Chapter-23

Background color
Font
Font size
Line height

(Unicode)

လမ်းလျှောက်ရင်း ခေါင်းပေါ် ဝေ့ဝဲကျလာသော သစ်ရွက်လေးကို လက်ဖြင့် ဖမ်းယူလိုက်မိသည်။ သဘာဝအတိုင်း ပိုးကိုက်ထားသဖြင့် အသည်းပုံစံဖြစ်နေသော သစ်ရွက်လေး။ ထို့နောက် ဘာရယ်မဟုတ် ထိုသစ်ရွက်လေးကို လွယ်အိတ်ထဲထည့်သိမ်းလိုက်မိသည်။

နွေရာသီမနက်ခင်း၏ ကောင်းကင်ပြာသည် တိမ်ကင်းစင်ကာ ကြည်လင်နေသည်။ တိတ်ဆိတ်စွာလျှောက်လှမ်းနေသော စီနီယာ့ကို ဘေးတစောင်းငဲ့ကြည့်မိသည်။ သေချာ အာရုံစိုက်ကြည့်မှ မြင်နိုင်သော ဘယ်ဘက်နားထင်မှ မှဲ့နက်လေးသည် ဆံပင်ငုတ်စိများကြားတွင် တည်ရှိနေသည်။ ထိုမှဲ့နက်လေးကို ကြည့်မိတော့ မျက်ဝန်းညိုတစ်စုံက အမြင်အာရုံတွင် ထင်ဟပ်လာသည်။

Jayy ပို့ပေးသည့် မွေးနေ့လက်ဆောင် video အကြောင်းကို စီနီယာ့အားပြောပြရန် တွေဝေနေမိသည်။ တစ်ခါမှ မဖြစ်ပေါ်ဖူးခဲ့သည့် စီနီယာ့အပေါ် အားနာသလို ခံစားချက်မျိုးဝင်နေမိသည်။ ကိုယ့်အပေါ်ဂရုစိုက်လွန်းသော လူတစ်ယောက်ကို တစ်ခြားလူတစ်ယောက်၏ ဂရုစိုက်မှုအကြောင်း စာဖွဲ့မပြောသင့်တော့ဘူးထင်တယ်။

"တိတ်နေလိုက်တာ...ဘာတွေတွေးနေလဲ"

"ဟင့်အင်း...ဘာမှ မတွေးပါဘူး "

ရုတ်တရတ် လှည့်ကြည့်လာသော မျက်ဝန်းညိုများကို ဆုံကြည့်ဖို့ ရှောင်လွှဲရင်း တိုးတိတ်စွာပြန်ဖြေမိသည်။ အတွေးတွေများနေလွန်း၍ ဘာတွေးနေသလဲဟု ခေါင်းစဥ်တပ်ဖို့ပင် ခဲယဥ်းနေသည်။

"ညက ကောင်းကောင်းအိပ်ပျော်ရဲ့လား"

"ဟုတ် အိပ်ပျော်ပါတယ် ၊ စီနီယာရော..."

"အင်း...ပျော်ပါတယ်"

အနည်းငယ်မျှသော စကားလုံးတို့က ပုံမှန်ထက်လေးနေသည်ဟုခံစားရသည်။

"စီနီယာ နေမကောင်းဘူးလား ၊ စကားပြောတာ လေးနေသလိုပဲ"

ခန့်မှန်းရခက်သော အရိပ်တစ်ချို့ ဖြတ်ပြေးသွားသည်။

"အဟား...အရမ်းသိသာနေလား ၊ အင်း...ကိုယ်ညက အိမ်ပြန်ရောက်တော့ နည်းနည်းထပ်သောက်ဖြစ်တယ် ၊ ခန့်မင်းသူတို့နဲ့လေ"

"ဟာဗျာ ၊ ကျွန်တော်တောင် စီနီယာတို့ မူးမှာစိုးလို့ အများကြီး မတိုက်လိုက်တာကို"

"အင်း...နည်းနည်းစမိသွားလို့ဖြစ်မယ်"

ပြောပြီး စီနီယာက ပြုံးသည်။ ဘာရယ်မဟုတ် အမြန်အကြည့်လွှဲမိသည်။

"မနေ့က Jayy မွေးနေ့ဆုတောင်းပေးသေးလား"

မပြောဖို့ ဆုံးဖြတ်ထားသော်လည်း မေးတဲ့သူက မေးလာပြီမို့ တမှူးတို့ ပြန်ပြောဖို့ပြင်ရတော့သည်။ 'I adore you' ဟူသော သီချင်းလေးကို သတိရမိတော့ နှုတ်ခမ်းတို့ကပြုံးမိရပြန်သည်။

"Jayy ကျွန်တော့်ကို မွေးနေ့လက်ဆောင်အဖြစ် cover song တစ်ပုဒ် သူကိုယ်တိုင်ဆိုပြီးပို့ပေးတယ်"

"ဟုတ်လား...ဘာသီချင်းလဲ"

"I Adore You တဲ့"

"I Adore You? "

စီနီယာက တမှူးကို ခပ်ငေးငေးကြည့်လျက် သံယောင်လိုက်ရေရွတ်သည်။

"အင်း...ကိုယ်နားထောင်ဖူးတယ် ၊ သဘောကျလား"

"အဟီး...အရမ်းသဘောကျတယ် ၊ စီနီယာ စဥ်းစားကြည့်ဗျာ ၊ အဲ့သီချင်းရဲ့ အဓိပ္ပါယ်ကိုလေ ၊ မွေးနေ့လက်ဆောင်က မွေးနေ့နဲ့ပတ်သတ်တဲ့ သီချင်းမဟုတ်ဘဲ I adore you တဲ့ ၊ ပြီးတော့ Jayy ကိုယ်တိုင် ကာဗာဆိုပို့တာဗျာ ၊ မိတ်ဆွေတွေဆို အဲ့လို ဘယ်ပို့မလဲနော် ၊ Jayy ရင်ထဲမှာ ကျွန်တော်နဲ့ပတ်သတ်ပြီးတစ်ခုခုရှိနေမှာ ကျိန်းသေတယ်"

