(Unicode)
"You leave me breatheless...."
နှစ်ခြိုက်စွာအိပ်မောကျနေစဥ် နားထဲတိုးဝင်လာသော ဖုန်းသံက တမှူးကို ဖျပ်ကနဲ့ လန့်နိုးသွားစေသည်။ တိတ်ဆိတ်နေသော ညအမှောင်ဝယ် Shayne Ward ၏အသံက အတော်လေး ကျယ်လောင်နေသည်။ တိုင်ကပ်နာရီထံ အကြည့်ရောက်တော့ ည ၁၁ နာရီ ၅၅ မိနစ်။
အိပ်ချင်မူးတူးဖြင့် စားပွဲပေါ်မှ ဖုန်းကို ယူကြည့်လိုက်တော့ ဖုန်းမျက်နှာပြင်တွင်ပေါ်နေသည့်အမည်က စီနီယာ...။ ဒီအချိန်ကြီး ဘာလုပ်ဖို့ပါလိမ့် ။ မွေးနေ့ဆုတောင်းပေးဖို့ များလား...။ ဒါဆိုလည်း ဒီတိုင်း သူ့ဘာသူလိုင်းပေါ်မှာ ဆုမတောင်းပေးဘဲ တမှူးကို အိပ်ရေးပျက်အောင်လုပ်တယ်။
"ဟဲလို စီနီယာ"
"ဟဲလို...ကောင်လေး ၊ ခြံရှေ့ခဏထွက်ခဲ့ဦး"
"အမ်...ဘာလုပ်ဖို့လဲ "
"ကိုယ်ရောက်နေတယ်"
"ဘာ..."
အလျှင်အမြန် ပြတင်းပေါက်နားပြေးသွား၍ ကြည့်လိုက်သောအခါ ခြံရှေ့၌ ရပ်ထားသည့်ကားလေးဘေးတွင် ရပ်နေသော စီနီယာ...။
အိပ်ချင်မူးတူးစိတ်လေးတောင်ပျောက်သွားရသည်။ စီနီယာက ညသန်းခေါင်ကို တမှူးအတွက် မွေးနေ့ဆုတောင်းပေးဖို့ ဒီထိလာသည်တဲ့လား။ ရင်ထဲ စိမ့်ကနဲ့ ဖြစ်သွားသည်အထိ ကြည်နူးသွားသလို ခံစားရသည်။
"ဟုတ်...ကျွန်တော်ဆင်းခဲ့မယ်"
မေမေတို့မနိုးအောင် တိတ်တဆိတ်ခိုးဆင်းရသည်။ ရီလည်းရီချင်သည်။ ယခုတမှူးအဖြစ်က ညသန်းခေါင် ရည်းစားနှင့် ချိန်းတွေ့နေရသကဲ့သို့ပင်။ ခိုးကြောင်ခိုးဝှက်လုပ်နေမိသဖြင့် ရင်ထဲ တလှပ်လှပ်။ တမှူး ခြံတခါးသော့ဖွင့်နေချိန် စီနီယာက လက်လှမ်းပြသည်။
"ဒီအချိန်ကြီး အပင်ပန်းခံပြီးတော့ဗျာ..."
"မွေးနေ့ရှင်လေးကို အပြင်မှာတွေ့ပြီး ဆုတောင်းပေးချင်လို့လေ"
တမှူး ကြည်ကြည်နူးနူးပြုံးရပြန်သည်။ စီနီယာက တကယ်ကြင်နာတတ်တယ်။
"အဲ...စီနီယာ ဆံပင်ညှပ်လိုက်တာလား"
"အင်း...နေ့လည်က ကောင်လေးကို ပို့ပြီး အပြန်ဝင်ညှပ်လိုက်တာ"
"ဝါး...စီနီယာ ဒီဆံပင်ကေနဲ့ လိုက်တယ်"
စီနီယာက ပြုံးရင်း ကားနောက်ပိုင်းသို့ လျှောက်သွားသည်။ ထို့နောက် နာရီတစ်ချက်ကြည့်၍ ကားအနောက်ဖုံးကို ဖွင့်သည်။ ဘာများလုပ်မလဲဟု စိတ်ဝင်တစား ကြည့်နေဆဲမှာပင် ကားနောက်ဖုံးထဲမှ ရောင်စုံပူပေါင်းအချို့က အနှောင်အဖွဲ့မှ လွှတ်မြောက်သွားသလို အလုအယက် လွင့်ပျံလာကြသည်။
"ဝါး...."
ညသန်းခေါင် လမ်းမီးများ၏ အလင်းရောင်ဖြင့် ကောင်းကင်သို့ ပျံတက်သွားသော ရောင်စုံမိုးပျံပူပေါင်းများကို တမှူး ပါးစပ်အဟောင်းသားငေးကြည့်မိသည်။ စီနီယာက ဒီလိုတွေလုပ်တတ်လိမ့်မည်ဟု တကယ်မထင်ထားခဲ့။
"Happy Birthday ကောင်လေး"
"စီနီယာဗျာ..."
