Chapter-17

Background color
Font
Font size
Line height

(Unicode)

တမှူးဆိုင်ကယ်ကို နေရာမှာရပ်လိုက်ပြီးနောက် အသင့်ရပ်စောင့်နေသော စီနီယာ့ကို ပြုံးပြလိုက်သည်။ ထို့နောက် ဆိုင်ကယ်လက်ကိုင်တွင်ချိတ်၍ သယ်လာသော ချိုင့်လေးကို တန်ဖိုးကြီးပစ္စည်းတစ်ခုလို တယုတယ ဖြုတ်ယူလိုက်သည်။ အထဲတွင် စီနီယာ့ဖို့ တမှူးကိုယ်တိုင် ကြိုးစားပမ်းစား မေမေ့ကို ချက်ပေးဖို့ တောင်းဆိုထားသော ကြက်ခြေထောက်စွပ်ပြုတ်ပါသည်။ နောက်ပြီး တမှူးကိုယ်တိုင်လည်း ကြက်သွန်ဝိုင်းလှီးပေးထားပါသည်။

ချိုင့်လေးကို ကိုင်ကာ စီနီယာ့ဆီအပြေးလေးသွားမိသည်။

"စီနီယာ...နေကောင်းသွားပြီလား"

"အင်း...ကောင်းသွားပြီ"

"ဟုတ်လား...ကောင်းသွားလည်း စားရမယ်၊ ဒီမှာ ကျွန်တော် စီနီယာ့ဖို့ ကြက်စွပ်ပြုတ်ယူလာတယ်၊ ကျွန်တော်ကိုယ်တိုင် မီးဖိုချောင်ထဲ ဝင်ပြီးမေမေ့ကို ဝိုင်းကူထားတာ"

တမှူး ပြောရင်းဆိုရင်း ချိုင့်ကို စီနီယာ့လက်ထဲသို့ ဂရုတစိုက် အတင်းထိုးထည့်​ပေးလိုက်သည်။ စီနီယာက အံ့သြနေဟန်ဖြင့်...

"ကိုယ် ထမင်းစားလို့ရပါပြီ ကောင်လေးရဲ့၊ စွပ်ပြုတ်သောက်စရာမလိုတော့ပါဘူး"

"မလိုလည်း သောက်ရမယ်၊ ကျွန်တော်ပင်ပင်ပန်းပန်းသယ်လာရတာ"

တကယ်လည်း လမ်းတွင် ဖိတ်စင်မှာစိုး၍ တမှူး ဂရုတစိုက်နဲ့ ပင်ပင်ပန်းပန်းသယ်လာရတာပါ။ မနက်ကလည်း အစောကြီးထပြီး မေမေ့ကို ချက်ပေးဖို့ပြောရသေးသည်။ နောက်ပြီး စီနီယာ့အတွက် တမှူးရဲ့ စေတနာတွေလည်း အများကြီးထည့်ထားသည်လေ။

စီနီယာက သဘောတကျပြုံးရင်း တမှူးလက်ထဲမှ ချိုင့်ကိုလှမ်းယူသည်။ ထိုစဥ် တမှူး သတိထားမိလိုက်သည်က စီနီယာ့ တံတောင်ဆစ်အတွင်းပိုင်းမှ အပ်စိုက်ရာဟု ထင်ရသည့် နီရဲရဲ အရာတစ်ခု။

"စီနီယာ့လက်က အပ်ရာကြီးလား"

တမှူးမေးတော့မှ စီနီယာက သူ့လက်ကို ယောင်ယောင်ကန်းကန်းပြန်ကိုင်ကြည့်သည်။ တမှူးသေချာအောင် စီနီယာ့လက်ကို ဆွဲယူကြည့်လိုက်သည်။ ဟုတ်ပါသည်။ အနည်းငယ်ရဲနေပြီး အနားတစ်ဝိုက်က ယောင်ချင်ချင်ဖြစ်နေသည်။

"ဘာဖြစ်တာလဲ စီနီယာ"

တမှူး အလန့်တကြားစိုးရိမ်စွာမေးမိသည်။ စီနီယာက ပြောမည့်အရေးကို အရင် သက်ပြင်းချသည်။

"ဘာဖြစ်တာလဲလို့"

တမှူး စိတ်မရှည်စွာထပ်မံမေးလိုက်သည်။ ချက်ချင်းပြန်မဖြေဘဲ ထုံပေပေလုပ်နေသည့် စီနီယာ့ကို အသည်းယားသည်။ 

"ဘာမှမဖြစ်ပါဘူး၊ ဒီတိုင်း အားဆေးသွင်းထားတာပါ"

"ဟမ်...အားဆေးသွင်းတယ်...၊ အားဆေးသွင်းရလောက်တဲ့ထိ စီနီယာက နေမကောင်းဖြစ်နေတာလား၊ ဒါဆို ဘာလို့ အခု ကျောင်းလာနေသေးတာလဲ​ဗျာ၊ ကျန်းမာရေးထက် ကျောင်းက အရေးကြီးလို့လား"

တမှူး နှုတ်မှ တတွတ်တွတ် ရေရွတ်ရင်း လက်ကလည်း စီနီယာ့နှဖူးပေါ်ရောက်သွားသည်။ ကိုယ်ပူသည့်အငွေ့အသက်တော့မရ။

စီနီယာက ခပ်ဖွဖွရယ်မောရင်း တမှူးလက်ကို အသာအယာဆုပ်ကိုင်ဖယ်သည်။

"အခုသွင်းတာ မဟုတ်ပါဘူး ကောင်လေးရာ၊ ကိုယ်ကျောင်းပျက်တဲ့ နေ့ကတည်းက သွင်းထားတာ၊ အခု ကိုယ်လုံးဝကောင်းနေပြီ"

