Unicode
Lengend of Spring goodness
အပိုင်း(၁၄)သူမကို နာခံမူ့ရှိစွာဖြင့်
"မင်းဘယ်သူလဲ ဘာလို့ဆရာတွေထိုင်တဲ့ထိုင်ခုံမှာထိုင်နေရတာလဲ အခုချက်ချင်းထွက်သွား"
"ဟုတ်တယ် ဟုတ်တယ်"
"ဆရာအသစ်ဖြစ်ချင်ဖြစ်မှာပေါ့"
"မင်းရူးနေလား ဒီတစ်ယောက်သာဆရာဆိုရင် ငါရဲ့အဖေက တိုင်းပြည်ရဲ့ဘုရင်ပဲ သေးသေးငယ်ငယ်လေးကို ဘယ်လိုဆရာဖြစ်နိုင်မှာလဲ ကျောင်းသူအသစ်လားမှမသိတာ"
"အင်း ဖြစ်နိုင်လောက်တယ် ဟေ့ ကျောင်းသူအသစ် နောက်ခုံကိုလာထိုင် ပြသနာမရှာနဲ့"
"နေစမ်းပါဦး ငါတို့ကိုလုပ်ကြံတဲ့ ခွေးသူတောင်းစားကဘယ်သူလဲ ဟမ်"
"ဟုတ်တယ် အဲ့ကောင် ဘယ်မှာလဲ"
"ရှာကြစမ်းကွာ"
"ဟုတ် ......."
ကျူးလစ်ကခေါင်းတောင်ကိုက်သွားတော့မလိုပဲ ဒီကလူတွေဘာကြောင့်များ သူမငယ်ရွယ်ပြီးသေးသွယ်နေတာကိုပဲအပြစ်ဖွဲ့နေကြတာတုန်း
မော်ဒန်ခေတ်မှာ သူမအသက်ဆယ်ငါးနှစ်ဆို ထိပ်တန်းကြေးစားအဖွဲ့ဝင်တွေထဲကတစ်ယောက်ဖြစ်နေပြီ
ဒီလိုပိစိညှောင့်တောက်ကိုယ်ထဲဝင်စားရတာတောင်စိတ်ညစ်နေပါတယ်ဆို
သူတို့ကတမျိုးပြီးတမျိုး
မပြီးနိုင်မစီးနိုင်တွေ
သူမကိုပြောပြီးတာနဲ့ အားလုံးက ဆူညံပွက်လောရိုက်သွားပြန်ကာ ရန်ဆက်ဖြစ်နေကြတော့တယ်
သူမဒီကျောင်းမှာဆရာဝင်လုပ်ဖြစ်တာကိုတောင် နောင်တရချင်သွားတယ်
တုကူးရှန်း သူမရဲ့စိတ်ညစ်နေတဲ့မျက်နှာပေးေလးကိုကြည့်ကာ အသာခိုးရယ်လိုက်တယ်
သူမ မနိုင်ဘူးဆိုတာ ခပ်ရှားရှား
အခုလိုသူမကိုအနိုင်ကျင့်ကြမဲ့သူတွေပေါ်လာတော့ ပြဇတ်ကောင်းကောင်းကြည့်နေရသလို မျက်တောင်မခတ်မိတော့ဘူး
ကျူးလစ် သူမရဲ့ခံနိုင်ရည်တွေကုန်ဆုံးသွားခဲ့တာကြောင့် ရန်ဖြစ်နေကြတဲ့ကလေးတွေဆီသွားကာ အကုန်လုံးကိုလေပေါ်ပစ်တင်ပြီး တစ်ယောက်တနေရာစီလူစုခွဲထားလိုက်တော့တယ်
အဲ့ဒိအခါမှ ကြောက်လန့်စိတ်ရှိပုံပေါ်လာတဲ့ သူမရဲ့တပည့်မိုက်တွေဟာ သူမကိုကြောင်ကြည့်ပြီး တိတ်ဆိတ်သွားကြတော့တယ်