ထိုမျှသာ ခပ်ဖွဖွ ရေရွတ်နိုင်ပြီး စီနီယာ့လက်ထဲမှ တမှူး အရမ်းသဘောကျရသည့် တမှူးတစ်ရပ်မကမြင့်သော Stitch ရုပ်ကြီးကို ထပ်မံငေးမောကြည့်မိရပြန်သည်။ စီနီယာက တမှူးကို အပျော်လွန်ပြီး ရူးအောင်လုပ်နေတာပဲ။ ရင်ဘက်ထဲမှ တလှပ်လှပ်ဖြစ်လာပြီး အသက်ရှူတောင် မဝချင်တော့သလိုလို။ စီနီယာက အရုပ်ကြီးကို တမှူးလက်ထဲ ထည့်ပေးပြီး ခေါင်းကို ခပ်ဖွဖွပွတ်သပ်ပေးသည်။
"ပျော်ရွှင်ဖွယ် မွေးနေ့လေးဖြစ်ပါစေ ကောင်လေး..." တဲ့။
ဝမ်းသာလို့ငိုချင်စိတ်ကို ထိန်း၍ အရုပ်ကြီးကိုသာ တင်းကြပ်စွာပွေ့ဖက်လိုက်သည်။
"ကျေးဇူးတင်ပါတယ်..စီနီယာ ၊ စီနီယာက ကျွန်တော့်အတွက် အကောင်းဆုံးပဲ"
အရုပ်ကိုလက်တစ်ဖက်ဖြင့်ပိုက်ရင်း လက်တစ်ဖက်က လက်မထောင်ပြလိုက်သောအခါ စီနီယာက ပြုံးသည်။ လမ်းမီးရောင်ဖြင့် ဝိုးတဝါးမြင်ရသော စီနီယာ့အပြုံးက နွေးထွေးသည့်အငွေ့အသက်များ ဖုံးလွှမ်းနေသည်။
"အင်း...လာပါဦး ၊ မွေးနေ့ရှင်လေးကို ဖက်ရအောင်"
ကလေးတစ်ယောက်ကို ခေါ်သလို စီနီယာ လက်ကမ်းတော့ အရုပ်ကြီးကိုပိုက်လျက်ပင် စီနီယာ့ရင်ခွင်ထဲ ပစ်ဝင်လိုက်သည်။ စီနီယာက ခပ်ဖွဖွရယ်မောရင်း တမှူးရော အရုပ်ကြီးရော လဲမသွားအောင် ထိန်းဖက်ထားပေးသည်။ နည်းနည်းတော့ ကို့ရိုးကားယားနိုင်လိမ့်မည်။ သို့သော် ဒုတိယတစ်ကြိမ် ခိုဝင်မိသော စီနီယာ့ရင်ခွင်က နွေးထွေးလုံခြုံသည်။ တမှူး ထိန်းထားသည့်ကြားကပင် စီနီယာ့ရင်ဘက်မှ အင်္ကျီထက်ဝယ် မျက်ရည်အချို့စိုစွတ်သွားစေသည်။
" ဟောဗျာ... ဘာလို့ငိုနေတာလဲ ၊ မနက်ကျရင် မျက်လုံးတွေ ဖောင်းနေဦးမယ်"
စီနီယာက တီးတိုးဆိုရင်း တမှူးကျောပြင်ကို ခပ်ဖွဖွပွတ်သပ်ပေးသည်။
"ပျော်လို့ပေါ့ ၊ ကျွန်တော့်အပေါ် စီနီယာက အများကြီးအလေးထားတယ်ဆိုတာသိလိုက်ရလို့"
"ဟုတ်ပါပြီ...ပျော်ရင် အားရပါးရရီပစ် ၊ ငိုတော့မငိုနဲ့"
စိုစွတ်သွားသော စီနီယာ့ အင်္ကျီကို အားနာမှုကြောင့် ရင်ခွင်ထဲမှ ပြန်ရုန်းထွက်ကာ မျက်ရည်များကို ကိုယ့်ဘာကိုယ် ပွတ်ဆွဲသုတ်လိုက်သည်။ ထို့နောက် အရုပ်ကို ပိုက်ကာ ကားကိုမှီလိုက်ရင်း နှာရည်များကို တစ်ချက်နှစ်ချက်ရှုံ့လိုက်သည်။ စီနီယာက တမှူးကို ကြည့်ကာ ခပ်ဖွဖွရယ်မောပြန်သည်။
"ဒီနေ့ည ကြယ်တွေစုံတယ်နော်"
တမှူးနည်းတူ ကားကိုမှီရင်း ကောင်းကင်ကို မော့ကြည့်ကာဆိုသည်။
"ဟုတ်ပ...အများကြီးပဲ ၊ ကျွန်တော့်မွေးနေ့မိုလို့နဲ့ထင်တယ်"
"ဟောဗျာ...ဘာမှလည်းမဆိုင်ဘူး"
"မသိဘူး...ဆိုင်တယ်"
စီနီယာက ဘာမှပြန်မပြောတော့ဘဲ ခေါင်းခါရင်းရယ်သည်။
"ဟာ...စီနီယာ...ကြယ်ကြွေသွားတယ်...ဟိုမှာ ကြယ်ကြွေသွားတယ်"
"ဟင်...ဘယ်မှာလဲ"
"ဟိုမှာ...အဲ... ကြွေသွားပြီလေ ၊ ကြွေသွားပါပြီဆိုမှ ကျွန်တော်က ဘာကို ပြရမှာတုန်း"
"ဟား...ဟား"
စီနီယာက တမှူးခေါင်းကို ဖွကာ ရယ်ပြန်သည်။ တမှူး အတော်ပျော်နေသည်။ အိပ်ချင်စိတ်တွေလည်း မရှိတော့။
