Chapter-18

Background color
Font
Font size
Line height

(Unicode)

မနက်ခင်း၏ နေရောင်ခြည်နှင့်အတူ အောက်ထပ်မှ မိမိနာမည်ကို ခေါ်နေသလိုလို အသံကြောင့် တမှူး ဖျပ်ကနဲ့လန့်နိုးလာသည်။ နာရီကြည့်တော့ ၆ နာရီ။ အစောကြီးရှိသေးသည်ကို ဘယ်သူက သူ့ကိုခေါ်နေတာလဲ။ စောင်ကို ခေါင်းမြှီးခြုံပြီး ပြန်အိပ်ဖို့ကြိုးစားသည်။

"ဟဲ့ တမှူးခေတ်၊ ငါခေါ်နေတာ လိပ်ခေါင်းထွက်တော့မယ်၊ အောက်မှာ နင့် ပါဆယ်ရောက်နေတယ်၊ ဘာတွေမှာထားပြန်ပြီလဲ"

လေသံအေးအေးနှင့် ပြောနေကျမေမေ့၏ စိတ်မရှည်စွာအော်သံထွက်လာမှ ကုတင်ပေါ်၌ ငုတ်တုတ်ထိုင်လိုက်သည်။ ပါဆယ်???...။ ဘာပါဆယ်လဲ...။ တမှူး ဘာမှ မမှာထားပါဘူး။

ဝုန်းဒိုင်းပြေးဆင်းလာပြီး အောက်ထပ်ရောက်တော့ မေမေက မီးဖိုခန်းဝမှာ။

"တမှူးခေတ်၊ ညက ပြောတော့ မွေးနေ့အလှူလုပ်ဖို့ ပိုက်ဆံစုမလို့ဆို၊ အခုက ဘယ်ပိုက်ဆံနဲ့မှာထားပြန်ပြီတုန်း၊ ဟိုးရက်ကလည်း အရုပ်ကြီးတစ်ရုပ်ဝယ်လာတယ်၊ ဟိုနေ့ကလည်း ပါဆယ်ထပ်ရောက်တယ်၊ ဟော့...အခုလည်းလာပြန်ပြီ"

ခေါင်းကုတ်ပြီးသာ သွားဖြီးပြလိုက်သည်။ ခြံဝရှိ ပစ္စည်းလာပို့သော ကောင်လေးဆီသို့ ရောက်တော့ ခေါင်းနပန်းကြီးသွားသည်။ ဘူးက ကြီးလှချည်လား။ တမှူး လက်တပွေ့စာလောက်ရှိမည်။ သူ ဘာတွေမှာထားမိသေးလဲ မာမိုရီ ရီကော ပြန်ခေါ်ရသည်။ ပိုက်ဆံရော ရှင်းပြီးရဲ့လား။ ဟင့်အင်း...သူမှတ်မိသလောက် ဘာမှမမှာထားပါဘူး။ ဘုရားရေ။

မိမိထက် ငယ်မည်ဟုယူဆရသော ကောင်လေးကို ရယ်ပြလိုက်သည်။

"ဘာတွေလဲ ညီလေး"

"ဗျာ...၊ ဒါတော့ ကျွန်တော် ဘယ်သိမလဲ၊ ကျွန်တော်က ပစ္စည်းပို့ရုံသက်သက်ပဲ"

"ဟုတ်လား၊ ဒါနဲ့ အိမ်လိပ်စာရော မှန်ရဲ့လား၊ အစ်ကို့ စိတ်ထင် အစ်ကို ဘာမှ မမှာထားဘူးလားလို့"

"မှန်ပါတယ်၊ ဒီမှာလေ...ဒီအိမ်လိပ်စာနဲ့ နာမည်က တမှူးခေတ်တဲ့၊ အစ်ကိုက တမှူးခေတ်မဟုတ်ဘူးလား၊ စောနက အန်တီကြီးကတော့ ဟုတ်တယ်လို့ပြောသွားတယ်"

"အင်း ဟုတ်ပါတယ်၊ အစ်ကိုက တမှူးခေတ်ပါ၊ ဒါပေမယ့် အစ်ကို ဘာမှ မမှာထားဘူးထင်တယ်..."

"အဲ့တာတော့ မသိဘူးဗျ၊ အစ်ကို့နာမည်နဲ့ delivery ခပါ ရှင်းပြီးသားပါ"

"ဟမ်...delivery ခပါ ရှင်းပြီးသားလား"

"ဟုတ်ကဲ့"

မဟုတ်သေးပါဘူး။ အခုရက်ပိုင်းတမှူး ဘာမှမမှာပါဘူး။ ဟိုးအရင်က မှာထားတာများကျန်တာလား။ အာ့ဆိုလည်း ဘာမှာထားတာဖြစ်မလဲ။ ဒါမှမဟုတ် မွေးနေ့နီးလာလို့ စပရိုက်မွေးနေ့လက်ဆောင်များလား။

"အစ်ကို အဆင်ပြေရင် ဒီမှာလက်မှတ်လေးထိုးပေးပါနော်၊ ကျွန်တော် ပစ္စည်းတွေဆက်ပို့စရာရှိသေးလို့"

"သြော်...အေး..အေး"

ကောင်လေးကို အားနာနာနဲ့ အမြန်လက်မှတ်ထိုးပေးလိုက်ရသည်။ ဘူးကို ပိုက်ပြီး ဝင်လာတော့ မေမေက မျက်စောင်းထိုးသည်။

အိပ်ခန်းထဲရောက်တော့ မျက်နှာတောင် မသစ်နိုင်။ ကတ်ကြေးတစ်လက်ဖြင့် အလုပ်ရှုပ်ရသည်။ အထပ်ထပ်ပတ်ထားသော တိပ်များကို ခွာအပြီး အထဲ၌ တွေ့ရသည်က အမျိုးအစားအစုံ ချောကလက်များ။

ဝါး...။ ဟုတ်သားပဲ...။ ဒီနေ့ Valentines day ပဲ။ တမှူးတို့ ဒီနှစ် ချောကလတ် ပုံးလိုက်ကို ရတာပါလား။ ရင်တောင် ခုန်သွားသည်။ ဘယ်သူပို့တာဖြစ်မလဲ။

ချောကလက်တွေက တမှူး တစ်ပတ်လောက်တောင် စားကုန်မှာမဟုတ်။ တမှူး တစ်ခါမှ မမြင်ဖူးတာတွေတောင်ပါသည်။ တချို့ဆို အနံလေးက အပြင်ထိတောင်မွှေးနေသည်။ တမှူးက လူကသာ FA ဖြစ်နေတာ။ ချောကလက်တော့ ကြိုက်ပါသည်။ ချောကလက်များအကြားမွှေကြည့်တော့ ကတ်ထူပြားလေးတစ်ကတ်ပါလာသည်။

"ချောကလက်စားချင်တာကို ပို့စ်တင် စျေးဗန်းခင်းထားတဲ့ ကောင်လေးတစ်ယောက်အတွက်။ အများကြီးစားပြီ ယုန်ပေါက်တစ်ကောင် သွားပိုးစားပါစေ " တဲ့။

Oh my god!!!