"ဟုတ်လို့လား"

မယုံသင်္ကါမေးရင်း စီနီယာ့တစ်ကိုယ်လုံးကို စေ့စေ့စပ်စပ်အကဲခတ်လိုက်သည်။

"သြော်...ဟုတ်ပါတယ်ဆို၊ မယုံရင် ဒီမှာကြည့်...ကိုယ်လုံးဝ အလတ်ကြီးရှိသေးတယ်"

စီနီယာက သူ့တစ်ကိုယ်လုံးကို စေ့စပ်အကဲခတ်နေသော တမှူးကို ခန္တာကိုယ်တစ်ပတ်လှည့်ပြသည်။ ထိုအခါမှ တမှူး စိုးရိမ်စိတ်လျော့ကျရသည်။ နယုန်တို့ပြီးနောက် ရှားရှားပါးပါးထပ်မံတွယ်တာရသူမို့ စီနီယာ့ကို တကယ် စိုးရိမ်မိပါသည်။

"ဒါဆိုလည်း ပြီးရော၊ ဒီစွပ်ပြုတ်ကိုတော့ ကုန်အောင်သောက်နော်"

"ဟုတ်ကဲ့ပါဗျာ၊ ကောင်လေးက ကိုယ့်အတွက်ဆိုပြီး ပင်ပင်ပန်းပန်းယူလာရတဲ့အတွက် ကိုယ်ကောင်းကောင်းသောက်ပါမယ်ဗျ"

"ပြီးရော..."

တမှူး ကျေနပ်စွာပြုံးလိုက်ပြီး အရှေ့မှလျှောက်လာခဲ့လိုက်သည်။ ပြီးမှ Dream Catcher အကြောင်း စီနီယာ့ကို ပြန်ကြွားဖို့ သတိရသည်။ သို့သော် နေမကောင်းရသည့်ကြားထဲ တမှူးကြောင့် နားပူမှာလည်းစိုးသည်။ အင်း...အရင်လိုအများကြီးမကြွားတော့ဘူး။ နည်းနည်းလေးပဲ ကြွားတော့မယ်လေ ။ ထို့နောက် အနောက်သို့ ပြန်လှည့်ရင်း "စီနီယာရေ..." အစပြုကာ နည်းနည်းတော့ ဓာတ်ပုံပါထုတ်ပြပြီးကြွားလိုက်သေးသည်။ စီနီယာကတော့ ခေါင်းတညိမ့်ညိမ့်နှင့် နားထောင်ပေးမြဲပင်။

**********

" တစ်ရက်...နှစ်ရက်"

ပြက္ခဒိန်ပေါ်ရှိ ရက်စွဲများကို တမှူး လက်တစ်ထောက်ထောက်နှင့် ရေတွက်နေသည်။ ယနေ့ ဖေဖော်ဝါရီ ၁၃...။ မနက်ဖြန် ၁၄...။ Valentines day ဟုတွေးမိတော့ နှာခေါင်းရှုံ့မိပြန်သည်။ သူများတွေ ချောကလတ် ဘာညာ စားနေရချိန် တမှူးတို့ကတော့ သကြားလုံးတောင် စားရမည့်ကိန်းမမြင်။ ဒီနေ့ကမှ ဗိုလ်ချုပ်မွေးနေ့မို့ ရပ်ကွက်က ဝေသော ပဲပြုတ်နဲ့ နံပြားစားခဲ့ရသေးသည်။

ထို့နောက် ထပ်မံ၍ ရေတွက်လာရာ ဆယ့်နှစ်ရက်မြောက်တွင် တမှူး ရေတွက်နေသော နေ့ရက်တို့က အဆုံးသတ်သည်။

ဖေဖော်ဝါရီ ၂၄။ တနည်းအားဖြင့် တမှူး၏ မွေးနေ့။ ကြီးကြီးကျယ်ကျယ်ထပ်ပြောရလျှင် ဤကမ္ဘာမြေပေါ်သို့ တမှူးခေတ်ဆိုသော ကောင်လေးတစ်ဦးစတင် မွေးဖွားသန့်စင်သော နေ့စွဲတစ်ခု။

ဆယ့်နှစ်ရက်ပဲလိုတော့သည်။ အရင်တုန်းကတော့ မွေးနေ့ဆိုလျှင် ဘာသိဘာသာကျော်သွားဖြစ်ပေမယ့် ဒီနှစ်တော့ တမှူး၌ လုပ်ချင်သည့် ဆန္ဒတစ်ခုရှိနေသည်။ ဆေးရုံတွင် အလှူလုပ်ချင်စိတ်ပါ။ ရက်နီးလာပြီဖြစ်၍ မေမေတို့ကို ကြိုပြောထားရတော့မည်။ တမှူးလည်း တတ်နိုင်သလောက် မုန့်ဖိုးလေးတွေစုထားပါသည်။

အရင်တစ်ခါ သူများအလှူတောင် တမှူးတို့အရမ်းပျော်ခဲ့တာ...။ ယခုတစ်ခါ ကိုယ့်အလှူဆိုတော့ ပို၍ ကြည်နူးချမ်းမြေ့ဖို့ကောင်းမည်ပင်။ စီနီယာနှင့်လည်း တိုင်ပင်ရဦးမည်။ စီနီယာကတော့ မလိုက်မဖြစ်လိုက်ရမည်။ ထို့ပြင် Jayy ကိုလည်း အသိပေးရဦးမည်။ တမှူးပြုသော ကုသိုလ်အတွက် Jayy ကို သာဓုခေါ်ခိုင်းရမည်။ တကယ်ဆို အဲ့နေ့မှာ Jayy ရောပါရင် ဘယ်လောက်ကောင်းလိမ့်မည်လဲ။ တွေးရင်း တွေးရင်းဖြင့်ပင် Jayy ကို သတိရပါသည်။

