Legends of spring goddness
အပိုင်း(၂၄) ခေါင်းကိုးလုံးမြွေသားရဲ
နန်းတောင်းတောင်တန်းကိုရောက်တော့ ကျူးလစ်က သူမအဖွဲ့ကိုသူမခေါ်ပြီး တောင်တန်းထဲချက်ချင်းဝင်ရောက်သွားခဲ့တယ်
နန်းတောင်းတောင်တန်းဟာ သဘာဝအရင်းအမြစ်တွေကြွယ်ဝသလောက် အန္တရယ်လဲများတဲ့နေရာပဲ
အဆင့်လေးအထက်ဆေးပင်တွေမှာ ကိုယ်စီစောင့်တဲ့သားရဲတွေရှိတတ်ကြတယ်
ဆေးပင်ရဲ့စွမ်းအားအကောင်းဆုံးအချိန်မှာ စားပစ်လိုက်ပြီး သူတို့ရဲ့ကျင့်ကြံဆင့်ကိုတိုးမြင့်ကြတယ်
အခုသူမတို့ရှာရမဲ့ရှာေဖွခြင်းဂမုန်းဆေးပင်က အဆင့်လေးဆေးပင်ဖြစ်ပြီး ဆေးပင်စောင့်သားရဲကလဲကျိန်းသေပေါက်ရှိလိမ့်မယ်
ကျူးလစ်သူမရဲ့တပည့်တွေနဲ့အတူ နန်းတောင်တောင်တန်းရဲ့အတွင်းတနေရာကိုတိုးသွားလိုက်တယ်
မြေနေရာသင့်တဲ့ ကုန်းမြေမှာ ခနရပ်နားလိုက်ပြီး ကျောင်းသားတချို့ကို အခန်းနှစ်ခန်းပါတဲ့ဂူတခုတူးစေပြီး မိန်းကလေးသက်သက် ယောကျာ်းလေးသက်သက် ခွဲကာ နေစေတယ်
ဆယ်ရက်ပေးထားတဲ့အချိန်မှာ နေစရာရှိမှအဆင်ပြေမှာမို့ဂူတခုထွင်းကာနေမှ လုံခြုံမှာ
သူမကလေးတွေကိုနေရာချပြီးတော့ အနီးနားဝင်းကျင်က သစ်ကိုင်းတွေကိုယူလိုက်ကာ ဂူဝမှာချလိုက်ပြီး ရှင်သန်ကြီးထွားစေလိုက်တယ်
သစ်ကိုင်းတွေဟာ သစ်ရွက်သစ်လေးေတွမွေးဖွားလာပြီး ခနတွင်းမှာ ဂူဝကိုပိတ်ဆို့သွားပြီး သတိမပြုမိရင် ဂူရှိမှန်းသိမှာမဟုတ်ဘူး
အခန်း(၃)ကတပည့်တွေကတော့ သူတို့ဆရာမရဲ့စွမ်းရည်ကို ထပ်မြင်ခွင့်ရလိုက်ကြပြီး အားကျစိတ်တွေနဲ့အတူ ကြိုးစားချင်စိတ်တွေပါထကြွလာတော့တယ်
ကျူးလစ် အားလုံးအဆင်ပေုသွားပြီဆိုမှ ဂူထဲပြန်ဝင်လာကာ မနက်ဖြန်အတွက် အဖွဲ့တွေခွဲကာ တာဝန်တွေချပေးလိုက်တယ်
သူမအတွက်ကတော့ သူတို့ရဲ့လုံခြုံရေးအတွက်ပဲတာဝန်ရှိတာမို့ ကျန်တာတွေက သူတို့လေးတွေရဲ့တာဝန်သာ
ညကတဖြေးဖြေးမှောင်လာတယ်
နန်းတောင်းတောင်တန်းကလဲ တဖြေးဖြေးတိတ်ဆိတ်လာခဲ့တယ်
သူမတပည့်တွေကလဲ ငြိမ်သက်စွာတရားထိုင်နေကြပြီး ကျူးလစ်ကတော့ မီးပုံတခုရဲ့ရှေ့မှာ ထိုင်နေလေတယ်
သူမဒီကိုကူးပြောင်းလာတာ တလနီးပါးရှိခဲ့ပြီ
ချွေမိသားစုရဲ့မိသားစုက သမီးနှစ်ယောက်နဲ သားနှစ်ယောက်ဟာ သူမလက်ထဲအစပျောက်သွားပေမဲ့ ဘယ်သူမှမသိကြဘူး
ဒါပေမဲ့လဲ ချွေမိသားစုကကြီးမားတယ် ဖြိုခွင်းဖို့ခက်ခဲတယ်