Jayy ပို့ပေးတာလား။ ဒီလောက်ဆို ချောကလက်ဘူးကြီးပိုက်ပြီး တမှူးတစ်ယောက် ငုတ်တုတ်မေ့ဖို့ လုံလောက်ပါသည်။ အမေရေ...အမေ့သားကို အမေ့သား crush ကြီးက Valentines day မှာ ချောကလက်ပေးတယ်တဲ့။

မနေ့က ဘာရယ်မဟုတ် ချောကလက်မျိုးစုံတင်ထားသော ပို့စ်တစ်ခုကို 'ကိုယ်နဲ့မဆိုင် ကိုယ်မပိုင်' ဆိုပြီး အားအားယားယား share လိုက်တာပါ။ ဒါကို Jayy က သတိတရ အမှတ်ထားပြီး ပို့ပေးတယ်တဲ့။

ဒီအခြေအနေကြီးက ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိတော့။ Jayy ဘာတွေတွေးနေတာလဲ။ Jayy သူ့ကို ကြိုက်နေတာများလား။ ဟုတ်ပါတယ်...ကျိန်းသေတယ်...။ မကြိုက်ဘဲနဲ့ ဘယ်သူက ဒီလို့နေ့မှာ ချောကလက်ပေးမှာတုန်း။ ဖြစ်နိုင်သည် မဖြစ်နိုင်သည်အပထား။ ဒီအခြေအနေက တမှူးတို့အတွက် အကြီးကြီး အဆုံးထိ စိတ်ကူးယဥ်ပစ်လိုက်လို့ရသည့်အခြေအနေ။ မည်မျှပင် Jayy နှင့် တမှူး ရင်းနှီးနေသည်ဆိုစေကာမူ ဒီလိုအပြုအမူကတော့ တမှူးအတွက် ဆန်းဆန်းပြားပြားတွေးစရာပင်။

ကိုယ်ပိုင်အတွေးများနှင့် ရင်ဘက်တစ်ခုလုံးက ဖိုးသိုးဖက်သတ်။ အခုချက်ချင်းကြီးကို Jayy ဆီ ဖုန်းကောက်ဆက်လိုက်ချင်သည်။ ခက်တာက Jayy ဖုန်းနံပါတ်မသိ။ လိုင်းပေါ်မှာထက် အပြင်မှာ Jayy ကို အားရပါးရပြောချင်တာ။ ယခုလောလောဆယ်တော့ လိုင်းပေါ်မှသာ ကျေးဇူးတင်ကြောင်းပို့ရသည်။

ထို့နောက် ချောကလက်များကို ပျော့ကုန်မည်စိုး၍ ရေခဲသေတ္တာထဲထည့်ရသည်။ စီနီယာ့နဲ့ နယုန်တို့ကို ကြွားပြီး ကျွေးဖို့နည်းနည်းတော့လွယ်အိတ်ထဲထည့်ထားလိုက်သည်။ တကယ်ဆိုလျှင် Jayy ပေးတာမို့ မည်သူ့ကိုမှ မမျှချင်ပါ။ သို့သော် ရှားရှားပါးပါး အချစ်တုံးသုံးယောက်ကိုတော့ ကျွေးမှပါ။

"မေမေ...ရေခဲသေတ္တာထဲက ချောကလတ်တွေက သားဟာတွေနော်၊ ဘယ်သူမှ မစားစေနဲ့"

ပြောသာပြောတာ စိတ်မချပါ။ မိသားစုလေး သုံးယောက်သာရှိသော်လည်း မည်သူမျှ စိတ်မချရ။ ဖြစ်နိုင်လျှင် ရေခဲသေတ္တာကြီးသော့ခတ်သွားချင်သည်။ မေမေ ငရုတ်ကျည်ပွေ့နဲ့လိုက်ထုမှာစိုးလို့ မလုပ်တာ။

ကျောင်းရောက်တော့ စီနီယာ့ကို မြင်သည်နှင့် တစ်လမ်းလုံးခေါင်းထဲမှာ စီလာသော ကြွားရမည့် စကားလုံးများကို ပါးစပ်ဖျားမှာ စီလိုက်သည်။

"ရော့"

အနားရောက်,ရောက်ချင်း စီနီယာက ချောကလက် တစ်တောင့် လှမ်းပေးသည်။ ဘာလဲ...။ လူကို မစားရဘူးထင်ပြီး နှိမ်တာလား။ ဟင်း...ဟင်း...။ တမှူးတို့ စိတ်ထဲမှ ကြိတ်ပြုံးရင်း စီနီယာပေးသည်ကို မယူသေးဘဲ မိမိအိတ်ထဲမှ စီနီယာ့ကို ပြန်ကျွေးဖို့ ထည့်လာသော ယခု စီနီယာပေးနေသည်ထက် ကြီးသော ချောကလက်တုံးကြီးကို ထုတ်လိုက်သည်။

"ဒီမှာတွေ့လား...၊ ကျွန်တော့်ဟာက ပိုကြီးတယ်"

စီနီယာက မျက်လုံးပြူးကာ မျက်ခုံးပင့်သည်။ တမှူးလည်း မျက်ခုံးပြန်ပင့်လိုက်ပြီး

"ဒီမှာလေ...၊ ချောကလက်...ချောကလက်"

"ဝယ်လာတာလား"

ဖွီ...စော်ကားလိုက်တာ။ တမှူးတို့ ချောကလက် ကြိုက်လို့သာကြိုက်မယ်။ ဘယ်သောအခါမှ ဒီလိုနေ့မှာ ကိုယ့်ဘာကိုယ်ဝယ်မစားဘူး။ ကျွေးမယ့်သူမရှိရင် အငတ်ပဲနေလိုက်မယ်။

"ဟင်း...ဟင်း၊ ဝယ်စရာလား စီနီယာရယ်၊ ကျွန်တော့် နာမည်ဘယ်သူလဲ၊ တမှူးခေတ်လေ...၊ မနက်မိုးလင်းလို့ စိတ်ထဲက ချော့ကလက်လို့ တလိုက်တာနဲ့ ဟက်ချလောင်းဆိုပြီး ပုံးလိုက်ရောက်ပြီးသား၊ မယုံရင် စီနီယာ့ကို အိမ်ခေါ်သွားပြီး ပြလို့ရတယ်၊ ဒါက စီနီယာ့ဖို့...မစားရမှာစိုးလို့ သနားလို့ယူလာတာ၊...ဟင်း...ဟင်း"

