Chapter-16

Background color
Font
Font size
Line height

(Unicode)

တမှူး နံဘေးရှိငြိမ်သက်နေသော စီနီယာ့ကို တစ်ချက်ငဲ့ကြည့်လိုက်သည်။ မနေ့က ဘာကြောင့် ကျောင်းမတက်သလဲ မေးချင်သော်လည်း စီနီယာ မကြိုက်မှာစိုးသည်။ နောက်ပြီး တက္ကသိုလ်ကျောင်းသားတစ်ယောက် ကျောင်းပျက်ခြင်းဟာ ထူးခြားသည့် ကိစ္စရယ်လို့မှလည်း မဟုတ်တာ။

"ကောင်လေး"

"ဗျာ..."

စီနီယာ့ကို ခိုးကြည့်နေတုန်း စီနီယာက ခေါ်လာသောကြောင့် အလန့်တကြားထူးလိုက်မိသည်။

"..."

ခေါ်ပြီး စီနီယာက ဘာမှ မပြောပါ။ တမှူး တစ်ခုခုပြောနိုးဖြင့် စောင့်နေရင်း စီနီယာ့ကို ထပ်မံငဲ့ကြည့်လိုက်မိသည်။

စီနီယာက မျက်မှောက်ကုတ်ထားကာ တစ်ခုခုကို အသည်းအသန်စဥ်းစားနေဟန်။

"စီနီယာ ဘာပြောမလို့လဲ"

"ဘာမှ မဟုတ်တော့ဘူး"

စီနီယာက သက်ပြင်းတစ်ချက်ရှိုက်ရင်း ပြန်ဖြေသည်။ ဒီနေ့မနက် စီနီယာ့ပုံစံက ထူးဆန်းနေသည်။ စိတ်ညစ်စရာ တစ်ခုခုရှိနေဟန်ဖြင့် အနည်းငယ်နွမ်းနယ်နေသည်။

"စီနီယာ"

"ဟင်"

"စီနီယာ ကျွန်တော့်ကို တကယ်ခင်ရဲ့လား"

"ခင်တာပေါ့ ကောင်လေးရဲ့၊ ဘာလို့မေးတာလဲ"

"ကျွန်တော့်ကို စီနီယာတကယ်ခင်ရင် စီနီယာ့မှာ အဆင်မပြေတာ တစ်ခုခုရှိတိုင်း ကျွန်တော့်ကို ယုံယုံကြည်ကြည်ပြောလို့ရပါတယ်၊ ကျွန်တော်က အကြံဉာဏ်ကောင်းတွေ မပေးနိုင်ရင်တောင် စီနီယာခံစားနေရသမျှကို နားထောင်ပေးပြီး အနည်းငယ်ပဲဖြစ်ဖြစ် စီနီယာ့ကိုယ်စား မျှဝေခံစားပေးနိုင်ပါတယ်၊ အခု ကျွန်တော့် စိတ်ထင် စီနီယာက ကျွန်တော့်ကိုဆို လျှို့ဝှက်တယ်၊ ကျွန်တော်နဲ့ စီနီယာက အရမ်းဝေးနေသလို ကျွန်တော်ခံစားရတယ်"

တမှူး တကယ်စိတ်ရင်းပါ။ စီနီယာက တမှူးအပေါ်ကောင်းလွန်း၍ စီနီယာ့အတွက် တမှူးလည်း တတ်နိုင်သမျှပြန်လုပ်ပေးချင်ပါသည်။

"ကိုယ် ကောင်လေးကို လျှို့ဝှက်တာမဟုတ်ပါဘူးကွာ၊ အခု ကိုယ် ပြောသင့် မပြောသင့်ချိန်ဆနေတာက...
အင်း...ကောင်လေး ကိုယ့်နှဖူးကို စမ်းကြည့်"

စီနီယာက သက်ပြင်းတစ်ချက်ရှိုက်ရင်း တမှူးမျက်နှာရှေ့ ခေါင်းငုံ့ပေးလာသဖြင့် တမှူး စီနီယာ့ နှဖူးကို လက်ဖြင့် စမ်းကြည့်လိုက်သည်။ ပူနွေးသောအထိအတွေ့ကြောင့် တမှူး မျက်ခုံးပင့်မိသွား၏။

"စီနီယာ ဖျားနေတာလား"

"အင်း...ကိုယ် ခေါင်းလည်းမူးနေတယ်၊ အဲ့တာ ကောင်လေးကို ကိုယ့်ကို ကျောင်းဆေးခန်းကို လိုက်ပို့ခိုင်းချင်လို့၊ ဒါပေမယ့် အားနာလို့"

"ဟာ​ဗျာ...အားနာစရာလား စီနီယာရာ၊ အခုသွားမယ် လာ"

စီနီယာ့လက်ကို တမှူး အသာအယာတွဲခေါ်လာလိုက်သည်။ ဆေးခန်းရောက်တော့ ဆရာဝန်က သောက်ဖို့ဆေးပေးကာ ဆေးခန်းမှာပဲ ခဏနားဖို့ပြောသည်။

"စီနီယာဗျာ၊ အဖျားက ၁၀၂ တောင်ရှိတာ၊ ဘာလို့ ကျောင်းလာနေသေးလဲ"

