Chapter-19

Background color
Font
Font size
Line height

(Unicode)

မွေးနေ့ရက်မတိုင်မှီ တမှူး အတော်လေး အလုပ်ရှုပ်နေရသည်။ အဟာရအလှူအတွက် ဆေးရုံမှ တာဝန်ရှိသူများထံ ကြိုတင်အကြောင်းကြား ခွင့်တောင်းရသည်။ ထို့ကြောင့် ပထမဦးစွာ ဆေးရုံကို တစ်ခါသွားရသေးသည်။ လူအရေအတွက်နှင့် ခန့်မှန်းမှာရမည်ဖြစ်သောကြောင့် ကိုယ်လှူမည့် ဌာနရှိလူစာရင်းကို မှန်းခြေတောင်းရသည်။ ဌာနပေါင်းများစွာ ရှိသည့်အတွက် တစ်ဆေးရုံလုံးလှူဖို့ရာလည်း မတတ်နိုင်သောကြောင့် ဆေးရုံရှိ တာဝန်ရှိသူများက အကြံပေးသော ပို၍ လိုအပ်နိုင်သည့် ဌာနများသို့သာ လှူဒါန်းဖြစ်သည်။ အရင်တစ်ခါ တမှူးတို့သွားခဲ့သော မီးယပ်ဌာနကတော့ မပါမဖြစ်ပင်။

ထို့နောက် အရင်လို ထမင်းဘူးပဲ လှူမည်ဖြစ်ပြီး ကျန်းမာရေးနှင့် ညီညွှတ်သည့် အဟာရဖြစ်ဖို့လည်း စီစဥ်ရသည်။ စီနီယာ့သူငယ်ချင်း အော်ဒါမှာခဲ့သည့်ဆိုင်မှာပဲ စီနီယာ့အကူအညီဖြင့် အော်ဒါအပ်ရသည်။

ဆေးရုံသွားရ...ဆိုင်သွားရနှင့် ကြားထဲရှိ ကျောင်းပိတ်ရက်တို့ကို တမှူးတစ်ယောက်အလုပ်ရှုပ်စွာ ကုန်ဆုံးရသည်။ စီနီယာကတော့ တမှူးနောက် တကောက်ကောက်လိုက်ပေးသည်။ တကောက်ကောက်လိုက်သည်ဆိုတာထက် စီနီယာကသာ ဦးဆောင်၍ စီစဥ်သွားသည်ဆို ပိုမှန်မည်။ နယုန်တို့ကတော့ မွေးနေ့တွင်မှ ဆေးရုံလိုက်ကြပေမည်။

မွေးနေ့ရောက်ဖို့ သုံးရက်ခန့်အလိုတွင်တော့ အားလုံးအသင့်ဖြစ်နေပြီဟုဆိုနိုင်ပေမည်။ မွေးနေ့က တနင်္လါနေ့ကျသဖြင့် ထိုနေ့တော့ သူတို့တစ်အုပ်လုံး ကျောင်းပျက်ရမည်ပင်။ လုပ်အားပေးဖို့ရန်အတွက်လည်း အတန်းထဲမှ သူငယ်ချင်းအချို့နှင့် စီနီယာ့သူငယ်ချင်းအချို့က လိုက်ပေးမည်ဟုဆိုသည်။

ယခုမွေးနေ့အတွက် တမှူး အတော်လေး စိတ်လှုပ်ရှားမိသည်။ အမြဲတမ်း သူငယ်ချင်းများ၊ မိသားစုများနှင့်လောက်သာ မသိမသာကုန်ဆုံးခဲ့ရပြီး ဒီနှစ်တွင်တော့ အရမ်းမွန်မြတ်သည့်အလှူတစ်ခုပြုလုပ်ရတော့မည်ဟူ၍ ညတိုင်းကြိုတွေးပြီး ကြည်နူးရသည်။ ပို၍ ကြည်နူးရသည်က စီနီယာနှင့် Jayy တမှူးဘဝထဲ ဝင်ရောက်လာခြင်းလည်း ပါမည်ထင်သည်။

အပေါင်းအသင်းရှားသော တမှူးအတွက် ရင်ဘက်ကြီးနှင့် ရင်း၍ ခင်မင်ရင်းနှီးရသူမှာ ရေတွက်ကြည့်လို့မှ လက်ငါးချောင်းပင်မပြည့်။ နယုန်နှင့်ဝသုန်က အထက်တန်းကျောင်းသားဘဝကတည်းက ခင်မင်ရင်းနှီးခဲ့ရသော သူငယ်ချင်းမလေးနှစ်ဦးပင်။ သို့သော် မည်မျှပင် ခင်မင်ရင်းနှီးပါစေဦးတော့ မိန်းကလေးနှင့်ယောက်ျားလေးမို့ ပေါင်းသင်းရာ၌ တမှူး စည်းထား၍ ဆက်ဆံသည်။
ကိုယ့်ကိုယ်ကိုယ် gay ဟုလက်ခံထားသော်လည်း... ငါ gay ပါဟူ၍ နယုန်တို့ကိုပင် ပွင့်ပွင့်လင်းလင်း မပြောပြခဲ့ဖူးသေး...။ သို့သော် နယုန်တို့လည်း သိနေမည်ဆိုတာ တမှူး ရိပ်မိပါသည်။ သူသိကိုယ်သိအခြေအနေမှာ ပွင့်ပွင့်လင်းလင်း မပြောကြရုံသာ။ တမှူးကလည်း ပြောဖို့ စိတ်ကူးမရှိသလို နယုန်တို့ကလည်း အရေးလုပ်ပြီးမမေးပါ။ သူတို့အလိုရှိသလို ship ချင်သည့်သူနှင့် ပေါ်ပေါ်တင်တင်စနေကြမြဲပင်။ ယခု သူတို့၏ မျက်စိကျခံနေရသူကတော့ စီနီယာနေရင့်ရောင်ပင်။ ရှင်းပြ၍ မရနိုင်သည်မို့ လွှတ်သာထားလိုက်သည်။ တစ်နေ့နေ့မှာတော့ တမှူး၌ Jayy ရှိကြောင်း သူငယ်ချင်းမလေးနှစ်ဦးကို ပြောပြရပေဦးမည်။

ယနေ့ညတော့ Jayy ကို တမှူး အလှူအကြောင်း ပြောပြရမည်။ ဟိုးယခင်ကတည်းက ပြောချင်သော်လည်း ဘာမှမစီစဥ်ရသေးသောကြောင့် မသေချာမည်စိုး၍ မပြောဖြစ်ခဲ့။ ကြားထဲတွင်တော့ Jayy နှင့် ညစဥ် စကားပြောဖြစ်မြဲပါပင်။