ဘာကြောင့်မှန်းမသိ အားနာသလို ခံစားရ၍ မပြောတော့ဘူး စိတ်ကူးထားသော်လည်း တကယ်တမ်းတော့ အားရပါးရပြောချမိသွားပြန်သည်။ ပြောပြီးမှ မဆီမဆိုင် စီနီယာ့ကို အားနာသလို ခံစားလာရပြန်သည်။ နေရခက်စွာ စောင်းငဲ့ကြည့်မိတော့ နှစ်နှစ်ခြိုက်ခြိုက်ပြုံးနေသည့် စီနီယာ့ကို တွေ့ရသည်။

အတန်းရှေ့ရောက်တော့ စီနီယာက ပြုံးပြနှုတ်ဆက်ကာ ထွက်သွားသည်။ ထုံစံအတိုင်း ကျောပြင်တစ်ခုကို ပျောက်ကွယ်သွားသည်အထိ အကြောင်းပြချက်မဲ့ ရပ်ကြည့်မိပြန်သည်။ ရင်ဘက်ထဲမှာ တစ်ခုခုလိုအပ်နေခဲ့သလိုလိုပဲ။

***************

"ဆက်မယ်...မဆက်ဘူး...ဆက်မယ်...မဆက်ဘူး...ဆက်မယ်...မဆက်...ဟာကွာ ချီးပဲ"

မနက်ကမှ အလှပန်းအိုးတွင် နေရာယူထားသော ရေမွှေးနှင်းဆီလေးသည် တမှူး လက်ချက်ဖြင့် နောက်ဆုံးပွင့်ဖက်တစ်ခုနှင့် ရိုးတံသာကျန်တော့သည်။

ယနေ့ညတော့ Jayy ဆီ ဖုန်းဆက်ချင်သည်။ သို့ပေမယ့် ကြောက်လည်းကြောက်ပြန်သည်။ ဖုန်းဆက်ချင်စိတ်နှင့် ကြောက်စိတ်တို့ အားပြိုင်သည့်အခါ ကြားထဲမှ ရေမွှေးနှင်းဆီလေးသည် ဓားစာခံ ဖြစ်ခဲ့ရရှာသည်။

အခုလေးတင် အင်္ဂါနေ့ဖြစ်သဖြင့် Jayy က update လုပ်သွားသည်။ သို့သော် တင်ပြီးပြီးချင်းပြန်ဆင်းသွားပုံရ၏။ တမှူး စာပို့သော်လည်း အမှန်ခြစ်အမှတ်အသားမပြ။

တမှူးလည်း ယခုနောက်ပိုင်း အကျင့်ပျက်လာသည်။ Jayy နှင့် ရင်းရင်းနှီးနှီးစကားပြောခွင့်ရတော့ fic တစ်ပိုင်းပြီးတိုင်း ပို့သည့်စာလေးတွေမမှန်တော့။ ထိုစာလေးများအစား တခြားအကြောင်းအရာတွေပြောခြင်းသာ အစားထိုးလာသည်။ ယခု Jayyက လိုင်းပေါ်တွင် စာမကြည့်၍ တမှူးဘက်မှစကာ ဖုန်းဆက်ဖို့ စဥ်းစားမိသည်။

နှင်းဆီဗေဒင်က မဆက်ဖို့ အလှည့်ကျသော်လည်း ရင်ထဲက ဆန္ဒကို နောက်ဆုံး နှင်းဆီဗေဒင်လည်း မတားမြစ်နိုင်ခဲ့။

တတူတူဝင်သွားသော ဖုန်းလေးကို ဗုံးတစ်လုံးအလား မမှိန်မသုတ်စိုက်ကြည့်နေမိသည်။ ဟိုက်...သွားပြီ...။ တယ်လီနောနဲ့ ခေါ်ရမှာကို အော်ရီဒူးနဲ့ မှားခေါ်မိပြီ။ ဖုန်းနံပါတ်အစိမ်းဆိုပြီး မကိုင်ဘဲနေဦးမယ်။ ထို့ကြောင့် ပြန်ချပြီး ပြန်ခေါ်ဖို့ပြင်လိုက်စဥ် တစ်ဖက်မှ ဖုန်းကိုင်သွားသည်။

"ဟဲလို"တဲ့။

ဇောချွေးများ ပျံလာသည်။

"ဟဲ...ဟဲလို"

"အင်း...ယုန်ပေါက် ပြော"

ဟင်...ဟဲလို အသံကြားရုံနဲ့ တမှူးမှန်းသိတယ်လား။

"အာ...Jayy... ကျွန်တော်မှန်းသိတယ်"

"အဟား...ယုန်ပေါက်အပါအဝင်မှ သုံးယောက်ပဲရှိတဲ့ ကိုယ့်ဖုန်းနံပါတ်ကိုသိတဲ့လူတွေအထဲမှာ ယုန်ပေါက်အသံကို ကိုယ်က မမှတ်မိစရာလား"

ရင်ထဲ ဝမ်းနည်သလိုလိုဝမ်းသာသလိုလိုဖြစ်သွားသည်။ ဝမ်းသာခြင်းက Jayy ၏ အဓိက အရေးပါသူတွေထဲမှာ တမှူးပါဝင်သည်ဟုတွေးမိသောကြောင့်ဖြစ်ပြီး ဝမ်းနည်းခြင်းက ကျန်နှစ်ယောက်က မည်သူလဲဟုတွေးမိခြင်းကြောင့်ဖြစ်သည်။

"Jayy လိုင်းပေါ်မှာ စာမပြန်လို့ ဖုန်းဆက်လိုက်တာ"

"အင်း ဟုတ်တယ် ၊ ကိုယ် ထမင်းစားနေလို့ လိုင်းပြန်ဆင်းလိုက်တာ"

"ဟင် အခုမှ ထမင်းစားတာလား ၊ နောက်ကျနေပြီကို"

"အင်း...ကိုယ်ညနေက ရေချိုးနောက်ကျသွားလို့၊ နောက်ပြီး ဇာတ်လမ်းအချောပြန်စစ်တာလည်းကြာသွားလို့"

"ဒါဆို ကျွန်တော်ကြောင့် ထမင်းစားတာ အနှောက်အယှက်ဖြစ်တော့မှာပဲ"

"ရပါတယ် ယုန်ပေါက်ရဲ့ ၊ လက်က ထမင်းစားနေလည်း ပါးစပ်ကပြောနေလို့ရတယ်"

