ့ဆို"

ခပ္ဖြဖြအျပဳံးတို႔ေၾကာင့္ အံ့ၾသတႀကီး ေငးမိသြားသည္။ ျပဳံးေနသည္။ တမႉးျမတ္ႏိုးရသည့္ ႏႈတ္ခမ္းမ်ားျဖင့္ ျပဳံးေနသည္။ တမႉးတို႔အၾကား ဘာမွမျဖစ္ပ်က္ခဲ့သလို...ပုံမွန္အခ်ိန္ ႏႈတ္ဆက္ေနသလို...ေပါ့ေပါ့ပါးပါးပင္ ျပဳံးေနသည္။

ဆန္ျပဳတ္ပန္းကန္ကို စားပြဲေပၚတင္ကာ ကုတင္ေဘးခုံတြင္ ဝင္ထိုင္လာသည္အထိ ​ေၾကာင္အကာ ေငးၾကည့္ေနမိသည္။ အဓိပၸါယ္မ်ိဳးစုံ ေပ်ာ္ဝင္ေနသည့္ ခပ္မိႈင္းမိႈင္း မ်က္ဝန္းညိဳမ်ားႏွင့္ ဆုံခ်က္ညီသည့္အခ်ိန္တြင္မွ သတိဝင္သည္။

"ဘယ္သူ ခင္ဗ်ားကို ဝင္ခြင့္ျပဳလို႔လဲ၊ ကြၽန္ေတာ္႕အခန္းထဲက အခုထြက္သြား"

"ေဆးေသာက္ရမယ္ မဟုတ္လား၊ ဆန္ျပဳတ္အရင္ေသာက္လိုက္ေနာ္"

ဘာလဲ...။ ဒါဘာသေဘာလဲ...။ အခု ဘာလုပ္ဖို႔ စဥ္းစားေနတာလဲ။ တမႉးတို႔အၾကား ဘာမွေျပာင္းလဲျခင္းမ႐ွိခဲ့သလို ေက်ာ္သြားဖို႔စဥ္းစားေနတာလား။

"ခင္ဗ်ား မသြားရင္ ကြၽန္ေတာ္သြားမယ္၊ ေမေမ..."

သူ႕ကို အေပၚတက္ခြင့္ျပဳလိုက္သည့္ ေမေမ့ကို မေက်နပ္စြာေအာ္ေခၚရင္း ကုတင္ေပၚမွဆင္းကာ အခန္းဝသို႔ ဦးတည္လိုက္သည္။ အားအင္ခ်ိနဲ႔ေနေသာ ေျခေထာက္တို႔က ယိုင္ကနဲ႔ ျဖစ္သြားသည္။ မုန္းသည္။ သူ႕ေ႐ွ႕မွာမွ ယခုလို အားနည္းေနသည့္ ခႏၶာကိုယ္ကို မုန္းသည္။

"ေကာင္ေလး..."

ေခၚသံကို ဥေပကၡာျပဳကာ အခန္းတံခါး႐ွိရာသို႔ အားတင္းေလွ်ာက္လာမိသည္။ ေတြ႕ခ်င္ေနခဲ့သည္။ သို႔ေသာ္ ေ႐ွာင္ေျပးခ်င္ျပန္သည္။ ပူေႏြးလာေသာ ပါးျပင္တို႔က အဖ်ား႐ွိန္ေၾကာင့္ထက္ပို၍ လြန္ကဲလာသည္။

တံခါးနားအေရာက္ ေခါင္းထဲ မိုက္ကနဲ႔ ျဖစ္ကာေဝဝါးသြားသည့္ ျမင္ကြင္းတို႔ေၾကာင့္ တံခါးေဘာင္ကို ဆုပ္ကိုင္လိုက္မိသည္။

"ေကာင္ေလး..."

