စာစဉ်(၁)အပိုင်း(8)‌zgi&uni

Background color
Font
Font size
Line height

Lengend of spring goodness

အပိုင်း(8) တွေ့ဆုံခြင်းမှာလွမ်းမောစွာ

ပါးလျှသော ခန်းစီးစကိုအလှပ် အခန်းငါးထဲမှာရှိတဲ့မိန်းမပျိုလေးရဲ့ပုံပန်းအမှန်ကို အပြင်ထွက်ကြည့်နေကြတဲ့ တချို့သောသူတွေဟာမြင်ခွင့်ရခဲ့လေတယ်

"အရမ်းလှတယ် "

"အယ် ချွေမိသားစုက အမှိုက်မ မဟုတ်လား"

"မင်းဘာသိလို့လဲ ချွေမိသားစုအမည်ကိုမခံယူတော့ဘူးလို့တရားဝင်ကြေငြာထားတယ်လေ "

"တော်တော်တော့လှသားဟ"

ကျူးလစ်တကယ်လှတယ်

အထူးသဖြင့် သူမရဲ့မျက်နှာထက်မှာအပြစ်ကင်းတဲ့အပြုံးတွေိကိုဆင်မြန်းထားတဲ့အချိန်မှာပေါ့

ခန်းစီးစကိုလှပ်ပြီးဝင်လာခဲ့တဲ့ လူငယ်လေးဟာလဲ ကျုးလစ်ရဲ့အလှကိုမြင်တော့ငေးမောနေမိတော့တယ်

တဆက်ထဲတွေးမိတာတော့ သူရွှေတုံးငါးသောင်းပေးရတာ အလကားမဖြစ်ဘူးဆိုတာရောပေါ့

လာလိုင်းနန်းမြို့တော်မှာ မိန်းမချော မိန်းမလှတွေပေါပါတယ်

ဒါပေမဲ့ သူမလိုပင်ကိုယ်အလှနဲ့ ပုလဲလိုဖြူစွတ်တဲ့အသားအရေ ကြယ်လေးတွေလိုလင်းလက်နေတဲ့မျက်ဝန်းပိုင်ရှင်မျိုး‌ကတော့ ရှားပါးလှတယ်

‌အပြစ်ကင်းတဲ့မျက်နှာလှလှလေးထက်မှာ ပျင်းရိဟန် မာနကြီးဟန် နဲ့ ဘယ်အရာကိုမှမကြောက်ရွံ့တဲ့စိတ်အချို့က ပန်းချီကားတချက်ကိုကြည့်ရှူ့ရသလိုပင်

ပိုအနုစိတ်ကြည့်လေ လျို့ဝှက်ချက်များကိုပိုသိလာရလေ

အဲ့ဒီလိုခံစားချက်မျိုးပေးစွမ်းနိုင်တဲ့မိန်းကလေးမျိုးဟာ လာလိုင်းနန်းမြို့တော်မှာ အနဲအကျဉ်းသာရှိနိုင်တယ်

ပြီးတော့ သူမက အပျိုစင်လေး

နှစ်ကိုယ်တူကျင့်ကြံဖို့အတွက်အကောင်းဆုံးအရွယ်မှာလဲရောက်နေတယ်

ရတနာသိုက်ကြီးရလိုက်သလိုပါပဲ

ရွှေတုံးငါးသောင်း?

ဒီမိန်းကလေးနဲ့သာအဆင်ပြေမယ်ဆို

အဲ့တန်္ဖိုးက နည်းတောင်နည်းနေဦိးမှာ

"ဒီသခင်လေးက ရဲ့မျိုးနွယ်က ရဲ့ဟန်ပါ ဒီကမိန်းကလေးရဲ့နာမည်လေးများသိခွင့်ရှိမလား"

သူအခန်းထဲရောက်သွားခဲ့ပေမဲ့ တချက်တောင်မော့မကြည့်မလာတဲ့သူမက

"ချွန်းဟွား"

"ချွန်းဟွားမိန်းကလေး အခုလိုဆုံတွေ့ရလို့ဝမ်းသာပါတယ် "