"တက်တော့ ကောင်လေး ၊ မနက်ဖြန်လည်း အလုပ်တွေရှိတာကို အိပ်ရေးပျက်စေမိပြီ"
"နေချင်သေးတယ်"
Stitch ရုပ်ကြီးကို တစ်ချက် နမ်းလိုက်ပြီး တမှူး ကောင်းကင်ကို ထပ်မံမော့ကြည့်လိုက်သည်။ နောက်ထပ်ကြယ်ကြွေရင် ဆုတောင်းရမယ်။
"အောက်မှာ အေးတယ် ကောင်လေးရဲ့ ၊ မနက်ဖြန်လည်း ဆေးရုံသွားရဦးမယ်လေ ၊ အိပ်ရေးပျက်ရင် အလှူမှာမတက်ကြွပဲနေမယ်"
အင်း...ဒါလည်း ဟုတ်သား။
"ဟုတ်...အာ့ဆို ကျွန်တော် တက်တော့မယ် ၊ မွေးနေ့လက်ဆောင်အတွက် နော်မူးဂိုမားစမီးသာ"
ဦးညွှတ်ပြောလိုက်ရင်း အရုပ်ကို ပိုက်ကာ အိမ်ဘက်သို့ ခြေလှမ်းဦးတည်လိုက်သည်။
"ခဏ ကောင်လေး"
ဘာလဲဟု လှည့်ကြည့်လိုက်ချိန် နှဖူးထက်မှ နွေးထွေးသွားမှုကြောင့် တစ်ကိုယ်လုံးအေးစက်တောင့်တင်းသွားသည်။
"Good Night, birthday boy လေး"
ပုံမှန်လိုပဲ ပြောလာသည့် စီနီယာ့အသံကြောင့် ဖြူစင်သော အနမ်းတစ်ခုမှန်း တမှူး နားလည်သွားသည်။
"ဟုတ်...စီနီယာရော Good Night"
မပြေးရုံတမယ် ခြေလှမ်းများဖြင့် အိမ်ဘက်သို့ ခပ်သွက်သွက်ပြန်လာမိသည်။ ခြံတခါးသော့ခတ်သည့်လက်ဖျားများက ရာသီဥတုကြောင့်လားမသိ...။ အေးစက်တုန်ယင်လျက်။ ကားဘေးမှာ ရပ်နေဆဲ စီနီယာ့ကို မမြင်ရပေမယ့် တစ်ချက်ပြုံးပြ နှုတ်ဆက်လိုက်သည်။
ထို့နောက်တွင်တော့ တမှူး အိပ်ယာနဘေးဝယ် ဝူဘအရုပ်ကြီးအပြင် Stitchရုပ်ကြီးတစ်ရုပ်ပါနေရာယူလာခဲ့သည်။
ချက်ချင်းပြန်အိပ်မပျော်သောကြောင့် လိုင်းပေါ်ခဏတက်မိသည်။ နယုန်တို့နှင့် အသိသူငယ်ချင်းအချို့က မွေးနေ့ဆုတောင်းပေးထားကြသည်။ 12 နာရီ ကျော်လွန်ခဲ့ပြီဖြစ်ပေမယ့် တမှူး မသိမသာမျှော်လင့်မိသော တစ်စုံတစ်ယောက်ထံမှတော့ မွေးနေ့ဆုတောင်းရောက်မလာခဲ့ပါ။
*************
'ကိုယ်ရောက်တော့မယ် ကောင်လေး ၊ အသင့်စောင့်နေလိုက်တော့နော်'
စီနီယာ့ထံမှ စာတို ဝင်လာသဖြင့် တမှူး ကိုယ့်ကိုယ်ကို မှန်ထဲ၌ သေချာပြန်ကြည့်လိုက်သည်။ မွေးနေ့ရှင်မို့ သပ်သပ်ရပ်ရပ်ဖြစ်နေရမည်လေ။ မဝတ်စဖူး အဝတ်ထူးသည့် လည်ကတုံးအဖြူ၊ ပုဆိုးနှင့် တမှူးပုံစံက ကလေး လူကြီးပုံစံဖြစ်နေမလား။ အင်း...မဖြစ်ပါဘူး။ တမှူးခေတ်က ဘာဝတ်ဝတ်ကြည့်ကောင်းပါတယ်။
အောက်ထပ်ပြေးဆင်းလာပြီး မေမေတို့ကို နှုတ်ဆက်ကာ ခြံရှေ့ထွက်လာလိုက်သည်။ အလုပ်ကိုယ်စီရှိနေသော မေမေနှင့် ဖေဖေက တမှူးစိတ်ကြိုက် အားလုံးစီမံခွင့်ပြုထားပြီး သာဓုခေါ်ဖို့အတွက် အိမ်က စောင့်နေမည်တဲ့။ ထမင်းဘူးများအတွက်က ကားတစ်စီးငှားထားပြီးဖြစ်သဖြင့် တမှူးနှင့် စီနီယာ့သူငယ်ချင်းများက စီနီယာ့ကားဖြင့်သာ သွားကြဖို့စီစဥ်ထားသည်။ နယုန်တို့ကတော့ သူတို့အစီအစဥ်ဖြင့် သူတို့လာလိမ့်မည်။
"ဝါး...စီနီယာ ၊ မိုက်လိုက်တာ ၊ ရှင်းသန့်နေတာပဲ"
တမှူးနည်းတူ လည်ကတုံးတိုက်ပုံ၊ပုဆိုးနက်ပြာကွက်စိတ်နှင့်ဖြစ်ပေမယ့် စီနီယာကကျတော့ တမှူးထက်ပို၍ ရှင်းသန့်ကာ မြန်မာဆန်နေသည်။ ဆံပင်ကို ခပ်တိုတိုညှပ်ထားသည်ကြောင့် နားထင်တွင် ဆံပင်ငုတ်စိလေးအချို့က ခပ်စိမ်းစိမ်း။ နည်းနည်းတောင်မနာလိုဖြစ်သွားပြီ။ စီနီယာက လူကြီးရှက်ပြုံး တစ်ချက်ပြုံးသည်။