ပြောရင်း Jayy က ပါးစပ်ထဲ ထမင်းထည့်လိုက်ပုံရသည်။ တစ်ခုခုဝါးနေသည့်အသံလိုမျိုးထွက်လာသည်။ ထမင်းစားနေသည့် Jayy ကို မြင်ယောင်ပုံဖော်ကြည့်ရင်း ရင်ထဲကြည်နူးသလိုလိုတောင် ဖြစ်သွားသည်။

"ပါးစပ်ကလည်း ထမင်းဝါးရဦးမယ်လေ"

"ဝါးရင်းပြောလို့ရပါတယ်"

ပလုတ်ပလောင်းအသံဟု ယူဆရမည်လား။ တမှူး အသံထွက်သည်အထိ ရယ်မောလိုက်မိသည်။

"ကိုယ့်ကို လှောင်နေတာလား ယုန်ပေါက်"

"မဟုတ်ပါဘူး...ဒီတိုင်း ရီချင်လို့"

"ဟား...ဟား...ဒါနဲ့ မွေးနေ့လက်ဆောင် ကြိုက်လား"

"ကြိုက်တာပေါ့ဗျာ ၊ Jayy cover ဆိုထားတာ လုံးဝမိုက်ပဲ"

"အိုကေ...အိုကေ...ယုန်ပေါက် သဘောကျရင် ကိုယ်ကြိုးစားရကျိုးနပ်ပြီ"

"အဟီး...ဒါနဲ့လေ Jayy နဲ့ အသံဆင်တဲ့လူ ကျွန်တော်သိပြီဗျ ၊ ကျောင်းက စီနီယာတစ်ယောက်ပဲ သိလား ၊ သူက သီချင်းဆိုတာလည်း မိုက်တယ် ၊ Jayy အသံနဲ့ တော်တော်တူတယ် ၊ ဒါတောင် စီနီယာက မြန်မာသီချင်း Jayy က အင်္ဂလိပ်သီချင်း မိုလို့ သိပ်မသိသာတာ ၊ တကယ်လို လူမမြင်ရရင် တစ်ယောက်တည်းလို့တောင် ထင်ရမယ် သိလား"

"ဟုတ်လား...ဒါဆို အဲ့စီနီယာနဲ့ ကိုယ်နဲ့ သီချင်းဆိုတာ ဘယ်သူပိုကောင်းလဲ"

"အဲ..."

ငယ်ငယ်ကလို မေမေနဲ့ ဖေဖေ ဘယ်သူ့ပိုချစ်လဲ ဟု အမေးခံလိုက်ရသလိုပင်။

"အာ...အတူတူပဲလေ ၊ Jayy နဲ့ စီနီယာက အသံဆင်ပါတယ်ဆိုမှ...နှစ်ယောက်လုံး တူတူကောင်းတယ်"

"ဟုတ်လို့လား ၊ တစ်ယောက်ယောက်ကတော့သာမှာပါ"

"မသာပါဘူး ၊ အတူတူပါပဲဆို"

"ဟား...ဟား...ဟုတ်ပါပြီကွာ ၊ ထားလိုက်ပါတော့ အတူတူပဲလို့"

တမှူးသွားများမစိနိုင်တော့ပြန်ဘူး ။ စာပို့တော့လည်း စာပို့လို့။ ဖုန်းပြောတော့လည်း ဖုန်းပြောလို့။ ဘယ်လိုပဲဖြစ်ဖြစ်ရောဂါကရင့်နေတော့တာပဲ။

"အဟီး ဒါနဲ့ Jayy ဘာနဲ့ စားနေတာလဲ"

"အင်း...ကြက်သားကြော်ရယ် ၊ အစိမ်းကြော်ရယ်"

"ဟင်...အဲ့နှစ်ခုတည်းလား ၊ အရည်မပါဘာမပါနဲ့ ခြောက်ကပ်နေမှာပေါ့"

"ရေရှိတယ်လေ"

ပြောရင်း Jayy က ရေဘူးကို ဖုန်းနားကပ်ပြီးလှုပ်လိုက်သည်ထင်၏။ ရေသံကြားလိုက်ရသည်။

"အမ်...အဲ့လို ရေမဟုတ်ဘူးလေ ၊ အရည်ဟင်းကို ပြောတာ"

"ဟား...ဟား...၊ ကိုယ်က အဲ့လို စားတာအကျင့်ဖြစ်နေပြီ ယုန်ပေါက်ရဲ့ ၊ ဗိုက်ထဲရောက်သွားရင်ပြီးရော ဘာနဲ့ ဖြစ်ဖြစ် ကိုယ်က စားနိုင်တယ်"

"အဲ့ဒါတွေ Jayy ဘာသာJayy ချက်တာလား"

"အင်းပေါ့ ၊ ကိုယ့်ဘာကိုယ်ချက်တာပေါ့"

"ဟင်...Jayy ကလည်း ၊ ကိုယ့်ဘာကိုယ်ချက်တာတောင် အူစိုအောင် မချက်ဘူး"

"သြော်...ဒါကတော့ ဘယ်တူလိမ့်မလဲကွာ ၊ ကိုယ့်ဘာကိုယ်ထက်စာရင် တခြားတစ်ယောက်က အူစိုစိုလေးချက်ကျွေးရင်တော့ ပိုကောင်းတာပေါ့"

ကျွန်တော်ချက်ကျွေးမယ်ဟု ပြောချင်နေသော လျှာကို အလျှင်အမြန်ဘရိတ်အုပ်လိုက်ရသည်။ တမှူးက ဘဲဥတောင် ဖြောင့်အောင်ကြော်တတ်တာမဟုတ်။ အဲ့လိုဆိုတော့ Jayy အတွက် လိုအပ်နေသည်က တမှူးလို ချစ်စဖွယ် ကောင်လေးတစ်ဦးမဟုတ်ဘဲ အိမ်မှုကိစ္စနိုင်နင်းသည့် အမျိုးသမီးကောင်းလေးတစ်ဦးပေါ့။ ရင်ဘက်ထဲ ဟာကနဲ့ ခံစားလိုက်ရသည်။

"ဟေ့ ယုန်ပေါက် ၊ ဘာတွေစဥ်းစားနေတာလဲ ၊ ဘာလဲ ယုန်ပေါက်အသိထဲက အူစိုအောင်လုပ်ပေးနိုင်မယ့်သူကို စဥ်းစားနေတာလား"

ရင်ထဲ ဟာကနဲ့ ဖြစ်သွားပါတယ်ဆိုမှ ဝမ်းနည်းအောင် ဆက်လုပ်နေတယ်။ အဲ့လောက်ထိ မိန်းမလိုချင်နေရင် ဘာလို့ boy love တွေရေးနေသေးလဲ ။ အီး...Jayy က straight ကြီးများလား။

"တကယ် စဥ်းစားနေတာပဲ ၊ စကားတောင် ပြန်မလာဘူး ၊ ဟုတ်ပြီ ဟုတ်ပြီ သေချာစဥ်းစား ၊ ကိုယ့်အကြိုက်က ချစ်ဖို့ကောင်းရမယ် ၊ပါးဖောင်းဖောင်းလေးတွေရှိရမယ် ၊ နောက်ပြီး..."

