စာစဉ်(၉)အပိုင်း(၉၀)

Background color
Font
Font size
Line height

Lengends of spring goddness

အပိုင်း(90) သလင်းကျောက်များစွာ(၂)

ငွေရောင်ဆံနွယ်များနဲ့ကျုးလစ်က လမ်းလျှောက်မလာပဲ လေမှတဆင့် ပျံဝဲကာ တုကူးရှန်းရှေ့ သက်သက်သာသာကျလာခဲ့တယ်

အားလုံးက တုကူးရှနး်ကိုပဲအာရုံစိုက်နေကြတာမို့ သူမရဲ့ပြောင်းလဲမူ့ကိုသိပ်ဂရုမစိုက်မိကြဘူး

ဖုန့်ဟွမ်တစ်ယောက်က တုကူးရှန်းကိုမျက်မှောင်ကြုတ်ပြီးစိုက်ကြည့်နေတယ်

ပြီးတော့ တုကူးရှန်းရှေ့က ကျုးလစ်ကိုလဲ တခါပြန်ကြည့်ပြန်တယ်

"သူမရဲ့ရင်ထဲမှာငါ့အတွက်ဘယ်တော့မှနေရာရှိလာမှာမဟုတ်ဘူး ငါသူမဆီနီးစပ်ဖို့ကြိုးစားလိုက်တိုင်းသူကအမြဲရှိနေတယ် ရေနတ်ဘုရား စစ်ထူပိုင်ချင်း မင်း ဘာလို့ငါ့လမ်းမှာအမြဲထော်လော်ကန့်လန့်ပါနေရတာလဲ "

ဖုန့်ဟွမ် မျက်ခုံးတို့ အလိုမကျစွာတွန့်ချိုးသွားတယ်

‌အထက်ဘုံမှာ နွေဦးနတ်ဘုရားကို အရူးအမူးလိုက်နေတဲ့ မီးနတ်ဘုရား ဖုန့်ဟွမ်ဆိုတာ မသိတဲ့သူမရှိဘူး

သူတင်မကပါဘူး နွေဉီးနတ်ဘုရားမဟာ ပျားအုံကြားထဲက ပန်းလေးတပွင့်လိုပဲ လိုက်သူပိုးပန်းသူအရမ်းများတယ်

နောက်ဆုံးတော့ ဘာအသံမှမထွက်ပဲ ရေနတ်ဘုရားနဲ့စုံမက်သွားသတဲ့

အဲ့တော့ နတ်ဘုရားအများစုအသဲကွဲကုန်ကြတာပေါ့

အဲ့ထဲမှာသူလဲပါတယ်

သူ့အသဲကွဲတာလဲ အလဲလဲအပြဲပြဲပဲ

ရေနတ်ဘုရားကို‌မကျေနပ်လို့ သူပေါက်တတ်ကရလျှောက်လုပ်လိုက်တာနဲ့ ကန်ချခံလိုက်ရတော့တာ

အခုလဲ သူပဲ ‌

ကံကောင်းတာက သူ့မှာစည်းအထပ်ထပ်နဲ့ဖြစ်နေတာပဲ

နွေဦးနတ်ဘုရားမကိုမပြောနဲ့ဦး သူ့ကိုယ်သူတောင် ဘယ်သူမှန်းသိဦးမှာဟုတ်ဘူး

ဖုန့်ဟွမ် အပြုံးကြီးကြီးပြုံးလိုက်တယ်

သူ့နေရာကိုဝင်ယူရမယ်လို့တွေးလိုက်မိပြီး တုကူးရှနး်ကို တောက်ပတဲ့သွေးနီရောင်မျက်ဝန်းတွေနဲ့ပြုံးကာစိုက်ကြည့်နေမိတော့တာပဲ

ကျူးလစ် တုကူးရှန်းရဲ့အသိလွတ်နေတဲ့ပုံကိုမြင်တော့စိုးရိမ်သွားခဲ့တယ်

သူမရဲ့စိမ်းပြာရောင်မျက်ဝန်းတွေက ဘယ်လောက်စိုးရိမ်နေလဲဆိုတာပေါ်လွင်လွန်းနေတာပေါ့

သူမ ငုံ့ကိုင်းပြီး သူ့ကိုထိလိုက်တော့

"ဘုန်းးးးးးး"

"အားးးးးးး"

သူမရဲ့စိတ်ဝိဉာဉ်တခုလုံးကွဲအက်သွားသလိုခံစားမူ့မျိုးနဲ့လွင့်ပျံသွားရလောက်အောင် အဲ့ကြိုးတွေရဲ့အားက ကြီးမားလွန်းလှတယ်

တုကူးရှန်းရဲ့ဆံနွယ်တွေကအပြာရောင် သူ့ရဲ့မျက်ဝန်းတွေကလဲအပြာရောင်

သူ့ကိုရစ်ပတ်ထားတဲ့ချိန်းကြိုးနဲ့ မြွေအသေးလေးတွေကတောင်အပြာရောင်တောက်ပလို့နေတယ်

သူမ သွေးတပွက်အန်လိုက်ရတယ်

အခုမှ နေကောင်းခါစ ဒဏ်ပြန်ဖြစ်သွားခဲ့တယ်

သူမရဲ့သွေးတွေမြေပြင်ပေါ်ကျသွားတော့ အဲ့နေရာမှာ သွေးနီရောင်ပန်းတွေပွင့်လာခဲ့ပြန်တယ်

သူမ မငိုပေမဲ့ အရင်တခါကလို ထပ်ပြီးမဖြစ်ရလေအောင် သူမ ဂျွမ်းပစ်ပြီး တုကူးရှန်းနားထပ်‌ေရာက်သွားခဲ့တယ်

