Chapter-2
Background color
Font
Font size
Line height
(Unicode)
“တင်…”
ရည်ရွယ်ချက်ရေရေရာရာမရှိ ဖုန်းအား အပေါ်ဆွဲအောက်ဆွဲလုပ်နေမိစဥ် friend request တစ်ခုတက်လာ၏။
“Nay Yint Yaung sent you a friend request”
နေရင့်ရောင်...။
နာမည်ဆန်းဆန်းလေးဖြစ်၍ လက်များက အလိုလို ထိုအ​ကောင့် ထဲသို့ တစ်ချက်ဝင်ကြည့်မိသွားသည်။ တမှူးအသိထဲတွင်မူ ဤနာမည်မျိုးမရှိပါ။ ကြည့်နေရင်း ပရိုဖိုင်ကပုံကို မြင်ဖူးသလို​တော့ ခံစားရသည်။ သို့သော် ဘယ်မှာမြင်ဖူးမှန်း ရုတ်တရတ် မမှတ်မိ။
အတန်ကြာစဥ်းစားပြီးမှ ခေါင်းထဲ တရေးရေးပေါ်လာသည်က...
“အာ...စီနီယာ”
ဟုတ်ပါသည်။ မနက်က တမှူးခေါင်းကို အီစလံဝေသွားစေခဲ့သောတရားခံ စီနီယာပင်။ ဘယ်လိုကြောင့် တမှူးကိုလာအပ်သနည်း။
အမည်နှင့် ရုပ်က ကာရန်မညီမလိုက်ဖက်ဟု တွေးမိသည်။ နာမည်ကြားလျှင် ခပ်ချောချောဘဲကြီးဖြစ်မည်ဟု ထင်ချင်စရာရှိသော်လည်း တကယ့်အပြင်တွင်တော့ ရုပ်ရည်ခံညားချောမောမှကြိုက်သော တမှူးခေတ်အတွက် စီနီယာက ရွက်ကြမ်းရေကျိုသာသာ။
အကောင့်ထဲသို့ ဝါသနာအရတော့ အနည်းငယ်ဝင်ကြည့်လိုက်၏။ စီနီယာက တမှူးနှင့် မြန်မာစာမေဂျာချင်းတူပြီး နောက်ဆုံးနှစ်ကဖြစ်သည်။ မွေးနေ့က ၁၉၉၉၊ ဒီဇင်ဘာ ၃၁ ဆိုတော့ ၂၀၀၃ ဖွား တမှူးထက် လေးနှစ်ကြီး၏။ ဒါဆို တိုက်တိုက်ဆိုင်ဆိုင် မနေ့က စီနီယာ့မွေးနေ့ပေါ့။
လက်ခံလိုက်ရန် ပြင်ပြီးမှ အတွေးတစ်မျိုးပြောင်းသွားရသည်။ ချက်ချင်းလက်ခံလျှင် မိမိအပေါ်တစ်မျိုးထင်သွားနိုင်သည်။ ထို့ကြောင့် နောက်နေ့မှပဲ လက်ခံဖို့ဆုံးဖြတ်လိုက်သည်။ ထိုစီနီယာ့၏အကောင့်ထဲမှ ပြန်ထွက်ပြီးနောက် ဝင်ဖြစ်သည်က Jayy ၏အကောင့်။ မနက်ကတည်းက 'Thank you’ ဟုသော ပို့စ်တစ်ခုသာတင်ခဲ့ပြီး ယခုညရောက်သည်အထိ Jayy ကဘာမှမတင်။ ယုတ်စွအဆုံး နှစ်သစ်ကူးဆုတောင်းစာလေးပင်မတင်။ တစ်ပတ်မှနှစ်ရက်သာရှိသောဇာတ်လမ်းအပိုင်းသစ်တင်သည့်နေ့တွေကလည်း အင်္ဂါ၊သောကြာ နှစ်ရက်သာဖြစ်သည်။ ကျန်ရက်များတွင် မိုင်ဒေးပြေးကြည့်လိုက်၊ အကာင့်ထဲဝင်ပတ်လိုက်နှင့် အလွမ်းဖြေရခြင်းဖြစ်၏။
Jayy ထံ၌သာ အလုံးစုံ သက်ဝင်နေမိသောသူသည် ပြင်ပလက်တွေ့ဘဝ၌ အကြိမ်ကြိမ်စိတ်ကူးယဉ်ခဲ့ဖူးသော တက္ကသိုလ်ကျောင်းသားဘဝ ပထမနှစ်ကိုပင် ထိထိမိမိမခံစားနိုင်သေး။ လှေကားထောင့်မှာ ပခုံးချင်းတိုက်ဖို့လူထက် တစ်စုံတစ်ယောက်ရဲ့ ပရိုဖိုင်လေးဆီမှာပဲ အကြိမ်ကြိမ် လက်ခလုတ်တိုက်ခဲ့ပါသည်။