ဒါ့အပြင် ချွေမိသားစုတခုလုံးကိုသုတ်သင်ပစ်လိုက်ရအောင်လဲ လုံလောက်စွာအားမရှိသေး
သူမမှာ လျို့ဝှက်ထားတဲ့ ရတနာတွေရှိတယ်ဆိုပေမဲ့ တကယ်တမ်း သူမထက်အဆင့်မြင့်တဲ့တစ်စုံတစ်ယောက်နဲ့တွေ့ရင် သူမအတွက်က သေလမး်သာ
"တုကူးရှန်းထွက်လာခဲ့လေ"
သူမကောင်းကင်အဆင့်ရဲ့အလယ်အလတ်အဆင့်မှာသာရှိသေးတယ်ဆိုပေမဲ့ အာရုံနဲ့အမြင်ကတော့စူးရှပြီးသား
ဒါကြောင့် တုကူးရှန်း ရောက်လာတာနဲ့သူမသိပြီးသား
"ဟားဟားဟား ကျုးမိန်းကလေးရဲ့အမြင်ကတော့စူးရှပါပေတယ်"
အမှောင်ရိပ်ထဲကထွက်လာတဲ့
တုကူးရှန်းက အရှက်ပြေရယ်မောလိုက်ရင်း သူမရှိရာ မီးပုံဘေးရောက်လာခဲ့တယ်
တုကူးရှန်းရဲ့ဘဝမှာ မိန်းမဆိုတာမရှိခဲ့ဖူးဘူး
ဘာကြောင့်မှန်းမသိ သူမက သူ့အပိုင်လို့ခံစားနေရပြီး သူမအတွက်သူမွေးဖွားလာတာလို့ပဲသူခံစားခဲ့တယ်
စတင်တွေ့ဆုံကြပြီဆိုထဲက သူမနဲ့သာသက်ဆိုင်တဲ့ခံစားချက်မျိုး
အရမ်းထူးဆန်းလွန်းတယ်
သူမက တည်ငြိမ်တယ် ရက်စက်တတ်တယ် သွေးအေးတယ်ဆိုတာကိုလဲသူသိတယ်
ဒါပေမဲ့ သူစိတ်ပျက်သွားတာမရှိခဲ့ဘူး
ဒါ့အပြင် သူမလျှောက်လှမ်းသွားတဲ့လမ်းတစ်လျောက်မှာတစ်စိတ်တပိုင်းအဖြစ်နဲ့ ပါဝင်ခွင့်ရဖို့ စိတ်အားထက်သန်မိတယ်
အဲ့ဒါက ဘာလဲ သူမသိပေမဲ့
သေချာတာကတခုက သူမကိုထွေးပိုက်ထားချင်တယ်
သူမကိုကာကွယ်ပေးချင်တယ်
သူမလုပ်ချင်တာမှန်သမျှ ဘေးမှာနေပြီးမငြီးမငြူနဲ့အားပေးချင်တယ်
"ခိုးကြောင်ခိုးဝှက်နဲ့ဘာလုပ်နေတာလဲ "
"အာ ကိုယ်မင်းလုံခြုံလားသိချင်လို့ ဘာလို့တစ်ယောက်ထဲလဲကလေးေတွရော "
ကျူးလစ်ဂရုမစိုက်တဲ့ပုံနဲ့ အနောက်ကို လက်ညိုးထိုးပြလိုက်တယ်
တုကူးရှန်းလဲ အံဩသွားတာပေါ့
သူကတချိန်လုံး အဲ့ဒီနေရာမှာ ချုံတွေပဲရှိတာလို့ထင်ထားတာလေ
သူ့ရဲ့နတ်ဘုရားအာရုံစီးကြောင်းကိုစေလွတ်လိုက်မှ ဂူရှိပြီး ကလေးတွေလဲအထဲမှာငြိမ်းချမ်းစွာရှိနေတယ်ဆိုတာကိုသတိထားမိလိုက်တော့တယ်
ထင်တဲ့အတိုင်း သူမက သူ့ကိုစိတ်မပျက်စေဘူးပဲ
"ရှင် နန်းတော်ပြန်သွားပြီတောင်ထင်နေတာ "
"အာ ဟုတ်တယ် မသွားဖြစ်တော့တာ "
"ဘာဖြစ်လို့လဲ "
"ကိုယ့်ကိုဆွဲထားတာလေးရှိနေလို့"
"ဪ"
"ဘယ်သူလဲမသိချင်ဘူးလား"
"ဟင့်အင်း"
သူမကအရမ်းေသွးအေးတာပဲ
တကယ်ကိုစိတ်ဝင်စားတဲ့အရိပ်အယောင် တစက်လေးတောင်မရှိဘူး
တုကူးရှန်းလဲ သက်ပြင်းချလိုက်မိတယ်
သူကတော့ သူမကိုလိုက်ပိုးပန်းဖို့ပိုခက်ပြီလို့ထင်တယ်
....
