Chapter-24

Background color
Font
Font size
Line height


(Unicode)

"စာသင်ဆောင်နဲ့ စားသောက်ဆိုင်နဲ့ တွဲဖွင့်ထားလို့မရဘူးလားဟင် ၊ အခုလိုထမင်းစားပြီးချိန် ဗိုက်လေးလေးနဲ့ အဝေးကြီးပြန်မလျှောက်ချင်ဘူး"

လက်ထဲမှ အအေးကို ပိုက်ဖြင့် တစ်ချက်နှစ်ချက် စုပ်သောက်ပြီး ညည်းတွားလိုက်မိသည်။ ကျန်လက်တစ်ဖက်မှ မုန့်ထုပ်ကိုလည်း လက်မအားသည့်ကြားက အအေးဘူးကို ချိုင်းကြားညှပ်ပြီး နှိုက်စားရသည်။

"ဪ အခုက ဗိုက်လေးနေတာလား "

ရွဲ့တဲ့တဲ့စီနီယာ့အသံကြောင့် မျက်စောင်းမမည်သော အကြည့်ဖြင့် တုန့်ပြန်လိုက်မိသည်။ နယုန်တို့ညီအစ်မ ကျောင်းမတက်၍ ကန်တင်းမှအတန်းကို တစ်ယောက်တည်းမပြန်ချင်သဖြင့် စီနီယာ့ကို နားပူနားဆာလုပ်ကာလိုက်ပို့ခိုင်းမိသည်။

"လေးတာပေါ့ လေးတာမှ ဗိုက်ကို ကယ်နေတာပဲ ၊ အခုရက်ပိုင်း စားလို့သောက်လို့ကောင်းနေတယ် ၊ ရာသီဥတုသာယာလို့လားမသိဘူး"

စီနီယာက ဘာမှပြန်မပြောဘဲ စိတ်လေဟန် မျက်ခုံးသာပင့်ပြသည်။ တမှူးမွေးနေ့ပြီးကတည်းက ယခုနောက်ပိုင်းသုံးလေးရက်အတွင်း စီနီယာစကားအရမ်းနည်းလာသည်။ တမှူး အာပေါက်အောင်ပြောလည်း ပြုံးရုံသာတုံ့ပြန်တာများသည်။ တစ်ခါတစ်ခါ တေမိမင်းသားရဲ့ သွေးများပါလာသလားဟုထင်မိသည်။ ထို့ပြင် စီနီယာက အရမ်းလျှို့ဝှက်တတ်သည်ဟု ခံစားရသည်။ စီနီယာ့၏ ပုံစံမျိုးစုံထဲတွင် လျှို့ဝှက်သည့်ပုံစံပါ ထပ်တိုးထည့်ရမည်။

"အမေ့..."

လူနဲ့ စိတ် ခဏကွဲလိုက်ရုံနဲ့ တမှူးခေတ်တို့ အမေတရတော့သည်။ မဟုတ်ပါဘူး...။ တစ်ယောက်ယောက် တမှူးအတင်းပြောနေတာဖြစ်မယ်။ ဘလိုင်းကြီး ခလုတ် တိုက်တာလေ။ အရှေ့အနည်းငယ်မျှ ယိုင်သွားပြီး လက်ထဲရှိအအေးဘူးမှ ဖိတ်စင်သွားသော အအေးတစ်ချို့ဟာ ခြေဖမိုးပေါ်သို့ နေရာယူသည်။ ဒါတောင် စီနီယာက လက်မောင်းကို လှမ်းထိန်းပေးလိုက်လို့။

"အာ...ပေကုန်ပြီ"

စိတ်ပျက်စွာညည်းတွားရင်း ခြေထောက်မှ အအေးကို သုတ်ရန် အလုပ်ရှုပ်​ဗျာများသွားသည်။ တစ်ရှူးကလည်း အသင့်မရှိ။ လက်နှစ်ဖက်အပြည့်ကိုင်ထားသော မုန့်ထုပ်နှင့်အအေးဘူးကို ဘယ်ဘက်တွင် စုကိုင်ရမလို ညာဘက်တွင်စုကိုင်ရမလိုဖြစ်သွားသည်။ ကျောပိုးအိတ်ထဲမှ တစ်ရှူးကိုရှာဖို့ လက်တစ်ဖက်တည်းနှင့်လည်း အဆင်မပြေ။ အင်း...ကျောပိုးအိတ်ထဲမှာ တစ်ရှူးကရှိရဲ့လားတောင်မသိ။

"အဟီး..."

သွားဖြီးကာ စီနီယာ့ကို မော့ကြည့်လိုက်သည်။ စီနီယာက ဘာမှပြန်မပြောဘဲ ဘယ်ကတည်းကထုတ်လိုက်မှန်းမသိသော တစ်ရှူးကိုကိုင်၍ တမှူးရှေ့ဒူးတစ်ဖက်ထောက်ထိုင်ချကာ ခြေဖမိုးကို ညင်သာစွာသုတ်ပေးလာသည်။ မထင်မှတ်ထားသည့်အပြုအမူကြောင့် တမှူးတစ်ကိုယ်လုံးခပ်တောင့်တောင့်ဖြစ်သွားသည်။

"ဟာဗျာ...စီနီယာ၊ ငရဲကြီးကုန်တော့မှာပဲ"

တကယ်တမ်း တမှူး စီနီယာ့ကို ကြည့်ရသည့် ရည်ရွယ်ချက်က လက်ထဲမှ မုန့်ထုပ်နှင့် အအေးဘူးကို ကိုင်ပေးခိုင်းရန်သာဖြစ်သည်။ ဒါကို စီနီယာက သူ့ကိုသုတ်ခိုင်းသည်ဟု နားလည်မှုလွဲသွားသည်။

"ပြောင်သွားပြီ"

ထိုစကားကို စီနီယာက ချက်ချင်းထမလာဘဲ ထိုင်လျက်မှပင် မော့ကြည့်လျက်ဖြေသည်။ မျက်ဝန်းညိုများနှင့် ဆုံမိချိန် အအေးဘူကို ကိုင်ထားသော လက်များက ဆတ်ကနဲ့ တုန်ယင်သွားသည်။ ယခုအခြေအနေက အများအမြင်တွင် တစ်မျိုးဖြစ်ကောင်းဖြစ်နေနိုင်သည်။ ထိုတစ်မျိုးကို တွေးမိချိန် တမှူးရင်ဘက်ထဲ၌လည်း တစ်မျိုးဖြစ်သွားသည်။