"တော်... ဘာမှမစဥ်းစားပေးဘူး ၊ အဲ့လောက်ထိ အူစိုအောင်လုပ်ပေးနိုင်တဲ့သူကို လိုချင်နေရင်လည်း လိုင်းပေါ်ပို့စ်တင်ပြီး ရှာလိုက် ၊ အဲ့မှာ Jayy ဆီကို ရောက်လာပါလိမ့်မယ် တစ်ပြုံကြီး ၊ ကျွန်တော့် အမျိုးထဲကတော့ သေတောင်မပေးဘူး ၊ အဲ့မှာ ကိုယ့်ဘာကိုယ်ထမင်းစားပြီး စျေးဗန်းခင်းဖို့သာ စဥ်းစားနေလိုက်တော့ ဒါပဲ"

ပြောပြီး ဆောင့်အောင့်ကာ ဖုန်းချပစ်လိုက်သည်။

စိတ်ဆိုးတယ် ။ တကယ် စိတ်တိုတယ် ။ တစ်သတ်လုံးတမှူးခေတ်မှ ချွတ်မပေးရင် လူပျိုကြီးဖြစ်ပါစေ။

Jayy က ချက်ချင်း ဖုန်းပြန်ခေါ်လာသည်။ စိတ်က ကျေနပ်၍ နှုတ်ခမ်းက ပြုံးချင်ချင်ဖြစ်သွားသော်လည်း အမြန်ပြန်ထိန်းလိုက်သည်။ မကိုင်ပါဘူး။ စိတ်တိုနေတယ်။

တင်...။

အပြင် message ဝင်လာသည်မို့ ကြည့်လိုက်တော့ Jayy ပို့တာပင်။

'ယုန်ပေါက်အမျိုးထဲကမပေးချင်လည်း ရပါတယ် ၊ အသိထဲကဆိုလည်း အဆင်ပြေတယ်'

"ချီးပဲ..."

အသံထွက် ရေရွတ်မိသည်အထိ အသည်းယားသွားသည်။ ဒါတမင်သက်သက် Jayy တမှူးကို စနေတာ။

စိတ်တိုတယ်ဟု တဖွဖွရေရွတ်ရင်း နှုတ်ခမ်းတွေကတော့ ပြုံးနေမိတာပါပဲ။ နောက်တစ်ခေါက် ဖုန်းထပ်မဆက်တော့ပါဘူးလေ။ Jayy ထမင်းစားပျက်လိမ့်မယ်။ ဒီလောက် အသံလေးကြားရရင်လည်း တမှူးတို့ ကောင်းကောင်း အိပ်ပျော်ပါပြီ။

ကြည်နူးစွာပြုံးရင်း အိပ်ယာထက်လှဲကာ မျက်ဝန်းတို့ကို မှေးမှိတ်မိသည်။ Jayy ၏ ရုပ်ပုံလွှာကို စိတ်ကူးနှင့်မှန်းဆပုံဖော်မိသည်။ ထိုအချိန် စိတ်၏ အမြင်အာရုံတွင် ထင်ဟပ်လာသော မျက်ဝန်းညိုများ။

ငေါက်ကနဲ့ ကုတင်ပေါ်မှ ထထိုင်မိသည်။ Jayy အကြောင်းတွေးနေရာကနေ ဘာလို့ စီနီယာ့ဆီ အတွေးရောက်သွားရတာလဲ။ ခေါင်းကို တွင်တွင်ခါယမ်းရင်း ရင်ဘက်ကို ဖိမိသည်။ ကိုယ့်အတွေးကိုကိုယ် အရမ်းလန့်သွားပုံရ၏။

Jayy နဲ့ စီနီယာနဲ့ ဘယ်သူ အသံပိုကောင်းသလဲ...။

ထိုမေးခွန်းကို ပြန်လည်ကြားယောင်မိသလိုရှိသည်။ အကယ်၍...

Jayy နှင့် စီနီယာ ဘယ်သူ့ပိုချစ်သလဲ မေးလာခဲ့လျှင်ရော...။

အာ...တမှူးခေတ် တစ်ယောက်ဘာတွေးနေပြန်တာလဲ...။ ရှင်းရှင်းလေးကို...။ Jayy က crush... စီနီယာက အစ်ကိုလိုခင်ရသူလေ။ ယှဥ်စရာမှ မလိုတာ။ တော်ပြီ...တော်ပြီ။

တမှူးခေတ်တို့ အိပ်သင့်ပြီ။

**********

အားလုံးကို ကျေးဇူးတင်လျက်
Sakura Rain🌸

(Zawgyi)

လမ္းေလွ်ာက္ရင္း ေခါင္းေပၚ ေဝ့ဝဲက်လာေသာ သစ္႐ြက္ေလးကို လက္ျဖင့္ ဖမ္းယူလိုက္မိသည္။ သဘာဝအတိုင္း ပိုးကိုက္ထားသျဖင့္ အသည္းပုံစံျဖစ္ေနေသာ သစ္႐ြက္ေလး။ ထို႔ေနာက္ ဘာရယ္မဟုတ္ ထိုသစ္႐ြက္ေလးကို လြယ္အိတ္ထဲထည့္သိမ္းလိုက္မိသည္။

ေႏြရာသီမနက္ခင္း၏ ေကာင္းကင္ျပာသည္ တိမ္ကင္းစင္ကာ ၾကည္လင္ေနသည္။ တိတ္ဆိတ္စြာေလွ်ာက္လွမ္းေနေသာ စီနီယာ့ကို ေဘးတေစာင္းငဲ့ၾကည့္မိသည္။ ေသခ်ာ အာ႐ုံစိုက္ၾကည့္မွ ျမင္ႏိုင္ေသာ ဘယ္ဘက္နားထင္မွ မွဲ႔နက္ေလးသည္ ဆံပင္ငုတ္စိမ်ားၾကားတြင္ တည္႐ွိေနသည္။ ထိုမွဲ႔နက္ေလးကို ၾကည့္မိေတာ့ မ်က္ဝန္းညိဳတစ္စုံက အျမင္အာ႐ုံတြင္ ထင္ဟပ္လာသည္။