ယခုလည်း ဘာမှ ထူးထူးခြားခြားကြည့်စရာမရှိတော့သော Jayy ၏အကောင့်ထဲဝင်ပြီးသည်နှင့် လိုင်းဆင်းလိုက်သည်။ သူများတွေလို ခရက်ရှိ၏ မီးစိမ်းလေးကြည့်ပြီးရင်ခုန်ချင်ပါသော်လည်း Jayy က ဖျောက်ထားသည်လေ။ Jayy လိုင်းတက်နေသလား လိုင်းဆင်းနေသလားဟူ၍ပင်မသိနိုင်သည့်အခြေအနေဖြစ်သည်။ ရင်မောစွာ သက်ပြင်းချဖြစ်သည်။ သူ့၏ဆယ်ကျော်သက် ရင်ခုန်ဦးက တိမ်ဆိုင်လိုပဲ မရေရာလိုက်တာ။
လိုင်းပေါ်မှဆင်းပြီးချိန် ဉာဥ့်လည်းနက်ပြီမို့ အိပ်ရန်ကြိုးစားလိုက်၏။ သို့သော် ရင်ဘက်ထဲ၌ ဟာတာတာဖြစ်နေကာ ချက်ချင်းအိပ်မရ။ အချို့ညတွေတွင် ခေါင်းအုံးနှင့်ခေါင်းထိလျှင်ထိချင်း လွယ်ကူစွာအိပ်ပျော်တတ်သော်လည်း အချို့ညများတွင် ယခုလိုတစ်ခုခုလိုနေသလို ခံစားရကာ လူးလူးလိမ့်လိမ့်အိပ်မပျော်တတ်။
ပြတင်းမှတဆင့် ဖြန်းပက်သောလရောင်ကိုခံယူရင်း Jayy ကို သတိရနေမိပြန်သည်။ ညတိုင်းလွမ်းနေကျဖြစ်သော်လည်း ယနေ့ည ပိုလွမ်းနေသလို ခံစားရ၏။
တိုင်ကပ်နာရီထံမှ နာရီလက်တံရွေ့လျားသံက တချက်ချက် မှန်မှန်ထွက်ပေါ်နေ၏။ တစ်ချက်တစ်ချက် တောက်တဲ့တစ်ကောင်၏အသံကလည်း ခြောက်ခြားစွာထွက်ပေါ်လာတတ်သေးသည်။
မျက်လုံးတို့ကို အတင်းပိတ်၍ အိပ်ဖို့ကြိုးစားမိသော်လည်း အချည်းနှီးသာ။
“ဒင်”
လမ်းထိပ်မှ နာရီစည်သံတစ်ချက်ထွက်လာ၏။ တစ်ချက်ပဲဖြစ်၏။ ဒါဆို တစ်နာရီထိုးတာပေါ့။ လူးလူးလိမ့်လိမ့်ဖြင့်မရမက အိပ်ဖို့ကြိုးစားသော်လည်း လုံးဝအိပ်လို့မရ။ နောက်ဆုံး ဖုန်းကိုယူကာ လိုင်းဖွင့်မိပြန်သည်။
“ဟင်”
Jayy ကမိုင်ဒေးတင်ထား၏။ ဒါကြောင့် တမှူးစိတ်က အိပ်မပျော်တာလား။ တိုက်တိုက်ဆိုင်ဆိုင် Jayy တင်ထားသည်က 'အိပ်လို့မပျော်ဘူး'တဲ့။
တသိမ့်သိမ့်လှုပ်ရှားလာသော ရင်ဘက်ကို ဖိရင်း 'ကျွန်တော်လည်း အိပ်မပျော်ဘူး'ဟု စာပို့လိုက်မိ၏။ Jayy က မနေ့ကပို့သော စာကို အသည်းပေးသွားသော်လည်း ဟိုးယခင်ငါးလခန့်ကတည်းက မိုင်ဒေးတိုင်းကို စာပြန်ထားတာတွေ၊ ဇာတ်လမ်းတစ်ပိုင်းပြီးတိုင်းမှာပို့ထားသော စာတွေကိုရော ဖတ်ရဲ့လားမသိ။ လွန်ခဲ့သော ငါးလခန့်ကတည်းက နေ့စဥ်နီးပါး ပို့ထားသည်မို့ Jayy ပြန်ဖတ်လျှင် တစ်ညကုန်လောက်မည်။ ဖတ်ဖတ်မဖတ်ဖတ် သူကတော့ ဆက်၍ ပို့နေပေဦးမည်။
“တောင်…”
ချက်ချင်းလို ပြန်ဝင်လာသည့် နိုတီသံကြောင့် ကပျာကယာကြည့်လိုက်လျှင် Jayy စွန့်ကြဲလိုက်သော sad react လေးတစ်ခု။ ထိုမျှသာပါ။ သို့သော် မျက်ရည်ဝဲ ကြက်သီးများထသွားစေသည်အထိ သူက အသည်းငယ်၏။ စာပြန်လာနိုးဖြင့် ခေတ္တစောင့်ကြည့်နေပေမဲ့ ပြန်စာကရောက်မလာ။ သို့ပေမဲ့ ယခုလောက်ဆိုလည်း သူ့အတွက် ရူးသွပ်ဖို့လုံလောက်ပါသည်။ ခပ်ယဲ့ယဲ့ပြုံးရင်း သက်ပြင်းချကာ ဖုန်းပိတ်ရန်ပြင်လိုက်သည်။
ထိုစဥ် Jayy ၏ နောက်ထပ်မိုင်ဒေးတစ်ခု ထပ်တက်လာ၏။