"ထ...ထတော့လေ စီနီယာ"

"အင်း"

စီနီယာက ဖြည့်ညင်းစွာထရပ်သည်။

"စေးကပ်ကပ်ဖြစ်နေလား ၊ ရေနဲ့ဆေးမလား"

"အာ...ရတယ် ၊ အဲ့လောက်မလိုပါဘူး"

အသံမတုန်အောင် သတိထားနေတာတောင် အနည်းငယ်တုန်ချင်သွားသည်။ အခုရက်ပိုင်း စီနီယာ့အနားနေရတာ နှလုံးရောဂါရလောက်အောင် ခဏခဏရင်တုန်နေမိသည်။ စီနီယာပဲထူးဆန်းနေတာလား။ တမှူးပဲ ထူးဆန်းနေတာလား။

နှဖူးထက်မှ အနွေးဓာတ်တစ်ခုကို ပြန်လည်ခံစားမိတော့ ယောင်ယမ်း၍ မျက်လုံးမှိတ်မိသည်။ တမှူး အတွေးတွေ ထိန်းချုပ်ဖို့လိုနေပြီ။

**************

"တမှူး...ငါနင့်ကို မေးစရာရှိတယ်"

ဝသုန့်၏ နိဒါန်းပျိုး စကားကြောင့် မေးပေါ်လက်ထောက်နေရာမှ စိတ်ညစ်ညစ်နှင့် စောင့်ငဲ့ကြည့်လိုက်သည်။ တမှူးအခုရက်ပိုင်း အတော်လေးခေါင်းရှုပ်နေသည်။ ညဘက် Jayy နှင့် စကားပြောလျှင်တောင် အရင်လို စိတ်လွတ်လပ်လွတ်မပျော်တော့။ စိတ်က ကျောက်ခဲဆွဲထားသလို လေးနေသည်။

ကျောင်းရောက်လျှင်လည်း စီနီယာနှင့် စကားအများကြီး မပြောမိအောင်သတိထားရသည်။ စီနီယာ့မျက်ဝန်းညိုတွေကို မဆုံမိအောင် ကြိုးစားရသည်။ နှဖူးထက်မှ အနမ်းနွေးနွေးကို နှုတ်ခမ်းပါးတစ်စုံအား မတော်တဆခိုးကြည့်မိတိုင်း သတိမရအောင် ထိန်းချုပ်ရသည်။

"နင် စီနီယာနေရင့်ရောင်ကို ဘယ်လိုမြင်လဲ"

မေးထောက်ထားသောလက် ဘေးချော်သွားသည်။

"ဘယ်လိုမြင်ရမှာလဲ စီနီယာလို့ပဲ မြင်တာပေါ့"

စိတ်ကိုထိန်း၍ အတတ်နိုင်ဆုံး မထစ်ငေါ့အောင်ကြိုးစားရသည်။

"ဟုတ်လို့လား"

ဆွံ့အမိပါသည်။ ဝသုန့်မျက်လုံးများကိုတောင် ဆုံကြည့်ဖို့ စိတ်မလုံစွာ။ ဒါနဲ့ ဝသုန်က ဘာလို့မေးတာလဲ။ ဝသုန်များ စီနီယာ့ကို စိတ်ဝင်စားနေသလား။

အလန့်တကြား ဝသုန့်ကို မော့ကြည့်တော့ ဝသုန်က မျက်လုံးများကို မှေးကျဥ်း၍ တမှူးကို စိုက်ကြည့်နေသည်။

"ငါမြင်နေရတယ် တမှူး"

"ဘာ...ဘာကိုလဲ"

"နင့်မျက်လုံးထဲက အမှန်တရားကိုလေ"

"ဘာအမှန်တရားလဲ"

"နင် စီနီယာနေရင့်ရောင်ကို ချစ်နေတယ်"

"ဘာ"

စိတ်ဝင်စားတယ်တောင် မဟုတ်ဘူး။ ချစ်နေတယ်တဲ့လား။

"ပေါက်ကရတွေမပြောနဲ့ ၊ ငါ...ငါ့မှာ..."

ချစ်ရမည့်သူရှိပြီးသားဟူသော စကားကို ဆက်မ​ပြောနိုင်။ ဘယ်သူလဲဟုမေးလာခဲ့လျှင် ဖြေဖို့ပို၍ ခက်ခဲပေလိမ့်မည်။

"တမှူး နင်သိလား၊ လူတွေက အခက်ခဲဆုံးအရာကို လွယ်ကူအောင်လုပ်နိုင်သလို အလွယ်ကူဆုံးအရာကိုလည်း ခက်ခဲအောင်သိပ်လုပ်ကြတယ်၊ ဥပမာဆိုရရင် လူတစ်ယောက်ကို ချစ်မိကြောင်း ဝန်ခံတာမျိုးပေါ့၊ ခုတွဲခုပြတ် စုံတွဲတွေကို ကြည့်လိုက် ၊ တကယ်တော့ လူတစ်ယောက်ကို ချစ်မိဖို့ဆိုတာ ခက်ခဲတယ် ၊ အဲ့ဒါကို သူတို့က လွယ်လွယ်လေးနဲ့ ဒီလူကိုချစ်တယ်ဆိုပြီး အပေါ်ယံခံစားချက်ကို သေချာမဆန်းစစ်ဘဲ ဝန်ခံလိုက်တယ် ၊ ဟော့...နောက်ပိုင်းကျတော့ တကယ်မချစ်မှန်းသိပြီး ပြဲကြကွဲကြရော ၊ အဲ...တချို့ကျတော့လည်း ချစ်တယ်လို့ ဝန်ခံဖို့ သိပ်ခက်ခဲကြတယ် ၊ ဝန်ခံလိုက်ရင် ပြီးသွားမယ့် ဇာတ်လမ်းတစ်ခုကို အကြောင့်အမျိုးမျိုးပြပြီး တကယ်ချစ်နေလျက်နဲ့ သူတို့ချစ်တာကို ဝန်ခံဖို့ ​ရှောင်လွဲကြတယ် ၊ အဲ့တော့...ချစ်လျက်နဲ့ ဝေးရတဲ့ ဘဝတွေဖြစ်လာပြန်ရော...၊ ငါပြောတာ နင်နားလည်လား တမှူး ၊ နင်စီနီယာနေရင့်ရောင်ကို ချစ်ရင်ချစ်တယ်လို့ အရင်ဆုံး ကိုယ့်ကိုယ်ကိုယ်ဝန်ခံလိုက်"