"သြော်...အိမ်က ဝယ်ကျွေးတာလား"

တယ်...ထပ်စော်ကားပြန်ပြီ။ စီနီယာက ပြုံးစိစိရုပ်ဖြင့် တမှူးလက်ထဲမှ ချောကလက်နှင့် သူ့လက်ထဲမှ ချောကလက်ကို လဲလှယ်ယူလိုက်သည်။ စီနီယာ့ဖို့ ရည်ရွယ်ထားပြီးဟာမို့ တမှူး အသာတကြည်ပေးလိုက်ပါသည်။ စီနီယာ ပြန်ပေးသော ချောကလက်ကို လွယ်အိတ်ထဲထည့်လိုက်ပြီး...

"ဘယ်အိမ်ကမှ ဝယ်မကျွေးဘူး၊ ဘယ်သူပို့လဲ ကျွန်တော်ပြောပြရင် စီနီယာ အံ့သြနဘန်း ဖြစ်သွားမယ်"

"အံမယ်...ပြောပါဦး၊ ဘယ်သူပို့လိုက်တာလဲ"

"ကျွန်တော့်ရဲ့ ချစ်လှစွာသော အနာဂတ်ခင်ပွန်းလောင်း လက်ရှိ ပစ္စုပ္ပန် crush ကြီးပို့တာဗျ"

စီနီယာ့မျက်နှာက ငိုမလိုလို ရီမလိုလို၊ အံ့သြသလိုလို မအံ့သြသလိုလိုဖြစ်သွားသည်။ ဘာလဲ...။ ဘာလို့ အဲ့လို မျက်နှာပေးကြီးလုပ်နေတာလဲ။ ရီချင်ရီ...ငိုချင်ငိုလေ။

"တကယ် Jayy ပို့တာလား"

"ကျွန်တော် လိမ်ဖူးလို့လား"

စီနီယာက တိတ်သွားသည်။ ထို့နောက် ခေါင်း တညိတ်ညိတ်နှင့် အရှေ့မှထွက်သွားသည်။ ဟမ်...။ တစ်ခုခုပြောခဲ့ဦးလေ။

"စီနီယာ...စီနီယာပြောကြည့်ဗျာ၊ ဒီလိုနေ့မှာ Jayy က ကျွန်တော့်ဆီ ချောကလက်ပို့တာ မထူးဆန်းဘူးလား"

"အင်း...မထူးဆန်းပါဘူး"

တမှူး စီနီယာ့မျက်နှာကို မြင်ရရန် အနောက်မှ စီနီယာ့အား ကျော်တက်လိုက်သည်။

"ဟာ စီနီယာကလည်း၊ ဒီလိုနေ့မှာ ချောကလက်ပေးတာက သမီးရည်းစားတွေမှပေးရတာလေ"

"ဒါဆို ကောင်လေးက ဒီချောကလက် ဘာလို့ ကိုယ့်ကိုပေးလဲ"

"အဲ...၊ အဲ့ဒါကတော့...ဟို...စီနီယာ မစားရမှာစိုးလို့ စေတနာနဲ့ပေးတာလေ"

"အင်း...ဒါဆို Jayy ကလည်း ကောင်လေးကို မစားရမှာစိုးလို့ စေတနာနဲ့ပေးတာနေမှာပေါ့"

"ဟမ်..."

အမြဲတမ်း တမှူးကို Jayy နှင့်ပတ်သတ်၍ ဖေးမတတ်သည့် စီနီယာက ယခု တမှူးအပျော်တွေကို ရိုက်ချနေတာပဲ။ တမှူးမျက်နှာ စတင်၍ ဆူပုပ်လုဖြစ်လာသည်။ မရပါဘူး။ တမှူးခေတ်က ဒါဆို ဒါပဲ ဖြစ်ရမှာ။

"စီနီယာ စဥ်းစားကြည့်နော်၊ Jayy က ကျွန်တော်နဲ့ ညတိုင်း စကားလည်းပြောတယ်၊ ကျွန်တော့်ကို dream catcher လည်း ကိုယ်တိုင်လုပ်ပေးတယ်၊ ယုန်ပေါက်လို့လည်းခေါ်တယ်၊ အခု ချောကလက်လည်း ပို့ပေးတယ်၊ ဒါကို ဘယ်ရိုးရိုးမိတ်ဆွေကလုပ်မှာလဲ၊ Jayy ကျွန်တော့်ကို သဘောကျနေလို့ပဲ လုပ်မှာပေါ့"

စီနီယာက ပြုံးစိစိသာ။ တမှူး အားမရစွာ စီနီယာ့ကို မျက်နှာချင်းဆိုင်ကြည့်ရင်း လမ်းကို နောက်ပြန်လျှောက်လိုက်သည်။ စီနီယာ့ထံမှ အသိအမှတ်ပြုသံတစ်ခုခုကြားချင်သည်။

"လမ်းကို ​ရှေ့ကြည့်လျှောက်နော်၊ ချော်လဲမှ ယုန်သွားကျွတ်နေမယ်"

တမှူးမျက်နှာ တကယ်ဆူပုပ်သွားပါပြီ။ စီနီယာ တမင်သက်သက် တမှူး အောင်မြင်မှုကို ဂုဏ်မပြုချင်လို့ ဝေ့လည်ကြောင်ပတ်လုပ်နေတာ။

"စီနီယာ မနာလို ဖြစ်နေတာ"

"ဟမ်"

စီနီယာက ခပ်ဖွဖွသဘောတကျရယ်သည်။ စီနီယာက ရယ်ရင် တကယ်ကြည့်ကောင်းတာပဲ။ ခပ်ညိုညိုမျက်ဝန်းတစ်စုံက ​မှေးကျဥ်းသွားပြီး နှုတ်ခမ်းပါးထောင့်စွန်းများက ကော့တက်သွားကာ တမှူးလို့ ​ရှေ့သွားနှစ်ချောင်း အနည်းငယ် ကြီးမနေဘဲ ကောင်းခြင်းနှင့်ပြည်စုံသော သွားတန်းဖြူဖြူက လှစ်ဟပေါ်ထွက်လာသည်။

"အမေ့..."

