Chapter-20

Background color
Font
Font size
Line height

(Unicode)

"မနက်ကျရင် ကိုယ်လာခေါ်မယ်နော်"

"ဟုတ်"

လက်ထဲမှ အချိုရည်နှင့် မုန့်ထုပ်များကို ကားနောက်ခန်းထဲထည့်ရင်း တမှူး ပြန်ဖြေလိုက်သည်။ တော်သေးတာပေါ့။ စီနီယာ့ကားနဲ့ အကြိုအပို့တွေလိုက်လုပ်ပေးနေလို့။ တမှူးဘာသာဆိုလျှင် ဆိုင်ကယ်နဲ့ နှစ်ပါးသွားရမည်ပင်။ အိမ်၌ တစ်စီးတည်းရှိသောကားလေးက ဖေဖေအလုပ်သွားတိုင်းသုံးနေရသဖြင့် တမှူး တော်ရုံယူမသုံးဖြစ်။

ပထမ ထမင်းဘူးသာ လှူရန်တွေးထားခဲ့သော်လည်း အကုန်လုံးငွေရှင်းပြီးချိန်တွင် ဖေဖေထုတ်ပေးထားသည့် ပိုက်ဆံကပိုနေသေးသည့်အတွက် အအေးဘူးများပါထည့်ဖို့အတွေးရသည်။ ထို့ကြောင့် မနက်ဖြန်လို ရက်ကပ်နေမှ စီနီယာ့ထံ အသည်းအသန်အကူအညီတောင်း၍ ပိုသမျှပိုက်ဆံကို အအေးဘူးဝယ်လိုက်သည်။ အကုန်လုံးအတွက်မလောက်ငတောင် ရသလောက်ပေါ့။

"တစ်ခုခုသွားစားဦးမလား ကောင်လေး"

အအေးဘူးများကို ကားထဲထည့်ပြီး စီနီယာက မေးလာသည်။

"သွားစားမယ်လေ၊ စီနီယာလည်း ဗိုက်ဆာနေရောပေါ့၊ ကျွန်တော်ဝယ်ကျွေးမယ်"

"Pre-birthday treatလား"

"အင်း...ဆိုပါတော့၊ မနက်ဖြန်လည်း စီနီယာတို့ကို special treat ဦးမှာပါနော်"

"အဟေး...ညကျရင် ဝမ်းနှုတ်ဆေးသောက်ထားရမယ်"

"သောက်ထား...တစ်ပုလင်းလောက်သောက်ထား"

"ဟား...ဟား"

ထို့နောက် စီနီယာကပဲဦးဆောင်ကာ စားသောက်ဆိုင်တစ်ဆိုင်သို့ခေါ်သွားပေးသည်။ စီနီယာက တကယ်ပဲ ဆိုင်ကောင်းရွေးတတ်သည်။ ယခုဆိုင်လေးသည်လည်း တကယ်ကို အပြင်အဆင်လှပသည့်ဆိုင်လေးပင်။ စီနီယာ့ကောင်မလေးသာဖြစ်လျှင် ဆိုင်ကောင်းကောင်းတွေချည်းပဲ ခေါ်သွားခံရမှာ။

ဆိုင်လေးထဲသို့ရောက်တော့ ထုံစံအတိုင်း စီနီယာက တမှူးထိုင်ဖို့ ခုံအသင့်ပြင်ပေးသည်။ ရနေကျ ဂရုစိုက်မှုမို့ တမှူး ထူးပြီးမခံစားဖြစ်တော့ပါ။ ဟိုးအရင်တုန်းကတော့ စီနီယာက တမှူးtype မဟုတ်ဘူးဟု တွေးခဲ့ဖူးသည်။ ယခုတော့ Jayy ကို စီနီယာ့လို ပုံစံမျိုးဖြစ်စေချင်သည်ဟူသည့်အတွေးပင် မကြာခဏဆိုသလိုဝင်မိသည်။

"ကောင်လေး ဘာစားမလဲ"

"စီနီယာ အဆင်ပြေတာပဲ မှာလိုက်တော့"

တမှူးအကြိုက်ကို အချိန်တိုတိုအတွင်းတမှူးထက်ပင်သိသော စီနီယာမှာပေးသည်က တမှူးအတွက်အဆင်ပြေမည်မှာ ဧကန်မလွဲပင်။

ထို့နောက်တွင်တော့ တမှူးအကြိုက် ငါးပေါင်းပန်းကန်က တမှူးအရှေ့တည့်တည့်သို့ရောက်လာသည်။ အအေးဘူးတွေသယ်ထားရ၍ ပင်ပန်းကာ ဗိုက်ဆာနေသည်မို့ စားသောက်ခြင်းဆီသို့ စိတ်နှစ်လိုက်သည်။

"အ...."

ရုတ်တရတ် မျက်ရည်ဝဲလောက်သည်အထိ လည်းချောင်းမှ စူးထောက်မှုတစ်ခု။ လက်ထဲမှ ဇွန်းကို ပစ်ချကာ လည်ပင်းကို လက်ဖြင့်ဖိကိုင်လိုက်မိသည်။

စီနီယာက ဘာဖြစ်သလဲဆိုပြီး ခေတ္တကြောင်နေပြီးမှ ဝုန်းကနဲ့ စိုးရိမ်တကြီး ထလာကာ တမှူးဘေးနားရောက်လာသည်။

"ကောင်လေး...အရိုးစူးသွားတာလား...ဟမ်"

မျက်ရည်များဝဲ၍ ခေါင်းညိတ်ပြလိုက်တော့ စီနီယာက အလျှင်အမြန်ပင် တမှူးပန်းကန်ထဲမှ ထမင်းဖြူအချို့ကို လက်ဖြင့်ပင်လှမ်းယူကာ မြိုချစေပြီး ကျောကို လက်တစ်ဖက်ဖြင့် ခပ်ဖွဖွပွတ်သပ်ပေးသည်။ ကျန်လက်တစ်ဖက်မှ သူကိုယ်တိုင် ထမင်းစစားကတည်းက ငှဲ့ထားပေးသော ရေဖန်ခွက်က်ို ကိုင်လိုက်သည်။ ငါးပေါင်းမှ အရိုးဖြစ်သဖြင့် ထမင်းတစ်လုပ်ဖြင့်ပင် အလွယ်တကူ ပြန်ကျသွားသည်။ ထိုအခါမှ တမှူး သက်ပြင်းချကာ အသက်ဝဝရှူရဲသည်။

"ကျသွားပြီလား...စူးနေသေးလား..."