ဒုတိယတစ္ႀကိမ္ေခၚသံႏွင့္အတူ လက္တစ္ဖက္ကို ဆြဲယူျခင္းခံလိုက္ရၿပီး ယိမ္းယိုင္ေနေသာ ခႏၶာကိုယ္ဟာ ေနာက္ျပန္ပါသြားကာ ရင္းႏွီးေနက်ရင္ခြင္တစ္ခုထဲ မ်က္ႏွာအပ္မိသည္။ စကၠန္႔ပိုင္းမွ် ေၾကာင္အ ၿငိမ္သက္သြားၿပီးမွ အသိဝင္လာသည္ႏွင့္ ႐ုန္းထြက္လိုက္သည္။ သို႔ေသာ္ တင္းၾကပ္စြာေပြ႕ဖက္ထားခံရေသာ ၿမဲျမံသည့္ လက္မ်ားအၾကား လူမမာသည္၏ ခြန္အားက မမွ်တႏိုင္ခဲ့။ ပူေႏြးေနေသာ အသားတို႔ကို ထိေတြ႕ထားေသာ စီနီယာ့လက္မ်ားက ေအးစက္ေနသည္။ သို႔ေသာ္ ခိုေအာင္းမိသည့္ ရင္ခြင္ကေတာ့ ေႏြးေထြးဆဲပင္။

စီနီယာေတာ္ပါသည္...။

ခ်စ္ခင္ရင္းႏွီးသူတစ္ဦးဦးႏွင့္ ပဋိပကၡျဖစ္လွ်င္ အေျခအတင္စကားမေျပာခင္ ႏွလုံးသားႏွင့္ အနီးဆုံးေရာက္ေအာင္ေပြ႕ဖက္လိုက္ပါတဲ့။ နီးစပ္သြားေသာ ႏွလုံးသားမ်ားမွ အခ်င္းခ်င္း တီးတိုးစကားေျပာၾကသည့္အခါ ႏႈတ္မွ ဖြင့္ဟမေျပာခင္ ျပႆနာတစ္ဝက္ေျပလည္ႏိုင္သည္တဲ့ေလ။

ပူေလာင္ၿမိဳက္ေနေသာ တမႉးႏွလုံးသားဟာ ႏွလုံးသားတစ္ခုႏွင့္ နီးစပ္သြားသည့္အခါ အနည္းငယ္ ၿငိမ္းခ်မ္းသြားသလို႐ွိသည္။ ေတာင့္မခံႏိုင္ေသာ ႏွလုံးသားက လူထက္အရင္ အ႐ႈံးေပးခ်င္ေနသည္။

"ေတာင္းပန္ပါတယ္...ကိုယ္တကယ္ေတာင္းပန္ပါတယ္"

တမႉးကို တင္းၾကပ္စြာေပြ႕ဖက္၍ စီနီယာက တဖြဖြဆိုသည္။ ႐ုန္းကန္ေနေသာလက္မ်ားက ၿငိမ္သက္သြားၿပီး ပူေႏြးေႏြး မ်က္ရည္မ်ားက ပါးထက္မွတဆင့္ သူ႕ရင္ဘက္တစ္ေနရာကို စြတ္စိုသြားေစသည္။

"မငိုပါေတာ့နဲ႔ ေကာင္ေလးရာ ၊ တစ္ခ်ိန္လုံး ငိုေနခဲ့တာ မဟုတ္လား၊ ေတာ္သင့္ၿပီေလကြာ"

အသံတိတ္စီးက်လာေသာ မ်က္ရည္မ်ားက ပို၍ အားေကာင္းလာေသာအခါ ႐ိႈက္သံမ်ားကိုပါ ဖန္ဆင္းလာသည္။ တစ္ခ်ိန္လုံး တင္းထားသမွ်ဟာ သူ႕ရင္ခြင္ေရာက္ေတာ့ အၿပိဳၿပိဳအလဲလဲ။

"ကြၽန္ေတာ္႕ကို ပစ္ထားတယ္၊ ကြၽန္ေတာ္႕ကို အၾကာႀကီး တစ္ေယာက္တည္း ပစ္ထားတယ္"

႐ိႈက္သံမ်ားၾကားမွ သူ႕အက်ႌစကို ခပ္တင္းတင္းဆုပ္ကိုင္၍ ေျပာမိသြားသည္က မရည္႐ြယ္ထားေသာ စကားမ်ား။ သုံးရက္ဆိုေသာ္လည္း တမႉးအတြက္ သိပ္ကို ၾကာ႐ွည္လြန္းခဲ့သည္ေလ။

