Chapter-26

Background color
Font
Font size
Line height

(Unicode)

ယနေ့ည Jayy update ရှိသည်။ ဝေဝေဝါးဝါးဖြစ်နေသော စိတ်တို့က ဒီလိုအချိန်မှာတော့ Jayy ထံ ပြတ်ပြတ်သားသားအားသာသည်။

လက်က ဖုန်းကို ဖွင့်လိုက်ပိတ်လိုက်ဖြင့် stitch အရုပ်ကြီးကိုဖက်၍ ကုတင်ပေါ်၌ တင်ပလ္လင်ခွေထိုင်ကာ Dream Catcher လေးကို ဘာရယ်မဟုတ် ကြည့်နေမိသည်။ တကယ်တော့ တမှူးကသာ ဘယ်သူရယ်ဘယ်ဝါရယ်လို့ရွေးနေခဲ့မိတာ။ စီနီယာနဲ့Jayy က တမှူးကို ကြိုက်မယ်လို့ဘယ်သူပြောလဲ။

ထိုကဲ့သို့ အတွေးပေါက်တော့ တမှူးရုပ်လက္ခဏာက ချက်ချင်းညိုးနွမ်းသွားသည်။ ဝမ်းနည်းခြင်းတို့က စိတ်အာရုံတွင်ကြီးစိုးလာသည်။

ဒါပေမယ့်...ဘာပဲဖြစ်ဖြစ်ပါ။ ကိုယ်ကသဘောကျလျှင် ကိုယ့်လူပဲ မဟုတ်လား။ တမှူး၏ စိတ်ကူးကမ္ဘာထဲမှာ စီနီယာရော Jayy ရောက တမှူးလူ။

အရုပ်ခေါင်းပေါ် မေးတင်၍ စိတ်က ဟိုရောက်သည်ရောက်ဖြစ်လာပြန်သည်။ မေမေကပြောဖူးသည်။ တမှူးစိတ်က မျောက်စိတ်တဲ့။ ငယ်ငယ်လေးကတည်းက ခုတစ်မျိုး တော်ကြာတစ်မျိုးလုပ်တတ်သူတဲ့။ ဒါပေမယ့် Jayy ကကျတော့ တမှူးကို ယုန်ပေါက်လေးနဲ့တူတယ်လို့ပြောထားတာကို။

ခေါင်းကို ဘယ်တိမ်းလိုက် ညာတိမ်းလိုက်ဖြင့် အရုပ်မှ နူးညံမှုကို မေးစေ့ဖြင့် ပွတ်သပ်ခံစားမိသည်။ တမှူး ကိုယ့်ကိုယ်ကိုယ် ကံကောင်းသော ကလေးများထဲတွင်ပါသည်ဟုထင်သည်။ မွေးကတည်းက လက်ညိုးညွှန်ရာရေဖြစ်သည်မဟုတ်သော်လည်း လိုတိုင်းတ တတိုင်းရသည့်ဘဝမျိုးဖြင့် မေမေတို့က ထားခဲ့သည်။ အရွယ်ရောက်လာတော့လည်း ကိုယ့်ကမ္ဘာနှင့်ကိုယ် အေးအေးဆေးဆေးနေတတ်သူမို့ အပေါင်းအသင်းကြောင့်ရသည့် ဒုက္ခလည်း သိပ်မရှိခဲ့။ ကျောင်းစာ၌လည်း အလယ်အလတ်ရှိသဖြင့် ပညာရေးကြောင့်လည်း သောကမရှိခဲ့။

ထို့ကြောင့် ယခု အချစ်ရေးကြောင့်ရသည့် သောက က သူများတွေအတွက်သေးငယ်လျှင်တောင် တမှူးအတွက်တော့ကြီးသည်။ ကိုယ့်အပိုင်မဟုတ်သေးသည့် လူနှစ်ယောက်အပေါ် ဝေခွဲမရသည့်စိတ်တွေက စိတ်ကစားတတ်သည့်အရွယ်ကြောင့်လားမသိ... ရေရေရာရာအဖြေမထွက်။

ရောက်တက်ရာရာအတွေးများက တမှူးကို လက်ရှိ ပစ္စုပ္ပန်နှင့် ခေတ္တခဏမျှ ဝေးကွာသွားစေသည်။ တကယ်ကို ခဏလေးပါပဲ။ သို့သော် တမှူး အသိပြန်ဝင်လာချိန်တွင် တိုင်ကပ်နာရီကြီးရှိ လက်တံရှည်သည် ၈ နာရီကို ၂ မိနစ်စွန်းနေပေပြီ။

"အား..."

အလန့်တကြားအော်ဟစ်မိရင်း ဖုန်းကို အမြန်ဖွင့်ကာ wattpad ထဲ အပြေးရောက်သွားမိသည်။ Jayy updated Midnight Garden Part- 49. ဟူသော Notiလေးက 2 minutes ago တဲ့။ သွားပြီ...first vote မဖြစ်တော့ဘူး။ Jayy စိတ်မကောင်းဖြစ်တော့မှာပဲ။ စိတ်ထဲမှ ယူကြုံးမရစွာ ရေရွတ်မိသည်။ ထို့ကြောင့် ဖတ်ပြီးပြီးချင်း Jayy ဆီစာပို့လိုက်သည်။

'First vote မဖြစ်တော့ဘူး'

ငိုမဲ့မဲ့ emoji လေးနှစ်ခုက အနောက်တွင် ကပ်ပါသည်။ Jayy ဘက်မှ ရယ်မောနေဟန် စတစ်ကာလေးပြန်ပို့လာသည်။ ထို့နောက်တွင်တော့ ညစဥ် Jayy နှင့် စကားပြောပြီး တမှူး၏ သွားဖြီးခြင်း လုပ်ငန်းစတင်ရတော့သည်။

စီနီယာနှင့် အတူရှိနေလျှင် လုံခြုံနွေးထွေးမှုကို ခံစားရပြီး Jayy နှင့် စကားပြောချိန်ဆိုလျှင် ရင်ခုန်စိတ်လှုပ်ရှားမှုမျိုးဖြစ်သည်။