'တစ်ယောက်ယောက်က ကိုယ့်ကို အရမ်းလွမ်းနေရင် ကိုယ်လည်းထပ်တူခံစားရကာ အိပ်မရဖြစ်စေတယ်တဲ့၊ ဘယ်သူ ကိုယ့်ကို လွမ်းနေလဲ'
ဝမ်းသာအားရ 'ကျွန်တော်...ကျွန်တော်' ဟု သွားအော်ချင်သည်။ သို့သော် မဖြစ်ပါဘူး...။
မိမိကို ရည်ရွယ်သည်မဟုတ်ပါဘဲ တမှူးပါးတွေ နွေးသွားရသည်။ ဆိုင်ဆိုင်မဆိုင်ဆိုင် Jayy နှင့်မိမိအကြား အနည်းငယ်ပို၍နီးစပ်သွားသည်ဟု ခံစားလိုက်ရ၏။ လိုရာဆွဲတွေး ကျန်းမာရေးဆိုသည်မှာ တမှူးတို့လို တစ်ဖက်သတ်သမားတွေအတွက်လား။
အချစ်က ရူးသွပ်ဖို့ကောင်းသည်။
အထူးကျွမ်းကျင်သည့် မျက်လှည့်ဆရာတစ်ယောက်က လှလှပပ ဆော့ကစားပြနေချိန် မျက်တောင်ခတ်ဖို့မေ့သလို အချစ်ထံမှာ ရူးရူးမူးမူးကျရှုံးနေချိန်မှာ ပုံမှန် သတိမမူမိတဲ့ နှလုံးခုန်သံကိုပဲ အသက်ရှူဖို့ထက်ပိုသတိထားမိလိမ့်မည်။
ထို့အတူ Jayyလို လျို့ဝှက်နက်နဲသူတစ်ဦးဆီက အချစ်သည် ဘယ်လောက်တောင် ပဉ္စလက်ဆန်လိုက်မလဲ။
ဘယ်လိုပဲဖြစ်ဖြစ် အလကားရသော တမှူး၏ စိတ်ကူးယဥ်ကမ္ဘာမှာ Jayy က အမြဲ ပင်တိုင်ဇာတ်လိုက်ပင်ဖြစ်သည်။
အမြဲတမ်းစိတ်ကူးယဥ်တိုင်း အဆုံးသတ်ထိမရောက်ခဲ့ပေမဲ့ တွေ့ဆုံမှုတွေကတော့ စိတ်ကူးထဲမှာပင် သေသပ်လှပလျက်။
အပြင်လောကတွင် ခက်ခဲလွန်းသောအရာတွေက စိတ်ကူးထဲမှာတော့ သိပ်လှပစွာ ဖန်တီးနိုင်သည်လေ။ ဆိုတောကာ့ အပြင်မှာချစ်ခွင့်မရလည်း စိတ်ကူးထဲမှာပဲ တဝကြီးချစ်မည်ပေါ့။
ကောင်းသောညပါ Jayy။ ပြီးတော့ ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ပါစေ။
***************
၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်။
“ဟေး...ကောင်လေး”
အနောက်မှ ခေါင်းကို ခပ်ဆတ်ဆတ်ရိုက်ထည့်လိုက်ခြင်းကြောင့် လန့်ဖျပ်သွားကာ လှည့်ကြည့်လိုက်၏။
“အာ...စီနီယာ”
ယနေ့ ဟိုအမွှာနှစ်ယောက်က ကျောင်းပြေးကြ၍ ကန်တင်းတွင် တမှူးတစ်ယောက်တည်း ဖြစ်နေ၏။ ထိုအမွှာနှစ်ယောက်က ဘာလုပ်လုပ်သိပ်အတိုင်အဖောက်ညီကြသည်။ နယုန်ပြောတာတော့ အမွှာတွေက စိတ်ဆက်သွယ်မှုတွေရှိတတ်သည်တဲ့။ ဖြစ်နိုင်ပါသည်။ ထိုနှစ်ယောက်က အကြိုက်တွေလည်း အကုန်တူကြသည်လေ။
“ဘာလို့ ကိုယ့်ကို ဖရန့်ဒ်လက်မခံတာလဲ”
စီနီယာနေရင့်ရောင်က တမှူး၏အရှေ့မှ ခုံတွင်ဝင်ထိုင်ရင်းပြောသည်။ ထိုအခါမှ တမှူးသတိရ၏။
“ဟို…”
“လိုင်းမတက်ဘူးလို့မပြောနဲ့နော်၊ မင်း ကိုယ်နဲ့ ဖရန့်ဒ်ဖြစ်တဲ့လူတစ်ယောက်စီမှာ မနက်က စာမန့်ထားတာတွေ့တယ်”
“အင်း…”
တကယ်တော့ ခဏချေမည်ဆိုပြီး မေ့သွားခဲ့ခြင်းပါ။ တစ်ဆက်တည်း တမှူးတအံ့တဩလည်းဖြစ်သွားရသည်။ ယခု စီနီယာနေရင့်ရောင်က တမှူးကို အသိတစ်ယောက်လိုပုံစံမျိုးနှင့် စကားလာပြောနေခြင်းဖြစ်သည်လေ။ တစ်ခါပဲတွေ့ဖူးခြင်းတွင် အချင်းချင်းပင်မိတ်မဆက်ခဲ့ကြသည်ကို ယခုလိုပဲ စီနီယာနေရင့်ရောင်က ဖော်ရွှေတတ်ခြင်းလား။