"အင်း ရန်ကျင်း ဒီကသခင်လေးကိုပြန်ပို့ပေးလိုက်"
"အာ ချွန်းဟွားမိန်းကလေး ဒီသခင်လေးက အခုမှရောက်တာလေ "
"မျက်နှာကိုကြည့်ဖို့ ရွှေတုံးငါးသောင်းပေးထားတာမဟုတ်လား "
"အာ အဲ့ဒါက ဒါဆို နောက်ဆုံးအနေနဲ့ တခုသိပါရစေ ချွန်းဟွားမိန်းကလေးမှာ နှစ်ကိုယ်တူကျင့်ကြံမဲ့အဖော်ရှိပြီလား"
"ရှင်က ရှင့်ကိုယ်ရှင် ကျွန်မရဲ့နှစ်ကိုယ်တူကျင့်ကြံမဲ့အဖော်ဖြစ်နိုင်တယ်လို့များစဉ်းစားထားတာလား တန်ဝာယ်လို့ကောထင်လား"
"အာ မိန်းကလေးမသိလို့ ဒီသခင်လေးက ရဲ့ကလန်ရဲ့ အတော်ဆုံးမျိုးဆက်တွေထဲကတစ်ယောက်ပါ ရဲ့ကလန်ကိုသာ မိန်းကလေးဝင်လာမယ်ဆိုရင် အနာဂတ်မှာ ပိုပြီးကျော်ကြားလာဖို့ပဲရှိတော့တယ် အရမ်းကောင်းတဲ့ကမ်းလှမ်းမူ့ပါ ကျေးဇူးပြုပြီး ချွန်းဟွားမိန်းကလေးစဉ်းစား‌ပါဦး"
"ဒါဆိုရှင်က ဓါတ်စွမ်းအင်ကိုဘယ်နှမျိုးသုံးနိုင်လဲ "
"ရဲ့ကလန်က မီးစွမ်းအင်အခြေပြုကလန်ပါ "
"ဆိုလိုတာက မီးစွမ်းအင် တစ်မျိုးပဲပေါ့"
"ဟုတ်ပါတယ် "

ကျုးလစ်သူမရှေ့ကလူငယ်ကိုမော့ကြည့်လိုက်တယ်

သူမလက်ကိုဖြန့်လိုက်ကာ လက်ထဲမှာပဲ ရေစွမ်းအင်ကိုကိုယ်စားပြုတဲ့အပြာရောင်အလုံးလေးနဲ့ သစ်သားစွမ်းအင်ကိုကိုယ်စားပြုတဲ့အစိမ်းရောင်အလုံးလေးနှစ်လံုးဟာ လှပစွာပျံဝဲလို့နေတယ်

သူမဓါတ်စွမ်းအင်ငါးမျိုးလုံးသုံးနိုင်တယ်ဆိုတာကိုတော့ လျို့ဝှက်ထားရလိမ့်မယ်

ဒီနေရာကိုကူးပြောင်းလာပြီးထဲက အေးအေးဆေးဆေးငြိမ်းငြိမ်းချမ်းချမ်းနဲ့သိုသိပ်စွာသာနေဖို့ဆုံးဖြတ်ထားတယ်

ဓါတ်စွမ်းအင်နှစ်မျိုးသုံးနိုင်တာ လာလိုင်းနန်းမြို့တော်မှာ သူမတစ်ယောက်ထဲမဟုတ်လို့ သိပ်မသိသာပေမဲ့ သူမဓါတ်စွမ်းအင်ငါးမျိုးလုံးသုံးနိုင်တယ်ဆိုတာကိုအဖွဲ့အစည်းတွေသိရှိသွားရင် ပစ်မှတ်ကသူမဖြစ်လာနိုင်တယ်

အဲ့ဒီအခါ သူမရဲ့ငြမ်သက်စွာနေလိုတဲကနေ့ရက်တွေဟာလဲအဆံုးသတ်သွားလိမ့််မယ်

"ကဲ အခုရော ရှင်က ကျွန်မရဲ့နှစ်ကိုယ်တူကျင့်ကြံဖော်ဖြစ်ဖို့ အရည်အချင်းရှိတယ်ထင်သေးလား"
"........."