'ဖေဖော်ဝါရီ ၂၄ ရက်နေ့ ဘာနေ့လဲ သိလား Jayy'

'ဘာနေ့လဲ...ယုန်မီးနင်းတဲ့နေ့လား'

တမှူး စကား စ,စပြောချင်းချင်း နှုတ်ခမ်းကိုက်လိုက်ရပြန်သည်။

'ဟုတ်တယ် ယုန်မီးနင်းတဲ့နေ့'

'ဪ ယုန်သားစားရမှာပေါ့'

တကယ်ပါ။ Jayy ၏ ချစ်လှစွာသော ဖန်ဂဲလ်မလေးတွေကို တမှူးသာ အူမတိုတတ်လျှင် ဒီစာတွေချပြပြီး...နင်တို့ငါတို့ idol ကြီးက ဒီလိုဟ...ဟု ချပြအတင်းတုတ်ချင်ပါသည်။ Jayy က တကယ်မထင်ထားလောက်အောင် အစသန်၍ ဂျင်းထည့်တတ်သည်။ တမှူးမှာ Jayy ထည့်သမျှ ဂျင်းကို ခဏခဏခံရလည်း မမှတ်။ အဆိုးဆုံးက အသံဖိုင်တွေပို့တာပင်။ Jayy အသံများလားဟု ရင်ခုန်စွာသွားမဖွင့်နဲ့။ လိပ်ပြာလွင့်မတက်အော်သံများနှင့် ဖုန်းပစ်ပစ်ချရတာ ခဏခဏ။ ဂျင်းထည့်မည်မှန်း သိသိရက်နဲ့ တစ်ခါတစ်လေ တစ်ကယ်များလားဆိုပြီး ဖွင့်ဖွင့်ကြည့်ရတာ။

'ကျွန်တော် အတည်ပြောမလို့ Jayy ရ'

'အင်း...ပြော'

'အဲ့နေ့ ကျွန်တော့်မွေးနေ့'

'ဟုတ်လား...ဒီနေ့ ၂၁ ဆိုတော့ ကြားနှစ်ရက်ပဲ လိုတော့တာပေါ့၊ ကိုယ့်ကို စောစောစီးစီးမပြောဘူး ယုန်ပေါက်ရာ'

'ဟုတ်...ပြောမလို့ပဲ Jayy ရ၊ စကားမစပ်မိသေးလို့၊ နောက်ပြီး...အဲ့နေ့ ကျွန်တော် ဆေးရုံမှာ တတ်နိုင်သမျှ အလှူလေးလုပ်မလို့'

'ဟုတ်လား...ကောင်းတာပေါ့၊ သာဓု ခေါ်ပါတယ်ဗျာ'

'ကျွန်တော်က အဲ့နေ့ Jayy ကိုပါ လာစေချင်တာ'

မရဲတရဲ ဆန္ဒလေးနှင့်အတူ ထိုစာလေးကို ရင်ခုန်စွာပို့လိုက်သည်။ Jayy ဘက်မှ အချိန်အတော်ကြာ စာမပြန်လာပါ။

'အင်း...မွေးနေ့လက်ဆောင် ဘာလိုချင်လဲ'

စကားလမ်းကြောင်းလွှဲသွားသော Jayy ကို အပြစ်မမြင်ရက်ပါ။ အစကတည်းက မျှော်လင့်ချက်မရှိဘဲ ဖိတ်ခဲ့တာပဲ။ မွေးနေ့လက်ဆောင်ဆိုသော စကားကြောင့်ပြုံးမိပါသည်။ မည်သည့်မွေးနေ့လက်ဆောင်ကများ Jayy ထက် တန်ဖိုးကြီးနိုင်ဦးမှာလဲ။

'ကျွန်တော်က Jayy ကိုပဲ လိုချင်တာ'

'ဟောဗျာ'

နောက်နေတယ်လို့ပဲ ထင်တယ်မဟုတ်လား Jayy။ ကျွန်တော့်ရင်ထဲကလာတဲ့ ​မှန်ကန်သော စကားတွေဟာ ကျွန်တော့် သတ္တိမရှိမှုအောက်မှာ ဟာသတွေဖြစ်ကုန်တယ်။ မည်သို့ပင်ဆိုစေကာမူ ဖေဖော်ဝါရီ ၁၄ ရက်နောက်ပိုင်းမှာတော့ တမှူးအနည်းငယ်ရဲလာပါသည်။ Jayy သိဖို့ ခံစားချက်အချို့ကို မသိမသာလှစ်ဟပြတတ်ခဲ့လာသည်။ တစ်ဖက်ကလည်း မသိချင်ယောင်ဆောင် ငပိခြင်ထောင် ထောင်နိုင်တုန်း။

'ကိုယ့်ကိုဆိုရင် ယုန်ပေါက် အရှုပ်ထုပ်အိမ်ပေါ်ခေါ်တင်ထားသလို့ ဖြစ်နေမှာ'

'ဖြစ်ပါစေ...Jayy မိုလို့ ကြည်ဖြူတယ်'

'အစားကို ကုန်အောင်စား၊ စကားကို ကုန်အောင်မပြောရဘူးတဲ့'

'မရဘူး ပြောချင်တယ်၊ ရင်ဘက်ထဲမှာ သိမ်းထားရတာ ရင်လေးတယ်'

'ဟောဗျာ'

Jayy က ရီနေသော စတစ်ကာလေးများ အပို့မပြတ်။

'တကယ်ပြောတာ Jayy ရဲ့...ကျွန်တော့်ကမ္ဘာလေးက ကျဥ်းတယ်၊ အဲ့ဒီ့ကမ္ဘာလေးထဲမှာ ရှိတဲ့ လူအားလုံးကို ကျွန်တော် တန်ဖိုးထားတယ်၊ Jayy ကလည်း ကျွန်တော့် ကမ္ဘာကျဥ်းလေးထဲက အရေးပါတဲ့လူတစ်ယောက်ပဲလေ၊ ကျွန်တော့်ရဲ့ အမှတ်တရနေ့စွဲတွေကို ကျွန်တော့်ကမ္ဘာငယ်လေးတွေနဲ့ပဲ ဖြတ်သန်းချင်တယ်၊ အဲ့ဒါ ကျွန်တော်လိုချင်တဲ့ မွေးနေ့လက်ဆောင်ပဲ'

Jayy ​ဘက်မှ စာတိုလေးများက ထပ်မံတိတ်ဆိတ်သွားပြန်သည်။ အတန်ကြာမှ ပို့လာသည့် စာလေးက တမှူး မျက်နှာထက်အပြုံးများ တန်ဆာတင်ပြီး ရင်ခုန်သံတို့ မြန်ဆန်လာစေသည်။