မနက်လင်းတော့ ကလေးတွေကအဖွဲ့ကိုယ်စီနဲ့ထွက်ခွာသွားကြတယ်
တုကူးရှန်းနဲ့ ကျင့်ကြံနေတဲ့ ကျုးလစ်ပဲကျန်ခဲ့တာ
နန်းတောင်းတောင်တန်းမှာ ထန်းယွမ်ကျောင်းက ကလေးတွေချည်းပဲဆိုတော့ သိပ်တော့မစိုးရိမ်ရဘူး
သားရဲတွေကသာသိပ်အင်အားမကြီးဘူးဆိုရင် ကလေးတွေလုံခြုံမှာပဲ
ဘယ်သူထင်မလဲ သူတို့လုံခြုံတယ်လို့ထင်ထားတဲ့ သူတို့ရဲ့တပည့်တွေဟာ တချိန်ထဲမှာပဲ မီးရှူးလွတ်ပြီးအကူအညီတောင်းလာမယ်လို့ပေါ့
ပြှီးတော့ တဖွဲ့ထဲတောင်မဟုတ်ဘူး
အဖွဲ့အားလုံးနီးပါးပဲ
"သွားပြီ"
" ကလေးတွေပြသနာတက်နေပြီ"
ကျူးလစ်နဲ့တုကူးရှန်း နှစ်ယောက်လုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြတယ်
အဲ့ဒီနောက်တော့ အချိန်မဆိုင်းပဲ ဓားပျံကိုယ်စီထုတ်ကာ အကူအညီတောင်းတဲ့နေရာကို အမြန်ဆုံးသွားလိုက်ကြတယ်
သူမတို့လိုပဲ ဆရာတွေအားလုံးကလဲ ကောင်းကင်မှာပျံဝဲနေကာ အလောတကြီးသွားနေကြတယ်
"ဘာဖြစ်တာလဲ ရဲ့ရှီ "
တုကူးရှန်း စိုးရိမ်စွာမေးလိုက်တော့ သူတို့နဲ့အနီးကပ်ပျံသန်းနေတဲ့ ရဲ့ဟန်က မျက်မျောင်ကြုတ်ကာဖြေလာခဲ့တယ်
သူ့ကြည့်ရတာ အရမ်းစိုးရိမ်နေတဲ့ပုံပဲ
"အာ ကလေးတွေက ကံကောင်းပြီး အဆင့်ငါးဆေးပင်ကိုတွေ့လာကြတယ် ကံဆိူချင်တော့ အဲ့ဒီဆေးပင်မှာ အစောင့်ရှိတယ် အဲ့ဒါကလဲ ခေါင်းကိုးလုံးမြွေသားရဲတဲ့ အဆင့်ခြောက်နီးပါးရှိနေပြီ လူသားတွေနဲ့ဆို ကောင်းကင်အဆင့်ပဲ ကလေးတွေထဲမှာ ဘယ်သူမှ ကောင်းကင်အဆင့်မရောက်ကြသေးဘူး အဲ့ဒါကြောင့် ထိခိုက်တဲ့သူတွေများနေတယ်ထင်တယ် "
အကျဉ်းချုပ်ကတော့ အဲ့လိုပေါ့
ဆရာတွေ အလောတကြီးပျံသန်းနေကြတာ အဆန်းမဟုတ်တော့ပါဘူး
ကျူးလစ်တို့လဲ အရှိန်မြှင့်ကာ ကလေးတွေရှိတဲ့နေရာကိုသွားလိုက်ကြတယ်
သူမတို့ရောက်တော့ အခြေအနေကမကောင်းဘူး