စီနီယာ့အမေးကို ပါးစပ်မှမဖြေနိုင်သေးဘဲ ခေါင်းညိတ်ပြလိုက်ရသည်။ ထိုအခါမှ စီနီယာက လက်ထဲမှ ရေခွက်ကို တမှူးနှုတ်ခမ်းနားတေ့ကာ သောက်စေသည်။ လက်တစ်ဖက်ကလည်း ကျောကို ပွတ်သပ်ပေးမြဲ။ ငါးပေါင်းကို အရိုးစူးအောင်စားသည့် တမှူးကို တခြားဝိုင်းတွေမှ အနည်းငယ်ရုတ်ရုတ်သဲသဲ ဖြစ်သွားသဖြင့် လှမ်းကြည့်အကဲခတ်လာကြသည်။ တမှူး မျက်နှာ ဖြန်းကနဲ့ပူထူသွားသည်။ ကလေးကလား ဒီအရွယ်ကြီးမှ အရိုးစူးရသည်လို့။

စီနီယာကတော့ ရလားဟု တဖွဖွမေးရင်း ကျောကို ပွတ်သပ်ပေးဆဲ။ မျက်စောင်းထိုးဝိုင်းမှ မိန်းကလေးတချို့က တမှူးနံဘေး မတ်တပ်ရပ်နေဆဲ စီနီယာ့ကို ကြည့်ကာ ပြုံးစိစိ။

"ရ...ရပြီ စီနီယာ"

"တကယ် ရတာလား၊ ရေသောက်ဦးမလား"

"ရတယ်၊ မသောက်တော့ဘူး"

"အင်း...ဒါဆိုလည်း အဲ့ဒါဆက်မစားနဲ့တော့ ၊ တခြားဟာစား...ကိုယ် ဘာပြန်မှာပေးရမလဲ"

"အာ...ရတယ် ၊ မစားတော့ဘူး ၊ ကျွန်တော်ဝပြီ၊ ဆက်လည်း မစားနိုင်တော့ဘူး၊ စီနီယာပဲ ဆက်စားလိုက်တော့"

"ရပြီ ၊ ကိုယ်လည်းဝပြီ...ပြန်ကြမယ်"

"ဟင်...စီနီယာလည်း ဘာမှ သိပ်မစားရသေးဘူး"

"ရတယ်...ကိုယ်သိပ်လည်းမဆာလို့"

တမှူးပိုက်ဆံရှင်းနေချိန် စီနီယာက မျက်မှောက်ကုတ်ကာ တစ်ခုခုစဥ်းစားနေဟန်။

"ဒီနေ့တာဝန်ကျတဲ့ စာဖိုမှူး ဘယ်နှယောက်ရှိလဲ"

စားပွဲထိုးကို မေးလိုက်သည့် စီနီယာ့အသံက အနည်းငယ်မာကျောလွန်းသည်ဟု တမှူးထင်သည်။

"ဟို...လေးယောက်ပါ"

"လေးယောက်လား၊ လေးယောက်ကို ဒီငါးပေါင်းလေးတောင် အရိုးနူးအောင်မပေါင်းနိုင်ဘူးလား"

"စီနီယာ"

တမှူး အလန့်တကြားခေါ်မိသွားသည်။ အရမ်းသဘောကောင်းလွန်းသည့် စီနီယာလို့ လူမျိုးက ယခု သူများဆိုင်ကို အပြစ်တင်နေတာလား။

"ကောင်လေး...ကားပေါ်အရင်သွားနှင့်၊ ကိုယ် Toilet ဝင်ပြီးမှလိုက်ခဲ့မယ်"

တမှူး မသွားချင်သော်လည်း စီနီယာ့လေသံက အနည်းငယ်မာနေသည်မို့ ပြန်မပြောတော့ဘဲ အသာတကြည် ကားရှိရာသို့ ပြန်လာခဲ့လိုက်သည်။ တမှူးထင်သည့်အတိုင်း စီနီယာက Toilet သွားတာမဟုတ်ဘဲ ကောင်တာကိုသွားကာ မန်နေဂျာဟုထင်ရသူနှင့်စကားပြောနေသည်။ တစ်ဖက်က မန်နေဂျာက မျက်နှာပျက်ကာ စီနီယာ့ကို ဦးညွှတ်မတက် တောင်းပန်နေသည်။ ကြားထဲက တမှူး မျက်နှာပူကာ အားနာသွားရသည်။

"စီနီယာ...ဘာတွေသွားပြောနေတာလဲ ၊ အားနာစရာဗျာ"

စီနီယာ ကားပေါ်ရောက်လာသည်နှင့် ဆီးကြိုပြောလိုက်သည်။

"ဘာမှမဟုတ်ပါဘူး...၊ ဟင်းချက်နည်းနဲ့ပတ်သတ်ပြီး နည်းနည်းပါးပါးအကြံပေးလိုက်တာပါ "

ထို့နောက် စီနီယာပုံစံက ဘာမှဆက်မပြောလိုဟန်ရှိသဖြင့် တမှူးလည်း အလိုက်တသိ တိတ်ဆိတ်စွာပဲ လိုက်ခဲ့လိုက်သည်။ စီနီယာက လမ်းတစ်လျှောက်မျက်နှာတည်တည်ဖြင့်သာ ကားမောင်းလာသည်။ ပုံမှန်ဆို တမှူးတို့ စီနီယာ့ကို နိုင်စားသော်လည်း ယခုတော့ တစ်ချိန်လုံး အသက်တောင် ရဲရဲမရှူရဲခဲ့ပေ ။

************

ဖုန်းသံကို မိုင်ကုန်မြှင့်ထားပြီး စားပွဲပေါ်တင်ထားခံရသည့် ဖုန်းလေးက တမှူးကို သနားစဖွယ်ငေးကြည့်နေသည်ဟု ခံစားရသည်။ ပြေးကာပွေးဖက်ပေးချင်စိတ်ကို အနိုင်နိုင်ထိန်းရင်း ဖုန်းသံကိုသာ အစွမ်းကုန်နားစွင့်ထားမိသည်။

မနက်ဖြန်အတွက် ရင်ခုန်မှုနှင့်အတူ တမှူး၌ အကြံအစည်တစ်ခုရှိနေသေးသည်။ Jayy နှင့် နောက်တစ်ကြိမ် ဖုန်းပြောချင်စိတ်ပါ။ ဟိုတစ်နေ့က တစ်ခါသာပြောခဲ့ရပြီး နောက်နေ့တွင်တော့ messenger တွင်သာဆက်ပြောဖြစ်ခဲ့သည်။ ဖုန်းထပ်ပြောချင်သော်လည်း ဘယ်လို တောင်းဆိုရမလဲ မစဥ်းစားတတ်။