'မွေးနေ့လက်ဆောင်အနေနဲ့ ဖုန်းပြောမလား' တဲ့။

Jayy က ဘယ်တော့မှ တမှူး ကြာရှည်စိတ်မကောင်းအောင်မလုပ်ဘူး။ အမြဲတမ်း ဖြေရှင်းချက်တစ်ခုခုနဲ့ တမှူးကို ပြန်လည်ပြုံးရွှင်စေသည့်သူ။

ယခုလည်း Jayyအသံလေးကြားရတော့မည်ဟုသောအသိဖြင့်ပင် စိတ်မကောင်းမှုများက လေနှင်ရာ တိမ်စိုင်များနှယ် လွင့်ပျောက်သွားသည်။ တမှူး ဖုန်းနံပါတ်လေးပို့ပြီး များမကြာမီ ဖုန်းနံပါတ်အစိမ်းလေးတစ်ခုက တမှူးဖုန်းမျက်နှာပြင်တွင် လှပစွာနေရာယူလာသည်။

"ဟဲလို"

အသံမတုန်အောင် သတိထားနေရင်းမှ နှစ်လုံးထဲသော စကားလေးဟာ အဖျားသတ်တုန်ယင်သွားခဲ့သေးသည်။

"ယုန်ပေါက်"

ရင်းနှီးကျွမ်းဝင်နေသလို ခံစားရသည့် Jayy အသံ။ တစ်နေနေရာရာမှာ ကြားဖူးသလိုရှိသည်ဟု ထင်သော်လည်း ရင်ခုန်ရင် ဦးနှောက်ဗလာဖြစ်သွားတတ်သော ခေါင်းအရ မည်သူ့အသံနှင့်ဆင်မှန်း ရုတ်တရတ် စဥ်းစားမရ။

"အဟီး...Jayy အသံက တစ်ယောက်ယောက်နဲ့ဆင်တယ်"

"ဟုတ်လား...ဘယ်သူနဲ့လဲ"

"မသိဘူး...ရုတ်တရတ် စဥ်းစားမရဘူး"

"သြော်...အရမ်းဦးနှောက်ကောင်းတဲ့ ယုန်ပေါက်ပဲ"

"အမ်...ခဏပါနော်...ရုတ်တရတ်မိုလို့၊ ပါးစပ်ဖျားလေးတင်မေ့နေတာ...ဘယ်သူပါလိမ့်...လူကို ကျွန်တော် ကျိန်းသေပေါက်သိတယ်"

ပြောသာပြောတာ တမှူးလုံးဝ စဥ်းစားလို့မရ။

"ဟား...ဟား...ထားပါတော့...၊ မမှတ်မိလည်း စဥ်းစားမနေနဲ့တော့၊ ကဲ့ ပြောပါဦး... မွေးနေ့လက်ဆောင် ဘာလိုချင်လဲလို့"

"Jayy ကိုပါဆို"

"ကိုယ့်ကိုယူပြီး ဘာလုပ်မှာလဲ"

"အဲ..."

ဘာလုပ်ရမှာလဲ...။ အချစ်တွေအများကြီးပေးမှာပေါ့။ ကိုယ့်အတွေးနဲ့ကိုယ် တမှူးပြုံးစိစိဖြစ်သွားသည်။

"အဟမ်း...ယုန်ပေါက်တစ်ကောင် တိတ်ဆိတ်နေပုံတော့ ကိုယ့်ကို အရေခွံဆုတ်ဖို့ များတွေးနေလေသလား"

"အယ်...ပြောရက်တာ၊ ကျွန်တော်က Jayy ကို အတွေးနဲ့တောင် အဲ့လို မထိရက်ဘူး၊ Jayy သာ ကျွန်တော့်ကို ယုန်ကင်လုပ်နေတာ"

"ဟား...ဟား"

Jayy ၏ သဘောတကျရယ်မောသံကြောင့် တမှူးမျက်နှာပေါ်မှ ကြွက်သားများလည်း မနိုင်မနင်းညောင်းညာသည်အထိ အလုပ်လုပ်ရတော့သည်။ တကယ်ပင် Jayy က တမှူးနှင့် messengerမှာ စကားပြောတိုင်းပို့တတ်သည့် HaHa emoji လေးတွေအတိုင်းရယ်နေတာပဲ။

Jayy ကို ချစ်လိုက်တာ။ ထိုအတွေးမျှပင် တမှူး တစ်ကိုယ်လုံး ကြက်သီးထသွားသည်။ တမှူးက Jayy နှင့် တဖြည်းဖြည်းနီးကပ်လာနိုင်ခဲ့ပြီ။ ဒါတွေအားလုံးဟာ တမှူးကြောင့်ချည်းပဲ မဟုတ်တာတော့ ကျိန်းသေသည်။ တမှူးဘက်ကချည်းပဲ ခြေလှမ်းစလှမ်းရမည်ဆိုလျှင်တောင် Jayy က တမှူး ဖြောင့်ဖြောင့်ဖြူးဖြူးလျှောက်လှမ်းဖို့ အကောင်းဆုံးလမ်းဖွင့်ခင်းပေးထားခဲ့သည်ပဲလေ။

နှစ်ဦးနှစ်ဖက် ခံစားချက်ထပ်တူညီသည်ဟု ခံစားမိတိုင်း Jayy က တမှူးကို ချစ်လာနိုင်လိမ့်မည်ဟူသော အတွေးများက တမှူးညစဥ်အိပ်မက်ကမ္ဘာကို အုပ်စိုးသည်။

"Jayy"

"ဗျ"

"Jayy က စာရေးတာအပြင်တခြားဘာလုပ်သေးလဲဟင်၊ ဒါလေးလောက်တော့ ကျွန်တော့်ကို ပြောပြလို့ရတယ်မဟုတ်လား"

"အင်း...ရတာပေါ့ ယုန်ပေါက်ရဲ့၊ စာရေးတာအပြင် ကိုယ်ထမင်းစားတယ်၊ အိပ်တယ်၊ ရေချိုးတယ်၊ အိမ်သာသွားတယ်..."