လမ်းကြည့်မလျှောက်ဘဲ နောက်ပြန်လျှောက်နေတော့ သူ့ဘာသူနေတဲ့ အုတ်နီခဲကို မမြင်မကန်း ဖနောင့်နဲ့ တိုက်မိပြီး လူက အနောက်ကို ယိုင်သွား၏။ ရုတ်တရတ်မို့ ခန္ဓာကိုယ် ဟန်ချက်ကို မထိန်းနိုင်ဘဲ အနောက်သို့ ပက်လက်လန်သွား၏။ လန့်ဖျပ်ကာ လက်ကို လေထဲမြှောက်၍ အားကိုးရာတစ်ခုခုကို ကိုင်ဆွဲဖို့ ကြိုးစားလိုက်သော်လည်း လေဟာနယ်ကိုသာ စမ်းမိပြီး ခြေကားယားလက်ကားယား ဖြစ်သွား၏။ တမှူး ကြောက်ကြောက်နဲ့ မျက်စိသာ စုံမှိတ်လိုက်၏။ သွားပြီ...ငါ့နောက်စေ့တော့ ကွဲတော့မှာပဲ။

သို့သော်...ချက်ချင်းလိုပင် တမှူးရဲ့ လက်မောင်းကို ခိုင်မာသော လက်တစ်စုံဖြင့် လှမ်းဆွဲတာ ခံလိုက်ရပြီး အရှေ့သို့ စွေ့ကနဲ့ ပြန်ပါလာကာ ရင်ခွင်တစ်ခု၌ မျက်နှာအပ်မိသွား၏။

ရုတ်တရတ်လန့်ဖျပ်ကာ အသက်ရှူဖို့တောင်မေ့သွားစဥ် ခန္ဓာကိုယ်တစ်ခုလုံးဟာ တစ်စုံတစ်ယောက်ရဲ့ သိမ်းကြုံးဖက်ထားမှုအောက်မှာ။ ရင်းနှီးနေကျ ကိုယ်သင်းနံ့တစ်ခုကြောင့် မိမိကို အချိန်မှီ လှမ်းဆွဲလိုက်သူဟာ စီနီယာမှန်း မော့မကြည့်ဘဲသိလိုက်၏။

မျက်နှာအပ်ထားရာ ရင်ခွင်တစ်ခုမှ မြန်ဆန်လွန်းတဲ့ နှလုံးခုန်သံတစ်ခုဟာ အနီးကပ်မိုလို့ တမှူးနားထဲထိ ကျယ်လောင်စွာကြားနေရတာလား။ လက်ပတ်နာရီမှာ နာရီစက္ကန့်သံ တချက်ချက် ရွေ့လျားနေသံကိုလည်း နှလုံးခုန်သံတစ်ခုနှင့်အတူ ကာရန်ညီစွာကြားနေရ၏။
.
.
.

တမှူးကပဲ အလန့်လွန်ပြီး မှင်သက်နေမိတာလား၊ စီနီယာကပဲ အစိုးရိမ်လွန်ပြီး မလွှတ်ပေးသေးတာလား မသေချာပေမယ့် ထိုအနေအထားအတိုင်းရှိနေသည်မှာ မိနစ်အချို့ စွန်းနေပြီဖြစ်သည်။

ဦးခေါင်းဆံနွယ်များကြားမှ ခပ်နွေးနွေး အထိအတွေ့ကို ရလိုက်သလို ခံစားမိတော့မှ တမှူးအသိဝင်လာကာ စီနီယာ့ ရင်ခွင်ထဲမှ ရုန်းထွက်လိုက်၏။ စီနီယာကလည်း အသာတကြည့် လွှတ်ပေးပြီး လေပူတစ်ချက်မှုတ်ထုတ်ကာ မျက်နှာလွှဲသွား၏။ ထို့နောက်

"လမ်းကို ကြည့်လျှောက်လို့ သေချာမှာနေတဲ့ကြားက ၊ကပြာကယာနဲ့ တကယ်မလွယ်ဘူး"

ဟု ဆူသလိုလို ခပ်တိုးတိုးပြောပြီး အရှေ့မှ ဆက်လျှောက်သွား၏။ တမှူးလည်း အနောက်မှနေ၍ အိပ်မက်မက်နေသူလို ယောင်ဝါးဝါးလိုက်သွားမိ၏။ အရမ်းလန့်သွားလို့လားမသိဘူး။ စိတ်ထဲမှာ တမျိုးကြီးခံစားရ၏။ ခုနက ပြောလက်စ စကားတောင် ဆက်ပြောဖို့ စကားစရှာမရတော့ပေ။ ထို့ကြောင့် တိတ်တဆိတ်သာ လိုက်သွားမိသည်။ လူကသာ တိတ်ဆိတ်နေသော်လည်း တစ်နေရာက မတိတ်ဆိတ်ဘူး။ ပုံမှန်ထက် အလုပ်ပိုလုပ်နေသည်။

အတန်းရှေ့ရောက်တော့ ထုံးစံအတိုင်း စီနီယာက ခေါင်းကို တစ်ချက်ဖွ၍ နှူတ်ဆက်ကာ ထွက်သွား၏။ တမှူးလည်း လုပ်နေကျတာဝန်တစ်ခုလို စီနီယာ့၏ ကျောပြင်ကျယ် ပျောက်သွားချိန်အထိ ငေးမောနေခဲ့၏။ အခုထိ ရင်တုန်တာ မပျောက်သေးပါလား။

***********

အားလုံးကို ကျေးဇူးတင်လျက်
Sakura Rain🌸

(Zawgyi)

မနက္ခင္း၏ ေနေရာင္ျခည္ႏွင့္အတူ ေအာက္ထပ္မွ မိမိနာမည္ကို ေခၚေနသလိုလို အသံေၾကာင့္ တမႉး ဖ်ပ္ကနဲ႔လန္႔ႏိုးလာသည္။ နာရီၾကည့္ေတာ့ ၆ နာရီ။ အေစာႀကီး႐ွိေသးသည္ကို ဘယ္သူက သူ႕ကိုေခၚေနတာလဲ။ ေစာင္ကို ေခါင္းၿမႇီးျခဳံၿပီး ျပန္အိပ္ဖို႔ႀကိဳးစားသည္။

"ဟဲ့ တမႉးေခတ္၊ ငါေခၚေနတာ လိပ္ေခါင္းထြက္ေတာ့မယ္၊ ေအာက္မွာ နင့္ ပါဆယ္ေရာက္ေနတယ္၊ ဘာေတြမွာထားျပန္ၿပီလဲ"

ေလသံေအးေအးႏွင့္ ေျပာေနက်ေမေမ့၏ စိတ္မ႐ွည္စြာေအာ္သံထြက္လာမွ ကုတင္ေပၚ၌ ငုတ္တုတ္ထိုင္လိုက္သည္။ ပါဆယ္???...။ ဘာပါဆယ္လဲ...။ တမႉး ဘာမွ မမွာထားပါဘူး။