စီနီယာက ခဏၿငိမ္သက္ေနၿပီးမွ တမႉးကို သူႏွင့္ မ်က္ႏွာခ်င္းဆိုင္ေစသည္။ ပါးထက္မွမ်က္ရည္မ်ားကို လက္ႏွစ္ဖက္ျဖင့္ အုပ္ကိုင္သုတ္ေပးလာသည္။ ေအးစက္ေနေသာ လက္ေခ်ာင္းမ်ားမွ အထိအေတြ႕မ်ားကို လြမ္းဆြတ္ေနလြန္း၍ ႐ုန္းမထြက္ႏိုင္။

အေၾကာင္းျပခ်က္မေပးခင္ကတည္းက ခြင့္လႊတ္တာ သိပ္ခ်စ္လို႔ပါ။

"ေတာင္းပန္ပါတယ္"

ထိုစကားကိုပင္ စီနီယာက တိုးလ်လ်ထပ္ေျပာသည္။ မ်က္ဝန္းညိဳမ်ားဟာ ရီေဝမႈန္မိႈင္းလ်က္။ ထို႔​ျပင္ ထိုမ်က္ဝန္းညိဳမ်ားမွ စိုးရိမ္ပူပန္မႈအေငြ႕အသက္မ်ားကလည္း ႏွလုံးသားမွပင္ ခံစားမိေစသည္။

"တစ္ကိုယ္လုံး ပူျခစ္ေနတာပဲ၊ ဘာလို႔ ဒီေလာက္ ေနမေကာင္းျဖစ္ေနတာေတာင္ ေဆး႐ုံမသြားတာလဲ ေကာင္ေလးရာ"

ဘာမွျပန္မေျပာဘဲ မ်က္လႊာခ်မိသည္။ မ်က္ရည္မ်ားက ဆက္မက်ေတာ့ေသာ္လည္း တစ္ခ်က္တစ္ခ်က္ေတာ့ တစ္ကိုယ္လုံး တုန္ယင္သည္အထိ ႐ိႈက္မိသည္။ရင္ဘက္ထဲမွ ဟာေနေသာ ေနရာတစ္ခုဟာ ကြက္လပ္ျပည့္သြားသလို႐ွိၿပီး ဆို႔နင့္မြန္းၾကပ္မႈက အားရပါးရ ငို႐ိႈက္လိုက္ေသာအခါ ေျပေလ်ာ့သြားသလို႐ွိသည္။ အရာအားလုံးအတြက္ အေျဖဟာ စီနီယာပင္ျဖစ္ေၾကာင္း နားလည္လိုက္သည္။ တမႉး အသက္ဆက္႐ွင္ႏိုင္ဖို႔ စီနီယာ့ကို လိုအပ္သည္။ ကိုယ့္ကိုယ့္ကိုယ္လိမ္၍ မရေအာင္၊ မာနတို႔ျဖင့္ တင္းခံတြန္းလွန္ထား၍ မရႏိုင္ေအာင္ Jayy တစ္ျဖစ္လည္း စီနီယာ့ကို တမႉးလိုအပ္သည္။

"ဘာလို႔လဲ...ဘာလို႔ ကြၽန္ေတာ္႕ကို လိမ္ခဲ့တာလဲ"

ဦးေႏွာက္ေရာႏွလုံးသာေရာက စီနီယာ့ကိုျမင္သည္ႏွင့္ ထိန္းခ်ဳပ္မရစြာ ခြင့္လႊတ္လိုက္ၿပီျဖစ္ေသာ္လည္း အေၾကာင္းျပခ်က္ကို သိခ်င္မိေသး၏။

စီနီယာက သက္ျပင္းခ်သည္။ ထို႔ေနာက္ တမႉးကို တဖန္ျပန္လည္ ေထြးဖက္လာျပန္သည္။ စီနီယာ့အျပဳအမူကို နားမလည္ေသာ္လည္း မ႐ုန္းမိ။

"တကယ္ေတာ့ ကိုယ္ေၾကာက္ခဲ့တာ၊ Jayy အေနနဲ႔ ေနရင့္ေရာင္ဆိုတဲ့ လူတစ္ေယာက္ကို ေကာင္ေလးလက္မခံမွာေၾကာက္ခဲ့တာ"

"ဘာလို႔အဲ့လို ေတြးရတာလဲ"