တစ်ခါတလေတော့လည်း Jayy ကို မြင်ဖူးချင်သည်။ သို့ပေမယ့် တစ်ခါတလေကျတော့လည်း ယခုလို Jayy ကို မမြင်ရဘဲ လျှို့ဝှက်သည်းဖို တိတ်တခိုးချစ်ရတာကိုပင် သဘောကျနေပြန်ရော။ Jayy က ယခုလို လျှို့ဝှက်နေတာနှင့် ပိုလိုက်ဖက်သည်ဟု ခံစားရသည်။

ရက်မျာကိုရေတွက်ပြီးတော့ ပျင်းပျင်းနဲ့ လိုင်းပေါ်တက်မိပြန်သည်။ ယခုမှ ခုနစ်နာရီခန့်သာရှိသေးသည်မို့ Jayy လည်း လိုင်းမတက်လောက်သေး။ Jayy က ညဘက်ဆို ရှစ်နာရီခန့်တွင်သာ လိုင်းတက်လေ့ရှိသည်။

Jayy account ထဲသို့ဝင်ကာ မနေ့ကတင်ထားသည့် ပို့စ်တစ်ခုအောက်မှ ကွန်မန့်များကို ဝင်ဖတ်ကြည့်မိသည်။ Jayy စာပြန်ထားသည်များကို ကြည့်ရင်း တမှူး နှုတ်ခမ်းထက်ဝယ်အပြုံးများက ခိုတွဲလာပြန်သည်။ အချိန်ကြာလာသည်နှင့်အမျှ Jayy က သိပ်ချစ်ဖို့ကောင်းသည်ဟု ပို,ပို၍ ခံစားလာရသည်။

Jayy က ချေသည်ဟု နာမည်ကြီးပေမယ့် သူ့fanတွေကို လေးစားသည်။ စာပြန်လျှင်လည်း သေသေချာချာ ဂရုတစိုက်ပြန်သည်။ မပြန်လျှင်လည်း မပြန်ဘူးပေါ့။ နောက်ပြီး Jayy က ချစ်မွှေးပါသည်ဟုဆိုရမည်။ ရုပ်မမြင်ဖူးဘဲ လူတစ်ယောက်ကို ဒီလောက်ဝိုင်းချစ်ပေးကြတာ နည်းတဲ့ စန်းမှမဟုတ်တာ။ Jayy တင်မဟုတ်။ Wattpad မှ author တော်တော်များများရောပဲ ။ တမှူးဆိုလည်း Jayy ကို crush လို့သာ crush နေတာ။ ကျန်တဲ့ သဘောကျသည့် author တွေလည်း တော်တော်များပါသည်။

တမှူး ကွန်မန့်တွေလိုက်ဖတ်ရင်း Jayy ကို အူယားကာ အချစ်ပိုနေရသည်။ တချို့ ကွန်မန့်တွေကျတော့လည်း အူတိုရပြန်သည်။ အဲ့လောက်ချစ်ဖို့ကောင်းနေရင် အကုန်လုံးက ဝိုင်းချစ်နေကြတော့မှာပေါ့ Jayy ရာ။ ကိုးတောင်ဝတ်ယောက်ျားကြီးက ကောင်မလေးတွေနဲ့အပြိုင် ကိုးတောင်ဝတ်ယောက်ျားကြီးကို ပြိုင်လုနေရတာတော့ ရုပ်ပေါက်တယ်ဗျာ။ တမှူး ကိုယ့်အတွေးနှင့်ကိုယ် ပြုံးဖြီးဖြီးဖြစ်နေသည်။

စိတ်ထဲမှာလည်း Jayy နှင့် ဒီထက်ပို၍ ရင်းနှီးဖို့ ဘာလုပ်ရမလဲ စဥ်းစားမိသည်။ တစ်နေ့ တစ်နေ့ Jayy နဲ့ ညစဥ် စကားစမပြတ်ဖို့ အကြောင်းအရာမျိုးစုံကို လှည့်ပတ်ပြောရသည်။ ဒီနေ့လည်း Jayy ကို ဘာအကြောင်းပြောရမလဲ စဥ်းစားရပြန်သည်။ ဟိုရက်ကဆို အိမ်ရှေ့မှာစိုက်ထားသည့် နှင်းဆီပန်းပွင့်သည်ကအစ Jayy ထံပို့သည်။

ယခုမှ သတိရသည်။ Jayy ကို silent ရှိမရှိ မအစ်ရသေးဘူး။ ထိုနေ့က Jayy တစ်ညလေး စာမပြန်တာကို တမှူးတို့ ကမ္ဘာပျက်ခဲ့တာပေါ့။ ရီတော့ရီချင်စရာ။ ဟိုးအရင်တုန်းက ကိုယ်ပို့သမျှ အဖက်လုပ်မကြည့်တုန်းကတော့ ငါးလလောက် ဇွဲရှိရှိနဲ့ ပို့ခဲ့ပြီး ယခုကျတော့ ခင်မင်ရင်းနှီးသွားပြီမို့ စာလေးတစ်ညမပြန်သည်တောင် တမှူးတို့ လောင်တတ်ခဲ့သည်။

"Hi Jayy ဗျ" ဟု စာရိုက်လိုက်သည်။

ဒါ တမှူး Jayy ဆီစာပို့တိုင်း ပျိုးနေကျနိဒါန်း။ သို့သော် ထို စာလေးမပို့ရသေးခင်မှာ Jayy ဆီက စာအရင်ဝင်လာသည်။