"တော်...တော်...တော် မပြောနဲ့တော့၊ အဲ့ဒါက လူတိုင်းလုပ်တာ ကျွန်တော်လည်း မသိဘဲနေပါ့မလား"

တမှူး မကျေမနပ်နှာမှုတ်ထုတ်လိုက်မိသည်။ တမှူးမေ့သွားတာ။ Jayy က Jayy ပါပဲ။ လိုင်းပေါ်မှာပဲ ပြောပြော...ဖုန်းနဲ့ပဲ ပြောပြောတမှူးကို စနောက်ဖို့တော့ မမေ့လျော့တဲ့သူပေါ့။

"ဟား...ဟား...စတာပါ...စတာပါ၊ တကယ်တော့ ကိုယ်က စာရေးတာအပြင် တခြားဘာမှမလုပ်ဘူး"

"ဟင်...Jayy က မိဘလုပ်စာထိုင်စားနေတာပေါ့...ဒါဆို"

"မိဘလုပ်စာတော့မဟုတ်ဘူး၊ မိဘအမွေနဲ့ထိုင်စားနေတာ"

"ဟမ်..."

"ကိုယ့်မှာ မိဘနှစ်ပါးလုံးမရှိတော့ဘူး ယုန်ပေါက်ရဲ့၊ ကိုယ်မိဘတွေထားခဲ့တဲ့ ပိုက်ဆံတွေနဲ့ ကိုယ်က ထိုင်စားနေတာ"

"အာ...sorry Jayy"

တမှူး အားနာသွားရသည်။ တဆက်တည်းမှာပင် စီနီယာ့ကို သတိရမိသွားသည်။

"ရပါတယ်၊ ကြာခဲ့ပြီပဲ...ကိုယ်အဆင်ပြေတယ်"

"..."

တမှူး ဘာပြောရမှန်းမသိတိတ်ဆိတ်သွားရပြန်သည်။ ပထမတော့ Jayy စာရေးနည်းတွေကို စပ်စုမလို့ရယ်ပါ။ အခုတော့ တမှူး ဆွံ့အနေမိသည်။

"ဘာလို့ တိတ်သွားတာလဲ ယုန်ပေါက်ရဲ့၊ စိတ်မကောင်းဖြစ်မနေနဲ့၊ ကိုယ်တကယ်အဆင်ပြေတယ်၊ လူပဲ သေတစ်နေ့ မွေးတစ်နေ့ပဲဟာ"

မိဘနှစ်ပါးလုံး ပြည့်စုံစွာရှိသော်လည်း မိဘမဲ့ကလေးတွေ၏ ဘဝကို တမှူး စာနာပါသည်။ Jayy ကိုလည်း ရင်ထဲ၌ သနားဂရုဏာစိတ်လေးဖြစ်ထွန်းသွားသည်။ အသက် ၂၀ ဆိုသော အရွယ်ကလည်း မိဘမဲ့ ဖြစ်ဖို့ စောလွန်းပါသေးသည်။

"ဘာလဲ...ဒါမှမဟုတ် ကိုယ်က စာရေးတာကလွဲပြီး ဘာအလုပ်မှမရှိဘူးဆိုပြီး ကြိတ်လှောင်နေတာလား"

"အာ...မလှောင်ရပါဘူးဗျာ၊ တကယ်ဆိုရင် Jayy က အလုပ်ပေါင်းစုံလုပ်ဖူးတဲ့သူပါ"

"ဟမ်..."

"ဟုတ်တယ်လေ၊ Jayy က ဆရာဝန်လည်း ဖြစ်ဖူးတယ်၊ ကုမ္ပဏီပိုင်ရှင်လည်း ဖြစ်ဖူးတယ်၊ ကျောင်းဆရာလည်းဖြစ်ဖူးတယ်၊ ဗီဒီယို သရုပ်ဆောင်လည်း ဖြစ်ဖူးတယ် အခုဆိုရင် စုံထောက်တောင် လုပ်နေပြီလေ၊ Jayy ရေးသမျှ ဝတ္ထုဇာတ်ကောင်တွေအတွက် Jayy က ဇာတ်ကောင်တစ်ယောက်ချင်းစီတိုင်းရဲ့ ဘဝထဲကို ဝင်ခဲ့ရမှာပဲလေ၊ ဒါကြောင့် Jayy က စာရေးတာအပြင် အလုပ်အကိုင်အစုံလုပ်ဖူးတဲ့သူပဲ"

"ဟာဗျာ...."

Jayy ၏ ရယ်မောသံ ခပ်လွင်လွင်က ပေါ်ထွက်လာပြန်သည်။

"တကယ်ပြောတာ၊ Jayy က အရမ်းတော်တယ်"

"ဟုတ်ပါပြီ၊ မွေးနေ့နီးတာနဲ့ ကိုယ့်ကို ဇွတ်မြှောက်နေတော့တာပဲ"

"တကယ်ပါဆိုဗျာ"

လေလှိုင်းမှတဆင့် Jayy ၏ ရယ်မောသံများက တမှူးနားသို့ တသိမ့်သိမ့်ရိုက်ခတ်နေဆဲ။ ဒီလူကို သဘောကျသည်နှင့် ဒီလူ၏ ပျော်ရွှင်မှုက ကိုယ့်မ္ဘာဖြစ်သွားသလားပဲ။

ပထမတော့ Jayy ရေးသည့် စာလေးတွေကို သဘောကျရသည်။  ဒုတိယ Jayy ပြန်ပေးသည့် love react လေးတွေကို ခုံမင်ရသည်။ တတိယ Jayy ၏ ပြန်စာလေးတွေကို မြတ်နိုးရသည်။ ယခုတော့ Jayy ၏ ရယ်မောသံလေးတွေကိုပါ နှစ်သက်မြတ်နိုးခွင့်ရှိလာပြီ။

အချစ်က လက်တစ်ကမ်းမှာရှိနေခဲ့ပြီး...အဲဒီ့အချစ်က Jayy ဖြစ်နေသည်ဆိုတာနှင့်ပင် တမှူးတို့ မျက်လုံးစုံမှိတ်ခိုဝင်လိုက်ဖို့ လုံလောက်နေခဲ့ပါပြီ။

*************

အားလုံးကို ကျေးဇူးတင်လျက်
Sakura Rain🌸

(Zawgyi)

ေမြးေန႔ရက္မတိုင္မွီ တမႉး အေတာ္ေလး အလုပ္႐ႈပ္ေနရသည္။ အဟာရအလႉအတြက္ ေဆး႐ုံမွ တာဝန္႐ွိသူမ်ားထံ ႀကိဳတင္အေၾကာင္းၾကား ခြင့္ေတာင္းရသည္။ ထို႔ေၾကာင့္ ပထမဦးစြာ ေဆး႐ုံကို တစ္ခါသြားရေသးသည္။ လူအေရအတြက္ႏွင့္ ခန္႔မွန္းမွာရမည္ျဖစ္ေသာေၾကာင့္ ကိုယ္လႉမည့္ ဌာန႐ွိလူစာရင္းကို မွန္းေျခေတာင္းရသည္။ ဌာနေပါင္းမ်ားစြာ ႐ွိသည့္အတြက္ တစ္ေဆး႐ုံလုံးလႉဖို႔ရာလည္း မတတ္ႏိုင္ေသာေၾကာင့္ ေဆး႐ုံ႐ွိ တာဝန္႐ွိသူမ်ားက အၾကံေပးေသာ ပို၍ လိုအပ္ႏိုင္သည့္ ဌာနမ်ားသို႔သာ လႉဒါန္းျဖစ္သည္။ အရင္တစ္ခါ တမႉးတို႔သြားခဲ့ေသာ မီးယပ္ဌာနကေတာ့ မပါမျဖစ္ပင္။