"အားလုံးပဲ တို့က ဒီအခန်းကိုတာဝန်ယူသင်ကြားပေမဲ့ ကျူးလစ်ဖြစ်တယ် မင်းတို့ကိုအဓိကသင်ကြားပေးမှာက သစ်သားစွမ်းအင်အကြောင်းပဲ မင်းတို့စိတ်မဝင်စားဘူး မတက်ချင်ဘူးဆိုရင် တခြားအခန်းကိုသွားကြ စိတ်ပါပြီးအမှန်တကယ်တက်မြောက်ချင်တဲ့သူကိုပဲ သင်ကြားပေးမှာ အရှုပ်တွေလုပ်ဖို့စဉ်းစားနေရင် ဟိုခြောက်ယောက်ကိုတွေ့လား အတန်းမပြီးမချင်းအဲ့လို ခေါင်မိုးမှာတောက်တဲ့လိုကပ်ခိုင်းထားမယ် ရှင်းတယ်နော် သိချင်တာရှိရင်မေးကြ"
သူမကိုယ်ကသေးတယ်ဆိုပေမဲ့ သူမရဲ့ချိုမြိန်တဲ့အသံက အခနး်ထဲမှာဟိန်းထွက်လာတယ်
သူမကိုယ်သူမလန့်သွားပေမဲ့ ဒါဟာ ဆရာတွေသက်သာအောင်ပြုလုပ်ထားပေးတဲ့အစီအရင်တခုတပ်ဆင်ထားလို့ဆိုတာကို ခန့်မှန်းပြီးတာနဲ့ သူမစိတ်မလှုပ်ရှားတော့
တခုပဲ သူမရှေ့က ကျောင်းသားကျောင်းသူတွေဟာ သူမကိုပြူးကျယ်တဲ့မျက်စိ ဟောင်းလောင်းပွင့်နေတဲ့ပါးစပ်အကျယ်ကြီးတွေနဲ့ ဘာမှမပြောပဲတိတ်ဆိတ်နေကြတယ်
သူမစိတ်အနှောင့်အယှက်ဖြစ်သွားခဲ့တယ်
စောနကဆူညံပြီးစည်းမရှိကမ်းမရှိအော်ဟစ်သောင်းကျန်းနေကြတာဘယ်သူတွေတုန်း
အခုကျတော့ အကုန်အသွားကြပြီလား
သူမကြောင့်လား?
နားမလည်နိုင်စွာတွေးလိုက်ပြီး နရံပေါ်မှာကပ်နေတဲ့ခြောက်ယောက်ကိုလဲ ခံုပေါ်ပြန်ချပေးလိုက်တယ်
ခနကြာတော့ နောက်ဆုံးကချောင်မှာကပ်နေတဲ့ကျောင်းသားတစ်ယောက်ခေါင်းထောင်လာကာ ထစ်ထစ်ငေါ့ငေါ့ဖြစ်နေတဲ့အသံနဲ့ ဝမ်းပိတ်နေသလို တုန်ရီစွာမေးလာခဲ့တယ်
"ကျူးရှီက တကယ် သစ်သားစွမ်းအင်အကြောင်းသင်ပေးမှာလား"
"ဒီရုပ်ကိုနောက်နေတယ်ထင်လား"
ကြောက်လန့်နေတဲ့ကျောင်းသားက ခေါင်းကိုပုတ်သင်ညိုလိုတဆတ်ဆတ်ခါကာ ချောင်ထဲပြန်ဝင်သွားတော့တယ်
နေပါဦး ဒိကောင်လေးကိုငါမြင်ဖူးနေပါတယ်
ဟော ကျောင်းအဝင်ဝမှာတွေ့တဲ့တစ်ယောက်မဟုတ်လား
"မင်းပဲ "
"ဟုတ် ဟုတ် ကျွန်ဝောာ်ပါ"
ဒါဆို သူမကိုမယားငယ်အဖြစ်ထားချင်တဲ့ကိုယ်တော်ချောလေးကဘယ်မှာပါလိမ့်
ကြည့်ရတာ နှစ်ကြီးသမားဆိုတော့ အတွင်းစည်းတပည့်ဖြစ်လောက်ပြီနေမယ်