ဝုန္းဒိုင္းေျပးဆင္းလာၿပီး ေအာက္ထပ္ေရာက္ေတာ့ ေမေမက မီးဖိုခန္းဝမွာ။

"တမႉးေခတ္၊ ညက ေျပာေတာ့ ေမြးေန႔အလႉလုပ္ဖို႔ ပိုက္ဆံစုမလို႔ဆို၊ အခုက ဘယ္ပိုက္ဆံနဲ႔မွာထားျပန္ၿပီတုန္း၊ ဟိုးရက္ကလည္း အ႐ုပ္ႀကီးတစ္႐ုပ္ဝယ္လာတယ္၊ ဟိုေန႔ကလည္း ပါဆယ္ထပ္ေရာက္တယ္၊ ေဟာ့...အခုလည္းလာျပန္ၿပီ"

ေခါင္းကုတ္ၿပီးသာ သြားၿဖီးျပလိုက္သည္။ ျခံဝ႐ွိ ပစၥည္းလာပို႔ေသာ ေကာင္ေလးဆီသို႔ ေရာက္ေတာ့ ေခါင္းနပန္းႀကီးသြားသည္။ ဘူးက ႀကီးလွခ်ည္လား။ တမႉး လက္တေပြ႕စာေလာက္႐ွိမည္။ သူ ဘာေတြမွာထားမိေသးလဲ မာမိုရီ ရီေကာ ျပန္ေခၚရသည္။ ပိုက္ဆံေရာ ႐ွင္းၿပီးရဲ႕လား။ ဟင့္အင္း...သူမွတ္မိသေလာက္ ဘာမွမမွာထားပါဘူး။ ဘုရားေရ။

မိမိထက္ ငယ္မည္ဟုယူဆရေသာ ေကာင္ေလးကို ရယ္ျပလိုက္သည္။

"ဘာေတြလဲ ညီေလး"

"ဗ်ာ...၊ ဒါေတာ့ ကြၽန္ေတာ္ ဘယ္သိမလဲ၊ ကြၽန္ေတာ္က ပစၥည္းပို႔႐ုံသက္သက္ပဲ"

"ဟုတ္လား၊ ဒါနဲ႔ အိမ္လိပ္စာေရာ မွန္ရဲ႕လား၊ အစ္ကို႔ စိတ္ထင္ အစ္ကို ဘာမွ မမွာထားဘူးလားလို႔"

"မွန္ပါတယ္၊ ဒီမွာေလ...ဒီအိမ္လိပ္စာနဲ႔ နာမည္က တမႉးေခတ္တဲ့၊ အစ္ကိုက တမႉးေခတ္မဟုတ္ဘူးလား၊ ေစာနက အန္တီႀကီးကေတာ့ ဟုတ္တယ္လို႔ေျပာသြားတယ္"

"အင္း ဟုတ္ပါတယ္၊ အစ္ကိုက တမႉးေခတ္ပါ၊ ဒါေပမယ့္ အစ္ကို ဘာမွ မမွာထားဘူးထင္တယ္..."

"အဲ့တာေတာ့ မသိဘူးဗ်၊ အစ္ကို႔နာမည္နဲ႔ delivery ခပါ ႐ွင္းၿပီးသားပါ"

"ဟမ္...delivery ခပါ ႐ွင္းၿပီးသားလား"

"ဟုတ္ကဲ့"

မဟုတ္ေသးပါဘူး။ အခုရက္ပိုင္းတမႉး ဘာမွမမွာပါဘူး။ ဟိုးအရင္က မွာထားတာမ်ားက်န္တာလား။ အာ့ဆိုလည္း ဘာမွာထားတာျဖစ္မလဲ။ ဒါမွမဟုတ္ ေမြးေန႔နီးလာလို႔ စပ႐ိုက္ေမြးေန႔လက္ေဆာင္မ်ားလား။

"အစ္ကို အဆင္ေျပရင္ ဒီမွာလက္မွတ္ေလးထိုးေပးပါေနာ္၊ ကြၽန္ေတာ္ ပစၥည္းေတြဆက္ပို႔စရာ႐ွိေသးလို႔"

"ေၾသာ္...ေအး..ေအး"

ေကာင္ေလးကို အားနာနာနဲ႔ အျမန္လက္မွတ္ထိုးေပးလိုက္ရသည္။ ဘူးကို ပိုက္ၿပီး ဝင္လာေတာ့ ေမေမက မ်က္ေစာင္းထိုးသည္။

အိပ္ခန္းထဲေရာက္ေတာ့ မ်က္ႏွာေတာင္ မသစ္ႏိုင္။ ကတ္ေၾကးတစ္လက္ျဖင့္ အလုပ္႐ႈပ္ရသည္။ အထပ္ထပ္ပတ္ထားေသာ တိပ္မ်ားကို ခြာအၿပီး အထဲ၌ ေတြ႕ရသည္က အမ်ိဳးအစားအစုံ ေခ်ာကလက္မ်ား။

ဝါး...။ ဟုတ္သားပဲ...။ ဒီေန႔ Valentines day ပဲ။ တမႉးတို႔ ဒီႏွစ္ ေခ်ာကလတ္ ပုံးလိုက္ကို ရတာပါလား။ ရင္ေတာင္ ခုန္သြားသည္။ ဘယ္သူပို႔တာျဖစ္မလဲ။

ေခ်ာကလက္ေတြက တမႉး တစ္ပတ္ေလာက္ေတာင္ စားကုန္မွာမဟုတ္။ တမႉး တစ္ခါမွ မျမင္ဖူးတာေတြေတာင္ပါသည္။ တခ်ိဳ႕ဆို အနံေလးက အျပင္ထိေတာင္ေမႊးေနသည္။ တမႉးက လူကသာ FA ျဖစ္ေနတာ။ ေခ်ာကလက္ေတာ့ ႀကိဳက္ပါသည္။ ေခ်ာကလက္မ်ားအၾကားေမႊၾကည့္ေတာ့ ကတ္ထူျပားေလးတစ္ကတ္ပါလာသည္။

"ေခ်ာကလက္စားခ်င္တာကို ပို႔စ္တင္ ေစ်းဗန္းခင္းထားတဲ့ ေကာင္ေလးတစ္ေယာက္အတြက္။ အမ်ားႀကီးစားၿပီ ယုန္ေပါက္တစ္ေကာင္ သြားပိုးစားပါေစ " တဲ့။

Oh my god!!!