ထို႔ေနာက္ အရင္လို ထမင္းဘူးပဲ လႉမည္ျဖစ္ၿပီး က်န္းမာေရးႏွင့္ ညီၫႊတ္သည့္ အဟာရျဖစ္ဖို႔လည္း စီစဥ္ရသည္။ စီနီယာ့သူငယ္ခ်င္း ေအာ္ဒါမွာခဲ့သည့္ဆိုင္မွာပဲ စီနီယာ့အကူအညီျဖင့္ ေအာ္ဒါအပ္ရသည္။

ေဆး႐ုံသြားရ...ဆိုင္သြားရႏွင့္ ၾကားထဲ႐ွိ ေက်ာင္းပိတ္ရက္တို႔ကို တမႉးတစ္ေယာက္အလုပ္႐ႈပ္စြာ ကုန္ဆုံးရသည္။ စီနီယာကေတာ့ တမႉးေနာက္ တေကာက္ေကာက္လိုက္ေပးသည္။ တေကာက္ေကာက္လိုက္သည္ဆိုတာထက္ စီနီယာကသာ ဦးေဆာင္၍ စီစဥ္သြားသည္ဆို ပိုမွန္မည္။ နယုန္တို႔ကေတာ့ ေမြးေန႔တြင္မွ ေဆး႐ုံလိုက္ၾကေပမည္။

ေမြးေန႔ေရာက္ဖို႔ သုံးရက္ခန္႔အလိုတြင္ေတာ့ အားလုံးအသင့္ျဖစ္ေနၿပီဟုဆိုႏိုင္ေပမည္။ ေမြးေန႔က တနလၤါေန႔က်သျဖင့္ ထိုေန႔ေတာ့ သူတို႔တစ္အုပ္လုံး ေက်ာင္းပ်က္ရမည္ပင္။ လုပ္အားေပးဖို႔ရန္အတြက္လည္း အတန္းထဲမွ သူငယ္ခ်င္းအခ်ိဳ႕ႏွင့္ စီနီယာ့သူငယ္ခ်င္းအခ်ိဳ႕က လိုက္ေပးမည္ဟုဆိုသည္။

ယခုေမြးေန႔အတြက္ တမႉး အေတာ္ေလး စိတ္လႈပ္႐ွားမိသည္။ အၿမဲတမ္း သူငယ္ခ်င္းမ်ား၊ မိသားစုမ်ားႏွင့္ေလာက္သာ မသိမသာကုန္ဆုံးခဲ့ရၿပီး ဒီႏွစ္တြင္ေတာ့ အရမ္းမြန္ျမတ္သည့္အလႉတစ္ခုျပဳလုပ္ရေတာ့မည္ဟူ၍ ညတိုင္းႀကိဳေတြးၿပီး ၾကည္ႏူးရသည္။ ပို၍ ၾကည္ႏူးရသည္က စီနီယာႏွင့္ Jayy တမႉးဘဝထဲ ဝင္ေရာက္လာျခင္းလည္း ပါမည္ထင္သည္။

အေပါင္းအသင္း႐ွားေသာ တမႉးအတြက္ ရင္ဘက္ႀကီးႏွင့္ ရင္း၍ ခင္မင္ရင္းႏွီးရသူမွာ ေရတြက္ၾကည့္လို႔မွ လက္ငါးေခ်ာင္းပင္မျပည့္။ နယုန္ႏွင့္ဝသုန္က အထက္တန္းေက်ာင္းသားဘဝကတည္းက ခင္မင္ရင္းႏွီးခဲ့ရေသာ သူငယ္ခ်င္းမေလးႏွစ္ဦးပင္။ သို႔ေသာ္ မည္မွ်ပင္ ခင္မင္ရင္းႏွီးပါေစဦးေတာ့ မိန္းကေလးႏွင့္ေယာက်္ားေလးမို႔ ေပါင္းသင္းရာ၌ တမႉး စည္းထား၍ ဆက္ဆံသည္။
ကိုယ့္ကိုယ္ကိုယ္ gay ဟုလက္ခံထားေသာ္လည္း... ငါ gay ပါဟူ၍ နယုန္တို႔ကိုပင္ ပြင့္ပြင့္လင္းလင္း မေျပာျပခဲ့ဖူးေသး...။ သို႔ေသာ္ နယုန္တို႔လည္း သိေနမည္ဆိုတာ တမႉး ရိပ္မိပါသည္။ သူသိကိုယ္သိအေျခအေနမွာ ပြင့္ပြင့္လင္းလင္း မေျပာၾက႐ုံသာ။ တမႉးကလည္း ေျပာဖို႔ စိတ္ကူးမ႐ွိသလို နယုန္တို႔ကလည္း အေရးလုပ္ၿပီးမေမးပါ။ သူတို႔အလို႐ွိသလို ship ခ်င္သည့္သူႏွင့္ ေပၚေပၚတင္တင္စေနၾကၿမဲပင္။ ယခု သူတို႔၏ မ်က္စိက်ခံေနရသူကေတာ့ စီနီယာေနရင့္ေရာင္ပင္။ ႐ွင္းျပ၍ မရႏိုင္သည္မို႔ လႊတ္သာထားလိုက္သည္။ တစ္ေန႔ေန႔မွာေတာ့ တမႉး၌ Jayy ႐ွိေၾကာင္း သူငယ္ခ်င္းမေလးႏွစ္ဦးကို ေျပာျပရေပဦးမည္။

ယေန႔ညေတာ့ Jayy ကို တမႉး အလႉအေၾကာင္း ေျပာျပရမည္။ ဟိုးယခင္ကတည္းက ေျပာခ်င္ေသာ္လည္း ဘာမွမစီစဥ္ရေသးေသာေၾကာင့္ မေသခ်ာမည္စိုး၍ မေျပာျဖစ္ခဲ့။ ၾကားထဲတြင္ေတာ့ Jayy ႏွင့္ ညစဥ္ စကားေျပာျဖစ္ၿမဲပါပင္။

'ေဖေဖာ္ဝါရီ ၂၄ ရက္ေန႔ ဘာေန႔လဲ သိလား Jayy'