အကယ်၍ ဒီလို့ညမှာ တမှူးလိုင်းမတက်လျှင် Jayy က တမှူးဆီ ဖုန်းခေါ်လိမ့်မလားဟူသော အတွေးဝင်မိသည်။ ထို့ကြောင့် ဒီအချိန် ပုံမှန်လိုင်းတက်နေကျဖြစ်သော်လည်း စိတ်ဆန္ဒတို့ကို ထိန်းချုပ်ကာ ဖုန်းကို လူနှင့်ဝေးဝေးမှာထားမိသည်။

အချိန်နာရီတွေက တရွေ့ရွေ့ကုန်ဆုံးလာသည်။ ဖုန်းလေးက တိတ်ဆိတ်နေဆဲ။ တမှူး လိုင်းတက်တက် မတက်တက် Jayy အတွက် အရေးမပါဘူးနဲ့ထင်တယ်။ ငိုချင်လာသော စိတ်ကြောင့် ရင်ဘက်ထဲမှ တစ်စို့စို့ခံစားလာရသည်။ ယခု တမှူးအဖြစ်က ငယ်ငယ်ကလို လျှာရှည်ပြီး သူချစ်သလား...မချစ်သလားဟု နှင်းဆီပွင့်ဖက်ရေတွက်ပြီးခြွေသလို ကိုယ့််ဘာကိုယ်ဗေဒင်တွက်ပြီး နောက်ဆုံးမချစ်ဘူးဟုကျကာ ရှုံးနိမ့်သွားသူလို ခံစားနေရသည်။

နောက်ဆုံးကိုယ့်ဘာကိုယ်ပဲ အရှုံးပေးကာ ဖုန်းလေးကို လှမ်းယူလိုက်ရသည်။

တစ်ခါတရံ ကံကြမ္မာက သိပ်ကို တိုက်ဆိုင်ကျီစယ်လွန်းသည်။ ဥပမာ...အရှုံးပေးလက်လျှော့လိုက်ပြီဆိုကာမှ လင်းလက်သွားသော ဖုန်းမျက်နှာပြင်လေးနှင့်အတူ မြတ်နိုးရသူ၏ ကိုယ်စားပြုနာမ်စားလေးက အမြင်အာရုံကို နေရာယူလိုက်တာမျိုးပေါ့။

ဝဲနေသောမျက်ရည်များအကြား နှုတ်ခမ်းထက် အပြုံးတို့ ချိတ်တွယ်ကာ ဝမ်းနည်းမျက်ရည်မှ ဝမ်းသာမျက်ရည်အဖြစ်သို့ ကူးပြောင်းသွားသည်။

"ဟဲလို"

"အင်း...ယုန်ပေါက် ၊ အလုပ်ရှုပ်နေလား..."

"ဟင့်အင်း မရှုပ်ပါဘူး Jayy"

"ဪ...လိုင်းမတက်တော့ မနက်ဖြန်အတွက် အလုပ်တွေရှုပ်နေတယ်ထင်လို့"

မျက်ရည်များကြားမှ ပြုံးလိုက်ရပြန်သည်။ တကယ်တော့ Jayy က မိမိအတွက် တွေးပေးနေခဲ့လို့ ဖုန်းမဆက်ခဲ့တာပဲ။

"မနက်ဖြန်အတွက် စိတ်လှုပ်ရှားနေလို့"

"အရမ်းပျော်နေတာလား"

"ဟုတ်...ကျွန်တော်တကယ်မွန်မြတ်တဲ့အလှူတစ်ခုကို လုပ်နိုင်တော့မယ်လေ ၊ ကျောင်းက စီနီယာတစ်ယောက်ကပြောတယ် ၊ မွေးနေ့မှာ... စားနိုင်သောက်နိုင်တဲ့လူတွေကို ပါတီလုပ်ပြီးကျွေးမွေးနေတာထက် မရှိတဲ့လူတွေကိုပဲ ကျွေးမွေးသင့်တယ်တဲ့ ၊ ဒီလိုပြောပေမယ့်လည်း ပါတီတွေဘာတွေမလုပ်ရဘူးလို့တော့ မဆိုလိုပါဘူး ၊ အမှတ်တရအနေနဲ့ကတော့ လုပ်သင့်တာပေါ့နော် ၊ ကိုယ့်အမှတ်တရနေ့မှာ ကိုယ်ချစ်တဲ့သူတွေနဲ့တော့ ပျော်ပွဲရွှင်ပွဲလုပ်ချင်မှာပဲလေ ၊ ကျွန်တော်က နှစ်ခုလုံးလုပ်မှာ ၊ လှူလည်းလှူမယ် ၊ ကျွန်တော်ချစ်တဲ့သူတွေနဲ့လည်း ပျော်မယ်"

"ဟုတ်ပါပြီ... ယုန်ပေါက်ပျော်ရင်ပြီးတာပါပဲကွာ"

"အဟီး...Jayy ကိုလည်း မုန့်ကျွေးချင်တယ်"

"အင်း...ယုန်ပေါက်ပြောသလိုပဲ ကိုယ့်အတွက်ကို ဆေးရုံမှာရှိတဲ့ လူနာတွေကို ပိုလှူလိုက်ပေါ့"

"အင်းပါ...စိတ်ထဲရှိတာပြောတာပါ ၊ မဖြစ်နိုင်မှန်းသိပါတယ်"

တမှူးအသံက ဝမ်းနည်းရိပ်အနည်းငယ်စွတ်သွားမည်လားမသိ။ Jayy ကလည်း သက်ပြင်းရှိုက်ကာ ခဏတိတ်ဆိတ်သွားသည်။ ထို့နောက်

"အကြို Happpy Birthdayပါ ယုန်ပေါက်"

"အကြို နှလုံးသားနဲ့ လက်ခံလိုက်ပါတယ်"

"အဟား...ယုန်ပေါက်ကတော့လေ...၊ အင်း...တကယ်တော့ ကိုယ်က မွေးနေ့ဆုမတောင်းပေးတတ်ဘူး ယုန်ပေါက်ရဲ့ ၊ ယုန်ပေါက်အတွက် ကိုယ်ပေးချင်တဲ့ဆုတွေများပေမယ့် ကိုယ်အများကြီးမပြောတတ်ဘူး ၊ ကိုယ့်ရင်ထဲက ဆုတောင်းပေးချင်တဲ့ မေတ္တာတွေက ပါးစပ်ကပြောမှ ပေါ့သွားတာမျိုးဖြစ်မှာစိုးတယ်"