“လိုင်းတက်တိုင်းလည်း friend request တွေ လိုက်ကြည့်ဖြစ်တာ မဟုတ်ဘူးဗျ၊ ကျွန်တော် စီနီယာ အက်ဒ်ထားမှန်းတောင်မသိဘူး၊ ပြီးတော့ စီနီယာက ကျွန်တော့်အသိလည်းမဟုတ်တော့ တကူးတကမကြည့်မိဘူးလေ”
တမှူး ပေါ်တင်ပဲ ဗြောင်လိမ်လိုက်၏။
“ဒါဆို အခုလက်ခံလိုက်လေ”
“ဗျာ”
စီနီယာက စာပွဲတွင်နေသားကျသည်နှင့် အအေးတစ်ခွက်နှင့် အသုပ်တစ်ပွဲလှမ်းမှာရင်းပြောလာသည်။ ပုံစံကြည့်ရသည်မှာ တမှူးနှင့်တစ်ဝိုင်းတည်းပင် နေ့လယ်စာအတူစားမည့်ဟန်ရှိသည်။ တမှူးမှာ စားလက်စဇွန်းကိုပင်ချ၍ စီနီယာလုပ်သမျှလိုက်ကြည့်နေရသည်။ စီနီယာ့ပုံစံက အေးဆေးသက်သာဟန်ရှိလှ၏။ လုံးဝ တမှူးက သူနှင့်ကျွမ်းဝင်နေသူလို။ တမှူးတို့ ဘယ်တုန်းက ရင်းနှီးသွားပါလိမ့်။
“အခုလက်ခံပေးလို့”
တမှူး ကြောင်အကာကြည့်နေမိ၍ စီနီယာက ထပ်ပြောလာသည်။ ထိုအခါမှ အသိဝင်ကာ ဇွန်းကိုပြန်ကိုင်ပြီး ခေါင်းငုံ့ချလိုက်ရင်းဖြေမိသည်။
“ညကျမှ လက်ခံလိုက်မယ်ဗျာ”
“အင်းလေ၊ ဒါဆိုလည်း ပြီးရော”
ပြောပြီး စီနီယာက စားပွဲကိုခပ်ဖွဖွခေါက်ကာ အဝေးကိုငေးနေပြီး မှာထားသည်များရောက်လာသည့်အခါ နေ့လယ်စာကို တိတ်တဆိတ်စစားသည်။ တမှူးလည်း ဘာမှမပြောဖြစ်တော့ဘဲ စားစရာရှိသည်ကိုသာ ဆက်စားနေလိုက်ရသည်။ စကားဆက်မပြောဖြစ်သည့်နောက် အနည်းငယ်ကြောင်တောင်တောင်နိုင်ပေမဲ့ တစ်ခုတော့ကောင်းပါသည်။ နယုန်တို့မရှိ၍ နေ့လယ်စာကို တစ်ယောက်တည်း အထီးကျန်ကျန်မစားရတော့ဘူးပေါ့။
“ရေသောက်ဦးမလား”
စီနီယာက သူရေသောက်ရန် ဖန်ခွက်ထဲရေငှဲ့ရင်း တမှူးကိုပါမေးလာ၍ ခေါင်းခါပြလိုက်ရသည်။ သို့သော် ရေတစ်ဝက်ဖြည့်ထားသည့် ဖန်ခွက်ငယ်ကတော့ တမှူးရှေ့ရောက်လာသည်ပင်။ ရောက်လာတော့လည်း မထူးသည်မို့ ယူသောက်လိုက်ရသည်။ အေးမြမြရေ၏အထိအတွေ့က လည်ချောင်းတစ်လျှောက် ညံသက်စွာ စီးဆင်းသည်။
“ညကျရင်ဆက်ဆက်လက်ခံနော်၊ ကိုယ်စကားလာပြောရင်လည်း ပြန်ပြောဦး”
နေ့လည်စာစားပြီးနောက် စီနီယာက မသွားခင်
တမှူးခေါင်းကို ခပ်ဖွဖွပုတ်ပြီး ဆိုခဲ့သည်။ တမှူးမှာ နားမလည်စွာ လှမ်းငေးကြည့်ရင်း ကျန်ခဲ့ရသည်။ တစ်ယောက်နှင့်တစ်ယောက် နာမည်ပင် ပြောပြမိတ်ဆက်ထားခြင်းမရှိသည်ကို စီနီယာက တမှူးအား ရင်းနှီးကျွမ်းဝင်သည့်ညီငယ်တစ်ဦးလို ဆက်ဆံသွားခဲ့သည်လေ။
************
၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်။
“ဟိတ်…”
အဝေးမှ လှမ်းခေါ်နေသော စီနီယာနေရင့်ရောင်၏ ပုံရိပ်ကို လှမ်းမြင်လိုက်ရသည်နောက် ဆိုင်ကယ်ဦးထုပ်ကို အမြန်ဆောင်းကာ လစ်ဖို့ကြိုးစားလိုက်သည်။ စီနီယာ  ဖရန့်ဒ်လက်ခံခိုင်းသည်ကိုတမင်ချေရင်း ယခုထိ လက်မခံရသေးသောကြောင့်ပင်။