"စီနီယာ့ နားထင်က မှဲ့လား ၊ အရင်က ဆံပင်နဲ့ အုပ်နေလို့ထင်တယ် မတွေ့မိဘူး"
ပြောရင်း တမှူး လက်များက စီနီယာ့ နားထင်ရှိ မှဲ့နက်လေးကို ထိကြည့်မိသွားသည်။ ထိချင်စိတ်အားကြီးနေသောကြောင့် ကိုယ့်ကိုယ်ကိုယ် သတိမထားမိဘဲ စီနီယာ့အနီးသို့ အလွန်အမင်းတိုးကပ်မိသည်။ မှဲ့နက်လေးကို အားရပါးရထိမိသည့်အချိန်ထိ ပါးပြင်ထက်မှ လေငွေ့နွေးနွေးကို သတိမထားမိခဲ့။
သတိထားမိသည့်အချိန်သည် မျက်ဝန်းညိုများနှင့် တမှူးမျက်ဝန်းတစ်စုံ စုံချက်ညီသွားသည့်အချိန်ဖြစ်မည်ထင်သည်။ ဆက်ပြောမည့်စကားများ လည်ချောင်းဝ၌ ပျောက်ရှကာ အသက်ရှူဖို့ပင်မေ့သွားရသည်။ တစ်ခါမှ စီနီယာ့မျက်နှာကို ဒီလောက်အနီးကပ်မကြည့်ဖူးခဲ့။ မျက်ဝန်းညိုများကို လွှဲပစ်ဖို့ မေ့လျော့ကာ တံတွေးသာမျိုချမိသည်။ ထိုမျက်ဝန်းညိုများ၏ဦးတည်ရာက တဖြည်းဖြည်း အောက်သို့ ရွေ့လျားလာသည့်အချိန်တွင် တမှူး သတိဝင်ကာ အနောက်ဆုတ်မိသွားသည်။
"အဟမ်း..."
စီနီယာကလည်း ချောင်းတစ်ချက်ဟန့်လျက် မျက်နှာလွှဲကာ ကားတခါးကို ဖွင့်ပေးသည်။ တမှူးလည်း အနည်းငယ်ပူချင်သွားသော မျက်နှာနှင့် ကားထဲဝင်လိုက်ရသည်။
"စီနီယာ့ သူငယ်ချင်းတွေကရော"
"ကောင်လေးကို အရင်ဝင်ခေါ်တာ"
"သြော်"
စကားနည်းသော စီနီယာက ထုံးစံအတိုင်း တိတ်ဆိတ်စွာပင်ကားမောင်းလာသည်။ တိတ်ဆိတ်ခြင်းက ထုံးစံမဟုတ်သော တမှူးကလည်း ထူးထူးခြားခြားတိတ်ဆိတ်လာမိသည်။
ယခုမှ တမှူးအတွေးဝင်မိသည်။ စီနီယာက ကားရှိရက်နဲ့ ဘာလို့ ကျောင်းကို ကားနဲ့မလာတာလဲ။ တမှူး ဆိုင်ကယ်နောက်မှ လိုက်စီးဖို့အတွက်သက်သက်များ ကားမယူတာလား။ အာ...မဟုတ်လောက်ပါဘူး။ ဘာတွေ တွေးနေတာလဲ။ ခေါင်းခါရင်း အတွေးတို့ကို မောင်းထုတ်လိုက်သည်။ ကားအဲကွန်းက ဒီနေ့မှ ပိုအေးနေသလားမသိ။ အချင်းချင်းဆုပ်ကိုင်ထားသော တမှူး လက်ဖျားများက အေးစက်နေသည်။
***********
အားလုံးကို ကျေးဇူးတင်လျက်
(Zawgyi)
"You leave me breatheless...."
ႏွစ္ၿခိဳက္စြာအိပ္ေမာက်ေနစဥ္ နားထဲတိုးဝင္လာေသာ ဖုန္းသံက တမႉးကို ဖ်ပ္ကနဲ႔ လန္႔ႏိုးသြားေစသည္။ တိတ္ဆိတ္ေနေသာ ညအေမွာင္ဝယ္ Shayne Ward ၏အသံက အေတာ္ေလး က်ယ္ေလာင္ေနသည္။ တိုင္ကပ္နာရီထံ အၾကည့္ေရာက္ေတာ့ ည ၁၁ နာရီ ၅၅ မိနစ္။
အိပ္ခ်င္မူးတူးျဖင့္ စားပြဲေပၚမွ ဖုန္းကို ယူၾကည့္လိုက္ေတာ့ ဖုန္းမ်က္ႏွာျပင္တြင္ေပၚေနသည့္အမည္က စီနီယာ...။ ဒီအခ်ိန္ႀကီး ဘာလုပ္ဖို႔ပါလိမ့္ ။ ေမြးေန႔ဆုေတာင္းေပးဖို႔ မ်ားလား...။ ဒါဆိုလည္း ဒီတိုင္း သူ႕ဘာသူလိုင္းေပၚမွာ ဆုမေတာင္းေပးဘဲ တမႉးကို အိပ္ေရးပ်က္ေအာင္လုပ္တယ္။
"ဟဲလို စီနီယာ"
"ဟဲလို...ေကာင္ေလး ၊ ျခံေ႐ွ႕ခဏထြက္ခဲ့ဦး"
"အမ္...ဘာလုပ္ဖို႔လဲ "
"ကိုယ္ေရာက္ေနတယ္"
"ဘာ..."