ထန်းယွမ်ကျောင်းတော်မှာ အပြင်စည်းနဲ့အတွင်းစည်းဆိုပြီး နှစ်မျိုးခွဲထားတယ်
အပြင်စည်းတပည့်တွေဟာ နှစ်သစ်ကျောငး်သားတွေဖြစ်ပြီး အထောက်အပံ့နဲနဲသာရကြတယ်
သုံးနှစ်တာကာလရဲ့အဆုံးသတ်မှာ လုပ်ဆောင်မူ့အပေါ်ပေးအပ်ထားတဲ့ရမှတ်တွေပေါ်မူတည်ပြီး အတွင်းစည်းတပည့်အဖြစ်အရွေးချယ်ခံကြရတယ်
ချွင်းချက်အနေနဲ့ အပြင်စည်းတပည့်အဖြစ်နေရတဲ့သုံးနှစ်ကာလမပြီးဆုံးခင် ထူးချွန်လွန်းတယ်ဆိုရင်တော့ သတ်မှတ်ကာလမတိုင်ခင်အတွင်စည်းတပည့်အဖြစ်လဲလက်ခံတတ်ကြတယ်
သူမကတော့ အပြင်စည်းတပည့်တွေကိုသင်ကြားပေးရသူဖြစ်ပြီး အတွင်းစည်းမျာသင်ကြားရတဲ့ဆရာတွေကမောက်မာလွန်းကြတယ်လို့ကြားဖူးလို့ သူမ အတွင်းစည်းဆရာမဖြစ်ချင်
ဒိအတိုင်း သူမရည်မှန်းချက်ပြည့်မြောက်ရင် ဒီကျောင်းတော်ကထွက်ခွာသွားမှာမို့ သူမတာဝန်သူမကျေပွန်အောင်သာ ထမ်းဆောင်လိုတယ်
အခုလိုတပည့်ဆိုးဆိုးတွေရထားပေမဲ့လို့ပေါ့
"ဒါဆို ဆရာမက သစ်သားစွမ်းအင်သုံးတဲ့စွမ်းအားရှင်လား"
ကျောင်းသူလေးတစ်ယောက်က သူမကို အကြောက်အလန့်မရှိမေးမြန်းလာခဲ့တယ်
ကျူးလစ် သင်ခန်းစာတွေကိုမသင်ခင် တပည့်တွေရဲ့ယုံကြည်မူ့ရထားမှ အဆင်ပြေမှာမို့ စိတ်ရှုပ်နေတာကိုနောက်ထားပြီး ရှင်းပြပေးရတော့တယ်
"မဟုတ်ဘူးမှားတယ် လေ ရေ သစ်သား သုံးမျိုးပဲ ဝင်လာစက သုံးလိုက်တာက သစ်သားနဲ့လေ စွမ်းအား ဟိုခြောက်ကောင်ကို လေပေါ်ပစ်တင်လိုက်တာက လေစွမ်းအင်ပဲ "
"ဒါဆို ရေစွမ်းအင်ကရော "
ကျူးလစ် ပြတင်းပေါက်အပြင်မှာရှိတဲ့ရေအိုင်ကိုမေးေငါ့ပြလိုက်တယ်
ရုတ်ခနဲ အခန်းထဲက တပည့်တွေအားလုံး ပြတင်းပေါက်မှာတစ်စုကုန်ကြတယ်
ကျုးလစ်သူမရဲ့လက်ကိုအသာအယာမကာ ဝေ့ရမ်းလိုက်တာနဲ့ ရေကန်ထဲကရေတွေဟာအပေါ်ကိုမြောက်တက်လာပြီး ရေနဂါးပုံပေါ်လာကာ နှုတ်ခမ်းမွှေးတကားကားနဲ့ကောင်းကင်ပေါ်ထိုးတက်သွားခဲ့တယ်
နောက်တော့ ကျူးလစ်သူမရဲ့လက်ကိုအောက်ပြန်ချလိုက်တော့ ကောင်းကင်ပေါ်ထိူးတက်သွားတဲ့ရေနဂါးဟာလဲပေါက်ကွဲသွားကာ မိုးရေစက်အဖြစ် ပြန်လည်ကျဆင်းလာခဲ့လေတယ်