“တမှူးခေတ်၊ ခဏနေဦး”
နာမည်ကိုကိုင်ခေါ်ပြီး လေသံမာမာနှင့်ဆိုတော့ ဆိုင်ကယ်စက်နှိူးတော့မည့်လက်တွေ ရပ်သွားရ၏။ သူက စီနီယာဆိုတော့လည်း နာခံဦးပေါ့။
“မနေ့ညက လက်ခံမယ်ဆို၊ ဘာလို့လက်မခံတာလဲ”
ခေါင်းထဲ၌ အကြောင်းပြချက်တစ်ခုကို အမြန်စဥ်းစားရသည်။
“ဟို...မေ့သွားလို့”
အမှန်က သည်တိုင်း သတိရလျက်နှင့် လက်မခံမိခြင်းဖြစ်သည်။
“အခု ဖုန်းပေး”
“ဗျာ”
“ကိုယ့်ဘာကိုယ် လက်ခံလိုက်မယ်လေ၊ ဖုန်းပေး”
တအံ့တဩမော့ကြည့်တော့ စီနီယာက မျက်ခုံးပင့်ပြသည်။ ဘာအတွက်ကြောင့် တမှူးနှင့် ဖရန့်ဒ်ဖြစ်ဖို့ ဤမျှစိတ်စောနေရသည်မသိ။ တမှူး Jayy ကို လက်ခံဖို့ပူဆာတုန်းကတောင် စီနီယာ့လောက်မဆိုးဟုထင်သည်။
“ကျွန်တော့ဘာသာ ကျွန်တော်လက်ခံလိုက်ပါမယ်”
မလွှဲသာတော့သည်မို့ ဖုန်းကို ထုတ်ကာ လိုင်းဖွင့်ပြီး လက်ခံပေးလိုက်သည်။
"သည်မှာ လက်ခံလိုက်ပြီ"
ဖုန်းကို သူ့မျက်နှာရှေ့ထိုးပြလိုက်တော့ နှစ်နှစ်ခြိုက်ခြိုက် ပြုံးသွားသည်။ တမှူး တစ်ချက်ငေးခနဲ ဖြစ်ရသည်။ စီနီယာက ရုပ်တည်နေရင် မချောသလိုနှင့် ရယ်လိုက်တော့ ကြည့်ကောင်းသည်ဟုထင်သည်။ အင်း ဆွဲဆောင်မှုရှိတာ။ နောက်ပြီး စီနီယာ့မျက်ဝန်းတွေက အညိုရောင် သိသိသာသာသန်းပြီး သိပ်လှသည်။ သို့သော် အတင်းလာကပ်နေလည်း စီနီယာက တမှူး၏စိတ်ကူးယဥ်ပုံစံမဟုတ်။ ဂေးဟု ကြေညာထားလည်း ကိုယ်က အဖိုးတန်လေးဖြစ်သည်။
"ရပြီမလား၊ ကျွန်တော် သွားတော့မယ်"
ဆိုင်ကယ်စက်နှိုးကာ မောင်းဖို့ပြင်လိုက်၏။ ထိုစဥ် ရုတ်တရက် တမှူးပခုံးကိုကိုင်ကာ ဆိုင်ကယ်အနောက်ကို ခွတက်လိုက်သည့်စီနီယာ။ သည်စီနီယာ တဆိတ်တော့ လွန်ချေပြီ။
"ဘာလုပ်မလို့လဲဗျ”
"ပြန်မှာမဟုတ်လား၊ ကားမှတ်တိုင်ထိ လမ်းကြုံလိုက်ချင်လို့"
"ဘယ်သူက ခေါ်မယ်ပြောလို့လဲ"
"ပင်ပန်းလို့လား"
"အမ်"
"မပင်ပန်းရင် တင်ခေါ်သွားပါ၊ မင်းက ရုက်ကလေးကြည့်ကောင်းသလောက် တကယ်အချေကိုယ်တော်နော်၊ သည်လိုနဲ့ ကိုယ့်အလှည့်ကျရင် နှစ်ဆပြန်ခံရမယ်နော်”
“ဘာ”
တမှူးစိတ်ထဲ ဆတ်ခနဲ ဖြစ်သွားရ၏။ ဒါက Jayy ထံမှာ တမှူး အချေခံနေရသည်ကို ရွဲ့ပြောလိုက်သလိုလိုမို့။ သူက ရိုးရိုးပြောပေမဲ့ ကိုယ်က အနာရှိတော့စပ်သည်။ ဆိုင်ကယ်နောက်ကြည့်မှန်မှမြင်ရသော စီနီယာက ပြုံးတုံ့တုံ့။ ဘာမှပြန်မပြောတော့ဘဲ ဆိုင်ကယ်ကို လီ​ဗာတင်ကာ ဆောင့်ထွက်လိုက်သည်။ ဆိုင်ကယ်ဦးထုပ်မပါဘဲ မော်တော်ပီကယ်အဖမ်းခံရလို့ကတော့ သူ့ပဲ ပိုက်ဆံလျော်ခိုင်းမည်ဟု စိတ်ထဲမှ ကြုံးဝါးနေလိုက်သည်။
မှတ်တိုင်ရောက်တော့ စီနီယာက တကယ်ဆင်းနေခဲ့ပါသည်။