'ယုန်ပေါက်တစ်ကောင် ဘာတွေလုပ်'တဲ့။

တိုက်ဆိုင်လိုက်တာ။ တမှူးတို့ ပြုံးရင်းဖြီးရင်း သွားအအေးပတ်ဖို့ လုပ်ငန်းစတင်ပါတော့သည်။ Jayy နှင့် တမှူးက စိတ်ချင်းများဆက်သွယ်နေကြလားမသိဘူး။ တိုက်ဆိုင်တာတွေတော်တော်များပါသည်။ ဥပမာ- တမှူး သီချင်းတစ်ပုဒ်ကို နားထောင်ပြီး တစ်နေကုန် ပါးစပ်ဖျားမှာစွဲသွားပြီး တဖွဖွဆိုနေမိလျှင် ညရောက်တော့ Jayy က fic up ရင်း ထိုသီချင်းကို recommended song အဖြစ်ထည့်ပေးထားတာမျိုး၊ တမှူးက Jayy ကို သတိရလိုက်တာဟု တွေးနေချိန် Jayyက မိုင်ဒေး တင်ပေးတာမျိုး စသဖြင့်ပေါ့။

'Jayy ဆီ စာပို့ဖို့ပြင်နေတာ'

'ဟုတ်လား၊ ဘာပြောမလို့လဲ'

'မနက်ဖြန်ဘာနေ့လဲသိလား'

'သောကြာနေ့လေ'

'အင်း...ဘာလုပ်တဲ့နေ့လဲ'

'ကိုယ် fic up ရမဲ့နေ့'

အဲ ဟုတ်သား။ ဒီလိုဆိုလျှင် Valentines day ကအရေးမကြီးတော့။ Jayy fic သာအရေးကြီးတော့သည်။

'Jayy မနက်ဖြန် အပြင်လေးဘာလေးမသွားဘူးလား'

'ဘာသွားလုပ်ရမှာလဲ'

'တစ်ယောက်ယောက်နဲ့လေ'

'ဘယ်က တစ်ယောက်ယောက်နဲ့လဲ'

'မနက်ဖြန်အတွက် အမှတ်တရ လျှောက်လည်ရမဲ့ တစ်ယောက်ယောက်နဲ့ပေါ့'

'ယုန်ပေါက်...၊ ကိုယ့်ကို  လှည့်ပတ်ပြီး ရည်းစားရှိလား အစ်ချင်နေတာမဟုတ်လား'

တမှူးသွားဖြီးသွားသည်။

'အဟီး'

'အဲ့ဒါများ တိုက်ရိုက်မမေးဘူး၊ လည်စရာလည်း ရည်းစားမရှိသလို silentလည်းမရှိပါဘူးဗျာ၊ ယုန်ပေါက် သနားရင် ယုန်ပေါက် အသိတွေနဲ့ချိတ်ပေးလို့ရတယ်'

ဖွီ...ချိတ်ပေးစရာလား။ ဖိတ်မယ့်ဖိတ် ကိုယ့်နှလုံးသားထဲပဲ ဖိတ်မှာပေါ့။

'သူ့အသိတွေကျတော့ တိုလိုက်တာ၊ စာတောင်မပြန်ဘူး ယုန်ပေါက်တို့ကတော့'

'ကျွန်တော့်အသိထဲမှာ Jayy နဲ့လိုက်ဖက်တဲ့သူမရှိဘူး'

Jayy က မူပိုင် ရီနေသော စတစ်ကာလေးပို့လာသည်။ ထို့နောက်

'ယုန်စိတ်ပုပ်' တဲ့။

ဒီတစ်ကမ္ဘာလုံးမှာ Jayy နှင့် လိုက်ဖက်သူဟူ၍ တမှူးခေတ် တစ်ဦးသာရှိသည်လေ။ ယခု တမှူး စိတ်ထဲ အတော်လေး ချမ်းမြှေ့သွားပါသည်။ Jayy မှာ ရည်းစားမရှိဘူးတဲ့။ သက်သေမရှိပေမယ့်လည်း Jayy ပြောတာမို့ အကြွင်းမဲ့ ယုံပါသည်။ ဒီညလည်း Jayy ကြောင့်ပဲ အိပ်မက်တွေလှပေဦးမည်။ Jayy က တမှူးနှင့် ထွေရာလေးပါးပြောဖို့ ညတိုင်း အချိန်ပေးသည်လေ။ ကိုယ့်ကိုယ်ကိုယ် Jayy ၏ အရေးပါသူလို့ သတ်မှတ်ရင်း Jayy ဆီမှာ တမှူးအတွက်နေရာမြင့်မြင်ရှိနေသည်ဟု ယုံကြည်နေမိသည်။

**********

အားလုံးကို ကျေးဇူးတင်လျက်

Sakura Rain🌸

(Zawgyi)

တမႉးဆိုင္ကယ္ကို ေနရာမွာရပ္လိုက္ၿပီးေနာက္ အသင့္ရပ္ေစာင့္ေနေသာ စီနီယာ့ကို ျပဳံးျပလိုက္သည္။ ထို႔ေနာက္ ဆိုင္ကယ္လက္ကိုင္တြင္ခ်ိတ္၍ သယ္လာေသာ ခ်ိဳင့္ေလးကို တန္ဖိုးႀကီးပစၥည္းတစ္ခုလို တယုတယ ျဖဳတ္ယူလိုက္သည္။ အထဲတြင္ စီနီယာ့ဖို႔ တမႉးကိုယ္တိုင္ ႀကိဳးစားပမ္းစား ေမေမ့ကို ခ်က္ေပးဖို႔ ေတာင္းဆိုထားေသာ ၾကက္ေျခေထာက္စြပ္ျပဳတ္ပါသည္။ ေနာက္ၿပီး တမႉးကိုယ္တိုင္လည္း ၾကက္သြန္ဝိုင္းလွီးေပးထားပါသည္။