တင္းၾကပ္စြားေပြ႕ဖက္ထားမႈေၾကာင့္ စီနီယာ့ မ်က္ႏွာကို မျမင္ႏိုင္။ ၾကည့္ခ်င္၍ ႐ုန္းေသာ္လည္း စီနီယာက မလႊတ္။

"ေကာင္ေလးက ကိုယ့္ကို စေတြ႕ေတြ႕ခ်င္းတုန္းက သေဘာမွမက်တာ၊ ကိုယ္ Jayy အေၾကာင္းေျပာမွ ေကာင္ေလးက ကိုယ့္ကို အဖက္လုပ္တာေလ"

ေသခ်ာျပန္စဥ္းစားၾကည့္မွ မရည္႐ြယ္ခဲ့ေသာ္လည္း ထိုကဲ့သို႔ ျဖစ္သြားခဲ့သည္ပဲ။

"အဲေတာ့ ကိုယ္ဖြင့္ေျပာလိုက္ရင္ ေကာင္ေလးစိတ္ထဲက Jayy ကို သေဘာက်ေနတဲ့ စိတ္ေလးပါေပ်ာက္သြားမွာစိုးခဲ့တယ္၊ ဒါေၾကာင့္ ေနရင့္ေရာင္ဆိုတဲ့ လူတစ္ေယာက္အေနနဲ႔ပဲ ေကာင္ေလးလက္ခံႏိုင္ေအာင္ႀကိဳးစားၾကည့္ခ်င္ခဲ့တာ၊ အဲ့လို မႀကိဳးစားႏိုင္ခင္ ေကာင္ေလးသိသြားခဲ့တယ္၊ ကိုယ္ရည္႐ြယ္ၿပီး ဖုံးကြယ္ခဲ့တာ မဟုတ္ပါဘူး ၊ ဒါေပမယ့္ တကယ္လို႔ အခုခ်ိန္ထိ ေနရင့္ေရာင္အေနနဲ႔ ေကာင္ေလး လက္မခံႏိုင္ေသးရင္လည္း Jayy အေနနဲ႔ပဲျဖစ္ျဖစ္ ကိုယ့္ကို ျပန္လက္ခံေပးပါေနာ္၊ ကိုယ္ေတာင္းပန္ပါတယ္"

တကယ္တမ္းက ႏွစ္ေယာက္လုံးအေနနဲ႔ လက္ခံေနမိတာေၾကာင့္ တမႉး ျပဳံးမိသြားသည္။ အစိုင္အခဲတစ္ခုေၾကပ်က္သြားသလို ရင္ထဲေပါ့ပါးသြားသည္။ မနက္ကထိ ခ်စ္လိုက္မုန္းလိုက္ျဖစ္ခဲ့ေသာ ခံစားခ်က္ေတြေနရာတြင္ အခ်ိန္ျပည့္အခ်စ္တစ္ခု အစားထိုး ေပါက္ဖြားလာသည္။ ခ်စ္ေနတာမို႔ ၾကာၾကာစိတ္မနာႏိုင္။

"လက္ခံတယ္"

"ဟင္"

ရင္ခြင္ထဲမွ ႐ုန္းထြက္လိုက္ၿပီး မ်က္ႏွာခ်င္းဆိုင္ကာ မ်က္ဝန္းညိဳမ်ားကို ဆုံၾကည့္လိုက္သည္။

"လက္ခံတယ္၊ ႏွစ္ေယာက္လုံး အေနနဲ႔ လက္ခံတယ္လို႔"

စီနီယာက နားမလည္ဟန္ျဖင့္ ေခတၱေၾကာင္ေနသည္။

"စီနီယာသိလား၊ ကြၽန္ေတာ္ အမ်ားႀကီး စိတ္ေတြ႐ႈပ္ေထြးခဲ့ရတာ၊ Jayy ကို သေဘာက်ေနတဲ့ၾကားက စီနီယာ့အေပၚ အေရာင္ေတြဆိုးခဲ့မိလို႔ ကိုယ့္ကိုယ္ကိုယ္ မုန္းတီးခဲ့ရတာ"