ခေါင်းကိုးလုံးမြွေသားရဲနဲ့ရင်ဆိုင်တဲ့ တချို့ဆရာတွေကလဲရှုံးနိမ့်နေတာ မြင်လို့တောင်မကောင်းဘူး
အလဲလဲအကွဲကွဲနဲ့ ကလေးတွေကော ဆရာတွေရော
"အရှင် ခေါင်းကိုးလုံးမြွေသားရဲက ကောင်းကင်အထွဋ်အထိပ်အဆင့်ရောက်နေပြီ ဆရာတွေလဲအထိနာနေပြီ ရှာဖွေခြင်းဂမုန်းက နောက်နှစ်နာရီလောက်ဆိုရင့်မှည့်တော့မှာ "
တုကူးရှန်း ခေါင်းညိတ်လိုက်တယ်
ကျူးလစ်လဲ နားလည်သွားတယ်
ခေါင်းကိုးလုံးမြွေသားရဲက အထိမခံတာ သိပ်မဆန်းတော့ဘူး
သူတသက်လုံးစောင့်ရှောက်နေတဲ့ ဆေးပင်ကရင့်မှည့်တော့မှာကို လုယူမဲ့သူတွေလာပြီဆိုတော့ ဒေါသထွက်ပြီပေါ့
ဆရာတချို့နဲ့တိုက်ခိုက်နေဆဲဖြစ်တဲ့ ခေါင်းကိုးလုံးမြွေကို ကျူးလစ်ကြည့်လိုက်တယ်
ခေါင်းကိုးလုံးဟာရွေ့လျှားလို့ရနေတဲ့အတွက် ဆရာတွေအရေးနိမ့်နေကြတာပဲ
သူမရှေ့ကိုပျံသန်းသွားကာ ခေါင်းကိုးလုံးမြွေရဲ့ဘေးက သစ်ပင်တွေကိုကြီးထွားစေလိုက်ကာ မြွေကြီးရဲ့ခေါင်းတွေကိုချုပ်ထားလိုက်တယ်
အစွယ်တဖွေးဖွေးဖြစ်နေတဲ့ မြွေကြီးရဲ့အစွယ်တွေမှာအစိမ်းရောင်တွေရှိနေတာကိုသူမတွေ့လိုက်ရတယ်
"အားလုံးသတိထား ခေါင်းကိုးလုံးမြွေကြီးမှာ အဆိပ်ရှိတယ် "
ကျူးလစ်ပြောနေဆဲမှာပဲ ေြမွကြီးဟာဒေါသတကြီးနဲ့ သူ့ရဲ့အစွယ်ကအဆိပ်တွေကိုအသုံးပြုပြီးတိုက်ခိုက်နေပြီ
"အားးးးးး အားးးး"
မရှေးမနှောင်း မှာပဲ အကြီးအကဲတချို့ဟာ အဆိပ်ကြောင့်အသားေတွပျော်ကျကုန်ပြီး လူးလှိမ့်ကုန်ကြပြီ
ကျူးလစ်တောင်အရှောင်မြန်လို့
တုကူးရှန်းကလဲ သူမဘေးနားချက်ချင်းရောက်လာပြီး ဝင်ထိန်းပေးတယ်
ကံဆိုးစွာနဲ့ ကျူးလစ် ချုပ်နှောင်ထားပေးတဲ့ သစ်ပင်တွေကလဲကျိုးသွားပြီး ေြမွကြီးကိုဒေါသပိုထွက်လာစေခဲ့တယ်
ေြမွကြီးက သူ့ရဲ့အမြှီးမြောက်ပြီး ကျူးလစ်ဘက်ကိုရိုက်ချလာခဲ့တယ်
"ကျူးရှီ !"
"ကျူးလစ်!"