ဝသုန်က စကားရှည်ကြီးပြောပြီး တမှူးကျောပိုးအိတ်ထဲမှ ရေဘူးကိုထုတ်ကာ မော့သောက်သည်။ နယုန်ကတော့ ဝသုန့်ကို လက်မလေးထောင်ပြသည်။ တမှူးကတော့ ငူငူငိုင်ငိုင်။ ကိုယ့်ကိုယ်ကိုယ်တောင် ဘာမှန်းမဆန်းစစ်ရသေးတာကို ဒီနှစ်ကောင်က အသည်းအသန် ဝန်ခံခိုင်းနေတယ်။

"ငါ...ငါ စီနီယာ့ကို စိတ်ဝင်စားနေတယ်လို့ နင်တို့ ဘာလို့ ယူဆတာလဲ"

"ရှင်းရှင်းလေးလေ ၊ နင်အခုရက်ပိုင်း စီနီယာ့ကို ကြည့်ပုံတွေမူမမှန်ဘူး ၊ အမှန်တော့ နင်သတိမထားမိတာပါ ၊ ဟိုးအရင်ကတည်းက နင်စီနီယာ့ကိုကြည့်တဲ့ မျက်ဝန်းတွေမှာ ချစ်ရိပ်တွေအပြည့်ပါပြီးသား ၊ ကစားပွဲတစ်ခုမှာ ကိုယ်တိုင်ပါဝင်ကစားတဲ့သူတွေထက် ပွဲကြည့်တဲ့သူတွေက ကစားကွက်ကို ပိုမြင်တယ်ဆိုသလိုပေါ့ ၊ နင့်ရင်ထဲက ခံစားချက်တွေကို ဘေးလူတွေဖြစ်တဲ့ ငါတို့က အတိုင်းသားမြင်နေရတယ်"

တမှူး တုံ့ပြန်မပြောတော့ဘဲ ခုံပေါ်သာ ခေါင်းမှောက်လိုက်မိသည်။ တကယ်ခေါင်းရှုပ်နေပါသည်ဆိုမှ ဒီညီအစ်မကလည်း ဆေးဝိုင်းထိုးနေကြသည်။ မဟုတ်ပါဘူးဟ ဟူ၍လည်း မဏ္ဍပ်တိုင်တပ် ပြိုင်မငြင်းရဲပါ။ ငြင်းနိုင်စွမ်းအားလည်းမရှိပါ။ တမှူးခေတ်တို့ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ဖို့လိုနေပြီ။

************

အိပ်ယာထက်၌ လူးလူးလိမ့်လိမ့်ဖြင့် အတွေးပေါင်းစုံနယ်ချဲ့မိသည်။ အကြိမ်ကြိမ်ပြန်ဆန်းစစ်တိုင်းရလာသည့်အဖြေကို လက်မခံနိုင်စွာ ငြင်းဆန်ချင်နေမိသည်။

တမှူးခေတ်က စီနီယာနေရင့်ရောင်ကို ရင်ခုန်နေသည်တဲ့။ ထိုအဖြေက မျက်ဝန်းညိုများနှင့် အနမ်းတစ်ခုကိုပြန်မြင်ယောင်တိုင်း သေချာသည်။

ပထမဆုံးအကြိမ် ကိုယ့်ကိုယ်ကိုယ်တောင်သတိမထားမိလိုက်ဘဲ ရင်ခုန်ခဲ့ခြင်းက စီနီယာ တမှူးလက်ကိုဆွဲ၍ ဂိမ်းဝင်ဆော့ချိန်တုန်းကဖြစ်မည်။ ဒုတိယအကြိမ်သည် မတော်တဆ စီနီယာ့ရင်ခွင်ထဲသို့ ပထမဆုံးအကြိမ် ခိုဝင်မိတုန်းကဖြစ်မည်။ တတိယအကြိမ်သည် တမှူးမွေးနေ့ညက စီနီယာပေးခဲ့သော အနမ်းတစ်ပွင့်ကြောင့်ဖြစ်မည်။ စတုတ္တအကြိမ်သည် အနီးကပ်ငေးစိုက်ကြည့်ခဲ့မိသော မျက်ဝန်းညိုတွေကြောင့် ဖြစ်မည်ထင်သည်။

အဲ့လိုဆိုရင် Jayy ကရော...။ တမှူးအများကြီး မျှော်လင့်ခဲ့ရသော Jayy ကရော။ Jayy နဲ့ ဒီအခြေအနေထိ ရင်းနှီးဖို့က လွယ်လွယ်ကူကူရခဲ့သည်မှမဟုတ်တာ။

တကယ်ဆိုလျှင် Jayy က တမှူး သဘောကျလွန်း၍ ပတ်သတ်ခွင့်ရရန် အသည်းအသန်ကြိုးစားခဲ့ရသောသူ။ စီနီယာက တမှူးမဖိတ်ခေါ်ပါပဲ တမှူးဘဝထဲဝင်ဖို့ကြိုးစားလာခဲ့သူ။

Jayy ကို သဘောကျသည်ဟု စီနီယာ့ထံ အကြိမ်ကြိမ် ရင်ဖွင့်ထားသည်မို့ ယခုလို စီနီယာ့အပေါ်သူ့စိတ်တွေအရောင်ဆိုးလာသည့်အခါ မျက်နှာတစ်ခုလုံးပူထူအောင်ရှက်ရွံ့မိသည်။

နှစ်ခုလုံးကို ယူလို့မရသည်မို့ တစ်ခုကတော့ ကျိန်းသေပေါက် စွန့်လွှတ်ရမည်။

"You leave me breathless..."