အလွ်င္အျမန္ ျပတင္းေပါက္နားေျပးသြား၍ ၾကည့္လိုက္ေသာအခါ ျခံေ႐ွ႕၌ ရပ္ထားသည့္ကားေလးေဘးတြင္ ရပ္ေနေသာ စီနီယာ...။
အိပ္ခ်င္မူးတူးစိတ္ေလးေတာင္ေပ်ာက္သြားရသည္။ စီနီယာက ညသန္းေခါင္ကို တမႉးအတြက္ ေမြးေန႔ဆုေတာင္းေပးဖို႔ ဒီထိလာသည္တဲ့လား။ ရင္ထဲ စိမ့္ကနဲ႔ ျဖစ္သြားသည္အထိ ၾကည္ႏူးသြားသလို ခံစားရသည္။
"ဟုတ္...ကြၽန္ေတာ္ဆင္းခဲ့မယ္"
ေမေမတို႔မႏိုးေအာင္ တိတ္တဆိတ္ခိုးဆင္းရသည္။ ရီလည္းရီခ်င္သည္။ ယခုတမႉးအျဖစ္က ညသန္းေခါင္ ရည္းစားႏွင့္ ခ်ိန္းေတြ႕ေနရသကဲ့သို႔ပင္။ ခိုးေၾကာင္ခိုးဝွက္လုပ္ေနမိသျဖင့္ ရင္ထဲ တလွပ္လွပ္။ တမႉး ျခံတခါးေသာ့ဖြင့္ေနခ်ိန္ စီနီယာက လက္လွမ္းျပသည္။
"ဒီအခ်ိန္ႀကီး အပင္ပန္းခံၿပီးေတာ့ဗ်ာ..."
"ေမြးေန႔႐ွင္ေလးကို အျပင္မွာေတြ႕ၿပီး ဆုေတာင္းေပးခ်င္လို႔ေလ"
တမႉး ၾကည္ၾကည္ႏူးႏူးျပဳံးရျပန္သည္။ စီနီယာက တကယ္ၾကင္နာတတ္တယ္။
"အဲ...စီနီယာ ဆံပင္ညႇပ္လိုက္တာလား"
"အင္း...ေန႔လည္က ေကာင္ေလးကို ပို႔ၿပီး အျပန္ဝင္ညႇပ္လိုက္တာ"
"ဝါး...စီနီယာ ဒီဆံပင္ေကနဲ႔ လိုက္တယ္"
စီနီယာက ျပဳံးရင္း ကားေနာက္ပိုင္းသို႔ ေလွ်ာက္သြားသည္။ ထို႔ေနာက္ နာရီတစ္ခ်က္ၾကည့္၍ ကားအေနာက္ဖုံးကို ဖြင့္သည္။ ဘာမ်ားလုပ္မလဲဟု စိတ္ဝင္တစား ၾကည့္ေနဆဲမွာပင္ ကားေနာက္ဖုံးထဲမွ ေရာင္စုံပူေပါင္းအခ်ိဳ႕က အေႏွာင္အဖြဲ႕မွ လႊတ္ေျမာက္သြားသလို အလုအယက္ လြင့္ပ်ံလာၾကသည္။
"ဝါး...."
ညသန္းေခါင္ လမ္းမီးမ်ား၏ အလင္းေရာင္ျဖင့္ ေကာင္းကင္သို႔ ပ်ံတက္သြားေသာ ေရာင္စုံမိုးပ်ံပူေပါင္းမ်ားကို တမႉး ပါးစပ္အေဟာင္းသားေငးၾကည့္မိသည္။ စီနီယာက ဒီလိုေတြလုပ္တတ္လိမ့္မည္ဟု တကယ္မထင္ထားခဲ့။
"Happy Birthday ေကာင္ေလး"
"စီနီယာဗ်ာ..."