လူတစ်ယောက်က လူတစ်ယောက်အတွက် အရေးပါသည်မပါသည်ကို မည်သည့်အချက်ဖြင့် သတ်မှတ်နိုင်သနည်း။ တမှူးအတွက်တော့ စိတ်ခံစားချက်ဖြင့်သာ သတ်မှတ်မည်။ တစ်စုံတစ်​ယောက်က ကိုယ့်အပေါ်ကောင်းလွန်းတိုင်းလည်း တမှူးအတွက် ထိုသူက အရေးကြီးချင်မှကြီးလိမ့်မည်။ တမှူး ခံစားချက်သာသည့်သူသာလျှင် တမှူးအတွက်အရေးကြီးသည်။ ယခု Jayy နှင့် စီနီယာတွင် တမှူး ခံစားချက်က တန်းတူလိုသွားနေသည်။ စီနီယာနှင့်အတူရှိချိန်ဆိုလျှင် စီနီယာ့ထံအားသာသည်။ Jayy နှင့်စကားပြောချိန်ဆိုလျှင် Jayy ထံအားသာသည်။

ထို့ကြောင့် အခုရက်ပိုင်း စီနီယာနှင့်အတူရှိတိုင်း အရင်လို စီနီယာ့ကို Jayy အကြောင်းတွေမပြောပြဖြစ်တော့။ စီနီယာကတော့ မေးရှာသည်။

"ကောင်လေး Jayy အကြောင်း သိပ်မပြောတော့ဘူးနော်၊ ဘာလဲ... Jayy ကို မကြိုက်တော့ဘူးလား"

ပြုံးစစနှင့်ရယ်မောကာမေးလာသော်လည်း စီနီယာ့မျက်ဝန်းတွေက တမှူးအဖြေအတွက် စိုးရွံ့မှုရှိနေသည်ဟု ခံစားခဲ့ရသည်။ ထို့ကြောင့် Jayy ကို သဘောကျနေဆဲဆိုသည်ကို မယုတ်မလွန်သာဖြေခဲ့မိသည်။ လုံးဝသဘောမကျဟူ၍လည်း မုသားမဆိုနိုင်။

"ဒီလိုပါပဲ စကားမကြုံလို့ပါ၊ အဆက်အသွယ်တော့ မပြတ်ပါဘူး"

ထိုသို့ ဖြေတာတောင် စီနီယာ့မျက်နှာက သိပ်မကောင်းဘူးဟုထင်မိသည်။ လိုရာဆွဲတွေးတတ်သောစိတ်အရ စီနီယာ့ရင်ထဲ တမှူးရှိနေသည်ဟုလည်း ထင်နေမိပြန်သည်။ ဘယ်သူစိတ်ချမ်းသာအောင် ဘယ်လိုတွေ ဖြေရမလဲဟု တမှူးမသိတော့။

အခုချိန်ထိ တမှူးစိတ်တွေ ဝေဝါးနေတုန်းပဲ။

************************************

တနင်္ဂနွေ ကျောင်းပိတ်ရက် တစ်ရက်။

ထူးထူးခြားခြား မနက်စောစောစီးစီး စီနီယာက ဖုန်းခေါ်လာသည်။ ကျောင်းမှာတွေ့နေကျဖြစ်သည်မို့ စီနီယာနှင့်တမှူးအကြား ဖုန်းဆက်သွယ်မှုက သိပ်ရှားသည်။ လိုင်းပေါ်တွင်လည်း ဆယ်ကြိမ်မှ တစ်ကြိမ်လောက်သာ စကားပြောဖြစ်သည်။ စီနီယာ့အပေါ်သဘောကျနေသည်ဟု မိမိကိုယ်ကိုယ် ဝန်ခံပြီးပြီမို့ ကျောင်းပိတ်ရက် စီနီယာဖုန်းခေါ်တော့ တမှူး ပျော်သွားမိသည်။ ကျောင်းပိတ်ရက်တွေတောင် စီနီယာနှင့် အပြင်မသွားရတာကြာခဲ့ပြီပဲ။

"ကောင်လေး ဒီနေ့အားလား"

"ကျောင်းပိတ်ရက်ကို အားတာပေါ့ စီနီယာရဲ့"

"ကိုယ်နဲ့ နေ့တစ်ဝက်လောက် အပြင်လိုက်မလား"

တမှူး မြူးထူးသွားသည်။ စီနီယာက တမှူးအတွေးကိုများ ကြိုသိနေသလားထင်ရ၏။

"လိုက်ချင်တယ်၊ ကျွန်တော်အခုပျင်းနေတာ"

"ဒါဆို အသင့်ပြင်ထား ၊ ကိုယ်လာခေါ်မယ်၊ ပေါ့ပေါ့ပါးပါး ဘောင်းဘီမျိုးပဲ ဝတ်လာခဲ့၊ ခရီးက နည်းနည်းဝေးတယ်"

"ဟုတ်"

အပျော်လွန်၍ ရင်ထဲတောင် တဒိတ်ဒိတ်ခုန်လာသည်။ အိမ်မှာ မေမေတို့လည်း မရှိသည်မို့ တမှူးစိတ်ကြိုက်ပင်။ နေ့တစ်ဝက်ဆိုတော့ မေမေတို့ ပြန်မရောက်ခင် တမှူးပြန်ရောက်လောက်မှာပါ။

ခြံရှေ့သို့ စီနီယာ့ကားလေးထိုးဆိုက်လာသည်နှင့် တမှူးဘက်ကခြံတံခါးသော့ခတ်ပြီးပြီ။

"ကောင်လေး မှော်ဘီဘက် ရောက်ဖူးလား"

"မသိဘူး၊ ငယ်ငယ်က ရောက်ဖူးချင်ရောက်ဖူးမှာပေါ့၊ မမှတ်မိဘူး၊ ကြားတော့ကြားဖူးတယ်၊ အခုသွားမှာက အဲ့ဘက်လား"

"အင်း...ဟုတ်တယ်၊ မှော်ဘီအကျော်က လယ်ကွင်းတွေဘက်"

"ဘာသွားလုပ်မှာလဲ"

"အလုပ်သွားမလို့"

"ဟင် ဘာအလုပ်လဲ"

"ဟိုရောက်ရင် သိလိမ့်မယ်"

"ဝေးလား"

"နှစ်နာရီလောက်မောင်းရမှာ"

"ဝါး...ပျော်စရာကြီး"