"ညကျရင် စကားလာပြောမယ်နော်၊ ပြန်ပြောဦး၊ ပြန်မပြောဘဲချေရင်တော့ နှစ်ဆနော် နှစ်ဆ"
ခုနက ထိုသို့ပြောခြင်းကို တမှူးဆတ်ဆတ်ခါဖြစ်သွားမှန်းရိပ်မိ၍ ထိုစကားလုံးဖြင့် ထပ်ကိုင်ပေါက်သည်။
"ချီးပဲ" ဟု မကြားအောင် ခပ်တိုးတိုးရေရွတ်ပြီးမှ လှည့်မကြည့်တော့ဘဲ မောင်းထွက်လာလိုက်သည်။ စီနီယာနေရင့်ရောင်သည် ကြည့်တော့တည်တည်ကြည်ကြည်ရုပ်ရည်နှင့် ယခုလို သူတစ်ပါးအား ဒေါသထွက်အောင်လည်းစတတ်သည်လား။
*************************
အိမ်သို့ရောက်လျှင် ရေမိုးချိုးပြီး သည်နေ့ သောကြာနေ့ဖြစ်သောကြောင့် လူကလန်းဆန်းတက်ကြွနေသည်။ ညရှစ်နာရီ မြန်မြန်ရောက်ချင်သည်။ နာရီကြည့်လိုက် လိုင်းသုံးလိုက်ဖြင့် wattpad မှ နိုတီလေးတစ်ခုကို မျှော်လင့်တကြီး စောင့်စားနေ၏။
“တောင်…”
အရေးထဲ စာဝင်လာသည်။ ကြည့်လိုက်သောအခါ စီနီယာနေရင့်ရောင်။ တကယ် စကားလာပြောသည်ပဲ။
'ဘာလုပ်နေလဲ ကောင်လေး'တဲ့။
မသိချင်ယောင်ဆောင်ရန်ပြင်ပြီးမှ နှစ်ဆဟုသော အသံကိုပြန်ကြားယောင်တော့ အလိုလို လက်က စာပြန်လိုက်မိ၏။
'လိုင်းသုံးနေတာ'
'သိတယ်လေ၊ လိုင်းသုံးပြီး ဘာတွေလုပ်နေလဲ၊ ဘာတွေကြည့်နေလဲမေးတာ'
စီနီယာက စပ်စပ်စုစု။
'လိုင်းသုံးပြီး ဘာလုပ်မှာလဲဗျ၊ ဖေ့စ်ဘုတ် ကြည့်နေတာပေါ့'
'ဟုတ်လား’
စာပြန်ပုံက ခပ်ရွဲ့ရွဲ့။ တမှူး ခပ်မဲ့မဲ့ အီမိုဂျီနှစ်ခုပို့လိုက်၏။ စီနီယာ ရယ်နေသည့် အီမိုဂျီပြန်ပို့သည်။
ရှစ်နာရီထိုးဖို့က တဖြည်းဖြည်းနီးကပ်လာချေပြီ။
'တော်ပြီ ကျွန်တော် စာဖတ်တော့မှာမို့ လာမနှောက်ယှက်နဲ့တော့'
'ဘာစာတွေဖတ်မှာလဲ'
'ဘာစာဖြစ်ဖြစ်ပေါ့ဗျာ၊ စီနီယာက အရမ်းစပ်စုပါ့'
စိတ်မရှည်တော့၍ ပြောဖြစ်အောင်တော့ ပြောလိုက်မိသည်။ ရယ်နေသည့် အီမိုဂျီများပို့လာသည့်အခါ မဲ့နေသည့်အီမိုဂျီများသာ ပြန်ပို့လိုက်သည်။ မဆီမဆိုင် စီနီယာက တမှူး Jayy ၏ အပိုင်းသစ်အတွက် စိတ်လှုပ်ရှားနေချိန်ကိုမှ တမင်ရွေး၍ညစ်နေသည်ဟု ခံစားရသည်။ တမှူး ဘာမှပြန်မပြောတော့ စီနီယာကလည်း ဆက်မပြောလာတော့ပါ။ သို့ကြောင့် တမှူး တစ်ခါတည်း wattpad ထဲသို့ဝင်ကာ စောင့်နေလိုက်သည်။
"တင်"..။အချိန်အတိအကျ၌ပင် နိုတီလေးကတက်လာသည်။ လုပ်နေကျတာဝန်များအတိုင်းလုပ်ပြီး အမြန်ဖတ်သည်။ ထို့နောက် ထင်မြင်ချက်၊ ခန့်မှန်းချက်တွေရေးပြီး Jayy ဆီပို့သည်။ ထို့နောက် wattpad ထဲ ပြန်ဝင်ပြီး မန့်တွေလိုက်ဖတ်လိုက်၏။ Jayyက wattpad မှာ စာမပြန်တတ်။ Jayy က ချေပါသည်။ တမှူးထက် နှစ်ဆမက ချေပါသည်။ ထိုစဥ် နိုတီအသံထွက်လာ၍ ဝင်ကြည့်လိုက်တော့ တမှူးပို့ထားသောစာကို Jayy က ကြည့်၍ အသည်းလေးပေးထားသည်။ ယခုညလည်း ထိုမျှသာပါပဲ။