တမှူး စီနီယာလှဲနေသော ကုတင်ဘေးတွင်ထိုင်ရင်း ဗျစ်တောက် ဗျစ်တောက်ပြောမိသည်။ စီနီယာကတော့ ဘာမှပြန်မပြောဘဲ ခပ်ပြုံးပြုံးသာ။ ယခုမှ သတိထားမိသည်။ မျက်ခုံးထူထူအောက်က မျက်ဝန်းတွေက အနည်းငယ်ညိုကာ ချောင်နေသယောင်ယောင်။

"ကောင်လေး အတန်းပြန်ချင်ပြန်လေ၊ ကိုယ်အဆင်ပြေပါတယ်"

"မပြန်တော့ဘူး၊ စီနီယာ ကိုယ့်ဘာကိုယ် နားစရာရှိတာနားပါ၊ ခေါင်းမူးတယ်ဆိုတော့ တရေးလောက်ဖြစ်ဖြစ် အိပ်ပျော်အောင်အိပ်လိုက်ဦး၊ ကျွန်တော်စောင့်နေပေးမယ်"

ပြောရင်း တမှူး ဖုန်းဖွင့်ကာ ထိုင်စောင့်နေလိုက်သည်။ အဖျာရှိုန်ရော ဆေးရှိုန်ရော ပေါင်းကာ စီနီယာက တကယ်အိပ်ပျော်သွားသည်။ စီနီယာက အိပ်နေလည်း ကြည့်ကောင်းသားပဲ။ သူများတွေအိပ်သလို ရုပ်ပျက်ဆင်းပျက်မဖြစ်။

အသက်ရှူသံမှန်မှန်ထွက်ပေါ်လာပြီး ရံဖန်ရံခါ မျက်ခုံးနှစ်ခုကို တွန့်ချိုးသွားတတ်သည်။ ထိုအချိန်မျိုးတွင် တမှူး စီနီယာ့၏ လက်ကို ဆုပ်ကိုင်ထားပေးလိုက်မိသည်။ နေမကောင်းချိန်အိပ်ရင် အိပ်မက်ဆိုးမက်တတ်သည်မဟုတ်ပါလား။ စီနီယာက တမှူးလက်ကို တစ်ခါတစ်ခါ တင်းတင်းကြပ်ကြပ်ပြန်လည်ဆုပ်ကိုင်လာသည်။

ပထမ တမှူး ဖုန်းသုံးမည်ဟု ရည်ရွယ်ခဲ့သော်လည်း စီနီယာက တမှူးလက်ကို ဆုပ်ကိုင်ထားသောကြောင့် လက်တစ်ဖက်တည်းနှင့် သုံးဖို့အဆင်မပြေတော့သဖြင့် ဒီတိုင်း ငုတ်တုတ်သာထိုင်နေလိုက်သည်။

အချိန်တစ်ခုထိ ကြာလာတော့ တမှူးလည်း မျက်လုံးများမှေးစင်းလာသည်။ ထို့ကြောင့် ကုတင်အစွန်းကို ​မှေးမှီရင်း ခဏမှိန်းနေလိုက်ရာမှ တဖြည်းဖြည်း အိပ်ပျော်သွားတော့သည်။

အချိန်မည်မျှကြာသွားသည်မသိ။ တမှူးနိုးလာတော့ စီနီယာက နိုးတောင်နိုးနေပြီ။

"အဟီး...စီနီယာ၊ ကျွန်တော် အိပ်ပျော်သွားတယ်"

စီနီယာက သူ့မူအတိုင်း တမှူးကို နွေးနွေးထွေးထွေးပြုံး၍ ကြည့်သည်။

"အင်း...ဗိုက်ဆာပြီလား"

စီနီယာမေးမှ ဗိုက်ထဲမှ အသံထွက် ဆန္ဒပြလာသည်။

"ဟုတ်"

"အာ့ဆို သွားစားမယ်...ထ"

"ဟုတ်...အဲ...မှန်းစမ်း...စီနီယာ အဖျားရှိသေးလား"

တမှူး ပြောရင်းဆိုရင်း စီနီယာ့ နှဖူးပေါ်လက်တင်လိုက်သည်။ အရမ်းကြီးမပူတော့ဘဲ ကိုယ်ငွေ့လို ခပ်နွေးနွေးသာရတော့သည်မို့ သက်ပြင်းချမိသည်။

"ခေါင်းရောမူးသေးလား"

"မမူးတော့ပါဘူး၊ အိပ်လိုက်လို့ သက်သာသွားပြီ"

တမှူးမေးသမျှ၊ လုပ်သမျှကို စီနီယာက ငြိမ်ငြိမ်လေးနေကာ ဖြေပေးသည်။

"စီနီယာ အတန်းတက်ဦးမှာလား"

"အင်း ကိုယ်နေ့လည် အတန်းသွားတက်ဦးမယ်၊ ကောင်လေးလည်း အတန်းသွားတက်လိုက်ဦးလေ"

"ဟုတ်"

"လာ...အခု နေ့လည်စာသွားစားကြမယ်"