လမ်းတစ်လျှောက် စီနီယာက ကားကို ဂရုတစိုက်မောင်းသည်။ တမှူး အပြင်ငေးလိုက် ၊ စီနီယာ့ကို ခိုးငေးလိုက်ဖြင့် ရန်ကုန်မြို့ပြင်ထိရောက်လာသည်။ ရန်ကုန်မြို့အတွင်းထိ မြင်ကွင်းများက မြင်နေကျမို့ မထူးဆန်းသော်လည်း မြို့ပြင်လယ်ကွင်းများကတော့ မျက်စိတဆုံးအရမ်းလှသည်။ ရိုးရိုးလေးနှင့်လှသည်ဆိုတာမျိုးပေါ့။

အပြာရောင်ကောင်းကင်နှင့် အစိမ်းရောင် စပါးခင်း...။ ကားပေါ်မှ မျှော်ကြည့်လျှင် အဆုံးမှာ နှစ်ခုစုဆုံသွားသည်ဟု ထင်ချင်စရာပင်။ လယ်ကွင်းများနှင့် သစ်ပင်တန်းများ ဆုံသည့်နေရာတွင် ထုံးစေတီဖြူဖြူလေးကို လှမ်းတွေ့ရသည်။ အိမ်တစ်လုံးစာနီးပါး ကောက်ရိုးပုံကြီးများကိုလည်း တွေ့ရသည်။ အဲ့ပေါ် တက်ဆော့ရရင် အိနေမှာပဲ။ တကယ်အရမ်းလှသည်။ တမှူး ကားမှန်ကို အဆုံးထိချပစ်ကာ ကားပြတင်းဘောင်ပေါ် လက်တင်၍ ခေါင်းကို အပြင်ထုတ်မိသည်။ လေထုကလည်း လတ်ဆတ်လိုက်တာ။

"ကောင်လေး လေအရမ်းတိုက်တယ်နော်၊ မျက်စိတွေစပ်မယ်"

စီနီယာ့စကားကို အပြုံးဖြင့်သာ တုန့်ပြန်မိသည်။ မျက်စိတွေစပ်ချင်လည်း စပ်ပါစေ။ တစ်ခါတလေပဲကို။

ထို့နောက် တမှူးမသိသည့် အစိမ်းသက်သက်နေရာအချို့ကို ကျော်ဖြတ်ပြီး မှော်ဘီသို့ရောက်သည်။ မှော်ဘီသို့ရောက်မှန်းသိရခြင်းက ထောက်ကြန့်စစ်သင်္ချိုင်းကို ကျော်ဖြတ်ပြီး နာမည်ကြီး မှော်ဘီ GTC ကိုတွေ့သောကြောင့်ဖြစ်သည်။

ထောက်ကြန့် စစ်သင်္ချိုင်းက တကယ်လှသည်။ သင်္ချိုင်းဆိုပေမယ့် လှလှလေးပြင်ထားတော့ လူတွေလာချင်ကြသည်။ မြန်မာသင်္ချိုင်းတွေကျတော့ အနားက ဖြတ်လျှောက်ရင်တောင် ကြက်သီးတဖြန်းဖြန်းထသည်။ မြန်မာသင်္ချိုင်းတွေကိုရော ဒီလိုလေးတွေ ဘာလို့ မလုပ်ကြတာလဲ။ ခြုံနွယ်ပိတ်ပေါင်းများက မြန်မာသင်္ချိုင်း၏ ပြယုဂ်တစ်ခုလိုဖြစ်နေသည်။ ဒါလည်း တစ်ခုကောင်းပါသည်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တတို့၏ သဘောကို နားလည်တာပေါ့။ တော်ကြာ သင်္ချိုင်းလှလှနဲ့ဆိုရင် သေခြင်းဆင်းရဲကိုတောင် သုခထင်နေကြပေဦးမည်။

စီနီယာ့ကားလေးက ​မှော်ဘီအကျော်ထိဆက်လက်မောင်းနှင်နေသည်။ ထို့နောက် တစ်ဖန် လယ်ကွင်းပြင်များရှိရာသို့ ရောက်လာသည်။ ဒီတစ်ခါ လယ်ကွင်းတွေထဲမှာ တဲတန်းအရှည်တွေပါတွေ့ရသည်။ တမှူး ခေါင်းကို ​ကားပြတင်းဘောင်ပေါ်တင်၍ လေထုကို အားရပါးရရှူရှိုက်မိပြန်သည်။

ဟင်...ဒီတစ်ခါလေထုက တစ်မျိုးပဲ။ အနံ့တစ်ခုရောနေတယ်။

"ဟင့် ဘာနံ့လဲမသိဘူး စီနီယာ"

စီနီယာက ပြုံးသည်။ ထို့နောက် ကားလေးက လယ်ကွင်းတွေဘက်ရှိ တဲအစုစုတို့ရှိရာသို့ ကွေ့ဝင်သွားသည်။ အနံ့က ပိုဆိုးလာသည်။ စီနီယာက ကားလေးကို သစ်ပင်တစ်ပင်အောက်တွင် ရပ်လိုက်သည်။

"ရော့...ကောင်လေး mask တပ်ထား"

စီနီယာက တမှူးကို တစ်ခုပေးပြီး သူလည်း တစ်ခုတပ်သည်။

"စီနီယာ့ ဒါဘာတွေလဲ"

"ကြက်ခြံ"

"ဟမ်"

"အင်း...ကိုယ့်ရဲ့ ကြက်ခြံ"

ထိုအခါမှ 'ကတော်...ကတော်' ဟုသော အသံများက တမှူးနားထဲတိုးဝင်လာသည်။

အတော်အတန်ရှည်လျားသော တဲတန်းနှစ်ခုက ရေညှိ အထပ်ထပ်ဖုံးလွှမ်းနေသော ကန်ရေပြင်တစ်ခု ကြား၌ ခြားလျက် မျက်နှာချင်းဆိုင်တည်ရှိနေသည်။ ထိုတဲတန်းနှစ်ခုလုံးတွင် အရွယ်အစား အရောင်အသွေးစုံလင်သော ကြက်များကအပြည့်။

"တကယ်ကြီး စီနီယာ့ ကြက်ခြံ"

"အင်း...ကိုယ်မိဘတွေပိုင်ခဲ့တာ၊ အခုသူတို့ မရှိကြတော့ဘူးဆိုတော့ ကိုယ့်ကြက်ခြံပေါ့"

"ဝါး...စီနီယာက လုပ်ငန်းရှင် သူဌေးကြီးပဲ"

Mask တပ်ထား၍ စီနီယာ့နှုတ်ခမ်းတွေကို မမြင်နိုင်သော်လည်း စီနီယာပြုံးလိုက်မှန်း မျက်လုံးတွေကိုကြည့်၍ သိလိုက်သည်။