သူမရဲ့ကောင်းကင်ဟာရုတ်တရက်မဲမှောင်သွားခဲ့ကာ မြွေကြီးရဲ့အမြှီးဟာ သူမအပေါ်ကျရောက်လာခဲ့ေတာ့တယ်
သူမရှောင်ချိန်မရလိုက်ပဲ သူမအပေါ်ကျရောက်လာတဲ့ အရိပ်ကြီးကိုပဲကြည့်နေမိတော့တယ်
..................🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾
Alinkar nang
Zgi
Legends of spring goddness
အပိုင္း(၂၄) ေခါင္းကိုးလုံးေႁမြသားရဲ
နန္းေတာင္းေတာင္တန္းကိုေရာက္ေတာ့ က်ဴးလစ္က သူမအဖြဲ႕ကိုသူမေခၚၿပီး ေတာင္တန္းထဲခ်က္ခ်င္းဝင္ေရာက္သြားခဲ့တယ္
နန္းေတာင္းေတာင္တန္းဟာ သဘာဝအရင္းအျမစ္ေတြႂကြယ္ဝသေလာက္ အႏၲရယ္လဲမ်ားတဲ့ေနရာပဲ
အဆင့္ေလးအထက္ေဆးပင္ေတြမွာ ကိုယ္စီေစာင့္တဲ့သားရဲေတြရွိတတ္ၾကတယ္
ေဆးပင္ရဲ့စြမ္းအားအေကာင္းဆုံးအခ်ိန္မွာ စားပစ္လိုက္ၿပီး သူတို့ရဲ့က်င့္ႀကံဆင့္ကိုတိုးျမင့္ၾကတယ္
အခုသူမတို့ရွာရမဲ့ရွာေဖြျခင္းဂမုန္းေဆးပင္က အဆင့္ေလးေဆးပင္ျဖစ္ၿပီး ေဆးပင္ေစာင့္သားရဲကလဲက်ိန္းေသေပါက္ရွိလိမ့္မယ္
က်ဴးလစ္သူမရဲ့တပည့္ေတြနဲ႔အတူ နန္းေတာင္ေတာင္တန္းရဲ့အတြင္းတေနရာကိုတိုးသြားလိုက္တယ္
ေျမေနရာသင့္တဲ့ ကုန္းေျမမွာ ခနရပ္နားလိုက္ၿပီး ေက်ာင္းသားတခ်ိဳ့ကို အခန္းႏွစ္ခန္းပါတဲ့ဂူတခုတူးေစၿပီး မိန္းကေလးသက္သက္ ေယာက်ာ္းေလးသက္သက္ ခြဲကာ ေနေစတယ္
ဆယ္ရက္ေပးထားတဲ့အခ်ိန္မွာ ေနစရာရွိမွအဆင္ေျပမွာမို့ဂူတခုထြင္းကာေနမွ လုံျခဳံမွာ
သူမကေလးေတြကိုေနရာခ်ၿပီးေတာ့ အနီးနားဝင္းက်င္က သစ္ကိုင္းေတြကိုယူလိုက္ကာ ဂူဝမွာခ်လိုက္ၿပီး ရွင္သန္ႀကီးထြားေစလိုက္တယ္
သစ္ကိုင္းေတြဟာ သစ္ရြက္သစ္ေလးေတြေမြးဖြားလာၿပီး ခနတြင္းမွာ ဂူဝကိုပိတ္ဆို့သြားၿပီး သတိမျပဳမိရင္ ဂူရွိမွန္းသိမွာမဟုတ္ဘူး
အခန္း(၃)ကတပည့္ေတြကေတာ့ သူတို့ဆရာမရဲ့စြမ္းရည္ကို ထပ္ျမင္ခြင့္ရလိုက္ၾကၿပီး အားက်စိတ္ေတြနဲ႔အတူ ႀကိဳးစားခ်င္စိတ္ေတြပါထႂကြလာေတာ့တယ္
က်ဴးလစ္ အားလုံးအဆင္ေပုသြားၿပီဆိုမွ ဂူထဲျပန္ဝင္လာကာ မနက္ျဖန္အတြက္ အဖြဲ႕ေတြခြဲကာ တာဝန္ေတြခ်ေပးလိုက္တယ္
သူမအတြက္ကေတာ့ သူတို့ရဲ့လုံျခဳံေရးအတြက္ပဲတာဝန္ရွိတာမို့ က်န္တာေတြက သူတို့ေလးေတြရဲ့တာဝန္သာ
ညကတေျဖးေျဖးေမွာင္လာတယ္
နန္းေတာင္းေတာင္တန္းကလဲ တေျဖးေျဖးတိတ္ဆိတ္လာခဲ့တယ္
သူမတပည့္ေတြကလဲ ၿငိမ္သက္စြာတရားထိုင္ေနၾကၿပီး က်ဴးလစ္ကေတာ့ မီးပုံတခုရဲ့ေရွ႕မွာ ထိုင္ေနေလတယ္
သူမဒီကိုကူးေျပာင္းလာတာ တလနီးပါးရွိခဲ့ၿပီ
ေခၽြမိသားစုရဲ့မိသားစုက သမီးႏွစ္ေယာက္နဲ သားႏွစ္ေယာက္ဟာ သူမလက္ထဲအစေပ်ာက္သြားေပမဲ့ ဘယ္သူမွမသိၾကဘူး