'ဘာေန႔လဲ...ယုန်မီးနင္းတဲ့ေန႔လား'

တမႉး စကား စ,စေျပာခ်င္းခ်င္း ႏႈတ္ခမ္းကိုက္လိုက္ရျပန္သည္။

'ဟုတ်တယ် ယုန္မီးနင္းတဲ့ေန႔'

'ေၾသာ္ ယုန္သားစားရမွာေပါ့'

တကယ္ပါ။ Jayy ၏ ခ်စ္လွစြာေသာ ဖန္ဂဲလ္မေလးေတြကို တမႉးသာ အူမတိုတတ္လွ်င္ ဒီစာေတြခ်ျပၿပီး...နင္တို႔ငါတို႔ idol ႀကီးက ဒီလိုဟ...ဟု ခ်ျပအတင္းတုတ္ခ်င္ပါသည္။ Jayy က တကယ္မထင္ထားေလာက္ေအာင္ အစသန္၍ ဂ်င္းထည့္တတ္သည္။ တမႉးမွာ Jayy ထည့္သမွ် ဂ်င္းကို ခဏခဏခံရလည္း မမွတ္။ အဆိုးဆုံးက အသံဖိုင္ေတြပို႔တာပင္။ Jayy အသံမ်ားလားဟု ရင္ခုန္စြာသြားမဖြင့္နဲ႔။ လိပ္ျပာလြင့္မတက္ေအာ္သံမ်ားႏွင့္ ဖုန္းပစ္ပစ္ခ်ရတာ ခဏခဏ။ ဂ်င္းထည့္မည္မွန္း သိသိရက္နဲ႔ တစ္ခါတစ္ေလ တစ္ကယ္မ်ားလားဆိုၿပီး ဖြင့္ဖြင့္ၾကည့္ရတာ။

'ကြၽန္ေတာ္ အတည္ေျပာမလို႔ Jayy ရ'

'အင္း...ေျပာ'

'အဲ့ေန႔ ကြၽန္ေတာ္႕ေမြးေန႔'

'ဟုတ္လား...ဒီေန႔ ၂၁ ဆိုေတာ့ ၾကားႏွစ္ရက္ပဲ လိုေတာ့တာေပါ့၊ ကိုယ့္ကို ေစာေစာစီးစီးမေျပာဘူး ယုန္ေပါက္ရာ'

'ဟုတ္...ေျပာမလို႔ပဲ Jayy ရ၊ စကားမစပ္မိေသးလို႔၊ ေနာက္ၿပီး...အဲ့ေန႔ ကြၽန္ေတာ္ ေဆး႐ုံမွာ တတ္ႏိုင္သမွ် အလႉေလးလုပ္မလို႔'

'ဟုတ္လား...ေကာင္းတာေပါ့၊ သာဓု ေခၚပါတယ္ဗ်ာ'

'ကြၽန္ေတာ္က အဲ့ေန႔ Jayy ကိုပါ လာေစခ်င္တာ'

မရဲတရဲ ဆႏၵေလးႏွင့္အတူ ထိုစာေလးကို ရင္ခုန္စြာပို႔လိုက္သည္။ Jayy ဘက္မွ အခ်ိန္အေတာ္ၾကာ စာမျပန္လာပါ။

'အင္း...ေမြးေန႔လက္ေဆာင္ ဘာလိုခ်င္လဲ'

စကားလမ္းေၾကာင္းလႊဲသြားေသာ Jayy ကို အျပစ္မျမင္ရက္ပါ။ အစကတည္းက ေမွ်ာ္လင့္ခ်က္မ႐ွိဘဲ ဖိတ္ခဲ့တာပဲ။ ေမြးေန႔လက္ေဆာင္ဆိုေသာ စကားေၾကာင့္ျပဳံးမိပါသည္။ မည္သည့္ေမြးေန႔လက္ေဆာင္ကမ်ား Jayy ထက္ တန္ဖိုးႀကီးႏိုင္ဦးမွာလဲ။

'ကြၽန္ေတာ္က Jayy ကိုပဲ လိုခ်င္တာ'

'ေဟာဗ်ာ'

ေနာက္ေနတယ္လို႔ပဲ ထင္တယ္မဟုတ္လား Jayy။ ကြၽန္ေတာ္႕ရင္ထဲကလာတဲ့ ​မွန္ကန္ေသာ စကားေတြဟာ ကြၽန္ေတာ္႕ သတၱိမ႐ွိမႈေအာက္မွာ ဟာသေတြျဖစ္ကုန္တယ္။ မည္သို႔ပင္ဆိုေစကာမူ ေဖေဖာ္ဝါရီ ၁၄ ရက္ေနာက္ပိုင္းမွာေတာ့ တမႉးအနည္းငယ္ရဲလာပါသည္။ Jayy သိဖို႔ ခံစားခ်က္အခ်ိဳ႕ကို မသိမသာလွစ္ဟျပတတ္ခဲ့လာသည္။ တစ္ဖက္ကလည္း မသိခ်င္ေယာင္ေဆာင္ ငပိျခင္ေထာင္ ေထာင္ႏိုင္တုန္း။

'ကိုယ့္ကိုဆိုရင္ ယုန္ေပါက္ အ႐ႈပ္ထုပ္အိမ္ေပၚေခၚတင္ထားသလို႔ ျဖစ္ေနမွာ'

'ျဖစ္ပါေစ...Jayy မိုလို႔ ၾကည္ျဖဴတယ္'

'အစားကို ကုန္ေအာင္စား၊ စကားကို ကုန္ေအာင္မေျပာရဘူးတဲ့'

'မရဘူး ေျပာခ်င္တယ္၊ ရင္ဘက္ထဲမွာ သိမ္းထားရတာ ရင္ေလးတယ္'

'ေဟာဗ်ာ'

Jayy က ရီေနေသာ စတစ္ကာေလးမ်ား အပို႔မျပတ္။

'တကယ္ေျပာတာ Jayy ရဲ႕...ကြၽန္ေတာ္႕ကမ႓ာေလးက က်ဥ္းတယ္၊ အဲ့ဒီ့ကမ႓ာေလးထဲမွာ ႐ွိတဲ့ လူအားလုံးကို ကြၽန္ေတာ္ တန္ဖိုးထားတယ္၊ Jayy ကလည္း ကြၽန္ေတာ္႕ ကမ႓ာက်ဥ္းေလးထဲက အေရးပါတဲ့လူတစ္ေယာက္ပဲေလ၊ ကြၽန္ေတာ္႕ရဲ႕ အမွတ္တရေန႔စြဲေတြကို ကြၽန္ေတာ္႕ကမ႓ာငယ္ေလးေတြနဲ႔ပဲ ျဖတ္သန္းခ်င္တယ္၊ အဲ့ဒါ ကြၽန္ေတာ္လိုခ်င္တဲ့ ေမြးေန႔လက္ေဆာင္ပဲ'