ထိုမွ်သာ ခပ္ဖြဖြ ေရ႐ြတ္ႏိုင္ၿပီး စီနီယာ့လက္ထဲမွ တမႉး အရမ္းသေဘာက်ရသည့္ တမႉးတစ္ရပ္မကျမင့္ေသာ Stitch ႐ုပ္ႀကီးကို ထပ္မံေငးေမာၾကည့္မိရျပန္သည္။ စီနီယာက တမႉးကို အေပ်ာ္လြန္ၿပီး ႐ူးေအာင္လုပ္ေနတာပဲ။ ရင္ဘက္ထဲမွ တလွပ္လွပ္ျဖစ္လာၿပီး အသက္႐ွဴေတာင္ မဝခ်င္ေတာ့သလိုလို။ စီနီယာက အ႐ုပ္ႀကီးကို တမႉးလက္ထဲ ထည့္ေပးၿပီး ေခါင္းကို ခပ္ဖြဖြပြတ္သပ္ေပးသည္။
"ေပ်ာ္႐ႊင္ဖြယ္ ေမြးေန႔ေလးျဖစ္ပါေစ ေကာင္ေလး..." တဲ့။
ဝမ္းသာလို႔ငိုခ်င္စိတ္ကို ထိန္း၍ အ႐ုပ္ႀကီးကိုသာ တင္းၾကပ္စြာေပြ႕ဖက္လိုက္သည္။
"ေက်းဇူးတင္ပါတယ္..စီနီယာ ၊ စီနီယာက ကြၽန္ေတာ္႕အတြက္ အေကာင္းဆုံးပဲ"
အ႐ုပ္ကိုလက္တစ္ဖက္ျဖင့္ပိုက္ရင္း လက္တစ္ဖက္က လက္မေထာင္ျပလိုက္ေသာအခါ စီနီယာက ျပဳံးသည္။ လမ္းမီးေရာင္ျဖင့္ ဝိုးတဝါးျမင္ရေသာ စီနီယာ့အျပဳံးက ေႏြးေထြးသည့္အေငြ႕အသက္မ်ား ဖုံးလႊမ္းေနသည္။
"အင္း...လာပါဦး ၊ ေမြးေန႔႐ွင္ေလးကို ဖက္ရေအာင္"
ကေလးတစ္ေယာက္ကို ေခၚသလို စီနီယာ လက္ကမ္းေတာ့ အ႐ုပ္ႀကီးကိုပိုက္လ်က္ပင္ စီနီယာ့ရင္ခြင္ထဲ ပစ္ဝင္လိုက္သည္။ စီနီယာက ခပ္ဖြဖြရယ္ေမာရင္း တမႉးေရာ အ႐ုပ္ႀကီးေရာ လဲမသြားေအာင္ ထိန္းဖက္ထားေပးသည္။ နည္းနည္းေတာ့ ကို႔႐ိုးကားယားႏိုင္လိမ့္မည္။ သို႔ေသာ္ ဒုတိယတစ္ႀကိမ္ ခိုဝင္မိေသာ စီနီယာ့ရင္ခြင္က ေႏြးေထြးလုံျခဳံသည္။ တမႉး ထိန္းထားသည့္ၾကားကပင္ စီနီယာ့ရင္ဘက္မွ အက်ႌထက္ဝယ္ မ်က္ရည္အခ်ိဳ႕စိုစြတ္သြားေစသည္။
" ေဟာဗ်ာ... ဘာလို႔ငိုေနတာလဲ ၊ မနက္က်ရင္ မ်က္လုံးေတြ ေဖာင္းေနဦးမယ္"
စီနီယာက တီးတိုးဆိုရင္း တမႉးေက်ာျပင္ကို ခပ္ဖြဖြပြတ္သပ္ေပးသည္။
"ေပ်ာ္လို႔ေပါ့ ၊ ကြၽန္ေတာ္႕အေပၚ စီနီယာက အမ်ားႀကီးအေလးထားတယ္ဆိုတာသိလိုက္ရလို႔"
"ဟုတ္ပါၿပီ...ေပ်ာ္ရင္ အားရပါးရရီပစ္ ၊ ငိုေတာ့မငိုနဲ႔"
စိုစြတ္သြားေသာ စီနီယာ့ အက်ႌကို အားနာမႈေၾကာင့္ ရင္ခြင္ထဲမွ ျပန္႐ုန္းထြက္ကာ မ်က္ရည္မ်ားကို ကိုယ့္ဘာကိုယ္ ပြတ္ဆြဲသုတ္လိုက္သည္။ ထို႔ေနာက္ အ႐ုပ္ကို ပိုက္ကာ ကားကိုမွီလိုက္ရင္း ႏွာရည္မ်ားကို တစ္ခ်က္ႏွစ္ခ်က္႐ႈံ႕လိုက္သည္။ စီနီယာက တမႉးကို ၾကည့္ကာ ခပ္ဖြဖြရယ္ေမာျပန္သည္။
"ဒီေန႔ည ၾကယ္ေတြစုံတယ္ေနာ္"
တမႉးနည္းတူ ကားကိုမွီရင္း ေကာင္းကင္ကို ေမာ့ၾကည့္ကာဆိုသည္။
"ဟုတ္ပ...အမ်ားႀကီးပဲ ၊ ကြၽန္ေတာ္႕ေမြးေန႔မိုလို႔နဲ႔ထင္တယ္"
"ေဟာဗ်ာ...ဘာမွလည္းမဆိုင္ဘူး"
"မသိဘူး...ဆိုင္တယ္"
စီနီယာက ဘာမွျပန္မေျပာေတာ့ဘဲ ေခါင္းခါရင္းရယ္သည္။
"ဟာ...စီနီယာ...ၾကယ္ေႂကြသြားတယ္...ဟိုမွာ ၾကယ္ေႂကြသြားတယ္"
"ဟင္...ဘယ္မွာလဲ"