Jayy ပို႔ေပးသည့္ ေမြးေန႔လက္ေဆာင္ video အေၾကာင္းကို စီနီယာ့အားေျပာျပရန္ ေတြေဝေနမိသည္။ တစ္ခါမွ မျဖစ္ေပၚဖူးခဲ့သည့္ စီနီယာ့အေပၚ အားနာသလို ခံစားခ်က္မ်ိဳးဝင္ေနမိသည္။ ကိုယ့္အေပၚဂ႐ုစိုက္လြန္းေသာ လူတစ္ေယာက္ကို တစ္ျခားလူတစ္ေယာက္၏ ဂ႐ုစိုက္မႈအေၾကာင္း စာဖြဲ႕မေျပာသင့္ေတာ့ဘူးထင္တယ္။

"တိတ္ေနလိုက္တာ...ဘာေတြေတြးေနလဲ"

"ဟင့္အင္း...ဘာမွ မေတြးပါဘူး "

႐ုတ္တရတ္ လွည့္ၾကည့္လာေသာ မ်က္ဝန္းညိဳမ်ားကို ဆုံၾကည့္ဖို႔ ေ႐ွာင္လႊဲရင္း တိုးတိတ္စြာျပန္ေျဖမိသည္။ အေတြးေတြမ်ားေနလြန္း၍ ဘာေတြးေနသလဲဟု ေခါင္းစဥ္တပ္ဖို႔ပင္ ခဲယဥ္းေနသည္။

"ညက ေကာင္းေကာင္းအိပ္ေပ်ာ္ရဲ႕လား"

"ဟုတ္ အိပ္ေပ်ာ္ပါတယ္ ၊ စီနီယာေရာ..."

"အင္း...ေပ်ာ္ပါတယ္"

အနည္းငယ္မွ်ေသာ စကားလုံးတို႔က ပုံမွန္ထက္ေလးေနသည္ဟုခံစားရသည္။

"စီနီယာ ေနမေကာင္းဘူးလား ၊ စကားေျပာတာ ေလးေနသလိုပဲ"

ခန္႔မွန္းရခက္ေသာ အရိပ္တစ္ခ်ိဳ႕ ျဖတ္ေျပးသြားသည္။

"အဟား...အရမ္းသိသာေနလား ၊ အင္း...ကိုယ္ညက အိမ္ျပန္ေရာက္ေတာ့ နည္းနည္းထပ္ေသာက္ျဖစ္တယ္ ၊ ခန္႔မင္းသူတို႔နဲ႔ေလ"

"ဟာဗ်ာ ၊ ကြၽန္ေတာ္ေတာင္ စီနီယာတို႔ မူးမွာစိုးလို႔ အမ်ားႀကီး မတိုက္လိုက္တာကို"

"အင္း...နည္းနည္းစမိသြားလို႔ျဖစ္မယ္"

ေျပာၿပီး စီနီယာက ျပဳံးသည္။ ဘာရယ္မဟုတ္ အျမန္အၾကည့္လႊဲမိသည္။

"မေန႔က Jayy ေမြးေန႔ဆုေတာင္းေပးေသးလား"

မေျပာဖို႔ ဆုံးျဖတ္ထားေသာ္လည္း ေမးတဲ့သူက ေမးလာၿပီမို႔ တမႉးတို႔ ျပန္ေျပာဖို႔ျပင္ရေတာ့သည္။ 'I adore you' ဟူေသာ သီခ်င္းေလးကို သတိရမိေတာ့ ႏႈတ္ခမ္းတို႔ကျပဳံးမိရျပန္သည္။

"Jayy ကြၽန္ေတာ္႕ကို ေမြးေန႔လက္ေဆာင္အျဖစ္ cover song တစ္ပုဒ္ သူကိုယ္တိုင္ဆိုၿပီးပို႔ေပးတယ္"

"ဟုတ္လား...ဘာသီခ်င္းလဲ"

"I Adore You တဲ့"

"I Adore You? "

စီနီယာက တမႉးကို ခပ္ေငးေငးၾကည့္လ်က္ သံေယာင္လိုက္ေရ႐ြတ္သည္။

"အင္း...ကိုယ္နားေထာင္ဖူးတယ္ ၊ သေဘာက်လား"

"အဟီး...အရမ္းသေဘာက်တယ္ ၊ စီနီယာ စဥ္းစားၾကည့္ဗ်ာ ၊ အဲ့သီခ်င္းရဲ႕ အဓိပၸါယ္ကိုေလ ၊ ေမြးေန႔လက္ေဆာင္က ေမြးေန႔နဲ႔ပတ္သတ္တဲ့ သီခ်င္းမဟုတ္ဘဲ I adore you တဲ့ ၊ ၿပီးေတာ့ Jayy ကိုယ္တိုင္ ကာဗာဆိုပို႔တာဗ်ာ ၊ မိတ္ေဆြေတြဆို အဲ့လို ဘယ္ပို႔မလဲေနာ္ ၊ Jayy ရင္ထဲမွာ ကြၽန္ေတာ္နဲ႔ပတ္သတ္ၿပီးတစ္ခုခု႐ွိေနမွာ က်ိန္းေသတယ္"

ဘာေၾကာင့္မွန္းမသိ အားနာသလို ခံစားရ၍ မေျပာေတာ့ဘူး စိတ္ကူးထားေသာ္လည္း တကယ္တမ္းေတာ့ အားရပါးရေျပာခ်မိသြားျပန္သည္။ ေျပာၿပီးမွ မဆီမဆိုင္ စီနီယာ့ကို အားနာသလို ခံစားလာရျပန္သည္။ ေနရခက္စြာ ေစာင္းငဲ့ၾကည့္မိေတာ့ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ျပဳံးေနသည့္ စီနီယာ့ကို ေတြ႕ရသည္။