"အဲ့လောက်ထိ ကျွန်တော့်ကို တန်ဖိုးထားတယ်ပေါ့"

တမှူး အလစ်မေးလိုက်သည့် မေးခွန်းက Jayy ကို တိုက်ရိုက်အကျိုးသက်ရောက်ကြောင်း တိတ်ဆိတ်သွားသော တစ်ဖက်မှ သက်သေထူသည်။

"အင်း...တန်ဖိုးထားတာပေါ့ ၊ စာရေးသူတစ်ယောက်က သူ့စာဖတ်ပရိတ်သတ်တစ်ယောက်ချင်းစီကို တကယ် တန်ဖိုးထားပါတယ်"

အဟင်း... စာဖတ်ပရိတ်သတ်တဲ့လား...။ တမှူးက Jayy အတွက် စာဖတ်ပရိတ်သတ်အဆင့်ပဲလား...။ ဒါဆို Jayy ပေးခဲ့တဲ့ ဂရုစိုက်မှုတွေ ၊ လက်ဆောင်တွေကရော...။ Jayy ရဲ့ စာဖတ်သူတိုင်းကို ပေးနေကျ အခွင့်အရေးတွေလား။

"ကျေးဇူးတင်ပါတယ် ၊ Jayy ရဲ့ စာဖတ်ပရိတ်သတ်အဖြစ် အသိအမှတ်ပြုပေးလို့"

အံကြိတ်ကာ ခပ်ရွဲ့ရွဲ့ ပြောလိုက်သံက သိပ်တော့ မညင်သာ။

"Jayy ပြောစရာရှိသေးလား ၊ မရှိတော့ရင် ကျွန်တော် အိပ်တော့မလို့"

အမှန်တကယ်တော့ Jayy အသံကို ဒီထက်ကြာကြာကြားချင်ခဲ့တာပါ။ သို့ပေမယ့် တမှူး စကားဆက်ပြောချင်စိတ်မရှိတော့။ မဆိုင်ဘဲနဲ့ Jayy ကို စိတ်ကောက်သွားသလို ခံစားရသည်။ တမှူး ဒီလောက် လမ်းခင်းပေးနေတာတောင် ရေစီးမလာဘူး။ အိပ်ယာထဲခွေပြီးသာ ဆွေးနေချင်တော့သည်။

"အင်း...ပြောစရာမရှိတော့ပါဘူး ၊ ဒီတိုင်း ယုန်ပေါက် အဆင်ပြေလား ဖုန်းဆက်ကြည့်တာပါ၊ အရမ်း အိပ်ချင်နေရင် အိပ်တော့လေ ၊ ဒီနေ့အရမ်း ပင်ပန်းထားတယ် မဟုတ်လား ၊ ကိုယ်ဖုန်းချတော့မယ်နော် ၊ အိပ်မက်လှလှမက်ပါစေ ယုန်ပေါက်"

"ဟုတ်...Jayy ရောပဲ"

လိုင်းကျသွားသောဖုန်းလေးကို ခပ်ငေးငေးကြည့်ပြီး ခဏငိုင်နေမိသည်။ လောဘကြီးလိုက်တာ တမှူးခေတ်ရယ်။ ဒီလောက်ထိ Jayy ဘက်က အသိအမှတ်ပြုဂရုစိုက်ခံထားရတာတောင် မကျေနပ်နိုင်ဘဲ Jayy ကို စိတ်ခုသတဲ့။ အဟက်...။

အိပ်ယာထက် စိတ်ပျက်လက်ပျက်လှဲရင်း သက်ပြင်းသာ အနိုင်နိုင်ချမိသည်။ မဖြစ်ပါဘူး...။ မနက်ဖြန် မွေးနေ့ရှိတာကို စိတ်ညစ်နေလို့မဖြစ်ဘူး။ Jayy က အခုမချစ်လဲ နောင်ချစ်လာနိုင်ပါတယ်။ ​နံရံထက်မှ Jayy လက်များနှင့် စုတ်ချက်တင်သော မိမိပုံတူကို ပြန်မြင်တော့ ဝမ်းနည်းမှု သက်သာရပြန်သည်။ ကုတင်ခေါင်းရင်းတည့်တည်မှ Dream Catcher လေးက သူ့စိတ်တွေကို ငြိမ်းချမ်းစေသည်။ သေချာပါသည်။ Jayy က တမှူးကိုအလေးထားပါတယ်။ ဒါက ထင်ယောင်ထင်မှားမဟုတ်တဲ့ တကယ့်မေတ္တာ။

အနည်းငယ်သက်သာရာရသွားသော စိတ်က ပင်ပန်းနေသော ခန္ဓာကိုယ်ကို အိပ်စက်ချင်းဆီသို့ တဖြည်းဖြည်း သယ်ဆောင်သွားသည်။ အိပ်မက်တွေကတော့ လှနိုင်ကောင်းပါရဲ့။ Jayy က အိပ်မက်လှလှမက်ပါစေလို့ ဆုတောင်းပေးထားတယ်လေ။

**********

အားလုံးကို ကျေးဇူးတင်လျက်

Sakura Rain🌸

(Zawgyi)

"မနက္က်ရင္ ကိုယ္လာေခၚမယ္ေနာ္"

"ဟုတ္"

လက္ထဲမွ အခ်ိဳရည္ႏွင့္ မုန္႔ထုပ္မ်ားကို ကားေနာက္ခန္းထဲထည့္ရင္း တမႉး ျပန္ေျဖလိုက္သည္။ ေတာ္ေသးတာေပါ့။ စီနီယာ့ကားနဲ႔ အႀကိဳအပို႔ေတြလိုက္လုပ္ေပးေနလို႔။ တမႉးဘာသာဆိုလွ်င္ ဆိုင္ကယ္နဲ႔ ႏွစ္ပါးသြားရမည္ပင္။ အိမ္၌ တစ္စီးတည္း႐ွိေသာကားေလးက ေဖေဖအလုပ္သြားတိုင္းသုံးေနရသျဖင့္ တမႉး ေတာ္႐ုံယူမသုံးျဖစ္။