Jayy ​ဘက္မွ စာတိုေလးမ်ားက ထပ္မံတိတ္ဆိတ္သြားျပန္သည္။ အတန္ၾကာမွ ပို႔လာသည့္ စာေလးက တမႉး မ်က္ႏွာထက္အျပဳံးမ်ား တန္ဆာတင္ၿပီး ရင္ခုန္သံတို႔ ျမန္ဆန္လာေစသည္။

'ေမြးေန႔လက္ေဆာင္အေနနဲ႔ ဖုန္းေျပာမလား' တဲ့။

Jayy က ဘယ္ေတာ့မွ တမႉး ၾကာ႐ွည္စိတ္မေကာင္းေအာင္မလုပ္ဘူး။ အၿမဲတမ္း ေျဖ႐ွင္းခ်က္တစ္ခုခုနဲ႔ တမႉးကို ျပန္လည္ျပဳံး႐ႊင္ေစသည့္သူ။

ယခုလည္း Jayyအသံေလးၾကားရေတာ့မည္ဟုေသာအသိျဖင့္ပင္ စိတ္မေကာင္းမႈမ်ားက ေလႏွင္ရာ တိမ္စိုင္မ်ားႏွယ္ လြင့္ေပ်ာက္သြားသည္။ တမႉး ဖုန္းနံပါတ္ေလးပို႔ၿပီး မ်ားမၾကာမီ ဖုန္းနံပါတ္အစိမ္းေလးတစ္ခုက တမႉးဖုန္းမ်က္ႏွာျပင္တြင္ လွပစြာေနရာယူလာသည္။

"ဟဲလို"

အသံမတုန္ေအာင္ သတိထားေနရင္းမွ ႏွစ္လုံးထဲေသာ စကားေလးဟာ အဖ်ားသတ္တုန္ယင္သြားခဲ့ေသးသည္။

"ယုန္ေပါက္"

ရင္းႏွီးကြၽမ္းဝင္ေနသလို ခံစားရသည့္ Jayy အသံ။ တစ္ေနေနရာရာမွာ ၾကားဖူးသလို႐ွိသည္ဟု ထင္ေသာ္လည္း ရင္ခုန္ရင္ ဦးေႏွာက္ဗလာျဖစ္သြားတတ္ေသာ ေခါင္းအရ မည္သူ႕အသံႏွင့္ဆင္မွန္း ႐ုတ္တရတ္ စဥ္းစားမရ။

"အဟီး...Jayy အသံက တစ္ေယာက္ေယာက္နဲ႔ဆင္တယ္"

"ဟုတ္လား...ဘယ္သူနဲ႔လဲ"

"မသိဘူး...႐ုတ္တရတ္ စဥ္းစားမရဘူး"

"ေၾသာ္...အရမ္းဦးေႏွာက္ေကာင္းတဲ့ ယုန္ေပါက္ပဲ"

"အမ္...ခဏပါေနာ္...႐ုတ္တရတ္မိုလို႔၊ ပါးစပ္ဖ်ားေလးတင္ေမ့ေနတာ...ဘယ္သူပါလိမ့္...လူကို ကြၽန္ေတာ္ က်ိန္းေသေပါက္သိတယ္"

ေျပာသာေျပာတာ တမႉးလုံးဝ စဥ္းစားလို႔မရ။

"ဟား...ဟား...ထားပါေတာ့...၊ မမွတ္မိလည္း စဥ္းစားမေနနဲ႔ေတာ့၊ ကဲ့ ေျပာပါဦး... ေမြးေန႔လက္ေဆာင္ ဘာလိုခ်င္လဲလို႔"

"Jayy ကိုပါဆို"

"ကိုယ့္ကိုယူၿပီး ဘာလုပ္မွာလဲ"

"အဲ..."

ဘာလုပ္ရမွာလဲ...။ အခ်စ္ေတြအမ်ားႀကီးေပးမွာေပါ့။ ကိုယ့္အေတြးနဲ႔ကိုယ္ တမႉးျပဳံးစိစိျဖစ္သြားသည္။

"အဟမ္း...ယုန္ေပါက္တစ္ေကာင္ တိတ္ဆိတ္ေနပုံေတာ့ ကိုယ့္ကို အေရခြံဆုတ္ဖို႔ မ်ားေတြးေနေလသလား"

"အယ္...ေျပာရက္တာ၊ ကြၽန္ေတာ္က Jayy ကို အေတြးနဲ႔ေတာင္ အဲ့လို မထိရက္ဘူး၊ Jayy သာ ကြၽန္ေတာ္႕ကို ယုန္ကင္လုပ္ေနတာ"

"ဟား...ဟား"

Jayy ၏ သေဘာတက်ရယ္ေမာသံေၾကာင့္ တမႉးမ်က္ႏွာေပၚမွ ႂကြက္သားမ်ားလည္း မႏိုင္မနင္းေညာင္းညာသည္အထိ အလုပ္လုပ္ရေတာ့သည္။ တကယ္ပင္ Jayy က တမႉးႏွင့္ messengerမွာ စကားေျပာတိုင္းပို႔တတ္သည့္ HaHa emoji ေလးေတြအတိုင္းရယ္ေနတာပဲ။

Jayy ကို ခ်စ္လိုက္တာ။ ထိုအေတြးမွ်ပင္ တမႉး တစ္ကိုယ္လုံး ၾကက္သီးထသြားသည္။ တမႉးက Jayy ႏွင့္ တျဖည္းျဖည္းနီးကပ္လာႏိုင္ခဲ့ၿပီ။ ဒါေတြအားလုံးဟာ တမႉးေၾကာင့္ခ်ည္းပဲ မဟုတ္တာေတာ့ က်ိန္းေသသည္။ တမႉးဘက္ကခ်ည္းပဲ ေျခလွမ္းစလွမ္းရမည္ဆိုလွ်င္ေတာင္ Jayy က တမႉး ေျဖာင့္ေျဖာင့္ျဖဴးျဖဴးေလွ်ာက္လွမ္းဖို႔ အေကာင္းဆုံးလမ္းဖြင့္ခင္းေပးထားခဲ့သည္ပဲေလ။

ႏွစ္ဦးႏွစ္ဖက္ ခံစားခ်က္ထပ္တူညီသည္ဟု ခံစားမိတိုင္း Jayy က တမႉးကို ခ်စ္လာႏိုင္လိမ့္မည္ဟူေသာ အေတြးမ်ားက တမႉးညစဥ္အိပ္မက္ကမ႓ာကို အုပ္စိုးသည္။

"Jayy"

"ဗ်"

"Jayy က စာေရးတာအျပင္တျခားဘာလုပ္ေသးလဲဟင္၊ ဒါေလးေလာက္ေတာ့ ကြၽန္ေတာ္႕ကို ေျပာျပလို႔ရတယ္မဟုတ္လား"

"အင္း...ရတာေပါ့ ယုန္ေပါက္ရဲ႕၊ စာေရးတာအျပင္ ကိုယ္ထမင္းစားတယ္၊ အိပ္တယ္၊ ေရခ်ိဳးတယ္၊ အိမ္သာသြားတယ္..."