ဒါေပမဲ့လဲ ေခၽြမိသားစုကႀကီးမားတယ္ ၿဖိဳခြင္းဖို့ခက္ခဲတယ္
ဒါ့အျပင္ ေခၽြမိသားစုတခုလုံးကိုသုတ္သင္ပစ္လိုက္ရေအာင္လဲ လုံေလာက္စြာအားမရွိေသး
သူမမွာ လ်ိဳ့ဝွက္ထားတဲ့ ရတနာေတြရွိတယ္ဆိုေပမဲ့ တကယ္တမ္း သူမထက္အဆင့္ျမင့္တဲ့တစ္စုံတစ္ေယာက္နဲ႔ေတြ႕ရင္ သူမအတြက္က ေသလမး္သာ
"တုကူးရွန္းထြက္လာခဲ့ေလ"
သူမေကာင္းကင္အဆင့္ရဲ့အလယ္အလတ္အဆင့္မွာသာရွိေသးတယ္ဆိုေပမဲ့ အာ႐ုံနဲ႔အျမင္ကေတာ့စူးရွၿပီးသား
ဒါေၾကာင့္ တုကူးရွန္း ေရာက္လာတာနဲ႔သူမသိၿပီးသား
"ဟားဟားဟား က်ဳးမိန္းကေလးရဲ့အျမင္ကေတာ့စူးရွပါေပတယ္"
အေမွာင္ရိပ္ထဲကထြက္လာတဲ့
တုကူးရွန္းက အရွက္ေျပရယ္ေမာလိုက္ရင္း သူမရွိရာ မီးပုံေဘးေရာက္လာခဲ့တယ္
တုကူးရွန္းရဲ့ဘဝမွာ မိန္းမဆိုတာမရွိခဲ့ဖူးဘူး
ဘာေၾကာင့္မွန္းမသိ သူမက သူ႔အပိုင္လို့ခံစားေနရၿပီး သူမအတြက္သူေမြးဖြားလာတာလို့ပဲသူခံစားခဲ့တယ္
စတင္ေတြ႕ဆုံၾကၿပီဆိုထဲက သူမနဲ႔သာသက္ဆိုင္တဲ့ခံစားခ်က္မ်ိဳး
အရမ္းထူးဆန္းလြန္းတယ္
သူမက တည္ၿငိမ္တယ္ ရက္စက္တတ္တယ္ ေသြးေအးတယ္ဆိုတာကိုလဲသူသိတယ္
ဒါေပမဲ့ သူစိတ္ပ်က္သြားတာမရွိခဲ့ဘူး
ဒါ့အျပင္ သူမေလၽွာက္လွမ္းသြားတဲ့လမ္းတစ္ေလ်ာက္မွာတစ္စိတ္တပိုင္းအျဖစ္နဲ႔ ပါဝင္ခြင့္ရဖို့ စိတ္အားထက္သန္မိတယ္
အဲ့ဒါက ဘာလဲ သူမသိေပမဲ့
ေသခ်ာတာကတခုက သူမကိုေထြးပိုက္ထားခ်င္တယ္
သူမကိုကာကြယ္ေပးခ်င္တယ္
သူမလုပ္ခ်င္တာမွန္သမၽွ ေဘးမွာေနၿပီးမၿငီးမျငဴနဲ႔အားေပးခ်င္တယ္
"ခိုးေၾကာင္ခိုးဝွက္နဲ႔ဘာလုပ္ေနတာလဲ "
"အာ ကိုယ္မင္းလုံျခဳံလားသိခ်င္လို့ ဘာလို့တစ္ေယာက္ထဲလဲကေလးေတြေရာ "
က်ဴးလစ္ဂ႐ုမစိုက္တဲ့ပုံနဲ႔ အေနာက္ကို လက္ညိဳးထိုးျပလိုက္တယ္
တုကူးရွန္းလဲ အံဩသြားတာေပါ့
သူကတခ်ိန္လုံး အဲ့ဒီေနရာမွာ ခ်ဳံေတြပဲရွိတာလို့ထင္ထားတာေလ
သူ႔ရဲ့နတ္ဘုရားအာ႐ုံစီးေၾကာင္းကိုေစလြတ္လိုက္မွ ဂူရွိၿပီး ကေလးေတြလဲအထဲမွာၿငိမ္းခ်မ္းစြာရွိေနတယ္ဆိုတာကိုသတိထားမိလိုက္ေတာ့တယ္
ထင္တဲ့အတိုင္း သူမက သူ႔ကိုစိတ္မပ်က္ေစဘူးပဲ
"ရွင္ နန္းေတာ္ျပန္သြားၿပီေတာင္ထင္ေနတာ "
"အာ ဟုတ္တယ္ မသြားျဖစ္ေတာ့တာ "
"ဘာျဖစ္လို့လဲ "
"ကိုယ့္ကိုဆြဲထားတာေလးရွိေနလို့"
"ဪ"
"ဘယ္သူလဲမသိခ်င္ဘူးလား"
"ဟင့္အင္း"
သူမကအရမ်းေသွးအေးတာပဲ
တကယ္ကိုစိတ္ဝင္စားတဲ့အရိပ္အေယာင္ တစက္ေလးေတာင္မရွိဘူး
တုကူးရွန္းလဲ သက္ျပင္းခ်လိုက္မိတယ္
သူကေတာ့ သူမကိုလိုက္ပိုးပန္းဖို့ပိုခက္ၿပီလို့ထင္တယ္
....