"ဟိုမွာ...အဲ... ေႂကြသြားၿပီေလ ၊ ေႂကြသြားပါၿပီဆိုမွ ကြၽန္ေတာ္က ဘာကို ျပရမွာတုန္း"
"ဟား...ဟား"
စီနီယာက တမႉးေခါင္းကို ဖြကာ ရယ္ျပန္သည္။ တမႉး အေတာ္ေပ်ာ္ေနသည္။ အိပ္ခ်င္စိတ္ေတြလည္း မ႐ွိေတာ့။
"တက္ေတာ့ ေကာင္ေလး ၊ မနက္ျဖန္လည္း အလုပ္ေတြ႐ွိတာကို အိပ္ေရးပ်က္ေစမိၿပီ"
"ေနခ်င္ေသးတယ္"
Stitch ႐ုပ္ႀကီးကို တစ္ခ်က္ နမ္းလိုက္ၿပီး တမႉး ေကာင္းကင္ကို ထပ္မံေမာ့ၾကည့္လိုက္သည္။ ေနာက္ထပ္ၾကယ္ေႂကြရင္ ဆုေတာင္းရမယ္။
"ေအာက္မွာ ေအးတယ္ ေကာင္ေလးရဲ႕ ၊ မနက္ျဖန္လည္း ေဆး႐ုံသြားရဦးမယ္ေလ ၊ အိပ္ေရးပ်က္ရင္ အလႉမွာမတက္ႂကြပဲေနမယ္"
အင္း...ဒါလည္း ဟုတ္သား။
"ဟုတ္...အာ့ဆို ကြၽန္ေတာ္ တက္ေတာ့မယ္ ၊ ေမြးေန႔လက္ေဆာင္အတြက္ ေနာ္မူးဂိုမားစမီးသာ"
ဦးၫႊတ္ေျပာလိုက္ရင္း အ႐ုပ္ကို ပိုက္ကာ အိမ္ဘက္သို႔ ေျခလွမ္းဦးတည္လိုက္သည္။
"ခဏ ေကာင္ေလး"
ဘာလဲဟု လွည့္ၾကည့္လိုက္ခ်ိန္ ႏွဖူးထက္မွ ေႏြးေထြးသြားမႈေၾကာင့္ တစ္ကိုယ္လုံးေအးစက္ေတာင့္တင္းသြားသည္။
"Good Night, birthday boy ေလး"
ပုံမွန္လိုပဲ ေျပာလာသည့္ စီနီယာ့အသံေၾကာင့္ ျဖဴစင္ေသာ အနမ္းတစ္ခုမွန္း တမႉး နားလည္သြားသည္။
"ဟုတ္...စီနီယာေရာ Good Night"
မေျပး႐ုံတမယ္ ေျခလွမ္းမ်ားျဖင့္ အိမ္ဘက္သို႔ ခပ္သြက္သြက္ျပန္လာမိသည္။ ျခံတခါးေသာ့ခတ္သည့္လက္ဖ်ားမ်ားက ရာသီဥတုေၾကာင့္လားမသိ...။ ေအးစက္တုန္ယင္လ်က္။ ကားေဘးမွာ ရပ္ေနဆဲ စီနီယာ့ကို မျမင္ရေပမယ့္ တစ္ခ်က္ျပဳံးျပ ႏႈတ္ဆက္လိုက္သည္။
ထို႔ေနာက္တြင္ေတာ့ တမႉး အိပ္ယာနေဘးဝယ္ ဝူဘအ႐ုပ္ႀကီးအျပင္ Stitch႐ုပ္ႀကီးတစ္႐ုပ္ပါေနရာယူလာခဲ့သည္။
ခ်က္ခ်င္းျပန္အိပ္မေပ်ာ္ေသာေၾကာင့္ လိုင္းေပၚခဏတက္မိသည္။ နယုန္တို႔ႏွင့္ အသိသူငယ္ခ်င္းအခ်ိဳ႕က ေမြးေန႔ဆုေတာင္းေပးထားၾကသည္။ 12 နာရီ ေက်ာ္လြန္ခဲ့ၿပီျဖစ္ေပမယ့္ တမႉး မသိမသာေမွ်ာ္လင့္မိေသာ တစ္စုံတစ္ေယာက္ထံမွေတာ့ ေမြးေန႔ဆုေတာင္းေရာက္မလာခဲ့ပါ။
*************
'ကိုယ္ေရာက္ေတာ့မယ္ ေကာင္ေလး ၊ အသင့္ေစာင့္ေနလိုက္ေတာ့ေနာ္'
စီနီယာ့ထံမွ စာတို ဝင္လာသျဖင့္ တမႉး ကိုယ့္ကိုယ္ကို မွန္ထဲ၌ ေသခ်ာျပန္ၾကည့္လိုက္သည္။ ေမြးေန႔႐ွင္မို႔ သပ္သပ္ရပ္ရပ္ျဖစ္ေနရမည္ေလ။ မဝတ္စဖူး အဝတ္ထူးသည့္ လည္ကတုံးအျဖဴ၊ ပုဆိုးႏွင့္ တမႉးပုံစံက ကေလး လူႀကီးပုံစံျဖစ္ေနမလား။ အင္း...မျဖစ္ပါဘူး။ တမႉးေခတ္က ဘာဝတ္ဝတ္ၾကည့္ေကာင္းပါတယ္။
ေအာက္ထပ္ေျပးဆင္းလာၿပီး ေမေမတို႔ကို ႏႈတ္ဆက္ကာ ျခံေ႐ွ႕ထြက္လာလိုက္သည္။ အလုပ္ကိုယ္စီ႐ွိေနေသာ ေမေမႏွင့္ ေဖေဖက တမႉးစိတ္ႀကိဳက္ အားလုံးစီမံခြင့္ျပဳထားၿပီး သာဓုေခၚဖို႔အတြက္ အိမ္က ေစာင့္ေနမည္တဲ့။ ထမင္းဘူးမ်ားအတြက္က ကားတစ္စီးငွားထားၿပီးျဖစ္သျဖင့္ တမႉးႏွင့္ စီနီယာ့သူငယ္ခ်င္းမ်ားက စီနီယာ့ကားျဖင့္သာ သြားၾကဖို႔စီစဥ္ထားသည္။ နယုန္တို႔ကေတာ့ သူတို႔အစီအစဥ္ျဖင့္ သူတို႔လာလိမ့္မည္။