ခ်ိဳင့္ေလးကို ကိုင္ကာ စီနီယာ့ဆီအေျပးေလးသြားမိသည္။

"စီနီယာ...ေနေကာင္းသြားၿပီလား"

"အင္း...ေကာင္းသြားၿပီ"

"ဟုတ္လား...ေကာင္းသြားလည္း စားရမယ္၊ ဒီမွာ ကြၽန္ေတာ္ စီနီယာ့ဖို႔ ၾကက္စြပ္ျပဳတ္ယူလာတယ္၊ ကြၽန္ေတာ္ကိုယ္တိုင္ မီးဖိုေခ်ာင္ထဲ ဝင္ၿပီးေမေမ့ကို ဝိုင္းကူထားတာ"

တမႉး ေျပာရင္းဆိုရင္း ခ်ိဳင့္ကို စီနီယာ့လက္ထဲသို႔ ဂ႐ုတစိုက္ အတင္းထိုးထည့္​ေပးလိုက္သည္။ စီနီယာက အံ့ၾသေနဟန္ျဖင့္...

"ကိုယ္ ထမင္းစားလို႔ရပါၿပီ ေကာင္ေလးရဲ႕၊ စြပ္ျပဳတ္ေသာက္စရာမလိုေတာ့ပါဘူး"

"မလိုလည္း ေသာက္ရမယ္၊ ကြၽန္ေတာ္ပင္ပင္ပန္းပန္းသယ္လာရတာ"

တကယ္လည္း လမ္းတြင္ ဖိတ္စင္မွာစိုး၍ တမႉး ဂ႐ုတစိုက္နဲ႔ ပင္ပင္ပန္းပန္းသယ္လာရတာပါ။ မနက္ကလည္း အေစာႀကီးထၿပီး ေမေမ့ကို ခ်က္ေပးဖို႔ေျပာရေသးသည္။ ေနာက္ၿပီး စီနီယာ့အတြက္ တမႉးရဲ႕ ေစတနာေတြလည္း အမ်ားႀကီးထည့္ထားသည္ေလ။

စီနီယာက သေဘာတက်ျပဳံးရင္း တမႉးလက္ထဲမွ ခ်ိဳင့္ကိုလွမ္းယူသည္။ ထိုစဥ္ တမႉး သတိထားမိလိုက္သည္က စီနီယာ့ တံေတာင္ဆစ္အတြင္းပိုင္းမွ အပ္စိုက္ရာဟု ထင္ရသည့္ နီရဲရဲ အရာတစ္ခု။

"စီနီယာ့လက္က အပ္ရာႀကီးလား"

တမႉးေမးေတာ့မွ စီနီယာက သူ႕လက္ကို ေယာင္ေယာင္ကန္းကန္းျပန္ကိုင္ၾကည့္သည္။ တမႉးေသခ်ာေအာင္ စီနီယာ့လက္ကို ဆြဲယူၾကည့္လိုက္သည္။ ဟုတ္ပါသည္။ အနည္းငယ္ရဲေနၿပီး အနားတစ္ဝိုက္က ေယာင္ခ်င္ခ်င္ျဖစ္ေနသည္။

"ဘာျဖစ္တာလဲ စီနီယာ"

တမႉး အလန္႔တၾကားစိုးရိမ္စြာေမးမိသည္။ စီနီယာက ေျပာမည့္အေရးကို အရင္ သက္ျပင္းခ်သည္။

"ဘာျဖစ္တာလဲလို႔"

တမႉး စိတ္မ႐ွည္စြာထပ္မံေမးလိုက္သည္။ ခ်က္ခ်င္းျပန္မေျဖဘဲ ထုံေပေပလုပ္ေနသည့္ စီနီယာ့ကို အသည္းယားသည္။ 

"ဘာမွမျဖစ္ပါဘူး၊ ဒီတိုင္း အားေဆးသြင္းထားတာပါ"

"ဟမ္...အားေဆးသြင္းတယ္...၊ အားေဆးသြင္းရေလာက္တဲ့ထိ စီနီယာက ေနမေကာင္းျဖစ္ေနတာလား၊ ဒါဆို ဘာလို႔ အခု ေက်ာင္းလာေနေသးတာလဲ​ဗ်ာ၊ က်န္းမာေရးထက္ ေက်ာင္းက အေရးႀကီးလို႔လား"

တမႉး ႏႈတ္မွ တတြတ္တြတ္ ေရ႐ြတ္ရင္း လက္ကလည္း စီနီယာ့ႏွဖူးေပၚေရာက္သြားသည္။ ကိုယ္ပူသည့္အေငြ႕အသက္ေတာ့မရ။

စီနီယာက ခပ္ဖြဖြရယ္ေမာရင္း တမႉးလက္ကို အသာအယာဆုပ္ကိုင္ဖယ္သည္။

"အခုသြင္းတာ မဟုတ္ပါဘူး ေကာင္ေလးရာ၊ ကိုယ္ေက်ာင္းပ်က္တဲ့ ေန႔ကတည္းက သြင္းထားတာ၊ အခု ကိုယ္လုံးဝေကာင္းေနၿပီ"

"ဟုတ္လို႔လား"

မယုံသကၤါေမးရင္း စီနီယာ့တစ္ကိုယ္လုံးကို ေစ့ေစ့စပ္စပ္အကဲခတ္လိုက္သည္။

"ေၾသာ္...ဟုတ္ပါတယ္ဆို၊ မယုံရင္ ဒီမွာၾကည့္...ကိုယ္လုံးဝ အလတ္ႀကီး႐ွိေသးတယ္"