အတန်းထဲကလူတွေအားလုံးသူမကိုမယုံနိုင်သလိုအချိန်ခနလောက် ပြူးကြည့်နေကြပြီး အားလုံးပဲ သွက်လက်စွာ ထိုင်ခုံတွေမှာအသီးသီးဝင်ထိုင်လိုက်ကြကာ တညီတညွတ်ထဲပြောလာကြလေတယ်
"ဒီအတန်းမှာပဲ ကျူးရှီနဲ့သင်ပါမယ် "
သူမတပည့်လေးတွေရဲ့တက်ကြွမူ့ကို ကျူးလစ်မြင်လိုက်ရတော့ မျက်နှာတခုလုံးမဲ့ရွဲ့သွားပေမဲ့ အသာအယာခေါင်းညိတ်ကာ သဘောတူလိုက်တယ်
သူမထင်တာ တစ်ယောက်လောက်ကျန်ခဲ့ရင်ကံကောင်းလို့
ဝင်လာထဲက ပြသနာရှာပြီး ဖိအားပေးဆက်ဆံတတ်တဲ့ဆရာတွေကိုမှ ဒီကလေးေတွကသဘောကျတာလား
နဲနဲထူးဆန်းနေတယ်ဆိုပေမဲ့လဲ အဆင်ပြေပါတယ်လေ
ဒီအတိုင်းသူမသိတာတွေကိုသင်ပေးလိုက်ရုံပေါ့
"ကောင်းပြီ"
သူမအခန်းက ဘေးမှာ ရေကန်ရှိပြီး စိမး်စိုတဲ့သစ်ပင်တွေလဲရှိတာမို့ အဆင်ပြေတယ်
သူမ သစ်ပင်တစ်ခုက သစ်ရွက်တွေကိုချွေယူလိုက်ပြီး ကျောင်းသားတစ်ယောက်ကို တရွက်နှုန်း ပေးလိုက်တယ်
"ကဲ ဘယ်နည်းလမ်းပဲသုံးသုံး သစ်ရွက်ကိုညိုးမသွားစေနဲ့ မနက်ဖြန်ပြန်ဆုံရင် ဒီအတိုင်းပဲ ပြန်မြင်ချင်တယ် ဘယ်လိုနည်းလမ်းနဲ့ပဲဖြစ်ဖြစ် မညိုးစေနဲ့နော် "
ကျောင်းသားများ။ ။ "............"
တုကူးရှန်း။ ။ "ခွီးးးးးးး"
နားမလည်တဲ့မျက်နှာပေးတွေနဲ့ကျန်ခဲ့တဲ့ကျောင်းသားတွေကိုသူမထားခဲ့လိုက်ပြီး အခန်းအပြင်ဘက်က သူမကိုလေ့လာစိတ်ဖြာခွဲခြမ်းနေတဲ့ တုကူရှန်းဆီ သူမထွက်လာခဲ့တယ်
"ကြည့်လို့ကောင်းလား"
သူမမျက်စောင်းခဲပြီးမေးလိုက်တော့ ရယ်ချင်ပက်ကျိဖြစ်နေတဲ့တုကူးရှန်းက မျက်နှာပိုးသတ်လိုက်ကာ ခေါင်းညိတ်ပြတယ်
"လာကျေိာင်းဈေးသွားကြမယ် ကျွန်မ မသွားတတ်လို့လိုက်ပို့ဦး"
"ကောင်းပြီလေ"
တုကူးရှန်း နန်းတော်ထဲက စာရွက်စာတမ်းတွေထဲခေါင်းနှစ်နေလောက်မဲ့ညီတော်ကို မြင်ယောင်ကာ ပြုံးလိုက်ပြီး ကျူးလစ်နဲ့အတူ ကျောင်းဈေးတန်းတွေရှိရာကိုပါသွားတော့တယ်
......✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️
Alinkar nang
Zgicode...