"အမေ့"

ကိုယ့်ဖုန်းသံကိုယ်ပြန်လန့်ရသည်အထိ တမှူးခေတ်တို့ အသည်းငယ်နေသည်။ ဖုန်းခေါ်ဆိုနေသူသည် တမှူးခေတ်၏ ချစ်လှစွာသော crush ကြီး Jayy ။ ရှုပ်ထွေးနေသောစိတ်ဝင်္ကပါအလယ် ထွက်ပေါက်တွေ့သွားသူလို ခံစားလိုက်ရသည်။

"ဟဲလို Jayy "

"ဟဲလို ယုန်ပေါက်၊ လိုင်းမတက်လို့ ဘာလုပ်နေလဲလို့ "

မသိစိတ်အရ လှစ်ကနဲ့ ပြုံးမိသွားသည်။ Jayy က တမှူးကို အများကြီး အလေးထားနေပါပြီ။ ဝဲဘက်ရင်အုံမှ လှုပ်ရှားမှုဟာ Jayy ဟုသော လူတစ်ယောက်အတွက် လတ်ဆတ်နေတုန်းပါ။ ဒါဆို ဘာကြောင့်များ စီနီယာ့အပေါ် တမှူးစိတ်တွေက ယိမ်းယိုင်နေခဲ့ရတာလဲ။ အနေနီးခဲ့လို့များလား...။

"ယုန်ပေါက် ဘာလို့ တိတ်နေတာလဲ၊ နေမကောင်းဘူးလား"

နွေးထွေးမှုအပြည့်ပါသော အသံဟာ တစ်စုံတစ်ယောက်အသံနဲ့ဆင်တူနေပြန်တယ်။

"မဟုတ်ပါဘူး ၊ နေကောင်းပါတယ် "

မောပန်းနွမ်းလျနေသလို ခံစားရသည်။ တမှူးဘဝမှာ တစ်ခါမှ ယခုလောက်ထိ ဝေခွဲမရအောင် စိတ်ဖီစီးမှုမဖြစ်ခဲ့ဖူးပါ။

"အင်း...အသံကတစ်မျိုးပဲ ၊ အဆင်ပြေတာ သေချာရဲ့လား"

ပြုံးမိပြန်ပါသည်။ တမှူးအတွက် Jayy က စိတ်ပူပေးနေတယ်။ အရင်တုန်းက တမှူးသည်းသည်းလှုပ်ခဲ့ရတဲ့ crush ကြီးက တမှူးအပေါ် အများကြီး ဂရုစိုက်ပေးနေပြီလေ။ ဒါကို ဘာကြောင့်များ မိုက်မဲချင်နေရတာလဲ တမှူးခေတ်ရယ်။

"ကောင်းပါတယ် ၊ လိုင်းမတက်တာက ပျင်းလို့"

"ဟုတ်လား ၊ အခုလည်း ကိုယ်နဲ့ဖုန်းပြောဖို့ ပျင်းနေလား"

"မပျင်းပါဘူး ၊ Jayy နဲ့ ဖုန်းပြောဖို့က ဘယ်တော့မှ မပျင်းဘူး"

"ဟား...ဟား ၊ ခုနကတော့ ချက်ချင်း အိပ်ပျော်တော့မယ့် အသံနဲ့"

"အာ...အဲ့ဒါက အိပ်ယာထဲမှာ လှဲနေတာကြာသွားတော့ လူက နည်းနည်းနုန်းသွားလို့ပါဗျ ၊ Jayy က ကျွန်တော့်ရဲ့ VVIP ကြီးကို Jayy နဲ့ဖုန်းပြောဖို့ ပျင်းစရာလား"

ပြောရင်း တမှူးကုတင်ပေါ်မှ ထလိုက်သည်။ ပြတင်းပေါက်နားသို့ လျှောက်သွားရင်း ပြတင်းပေါက်ဘောင်ပေါ်လက်တင်ကာ ကောင်းကင်သို့မော့ကြည့်မိသည်။ မပြည့်တပြည့်လမင်းကြီးက အလင်းရောင်ကောင်းစွာဖြာထွက်နေသည်။

"အဟား ဟုတ်ပါပြီ ၊ ယုန်ပေါက်တစ်ကောင် အပျင်းပြေရအောင်ကိုယ်ဘာလုပ်ပေးရမလဲ...ပြော"

Jayy ဘက်ခြမ်းမှ သီချင်းသံလိုလို ဘာလိုလိုကို ခပ်တိုးတိုးကြားနေရသည်။

"ကျွန်တော်က မေးခွန်းတွေမေးမယ် ၊ Jayy က ဖြေပေးမလား"

"ဘာတွေမေးမှာတုန်း"

"ကျွန်တော်မေးချင်တာမေးမှာပေါ့"

"ဟား...ဟား အိုကေ အိုကေ ၊ ကိုယ်ဖြေလို့ရသလောက်ဖြေပေးမယ်"

"ဒါနဲ့ အနောက်က ဘာသံတွေလဲ Jayy "

"အာ... ကိုယ်သီချင်းဖွင့်ထားတာပါ"

"သြော်..."

အနည်းငယ်အာရုံစိုက်နားထောင်လိုက်သောအခါ စိုင်းထီးစိုင်၏ သီချင်းတစ်ပုဒ်မှန်း သိလိုက်သည်။

တမှူး အသက်ဝဝရှူရင်း စိတ်တို့ကို စုစည်းလိုက်သည်။

"Jayy က..."

"အင်း"

မေးရမည်။ ဒါက သိပ်ကိုအရေးကြီးတာမို့ မေးရမည်။ Jayy တစ်မျိုးထင်လည်း ထင်ပါစေတော့။ မျက်စိစုံမှိတ်ကာ အရဲစွန့်မေးလိုက်တော့သည်။

"Jayy က straight လား gay လား"

Jayy ဘက်မှ အံ့သြသွား၍လားမသိ အချိန်အတော်ကြာတိတ်ဆိတ်သွားသည်။ ဖုန်းကိုင်ထားသော တမှူးလက်တွင် ချွေးစေးများပျံလာသည်။

"အဟား...အဲ့မေးခွန်းက ကိုယ့်ကိုယ်ကိုယ်တောင် ကိုယ်မမေးဖူးတဲ့မေးခွန်းပဲ ၊ ယုန်ပေါက်ပဲ သတိတရလာမေးတယ်"

ပေါ့ပေါ့ပါးပါးပြန်ပြောလာသော Jayy ကြောင့် တမှူးသက်ပြင်းမောချမိသည်။ Jayy စိတ်မဆိုးဘူးပဲ။

"အင်း...ကိုယ်က straight လား gay လားဆိုရင် ကိုယ်ချစ်မိတဲ့သူအပေါ်မှာပဲ မူတည်မယ်ထင်တယ်"

ချွေးစေးပျံနေသော ခြေဖျားလက်ဖျားများက အေးစက်လာ၏။

"ဒါဆို ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် Jayy ချစ်နိုင်တယ်ပေါ့"

"အင်းပေါ့...အဲ့လို ပြောလို့ရပါတယ်"

ဒီလိုဆို Jayy က တမှူးကို ချစ်လာနိုင်တယ်ပေါ့။ ဖြည့်လေးစွာ သက်ပြင်းချမိသည်က စိတ်သက်သာရာရသွား၍လားမသိ။

"အင်း...ဒါဆို နောက်မေးခွန်းက...."