Jayy ပို႔ေပးတာလား။ ဒီေလာက္ဆို ေခ်ာကလက္ဘူးႀကီးပိုက္ၿပီး တမႉးတစ္ေယာက္ ငုတ္တုတ္ေမ့ဖို႔ လုံေလာက္ပါသည္။ အေမေရ...အေမ့သားကို အေမ့သား crush ႀကီးက Valentines day မွာ ေခ်ာကလက္ေပးတယ္တဲ့။

မေန႔က ဘာရယ္မဟုတ္ ေခ်ာကလက္မ်ိဳးစုံတင္ထားေသာ ပို႔စ္တစ္ခုကို 'ကိုယ္နဲ႔မဆိုင္ ကိုယ္မပိုင္' ဆိုၿပီး အားအားယားယား share လိုက္တာပါ။ ဒါကို Jayy က သတိတရ အမွတ္ထားၿပီး ပို႔ေပးတယ္တဲ့။

ဒီအေျခအေနႀကီးက ဘာလုပ္လို႔ ဘာကိုင္ရမွန္းကို မသိေတာ့။ Jayy ဘာေတြေတြးေနတာလဲ။ Jayy သူ႕ကို ႀကိဳက္ေနတာမ်ားလား။ ဟုတ္ပါတယ္...က်ိန္းေသတယ္...။ မႀကိဳက္ဘဲနဲ႔ ဘယ္သူက ဒီလို႔ေန႔မွာ ေခ်ာကလက္ေပးမွာတုန္း။ ျဖစ္ႏိုင္သည္ မျဖစ္ႏိုင္သည္အပထား။ ဒီအေျခအေနက တမႉးတို႔အတြက္ အႀကီးႀကီး အဆုံးထိ စိတ္ကူးယဥ္ပစ္လိုက္လို႔ရသည့္အေျခအေန။ မည္မွ်ပင္ Jayy ႏွင့္ တမႉး ရင္းႏွီးေနသည္ဆိုေစကာမူ ဒီလိုအျပဳအမူကေတာ့ တမႉးအတြက္ ဆန္းဆန္းျပားျပားေတြးစရာပင္။

ကိုယ္ပိုင္အေတြးမ်ားႏွင့္ ရင္ဘက္တစ္ခုလုံးက ဖိုးသိုးဖက္သတ္။ အခုခ်က္ခ်င္းႀကီးကို Jayy ဆီ ဖုန္းေကာက္ဆက္လိုက္ခ်င္သည္။ ခက္တာက Jayy ဖုန္းနံပါတ္မသိ။ လိုင္းေပၚမွာထက္ အျပင္မွာ Jayy ကို အားရပါးရေျပာခ်င္တာ။ ယခုေလာေလာဆယ္ေတာ့ လိုင္းေပၚမွသာ ေက်းဇူးတင္ေၾကာင္းပို႔ရသည္။

ထို႔ေနာက္ ေခ်ာကလက္မ်ားကို ေပ်ာ့ကုန္မည္စိုး၍ ေရခဲေသတၱာထဲထည့္ရသည္။ စီနီယာ့နဲ႔ နယုန္တို႔ကို ႂကြားၿပီး ေကြၽးဖို႔နည္းနည္းေတာ့လြယ္အိတ္ထဲထည့္ထားလိုက္သည္။ တကယ္ဆိုလွ်င္ Jayy ေပးတာမို႔ မည္သူ႕ကိုမွ မမွ်ခ်င္ပါ။ သို႔ေသာ္ ႐ွား႐ွားပါးပါး အခ်စ္တုံးသုံးေယာက္ကိုေတာ့ ေကြၽးမွပါ။

"ေမေမ...ေရခဲေသတၱာထဲက ေခ်ာကလတ္ေတြက သားဟာေတြေနာ္၊ ဘယ္သူမွ မစားေစနဲ႔"

ေျပာသာေျပာတာ စိတ္မခ်ပါ။ မိသားစုေလး သုံးေယာက္သာ႐ွိေသာ္လည္း မည္သူမွ် စိတ္မခ်ရ။ ျဖစ္ႏိုင္လွ်င္ ေရခဲေသတၱာႀကီးေသာ့ခတ္သြားခ်င္သည္။ ေမေမ င႐ုတ္က်ည္ေပြ႕နဲ႔လိုက္ထုမွာစိုးလို႔ မလုပ္တာ။

ေက်ာင္းေရာက္ေတာ့ စီနီယာ့ကို ျမင္သည္ႏွင့္ တစ္လမ္းလုံးေခါင္းထဲမွာ စီလာေသာ ႂကြားရမည့္ စကားလုံးမ်ားကို ပါးစပ္ဖ်ားမွာ စီလိုက္သည္။

"ေရာ့"

အနားေရာက္,ေရာက္ခ်င္း စီနီယာက ေခ်ာကလက္ တစ္ေတာင့္ လွမ္းေပးသည္။ ဘာလဲ...။ လူကို မစားရဘူးထင္ၿပီး ႏွိမ္တာလား။ ဟင္း...ဟင္း...။ တမႉးတို႔ စိတ္ထဲမွ ႀကိတ္ျပဳံးရင္း စီနီယာေပးသည္ကို မယူေသးဘဲ မိမိအိတ္ထဲမွ စီနီယာ့ကို ျပန္ေကြၽးဖို႔ ထည့္လာေသာ ယခု စီနီယာေပးေနသည္ထက္ ႀကီးေသာ ေခ်ာကလက္တုံးႀကီးကို ထုတ္လိုက္သည္။

"ဒီမွာေတြ႕လား...၊ ကြၽန္ေတာ္႕ဟာက ပိုႀကီးတယ္"

စီနီယာက မ်က္လုံးျပဴးကာ မ်က္ခုံးပင့္သည္။ တမႉးလည္း မ်က္ခုံးျပန္ပင့္လိုက္ၿပီး

"ဒီမွာေလ...၊ ေခ်ာကလက္...ေခ်ာကလက္"

"ဝယ္လာတာလား"

ဖြီ...ေစာ္ကားလိုက္တာ။ တမႉးတို႔ ေခ်ာကလက္ ႀကိဳက္လို႔သာႀကိဳက္မယ္။ ဘယ္ေသာအခါမွ ဒီလိုေန႔မွာ ကိုယ့္ဘာကိုယ္ဝယ္မစားဘူး။ ေကြၽးမယ့္သူမ႐ွိရင္ အငတ္ပဲေနလိုက္မယ္။