"ဝါး...စီနီယာ ၊ မိုက္လိုက္တာ ၊ ႐ွင္းသန္႔ေနတာပဲ"
တမႉးနည္းတူ လည္ကတုံးတိုက္ပုံ၊ပုဆိုးနက္ျပာကြက္စိတ္ႏွင့္ျဖစ္ေပမယ့္ စီနီယာကက်ေတာ့ တမႉးထက္ပို၍ ႐ွင္းသန္႔ကာ ျမန္မာဆန္ေနသည္။ ဆံပင္ကို ခပ္တိုတိုညႇပ္ထားသည္ေၾကာင့္ နားထင္တြင္ ဆံပင္ငုတ္စိေလးအခ်ိဳ႕က ခပ္စိမ္းစိမ္း။ နည္းနည္းေတာင္မနာလိုျဖစ္သြားၿပီ။ စီနီယာက လူႀကီး႐ွက္ျပဳံး တစ္ခ်က္ျပဳံးသည္။
"စီနီယာ့ နားထင္က မွဲ႔လား ၊ အရင္က ဆံပင္နဲ႔ အုပ္ေနလို႔ထင္တယ္ မေတြ႕မိဘူး"
ေျပာရင္း တမႉး လက္မ်ားက စီနီယာ့ နားထင္႐ွိ မွဲ႔နက္ေလးကို ထိၾကည့္မိသြားသည္။ ထိခ်င္စိတ္အားႀကီးေနေသာေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ သတိမထားမိဘဲ စီနီယာ့အနီးသို႔ အလြန္အမင္းတိုးကပ္မိသည္။ မွဲ႔နက္ေလးကို အားရပါးရထိမိသည့္အခ်ိန္ထိ ပါးျပင္ထက္မွ ေလေငြ႕ေႏြးေႏြးကို သတိမထားမိခဲ့။
သတိထားမိသည့္အခ်ိန္သည္ မ်က္ဝန္းညိဳမ်ားႏွင့္ တမႉးမ်က္ဝန္းတစ္စုံ စုံခ်က္ညီသြားသည့္အခ်ိန္ျဖစ္မည္ထင္သည္။ ဆက္ေျပာမည့္စကားမ်ား လည္ေခ်ာင္းဝ၌ ေပ်ာက္႐ွကာ အသက္႐ွဴဖို႔ပင္ေမ့သြားရသည္။ တစ္ခါမွ စီနီယာ့မ်က္ႏွာကို ဒီေလာက္အနီးကပ္မၾကည့္ဖူးခဲ့။ မ်က္ဝန္းညိဳမ်ားကို လႊဲပစ္ဖို႔ ေမ့ေလ်ာ့ကာ တံေတြးသာမ်ိဳခ်မိသည္။ ထိုမ်က္ဝန္းညိဳမ်ား၏ဦးတည္ရာက တျဖည္းျဖည္း ေအာက္သို႔ ေ႐ြ႕လ်ားလာသည့္အခ်ိန္တြင္ တမႉး သတိဝင္ကာ အေနာက္ဆုတ္မိသြားသည္။
"အဟမ္း..."
စီနီယာကလည္း ေခ်ာင္းတစ္ခ်က္ဟန္႔လ်က္ မ်က္ႏွာလႊဲကာ ကားတခါးကို ဖြင့္ေပးသည္။ တမႉးလည္း အနည္းငယ္ပူခ်င္သြားေသာ မ်က္ႏွာႏွင့္ ကားထဲဝင္လိုက္ရသည္။
"စီနီယာ့ သူငယ္ခ်င္းေတြကေရာ"
"ေကာင္ေလးကို အရင္ဝင္ေခၚတာ"
"ေၾသာ္"
စကားနည္းေသာ စီနီယာက ထုံးစံအတိုင္း တိတ္ဆိတ္စြာပင္ကားေမာင္းလာသည္။ တိတ္ဆိတ္ျခင္းက ထုံးစံမဟုတ္ေသာ တမႉးကလည္း ထူးထူးျခားျခားတိတ္ဆိတ္လာမိသည္။
ယခုမွ တမႉးအေတြးဝင္မိသည္။ စီနီယာက ကား႐ွိရက္နဲ႔ ဘာလို႔ ေက်ာင္းကို ကားနဲ႔မလာတာလဲ။ တမႉး ဆိုင္ကယ္ေနာက္မွ လိုက္စီးဖို႔အတြက္သက္သက္မ်ား ကားမယူတာလား။ အာ...မဟုတ္ေလာက္ပါဘူး။ ဘာေတြ ေတြးေနတာလဲ။ ေခါင္းခါရင္း အေတြးတို႔ကို ေမာင္းထုတ္လိုက္သည္။ ကားအဲကြန္းက ဒီေန႔မွ ပိုေအးေနသလားမသိ။ အခ်င္းခ်င္းဆုပ္ကိုင္ထားေသာ တမႉး လက္ဖ်ားမ်ားက ေအးစက္ေနသည္။
***********
အားလုံးကို ေက်းဇူးတင္လ်က္
Sakura Rain🌸
You are reading the story above: TeenFic.Net