ပထမ ထမင္းဘူးသာ လႉရန္ေတြးထားခဲ့ေသာ္လည္း အကုန္လုံးေငြ႐ွင္းၿပီးခ်ိန္တြင္ ေဖေဖထုတ္ေပးထားသည့္ ပိုက္ဆံကပိုေနေသးသည့္အတြက္ အေအးဘူးမ်ားပါထည့္ဖို႔အေတြးရသည္။ ထို႔ေၾကာင့္ မနက္ျဖန္လို ရက္ကပ္ေနမွ စီနီယာ့ထံ အသည္းအသန္အကူအညီေတာင္း၍ ပိုသမွ်ပိုက္ဆံကို အေအးဘူးဝယ္လိုက္သည္။ အကုန္လုံးအတြက္မေလာက္ငေတာင္ ရသေလာက္ေပါ့။

"တစ္ခုခုသြားစားဦးမလား ေကာင္ေလး"

အေအးဘူးမ်ားကို ကားထဲထည့္ၿပီး စီနီယာက ေမးလာသည္။

"သြားစားမယ္ေလ၊ စီနီယာလည္း ဗိုက္ဆာေနေရာေပါ့၊ ကြၽန္ေတာ္ဝယ္ေကြၽးမယ္"

"Pre-birthday treatလား"

"အင္း...ဆိုပါေတာ့၊ မနက္ျဖန္လည္း စီနီယာတို႔ကို special treat ဦးမွာပါေနာ္"

"အေဟး...ညက်ရင္ ဝမ္းႏႈတ္ေဆးေသာက္ထားရမယ္"

"ေသာက္ထား...တစ္ပုလင္းေလာက္ေသာက္ထား"

"ဟား...ဟား"

ထို႔ေနာက္ စီနီယာကပဲဦးေဆာင္ကာ စားေသာက္ဆိုင္တစ္ဆိုင္သို႔ေခၚသြားေပးသည္။ စီနီယာက တကယ္ပဲ ဆိုင္ေကာင္းေ႐ြးတတ္သည္။ ယခုဆိုင္ေလးသည္လည္း တကယ္ကို အျပင္အဆင္လွပသည့္ဆိုင္ေလးပင္။ စီနီယာ့ေကာင္မေလးသာျဖစ္လွ်င္ ဆိုင္ေကာင္းေကာင္းေတြခ်ည္းပဲ ေခၚသြားခံရမွာ။

ဆိုင္ေလးထဲသို႔ေရာက္ေတာ့ ထုံစံအတိုင္း စီနီယာက တမႉးထိုင္ဖို႔ ခုံအသင့္ျပင္ေပးသည္။ ရေနက် ဂ႐ုစိုက္မႈမို႔ တမႉး ထူးၿပီးမခံစားျဖစ္ေတာ့ပါ။ ဟိုးအရင္တုန္းကေတာ့ စီနီယာက တမႉးtype မဟုတ္ဘူးဟု ေတြးခဲ့ဖူးသည္။ ယခုေတာ့ Jayy ကို စီနီယာ့လို ပုံစံမ်ိဳးျဖစ္ေစခ်င္သည္ဟူသည့္အေတြးပင္ မၾကာခဏဆိုသလိုဝင္မိသည္။

"ေကာင္ေလး ဘာစားမလဲ"

"စီနီယာ အဆင္ေျပတာပဲ မွာလိုက္ေတာ့"

တမႉးအႀကိဳက္ကို အခ်ိန္တိုတိုအတြင္းတမႉးထက္ပင္သိေသာ စီနီယာမွာေပးသည္က တမႉးအတြက္အဆင္ေျပမည္မွာ ဧကန္မလြဲပင္။

ထို႔ေနာက္တြင္ေတာ့ တမႉးအႀကိဳက္ ငါးေပါင္းပန္းကန္က တမႉးအေ႐ွ႕တည့္တည့္သို႔ေရာက္လာသည္။ အေအးဘူးေတြသယ္ထားရ၍ ပင္ပန္းကာ ဗိုက္ဆာေနသည္မို႔ စားေသာက္ျခင္းဆီသို႔ စိတ္ႏွစ္လိုက္သည္။

"အ...."

႐ုတ္တရတ္ မ်က္ရည္ဝဲေလာက္သည္အထိ လည္းေခ်ာင္းမွ စူးေထာက္မႈတစ္ခု။ လက္ထဲမွ ဇြန္းကို ပစ္ခ်ကာ လည္ပင္းကို လက္ျဖင့္ဖိကိုင္လိုက္မိသည္။

စီနီယာက ဘာျဖစ္သလဲဆိုၿပီး ေခတၱေၾကာင္ေနၿပီးမွ ဝုန္းကနဲ႔ စိုးရိမ္တႀကီး ထလာကာ တမႉးေဘးနားေရာက္လာသည္။

"ေကာင္ေလး...အ႐ိုးစူးသြားတာလား...ဟမ္"

မ်က္ရည္မ်ားဝဲ၍ ေခါင္းညိတ္ျပလိုက္ေတာ့ စီနီယာက အလွ်င္အျမန္ပင္ တမႉးပန္းကန္ထဲမွ ထမင္းျဖဴအခ်ိဳ႕ကို လက္ျဖင့္ပင္လွမ္းယူကာ ၿမိဳခ်ေစၿပီး ေက်ာကို လက္တစ္ဖက္ျဖင့္ ခပ္ဖြဖြပြတ္သပ္ေပးသည္။ က်န္လက္တစ္ဖက္မွ သူကိုယ္တိုင္ ထမင္းစစားကတည္းက ငွဲ႔ထားေပးေသာ ေရဖန္ခြက္က္ိဳ ကိုင္လိုက္သည္။ ငါးေပါင္းမွ အ႐ိုးျဖစ္သျဖင့္ ထမင္းတစ္လုပ္ျဖင့္ပင္ အလြယ္တကူ ျပန္က်သြားသည္။ ထိုအခါမွ တမႉး သက္ျပင္းခ်ကာ အသက္ဝဝ႐ွဴရဲသည္။

"က်သြားၿပီလား...စူးေနေသးလား..."