တမှူး ခေါင်းညိတ်ရင်း လွယ်အိတ်ကို လွယ်ကာ စီနီယာဦးဆောင်သည့်နောက်သို့ လိုက်ခဲ့တော့သည်။

***********

တမှူး ဆိုင်ကယ်ကို အိမ်ထဲကွေ့ဝင်ပြီး စက်သပ်ကာ သော့ခတ်နေစဥ် မေမေက အိမ်ထဲမှ ထွက်လာသည်။

"နေ့လည်က သားနာမည်နဲ့ ပါဆယ်ရောက်လာတယ်၊ အခန်းထဲမှာ မေမေထည့်ထားတယ်"

မေမေ့ အသိပေးစကားကြောင့် တမှူး အတွေးပေါင်းများစွာနှင့် အိမ်ပေါ်သို့ ခပ်သွက်သွက်တက်ခဲ့လိုက်သည်။ ဘယ်က ပါဆယ်ပါလိမ့်။ တမှူး အခုရက်ပိုင်း ပိုက်ဆံမရှိလို့ ဘာမှ မမှာထားဘူးထင်ပါတယ်။ စိတ်ထဲမှာတော့ ဘုရားတနေမိသည်။

အခန်းထဲရောက်တော့ စားပွဲပေါ်၌ တင်ထားသော ခပ်ပြားပြားဘူးလေးတစ်ဘူး။ တမှူး လွယ်အိတ်ကိုချကာ ကုတင်ပေါ်တွင်ထိုင်ရင်း ပါဆယ်ကို သိချင်စိတ်ဖြင့် အရင် ဖောက်လိုက်သည်။ ပေါ့ပေါ့ပါးပါးလေးဖြစ်၍ ဘာလဲမခန့်မှန်းနိုင်။ အပေါ်က အုပ်ထားသော အလှပလက်စတစ်ကိုခွာပြီးချိန် အထဲမှ ဘူးလေးကို ဖွင့်လိုက်သောအခါ...

"ဟာ..."

တမှူး ပျော်လွန်း၍ အာမေဋိတ်သံအကျယ်ကြီးထွက်သွားသည်။ ဘူးလေးထဲတွင် လခြမ်းပုံသဏ္ဍာန် အပြာနှင့် ခရမ်းနုရောင်ရောထားသော Dream Catcherလေး။

Jayy က မနေ့က တမှူး အိမ်လိပ်စာကို မေးသွားသော်လည်း ယခုလို ချက်ချင်းကြီး ပို့ပေးလာလိမ့်မည်ဟု မထင်ခဲ့ပါ။ Dream Catcher ကို တယုတယထုတ်ယူရင်း ရင်ခုန်စိတ်လှုပ်ရှားလွန်း၍ တမှူး လက်များတောင် တုန်ယင်နေသည်။ ဒီ dream catcher က Jayy လက်များဖြင့် တမှူးအတွက် ကိုယ်တိုင်လုပ်ထားသည့်အရာတဲ့။

တမှူးတစ်ယောက် ကြည့်မဝ ရှုမဝဖြင့် မြတ်နိုးလွန်း၍ အကြမ်းပတမ်းကိုင်လျှင် ထိခိုက်သွားမည်တောင် စိုးရိမ်လွန်းနေမိသည်။ ထို့နောက် မထိရက်မကိုင်ရက် မရဲတရဲကိုင်ရင်း မည်သည့်နေရာတွင်ချိတ်ရမလဲ ဗျာများနေတော့သည်။ ပြတင်းပေါက်နားတွင်ချိတ်လျှင်လည်း လေတိုက်လွန်း၍ အမွှေးလေးတွေကျွတ်ကုန်မှာစိုးရသည်။ စာကြည့်စားပွဲဘေး၌ ချိတ်လျှင်လည်း မိမိအိပ်ယာနှင့် ဝေးသွားသလို ခံစားရသည်။ နောက်ဆုံး ကုတင်ခေါင်းရင်းတည့်တည့်နံရံတွင်သာချိတ်ကြည့်လိုက်သည်။ အဆင်ပြေသည်ဟု ယူဆရမှ သက်ပြင်းချရသည်။ ထို့နောက် မမေ့မလျော့ဓာတ်ပုံရိုက်ယူလိုက်သည်။

တမှူးအခန်းက အတော်အသင့်ကျယ်ဝန်းပြီး ကုတင်ခေါင်းရင်းတွင် အရုပ်များတန်းစီနေသည်။ တမှူး အနှစ်သက်ဆုံးမှာ ဝူဘအရုပ်နှင့် stitch ရုပ်ဖြစ်ပြီး အရွယ်စုံ တတ်နိုင်သမျှ ဝယ်စုထားသည်။ တခြားအရုပ်တွေလည်း အကုန် ကြိုက်ပါသည်။ တမှူးက ကုတင်အနှံ့အရုပ်များနှင့်ပြည့်နေသည်ကို ကြိုက်နှစ်သက်သည်။ ကိုယ်ပိုင်အခန်းလေးကိုမှ နံရံတွင် မိမိနှစ်သက်သည့် စတစ်ကာများ၊ ပိုစတာများကပ်ရခြင်းကို သဘောကျသည်။ အခန်းအလှဆင်ပစ္စည်းများကိုလည်း စိတ်ဝင်စားသည်။ ဥပမာ လိုက်ကာစလှလှလေးများ၊ ကြမ်းခင်းကောဇောလှလှလေးများ၊ မီးစိုင်းလှလှလေးများ၊ စားပွဲတင်အလှပစ္စည်းများ၊ အလှပန်းအိုးများ အစရှိသဖြင့် ဖြစ်သည်။