"ဒါဆို ကျောင်းပိတ်ရက်တိုင်း စီနီယာက ဒီကို အမြဲလာရတာလား"

"အင်း အမြဲတော့မဟုတ်ဘူး၊ တစ်လတစ်ကြိမ် နှစ်ကြိမ်လောက်ပေါ့"

"ဪ...ဒါနဲ့ စီနီယာ မနေ့က ဒီကို လာသေးတယ်မဟုတ်လား"

"ဟမ် ဘာလို့လဲ"

"ဒီမှာလေ တစ်ရက်တည်းနဲ့ စီနီယာ့အသားတွေမဲသွားတာကို၊ ဒီမှာကနေပူတယ်လေ"

"ဟား...ဟား ဟုတ်ပါပြီ၊ အာ​...ခဏ"

ပြောရင်း စီနီယာက ကားအနောက်ခန်းထဲမှ ဘူးတစ်ဘူးကိုယူလိုက်သည်။

"ရော့ လိမ်းလိုက်ဦး၊ ကောင်လေး အသားတွေ နေလောင်လိမ့်မယ်"

စီနီယာပေးလာသည့် ဘူးက အသစ်စက်စက်ကြီး။

"စီနီယာရော မလိမ်းဘူးလား"

"ရတယ်၊ ကိုယ်က ဖြူတာမဲတာမြန်တယ်"

စီနီယာက ဦးထုပ်နှစ်လုံးပါယူ၍ တစ်လုံးကို တမှူးကို ဆောင်းပေးသည်။ ထို့နောက်  စီနီယာ့ဦးဆောင်မှုဖြင့် တဲတန်းများရှိရာသို့ လျှောက်လာခဲ့သည်။ နေပူသော်လည်း လေက တဖြူးဖြူးတိုက်သည်။

"ဟော...ဆရာ ကြက်ခြံလာကြည့်တာလား"

တဲတန်းများဘက်မှ ပြန်လာသော ကောင်လေးတစ်ဦးက စီနီယာ့ကို နှုတ်ဆက်ရင်း တမှူးကိုတော့ အကဲခတ်သလို တစ်ချက်ကြည့်သည်။

"ဟုတ်တယ် မောင်ဦးရေ ၊ ဧည့်သည်ပါတော့ ဖွယ်ဖွယ်ရာရာချက်ထားပေးပါလို့ ဒေါ်ပြုံးကိုပြောလိုက်ဦး"

"ဟုတ်ကဲ့ ဟုတ်ကဲ့၊ ဒီမှာကတော့ ဆရာလည်း သိတဲ့အတိုင်း အလျှံအပယ်စုံစေရမယ်"

"အင်း...ဒါဆို ကျွန်တော် ခြံဘက်ကို အရင်သွားကြည့်လိုက်ဦးမယ်၊ ပြီးမှ အိမ်ဘက်လာခဲ့မယ်"

"ဟုတ်ကဲ့"

ကောင်လေးက ခပ်သုတ်သုတ်ထွက်သွားသည်။

"အိမ်က ဘယ်မှာလဲ စီနီယာ"

"ဟိုဘက်မှာ"

စီနီယာညွှန်ပြသည်က ခပ်လှမ်းလှမ်းရှိ ကုက္ကိုလ်တန်းစုလေး။ အိမ်လေးနှစ်လုံးကို တွေ့ရသည်။

"ဘာလို့လဲ ကောင်လေး"

"ကျွန်တော် ရေဆာလို့"

"အာ...ခဏ ကိုယ့်ကားပေါ်မှာ ရေဘူးပါတယ်၊ ကိုယ်သွားယူပေးမယ်"

ပြောရင်း စီနီယာက ကားဘက်ကို ခပ်သွက်သွက်ပြန်လျှောက်သွားသည်။

"ကောင်လေး ဒီမှာ ရော့၊ မုန့်ရောစားဦးမလား"

"ဟင့်အင်း"

ထို့နောက် စီနီယာနှင့် ကြက်ခြံများရှိရာသို့ ဆက်လျှောက်ခဲ့သည်။ ကြက်ခြံများက တဲတန်းရှည်အတွင်းမှာကိုမှ အကန့်လေးတွေ ထပ်ခွဲထားသေးသည်။

"စီနီယာ့ ဘာလို့ အကန့်တွေခွဲထားတာလဲ"

"ကြက်အမျိုးအစားအလိုက်ခွဲထားတာ ကောင်လေးရဲ့ ၊ ဒါက ဥစားကြက်မတွေလေ ၊ ဒီဘက်က အသားအတွက် သီးသန့်၊ ဟိုဘက်က ကြက်ဖတွေချည်း သီးသန့်"

စီနီယာ ညွှန်ပြသမျှကို တမှူး မျက်လုံးပြူး၍ လိုက်ကြည့်မိသည်။ ကြက်ခြံများကို အဝေးကသာမြင်ဖူးခဲ့သော်လည်း ယခုလို အနီးကပ်မကြည့်ဖူးခဲ့။ ဒါတောင် စီနီယာကတဲတန်းအတွင်းသို့ ဝင်ခြင်းမဟုတ်ဘဲ တဲတန်းအပြင်မှပဲ လှမ်းပြခြင်းဖြစ်သည်။

"စီနီယာ အထဲဝင်လို့ မရဘူးလား"

"အထဲဝင်ဖို့ဆို အင်္ကျီတွေ လက်အိတ်တွေပါစွပ်ရဦးမှာ၊ ပြီးတော့ ကြက်ချေးနံ့ပိုပြင်းတယ် ကောင်လေးမခံနိုင်မှာစိုးလို့"

တမှူး ခေါင်းတဆတ်ဆတ်ညိတ်လိုက်သည်။

"စီနီယာ ဘာလို့ ကြက်ခြံက မြို့ထဲနဲ့ ဒီလောက်အဝေးကြီးမှာ လာလုပ်ထားရတာလဲ၊ စီနီယာလာရတာ ပင်ပန်းမှာပေါ့"

"အင်း မြို့နဲ့နီးနီးလေးမှာ ဆောက်လို့မရဘူးလေ ကောင်လေးရဲ့၊ ကြက်ချေးနံ့တွေနဲ့ ကြက်အော်သံတွေနဲ့ လူတွေကို အနှောက်အယှက်ဖြစ်မှာစိုးလို့"

"သြော်..."