စီနီယာ့အေမးကို ပါးစပ္မွမေျဖႏိုင္ေသးဘဲ ေခါင္းညိတ္ျပလိုက္ရသည္။ ထိုအခါမွ စီနီယာက လက္ထဲမွ ေရခြက္ကို တမႉးႏႈတ္ခမ္းနားေတ့ကာ ေသာက္ေစသည္။ လက္တစ္ဖက္ကလည္း ေက်ာကို ပြတ္သပ္ေပးၿမဲ။ ငါးေပါင္းကို အ႐ိုးစူးေအာင္စားသည့္ တမႉးကို တျခားဝိုင္းေတြမွ အနည္းငယ္႐ုတ္႐ုတ္သဲသဲ ျဖစ္သြားသျဖင့္ လွမ္းၾကည့္အကဲခတ္လာၾကသည္။ တမႉး မ်က္ႏွာ ျဖန္းကနဲ႔ပူထူသြားသည္။ ကေလးကလား ဒီအ႐ြယ္ႀကီးမွ အ႐ိုးစူးရသည္လို႔။

စီနီယာကေတာ့ ရလားဟု တဖြဖြေမးရင္း ေက်ာကို ပြတ္သပ္ေပးဆဲ။ မ်က္ေစာင္းထိုးဝိုင္းမွ မိန္းကေလးတခ်ိဳ႕က တမႉးနံေဘး မတ္တပ္ရပ္ေနဆဲ စီနီယာ့ကို ၾကည့္ကာ ျပဳံးစိစိ။

"ရ...ရၿပီ စီနီယာ"

"တကယ္ ရတာလား၊ ေရေသာက္ဦးမလား"

"ရတယ္၊ မေသာက္ေတာ့ဘူး"

"အင္း...ဒါဆိုလည္း အဲ့ဒါဆက္မစားနဲ႔ေတာ့ ၊ တျခားဟာစား...ကိုယ္ ဘာျပန္မွာေပးရမလဲ"

"အာ...ရတယ္ ၊ မစားေတာ့ဘူး ၊ ကြၽန္ေတာ္ဝၿပီ၊ ဆက္လည္း မစားႏိုင္ေတာ့ဘူး၊ စီနီယာပဲ ဆက္စားလိုက္ေတာ့"

"ရၿပီ ၊ ကိုယ္လည္းဝၿပီ...ျပန္ၾကမယ္"

"ဟင္...စီနီယာလည္း ဘာမွ သိပ္မစားရေသးဘူး"

"ရတယ္...ကိုယ္သိပ္လည္းမဆာလို႔"

တမႉးပိုက္ဆံ႐ွင္းေနခ်ိန္ စီနီယာက မ်က္ေမွာက္ကုတ္ကာ တစ္ခုခုစဥ္းစားေနဟန္။

"ဒီေန႔တာဝန္က်တဲ့ စာဖိုမႉး ဘယ္ႏွေယာက္႐ွိလဲ"

စားပြဲထိုးကို ေမးလိုက္သည့္ စီနီယာ့အသံက အနည္းငယ္မာေက်ာလြန္းသည္ဟု တမႉးထင္သည္။

"ဟို...ေလးေယာက္ပါ"

"ေလးေယာက္လား၊ ေလးေယာက္ကို ဒီငါးေပါင္းေလးေတာင္ အ႐ိုးႏူးေအာင္မေပါင္းႏိုင္ဘူးလား"

"စီနီယာ"

တမႉး အလန္႔တၾကားေခၚမိသြားသည္။ အရမ္းသေဘာေကာင္းလြန္းသည့္ စီနီယာလို႔ လူမ်ိဳးက ယခု သူမ်ားဆိုင္ကို အျပစ္တင္ေနတာလား။

"ေကာင္ေလး...ကားေပၚအရင္သြားႏွင့္၊ ကိုယ္ Toilet ဝင္ၿပီးမွလိုက္ခဲ့မယ္"

တမႉး မသြားခ်င္ေသာ္လည္း စီနီယာ့ေလသံက အနည္းငယ္မာေနသည္မို႔ ျပန္မေျပာေတာ့ဘဲ အသာတၾကည္ ကား႐ွိရာသို႔ ျပန္လာခဲ့လိုက္သည္။ တမႉးထင္သည့္အတိုင္း စီနီယာက Toilet သြားတာမဟုတ္ဘဲ ေကာင္တာကိုသြားကာ မန္ေနဂ်ာဟုထင္ရသူႏွင့္စကားေျပာေနသည္။ တစ္ဖက္က မန္ေနဂ်ာက မ်က္ႏွာပ်က္ကာ စီနီယာ့ကို ဦးၫႊတ္မတက္ ေတာင္းပန္ေနသည္။ ၾကားထဲက တမႉး မ်က္ႏွာပူကာ အားနာသြားရသည္။

"စီနီယာ...ဘာေတြသြားေျပာေနတာလဲ ၊ အားနာစရာဗ်ာ"

စီနီယာ ကားေပၚေရာက္လာသည္ႏွင့္ ဆီးႀကိဳေျပာလိုက္သည္။

"ဘာမွမဟုတ္ပါဘူး...၊ ဟင္းခ်က္နည္းနဲ႔ပတ္သတ္ၿပီး နည္းနည္းပါးပါးအၾကံေပးလိုက္တာပါ "

ထို႔ေနာက္ စီနီယာပုံစံက ဘာမွဆက္မေျပာလိုဟန္႐ွိသျဖင့္ တမႉးလည္း အလိုက္တသိ တိတ္ဆိတ္စြာပဲ လိုက္ခဲ့လိုက္သည္။ စီနီယာက လမ္းတစ္ေလွ်ာက္မ်က္ႏွာတည္တည္ျဖင့္သာ ကားေမာင္းလာသည္။ ပုံမွန္ဆို တမႉးတို႔ စီနီယာ့ကို ႏိုင္စားေသာ္လည္း ယခုေတာ့ တစ္ခ်ိန္လုံး အသက္ေတာင္ ရဲရဲမ႐ွဴရဲခဲ့ေပ ။

************

ဖုန္းသံကို မိုင္ကုန္ျမႇင့္ထားၿပီး စားပြဲေပၚတင္ထားခံရသည့္ ဖုန္းေလးက တမႉးကို သနားစဖြယ္ေငးၾကည့္ေနသည္ဟု ခံစားရသည္။ ေျပးကာေပြးဖက္ေပးခ်င္စိတ္ကို အႏိုင္ႏိုင္ထိန္းရင္း ဖုန္းသံကိုသာ အစြမ္းကုန္နားစြင့္ထားမိသည္။

မနက္ျဖန္အတြက္ ရင္ခုန္မႈႏွင့္အတူ တမႉး၌ အၾကံအစည္တစ္ခု႐ွိေနေသးသည္။ Jayy ႏွင့္ ေနာက္တစ္ႀကိမ္ ဖုန္းေျပာခ်င္စိတ္ပါ။ ဟိုတစ္ေန႔က တစ္ခါသာေျပာခဲ့ရၿပီး ေနာက္ေန႔တြင္ေတာ့ messenger တြင္သာဆက္ေျပာျဖစ္ခဲ့သည္။ ဖုန္းထပ္ေျပာခ်င္ေသာ္လည္း ဘယ္လို ေတာင္းဆိုရမလဲ မစဥ္းစားတတ္။