ထို့ကြောင့် တမှူးအခန်းကိုလည်း တမှူး တစ်ကိုယ်ရည်တတ်နိုင်သလောက် အလှဆင်ထားသည်။ ခရမ်းဖျော့ရောင် ကြိုက်နှစ်သက်သူဖြစ်၍ တမှူးအခန်းက ခရမ်းရောင်အငွေ့အသက်များ လွှမ်းခြုံနေသည်။ ထို့ပြင် အပြာနုရောင်လည်း သဘောကျသည်မို့ အချို့နေရာတွင် ခရမ်းနုရောင်နှင့် အပြာနုရောင် အချိုးကျရောစပ်နေသည်။ တမှူးက တစ်လလျှင် တစ်ကြိမ်ခန့်တော့ အမြင်ဆန်းသစ်အောင် အခန်းအတွင်းအပြင်အဆင်များကို ပြန်လည်ပြင်ဆင်မွံးမံလေ့ရှိသည်။

ယခုတော့ Jayy လက်ဆောင်ပေးလာသော Dream Catcher လေးဖြင့် တမှူးအခန်းက ပို၍ လင်းလက်ပြည့်စုံလာသည်ဟု ခံစားမိသည်။ တမှူး ကုတင်ပေါ်တွင်ထိုင်ကာ ဝူဘအရုပ်ကြီးကိုပိုက်ရင်း Dream Catcher လေးကို တစိမ့်စိမ့်ထိုင်ငေးကြည့်နေမိသည်။ ထို့နောက် Jayy ဆီ ဓာတ်ပုံပို့ကာ ကျေးဇူးတင်ကြောင်းပြောဖို့ သတိရမိသည်။

တမှူးပို့ပြီး သိပ်မကြာ Jayy က ကြည့်လာသည်။ ထို့နောက် တမှူးဆီ ပုံတစ်ပုံပြန်ပို့လာသည်။ တမှူးနှင့် ဆင်တူဟု ယူဆ၍ရမည့် ပုံစံတူ Dream Catcher လေး။ အရောင်ကတော့ အပြာနုရောင်နှင့် အဖြူရောင်ရောစပ်ထားသည့် ပုံစံမျိုး။ Jayy အခန်းဟု ယူဆရမည့် မှန်ပြတင်းနားတွင် ချိတ်ဆွဲ၍ ရိုက်ထားခြင်းဖြစ်သည်။

'ကိုယ်တို့ အတူတူအိပ်မက်လှလှမက်ကြတာပေါ့' တဲ့။

တမှူး ရင်ထဲ ဆွတ်ပျံ့ကြည်နူးမှုများ တသိမ့်သိမ့်။ ထို့နောက် ရေချိုးရဦးမည်မို့ Jayy ကို ညကျမှပြောမည်ဟူ၍ နှုတ်ဆက်ကာ လိုင်းဆင်းလိုက်ရသည်။ Dream Catcher လေးကို မြတ်နိုးစွာ ထပ်မံကြည့်လိုက်ပြီး ရေချိုးခန်းထဲ ဝင်လာခဲ့တော့သည်။

အကယ်၍ တမှူးခေတ်သာ Jayy ပို့သည့် ပုံကို သေချာစေ့စေ့စပ်စပ် ကြည့်မိမည်ဆိုလျှင် Dream Catcher ချိတ်ဆွဲထားရာ မှန်ပြတင်းတွင် ခပ်ရေးရေးမျှ ထင်ဟပ်နေသော လူရိပ် မသဲမကွဲကို မြင်ရမည်ဖြစ်သည်။

***********

အားလုံးကို ကျေးဇူးတင်လျက်

Sakura Rain🌸

(Zawgyi)

တမႉး နံေဘး႐ွိၿငိမ္သက္ေနေသာ စီနီယာ့ကို တစ္ခ်က္ငဲ့ၾကည့္လိုက္သည္။ မေန႔က ဘာေၾကာင့္ ေက်ာင္းမတက္သလဲ ေမးခ်င္ေသာ္လည္း စီနီယာ မႀကိဳက္မွာစိုးသည္။ ေနာက္ၿပီး တကၠသိုလ္ေက်ာင္းသားတစ္ေယာက္ ေက်ာင္းပ်က္ျခင္းဟာ ထူးျခားသည့္ ကိစၥရယ္လို႔မွလည္း မဟုတ္တာ။

"ေကာင္ေလး"

"ဗ်ာ..."

စီနီယာ့ကို ခိုးၾကည့္ေနတုန္း စီနီယာက ေခၚလာေသာေၾကာင့္ အလန္႔တၾကားထူးလိုက္မိသည္။

"..."