စီနီယာက သူ႕တစ္ကိုယ္လုံးကို ေစ့စပ္အကဲခတ္ေနေသာ တမႉးကို ခႏၲာကိုယ္တစ္ပတ္လွည့္ျပသည္။ ထိုအခါမွ တမႉး စိုးရိမ္စိတ္ေလ်ာ့က်ရသည္။ နယုန္တို႔ၿပီးေနာက္ ႐ွား႐ွားပါးပါးထပ္မံတြယ္တာရသူမို႔ စီနီယာ့ကို တကယ္ စိုးရိမ္မိပါသည္။

"ဒါဆိုလည္း ၿပီးေရာ၊ ဒီစြပ္ျပဳတ္ကိုေတာ့ ကုန္ေအာင္ေသာက္ေနာ္"

"ဟုတ္ကဲ့ပါဗ်ာ၊ ေကာင္ေလးက ကိုယ့္အတြက္ဆိုၿပီး ပင္ပင္ပန္းပန္းယူလာရတဲ့အတြက္ ကိုယ္ေကာင္းေကာင္းေသာက္ပါမယ္ဗ်"

"ၿပီးေရာ..."

တမႉး ေက်နပ္စြာျပဳံးလိုက္ၿပီး အေ႐ွ႕မွေလွ်ာက္လာခဲ့လိုက္သည္။ ၿပီးမွ Dream Catcher အေၾကာင္း စီနီယာ့ကို ျပန္ႂကြားဖို႔ သတိရသည္။ သို႔ေသာ္ ေနမေကာင္းရသည့္ၾကားထဲ တမႉးေၾကာင့္ နားပူမွာလည္းစိုးသည္။ အင္း...အရင္လိုအမ်ားႀကီးမႂကြားေတာ့ဘူး။ နည္းနည္းေလးပဲ ႂကြားေတာ့မယ္ေလ ။ ထို႔ေနာက္ အေနာက္သို႔ ျပန္လွည့္ရင္း "စီနီယာေရ..." အစျပဳကာ နည္းနည္းေတာ့ ဓာတ္ပုံပါထုတ္ျပၿပီးႂကြားလိုက္ေသးသည္။ စီနီယာကေတာ့ ေခါင္းတညိမ့္ညိမ့္ႏွင့္ နားေထာင္ေပးၿမဲပင္။

**********

" တစ္ရက္...ႏွစ္ရက္"

ျပကၡဒိန္ေပၚ႐ွိ ရက္စြဲမ်ားကို တမႉး လက္တစ္ေထာက္ေထာက္ႏွင့္ ေရတြက္ေနသည္။ ယေန႔ ေဖေဖာ္ဝါရီ ၁၃...။ မနက္ျဖန္ ၁၄...။ Valentines day ဟုေတြးမိေတာ့ ႏွာေခါင္း႐ႈံ႕မိျပန္သည္။ သူမ်ားေတြ ေခ်ာကလတ္ ဘာညာ စားေနရခ်ိန္ တမႉးတို႔ကေတာ့ သၾကားလုံးေတာင္ စားရမည့္ကိန္းမျမင္။ ဒီေန႔ကမွ ဗိုလ္ခ်ဳပ္ေမြးေန႔မို႔ ရပ္ကြက္က ေဝေသာ ပဲျပဳတ္နဲ႔ နံျပားစားခဲ့ရေသးသည္။

ထို႔ေနာက္ ထပ္မံ၍ ေရတြက္လာရာ ဆယ့္ႏွစ္ရက္ေျမာက္တြင္ တမႉး ေရတြက္ေနေသာ ေန႔ရက္တို႔က အဆုံးသတ္သည္။

ေဖေဖာ္ဝါရီ ၂၄။ တနည္းအားျဖင့္ တမႉး၏ ေမြးေန႔။ ႀကီးႀကီးက်ယ္က်ယ္ထပ္ေျပာရလွ်င္ ဤကမ႓ာေျမေပၚသို႔ တမႉးေခတ္ဆိုေသာ ေကာင္ေလးတစ္ဦးစတင္ ေမြးဖြားသန္႔စင္ေသာ ေန႔စြဲတစ္ခု။

ဆယ့္ႏွစ္ရက္ပဲလိုေတာ့သည္။ အရင္တုန္းကေတာ့ ေမြးေန႔ဆိုလွ်င္ ဘာသိဘာသာေက်ာ္သြားျဖစ္ေပမယ့္ ဒီႏွစ္ေတာ့ တမႉး၌ လုပ္ခ်င္သည့္ ဆႏၵတစ္ခု႐ွိေနသည္။ ေဆး႐ုံတြင္ အလႉလုပ္ခ်င္စိတ္ပါ။ ရက္နီးလာၿပီျဖစ္၍ ေမေမတို႔ကို ႀကိဳေျပာထားရေတာ့မည္။ တမႉးလည္း တတ္ႏိုင္သေလာက္ မုန္႔ဖိုးေလးေတြစုထားပါသည္။

အရင္တစ္ခါ သူမ်ားအလႉေတာင္ တမႉးတို႔အရမ္းေပ်ာ္ခဲ့တာ...။ ယခုတစ္ခါ ကိုယ့္အလႉဆိုေတာ့ ပို၍ ၾကည္ႏူးခ်မ္းေျမ့ဖို႔ေကာင္းမည္ပင္။ စီနီယာႏွင့္လည္း တိုင္ပင္ရဦးမည္။ စီနီယာကေတာ့ မလိုက္မျဖစ္လိုက္ရမည္။ ထို႔ျပင္ Jayy ကိုလည္း အသိေပးရဦးမည္။ တမႉးျပဳေသာ ကုသိုလ္အတြက္ Jayy ကို သာဓုေခၚခိုင္းရမည္။ တကယ္ဆို အဲ့ေန႔မွာ Jayy ေရာပါရင္ ဘယ္ေလာက္ေကာင္းလိမ့္မည္လဲ။ ေတြးရင္း ေတြးရင္းျဖင့္ပင္ Jayy ကို သတိရပါသည္။