Unicode
Lengend of Spring goodness
အပိုင္း(၁၄)သူမကို နာခံမူ႔ရွိစြာျဖင့္
"မင္းဘယ္သူလဲ ဘာလို့ဆရာေတြထိုင္တဲ့ထိုင္ခုံမွာထိုင္ေနရတာလဲ အခုခ်က္ခ်င္းထြက္သြား"
"ဟုတ္တယ္ ဟုတ္တယ္"
"ဆရာအသစ္ျဖစ္ခ်င္ျဖစ္မွာေပါ့"
"မင္း႐ူးေနလား ဒီတစ္ေယာက္သာဆရာဆိုရင္ ငါရဲ့အေဖက တိုင္းျပည္ရဲ့ဘုရင္ပဲ ေသးေသးငယ္ငယ္ေလးကို ဘယ္လိုဆရာျဖစ္နိုင္မွာလဲ ေက်ာင္းသူအသစ္လားမွမသိတာ"
"အင္း ျဖစ္နိုင္ေလာက္တယ္ ေဟ့ ေက်ာင္းသူအသစ္ ေနာက္ခုံကိုလာထိုင္ ျပသနာမရွာနဲ႔"
"ေနစမ္းပါဦး ငါတို့ကိုလုပ္ႀကံတဲ့ ေခြးသူေတာင္းစားကဘယ္သူလဲ ဟမ္"
"ဟုတ္တယ္ အဲ့ေကာင္ ဘယ္မွာလဲ"
"ရွာၾကစမ္းကြာ"
"ဟုတ္ ......."
က်ဴးလစ္ကေခါင္းေတာင္ကိုက္သြားေတာ့မလိုပဲ ဒီကလူေတြဘာေၾကာင့္မ်ား သူမငယ္ရြယ္ၿပီးေသးသြယ္ေနတာကိုပဲအျပစ္ဖြဲ႕ေနၾကတာတုန္း
ေမာ္ဒန္ေခတ္မွာ သူမအသက္ဆယ္ငါးႏွစ္ဆို ထိပ္တန္းေၾကးစားအဖြဲ႕ဝင္ေတြထဲကတစ္ေယာက္ျဖစ္ေနၿပီ
ဒီလိုပိစိေညႇာင့္ေတာက္ကိုယ္ထဲဝင္စားရတာေတာင္စိတ္ညစ္ေနပါတယ္ဆို
သူတို့ကတမ်ိဳးၿပီးတမ်ိဳး
မၿပီးနိုင္မစီးနိုင္ေတြ
သူမကိုေျပာၿပီးတာနဲ႔ အားလုံးက ဆူညံပြက္ေလာရိုက္သြားျပန္ကာ ရန္ဆက္ျဖစ္ေနၾကေတာ့တယ္
သူမဒီေက်ာင္းမွာဆရာဝင္လုပ္ျဖစ္တာကိုေတာင္ ေနာင္တရခ်င္သြားတယ္
တုကူးရွန္း သူမရဲ့စိတ္ညစ္ေနတဲ့မ်က္ႏွာေပးေလးကိုၾကည့္ကာ အသာခိုးရယ္လိုက္တယ္
သူမ မနိုင္ဘူးဆိုတာ ခပ္ရွားရွား
အခုလိုသူမကိုအနိုင္က်င့္ၾကမဲ့သူေတြေပၚလာေတာ့ ျပဇတ္ေကာင္းေကာင္းၾကည့္ေနရသလို မ်က္ေတာင္မခတ္မိေတာ့ဘူး
က်ဴးလစ္ သူမရဲ့ခံနိုင္ရည္ေတြကုန္ဆုံးသြားခဲ့တာေၾကာင့္ ရန္ျဖစ္ေနၾကတဲ့ကေလးေတြဆီသြားကာ အကုန္လုံးကိုေလေပၚပစ္တင္ၿပီး တစ္ေယာက္တေနရာစီလူစုခြဲထားလိုက္ေတာ့တယ္
အဲ့ဒိအခါမွ ေၾကာက္လန႔္စိတ္ရွိပုံေပၚလာတဲ့ သူမရဲ့တပည့္မိုက္ေတြဟာ သူမကိုေၾကာင္ၾကည့္ၿပီး တိတ္ဆိတ္သြားၾကေတာ့တယ္