"ဆက်တိုက်ကို မေးတော့မှာလား"

"ဟုတ် မေးမှာ...၊ ဒုတိယတစ်ခုက Jayy နာမည်"

"ဟား...ဟား...ယုန်ပေါက်ကတော့ တကယ့်အကြီးကြီးတွေပဲမေးနေတော့တာပဲ"

"အကုန်မပြောတောင် အရိပ်အမွက်လေးပဲဖြစ်ဖြစ် ပြောပြပါလား"

Jayy ဘက်မှ တိတ်ဆိတ်သွားပြန်သည်။ တဖြည်းဖြည်းချင်း Jayy နဲ့အနီးဆုံးကို တိုးဝင်နိုင်ဖို့ တမှူး ကြိုးစားမယ်။ တစ်နေ့မှာ Jayy က တမှူးကို အားလုံးပြောပြလာရမယ်။

"အိုကေ အိုကေ ဒါဆို သေချာနားထောင်နော် ၊ ယုန်ပေါက်ပျင်းနေတယ်ဆိုလို့ စဥ်းစားလို့ရအောင်ကိုယ်ပြောပြမယ် ၊ ဒီထက်တော့ ပိုပြီး ပြောပြလို့မရဘူး၊ ကိုယ့်နာမည်အရင်းက မိုးပေါ်မှာရှိတဲ့ တစ်စုံတစ်ခုကနေ ထုတ်လွှတ်တဲ့ အရာတစ်ခုနဲ့ဆင်တယ်"

တမှူး နားနည်းနည်း ရှုပ်သွားသည်။ မိုးပေါ်က တစ်စုံတစ်ခုက ထုတ်လွှတ်တဲ့အရာ....။ ဘာပါလိမ့်...။ မိုးပေါ်မှ ရှိတာက နေတို့ လတို့ပေါ့။ သူတို့က ထုတ်လွှတ်တဲ့အရာဆိုတော့ နေက ထုတ်လွတ်ရင် ဘာထုတ်မှာလဲ။ အင်း...အလင်းရောင်ပေါ့ ။ ဒါဆို နေအလင်းလား....ဒါမှမဟုတ် အဲ...နေရင့်ရောင်များလား.....။

ဖျပ်ကနဲ့ဝင်လာသောအတွေးကြောင့် တမှူးခေါင်းကို တွင်တွင်ခါယမ်းလိုက်မိသည်။ ဘာလို့အတွေးတိုင်းက စီနီယာပဲ ဖြစ်နေရတာလဲ။

သို့ပေမယ့် နေရင့်ရောင်ဆိုတာလည်း ဖြစ်နိုင်တာပဲ။

"နေရင့်ရောင်လား"

Jayy ဘက်မှ ရယ်သံခပ်ဟဟထွက်ပေါ်လာသည်။

"လှတယ် ၊ ဘယ်သူ့ နာမည်လဲ"

"ကျောင်းက စီနီယာတစ်ယောက်ရဲ့ နာမည်"

"သြော်...ယုန်ပေါက် ခဏခဏပြောနေတဲ့ တစ်ယောက်လား"

"ဟုတ်"

"ယုန်ပေါက်နဲ့ တော်တော်ရင်းနှီးတာလား"

"ဟုတ် ရင်းနှီးတယ်"

"သြော်"

Jayy ဘက်မှ တိတ်ဆိတ်သွားသလို တမှူးဘက်မှလည်း ပြောဖို့ရာစကားလုံးများ ခေတ္တ ပျောက်ရှသွားသည်။ ထိုစဥ် Jayy အနောက်မှ သီချင်းသံတိုးတိုးက တမှူးနားထဲသို့ ထပ်မံတိုးဝင်လာပြန်သည်။

"မင်းမကြည့်လို့ မသိတာပါ...အချစ်က မင်းအနားမှာပါ...စိတ်မရှိလို့ မရိပ်မိတာပါ...အချစ်က မင်းအနားမှာပါ...မင်းမဆွဲလို့ မတွဲမိတာပါ...အချစ်က မင်းအနားမှာပါ"

တစ်ပုဒ်လုံးမှာမှ ထိုတစ်နေရာသာ ရင်းရင်းနှီးနှီးကြားဖူးသော သီချင်း။ တမှူးအနားမှာရှိနေတဲ့ အချစ်ကရော မည်သူဖြစ်နိုင်မည်လဲ...။ ရင်းနှီးနေကျလူတစ်ယောက်၏ ပုံရိပ်က စိတ်အာရုံတွင် နေရာယူပြန်သည်။

"ယုန်ပေါက် အိပ်ချင်နေပြီလား ၊ တိတ်သွားပြန်ပြီ"

"မဟုတ်ပါဘူး...Jayy နာမည်ကို စဥ်းစားနေတာ ၊ နေရင့်ရောင် မဟုတ်ရင် နေမင်းလား"

"ဟား...ဟား ယုန်ပေါက်ကတော့ကွာ ၊ နာမည်အရင်းဆိုတာထက် ကိုယ်ဖြစ်နေဖို့ အရေးကြီးတာမဟုတ်လား ၊ ဦးနှောက်ခြောက်ခံပြီး မစဥ်းစားနဲ့တော့ ၊ စောစောအိပ်တော့ ယုန်ပေါက်"

Jayy က သိသိသာသာစကားလွှဲသွားသည်။

"Jayy ရောအိပ်မှာလား"

"ယုန်ပေါက်အိပ်ရင်အိပ်မှာပေါ့"

"အာ့ဆို တူတူအိပ်မယ်"

"ဟမ်"

"Jayy ရော ကျွန်တော်ရော တစ်ချိန်တည်းမှာ တူတူအိပ်မယ်လို့ "

"ဟော့ဗျာ ဘာဖြစ်လို့လဲ"

"တစ်ယောက်တည်းအိပ်ရမှာပျင်းလို့"

"ယုန်ပေါက်ကတော့ကွာ..."

ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရမှုကို Jayy အား ရစ်နေမိသည်။

"ဒါဆို ဒီလိုလုပ်...ကိုယ် ယုန်ပေါက် အိပ်တဲ့ထိ သီချင်းဆိုပြမယ် ၊ နားထောင်မလား"

ရင်ထဲရှိုန်းကနဲ့ မျက်ရည်ဝဲသည်အထိ ကြည်နူးသွားရပြန်သည်။ မမြင်နိုင်မှန်းသိပေမယ့် ခေါင်းတွင်တွင်ညိတ်မိသည်။ ဒီလိုမှမဟုတ်လျှင် တမှူး ဒီညအိပ်ပျော်ဖို့ တော်တော်ခဲယဥ်းပေလိမ့်မည်။ Jayy ကို မည်သည့်နည်းနဲ့မှ မစွန့်လွှတ်နိုင်ပါဘူး။

ထို့နောက်ဖုန်းကို နားကြပ်တပ်၍ Jayy ၏ သံစဥ်များအကြား တမှူးကောင်းစွာအိပ်ပျော်နိုင်ခဲ့ပါသည်။ တမှူးမအိပ်ခင် သိလိုက်သည့် ပထမဆုံး Jayy ဆိုပြသော သီချင်းက ခင်မောင်တိုး၏ "ချစ်သူသိစေ"။

*********

A/N

ဒီအပိုင်းတွေရေးရတာ တမှူးဓာတ်လိုက်သွားလားမသိဘူး ။ ကိုယ်ချာချာလည်နေတယ်။ တစ်ခုခုအဆင်မပြေဖြစ်ခဲ့ရင် ကြိုတင် တောင်းပန်ပါတယ်ရှင်🌸

အားလုံးကို ကျေးဇူးတင်လျက်
Sakura Rain🌸

(Zawgyi)

"စာသင္ေဆာင္နဲ႔ စားေသာက္ဆိုင္နဲ႔ တြဲဖြင့္ထားလို႔မရဘူးလားဟင္ ၊ အခုလိုထမင္းစားၿပီးခ်ိန္ ဗိုက္ေလးေလးနဲ႔ အေဝးႀကီးျပန္မေလွ်ာက္ခ်င္ဘူး"

လက္ထဲမွ အေအးကို ပိုက္ျဖင့္ တစ္ခ်က္ႏွစ္ခ်က္ စုပ္ေသာက္ၿပီး ညည္းတြားလိုက္မိသည္။ က်န္လက္တစ္ဖက္မွ မုန္႔ထုပ္ကိုလည္း လက္မအားသည့္ၾကားက အေအးဘူးကို ခ်ိဳင္းၾကားညႇပ္ၿပီး ႏိႈက္စားရသည္။

"ေၾသာ္ အခုက ဗိုက္ေလးေနတာလား "

႐ြဲ႕တဲ့တဲ့စီနီယာ့အသံေၾကာင့္ မ်က္ေစာင္းမမည္ေသာ အၾကည့္ျဖင့္ တုန္႔ျပန္လိုက္မိသည္။ နယုန္တို႔ညီအစ္မ ေက်ာင္းမတက္၍ ကန္တင္းမွအတန္းကို တစ္ေယာက္တည္းမျပန္ခ်င္သျဖင့္ စီနီယာ့ကို နားပူနားဆာလုပ္ကာလိုက္ပို႔ခိုင္းမိသည္။

"ေလးတာေပါ့ ေလးတာမွ ဗိုက္ကို ကယ္ေနတာပဲ ၊ အခုရက္ပိုင္း စားလို႔ေသာက္လို႔ေကာင္းေနတယ္ ၊ ရာသီဥတုသာယာလို႔လားမသိဘူး"

စီနီယာက ဘာမွျပန္မေျပာဘဲ စိတ္ေလဟန္ မ်က္ခုံးသာပင့္ျပသည္။ တမႉးေမြးေန႔ၿပီးကတည္းက ယခုေနာက္ပိုင္းသုံးေလးရက္အတြင္း စီနီယာစကားအရမ္းနည္းလာသည္။ တမႉး အာေပါက္ေအာင္ေျပာလည္း ျပဳံး႐ုံသာတုံ႔ျပန္တာမ်ားသည္။ တစ္ခါတစ္ခါ ေတမိမင္းသားရဲ႕ ေသြးမ်ားပါလာသလားဟုထင္မိသည္။ ထို႔ျပင္ စီနီယာက အရမ္းလွ်ိဳ႕ဝွက္တတ္သည္ဟု ခံစားရသည္။ စီနီယာ့၏ ပုံစံမ်ိဳးစုံထဲတြင္ လွ်ိဳ႕ဝွက္သည့္ပုံစံပါ ထပ္တိုးထည့္ရမည္။

"အေမ့..."

လူနဲ႔ စိတ္ ခဏကြဲလိုက္႐ုံနဲ႔ တမႉးေခတ္တို႔ အေမတရေတာ့သည္။ မဟုတ္ပါဘူး...။ တစ္ေယာက္ေယာက္ တမႉးအတင္းေျပာေနတာျဖစ္မယ္။ ဘလိုင္းႀကီး ခလုတ္ တိုက္တာေလ။ အေ႐ွ႕အနည္းငယ္မွ် ယိုင္သြားၿပီး လက္ထဲ႐ွိအေအးဘူးမွ ဖိတ္စင္သြားေသာ အေအးတစ္ခ်ိဳ႕ဟာ ေျခဖမိုးေပၚသို႔ ေနရာယူသည္။ ဒါေတာင္ စီနီယာက လက္ေမာင္းကို လွမ္းထိန္းေပးလိုက္လို႔။

"အီး...ေပကုန္ၿပီ"

စိတ္ပ်က္စြာညည္းတြားရင္း ေျခေထာက္မွ အေအးကို သုတ္ရန္ အလုပ္႐ႈပ္​ဗ်ာမ်ားသြားသည္။ တစ္႐ွဴးကလည္း အသင့္မ႐ွိ။ လက္ႏွစ္ဖက္အျပည့္ကိုင္ထားေသာ မုန္႔ထုပ္ႏွင့္အေအးဘူးကို ဘယ္ဘက္တြင္ စုကိုင္ရမလို ညာဘက္တြင္စုကိုင္ရမလိုျဖစ္သြားသည္။ ေက်ာပိုးအိတ္ထဲမွ တစ္႐ွဴးကို႐ွာဖို႔ လက္တစ္ဖက္တည္းႏွင့္လည္း အဆင္မေျပ။ အင္း...ေက်ာပိုးအိတ္ထဲမွာ တစ္႐ွဴးက႐ွိရဲ႕လားေတာင္မသိ။

"အဟီး..."