ေခၚၿပီး စီနီယာက ဘာမွ မေျပာပါ။ တမႉး တစ္ခုခုေျပာႏိုးျဖင့္ ေစာင့္ေနရင္း စီနီယာ့ကို ထပ္မံငဲ့ၾကည့္လိုက္မိသည္။

စီနီယာက မ်က္ေမွာက္ကုတ္ထားကာ တစ္ခုခုကို အသည္းအသန္စဥ္းစားေနဟန္။

"စီနီယာ ဘာေျပာမလို႔လဲ"

"ဘာမွ မဟုတ္ေတာ့ဘူး"

စီနီယာက သက္ျပင္းတစ္ခ်က္႐ိႈက္ရင္း ျပန္ေျဖသည္။ ဒီေန႔မနက္ စီနီယာ့ပုံစံက ထူးဆန္းေနသည္။ စိတ္ညစ္စရာ တစ္ခုခု႐ွိေနဟန္ျဖင့္ အနည္းငယ္ႏြမ္းနယ္ေနသည္။

"စီနီယာ"

"ဟင္"

"စီနီယာ ကြၽန္ေတာ္႕ကို တကယ္ခင္ရဲ႕လား"

"ခင္တာေပါ့ ေကာင္ေလးရဲ႕၊ ဘာလို႔ေမးတာလဲ"

"ကြၽန္ေတာ္႕ကို စီနီယာတကယ္ခင္ရင္ စီနီယာ့မွာ အဆင္မေျပတာ တစ္ခုခု႐ွိတိုင္း ကြၽန္ေတာ္႕ကို ယုံယုံၾကည္ၾကည္ေျပာလို႔ရပါတယ္၊ ကြၽန္ေတာ္က အၾကံဉာဏ္ေကာင္းေတြ မေပးႏိုင္ရင္ေတာင္ စီနီယာခံစားေနရသမွ်ကို နားေထာင္ေပးၿပီး အနည္းငယ္ပဲျဖစ္ျဖစ္ စီနီယာ့ကိုယ္စား မွ်ေဝခံစားေပးႏိုင္ပါတယ္၊ အခု ကြၽန္ေတာ္႕ စိတ္ထင္ စီနီယာက ကြၽန္ေတာ္႕ကိုဆို လွ်ိဳ႕ဝွက္တယ္၊ ကြၽန္ေတာ္နဲ႔ စီနီယာက အရမ္းေဝးေနသလို ကြၽန္ေတာ္ခံစားရတယ္"

တမႉး တကယ္စိတ္ရင္းပါ။ စီနီယာက တမႉးအေပၚေကာင္းလြန္း၍ စီနီယာ့အတြက္ တမႉးလည္း တတ္ႏိုင္သမွ်ျပန္လုပ္ေပးခ်င္ပါသည္။

"ကိုယ္ ေကာင္ေလးကို လွ်ိဳ႕ဝွက္တာမဟုတ္ပါဘူးကြာ၊ အခု ကိုယ္ ေျပာသင့္ မေျပာသင့္ခ်ိန္ဆေနတာက...
အင္း...ေကာင္ေလး ကိုယ့္ႏွဖူးကို စမ္းၾကည့္"

စီနီယာက သက္ျပင္းတစ္ခ်က္႐ိႈက္ရင္း တမႉးမ်က္ႏွာေ႐ွ႕ ေခါင္းငုံ႔ေပးလာသျဖင့္ တမႉး စီနီယာ့ ႏွဖူးကို လက္ျဖင့္ စမ္းၾကည့္လိုက္သည္။ ပူေႏြးေသာအထိအေတြ႕ေၾကာင့္ တမႉး မ်က္ခုံးပင့္မိသြား၏။

"စီနီယာ ဖ်ားေနတာလား"

"အင္း...ကိုယ္ ေခါင္းလည္းမူးေနတယ္၊ အဲ့တာ ေကာင္ေလးကို ကိုယ့္ကို ေက်ာင္းေဆးခန္းကို လိုက္ပို႔ခိုင္းခ်င္လို႔၊ ဒါေပမယ့္ အားနာလို႔"

"ဟာ​ဗ်ာ...အားနာစရာလား စီနီယာရာ၊ အခုသြားမယ္ လာ"

စီနီယာ့လက္ကို တမႉး အသာအယာတြဲေခၚလာလိုက္သည္။ ေဆးခန္းေရာက္ေတာ့ ဆရာဝန္က ေသာက္ဖို႔ေဆးေပးကာ ေဆးခန္းမွာပဲ ခဏနားဖို႔ေျပာသည္။

"စီနီယာဗ်ာ၊ အဖ်ားက ၁၀၂ ေတာင္႐ွိတာ၊ ဘာလို႔ ေက်ာင္းလာေနေသးလဲ"

တမႉး စီနီယာလွဲေနေသာ ကုတင္ေဘးတြင္ထိုင္ရင္း ဗ်စ္ေတာက္ ဗ်စ္ေတာက္ေျပာမိသည္။ စီနီယာကေတာ့ ဘာမွျပန္မေျပာဘဲ ခပ္ျပဳံးျပဳံးသာ။ ယခုမွ သတိထားမိသည္။ မ်က္ခုံးထူထူေအာက္က မ်က္ဝန္းေတြက အနည္းငယ္ညိဳကာ ေခ်ာင္ေနသေယာင္ေယာင္။