"အားလုံးပဲ တို့က ဒီအခန္းကိုတာဝန္ယူသင္ၾကားေပမဲ့ က်ဴးလစ္ျဖစ္တယ္ မင္းတို့ကိုအဓိကသင္ၾကားေပးမွာက သစ္သားစြမ္းအင္အေၾကာင္းပဲ မင္းတို့စိတ္မဝင္စားဘူး မတက္ခ်င္ဘူးဆိုရင္ တျခားအခန္းကိုသြားၾက စိတ္ပါၿပီးအမွန္တကယ္တက္ေျမာက္ခ်င္တဲ့သူကိုပဲ သင္ၾကားေပးမွာ အရွုပ္ေတြလုပ္ဖို့စဥ္းစားေနရင္ ဟိုေျခာက္ေယာက္ကိုေတြ႕လား အတန္းမၿပီးမခ်င္းအဲ့လို ေခါင္မိုးမွာေတာက္တဲ့လိုကပ္ခိုင္းထားမယ္ ရွင္းတယ္ေနာ္ သိခ်င္တာရွိရင္ေမးၾက"
သူမကိုယ္ကေသးတယ္ဆိုေပမဲ့ သူမရဲ့ခ်ိဳၿမိန္တဲ့အသံက အခနး္ထဲမွာဟိန္းထြက္လာတယ္
သူမကိုယ္သူမလန႔္သြားေပမဲ့ ဒါဟာ ဆရာေတြသက္သာေအာင္ျပဳလုပ္ထားေပးတဲ့အစီအရင္တခုတပ္ဆင္ထားလို့ဆိုတာကို ခန႔္မွန္းၿပီးတာနဲ႔ သူမစိတ္မလွုပ္ရွားေတာ့
တခုပဲ သူမေရွ႕က ေက်ာင္းသားေက်ာင္းသူေတြဟာ သူမကိုျပဴးက်ယ္တဲ့မ်က္စိ ေဟာင္းေလာင္းပြင့္ေနတဲ့ပါးစပ္အက်ယ္ႀကီးေတြနဲ႔ ဘာမွမေျပာပဲတိတ္ဆိတ္ေနၾကတယ္
သူမစိတ္အေႏွာင့္အယွက္ျဖစ္သြားခဲ့တယ္
ေစာနကဆူညံၿပီးစည္းမရွိကမ္းမရွိေအာ္ဟစ္ေသာင္းက်န္းေနၾကတာဘယ္သူေတြတုန္း
အခုက်ေတာ့ အကုန္အသြားၾကၿပီလား
သူမေၾကာင့္လား?
နားမလည္နိုင္စြာေတြးလိုက္ၿပီး နရံေပၚမွာကပ္ေနတဲ့ေျခာက္ေယာက္ကိုလဲ ခံုေပၚျပန္ခ်ေပးလိုက္တယ္
ခနၾကာေတာ့ ေနာက္ဆုံးကေခ်ာင္မွာကပ္ေနတဲ့ေက်ာင္းသားတစ္ေယာက္ေခါင္းေထာင္လာကာ ထစ္ထစ္ေငါ့ေငါ့ျဖစ္ေနတဲ့အသံနဲ႔ ဝမ္းပိတ္ေနသလို တုန္ရီစြာေမးလာခဲ့တယ္
"က်ဴးရွီက တကယ္ သစ္သားစြမ္းအင္အေၾကာင္းသင္ေပးမွာလား"
"ဒီ႐ုပ္ကိုေနာက္ေနတယ္ထင္လား"
ေၾကာက္လန႔္ေနတဲ့ေက်ာင္းသားက ေခါင္းကိုပုတ္သင္ညိဳလိုတဆတ္ဆတ္ခါကာ ေခ်ာင္ထဲျပန္ဝင္သြားေတာ့တယ္
ေနပါဦး ဒိေကာင္ေလးကိုငါျမင္ဖူးေနပါတယ္
ေဟာ ေက်ာင္းအဝင္ဝမွာေတြ႕တဲ့တစ္ေယာက္မဟုတ္လား
"မင္းပဲ "
"ဟုတ္ ဟုတ္ ကၽြန္ေဝာာ္ပါ"
ဒါဆို သူမကိုမယားငယ္အျဖစ္ထားခ်င္တဲ့ကိုယ္ေတာ္ေခ်ာေလးကဘယ္မွာပါလိမ့္
ၾကည့္ရတာ ႏွစ္ႀကီးသမားဆိုေတာ့ အတြင္းစည္းတပည့္ျဖစ္ေလာက္ၿပီေနမယ္
ထန္းယြမ္ေက်ာင္းေတာ္မွာ အျပင္စည္းနဲ႔အတြင္းစည္းဆိုၿပီး ႏွစ္မ်ိဳးခြဲထားတယ္