အတန္းေ႐ွ႕ေရာက္ေတာ့ စီနီယာက ျပဳံးျပႏႈတ္ဆက္ကာ ထြက္သြားသည္။ ထုံစံအတိုင္း ေက်ာျပင္တစ္ခုကို ေပ်ာက္ကြယ္သြားသည္အထိ အေၾကာင္းျပခ်က္မဲ့ ရပ္ၾကည့္မိျပန္သည္။ ရင္ဘက္ထဲမွာ တစ္ခုခုလိုအပ္ေနခဲ့သလိုလိုပဲ။

***************

"ဆက္မယ္...မဆက္ဘူး...ဆက္မယ္...မဆက္ဘူး...ဆက္မယ္...မဆက္...ဟာကြာ ခ်ီးပဲ"

မနက္ကမွ အလွပန္းအိုးတြင္ ေနရာယူထားေသာ ေရေမႊးႏွင္းဆီေလးသည္ တမႉး လက္ခ်က္ျဖင့္ ေနာက္ဆုံးပြင့္ဖက္တစ္ခုႏွင့္ ႐ိုးတံသာက်န္ေတာ့သည္။

ယေန႔ညေတာ့ Jayy ဆီ ဖုန္းဆက္ခ်င္သည္။ သို႔ေပမယ့္ ေၾကာက္လည္းေၾကာက္ျပန္သည္။ ဖုန္းဆက္ခ်င္စိတ္ႏွင့္ ေၾကာက္စိတ္တို႔ အားၿပိဳင္သည့္အခါ ၾကားထဲမွ ေရေမႊးႏွင္းဆီေလးသည္ ဓားစာခံ ျဖစ္ခဲ့ရ႐ွာသည္။

အခုေလးတင္ အဂၤါေန႔ျဖစ္သျဖင့္ Jayy က update လုပ္သြားသည္။ သို႔ေသာ္ တင္ၿပီးၿပီးခ်င္းျပန္ဆင္းသြားပုံရ၏။ တမႉး စာပို႔ေသာ္လည္း အမွန္ျခစ္အမွတ္အသားမျပ။

တမႉးလည္း ယခုေနာက္ပိုင္း အက်င့္ပ်က္လာသည္။ Jayy ႏွင့္ ရင္းရင္းႏွီးႏွီးစကားေျပာခြင့္ရေတာ့ fic တစ္ပိုင္းၿပီးတိုင္း ပို႔သည့္စာေလးေတြမမွန္ေတာ့။ ထိုစာေလးမ်ားအစား တျခားအေၾကာင္းအရာေတြေျပာျခင္းသာ အစားထိုးလာသည္။ ယခု Jayyက လိုင္းေပၚတြင္ စာမၾကည့္၍ တမႉးဘက္မွစကာ ဖုန္းဆက္ဖို႔ စဥ္းစားမိသည္။

ႏွင္းဆီေဗဒင္က မဆက္ဖို႔ အလွည့္က်ေသာ္လည္း ရင္ထဲက ဆႏၵကို ေနာက္ဆုံး ႏွင္းဆီေဗဒင္လည္း မတားျမစ္ႏိုင္ခဲ့။

တတူတူဝင္သြားေသာ ဖုန္းေလးကို ဗုံးတစ္လုံးအလား မမွိန္မသုတ္စိုက္ၾကည့္ေနမိသည္။ ဟိုက္...သြားၿပီ...။ တယ္လီေနာနဲ႔ ေခၚရမွာကို ေအာ္ရီဒူးနဲ႔ မွားေခၚမိၿပီ။ ဖုန္းနံပါတ္အစိမ္းဆိုၿပီး မကိုင္ဘဲေနဦးမယ္။ ထို႔ေၾကာင့္ ျပန္ခ်ၿပီး ျပန္ေခၚဖို႔ျပင္လိုက္စဥ္ တစ္ဖက္မွ ဖုန္းကိုင္သြားသည္။

"ဟဲလို"တဲ့။

ေဇာေခြၽးမ်ား ပ်ံလာသည္။

"ဟဲ...ဟဲလို"

"အင္း...ယုန္ေပါက္ ေျပာ"

ဟင္...ဟဲလို အသံၾကား႐ုံနဲ႔ တမႉးမွန္းသိတယ္လား။

"အာ...Jayy... ကြၽန္ေတာ္မွန္းသိတယ္"

"အဟား...ယုန္ေပါက္အပါအဝင္မွ သုံးေယာက္ပဲ႐ွိတဲ့ ကိုယ့္ဖုန္းနံပါတ္ကိုသိတဲ့လူေတြအထဲမွာ ယုန္ေပါက္အသံကို ကိုယ္က မမွတ္မိစရာလား"

ရင္ထဲ ဝမ္းနည္သလိုလိုဝမ္းသာသလိုလိုျဖစ္သြားသည္။ ဝမ္းသာျခင္းက Jayy ၏ အဓိက အေရးပါသူေတြထဲမွာ တမႉးပါဝင္သည္ဟုေတြးမိေသာေၾကာင့္ျဖစ္ၿပီး ဝမ္းနည္းျခင္းက က်န္ႏွစ္ေယာက္က မည္သူလဲဟုေတြးမိျခင္းေၾကာင့္ျဖစ္သည္။

"Jayy လိုင္းေပၚမွာ စာမျပန္လို႔ ဖုန္းဆက္လိုက္တာ"

"အင္း ဟုတ္တယ္ ၊ ကိုယ္ ထမင္းစားေနလို႔ လိုင္းျပန္ဆင္းလိုက္တာ"

"ဟင္ အခုမွ ထမင္းစားတာလား ၊ ေနာက္က်ေနၿပီကို"

"အင္း...ကိုယ္ညေနက ေရခ်ိဳးေနာက္က်သြားလို႔၊ ေနာက္ၿပီး ဇာတ္လမ္းအေခ်ာျပန္စစ္တာလည္းၾကာသြားလို႔"

"ဒါဆို ကြၽန္ေတာ္ေၾကာင့္ ထမင္းစားတာ အေႏွာက္အယွက္ျဖစ္ေတာ့မွာပဲ"

"ရပါတယ္ ယုန္ေပါက္ရဲ႕ ၊ လက္က ထမင္းစားေနလည္း ပါးစပ္ကေျပာေနလို႔ရတယ္"