"ေတာ္...ေတာ္...ေတာ္ မေျပာနဲ႔ေတာ့၊ အဲ့ဒါက လူတိုင္းလုပ္တာ ကြၽန္ေတာ္လည္း မသိဘဲေနပါ့မလား"

တမႉး မေက်မနပ္ႏွာမႈတ္ထုတ္လိုက္မိသည္။ တမႉးေမ့သြားတာ။ Jayy က Jayy ပါပဲ။ လိုင္းေပၚမွာပဲ ေျပာေျပာ...ဖုန္းနဲ႔ပဲ ေျပာေျပာတမႉးကို စေနာက္ဖို႔ေတာ့ မေမ့ေလ်ာ့တဲ့သူေပါ့။

"ဟား...ဟား...စတာပါ...စတာပါ၊ တကယ္ေတာ့ ကိုယ္က စာေရးတာအျပင္ တျခားဘာမွမလုပ္ဘူး"

"ဟင္...Jayy က မိဘလုပ္စာထိုင္စားေနတာေပါ့...ဒါဆို"

"မိဘလုပ္စာေတာ့မဟုတ္ဘူး၊ မိဘအေမြနဲ႔ထိုင္စားေနတာ"

"ဟမ္..."

"ကိုယ့္မွာ မိဘႏွစ္ပါးလုံးမ႐ွိေတာ့ဘူး ယုန္ေပါက္ရဲ႕၊ ကိုယ္မိဘေတြထားခဲ့တဲ့ ပိုက္ဆံေတြနဲ႔ ကိုယ္က ထိုင္စားေနတာ"

"အာ...sorry Jayy"

တမႉး အားနာသြားရသည္။ တဆက္တည္းမွာပင္ စီနီယာ့ကို သတိရမိသြားသည္။

"ရပါတယ္၊ ၾကာခဲ့ၿပီပဲ...ကိုယ္အဆင္ေျပတယ္"

"..."

တမႉး ဘာေျပာရမွန္းမသိတိတ္ဆိတ္သြားရျပန္သည္။ ပထမေတာ့ Jayy စာေရးနည္းေတြကို စပ္စုမလို႔ရယ္ပါ။ အခုေတာ့ တမႉး ဆြံ႕အေနမိသည္။

"ဘာလို႔ တိတ္သြားတာလဲ ယုန္ေပါက္ရဲ႕၊ စိတ္မေကာင္းျဖစ္မေနနဲ႔၊ ကိုယ္တကယ္အဆင္ေျပတယ္၊ လူပဲ ေသတစ္ေန႔ ေမြးတစ္ေန႔ပဲဟာ"

မိဘႏွစ္ပါးလုံး ျပည့္စုံစြာ႐ွိေသာ္လည္း မိဘမဲ့ကေလးေတြ၏ ဘဝကို တမႉး စာနာပါသည္။ Jayy ကိုလည္း ရင္ထဲ၌ သနားဂ႐ုဏာစိတ္ေလးျဖစ္ထြန္းသြားသည္။ အသက္ ၂၀ ဆိုေသာ အ႐ြယ္ကလည္း မိဘမဲ့ ျဖစ္ဖို႔ ေစာလြန္းပါေသးသည္။

"ဘာလဲ...ဒါမွမဟုတ္ ကိုယ္က စာေရးတာကလြဲၿပီး ဘာအလုပ္မွမ႐ွိဘူးဆိုၿပီး ႀကိတ္ေလွာင္ေနတာလား"

"အာ...မေလွာင္ရပါဘူးဗ်ာ၊ တကယ္ဆိုရင္ Jayy က အလုပ္ေပါင္းစုံလုပ္ဖူးတဲ့သူပါ"

"ဟမ္..."

"ဟုတ္တယ္ေလ၊ Jayy က ဆရာဝန္လည္း ျဖစ္ဖူးတယ္၊ ကုမၸဏီပိုင္႐ွင္လည္း ျဖစ္ဖူးတယ္၊ ေက်ာင္းဆရာလည္းျဖစ္ဖူးတယ္၊ ဗီဒီယို သ႐ုပ္ေဆာင္လည္း ျဖစ္ဖူးတယ္ အခုဆိုရင္ စုံေထာက္ေတာင္ လုပ္ေနၿပီေလ၊ Jayy ေရးသမွ် ဝတၳဳဇာတ္ေကာင္ေတြအတြက္ Jayy က ဇာတ္ေကာင္တစ္ေယာက္ခ်င္းစီတိုင္းရဲ႕ ဘဝထဲကို ဝင္ခဲ့ရမွာပဲေလ၊ ဒါေၾကာင့္ Jayy က စာေရးတာအျပင္ အလုပ္အကိုင္အစုံလုပ္ဖူးတဲ့သူပဲ"

"ဟာဗ်ာ...."

Jayy ၏ ရယ္ေမာသံ ခပ္လြင္လြင္က ေပၚထြက္လာျပန္သည္။

"တကယ္ေျပာတာ၊ Jayy က အရမ္းေတာ္တယ္"

"ဟုတ္ပါၿပီ၊ ေမြးေန႔နီးတာနဲ႔ ကိုယ့္ကို ဇြတ္ေျမႇာက္ေနေတာ့တာပဲ"

"တကယ္ပါဆိုဗ်ာ"

ေလလိႈင္းမွတဆင့္ Jayy ၏ ရယ္ေမာသံမ်ားက တမႉးနားသို႔ တသိမ့္သိမ့္႐ိုက္ခတ္ေနဆဲ။ ဒီလူကို သေဘာက်သည္ႏွင့္ ဒီလူ၏ ေပ်ာ္႐ႊင္မႈက ကိုယ့္မ႓ာျဖစ္သြားသလားပဲ။

ပထမေတာ့ Jayy ေရးသည့္ စာေလးေတြကို သေဘာက်ရသည္။  ဒုတိယ Jayy ျပန္ေပးသည့္ love react

You are reading the story above: TeenFic.Net