သို့သော် တမှူး ဖုန်းကို ရင်ဘက်ပေါ်တင်၍ မျက်နှာကျတ်ကို ပြုံးပြုံးကြီးငေးနေလိုက်သည်။ အချစ်ကပေးရင် ဖန်သားပြင်ပေါ်က အသည်းလေးတစ်ခုဟာလည်း လူတစ်ယောက်အတွက် ကမ္ဘာဖြစ်နိုင်တာမျိုး။
ထိုစဥ် 'တောင်’ ဆိုပြီး စာတစ်ခုဝင်လာပြန်သည်။ Jayy ဆီကများလားဟူ၍ ကပျာကယာ ကြည့်လိုက်တော့ စီနီယာနေရင့်ရောင်ဆီမှ...။
'မင်းက Jayy ရဲ့ ဖန်ပဲလား' တဲ့။
တမှူး လှဲနေရာမှ ထထိုင်မိသွားသည်။ စီနီယာ နေရင့်ရောင်က Jayy ကို သိနေတာလား။
'ဘာလို့လဲ၊ ဘာလို့မေးတာလဲ'
'အင်း...မင်း Jayy ရဲ့စာတွေ ရှဲထားတာတွေ့လို့ပါ'
'စီနီယာက Jayy ကို ဘယ်လိုသိတာလဲ'
တမှူး စာရိုက်ပို့ရင်း စိတ်လှုပ်ရှားမှုကြောင့် လက်ဖဝါးများပင် ချွေးစို့လာသည်။
'Jayy က စာရေးဆရာမဟုတ်လား၊ ကိုယ့်သူငယ်ချင်းတွေထဲမှာ Jayy ရဲ့  ဖန်တွေရှိတယ်၊ သူတို့အပြောများလွန်းလို့ ကိုယ်သတိထားမိနေတာ'
'ဪ'
'Jayy က လိင်တူဝတ္ထုတွေရေးတာမဟုတ်လား'
တမှူးရင်ထဲ ဒိန်းခနဲ ဖြစ်သွားသည်။ ထိုမျှထိတောင် သိထားသည်လား။ ထိုသို့ဆိုလျှင် တမှူးက Jayy ကိုကြိုက်တော့ တမှူးသည်လည်း လိင်တူဝတ္ထုတွေကို ဖတ်ရှုသူမှန်း စီနီယာ ရိပ်မိမည်ပင်။ ထိုမှတဆင့်...။
မိမိ ဂေးဖြစ်ခြင်းကို ရှက်ရွံ့ခြင်းမဟုတ်သော်လည်း တစ်စုံတစ်ယောက်က သိသွားနိုင်သည့်အခါတွင်မှု ရင်ခုန်စိတ်လှုပ်ရှားမှုမျိုးဖြစ်ရသည်။ မိမိကို လက်ခံလေမလား၊ ရှုံ့ချလေမလားဟူ၍ တွေးကာ ရင်တုန်ရခြင်းမျိုးပါ။ တမှူးဘက်မှ စာမပြန်လာသောအခါ စီနီယာကဆက်ပို့လာသည်။
'ကိုယ်က LGBT တွေကို မစိမ်းပါဘူး၊ ကိုယ့်မှာ LGBT သူငယ်ချင်းတွေလည်းရှိတယ်၊ သည်တော့ သည်လိုစာပေမျိုးကို ကိုယ်လည်းလက်ခံနိုင်ပါတယ်'
တမှူးရင်ထဲနွေးသွားသည်။ စီနီယာက LGBT ကို လက်ခံသည်ဟူသောအသိဖြင့်ပင် စီနီယာ့အပေါ် ဘုကလန့်တွေးခဲ့မိခြင်းများအားလုံး ပြေလျော့ကာ ရင်းနှီးနွေးထွေးသွားရသည်။ LGBT တစ်ယောက်ဖြစ်၍ LGBT လက်ခံသူများအပေါ် စိတ်က အလိုလိုနွေးထွေးနေမိခြင်းပင်ဖြစ်မည်။
'စီနီယာ့ကို အခုလို LGBT လက်ခံပေးတဲ့သူလို့ မထင်ခဲ့ဘူး'
'အင်း...ကိုယ်လည်း ကောင်လေးကို စာရေးဆရာတစ်ယောက်ကို သည်လောက်ထိ ကြိုက်တတ်လိမ့်မယ်လို့ မထင်ခဲ့ဘူး'
တမှူး ပြုံးမိသွားသည်။
'ဒါကတော့ Jayy ကအရမ်းတော်တာကိုဗျ'
‘အင်း...ဟုတ်မှာပါ၊ ကိုယ့်သူငယ်ချင်းမတွေကတော့ တော်တော်ကြိုက်ကြတယ်’
'ကျွန်တော်လည်း ကြိုက်တယ်'
'အဟား... တကယ့် Jayy ရဲ့ အမာခံဖန်နဲ့တွေ့နေပါပြီ”
တမှူးပြုံးကာ စိတ်အေးသက်သာစွာ ခုတင်ပေါ်ပြန်လှဲလိုက်သည်။
'ကိုယ်တစ်ခုလောက် မေးလို့ရမလား'
စီနီယာက ထပ်ပြောလာသည်။
'ဟုတ် မေးလေ'
'Jayy ကို ကောင်လေးက ဘာလို့ကြိုက်တာလဲ'