"ဟင္း...ဟင္း၊ ဝယ္စရာလား စီနီယာရယ္၊ ကြၽန္ေတာ္႕ နာမည္ဘယ္သူလဲ၊ တမႉးေခတ္ေလ...၊ မနက္မိုးလင္းလို႔ စိတ္ထဲက ေခ်ာ့ကလက္လို႔ တလိုက္တာနဲ႔ ဟက္ခ်ေလာင္းဆိုၿပီး ပုံးလိုက္ေရာက္ၿပီးသား၊ မယုံရင္ စီနီယာ့ကို အိမ္ေခၚသြားၿပီး ျပလို႔ရတယ္၊ ဒါက စီနီယာ့ဖို႔...မစားရမွာစိုးလို႔ သနားလို႔ယူလာတာ၊...ဟင္း...ဟင္း"

"ေၾသာ္...အိမ္က ဝယ္ေကြၽးတာလား"

တယ္...ထပ္ေစာ္ကားျပန္ၿပီ။ စီနီယာက ျပဳံးစိစိ႐ုပ္ျဖင့္ တမႉးလက္ထဲမွ ေခ်ာကလက္ႏွင့္ သူ႕လက္ထဲမွ ေခ်ာကလက္ကို လဲလွယ္ယူလိုက္သည္။ စီနီယာ့ဖို႔ ရည္႐ြယ္ထားၿပီးဟာမို႔ တမႉး အသာတၾကည္ေပးလိုက္ပါသည္။ စီနီယာ ျပန္ေပးေသာ ေခ်ာကလက္ကို လြယ္အိတ္ထဲထည့္လိုက္ၿပီး...

"ဘယ္အိမ္ကမွ ဝယ္မေကြၽးဘူး၊ ဘယ္သူပို႔လဲ ကြၽန္ေတာ္ေျပာျပရင္ စီနီယာ အံ့ၾသနဘန္း ျဖစ္သြားမယ္"

"အံမယ္...ေျပာပါဦး၊ ဘယ္သူပို႔လိုက္တာလဲ"

"ကြၽန္ေတာ္႕ရဲ႕ ခ်စ္လွစြာေသာ အနာဂတ္ခင္ပြန္းေလာင္း လက္႐ွိ ပစၥဳပၸန္ crush ႀကီးပို႔တာဗ်"

စီနီယာ့မ်က္ႏွာက ငိုမလိုလို ရီမလိုလို၊ အံ့ၾသသလိုလို မအံ့ၾသသလိုလိုျဖစ္သြားသည္။ ဘာလဲ...။ ဘာလို႔ အဲ့လို မ်က္ႏွာေပးႀကီးလုပ္ေနတာလဲ။ ရီခ်င္ရီ...ငိုခ်င္ငိုေလ။

"တကယ္ Jayy ပို႔တာလား"

"ကြၽန္ေတာ္ လိမ္ဖူးလို႔လား"

စီနီယာက တိတ္သြားသည္။ ထို႔ေနာက္ ေခါင္း တညိတ္ညိတ္ႏွင့္ အေ႐ွ႕မွထြက္သြားသည္။ ဟမ္...။ တစ္ခုခုေျပာခဲ့ဦးေလ။

"စီနီယာ...စီနီယာေျပာၾကည့္ဗ်ာ၊ ဒီလိုေန႔မွာ Jayy က ကြၽန္ေတာ္႕ဆီ ေခ်ာကလက္ပို႔တာ မထူးဆန္းဘူးလား"

"အင္း...မထူးဆန္းပါဘူး"

တမႉး စီနီယာ့မ်က္ႏွာကို ျမင္ရရန္ အေနာက္မွ စီနီယာ့အား ေက်ာ္တက္လိုက္သည္။

"ဟာ စီနီယာကလည္း၊ ဒီလိုေန႔မွာ ေခ်ာကလက္ေပးတာက သမီးရည္းစားေတြမွေပးရတာေလ"

"ဒါဆို ေကာင္ေလးက ဒီေခ်ာကလက္ ဘာလို႔ ကိုယ့္ကိုေပးလဲ"

"အဲ...၊ အဲ့ဒါကေတာ့...ဟို...စီနီယာ မစားရမွာစိုးလို႔ ေစတနာနဲ႔ေပးတာေလ"

"အင္း...ဒါဆို Jayy ကလည္း ေကာင္ေလးကို မစားရမွာစိုးလို႔ ေစတနာနဲ႔ေပးတာေနမွာေပါ့"

"ဟမ္..."

အၿမဲတမ္း တမႉးကို Jayy ႏွင့္ပတ္သတ္၍ ေဖးမတတ္သည့္ စီနီယာက ယခု တမႉးအေပ်ာ္ေတြကို ႐ိုက္ခ်ေနတာပဲ။ တမႉးမ်က္ႏွာ စတင္၍ ဆူပုပ္လုျဖစ္လာသည္။ မရပါဘူး။ တမႉးေခတ္က ဒါဆို ဒါပဲ ျဖစ္ရမွာ။

"စီနီယာ စဥ္းစားၾကည့္ေနာ္၊ Jayy က ကြၽန္ေတာ္နဲ႔ ညတိုင္း စကားလည္းေျပာတယ္၊ ကြၽန္ေတာ္႕ကို dream catcher လည္း ကိုယ္တိုင္လုပ္ေပးတယ္၊ ယုန္ေပါက္လို႔လည္းေခၚတယ္၊ အခု ေခ်ာကလက္လည္း ပို႔ေပးတယ္၊ ဒါကို ဘယ္႐ိုး႐ိုးမိတ္ေဆြကလုပ္မွာလဲ၊ Jayy ကြၽန္ေတာ္႕ကို သေဘာက်ေနလို႔ပဲ လုပ္မွာေပါ့"

စီနီယာက ျပဳံးစိစိသာ။ တမႉး အားမရစြာ စီနီယာ့ကို မ်က္ႏွာခ်င္းဆိုင္ၾကည့္ရင္း လမ္းကို ေနာက္ျပန္ေလွ်ာက္လိုက္သည္။ စီနီယာ့ထံမွ အသိအမွတ္ျပဳသံတစ္ခုခုၾကားခ်င္သည္။

"လမ္းကို ​ေ႐ွ႕ၾကည့္ေလွ်ာက္ေနာ္၊ ေခ်ာ္လဲမွ ယုန္သြားကြၽတ္ေနမယ္"

တမႉးမ်က္ႏွာ တကယ္ဆူပုပ္သြားပါၿပီ။ စီနီယာ တမင္သက္သက္ တမႉး ေအာင္ျမင္မႈကို ဂုဏ္မျပဳခ်င္လို႔ ေဝ့လည္ေၾကာင္ပတ္လုပ္ေနတာ။

"စီနီယာ မနာလို ျဖစ္ေနတာ"

"ဟမ္"

စီနီယာက ခပ္ဖြဖြသေဘာတက်ရယ္သည္။ စီနီယာက ရယ္ရင္ တကယ္ၾကည့္ေကာင္းတာပဲ။ ခပ္ညိဳညိဳမ်က္ဝန္းတစ္စုံက ​ေမွးက်ဥ္းသြားၿပီး ႏႈတ္ခမ္းပါးေထာင့္စြန္းမ်ားက ေကာ့တက္သြားကာ တမႉးလို႔ ​ေ႐ွ႕သြားႏွစ္ေခ်ာင္း အနည္းငယ္ ႀကီးမေနဘဲ ေကာင္းျခင္းႏွင့္ျပည္စုံေသာ သြားတန္းျဖဴျဖဴက လွစ္ဟေပၚထြက္လာသည္။

"အေမ့..."