အျပင္စည္းတပည့္ေတြဟာ ႏွစ္သစ္ေက်ာငး္သားေတြျဖစ္ၿပီး အေထာက္အပံ့နဲနဲသာရၾကတယ္
သုံးႏွစ္တာကာလရဲ့အဆုံးသတ္မွာ လုပ္ေဆာင္မူ႔အေပၚေပးအပ္ထားတဲ့ရမွတ္ေတြေပၚမူတည္ၿပီး အတြင္းစည္းတပည့္အျဖစ္အေရြးခ်ယ္ခံၾကရတယ္
ခၽြင္းခ်က္အေနနဲ႔ အျပင္စည္းတပည့္အျဖစ္ေနရတဲ့သုံးႏွစ္ကာလမၿပီးဆုံးခင္ ထူးခၽြန္လြန္းတယ္ဆိုရင္ေတာ့ သတ္မွတ္ကာလမတိုင္ခင္အတြင္စည္းတပည့္အျဖစ္လဲလက္ခံတတ္ၾကတယ္
သူမကေတာ့ အျပင္စည္းတပည့္ေတြကိုသင္ၾကားေပးရသူျဖစ္ၿပီး အတြင္းစည္းမ်ာသင္ၾကားရတဲ့ဆရာေတြကေမာက္မာလြန္းၾကတယ္လို့ၾကားဖူးလို့ သူမ အတြင္းစည္းဆရာမျဖစ္ခ်င္
ဒိအတိုင္း သူမရည္မွန္းခ်က္ျပည့္ေျမာက္ရင္ ဒီေက်ာင္းေတာ္ကထြက္ခြာသြားမွာမို့ သူမတာဝန္သူမေက်ပြန္ေအာင္သာ ထမ္းေဆာင္လိုတယ္
အခုလိုတပည့္ဆိုးဆိုးေတြရထားေပမဲ့လို့ေပါ့
"ဒါဆို ဆရာမက သစ္သားစြမ္းအင္သုံးတဲ့စြမ္းအားရွင္လား"
ေက်ာင္းသူေလးတစ္ေယာက္က သူမကို အေၾကာက္အလန႔္မရွိေမးျမန္းလာခဲ့တယ္
က်ဴးလစ္ သင္ခန္းစာေတြကိုမသင္ခင္ တပည့္ေတြရဲ့ယုံၾကည္မူ႔ရထားမွ အဆင္ေျပမွာမို့ စိတ္ရွုပ္ေနတာကိုေနာက္ထားၿပီး ရွင္းျပေပးရေတာ့တယ္
"မဟုတ္ဘူးမွားတယ္ ေလ ေရ သစ္သား သုံးမ်ိဳးပဲ ဝင္လာစက သုံးလိုက္တာက သစ္သားနဲ႔ေလ စြမ္းအား ဟိုေျခာက္ေကာင္ကို ေလေပၚပစ္တင္လိုက္တာက ေလစြမ္းအင္ပဲ "
"ဒါဆို ေရစြမ္းအင္ကေရာ "
က်ဴးလစ္ ျပတင္းေပါက္အျပင္မွာရွိတဲ့ေရအိုင္ကိုေမးေငါ့ျပလိုက္တယ္
႐ုတ္ခနဲ အခန္းထဲက တပည့္ေတြအားလုံး ျပတင္းေပါက္မွာတစ္စုကုန္ၾကတယ္
က်ဳးလစ္သူမရဲ့လက္ကိုအသာအယာမကာ ေဝ့ရမ္းလိုက္တာနဲ႔ ေရကန္ထဲကေရေတြဟာအေပၚကိုေျမာက္တက္လာၿပီး ေရနဂါးပုံေပၚလာကာ ႏွုတ္ခမ္းေမႊးတကားကားနဲ႔ေကာင္းကင္ေပၚထိုးတက္သြားခဲ့တယ္
ေနာက္ေတာ့ က်ဴးလစ္သူမရဲ့လက္ကိုေအာက္ျပန္ခ်လိုက္ေတာ့ ေကာင္းကင္ေပၚထိူးတက္သြားတဲ့ေရနဂါးဟာလဲေပါက္ကြဲသြားကာ မိုးေရစက္အျဖစ္ ျပန္လည္က်ဆင္းလာခဲ့ေလတယ္