အကယ္၍ ဒီလို႔ညမွာ တမႉးလိုင္းမတက္လွ်င္ Jayy က တမႉးဆီ ဖုန္းေခၚလိမ့္မလားဟူေသာ အေတြးဝင္မိသည္။ ထို႔ေၾကာင့္ ဒီအခ်ိန္ ပုံမွန္လိုင္းတက္ေနက်ျဖစ္ေသာ္လည္း စိတ္ဆႏၵတို႔ကို ထိန္းခ်ဳပ္ကာ ဖုန္းကို လူႏွင့္ေဝးေဝးမွာထားမိသည္။

အခ်ိန္နာရီေတြက တေ႐ြ႕ေ႐ြ႕ကုန္ဆုံးလာသည္။ ဖုန္းေလးက တိတ္ဆိတ္ေနဆဲ။ တမႉး လိုင္းတက္တက္ မတက္တက္ Jayy အတြက္ အေရးမပါဘူးနဲ႔ထင္တယ္။ ငိုခ်င္လာေသာ စိတ္ေၾကာင့္ ရင္ဘက္ထဲမွ တစ္စို႔စို႔ခံစားလာရသည္။ ယခု တမႉးအျဖစ္က ငယ္ငယ္ကလို လွ်ာ႐ွည္ၿပီး သူခ်စ္သလား...မခ်စ္သလားဟု ႏွင္းဆီပြင့္ဖက္ေရတြက္ၿပီးေႁခြသလို ကိုယ္္႕ဘာကိုယ္ေဗဒင္တြက္ၿပီး ေနာက္ဆုံးမခ်စ္ဘူးဟုက်ကာ ႐ႈံးနိမ့္သြားသူလို ခံစားေနရသည္။

ေနာက္ဆုံးကိုယ့္ဘာကိုယ္ပဲ အ႐ႈံးေပးကာ ဖုန္းေလးကို လွမ္းယူလိုက္ရသည္။

တစ္ခါတရံ ကံၾကမၼာက သိပ္ကို တိုက္ဆိုင္က်ီစယ္လြန္းသည္။ ဥပမာ...အ႐ႈံးေပးလက္ေလွ်ာ့လိုက္ၿပီဆိုကာမွ လင္းလက္သြားေသာ ဖုန္းမ်က္ႏွာျပင္ေလးႏွင့္အတူ ျမတ္ႏိုးရသူ၏ ကိုယ္စားျပဳနာမ္စားေလးက အျမင္အာ႐ုံကို ေနရာယူလိုက္တာမ်ိဳးေပါ့။

ဝဲေနေသာမ်က္ရည္မ်ားအၾကား ႏႈတ္ခမ္းထက္ အျပဳံးတို႔ ခ်ိတ္တြယ္ကာ ဝမ္းနည္းမ်က္ရည္မွ ဝမ္းသာမ်က္ရည္အျဖစ္သို႔ ကူးေျပာင္းသြားသည္။

"ဟဲလို"

"အင္း...ယုန္ေပါက္ ၊ အလုပ္႐ႈပ္ေနလား..."

"ဟင့္အင္း မ႐ႈပ္ပါဘူး Jayy"

"ေၾသာ္...လိုင္းမတက္ေတာ့ မနက္ျဖန္အတြက္ အလုပ္ေတြ႐ႈပ္ေနတယ္ထင္လို႔"

မ်က္ရည္မ်ားၾကားမွ ျပဳံးလိုက္ရျပန္သည္။ တကယ္ေတာ့ Jayy က မိမိအတြက္ ေတြးေပးေနခဲ့လို႔ ဖုန္းမဆက္ခဲ့တာပဲ။

"မနက္ျဖန္အတြက္ စိတ္လႈပ္႐ွားေနလို႔"

"အရမ္းေပ်ာ္ေနတာလား"

"ဟုတ္...ကြၽန္ေတာ္တကယ္မြန္ျမတ္တဲ့အလႉတစ္ခုကို လုပ္ႏိုင္ေတာ့မယ္ေလ ၊ ေက်ာင္းက စီနီယာတစ္ေယာက္ကေျပာတယ္ ၊ ေမြးေန႔မွာ... စားႏိုင္ေသာက္ႏိုင္တဲ့လူေတြကို ပါတီလုပ္ၿပီးေကြၽးေမြးေနတာထက္ မ႐ွိတဲ့လူေတြကိုပဲ ေကြၽးေမြးသင့္တယ္တဲ့ ၊ ဒီလိုေျပာေပမယ့္လည္း ပါတီေတြဘာေတြမလုပ္ရဘူးလို႔ေတာ့ မဆိုလိုပါဘူး ၊ အမွတ္တရအေနနဲ႔ကေတာ့ လုပ္သင့္တာေပါ့ေနာ္ ၊ ကိုယ့္အမွတ္တရေန႔မွာ ကိုယ္ခ်စ္တဲ့သူေတြနဲ႔ေတာ့ ေပ်ာ္ပြဲ႐ႊင္ပြဲလုပ္ခ်င္မွာပဲေလ ၊ ကြၽန္ေတာ္က ႏွစ္ခုလုံးလုပ္မွာ ၊ လႉလည္းလႉမယ္ ၊ ကြၽန္ေတာ္ခ်စ္တဲ့သူေတြနဲ႔လည္း ေပ်ာ္မယ္"

"ဟုတ္ပါၿပီ... ယုန္ေပါက္ေပ်ာ္ရင္ၿပီးတာပါပဲကြာ"

"အဟီး...Jayy ကိုလည္း မုန္႔ေကြၽးခ်င္တယ္"

"အင္း...ယုန္ေပါက္ေျပာသလိုပဲ ကိုယ့္အတြက္ကို ေဆး႐ုံမွာ႐ွိတဲ့ လူနာေတြကို ပိုလႉလိုက္ေပါ့"

"အင္းပါ...စိတ္ထဲ႐ွိတာေျပာတာပါ ၊ မျဖစ္ႏိုင္မွန္းသိပါတယ္"

တမႉးအသံက ဝမ္းနည္းရိပ္အနည္းငယ္စြတ္သြားမည္လားမသိ။ Jayy ကလည္း သက္ျပင္း႐ိႈက္ကာ ခဏတိတ္ဆိတ္သြားသည္။ ထို႔ေနာက္

"အႀကိဳ Happpy Birthdayပါ ယုန္ေပါက္"