မနက္လင္းေတာ့ ကေလးေတြကအဖြဲ႕ကိုယ္စီနဲ႔ထြက္ခြာသြားၾကတယ္
တုကူးရွန္းနဲ႔ က်င့္ႀကံေနတဲ့ က်ဳးလစ္ပဲက်န္ခဲ့တာ
နန္းေတာင္းေတာင္တန္းမွာ ထန္းယြမ္ေက်ာင္းက ကေလးေတြခ်ည္းပဲဆိုေတာ့ သိပ္ေတာ့မစိုးရိမ္ရဘူး
သားရဲေတြကသာသိပ္အင္အားမႀကီးဘူးဆိုရင္ ကေလးေတြလုံျခဳံမွာပဲ
ဘယ္သူထင္မလဲ သူတို့လုံျခဳံတယ္လို့ထင္ထားတဲ့ သူတို့ရဲ့တပည့္ေတြဟာ တခ်ိန္ထဲမွာပဲ မီးရွူးလြတ္ၿပီးအကူအညီေတာင္းလာမယ္လို့ေပါ့
ျပႇီးေတာ့ တဖြဲ႕ထဲေတာင္မဟုတ္ဘူး
အဖြဲ႕အားလုံးနီးပါးပဲ
"သြားၿပီ"
" ကေလးေတြျပသနာတက္ေနၿပီ"
က်ဴးလစ္နဲ႔တုကူးရွန္း ႏွစ္ေယာက္လုံး တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လိုက္မိၾကတယ္
အဲ့ဒီေနာက္ေတာ့ အခ်ိန္မဆိုင္းပဲ ဓားပ်ံကိုယ္စီထုတ္ကာ အကူအညီေတာင္းတဲ့ေနရာကို အျမန္ဆုံးသြားလိုက္ၾကတယ္
သူမတို့လိုပဲ ဆရာေတြအားလုံးကလဲ ေကာင္းကင္မွာပ်ံဝဲေနကာ အေလာတႀကီးသြားေနၾကတယ္
"ဘာျဖစ္တာလဲ ရဲ့ရွီ "
တုကူးရွန္း စိုးရိမ္စြာေမးလိုက္ေတာ့ သူတို့နဲ႔အနီးကပ္ပ်ံသန္းေနတဲ့ ရဲ့ဟန္က မ်က္ေမ်ာင္ၾကဳတ္ကာေျဖလာခဲ့တယ္
သူ႔ၾကည့္ရတာ အရမ္းစိုးရိမ္ေနတဲ့ပုံပဲ
"အာ ကေလးေတြက ကံေကာင္းၿပီး အဆင့္ငါးေဆးပင္ကိုေတြ႕လာၾကတယ္ ကံဆိူခ်င္ေတာ့ အဲ့ဒီေဆးပင္မွာ အေစာင့္ရွိတယ္ အဲ့ဒါကလဲ ေခါင္းကိုးလုံးေႁမြသားရဲတဲ့ အဆင့္ေျခာက္နီးပါးရွိေနၿပီ လူသားေတြနဲ႔ဆို ေကာင္းကင္အဆင့္ပဲ ကေလးေတြထဲမွာ ဘယ္သူမွ ေကာင္းကင္အဆင့္မေရာက္ၾကေသးဘူး အဲ့ဒါေၾကာင့္ ထိခိုက္တဲ့သူေတြမ်ားေနတယ္ထင္တယ္ "
အက်ဥ္းခ်ဳပ္ကေတာ့ အဲ့လိုေပါ့
ဆရာေတြ အေလာတႀကီးပ်ံသန္းေနၾကတာ အဆန္းမဟုတ္ေတာ့ပါဘူး
က်ဴးလစ္တို့လဲ အရွိန္ျမႇင့္ကာ ကေလးေတြရွိတဲ့ေနရာကိုသြားလိုက္ၾကတယ္
သူမတို့ေရာက္ေတာ့ အေျခအေနကမေကာင္းဘူး
ေခါင္းကိုးလုံးေႁမြသားရဲနဲ႔ရင္ဆိုင္တဲ့ တခ်ိဳ့ဆရာေတြကလဲရွုံးနိမ့္ေနတာ ျမင္လို့ေတာင္မေကာင္းဘူး
အလဲလဲအကြဲကြဲနဲ႔ ကေလးေတြေကာ ဆရာေတြေရာ