တစ္ခါတေလေတာ့လည္း Jayy ကို ျမင္ဖူးခ်င္သည္။ သို႔ေပမယ့္ တစ္ခါတေလက်ေတာ့လည္း ယခုလို Jayy ကို မျမင္ရဘဲ လွ်ိဳ႕ဝွက္သည္းဖို တိတ္တခိုးခ်စ္ရတာကိုပင္ သေဘာက်ေနျပန္ေရာ။ Jayy က ယခုလို လွ်ိဳ႕ဝွက္ေနတာႏွင့္ ပိုလိုက္ဖက္သည္ဟု ခံစားရသည္။

ရက္မ်ာကိုေရတြက္ၿပီးေတာ့ ပ်င္းပ်င္းနဲ႔ လိုင္းေပၚတက္မိျပန္သည္။ ယခုမွ ခုနစ္နာရီခန္႔သာ႐ွိေသးသည္မို႔ Jayy လည္း လိုင္းမတက္ေလာက္ေသး။ Jayy က ညဘက္ဆို ႐ွစ္နာရီခန္႔တြင္သာ လိုင္းတက္ေလ့႐ွိသည္။

Jayy account ထဲသို႔ဝင္ကာ မေန႔ကတင္ထားသည့္ ပို႔စ္တစ္ခုေအာက္မွ ကြန္မန္႔မ်ားကို ဝင္ဖတ္ၾကည့္မိသည္။ Jayy စာျပန္ထားသည္မ်ားကို ၾကည့္ရင္း တမႉး ႏႈတ္ခမ္းထက္ဝယ္အျပဳံးမ်ားက ခိုတြဲလာျပန္သည္။ အခ်ိန္ၾကာလာသည္ႏွင့္အမွ် Jayy က သိပ္ခ်စ္ဖို႔ေကာင္းသည္ဟု ပို,ပို၍ ခံစားလာရသည္။

Jayy က ေခ်သည္ဟု နာမည္ႀကီးေပမယ့္ သူ႕fanေတြကို ေလးစားသည္။ စာျပန္လွ်င္လည္း ေသေသခ်ာခ်ာ ဂ႐ုတစိုက္ျပန္သည္။ မျပန္လွ်င္လည္း မျပန္ဘူးေပါ့။ ေနာက္ၿပီး Jayy က ခ်စ္ေမႊးပါသည္ဟုဆိုရမည္။ ႐ုပ္မျမင္ဖူးဘဲ လူတစ္ေယာက္ကို ဒီေလာက္ဝိုင္းခ်စ္ေပးၾကတာ နည္းတဲ့ စန္းမွမဟုတ္တာ။ Jayy တင္မဟုတ္။ Wattpad မွ author ေတာ္ေတာ္မ်ားမ်ားေရာပဲ ။ တမႉးဆိုလည္း Jayy ကို crush လို႔သာ crush ေနတာ။ က်န္တဲ့ သေဘာက်သည့္ author ေတြလည္း ေတာ္ေတာ္မ်ားပါသည္။

တမႉး ကြန္မန္႔ေတြလိုက္ဖတ္ရင္း Jayy ကို အူယားကာ အခ်စ္ပိုေနရသည္။ တခ်ိဳ႕ ကြန္မန္႔ေတြက်ေတာ့လည္း အူတိုရျပန္သည္။ အဲ့ေလာက္ခ်စ္ဖို႔ေကာင္းေနရင္ အကုန္လုံးက ဝိုင္းခ်စ္ေနၾကေတာ့မွာေပါ့ Jayy ရာ။ ကိုးေတာင္ဝတ္ေယာက်္ားႀကီးက ေကာင္မေလးေတြနဲ႔အၿပိဳင္ ကိုးေတာင္ဝတ္ေယာက်္ားႀကီးကို ၿပိဳင္လုေနရတာေတာ့ ႐ုပ္ေပါက္တယ္ဗ်ာ။ တမႉး ကိုယ့္အေတြးႏွင့္ကိုယ္ ျပဳံးၿဖီးၿဖီးျဖစ္ေနသည္။

စိတ္ထဲမွာလည္း Jayy ႏွင့္ ဒီထက္ပို၍ ရင္းႏွီးဖို႔ ဘာလုပ္ရမလဲ စဥ္းစားမိသည္။ တစ္ေန႔ တစ္ေန႔ Jayy နဲ႔ ညစဥ္ စကားစမျပတ္ဖို႔ အေၾကာင္းအရာမ်ိဳးစုံကို လွည့္ပတ္ေျပာရသည္။ ဒီေန႔လည္း Jayy ကို ဘာအေၾကာင္းေျပာရမလဲ စဥ္းစားရျပန္သည္။ ဟိုရက္ကဆို အိမ္ေ႐ွ႕မွာစိုက္ထားသည့္ ႏွင္းဆီပန္းပြင့္သည္ကအစ Jayy ထံပို႔သည္။

ယခုမွ သတိရသည္။ Jayy ကို silent ႐ွိမ႐ွိ မအစ္ရေသးဘူး။ ထိုေန႔က Jayy တစ္ညေလး စာမျပန္တာကို တမႉးတို႔ ကမ႓ာပ်က္ခဲ့တာေပါ့။ ရီေတာ့ရီခ်င္စရာ။ ဟိုးအရင္တုန္းက ကိုယ္ပို႔သမွ် အဖက္လုပ္မၾကည့္တုန္းကေတာ့ ငါးလေလာက္ ဇြဲ႐ွိ႐ွိနဲ႔ ပို႔ခဲ့ၿပီး ယခုက်ေတာ့ ခင္မင္ရင္းႏွီးသြားၿပီမို႔ စာေလးတစ္ညမျပန္သည္ေတာင္ တမႉးတို႔ ေလာင္တတ္ခဲ့သည္။