ထိုစဥ် တစ်ဖက်တဲတန်းထဲတွင် အလုပ်လုပ်နေကြသော လူလေးငါးယောက်ခန့်ကို တွေ့ရသည်။

"စီနီယာ...ဒီမှာက ကြက်တွေအများကြီးဆိုတော့ စောင့်ရှောက်ဖို့ လူအများကြီးလိုမှာပဲနော်"

"အင်း လိုတာပေါ့ ကောင်လေးရဲ့၊ မွေးမြူရေးအလုပ်တွေက အင်မတန်စေ့စပ်ပြီး စိတ်ရှည်ရတယ်။ ကြက်တွေကို အစာကျွေးတာအပြင် သူတို့ရဲ့ မစင်ကအစ ဂရုတစိုက်ကြည့်ရတယ်။ ကြက်တစ်ကောင်ချင်းစီရဲ့ ကျန်းမာရေးကို အိပ်တန်းဝင်အိပ်တန်းတက်အမြဲစောင့်ကြည့်ရတယ်။ ကြက်သားပေါက်ချိန်ဆိုလည်း အလေအလွင့်နည်းဖို့ ကြက်သားပေါက်တွေကို သီးသန့်ခွဲပြီး အနွေးဓာတ်ပေးရတယ်။ အဲ့ဒီလိုဆို မိခင်ကြက်မတွေလည်း မြန်မြန်သားခွဲတော့ နောက်တစ်ကြိမ် သားပေါက်နှုန်းမြန်တယ်။ တစ်နှစ်ကို လေးငါးခြောက်ကြိမ်လောက်ထိ သားပေါက်နှုန်းမြင့်လာနိုင်တယ်လေ"

"ဒါနဲ့ စီနီယာ ဟို...ကျွန်တော်ကြားဖူးတာလေ...ကြက်နာတယ်ဆိုတာလေ၊ တစ်ကောင်နာရင် အကုန်လုံးလိုက်နာတာဆို၊ တကယ်လို့ ဒီမှာသာ တစ်ကောင်နာရင် အကုန်သေကုန်မှာပေါ့နော်"

"အင်းပေါ့...အဲ့ဒီ့အတွက် ကိုယ်တို့က ကြက်တွေကို ကာကွယ်ဆေးကြိုပေးထားရတာပေါ့၊ ကြက်တွေမှာ ဖြစ်တတ်တဲ့ ရောဂါတွေကတော့ များတယ်ကောင်လေးရဲ့၊ ကြက်လည်လိမ်ရောဂါတို့ ကြက်ဝမ်းကျရောဂါတို့ အဖြစ်များတယ်"

"ကြက်တွေကို ကာကွယ်ဆေးထိုးပေးလို့ရတယ်လား"

"ရတာပေါ့ ကောင်လေးရဲ့၊ ဥပမာ- ကြက်လည်လိမ်အတွက်ဆို မျက်စဥ်းခတ်ပေးရတာ၊ ကြက်ဝမ်းကျအတွက်ဆို ထိုဆေး2.5ccလောက်ကို အရည်ပြားထဲထိုးပေးရတာ"

"တစ်ကောင်ချင်းစီကိုလား"

"အင်းပေါ့ တစ်ကောင်ချင်းစီပေါ့"

"ဟာဗျာ...ဒီလောက်အများကြီးကို သေရချည်ရဲ့"

"ဒါကြောင့် ကိုယ်ပြောတာပေါ့၊ စိတ်ရှည်ရတယ်လို့"

ထို့နောက် တမှူးမေးသမျှကို စီနီယာက စိတ်ရှည်လက်ရှည်ဖြေပေးသည်။ အရမ်းစိတ်ဝင်စားနေသည်မဟုတ်သော်လည်း စီနီယာဖြေပေးသည်ကို သဘောကျသောကြောင့် မနားတမ်းမေးနေမိသည်။

နာရီဝက်တစ်နာရီလောက်ကြာတော့မှ စီနီယာနှင့်အတူ ကုက္ကိုလ်တန်းရှိ တဲအိမ်လေးဆီသို့ လိုက်လာခဲ့သည်။ သစ်ပင်ရိပ်က အဲကွန်းလေထက်ပို၍ အေးမြလတ်ဆတ်သည်။ ရုပ်ခန္ဓာကိုတင်မက စိတ်ဝိညဥ်ကိုပါ အေးမြစေသည်။

နေ့လည်စာစားချိန်ရောက်တော့ တင်ပလ္လင်ခွေဝိုင်းထိုင်ရသော စားပွဲဝိုင်းပုလေးပေါ်တွင် ဟင်းပန်းကန်ပေါင်းများစွာကစုံလင်နေသည်။ ဒါတောင် အဒေါ်ကြီးတစ်ယောက်က နောက်ထပ်လာချနေသေးသည်။

"ဝါး...ဒေါ်ပြုံး ဟင်းတွေများလှချည်လား"

"ဆရာပဲ ဖွယ်ဖွယ်ရာရာဆို၊ တစ်ခါမှ ဧည့်သည်ခေါ်မလာဘူးတော့ တကယ့်VIPပဲဆိုတာသိလို့ သေချာချက်ထားတာ၊ အစက ဒေါ်ပြုံးထင်တာက ဆရာကတော်ဖြစ်လာမယ့် သူများလားပေါ့၊ နောက်မှ မောင်ဦးကပြောတယ်၊ ကောင်လေးတဲ့လေ"

ဘာရယ်မဟုတ် တမှူး မျက်နှာပူသွားသလိုတောင် ခံစားရသည်။ ဒေါ်ပြုံးကတော့ တမှူးကို ကြည့်ကာပြုံးပြသည်။

"ဒါနဲ့ ကျန်တဲ့သူတွေရော စားပြီးကြပြီလား ဒေါ်ပြုံး"

"ဟိုဘက်အိမ်မှာ စားကြလိမ့်မယ် ဆရာရေ၊ လူများရင် ဧည့်သည်ကလေးနေရခက်မှာစိုးလို့"

"အင်း...ဒီဟင်းအတိုင်းပဲနော် ဒေါ်ပြုံး"

"ဒီဟင်းအတိုင်းပါပဲတော်၊ ဆရာ့အကြောင်းသိလို့ အကုန်လုံးကို တန်းတူချက်ထားတာပါနော်"