တမှူးသတိထားမိသည့်အချက်မှာ စီနီယာက တမှူးအား ကောင်လေးဟုခေါ်နေသည်ကိုပင်။ စိတ်ထဲ သဘောကျသလိုတော့ ခံစားရ၏။ ဘာကြောင့်မေးသည်မသိသော်လည်း Jayy အကြောင်းပြောရဖို့ဆို တမှူးက တက်ကြွသည်။
'အင်း...အစကတော့ ဝတ္ထုတွေကိုအရင်ဖတ်မိပြီးစာတွေကို ကြိုက်တာ၊ နောက်ပိုင်းလိုင်းပေါ်မှာပါ ဖရန့်ဒ်ဖြစ်တော့ စာတိုလေးတွေ ဒသနတွေတင်တာတွေ့ပြီး လူကိုပါ သဘောကျလာတာ၊ စီနီယာ သိလား၊ Jayy ကလေ...ရုပ်မပြတာတောင် အရမ်းချစ်ဖို့ကောင်းတာ၊ ကျွန်တော့်ထက်ကြီးမယ်လို့ထင်ပေမဲ့ တစ်ခါတလေ ကလေးလေးတစ်ယောက်လိုပဲ၊ Jayy ရေးတဲ့စာတွေ ဖတ်နေရရင် ကျွန်တော့်အတွက် ကမ္ဘာတစ်ခုလိုဖြစ်နေရော၊ Jayy က ကလောင်စွမ်းအရမ်းထက်တယ်၊ ရေးတဲ့စာကြောင်းတိုင်းက အဓိပ္ပါယ်ရှိတယ်၊ ဆန်းသစ်တယ်၊ သေသပ်တယ်၊ ကျွန်တော် လုံးဝသဘောကျတဲ့ အရေးအသားမျိုးပေါ့၊ ဇာတ်လမ်းဇာတ်ကွက်တွေကလည်း သည်းထိတ်ရင်ဖိုဇာတ်ကားကြည့်နေရသလိုပဲ၊ ရင်တဖိုဖိုနဲ့၊ Jayy က တကယ်ကို အရမ်းတော်တဲ့ ပါရမီရှင်တစ်ယောက်၊ ကျွန်တော့်အတွက်တော့ အရမ်းကိုတန်ဖိုးရှိတဲ့လူသားတစ်ယောက်ပဲ”
စီနီယာက စာကိုချက်ချင်းကြည့်သော်လည်း တော်တော်နှင့်စာမပြန်လာသေး။ အတန်ကြာမှ…
‘Jayy တကယ်ကံကောင်းပါတယ်၊ သူ့မှာ သည်လိုအမာခံဖန်တစ်ယောက်ရှိတာ’
‘ဟင့်အင်း...တကယ်တော့ ကျွန်တော်တို့က ပိုကံကောင်းတာပါ၊ Jayy က ကျွန်တော်တို့အတွက် ဘုရားရှင်ဖန်ဆင်းတဲ့ နတ်သားတစ်ပါးလိုရောက်လာပေးတာ၊ Jayy ကြောင့် ကျွန်တော်တို့ စိတ်ချမ်းမြေ့ခဲ့ရတယ်လေ’
စီနီယာက ထိုစာလေးကို အသည်းအနီလေးပေးသည်။
ထိုညက Jayy ၏ update ပြီးလျှင် စောစောအိပ်မည်ဟုတွေးထားခဲ့သော်လည်း တကယ်တမ်းတော့ စီနီယာနှင့် ဉာဥ့်နက်သည်အထိ စကားတွေပြောဖြစ်ခဲ့သည်။ အဓိကတော့ တမှူးပြောသမျှ Jayy အပေါ်အမွှန်းတင်စကားများကို စီနီယာက နားထောင်ပေးခဲ့ခြင်းဖြစ်သည်။ Jayy အကြောင်းပြောရမည်ဆိုလျှင် တမှူးက အတက်ကြွဆုံးလူသားတစ်ဦးလို။
************************************
အားလုံးကို ကျေးဇူးတင်လျက်
ဆာကူရာရိန်း🌸
(Zawgyi)
“တင်…”
တစ်ခုတက်လာ၏။
နေရင့်ရောင်...။
“အာ...စီနီယာ”
ယခုလည်း ဘာမှ ထူးထူးခြားခြားကြည့်စရာမရှိတော့သောကြောင့် Jayy ၏အကောင့်ထဲဝင်ပြီးသည်နှင့် လိုင်းဆင်းလိုက်သည်။ သူများတွေလို crush ၏ active now လေးကြည့်ပြီးရင်ခုန်ချင်ပါသော်လည်း Jayy က active now ဖျောက်ထားသည်လေ။ Jayy လိုင်းတက်နေသလားဟူ၍ပင်မသိနိုင်သည့်အခြေအနေဖြစ်သည်။
“ဒင်”
“ဟင်”
“တောင်…”
ထိုစဉ် Jayy ၏ နောက်ထပ်မိုင်ဒေးတစ်ခု ထပ်တက်လာပြန်သည်။
You are reading the story above: TeenFic.Net