ေျပာရင္း Jayy က ပါးစပ္ထဲ ထမင္းထည့္လိုက္ပုံရသည္။ တစ္ခုခုဝါးေနသည့္အသံလိုမ်ိဳးထြက္လာသည္။ ထမင္းစားေနသည့္ Jayy ကို ျမင္ေယာင္ပုံေဖာ္ၾကည့္ရင္း ရင္ထဲၾကည္ႏူးသလိုလိုေတာင္ ျဖစ္သြားသည္။

"ပါးစပ္ကလည္း ထမင္းဝါးရဦးမယ္ေလ"

"ဝါးရင္းေျပာလို႔ရပါတယ္"

ပလုတ္ပေလာင္းအသံဟု ယူဆရမည္လား။ တမႉး အသံထြက္သည္အထိ ရယ္ေမာလိုက္မိသည္။

"ကိုယ့္ကို ေလွာင္ေနတာလား ယုန္ေပါက္"

"မဟုတ္ပါဘူး...ဒီတိုင္း ရီခ်င္လို႔"

"ဟား...ဟား...ဒါနဲ႔ ေမြးေန႔လက္ေဆာင္ ႀကိဳက္လား"

"ႀကိဳက္တာေပါ့ဗ်ာ ၊ Jayy cover ဆိုထားတာ လုံးဝမိုက္ပဲ"

"အိုေက...အိုေက...ယုန္ေပါက္ သေဘာက်ရင္ ကိုယ္ႀကိဳးစားရက်ိဳးနပ္ၿပီ"

"အဟီး...ဒါနဲ႔ေလ Jayy နဲ႔ အသံဆင္တဲ့လူ ကြၽန္ေတာ္သိၿပီဗ် ၊ ေက်ာင္းက စီနီယာတစ္ေယာက္ပဲ သိလား ၊ သူက သီခ်င္းဆိုတာလည္း မိုက္တယ္ ၊ Jayy အသံနဲ႔ ေတာ္ေတာ္တူတယ္ ၊ ဒါေတာင္ စီနီယာက ျမန္မာသီခ်င္း Jayy က အဂၤလိပ္သီခ်င္း မိုလို႔ သိပ္မသိသာတာ ၊ တကယ္လို လူမျမင္ရရင္ တစ္ေယာက္တည္းလို႔ေတာင္ ထင္ရမယ္ သိလား"

"ဟုတ္လား...ဒါဆို အဲ့စီနီယာနဲ႔ ကိုယ္နဲ႔ သီခ်င္းဆိုတာ ဘယ္သူပိုေကာင္းလဲ"

"အဲ..."

ငယ္ငယ္ကလို ေမေမနဲ႔ ေဖေဖ ဘယ္သူ႕ပိုခ်စ္လဲ ဟု အေမးခံလိုက္ရသလိုပင္။

"အာ...အတူတူပဲေလ ၊ Jayy နဲ႔ စီနီယာက အသံဆင္ပါတယ္ဆိုမွ...ႏွစ္ေယာက္လုံး တူတူေကာင္းတယ္"

"ဟုတ္လို႔လား ၊ တစ္ေယာက္ေယာက္ကေတာ့သာမွာပါ"

"မသာပါဘူး ၊ အတူတူပါပဲဆို"

"ဟား...ဟား...ဟုတ္ပါၿပီကြာ ၊ ထားလိုက္ပါေတာ့ အတူတူပဲလို႔"

တမႉးသြားမ်ားမစိႏိုင္ေတာ့ျပန္ဘူး ။ စာပို႔ေတာ့လည္း စာပို႔လို႔။ ဖုန္းေျပာေတာ့လည္း ဖုန္းေျပာလို႔။ ဘယ္လိုပဲျဖစ္ျဖစ္ေရာဂါကရင့္ေနေတာ့တာပဲ။

"အဟီး ဒါနဲ႔ Jayy ဘာနဲ႔ စားေနတာလဲ"

"အင္း...ၾကက္သားေၾကာ္ရယ္ ၊ အစိမ္းေၾကာ္ရယ္"

"ဟင္...အဲ့ႏွစ္ခုတည္းလား ၊ အရည္မပါဘာမပါနဲ႔ ေျခာက္ကပ္ေနမွာေပါ့"

"ေရ႐ွိတယ္ေလ"

ေျပာရင္း Jayy က ေရဘူးကို ဖုန္းနားကပ္ၿပီးလႈပ္လိုက္သည္ထင္၏။ ေရသံၾကားလိုက္ရသည္။

"အမ္...အဲ့လို ေရမဟုတ္ဘူးေလ ၊ အရည္ဟင္းကို ေျပာတာ"

"ဟား...ဟား...၊ ကိုယ္က အဲ့လို စားတာအက်င့္ျဖစ္ေနၿပီ ယုန္ေပါက္ရဲ႕ ၊ ဗိုက္ထဲေရာက္သြားရင္ၿပီးေရာ ဘာနဲ႔ ျဖစ္ျဖစ္ ကိုယ္က စားႏိုင္တယ္"

"အဲ့ဒါေတြ Jayy ဘာသာJayy ခ်က္တာလား"

"အင္းေပါ့ ၊ ကိုယ့္ဘာကိုယ္ခ်က္တာေပါ့"

"ဟင္...Jayy ကလည္း ၊ ကိုယ့္ဘာကိုယ္ခ်က္တာေတာင္ အူစိုေအာင္ မခ်က္ဘူး"

"ေၾသာ္...ဒါကေတာ့ ဘယ္တူလိမ့္မလဲကြာ ၊ ကိုယ့္ဘာကိုယ္ထက္စာရင္ တျခားတစ္ေယာက္က အူစိုစိုေလးခ်က္ေကြၽးရင္ေတာ့ ပိုေကာင္းတာေပါ့"

ကြၽန္ေတာ္ခ်က္ေကြၽးမယ္ဟု ေျပာခ်င္ေနေသာ လွ်ာကို အလွ်င္အျမန္ဘရိတ္အုပ္လိုက္ရသည္။ တမႉးက ဘဲဥေတာင္ ေျဖာင့္ေအာင္ေၾကာ္တတ္တာမဟုတ္။ အဲ့လိုဆိုေတာ့ Jayy အတြက္ လိုအပ္ေနသည္က တမႉးလို ခ်စ္စဖြယ္ ေကာင္ေလးတစ္ဦးမဟုတ္ဘဲ အိမ္မႈကိစၥႏိုင္နင္းသည့္ အမ်ိဳးသမီးေကာင္းေလးတစ္ဦးေပါ့။ ရင္ဘက္ထဲ ဟာကနဲ႔ ခံစားလိုက္ရသည္။