စီနီယာက သဘောတကျပြုံးသည်။ တမှူး ငေးကနဲ့ ကြည့်မိရသည်။ စီနီယာ့၏ နွေးထွေးသည့် ပုံစံနောက်တစ်မျိုးကို ထပ်တွေ့ရပြန်ပြီ။

စားပွဲပေါ်ရှိ ဟင်းအများစုက ကြက်ခြံဟု မပြောရဘူး။ ကြက်နှင့် ပတ်သတ်သည်က ခြောက်မျိုးလောက်ရှိနေသည်။ ကြက်သားဟင်း၊ ကြက်သားကြော်၊ ကြက်ခြေထောက်ဟင်းချို၊ ကြက်ဥကြော်၊ ကြက်ဥပြုတ်သုတ်နှင့် ကြက်ဥဟင်းတို့ဖြစ်သည်။ ကျန်တာက ငါးဟင်းတစ်ခွက်၊ ငပိရည်တို့စရာနှင့် အရွက်ကြော်တချို့ဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် စားလို့တော့မြိန်ခဲ့သည်။

ထမင်းစားပြီးတော့ စီနီယာက တမှူးကို တဲမှာပဲ ခဏနားနေစေကာ သူက အလုပ်သမားတချို့နှင့် ကြက်ခြံဘက် နောက်တစ်ခေါက်ထွက်သွားသည်။ ကုက္ကိုလ်ပင်အောက်ရှိ ပက်လက် ကုလားထိုင်လေးတွင် ထိုင်ပြီး မျက်လုံးမှိတ်ကာ ထမင်းလုံးစီရင်း မှေးကနဲ့တောင် အိပ်ပျော်လုဖြစ်သွားသေးသည်။

စီနီယာ ကြက်ခြံစစ်ပြီးပြန်လာနှိုးတော့မှ နိုးသည်။ အပြန်တွင် ဒေါ်ပြုံးက ကြက်သားကြော်တွေ ဘူးနှင့်ထည့်ပေးသေးသည်။ အပြန်လမ်းတွင်တော့ တမှူးတစ်ယောက် ပတ်ဝန်းကျင်အလှကိုလည်း မခံစားနိုင်တော့။ တစ်လျှောက်လုံးကားမောင်းနေရသည့် စီနီယာ့ကိုလည်း အားမနာနိုင်တော့။ ​လက်ကျန်ရှိနေသေးသည့် အိပ်ချင်မူးတူးစိတ်ကို ပြန်လည်အိပ်ပျော်သည်အထိ လက်သပ်မွေးကာ အားရပါရအိပ်လာသည်မှာ ရန်ကုန်အိမ်ပြန်ရောက်၍ စီနီယာနှိုးမှတစ်ခါနိုးလေသည်။

ကြက်ကြော်ဘူးကိုပိုက်ကာ စီနီယာ့ကို နှုတ်ဆက်ရင်း တမှူး မျက်နှာပြုံးရွှင်နေခဲ့သည်။ ယနေ့ စီနီယာနှင့် အပြင်သွားရသည်ကို တမှူးအလွန်ပျော်သည်။ စီနီယာက အခုရက်ပိုင်းအေးစက်နေသည်ဟု မသိမသာခံစားနေရသော်လည်း ယနေ့တော့ တမှူး စိတ်ကျေနပ်မှုအပြည့်အဝရခဲ့သည်။

************************************

AN

ကိုယ့်သားတမှူးခေတ်ရဲ့စိတ်ကို လိုက်မှီကြရဲ့လား။ တမှူးလေးက ဟိုးအရင်ကပြောဖူးသလိုပဲ Emotional အပြောင်းအလဲမြန်တဲ့သူပါ ။ ငယ်သေးတော့ပိုဆိုးတယ်။ ဒါ ကိုယ်အခုပုံဖော်ချင်တဲ့ သူ့ရဲ့ ကာရိုက်တာပေါ့။ အဲ့လိုမပေါ်ဘဲ တခြားပုံစံမျိုးပေါ်နေမှာလည်းစိုးတယ်။

အားလုံးကို ကျေးဇူးတင်လျက်
Sakura Rain🌸

(Zawgyi)

ယေန႔ည Jayy update ႐ွိသည္။ ေဝေဝဝါးဝါးျဖစ္ေနေသာ စိတ္တို႔က ဒီလိုအခ်ိန္မွာေတာ့ Jayy ထံ ျပတ္ျပတ္သားသားအားသာသည္။

လက္က ဖုန္းကို ဖြင့္လိုက္ပိတ္လိုက္ျဖင့္ stitch အ႐ုပ္ႀကီးကိုဖက္၍ ကုတင္ေပၚ၌ တင္ပလႅင္ေခြထိုင္ကာ Dream Catcherေလးကို ဘာရယ္မဟုတ္ ၾကည့္ေနမိသည္။ တကယ္ေတာ့ တမႉးကသာ ဘယ္သူရယ္ဘယ္ဝါရယ္လို႔ေ႐ြးေနခဲ့မိတာ။ စီနီယာနဲ႔Jayy က တမႉးကို ႀကိဳက္မယ္လို႔ဘယ္သူေျပာလဲ။

ထိုကဲ့သို႔ အေတြးေပါက္ေတာ့ တမႉး႐ုပ္လကၡဏာက ခ်က္ခ်င္းညိဳးႏြမ္းသြားသည္။ ဝမ္းနည္းျခင္းတို႔က စိတ္အာ႐ုံတြင္ႀကီးစိုးလာသည္။

ဒါေပမယ့္...ဘာပဲျဖစ္ျဖစ္ပါ။ ကိုယ္ကသေဘာက်လွ်င္ ကိုယ့္လူပဲ မဟုတ္လား။ တမႉး၏ စိတ္ကူးကမ႓ာထဲမွာ စီနီယာေရာ Jayy ေရာက တမႉးလူ။

အ႐ုပ္ေခါင္းေပၚ ေမးတင္၍ စိတ္က ဟိုေရာက္သည္ေရာက္ျဖစ္လာျပန္သည္။ ေမေမကေျပာဖူးသည္။ တမႉးစိတ္က ေမ်ာက္စိတ္တဲ့။ ငယ္ငယ္ေလးကတည္းက ခုတစ္မ်ိဳး ေတာ္ၾကာတစ္မ်ိဳးလုပ္တတ္သူတဲ့။ ဒါေပမယ့္ Jayy ကက်ေတာ့ တမႉးကို ယုန္ေပါက္ေလးနဲ႔တူတယ္လို႔ေျပာထားတာကို။