"ေကာင္ေလး အတန္းျပန္ခ်င္ျပန္ေလ၊ ကိုယ္အဆင္ေျပပါတယ္"

"မျပန္ေတာ့ဘူး၊ စီနီယာ ကိုယ့္ဘာကိုယ္ နားစရာ႐ွိတာနားပါ၊ ေခါင္းမူးတယ္ဆိုေတာ့ တေရးေလာက္ျဖစ္ျဖစ္ အိပ္ေပ်ာ္ေအာင္အိပ္လိုက္ဦး၊ ကြၽန္ေတာ္ေစာင့္ေနေပးမယ္"

ေျပာရင္း တမႉး ဖုန္းဖြင့္ကာ ထိုင္ေစာင့္ေနလိုက္သည္။ အဖ်ာ႐ိႈန္ေရာ ေဆး႐ိႈန္ေရာ ေပါင္းကာ စီနီယာက တကယ္အိပ္ေပ်ာ္သြားသည္။ စီနီယာက အိပ္ေနလည္း ၾကည့္ေကာင္းသားပဲ။ သူမ်ားေတြအိပ္သလို ႐ုပ္ပ်က္ဆင္းပ်က္မျဖစ္။

အသက္႐ွဴသံမွန္မွန္ထြက္ေပၚလာၿပီး ရံဖန္ရံခါ မ်က္ခုံးႏွစ္ခုကို တြန္႔ခ်ိဳးသြားတတ္သည္။ ထိုအခ်ိန္မ်ိဳးတြင္ တမႉး စီနီယာ့၏ လက္ကို ဆုပ္ကိုင္ထားေပးလိုက္မိသည္။ ေနမေကာင္းခ်ိန္အိပ္ရင္ အိပ္မက္ဆိုးမက္တတ္သည္မဟုတ္ပါလား။ စီနီယာက တမႉးလက္ကို တစ္ခါတစ္ခါ တင္းတင္းၾကပ္ၾကပ္ျပန္လည္ဆုပ္ကိုင္လာသည္။

ပထမ တမႉး ဖုန္းသုံးမည္ဟု ရည္႐ြယ္ခဲ့ေသာ္လည္း စီနီယာက တမႉးလက္ကို ဆုပ္ကိုင္ထားေသာေၾကာင့္ လက္တစ္ဖက္တည္းႏွင့္ သုံးဖို႔အဆင္မေျပေတာ့သျဖင့္ ဒီတိုင္း ငုတ္တုတ္သာထိုင္ေနလိုက္သည္။

အခ်ိန္တစ္ခုထိ ၾကာလာေတာ့ တမႉးလည္း မ်က္လုံးမ်ားေမွးစင္းလာသည္။ ထို႔ေၾကာင့္ ကုတင္အစြန္းကို ​ေမွးမွီရင္း ခဏမွိန္းေနလိုက္ရာမွ တျဖည္းျဖည္း အိပ္ေပ်ာ္သြားေတာ့သည္။

အခ်ိန္မည္မွ်ၾကာသြားသည္မသိ။ တမႉးႏိုးလာေတာ့ စီနီယာက ႏိုးေတာင္ႏိုးေနၿပီ။

"အဟီး...စီနီယာ၊ ကြၽန္ေတာ္ အိပ္ေပ်ာ္သြားတယ္"

စီနီယာက သူ႕မူအတိုင္း တမႉးကို ေႏြးေႏြးေထြးေထြးျပဳံး၍ ၾကည့္သည္။

"အင္း...ဗိုက္ဆာၿပီလား"

စီနီယာေမးမွ ဗိုက္ထဲမွ အသံထြက္ ဆႏၵျပလာသည္။

"ဟုတ္"

"အာ့ဆို သြားစားမယ္...ထ"

"ဟုတ္...အဲ...မွန္းစမ္း...စီနီယာ အဖ်ား႐ွိေသးလား"

တမႉး ေျပာရင္းဆိုရင္း စီနီယာ့ ႏွဖူးေပၚလက္တင္လိုက္သည္။ အရမ္းႀကီးမပူေတာ့ဘဲ ကိုယ္ေငြ႕လို ခပ္ေႏြးေႏြးသာရေတာ့သည္မို႔ သက္ျပင္းခ်မိသည္။

"ေခါင္းေရာမူးေသးလား"

"မမူးေတာ့ပါဘူး၊ အိပ္လိုက္လို႔ သက္သာသြားၿပီ"

တမႉးေမးသမွ်၊ လုပ္သမွ်ကို စီနီယာက ၿငိမ္ၿငိမ္ေလးေနကာ ေျဖေပးသည္။

"စီနီယာ အတန္းတက္ဦးမွာလား"

"အင္း ကိုယ္ေန႔လည္ အတန္းသြားတက္ဦးမယ္၊ ေကာင္ေလးလည္း အတန္းသြားတက္လိုက္ဦးေလ"

"ဟုတ္"

"လာ...အခု ေန႔လည္စာသြားစားၾကမယ္"