"အႀကိဳ ႏွလုံးသားနဲ႔ လက္ခံလိုက္ပါတယ္"

"အဟား...ယုန္ေပါက္ကေတာ့ေလ...၊ အင္း...တကယ္ေတာ့ ကိုယ္က ေမြးေန႔ဆုမေတာင္းေပးတတ္ဘူး ယုန္ေပါက္ရဲ႕ ၊ ယုန္ေပါက္အတြက္ ကိုယ္ေပးခ်င္တဲ့ဆုေတြမ်ားေပမယ့္ ကိုယ္အမ်ားႀကီးမေျပာတတ္ဘူး ၊ ကိုယ့္ရင္ထဲက ဆုေတာင္းေပးခ်င္တဲ့ ေမတၱာေတြက ပါးစပ္ကေျပာမွ ေပါ့သြားတာမ်ိဳးျဖစ္မွာစိုးတယ္"

"အဲ့ေလာက္ထိ ကြၽန္ေတာ္႕ကို တန္ဖိုးထားတယ္ေပါ့"

တမႉး အလစ္ေမးလိုက္သည့္ ေမးခြန္းက Jayy ကို တိုက္႐ိုက္အက်ိဳးသက္ေရာက္ေၾကာင္း တိတ္ဆိတ္သြားေသာ တစ္ဖက္မွ သက္ေသထူသည္။

"အင္း...တန္ဖိုးထားတာေပါ့ ၊ စာေရးသူတစ္ေယာက္က သူ႕စာဖတ္ပရိတ္သတ္တစ္ေယာက္ခ်င္းစီကို တကယ္ တန္ဖိုးထားပါတယ္"

အဟင္း... စာဖတ္ပရိတ္သတ္တဲ့လား...။ တမႉးက Jayy အတြက္ စာဖတ္ပရိတ္သတ္အဆင့္ပဲလား...။ ဒါဆို Jayy ေပးခဲ့တဲ့ ဂ႐ုစိုက္မႈေတြ ၊ လက္ေဆာင္ေတြကေရာ...။ Jayy ရဲ႕ စာဖတ္သူတိုင္းကို ေပးေနက် အခြင့္အေရးေတြလား။

"ေက်းဇူးတင္ပါတယ္ ၊ Jayy ရဲ႕ စာဖတ္ပရိတ္သတ္အျဖစ္ အသိအမွတ္ျပဳေပးလို႔"

အံႀကိတ္ကာ ခပ္႐ြဲ႕႐ြဲ႕ ေျပာလိုက္သံက သိပ္ေတာ့ မညင္သာ။

"Jayy ေျပာစရာ႐ွိေသးလား ၊ မ႐ွိေတာ့ရင္ ကြၽန္ေတာ္ အိပ္ေတာ့မလို႔"

အမွန္တကယ္ေတာ့ Jayy အသံကို ဒီထက္ၾကာၾကာၾကားခ်င္ခဲ့တာပါ။ သို႔ေပမယ့္ တမႉး စကားဆက္ေျပာခ်င္စိတ္မ႐ွိေတာ့။ မဆိုင္ဘဲနဲ႔ Jayy ကို စိတ္ေကာက္သြားသလို ခံစားရသည္။ တမႉး ဒီေလာက္ လမ္းခင္းေပးေနတာေတာင္ ေရစီးမလာဘူး။ အိပ္ယာထဲေခြၿပီးသာ ေဆြးေနခ်င္ေတာ့သည္။

"အင္း...ေျပာစရာမ႐ွိေတာ့ပါဘူး ၊ ဒီတိုင္း ယုန္ေပါက္ အဆင္ေျပလား ဖုန္းဆက္ၾကည့္တာပါ၊ အရမ္း အိပ္ခ်င္ေနရင္ အိပ္ေတာ့ေလ ၊ ဒီေန႔အရမ္း ပင္ပန္းထားတယ္ မဟုတ္လား ၊ ကိုယ္ဖုန္းခ်ေတာ့မယ္ေနာ္ ၊ အိပ္မက္လွလွမက္ပါေစ ယုန္ေပါက္"

"ဟုတ္...Jayy ေရာပဲ"

လိုင္းက်သြားေသာဖုန္းေလးကို ခပ္ေငးေငးၾကည့္ၿပီး ခဏငိုင္ေနမိသည္။ ေလာဘႀကီးလိုက္တာ တမႉးေခတ္ရယ္။ ဒီေလာက္ထိ Jayy ဘက္က အသိအမွတ္ျပဳဂ႐ုစိုက္ခံထားရတာေတာင္ မေက်နပ္ႏိုင္ဘဲ Jayy ကို စိတ္ခုသတဲ့။ အဟက္...။

အိပ္ယာထက္ စိတ္ပ်က္လက္ပ်က္လွဲရင္း သက္ျပင္းသာ အႏိုင္ႏိုင္ခ်မိသည္။ မျဖစ္ပါဘူး...။ မနက္ျဖန္ ေမြးေန႔႐ွိတာကို စိတ္ညစ္ေနလို႔မျဖစ္ဘူး။ Jayy က အခုမခ်စ္လဲ ေနာင္ခ်စ္လာႏိုင္ပါတယ္။ ​နံရံထက္မွ Jayy လက္မ်ားႏွင့္ စုတ္ခ်က္တင္ေသာ မိမိပုံတူကို ျပန္ျမင္ေတာ့ ဝမ္းနည္းမႈ သက္သာရျပန္သည္။ ကုတင္ေခါင္းရင္းတည့္တည္မွ Dream Catcher ေလးက သူ႕စိတ္ေတြကို ၿငိမ္းခ်မ္းေစသည္။ ေသခ်ာပါသည္။ Jayy က တမႉးကိုအေလးထားပါတယ္။ ဒါက ထင္ေယာင္ထင္မွားမဟုတ္တဲ့ တကယ့္ေမတၱာ။

အနည္းငယ္သက္သာရာရသြားေသာ စိတ္က ပင္ပန္းေနေသာ ခႏၶာကိုယ္ကို အိပ္စက္ခ်င္းဆီသို႔ တျဖည္းျဖည္း သယ္ေဆာင္သြားသည္။ အိပ္မက္ေတြကေတာ့ လွႏိုင္ေကာင္းပါရဲ႕။ Jayy က အိပ္မက္လွလွမက္ပါေစလို႔ ဆုေတာင္းေပးထားတယ္ေလ။

**********

အားလုံးကို ေက်းဇူးတင္လ်က္
Sakura Rain🌸


You are reading the story above: TeenFic.Net