ေခါင္းကို ဘယ္တိမ္းလိုက္ ညာတိမ္းလိုက္ျဖင့္ အ႐ုပ္မွ ႏူးညံမႈကို ေမးေစ့ျဖင့္ ပြတ္သပ္ခံစားမိသည္။ တမႉး ကိုယ့္ကိုယ္ကိုယ္ ကံေကာင္းေသာ ကေလးမ်ားထဲတြင္ပါသည္ဟုထင္သည္။ ေမြးကတည္းက လက္ညိဳးၫႊန္ရာေရျဖစ္သည္မဟုတ္ေသာ္လည္း လိုတိုင္းရ တတိုင္းရသည့္ဘဝမ်ိဳးျဖင့္ ေမေမတို႔က ထားခဲ့သည္။ အ႐ြယ္ေရာက္လာေတာ့လည္း ကိုယ့္ကမ႓ာႏွင့္ကိုယ္ ေအးေအးေဆးေဆးေနတတ္သူမို႔ အေပါင္းအသင္းေၾကာင့္ရသည့္ ဒုကၡလည္း သိပ္မ႐ွိခဲ့။ ေက်ာင္းစာ၌လည္း အလယ္အလတ္႐ွိသျဖင့္ ပညာေရးေၾကာင့္လည္း ေသာကမ႐ွိခဲ့။

ထို႔ေၾကာင့္ ယခု အခ်စ္ေရးေၾကာင့္ရသည့္ ေသာက က သူမ်ားေတြအတြက္ေသးငယ္လွ်င္ေတာင္ တမႉးအတြက္ေတာ့ႀကီးသည္။ ကိုယ့္အပိုင္မဟုတ္ေသးသည့္ လူႏွစ္ေယာက္အေပၚ ေဝခြဲမရသည့္စိတ္ေတြက စိတ္ကစားတတ္သည့္အ႐ြယ္ေၾကာင့္လားမသိ... ေရေရရာရာအေျဖမထြက္။

ေရာက္တက္ရာရာအေတြးမ်ားက တမႉးကို လက္႐ွိ ပစၥဳပၸန္ႏွင့္ ေခတၱခဏမွ် ေဝးကြာသြားေစသည္။ တကယ္ကို ခဏေလးပါပဲ။ သို႔ေသာ္ တမႉး အသိျပန္ဝင္လာခ်ိန္တြင္ တိုင္ကပ္နာရီႀကီး႐ွိ လက္တံ႐ွည္သည္ ၈ နာရီကို ၂ မိနစ္စြန္းေနေပၿပီ။

"အား..."

အလန္႔တၾကားေအာ္ဟစ္မိရင္း ဖုန္းကို အျမန္ဖြင့္ကာ wattpad ထဲ အေျပးေရာက္သြားမိသည္။ Jayy updated Midnight Garden Part- 49. ဟူေသာ Notiေလးက 2 minutes ago တဲ့။ သြားၿပီ...first vote မျဖစ္ေတာ့ဘူး။ Jayy စိတ္မေကာင္းျဖစ္ေတာ့မွာပဲ။ စိတ္ထဲမွ ယူၾကဳံးမရစြာ ေရ႐ြတ္မိသည္။ ထို႔ေၾကာင့္ ဖတ္ၿပီးၿပီးခ်င္း Jayy ဆီစာပို႔လိုက္သည္။

'First vote မျဖစ္ေတာ့ဘူး'

ငိုမဲ့မဲ့ emoji ေလးႏွစ္ခုက အေနာက္တြင္ ကပ္ပါသည္။Jayy ဘက္မွ ရယ္ေမာေနဟန္ စတစ္ကာေလးျပန္ပို႔လာသည္။ ထို႔ေနာက္တြင္ေတာ့ ညစဥ္ Jayy ႏွင့္ စကားေျပာၿပီး တမႉး၏ သြားၿဖီးျခင္း လုပ္ငန္းစတင္ရေတာ့သည္။

စီနီယာႏွင့္ အတူ႐ွိေနလွ်င္ လုံျခဳံေႏြးေထြးမႈကို ခံစားရၿပီး Jayy ႏွင့္ စကားေျပာခ်ိန္ဆိုလွ်င္ ရင္ခုန္စိတ္လႈပ္႐ွားမႈမ်ိဳးျဖစ္သည္။

လူတစ္ေယာက္က လူတစ္ေယာက္အတြက္ အေရးပါသည္မပါသည္ကို မည္သည့္အခ်က္ျဖင့္ သတ္မွတ္ႏိုင္သနည္း။ တမႉးအတြက္ေတာ့ စိတ္ခံစားခ်က္ျဖင့္သာ သတ္မွတ္မည္။ တစ္စုံတစ္​ေယာက္က ကိုယ့္အေပၚေကာင္းလြန္းတိုင္းလည္း တမႉးအတြက္ ထိုသူက အေရးႀကီးခ်င္မွႀကီးလိမ့္မည္။ တမႉး ခံစားခ်က္သာသည့္သူသာလွ်င္ တမႉးအတြက္အေရးႀကီးသည္။ ယခု Jayy ႏွင့္ စီနီယာတြင္ တမႉး ခံစားခ်က္က တန္းတူလိုသြားေနသည္။ စီနီယာႏွင့္အတူ႐ွိခ်ိန္ဆိုလွ်င္ စီနီယာ့ထံအားသာသည္။ Jayy ႏွင့္စကားေျပာခ်ိန္ဆိုလွ်င္ Jayy ထံအားသာသည္။

ထို႔ေၾကာင့္ အခုရက္ပိုင္း စီနီယာႏွင့္အတူ႐ွိတိုင္း အရင္လို စီနီယာ့ကို Jayy အေၾကာင္းေတြမေျပာျပျဖစ္ေတာ့။ စီနီယာကေတာ့ ေမး႐ွာသည္။

"ေကာင္ေလး Jayy အေၾကာင္း သိပ္မေျပာေတာ့ဘူးေနာ္၊ ဘာလဲ... Jayy ကို မႀကိဳက္ေတာ့ဘူးလား"