သြားၿဖီးကာ စီနီယာ့ကို ေမာ့ၾကည့္လိုက္သည္။ စီနီယာက ဘာမွျပန္မေျပာဘဲ ဘယ္ကတည္းကထုတ္လိုက္မွန္းမသိေသာ တစ္႐ွဴးကိုကိုင္၍ တမႉးေ႐ွ႕ဒူးတစ္ဖက္ေထာက္ထိုင္ခ်ကာ ေျခဖမိုးကို ညင္သာစြာသုတ္ေပးလာသည္။ မထင္မွတ္ထားသည့္အျပဳအမူေၾကာင့္ တမႉးတစ္ကိုယ္လုံးခပ္ေတာင့္ေတာင့္ျဖစ္သြားသည္။

"ဟာဗ်ာ...စီနီယာ၊ ငရဲႀကီးကုန္ေတာ့မွာပဲ"

တကယ္တမ္း တမႉး စီနီယာ့ကို ၾကည့္ရသည့္ ရည္႐ြယ္ခ်က္က လက္ထဲမွ မုန္႔ထုပ္ႏွင့္ အေအးဘူးကို ကိုင္ေပးခိုင္းရန္သာျဖစ္သည္။ ဒါကို စီနီယာက သူ႕ကိုသုတ္ခိုင္းသည္ဟု နားလည္မႈလြဲသြားသည္။

"ေျပာင္သြားၿပီ"

ထိုစကားကို စီနီယာက ခ်က္ခ်င္းထမလာဘဲ ထိုင္လ်က္မွပင္ ေမာ့ၾကည့္လ်က္ေျဖသည္။ မ်က္ဝန္းညိဳမ်ားႏွင့္ ဆုံမိခ်ိန္ အေအးဘူကို ကိုင္ထားေသာ လက္မ်ားက ဆတ္ကနဲ႔ တုန္ယင္သြားသည္။ ယခုအေျခအေနက အမ်ားအျမင္တြင္ တစ္မ်ိဳးျဖစ္ေကာင္းျဖစ္ေနႏိုင္သည္။ ထိုတစ္မ်ိဳးကို ေတြးမိခ်ိန္ တမႉးရင္ဘက္ထဲ၌လည္း တစ္မ်ိဳးျဖစ္သြားသည္။

"ထ...ထေတာ့ေလ စီနီယာ"

"အင္း"

စီနီယာက ျဖည့္ညင္းစြာထရပ္သည္။

"ေစးကပ္ကပ္ျဖစ္ေနလား ၊ ေရနဲ႔ေဆးမလား"

"အာ...ရတယ္ ၊ အဲ့ေလာက္မလိုပါဘူး"

အသံမတုန္ေအာင္ သတိထားေနတာေတာင္ အနည္းငယ္တုန္ခ်င္သြားသည္။ အခုရက္ပိုင္း စီနီယာ့အနားေနရတာ ႏွလုံးေရာဂါရေလာက္ေအာင္ ခဏခဏရင္တုန္ေနမိသည္။ စီနီယာပဲထူးဆန္းေနတာလား။ တမႉးပဲ ထူးဆန္းေနတာလား။

ႏွဖူးထက္မွ အေႏြးဓာတ္တစ္ခုကို ျပန္လည္ခံစားမိေတာ့ ေယာင္ယမ္း၍ မ်က္လုံးမွိတ္မိသည္။ တမႉး အေတြးေတြ ထိန္းခ်ဳပ္ဖို႔လိုေနၿပီ။

**************

"တမႉး...ငါနင့္ကို ေမးစရာ႐ွိတယ္"

ဝသုန္႔၏ နိဒါန္းပ်ိဳး စကားေၾကာင့္ ေမးေပၚလက္ေထာက္ေနရာမွ စိတ္တ္ညစ္ညစ္ႏွင့္ ေစာင့္ငဲ့ၾကည့္လိုက္သည္။ တမႉးအခုရက္ပိုင္း အေတာ္ေလးေခါင္း႐ႈပ္ေနသည္။ ညဘက္ Jayy ႏွင့္ စကားေျပာလွ်င္ေတာင္ အရင္လို စိတ္လြတ္လပ္လြတ္မေပ်ာ္ေတာ့။ စိတ္က ေက်ာက္ခဲဆြဲထားသလို ေလးေနသည္။

ေက်ာင္းေရာက္လွ်င္လည္း စီနီယာႏွင့္ စကားအမ်ားႀကီး မေျပာမိေအာင္သတိထားရသည္။ စီနီယာ့မ်က္ဝန္းညိဳေတြကို မဆုံမိေအာင္ ႀကိဳးစားရသည္။ ႏွဖူးထက္မွ အနမ္းေႏြးေႏြးကို ႏႈတ္ခမ္းပါးတစ္စုံအား မေတာ္တဆခိုးၾကည့္မိတိုင္း သတိမရေအာင္ ထိန္းခ်ဳပ္ရသည္။

"နင္ စီနီယာေနရင့္ေရာင္ကို ဘယ္လိုျမင္လဲ"

ေမးေထာက္ထားေသာလက္ ေဘးေခ်ာ္သြားသည္။

"ဘယ္လိုျမင္ရမွာလဲ စီနီယာလို႔ပဲ ျမင္တာေပါ့"

စိတ္ကိုထိန္း၍ အတတ္ႏိုင္ဆုံး မထစ္ေငါ့ေအာင္ႀကိဳးစားရသည္။

"ဟုတ္လို႔လား"