"Hi Jayy ဗ်" ဟု စာ႐ိုက္လိုက္သည္။

ဒါ တမႉး Jayy ဆီစာပို႔တိုင္း ပ်ိဳးေနက်နိဒါန္း။ သို႔ေသာ္ ထို စာေလးမပို႔ရေသးခင္မွာ Jayy ဆီက စာအရင္ဝင္လာသည္။

'ယုန္ေပါက္တစ္ေကာင္ ဘာေတြလုပ္'တဲ့။

တိုက္ဆိုင္လိုက္တာ။ တမႉးတို႔ ျပဳံးရင္းၿဖီးရင္း သြားအေအးပတ္ဖို႔ လုပ္ငန္းစတင္ပါေတာ့သည္။ Jayy ႏွင့္ တမႉးက စိတ္ခ်င္းမ်ားဆက္သြယ္ေနၾကလားမသိဘူး။ တိုက္ဆိုင္တာေတြေတာ္ေတာ္မ်ားပါသည္။ ဥပမာ- တမႉး သီခ်င္းတစ္ပုဒ္ကို နားေထာင္ၿပီး တစ္ေနကုန္ ပါးစပ္ဖ်ားမွာစြဲသြားၿပီး တဖြဖြဆိုေနမိလွ်င္ ညေရာက္ေတာ့ Jayy က fic up ရင္း ထိုသီခ်င္းကို recommended song အျဖစ္ထည့္ေပးထားတာမ်ိဳး၊ တမႉးက Jayy ကို သတိရလိုက္တာဟု ေတြးေနခ်ိန္ Jayyက မိုင္ေဒး တင္ေပးတာမ်ိဳး စသျဖင့္ေပါ့။

'Jayy ဆီ စာပို႔ဖို႔ျပင္ေနတာ'

'ဟုတ္လား၊ ဘာေျပာမလို႔လဲ'

'မနက္ျဖန္ဘာေန႔လဲသိလား'

'ေသာၾကာေန႔ေလ'

'အင္း...ဘာလုပ္တဲ့ေန႔လဲ'

'ကိုယ္ fic up ရမဲ့ေန႔'

အဲ ဟုတ္သား။ ဒီလိုဆိုလွ်င္ Valentines day ကအေရးမႀကီးေတာ့။ Jayy fic သာအေရးႀကီးေတာ့သည္။

'Jayy မနက္ျဖန္ အျပင္ေလးဘာေလးမသြားဘူးလား'

'ဘာသြားလုပ္ရမွာလဲ'

'တစ္ေယာက္ေယာက္နဲ႔ေလ'

'ဘယ္က တစ္ေယာက္ေယာက္နဲ႔လဲ'

'မနက္ျဖန္အတြက္ အမွတ္တရ ေလွ်ာက္လည္ရမဲ့ တစ္ေယာက္ေယာက္နဲ႔ေပါ့'

'ယုန္ေပါက္...၊ ကိုယ့္ကို  လွည့္ပတ္ၿပီး ရည္းစား႐ွိလား အစ္ခ်င္ေနတာမဟုတ္လား'

တမႉးသြားၿဖီးသြားသည္။

'အဟီး'

'အဲ့ဒါမ်ား တိုက္႐ိုက္မေမးဘူး၊ လည္စရာလည္း ရည္းစားမ႐ွိသလို silentလည္းမ႐ွိပါဘူးဗ်ာ၊ ယုန္ေပါက္ သနားရင္ ယုန္ေပါက္ အသိေတြနဲ႔ခ်ိတ္ေပးလို႔ရတယ္'

ဖြီ...ခ်ိတ္ေပးစရာလား။ ဖိတ္မယ့္ဖိတ္ ကိုယ့္ႏွလုံးသားထဲပဲ ဖိတ္မွာေပါ့။

'သူ႕အသိေတြက်ေတာ့ တိုလိုက္တာ၊ စာေတာင္မျပန္ဘူး ယုန္ေပါက္တို႔ကေတာ့'

'ကြၽန္ေတာ္႕အသိထဲမွာ Jayy နဲ႔လိုက္ဖက္တဲ့သူမ႐ွိဘူး'

Jayy က မူပိုင္ ရီေနေသာ စတစ္ကာေလးပို႔လာသည္။ ထို႔ေနာက္

'ယုန္စိတ္ပုပ္' တဲ့။

ဒီတစ္ကမ႓ာလုံးမွာ Jayy ႏွင့္ လိုက္ဖက္သူဟူ၍ တမႉးေခတ္ တစ္ဦးသာ႐ွိသည္ေလ။ ယခု တမႉး စိတ္ထဲ အေတာ္ေလး ခ်မ္းေျမႇ႕သြားပါသည္။ Jayy မွာ ရည္းစားမ႐ွိဘူးတဲ့။ သက္ေသမ႐ွိေပမယ့္လည္း Jayy ေျပာတာမို႔ အႂကြင္းမဲ့ ယုံပါသည္။ ဒီညလည္း Jayy ေၾကာင့္ပဲ အိပ္မက္ေတြလွေပဦးမည္။ Jayy က တမႉးႏွင့္ ေထြရာေလးပါးေျပာဖို႔ ညတိုင္း အခ်ိန္ေပးသည္ေလ။ ကိုယ့္ကိုယ္ကိုယ္ Jayy ၏ အေရးပါသူလို႔ သတ္မွတ္ရင္း Jayy ဆီမွာ တမႉးအတြက္ေနရာျမင့္ျမင္႐ွိေနသည္ဟု ယုံၾကည္ေနမိသည္။

**********

အားလုံးကို ေက်းဇူးတင္လ်က္
Sakura Rain🌸


You are reading the story above: TeenFic.Net