ျပဳံးစစႏွင့္ရယ္ေမာကာေမးလာေသာ္လည္း စီနီယာ့မ်က္ဝန္းေတြက တမႉးအေျဖအတြက္ စိုး႐ြံ႕မႈ႐ွိေနသည္ဟု ခံစားခဲ့ရသည္။ ထို႔ေၾကာင့္ Jayy ကို သေဘာက်ေနဆဲဆိုသည္ကို မယုတ္မလြန္သာေျဖခဲ့မိသည္။ လုံးဝသေဘာမက်ဟူ၍လည္း မုသားမဆိုႏိုင္။

"ဒီလိုပါပဲ စကားမၾကဳံလို႔ပါ၊ အဆက္အသြယ္ေတာ့ မျပတ္ပါဘူး"

ထိုသို႔ ေျဖတာေတာင္ စီနီယာ့မ်က္ႏွာက သိပ္မေကာင္းဘူးဟုထင္မိသည္။ လိုရာဆြဲေတြးတတ္ေသာစိတ္အရ စီနီယာ့ရင္ထဲ တမႉး႐ွိေနသည္ဟုလည္း ထင္ေနမိျပန္သည္။ ဘယ္သူစိတ္ခ်မ္းသာေအာင္ ဘယ္လိုေတြ ေျဖရမလဲဟု တမႉးမသိေတာ့။

အခုခ်ိန္ထိ တမႉးစိတ္ေတြ ေဝဝါးေနတုန္းပဲ။

************************************

တနဂၤေႏြ ေက်ာင္းပိတ္ရက္ တစ္ရက္။

ထူးထူးျခားျခား မနက္ေစာေစာစီးစီး စီနီယာက ဖုန္းေခၚလာသည္။ ေက်ာင္းမွာေတြ႕ေနက်ျဖစ္သည္မို႔ စီနီယာႏွင့္တမႉးအၾကား ဖုန္းဆက္သြယ္မႈက သိပ္႐ွားသည္။ လိုင္းေပၚတြင္လည္း ဆယ္ႀကိမ္မွ တစ္ႀကိမ္ေလာက္သာ စကားေျပာျဖစ္သည္။ စီနီယာ့အေပၚသေဘာက်ေနသည္ဟု မိမိကိုယ္ကိုယ္ ဝန္ခံၿပီးၿပီမို႔ ေက်ာင္းပိတ္ရက္ စီနီယာဖုန္းေခၚေတာ့ တမႉး ေပ်ာ္သြားမိသည္။ ေက်ာင္းပိတ္ရက္ေတြေတာင္ စီနီယာႏွင့္ အျပင္မသြားရတာၾကာခဲ့ၿပီပဲ။

"ေကာင္ေလး ဒီေန႔အားလား"

"ေက်ာင္းပိတ္ရက္ကို အားတာေပါ့ စီနီယာရဲ႕"

"ကိုယ္နဲ႔ ေန႔တစ္ဝက္ေလာက္ အျပင္လိုက္မလား"

တမႉး ျမဴးထူးသြားသည္။ စီနီယာက တမႉးအေတြးကိုမ်ား ႀကိဳသိေနသလားထင္ရ၏။

"လိုက္ခ်င္တယ္၊ ကြၽန္ေတာ္အခုပ်င္းေနတာ"

"ဒါဆို အသင့္ျပင္ထား ၊ ကိုယ္လာေခၚမယ္၊ ေပါ့ေပါ့ပါးပါး ေဘာင္းဘီမ်ိဳးပဲ ဝတ္လာခဲ့၊ ခရီးက နည္းနည္းေဝးတယ္"

"ဟုတ္"

အေပ်ာ္လြန္၍ ရင္ထဲေတာင္ တဒိတ္ဒိတ္ခုန္လာသည္။ အိမ္မွာ ေမေမတို႔လည္း မ႐ွိသည္မို႔ တမႉးစိတ္ႀကိဳက္ပင္။ ေန႔တစ္ဝက္ဆိုေတာ့ ေမေမတို႔ ျပန္မေရာက္ခင္ တမႉးျပန္ေရာက္ေလာက္မွာပါ။

ျခံေ႐ွ႕သို႔ စီနီယာ့ကားေလးထိုးဆိုက္လာသည္ႏွင့္ တမႉးဘက္ကျခံတံခါးေသာ့ခတ္ၿပီးၿပီ။

"ေကာင္ေလး ေမွာ္ဘီဘက္ ေရာက္ဖူးလား"

"မသိဘူး၊ ငယ္ငယ္က ေရာက္ဖူးခ်င္ေရာက္ဖူးမွာေပါ့၊ မမွတ္မိဘူး၊ ၾကားေတာ့ၾကားဖူးတယ္၊ အခုသြားမွာက အဲ့ဘက္လား"

"အင္း...ဟုတ္တယ္၊ ေမွာ္ဘီအေက်ာ္က လယ္ကြင္းေတြဘက္"

"ဘာသြားလုပ္မွာလဲ"

"အလုပ္သြားမလို႔"

"ဟင္ ဘာအလုပ္လဲ"

"ဟိုေရာက္ရင္ သိလိမ့္မယ္"

"ေဝးလား"

"ႏွစ္နာရီေလာက္ေမာင္းရမွာ"

"ဝါး...ေပ်ာ္စရာႀကီး"

လမ္းတစ္ေလွ်ာက္ စီနီယာက ကားကို ဂ႐ုတစိုက္ေမာင္းသည္။ တမႉး အျပင္ေငးလိုက္ ၊ စီနီယာ့ကို ခိုးေငးလိုက္ျဖင့္ ရန္ကုန္ၿမိဳ႕ျပင္ထိေရာက္လာသည္။ ရန္ကုန္ၿမိဳ႕အတြင္းထိ ျမင္ကြင္းမ်ားက ျမင္ေနက်မို႔ မထူးဆန္းေသာ္လည္း ၿမိဳ႕ျပင္လယ္ကြင္းမ်ားကေတာ့ မ်က္စိတဆုံးအရမ္းလွသည္။ ႐ိုး႐ိုးေလးႏွင့္လွသည္ဆိုတာမ်ိဳးေပါ့။

အျပာေရာင္ေကာင္းကင္ႏွင့္ အစိမ္းေရာင္ စပါးခင္း...။ ကားေပၚမွ ေမွ်ာ္ၾကည့္လွ်င္ အဆုံးမွာ ႏွစ္ခုစုဆုံသြားသည္ဟု ထင္ခ်င္စရာပင္။ လယ္ကြင္းမ်ားႏွင့္ သစ္ပင္တန္းမ်ား ဆုံသည့္ေနရာတြင္

You are reading the story above: TeenFic.Net