တမႉး ေခါင္းညိတ္ရင္း လြယ္အိတ္ကို လြယ္ကာ စီနီယာဦးေဆာင္သည့္ေနာက္သို႔ လိုက္ခဲ့ေတာ့သည္။

***********

တမႉး ဆိုင္ကယ္ကို အိမ္ထဲေကြ႕ဝင္ၿပီး စက္သပ္ကာ ေသာ့ခတ္ေနစဥ္ ေမေမက အိမ္ထဲမွ ထြက္လာသည္။

"ေန႔လည္က သားနာမည္နဲ႔ ပါဆယ္ေရာက္လာတယ္၊ အခန္းထဲမွာ ေမေမထည့္ထားတယ္"

ေမေမ့ အသိေပးစကားေၾကာင့္ တမႉး အေတြးေပါင္းမ်ားစြာႏွင့္ အိမ္ေပၚသို႔ ခပ္သြက္သြက္တက္ခဲ့လိုက္သည္။ ဘယ္က ပါဆယ္ပါလိမ့္။ တမႉး အခုရက္ပိုင္း ပိုက္ဆံမ႐ွိလို႔ ဘာမွ မမွာထားဘူးထင္ပါတယ္။ စိတ္ထဲမွာေတာ့ ဘုရားတေနမိသည္။

အခန္းထဲေရာက္ေတာ့ စားပြဲေပၚ၌ တင္ထားေသာ ခပ္ျပားျပားဘူးေလးတစ္ဘူး။ တမႉး လြယ္အိတ္ကိုခ်ကာ ကုတင္ေပၚတြင္ထိုင္ရင္း ပါဆယ္ကို သိခ်င္စိတ္ျဖင့္ အရင္ ေဖာက္လိုက္သည္။ ေပါ့ေပါ့ပါးပါးေလးျဖစ္၍ ဘာလဲမခန္႔မွန္းႏိုင္။ အေပၚက အုပ္ထားေသာ အလွပလက္စတစ္ကိုခြာၿပီးခ်ိန္ အထဲမွ ဘူးေလးကို ဖြင့္လိုက္ေသာအခါ...

"ဟာ..."

တမႉး ေပ်ာ္လြန္း၍ အာေမဋိတ္သံအက်ယ္ႀကီးထြက္သြားသည္။ ဘူးေလးထဲတြင္ လျခမ္းပုံသ႑ာန္ အျပာႏွင့္ ခရမ္းႏုေရာင္ေရာထားေသာ Dream Catcherေလး။

Jayy က မေန႔က တမႉး အိမ္လိပ္စာကို ေမးသြားေသာ္လည္း ယခုလို ခ်က္ခ်င္းႀကီး ပို႔ေပးလာလိမ့္မည္ဟု မထင္ခဲ့ပါ။ Dream Catcher ကို တယုတယထုတ္ယူရင္း ရင္ခုန္စိတ္လႈပ္႐ွားလြန္း၍ တမႉး လက္မ်ားေတာင္ တုန္ယင္ေနသည္။ ဒီ dream catcher က Jayy လက္မ်ားျဖင့္ တမႉးအတြက္ ကိုယ္တိုင္လုပ္ထားသည့္အရာတဲ့။

တမႉးတစ္ေယာက္ ၾကည့္မဝ ႐ႈမဝျဖင့္ ျမတ္ႏိုးလြန္း၍ အၾကမ္းပတမ္းကိုင္လွ်င္ ထိခိုက္သြားမည္ေတာင္ စိုးရိမ္လြန္းေနမိသည္။ ထို႔ေနာက္ မထိရက္မကိုင္ရက္ မရဲတရဲကိုင္ရင္း မည္သည့္ေနရာတြင္ခ်ိတ္ရမလဲ ဗ်ာမ်ားေနေတာ့သည္။ ျပတင္းေပါက္နားတြင္ခ်ိတ္လွ်င္လည္း ေလတိုက္လြန္း၍ အေမႊးေလးေတြကြၽတ္ကုန္မွာစိုးရသည္။ စာၾကည့္စားပြဲေဘး၌ ခ်ိတ္လွ်င္လည္း မိမိအိပ္ယာႏွင့္ ေဝးသြားသလို ခံစားရသည္။ ေနာက္ဆုံး ကုတင္ေခါင္းရင္းတည့္တည့္နံရံတြင္သာခ်ိတ္ၾကည့္လိုက္သည္။ အဆင္ေျပသည္ဟု ယူဆရမွ သက္ျပင္းခ်ရသည္။ ထို႔ေနာက္ မေမ့မေလ်ာ့ဓာတ္ပုံ႐ိုက္ယူလိုက္သည္။