ဆြံ႕အမိပါသည္။ ဝသုန္႔မ်က္လုံးမ်ားကိုေတာင္ ဆုံၾကည့္ဖို႔ စိတ္မလုံစြာ။ ဒါနဲ႔ ဝသုန္က ဘာလို႔ေမးတာလဲ။ ဝသုန္မ်ား စီနီယာ့ကို စိတ္ဝင္စားေနသလား။

အလန္႔တၾကား ဝသုန္႔ကို ေမာ့ၾကည့္ေတာ့ ဝသုန္က မ်က္လုံးမ်ားကို ေမွးက်ဥ္း၍ တမႉးကို စိုက္ၾကည့္ေနသည္။

"ငါျမင္ေနရတယ္ တမႉး"

"ဘာ...ဘာကိုလဲ"

"နင့္မ်က္လုံးထဲက အမွန္တရားကိုေလ"

"ဘာအမွန္တရားလဲ"

"နင္ စီနီယာေနရင့္ေရာင္ကို ခ်စ္ေနတယ္"

"ဘာ"

စိတ္ဝင္စားတယ္ေတာင္ မဟုတ္ဘူး။ ခ်စ္ေနတယ္တဲ့လား။

"ေပါက္ကရေတြမေျပာနဲ႔ ၊ ငါ...ငါ့မွာ..."

ခ်စ္ရမည့္သူ႐ွိၿပီးသားဟူေသာ စကားကို ဆက္မ​ေျပာႏိုင္။ ဘယ္သူလဲဟုေမးလာခဲ့လွ်င္ ေျဖဖို႔ပို၍ ခက္ခဲေပလိမ့္မည္။

"တမႉး နင္သိလား၊ လူေတြက အခက္ခဲဆုံးအရာကို လြယ္ကူေအာင္လုပ္ႏိုင္သလို အလြယ္ကူဆုံးအရာကိုလည္း ခက္ခဲေအာင္သိပ္လုပ္ၾကတယ္၊ ဥပမာဆိုရရင္ လူတစ္ေယာက္ကို ခ်စ္မိေၾကာင္း ဝန္ခံတာမ်ိဳးေပါ့၊ ခုတြဲခုျပတ္ စုံတြဲေတြကို ၾကည့္လိုက္ ၊ တကယ္ေတာ့ လူတစ္ေယာက္ကို ခ်စ္မိဖို႔ဆိုတာ ခက္ခဲတယ္ ၊ အဲ့ဒါကို သူတို႔က လြယ္လြယ္ေလးနဲ႔ ဒီလူကိုခ်စ္တယ္ဆိုၿပီး အေပၚယံခံစားခ်က္ကို ေသခ်ာမဆန္းစစ္ဘဲ ဝန္ခံလိုက္တယ္ ၊ ေဟာ့...ေနာက္ပိုင္းက်ေတာ့ တကယ္မခ်စ္မွန္းသိၿပီး ၿပဲၾကကြဲၾကေရာ ၊ အဲ...တခ်ိဳ႕က်ေတာ့လည္း ခ်စ္တယ္လို႔ ဝန္ခံဖို႔ သိပ္ခက္ခဲၾကတယ္ ၊ ဝန္ခံလိုက္ရင္ ၿပီးသြားမယ့္ ဇာတ္လမ္းတစ္ခုကို အေၾကာင့္အမ်ိဳးမ်ိဳးျပၿပီး တကယ္ခ်စ္ေနလ်က္နဲ႔ သူတို႔ခ်စ္တာကို ဝန္ခံဖို႔ ​ေ႐ွာင္လြဲၾကတယ္ ၊ အဲ့ေတာ့...ခ်စ္လ်က္နဲ႔ ေဝးရတဲ့ ဘဝေတြျဖစ္လာျပန္ေရာ...၊ ငါေျပာတာ နင္နားလည္လား တမႉး ၊ နင္စီနီယာေနရင့္ေရာင္ကို ခ်စ္ရင္ခ်စ္တယ္လို႔ အရင္ဆုံး ကိုယ့္ကိုယ္ကိုယ္ဝန္ခံလိုက္"

ဝသုန္က စကား႐ွည္ႀကီးေျပာၿပီး တမႉးေက်ာပိုးအိတ္ထဲမွ ေရဘူးကိုထုတ္ကာ ေမာ့ေသာက္သည္။ နယုန္ကေတာ့ ဝသုန္႔ကို လက္မေလးေထာင္ျပသည္။ တမႉးကေတာ့ ငူငူငိုင္ငိုင္။ ကိုယ့္ကိုယ္ကိုယ္ေတာင္ ဘာမွန္းမဆန္းစစ္ရေသးတာကို ဒီႏွစ္ေကာင္က အသည္းအသန္ ဝန္ခံခိုင္းေနတယ္။

"ငါ...ငါ စီနီယာ့ကို စိတ္ဝင္စားေနတယ္လို႔ နင္တို႔ ဘာလို႔ ယူဆတာလဲ"

"႐ွင္း႐ွင္းေလးေလ ၊ နင္အခုရက္ပိုင္း စီနီယာ့ကို ၾကည့္ပုံေတြမူမမွန္ဘူး ၊ အမွန္ေတာ့ နင္သတိမထားမိတာပါ ၊ ဟိုးအရင္ကတည္းက နင္စီနီယာ့ကိုၾကည့္တဲ့ မ်က္ဝန္းေတြမွာ ခ်စ္ရိပ္ေတြအျပည့္ပါၿပီးသား ၊ ကစားပြဲတစ္ခုမွာ ကိုယ္တိုင္ပါဝင္ကစားတဲ့သူေတြထက္ ပြဲၾကည့္တဲ့သူေတြက ကစားကြက္ကို ပိုျမင္တယ္ဆိုသလိုေပါ့ ၊ နင့္ရင္ထဲက ခံစားခ်က္ေတြကို ေဘးလူေတြျဖစ္တဲ့ ငါတို႔က အတိုင္းသားျမင္ေနရတယ္"

တမႉး တုံ႔ျပန္မေျပာေတာ့ဘဲ ခုံေပၚသာ ေခါင္းေမွာက္လိုက္မိသည္။ တကယ္ေခါင္း႐ႈပ္ေနပါသည္ဆိုမွ ဒီညီအစ္မကလည္း ေဆးဝိုင္းထိုးေနၾကသည္။

You are reading the story above: TeenFic.Net