အတန္းထဲကလူေတြအားလုံးသူမကိုမယုံနိုင္သလိုအခ်ိန္ခနေလာက္ ျပဴးၾကည့္ေနၾကၿပီး အားလုံးပဲ သြက္လက္စြာ ထိုင္ခုံေတြမွာအသီးသီးဝင္ထိုင္လိုက္ၾကကာ တညီတညြတ္ထဲေျပာလာၾကေလတယ္
"ဒီအတန္းမွာပဲ က်ဴးရွီနဲ႔သင္ပါမယ္ "
သူမတပည့္ေလးေတြရဲ့တက္ႂကြမူ႔ကို က်ဴးလစ္ျမင္လိုက္ရေတာ့ မ်က္ႏွာတခုလုံးမဲ့ရြဲ႕သြားေပမဲ့ အသာအယာေခါင္းညိတ္ကာ သေဘာတူလိုက္တယ္
သူမထင္တာ တစ္ေယာက္ေလာက္က်န္ခဲ့ရင္ကံေကာင္းလို့
ဝင္လာထဲက ျပသနာရွာၿပီး ဖိအားေပးဆက္ဆံတတ္တဲ့ဆရာေတြကိုမွ ဒီကေလးေတြကသေဘာက်တာလား
နဲနဲထူးဆန္းေနတယ္ဆိုေပမဲ့လဲ အဆင္ေျပပါတယ္ေလ
ဒီအတိုင္းသူမသိတာေတြကိုသင္ေပးလိုက္႐ုံေပါ့
"ေကာင္းၿပီ"
သူမအခန္းက ေဘးမွာ ေရကန္ရွိၿပီး စိမး္စိုတဲ့သစ္ပင္ေတြလဲရွိတာမို့ အဆင္ေျပတယ္
သူမ သစ္ပင္တစ္ခုက သစ္ရြက္ေတြကိုေခၽြယူလိုက္ၿပီး ေက်ာင္းသားတစ္ေယာက္ကို တရြက္ႏွုန္း ေပးလိုက္တယ္
"ကဲ ဘယ္နည္းလမ္းပဲသုံးသုံး သစ္ရြက္ကိုညိဳးမသြားေစနဲ႔ မနက္ျဖန္ျပန္ဆုံရင္ ဒီအတိုင္းပဲ ျပန္ျမင္ခ်င္တယ္ ဘယ္လိုနည္းလမ္းနဲ႔ပဲျဖစ္ျဖစ္ မညိဳးေစနဲ႔ေနာ္ "
ေက်ာင္းသားမ်ား။ ။ "............"
တုကူးရွန္း။ ။ "ခြီးးးးးးး"
နားမလည္တဲ့မ်က္ႏွာေပးေတြနဲ႔က်န္ခဲ့တဲ့ေက်ာင္းသားေတြကိုသူမထားခဲ့လိုက္ၿပီး အခန္းအျပင္ဘက္က သူမကိုေလ့လာစိတ္ျဖာခြဲျခမ္းေနတဲ့ တုကူရွန္းဆီ သူမထြက္လာခဲ့တယ္
"ၾကည့္လို့ေကာင္းလား"
သူမမ်က္ေစာင္းခဲၿပီးေမးလိုက္ေတာ့ ရယ္ခ်င္ပက္က်ိျဖစ္ေနတဲ့တုကူးရွန္းက မ်က္ႏွာပိုးသတ္လိုက္ကာ ေခါင္းညိတ္ျပတယ္
"လာေက်ိာင္းေဈးသြားၾကမယ္ ကၽြန္မ မသြားတတ္လို့လိုက္ပို့ဦး"
"ေကာင္းၿပီေလ"
တုကူးရွန္း နန္းေတာ္ထဲက စာရြက္စာတမ္းေတြထဲေခါင္းႏွစ္ေနေလာက္မဲ့ညီေတာ္ကို ျမင္ေယာင္ကာ ျပဳံးလိုက္ၿပီး က်ဴးလစ္နဲ႔အတူ ေက်ာင္းေဈးတန္းေတြရွိရာကိုပါသြားေတာ့တယ္
......✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️
Alinkar nang
You are reading the story above: TeenFic.Net