တမႉးအခန္းက အေတာ္အသင့္က်ယ္ဝန္းၿပီး ကုတင္ေခါင္းရင္းတြင္ အ႐ုပ္မ်ားတန္းစီေနသည္။ တမႉး အႏွစ္သက္ဆုံးမွာ ဝူဘအ႐ုပ္ႏွင့္ stitch ႐ုပ္ျဖစ္ၿပီး အ႐ြယ္စုံ တတ္ႏိုင္သမွ် ဝယ္စုထားသည္။ တျခားအ႐ုပ္ေတြလည္း အကုန္ ႀကိဳက္ပါသည္။ တမႉးက ကုတင္အႏွံ႔အ႐ုပ္မ်ားႏွင့္ျပည့္ေနသည္ကို ႀကိဳက္ႏွစ္သက္သည္။ ကိုယ္ပိုင္အခန္းေလးကိုမွ နံရံတြင္ မိမိႏွစ္သက္သည့္ စတစ္ကာမ်ား၊ ပိုစတာမ်ားကပ္ရျခင္းကို သေဘာက်သည္။ အခန္းအလွဆင္ပစၥည္းမ်ားကိုလည္း စိတ္ဝင္စားသည္။ ဥပမာ လိုက္ကာစလွလွေလးမ်ား၊ ၾကမ္းခင္းေကာေဇာလွလွေလးမ်ား၊ မီးစိုင္းလွလွေလးမ်ား၊ စားပြဲတင္အလွပစၥည္းမ်ား၊ အလွပန္းအိုးမ်ား အစ႐ွိသျဖင့္ ျဖစ္သည္။

ထို႔ေၾကာင့္ တမႉးအခန္းကိုလည္း တမႉး တစ္ကိုယ္ရည္တတ္ႏိုင္သေလာက္ အလွဆင္ထားသည္။ ခရမ္းေဖ်ာ့ေရာင္ ႀကိဳက္ႏွစ္သက္သူျဖစ္၍ တမႉးအခန္းက ခရမ္းေရာင္အေငြ႕အသက္မ်ား လႊမ္းျခဳံေနသည္။ ထို႔ျပင္ အျပာႏုေရာင္လည္း သေဘာက်သည္မို႔ အခ်ိဳ႕ေနရာတြင္ ခရမ္းႏုေရာင္ႏွင့္ အျပာႏုေရာင္ အခ်ိဳးက်ေရာစပ္ေနသည္။ တမႉးက တစ္လလွ်င္ တစ္ႀကိမ္ခန္႔ေတာ့ အျမင္ဆန္းသစ္ေအာင္ အခန္းအတြင္းအျပင္အဆင္မ်ားကို ျပန္လည္ျပင္ဆင္မြံးမံေလ့႐ွိသည္။

ယခုေတာ့ Jayy လက္ေဆာင္ေပးလာေသာ Dream Catcher ေလးျဖင့္ တမႉးအခန္းက ပို၍ လင္းလက္ျပည့္စုံလာသည္ဟု ခံစားမိသည္။ တမႉး ကုတင္ေပၚတြင္ထိုင္ကာ ဝူဘအ႐ုပ္ႀကီးကိုပိုက္ရင္း Dream Catcher ေလးကို တစိမ့္စိမ့္ထိုင္ေငးၾကည့္ေနမိသည္။ ထို႔ေနာက္ Jayy ဆီ ဓာတ္ပုံပို႔ကာ ေက်းဇူးတင္ေၾကာင္းေျပာဖို႔ သတိရမိသည္။

တမႉးပို႔ၿပီး သိပ္မၾကာ Jayy က ၾကည့္လာသည္။ ထို႔ေနာက္ တမႉးဆီ ပုံတစ္ပုံျပန္ပို႔လာသည္။ တမႉးႏွင့္ ဆင္တူဟု ယူဆ၍ရမည့္ ပုံစံတူ Dream Catcher ေလး။ အေရာင္ကေတာ့ အျပာႏုေရာင္ႏွင့္ အျဖဴေရာင္ေရာစပ္ထားသည့္ ပုံစံမ်ိဳး။ Jayy အခန္းဟု ယူဆရမည့္ မွန္ျပတင္းနားတြင္ ခ်ိတ္ဆြဲ၍ ႐ိုက္ထားျခင္းျဖစ္သည္။

'ကိုယ္တို႔ အတူတူအိပ္မက္လွလွမက္ၾကတာေပါ့' တဲ့။

တမႉး ရင္ထဲ ဆြတ္ပ်ံ႕ၾကည္ႏူးမႈမ်ား တသိမ့္သိမ့္။ ထို႔ေနာက္ ေရခ်ိဳးရဦးမည္မို႔ Jayy ကို ညက်မွေျပာမည္ဟူ၍ ႏႈတ္ဆက္ကာ လိုင္းဆင္းလိုက္ရသည္။ Dream Catcher ေလးကို ျမတ္ႏိုးစြာ ထပ္မံၾကည့္လိုက္ၿပီး ေရခ်ိဳးခန္းထဲ ဝင္လာခဲ့ေတာ့သည္။

အကယ္၍ တမႉးေခတ္သာ Jayy ပို႔သည့္ ပုံကို ေသခ်ာေစ့ေစ့စပ္စပ္ ၾကည့္မိမည္ဆိုလွ်င္ Dream Catcher ခ်ိတ္ဆြဲထားရာ မွန္ျပတင္းတြင္ ခပ္ေရးေရးမွ် ထင္ဟပ္ေနေသာ လူရိပ္ မသဲမကြဲကို ျမင္ရမည္ျဖစ္သည္။

***********

အားလုံးကို ေက်းဇူးတင္လ်က္
Sakura Rain🌸


You are reading the story above: TeenFic.Net