လမ္းၾကည့္မေလွ်ာက္ဘဲ ေနာက္ျပန္ေလွ်ာက္ေနေတာ့ သူ႕ဘာသူေနတဲ့ အုတ္နီခဲကို မျမင္မကန္း ဖေနာင့္နဲ႔ တိုက္မိၿပီး လူက အေနာက္ကို ယိုင္သြား၏။ ႐ုတ္တရတ္မို႔ ခႏၶာကိုယ္ ဟန္ခ်က္ကို မထိန္းႏိုင္ဘဲ အေနာက္သို႔ ပက္လက္လန္သြား၏။ လန္႔ဖ်ပ္ကာ လက္ကို ေလထဲေျမႇာက္၍ အားကိုးရာတစ္ခုခုကို ကိုင္ဆြဲဖို႔ ႀကိဳးစားလိုက္ေသာ္လည္း ေလဟာနယ္ကိုသာ စမ္းမိၿပီး ေျခကားယားလက္ကားယား ျဖစ္သြား၏။ တမႉး ေၾကာက္ေၾကာက္နဲ႔ မ်က္စိသာ စုံမွိတ္လိုက္၏။ သြားၿပီ...ငါ့ေနာက္ေစ့ေတာ့ ကြဲေတာ့မွာပဲ။

သို႔ေသာ္...ခ်က္ခ်င္းလိုပင္ တမႉးရဲ႕ လက္ေမာင္းကို ခိုင္မာေသာ လက္တစ္စုံျဖင့္ လွမ္းဆြဲတာ ခံလိုက္ရၿပီး အေ႐ွ႕သို႔ ေစြ႕ကနဲ႔ ျပန္ပါလာကာ ရင္ခြင္တစ္ခု၌ မ်က္ႏွာအပ္မိသြား၏။

႐ုတ္တရတ္လန္႔ဖ်ပ္ကာ အသက္႐ွဴဖို႔ေတာင္ေမ့သြားစဥ္ ခႏၶာကိုယ္တစ္ခုလုံးဟာ တစ္စုံတစ္ေယာက္ရဲ႕ သိမ္းၾကဳံးဖက္ထားမႈေအာက္မွာ။ ရင္းႏွီးေနက် ကိုယ္သင္းနံ႔တစ္ခုေၾကာင့္ မိမိကို အခ်ိန္မွီ လွမ္းဆြဲလိုက္သူဟာ စီနီယာမွန္း ေမာ့မၾကည့္ဘဲသိလိုက္၏။

မ်က္ႏွာအပ္ထားရာ ရင္ခြင္တစ္ခုမွ ျမန္ဆန္လြန္းတဲ့ ႏွလုံးခုန္သံတစ္ခုဟာ အနီးကပ္မိုလို႔ တမႉးနားထဲထိ က်ယ္ေလာင္စြာၾကားေနရတာလား။ လက္ပတ္နာရီမွာ နာရီစကၠန္႔သံ တခ်က္ခ်က္ ေ႐ြ႕လ်ားေနသံကိုလည္း ႏွလုံးခုန္သံတစ္ခုႏွင့္အတူ ကာရန္ညီစြာၾကားေနရ၏။
.
.
.

တမႉးကပဲ အလန္႔လြန္ၿပီး မွင္သက္ေနမိတာလား၊ စီနီယာကပဲ အစိုးရိမ္လြန္ၿပီး မလႊတ္ေပးေသးတာလား မေသခ်ာေပမယ့္ ထိုအေနအထားအတိုင္း႐ွိေနသည္မွာ မိနစ္အခ်ိဳ႕ စြန္းေနၿပီျဖစ္သည္။

ဦးေခါင္းဆံႏြယ္မ်ားၾကားမွ ခပ္ေႏြးေႏြး အထိအေတြ႕ကို ရလိုက္သလို ခံစားမိေတာ့မွ တမႉးအသိဝင္လာကာ စီနီယာ့ ရင္ခြင္ထဲမွ ႐ုန္းထြက္လိုက္၏။ စီနီယာကလည္း အသာတၾကည့္ လႊတ္ေပးၿပီး ေလပူတစ္ခ်က္မႈတ္ထုတ္ကာ မ်က္ႏွာလႊဲသြား၏။ ထို႔ေနာက္

"လမ္းကို ၾကည့္ေလွ်ာက္လို႔ ေသခ်ာမွာေနတဲ့ၾကားက ၊ကျပာကယာနဲ႔ တကယ္မလြယ္ဘူး"

ဟု ဆူသလိုလို ခပ္တိုးတိုးေျပာၿပီး အေ႐ွ႕မွ ဆက္ေလွ်ာက္သြား၏။ တမႉးလည္း အေနာက္မွေန၍ အိပ္မက္မက္ေနသူလို ေယာင္ဝါးဝါးလိုက္သြားမိ၏။ အရမ္းလန္႔သြားလို႔လားမသိဘူး။ စိတ္ထဲမွာ တမ်ိဳးႀကီးခံစားရ၏။ ခုနက ေျပာလက္စ စကားေတာင္ ဆက္ေျပာဖို႔ စကားစ႐ွာမရေတာ့ေပ။ ထို႔ေၾကာင့္ တိတ္တဆိတ္သာ လိုက္သြားမိသည္။ လူကသာ တိတ္ဆိတ္ေနေသာ္လည္း တစ္ေနရာက မတိတ္ဆိတ္ဘူး။ ပုံမွန္ထက္ အလုပ္ပိုလုပ္ေနသည္။

အတန္းေ႐ွ႕ေရာက္ေတာ့ ထုံးစံအတိုင္း စီနီယာက ေခါင္းကို တစ္ခ်က္ဖြ၍ ႏႉတ္ဆက္ကာ ထြက္သြား၏။ တမႉးလည္း လုပ္ေနက်တာဝန္တစ္ခုလို

You are reading the story above: TeenFic.Net