အံ့ၾသရိပ္မ်ားက မ်က္ဝန္းညိဳမ်ားတြင္ ျဖတ္ေျပးသြားသည္။

"ဟုတ္တယ္...ကြၽန္ေတာ္ Jayy ကို သေဘာက်တယ္လို႔ေျပာရင္းနဲ႔ကို စီနီယာ့ကိုပါ သေဘာက်ေနခဲ့မိတာ၊ စီနီယာနဲ႔အတူ႐ွိေနရင္ ေပ်ာ္တယ္၊ လုံျခဳံတယ္လို႔ ခံစားရတယ္၊ ေနာက္ၿပီး ရင္ခုန္တယ္၊ ကြၽန္ေတာ္ စီနီယာနဲ႔ ေဝးေဝးမွာမေနႏိုင္ခဲ့ဘူး၊ Jayy နဲ႔ စီနီယာ့ကို ယွဥ္ ယွဥ္ေတြးၿပီး ကြၽန္ေတာ္႕ကိုယ္ကြၽန္ေတာ္ ေဝခြဲမရျဖစ္ခဲ့ရတယ္"

"ဘယ္ကတည္းကလဲ"

"ဟင္"

"ကိုယ့္ကို ေနရင့္ေရာင္အျဖစ္ဘယ္ကတည္းက သေဘာက်တာလဲ"

"အေသအခ်ာေတာ့ မေျပာတတ္ဘူး၊ ဒါေပမယ့္ က်ိန္းေသတာကေတာ့ ေတာ္ေတာ္ၾကာခဲ့ၿပီ"

ေျဖရင္း ေခါင္းငုံ႔လိုက္မိသည္။ စီနီယာ့ကိုေရာ...Jayy ကိုေရာ ခ်စ္ခဲ့မိတာ တမႉး သိကၡာေတြေရာ...မာနေတြပါအကုန္ ခဝါခ်ေနရသည္။ သို႔ေပမယ့္ ေက်နပ္ပါသည္။ မာနခံၿပီး နာက်င္ေနမည့္ အစား သူလက္ခံမည္ဆိုလွ်င္ ခဝါခ်ဖို႔ ထိုက္တန္ပါသည္ေလ။

"ဒါဆို ေကာင္ေလးက ကိုယ့္ကို ေနရင့္ေရာင္အေနနဲ႔ေရာ ခ်စ္ခဲ့တယ္ေပါ့"

႐ွက္႐ြံ႕မႈေၾကာင့္ မ်က္ႏွာတစ္ျပင္လုံး ပူထူသြားရျပန္သည္။ အဲ့လို ဒဲ့ေမးစရာလား။ ဘာမွျပန္မေျပာဘဲ မ်က္ႏွာလႊဲလိုက္ေတာ့ စီနီယာက ျပဳံးသည္။ ႏွဖူးထက္မွ ေႏြးေထြးမႈကို ခံစားမိေတာ့ ေခါင္းငုံ႔ကာ ေအာက္ႏႈတ္ခမ္းကိုသာ ဖိကိုက္လိုက္မိသည္။ ယခု တမႉးနဲ႔ စီနီယာက အဆင္ေျပသြားၿပီလား...။

"အာ...11 ခြဲေတာ့မယ္၊ ေဆးေသာက္ခ်ိန္ ေနာက္က်ေတာ့မယ္၊ ဆန္ျပဳတ္ေသာက္ေတာ့ ေကာင္ေလး"

စီနီယာက နာရီကိုၾကည့္ရင္း မ်က္လုံးျပဴးကာ တမႉးကို ကုတင္ေပၚျပန္ထိုင္ေစၿပီး စားပြဲေပၚမွ ဆန္ျပဳတ္လင္ပန္းကို ယူသည္။

"မေသာက္ခ်င္ဘူး"

"မေသာက္လို႔မရဘူးေလ၊ ေနမေကာင္းရတဲ့ ၾကားထဲ အစာမ႐ွိရင္ ဗိုက္ပါေအာင့္ေနမယ္၊ ၿပီးေတာ့ လူကိုလည္းၾကည့္ဦး၊ ပိန္သြားလိုက္တာ ေလတိုက္ရင္ေတာင္လြင့္ေတာ့မယ္"

ထိုစကားကိုဆိုသူကိုယ္တိုင္က ေခ်ာင္က်သြားသည္မွာ

You are reading the story above: TeenFic.Net