"ေဟ့ ယုန္ေပါက္ ၊ ဘာေတြစဥ္းစားေနတာလဲ ၊ ဘာလဲ ယုန္ေပါက္အသိထဲက အူစိုေအာင္လုပ္ေပးႏိုင္မယ့္သူကို စဥ္းစားေနတာလား"

ရင္ထဲ ဟာကနဲ႔ ျဖစ္သြားပါတယ္ဆိုမွ ဝမ္းနည္းေအာင္ ဆက္လုပ္ေနတယ္။ အဲ့ေလာက္ထိ မိန္းမလိုခ်င္ေနရင္ ဘာလို႔ boy love ေတြေရးေနေသးလဲ ။ အီး...Jayy က straight ႀကီးမ်ားလား။

"တကယ္ စဥ္းစားေနတာပဲ ၊ စကားေတာင္ ျပန္မလာဘူး ၊ ဟုတ္ၿပီ ဟုတ္ၿပီ ေသခ်ာစဥ္းစား ၊ ကိုယ့္အႀကိဳက္က ခ်စ္ဖို႔ေကာင္းရမယ္ ၊ပါးေဖာင္းေဖာင္းေလးေတြ႐ွိရမယ္ ၊ ေနာက္ၿပီး..."

"ေတာ္... ဘာမွမစဥ္းစားေပးဘူး ၊ အဲ့ေလာက္ထိ အူစိုေအာင္လုပ္ေပးႏိုင္တဲ့သူကို လိုခ်င္ေနရင္လည္း လိုင္းေပၚပို႔စ္တင္ၿပီး ႐ွာလိုက္ ၊ အဲ့မွာ Jayy ဆီကို ေရာက္လာပါလိမ့္မယ္ တစ္ျပဳံႀကီး ၊ ကြၽန္ေတာ္႕ အမ်ိဳးထဲကေတာ့ ေသေတာင္မေပးဘူး ၊ အဲ့မွာ ကိုယ့္ဘာကိုယ္ထမင္းစားၿပီး ေစ်းဗန္းခင္းဖို႔သာ စဥ္းစားေနလိုက္ေတာ့ ဒါပဲ"

ေျပာၿပီး ေဆာင့္ေအာင့္ကာ ဖုန္းခ်ပစ္လိုက္သည္။

စိတ္ဆိုးတယ္ ။ တကယ္ စိတ္တိုတယ္ ။ တစ္သတ္လုံးတမႉးေခတ္မွ ခြၽတ္မေပးရင္ လူပ်ိဳႀကီးျဖစ္ပါေစ။

Jayy က ခ်က္ခ်င္း ဖုန္းျပန္ေခၚလာသည္။ စိတ္က ေက်နပ္၍ ႏႈတ္ခမ္းက ျပဳံးခ်င္ခ်င္ျဖစ္သြားေသာ္လည္း အျမန္ျပန္ထိန္းလိုက္သည္။ မကိုင္ပါဘူး။ စိတ္တိုေနတယ္။

တင္...။

အျပင္ message ဝင္လာသည္မို႔ ၾကည့္လိုက္ေတာ့ Jayy ပို႔တာပင္။

'ယုန္ေပါက္အမ်ိဳးထဲကမေပးခ်င္လည္း ရပါတယ္ ၊ အသိထဲကဆိုလည္း အဆင္ေျပတယ္'

"ခ်ီးပဲ..."

အသံထြက္ ေရ႐ြတ္မိသည္အထိ အသည္းယားသြားသည္။ ဒါတမင္သက္သက္ Jayy တမႉးကို စေနတာ။

စိတ္တိုတယ္ဟု တဖြဖြေရ႐ြတ္ရင္း ႏႈတ္ခမ္းေတြကေတာ့ ျပဳံးေနမိတာပါပဲ။ ေနာက္တစ္ေခါက္ ဖုန္းထပ္မဆက္ေတာ့ပါဘူးေလ။ Jayy ထမင္းစားပ်က္လိမ့္မယ္။ ဒီေလာက္ အသံေလးၾကားရရင္လည္း တမႉးတို႔ ေကာင္းေကာင္း အိပ္ေပ်ာ္ပါၿပီ။

ၾကည္ႏူးစြာျပဳံးရင္း အိပ္ယာထက္လွဲကာ မ်က္ဝန္းတို႔ကို ေမွးမွိတ္မိသည္။ Jayy ၏ ႐ုပ္ပုံလႊာကို စိတ္ကူးႏွင့္မွန္းဆပုံေဖာ္မိသည္။ ထိုအခ်ိန္ စိတ္၏ အျမင္အာ႐ုံတြင္ ထင္ဟပ္လာေသာ မ်က္ဝန္းညိဳမ်ား။

ေငါက္ကနဲ႔ ကုတင္ေပၚမွ ထထိုင္မိသည္။ Jayy အေၾကာင္းေတြးေနရာကေန ဘာလို႔ စီနီယာ့ဆီ အေတြးေရာက္သြားရတာလဲ။ ေခါင္းကို တြင္တြင္ခါယမ္းရင္း ရင္ဘက္ကို ဖိမိသည္။ ကိုယ့္အေတြးကိုကိုယ္ အရမ္းလန္႔သြားပုံရ၏။

Jayy နဲ႔ စီနီယာနဲ႔ ဘယ္သူ အသံပိုေကာင္းသလဲ...။

ထိုေမးခြန္းကို ျပန္လည္ၾကားေယာင္မိသလို႐ွိသည္။ အကယ္၍...

Jayy ႏွင့္ စီနီယာ ဘယ္သူ႕ပိုခ်စ္သလဲ ေမးလာခဲ့လွ်င္ေရာ...။

အာ...တမႉးေခတ္ တစ္ေယာက္ဘာေတြးေနျပန္တာလဲ...။ ႐ွင္း႐ွင္းေလးကို...။ Jayy က crush... စီနီယာက အစ္ကိုလိုခင္ရသူေလ။ ယွဥ္စရာမွ မလိုတာ။ ေတာ္ၿပီ...ေတာ္ၿပီ။

တမႉးေခတ္တို႔ အိပ္သင့္ၿပီ။

**********

အားလုံးကို ေက်းဇူးတင္လ်က္
Sakura Rain🌸







You are reading the story above: TeenFic.Net