"အရွင္ ေခါင္းကိုးလုံးေႁမြသားရဲက ေကာင္းကင္အထြဋ္အထိပ္အဆင့္ေရာက္ေနၿပီ ဆရာေတြလဲအထိနာေနၿပီ ရွာေဖြျခင္းဂမုန္းက ေနာက္ႏွစ္နာရီေလာက္ဆိုရင့္မွည့္ေတာ့မွာ "
တုကူးရွန္း ေခါင္းညိတ္လိုက္တယ္
က်ဴးလစ္လဲ နားလည္သြားတယ္
ေခါင္းကိုးလုံးေႁမြသားရဲက အထိမခံတာ သိပ္မဆန္းေတာ့ဘူး
သူတသက္လုံးေစာင့္ေရွာက္ေနတဲ့ ေဆးပင္ကရင့္မွည့္ေတာ့မွာကို လုယူမဲ့သူေတြလာၿပီဆိုေတာ့ ေဒါသထြက္ၿပီေပါ့
ဆရာတခ်ိဳ့နဲ႔တိုက္ခိုက္ေနဆဲျဖစ္တဲ့ ေခါင္းကိုးလုံးေႁမြကို က်ဴးလစ္ၾကည့္လိုက္တယ္
ေခါင္းကိုးလုံးဟာေရြ႕လၽွားလို့ရေနတဲ့အတြက္ ဆရာေတြအေရးနိမ့္ေနၾကတာပဲ
သူမေရွ႕ကိုပ်ံသန္းသြားကာ ေခါင္းကိုးလုံးေႁမြရဲ့ေဘးက သစ္ပင္ေတြကိုႀကီးထြားေစလိုက္ကာ ေႁမြႀကီးရဲ့ေခါင္းေတြကိုခ်ဳပ္ထားလိုက္တယ္
အစြယ္တေဖြးေဖြးျဖစ္ေနတဲ့ ေႁမြႀကီးရဲ့အစြယ္ေတြမွာအစိမ္းေရာင္ေတြရွိေနတာကိုသူမေတြ႕လိုက္ရတယ္
"အားလုံးသတိထား ေခါင္းကိုးလုံးေႁမြႀကီးမွာ အဆိပ္ရွိတယ္ "
က်ဴးလစ္ေျပာေနဆဲမွာပဲ ေႁမြႀကီးဟာေဒါသတႀကီးနဲ႔ သူ႔ရဲ့အစြယ္ကအဆိပ္ေတြကိုအသုံးျပဳၿပီးတိုက္ခိုက္ေနၿပီ
"အားးးးးး အားးးး"
မေရွးမေႏွာင္း မွာပဲ အႀကီးအကဲတခ်ိဳ့ဟာ အဆိပ္ေၾကာင့္အသားေတြေပ်ာ္က်ကုန္ၿပီး လူးလွိမ့္ကုန္ၾကၿပီ
က်ဴးလစ္ေတာင္အေရွာင္ျမန္လို့
တုကူးရွန္းကလဲ သူမေဘးနားခ်က္ခ်င္းေရာက္လာၿပီး ဝင္ထိန္းေပးတယ္
ကံဆိုးစြာနဲ႔ က်ဴးလစ္ ခ်ဳပ္ေႏွာင္ထားေပးတဲ့ သစ္ပင္ေတြကလဲက်ိဳးသြားၿပီး ေႁမြႀကီးကိုေဒါသပိုထြက္လာေစခဲ့တယ္
ေႁမြႀကီးက သူ႔ရဲ့အျမႇီးေျမာက္ၿပီး က်ဴးလစ္ဘက္ကိုရိုက္ခ်လာခဲ့တယ္
"က်ဴးရွီ !"
"က်ဴးလစ္!"
သူမရဲ့ေကာင္းကင္ဟာ႐ုတ္တရက္မဲေမွာင္သြားခဲ့ကာ ေႁမြႀကီးရဲ့အျမႇီးဟာ သူမအေပၚက်ေရာက္လာခဲ့ေတာ့တယ္
သူမေရွာင္ခ်ိန္မရလိုက္ပဲ သူမအေပၚက်ေရာက္လာတဲ့ အရိပ္ႀကီးကိုပဲၾကည့္ေနမိေတာ့တယ္
..................🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾
Alinkar nang
You are reading the story above: TeenFic.Net