ဒါပေမဲ့ သူမ ဒီတခါတော့ အရမ်းကြီး ‌မတိုးကပ်ရဲတော့ပါဘူး

အားလုံးကလဲ စိတ်ပူနေကြတာ

ဖီးနစ်ကုန်း‌ေမြသခင်မကလဲသတိလစ်နေဆဲမို့ဖုန့်ဟွမ်က အနားတိုးကပ်သွားလိုက်ပြီးအတွင်းအားချီတချို့ကိုနိုးဆွကာ ပြန်လည်အားဖြည့်ပေးနေတယ်

"ရှန်းရှန်း"

ကျုးလစ် ခပ်တိုးတိုးခေါ်လိုက်တယ်

တုကူးရှန်းရဲ့ပုံစံက သူမ အမြဲမက်နေတဲ့ ပန်းခင်းကြီးထဲက ယောကျာ်းနဲ့တူတယ်

ချင်းချင်းလို့ခနခနခေါ်တတ်တဲ့ မိန်းကလေးကလဲ သူမနဲ့တပုံထဲပဲ

အဲ့ပန်းခင်းထဲမှာပဲ တခါတရံ သူမတို့ နမ်းရှိုက်နေကြတယ်

တခါတရံ ဆော့ကစားနေကြတယ်

တခါတရံ တိတ်ဆိတ်စွာ

တခါတရံ ပြင်းပြင်းရှရှအချစ်တွေကိုဖန်တီးနေကြတယ်

သူမမြင်မက်တိုင်း မတူညီတဲ့မြင်ကွင်းတွေကိုပဲမြင်ရပေမဲ့ အခုသူမရှေ့က တုကူးရှန်းရဲ့ပုံဟာ သူမအိမ်မက်ထဲကယောကျား်အတိုင်းပဲ

တခုပဲကွာတာ

သူမအိမ်မက်ထဲကယောကျာ်းက လွှမ်းမိုးနိုင်တယ် ဩဇာရှိတယ် အာဏာရှိတယ် ပြီးတော့ ထက်မြက်တယ်

အခု သူမ‌ရှေ့ကတစ်ယောက်ကတော့ အမြဲလိုလိုပြုံးနေတတ်တာကလွဲရင် ကျန်တဲ့အရောင်အဝါတွေကိုသူမ မမြင်ဖူးဘူး

"ရှန်းရှန်း"

သူမထပ်ခေါ်လိုက်တယ်

တုကူးရှန်းက မတုန့်ပြန်ဘူး

သူမ ဘာဆက်လုပ်မရလဲတွေးနေပေမဲ့ အဖြေက ထွက်မလာဘူး

နည်းလမး်တခုတော့ရှိပေမဲ့ ဟုတ်လားဆိုတာလဲ သိပ်မသေချာပြန်ဘူး

ဘာပဲဖြစ်ဖြစ်

သူမ အရဲစွန့်ကြည့်ဖို့တွေးလိုက်တယ်

သူမရဲ့မျက်လုံးများကိုမှိတ်လိုက်ပြီး အိမ်မက်ထဲက မိန်းကလေးခေါ်သလိုမျိုး အတတ်နိုင်ဆုံးတူအောင်ကြိုးစားလိုက်ပြီး

"ချင်းချင်း "

သူမ အသံက တိုးရှတယ် ဒါပေမဲ့ ချိုသာတယ်

သူမရဲ့ စိမ်းပြာရောင်မျက်ဝန်းတွေပြန်ဖွင့်လိုက်တော့ တုကူးရှနး်က သူမကိုစိုက်ကြည့်နေတာကိုတွေ့လိုက်ရ‌တာပေါ့

သူမ တွန့်သွားပေမဲ့ အဲ့‌နာမည်ကိုတုန့်ပြန်တာတွေ့တော့ သူမ သက်ပြင်းခိုးချလိုက်တယ်

သူမဘဝက နဂိုထဲက ရှုပ်ထွေးနေတာ အခု သူ့ကြောင့်ပိုဆိုးသွားခဲ့ပြီ

သူမရဲ့သပွတ်အူလိုရှုပ်ထွေးနေတဲ့လမ်းကြောင်းမှာ ထပ်ပြီးရှုပ်ပေးမဲ့သူပေါ်လာခဲ့ပြန်တယ်

- တုကူးရှန်း တကယ်ပဲ ရှင်ကဘယ်သူများလဲ ရှနး်ရှန်းလား ချင်းချင်းလား -

ဒါပေမဲ့နာမည်နှစ်ခုလုံးရဲ့အခေါ်အဝေါ်က ဘာကြောင့် အရမ်း နုညံ့ပြီး မိန်းမဆန်နေရတာလဲ

-ရှန်းရှန်း ?

-ချင်းချင်း ?

ဘာလားပဲ

သူမ ‌အတွေးလွန်နေလို့ တုကူးရှန်း သူမကိုလှမ်းဆွဲတာ မသိလိုက်

သူမသိလိုက်တော့ သူက သူမကိုမြွေတကောင်လိုအတင်းရစ်ပတ်ထားတဲ့အပြင်

သူမရဲ့အတွင်းအားတွေကိုလဲစုပ်ယူလို့နေတယ်

အဲ့လိုပြင်းထန်တဲ့စုပ်ယူမူ့ကြောင့် သူမရဲ့ဒန်ထျန်ထဲက အရောင်စုံ သလင်းကျောက်များဟာ လှပစွာထွက်‌ပေါ်လာတော့တယ်

..........🍩🧃🍯🧃🧃🍩🧃🍩🍩😉🎂🧃🍯🧃🍩🧃🍩🧃🍩🧃🍩😭🍦😅

Alinkar nang





You are reading the story above: TeenFic.Net