ဒိမိန်းကလေး မာနကြီးတယ် မောက်မာတယ် မောက်မာသင့်တယ် မာနကြီးသင့်တယ် အားလုံးထက်သာလွန်တဲ့အရည်အချင်းလဲရှိတာကိုး

ရဲ့ဟန် ချက်ချင်းလက်သီးစုပ်ကာတောင်းပန်လိုက်တယ်

သူ မောက်မာလို့ရတယ် ထင်ရာစိုင်းလို့ရတယ် ဒါပေမဲ့ သူ့ထက်သာတဲ့ပါရမီရှင်ရှေ့မှာတေ့ာ သူဟာ သူမခြေဖျားလောက်က ပုရွက်ဆိတ်သာသာပဲ

"ဒီက ချွန်းဟွားသခင်မလေးကိုတောင်းပန်ပါတယ် ကျွန်တော်က ကိုယ့်အဆင့်ကိုယ်မသိပဲပစ်မှားမိတယ် ဒါပေမဲ့ ချွန်းဟွားမိနး်ကလေး တကယ်လို့ ရဲ့ကလန်ကိုဝင်ရောက်လာမယ်ဆိုရင် ကျွန်တော်တို့ ရဲ့ကလန်က ချွန်းဟွားမိန်းကလေးလိုအပ်တဲ့အရာတွေကိုထောက်ပံပေးမြဲအပြင် ချွန်းဟွားမိန်းကလေးကိုလဲ သေချာစောင့်ရှောက်ပေးမှာပါ ချွန်းဟွားမိန်းကလေးက ရန်သူတွေရဲ့ကလန်ကိုလာတိုက်ခိုက်တြဲအခါ ပူးပေါင်းပြီးဖြေရှင်းပေးရင်ရပါပြီ"
"အို့ ဟုတ်ပါပြီ စဉ်းစားလိုက်ပါမယ်"
"ရဲ့ကလန်က လာလိုင်းနန်းမြို့တော်ရဲ့အနောက်ယွန်းယွန်းမှာရှိပါတယ် ချွန်းဟွားမိန်းကလေး လမ်းကြုံရင်ဝင်လည်ပါဦး ဒါက ဧည့်အကြီးအကဲတံဆိပ်ပါ ဒီတံဆိပ်နဲ့ ရဲ့ကလန်ကဖွင့်ထားတဲ့ဆိုင်တွေမှာဝယ်ယူရင် နှစ်ဆယ်ရာခိုင်နှုန်းလျော့ပေးမှာပါ "

ရဲ့ဟန်က သူ့လက်ထဲက အနီရောင်တောက်နေတဲ့တံဆိပ်လေးကို တရိုတသေနဲ့ ကျူးလစ်ဆီလှမ်းလာခဲ့တယ်

ကျူးလစ်မယူသေးပဲ ရန်ကျင်းကိုမျက်လုံးလှန်ကြည့်လိုက်တော့ ရန်ကျင်းကလဲ အလိုက်သိစွာနဲ့ တံဆိပ်ကိုယူကာ ကျုးလစ်လက်ထဲထည့်လိုက်တယ်

ရဲ့ကလန်ရဲ့ ဧည့်တံဆိပ်ဟာ ချော်ရည်‌ေကျာက်နဲ့လုပ်ထားပြီး အနဲငယ်လေးလံတယ်

ရဲ့ဟန်ကတော့ တံဆိပ်ပေးပြီးတာနဲ့ ကျူးလစ်ကိုဦးညွတ်ကာ အခနး်နံပါတ်ငါးကနေ လူထွားကြီးတွေခြံရံကာပြန်လည်ထွက်ခွာသွားတော့တယ်

ကျုးလစ် ကျသင့်ငွေ ရွှေသားသံံုးတုံးကို စားပွဲပေါ်ချလိုက်ပြီး ပြတင်းပေါက်က ခုန်ဆင်းသွားတော့တယ်

ရန်ကျင်းကိုတော့ သက်တန့်ရောင်ခြယ်စံအိမ်ဆီကိုသာပြန်ခိုင်းလိုက်တယ်

သူမကိုနောက်ယောင်ခံလိုက်နေတဲ့လူကိုမျှားထုတ်ဖို့ ရန်ကျင်းကို ဖယ်ရှားလိုက်တာဖြစ်တယ်

တိုက်ခိုက်ကြရမယ်ဆိုရင် ရန်ကျင်းကိုရန်သူကဓားစားခံလုပ်နိုင်ပြီး သူမရဲ့အားနည်းချက်ဖြစ်လာနိုင်တယ်

သူမခုန်ဆင်းသွားပြီး သိပ်မကြာခင်မှာပဲ ယပ်တောင်ကိုကိုင်ထားတဲ့ မိန်းမချောချောတဲ့ကျောက်စိမ်းလိုလူငယ်တစ်ယောက်ဟာ အခနး်ငါးထဲ အဆောတလျင်ဝင်ရောက်လာပြီး ကျူးလစ်ခုန်ချသွားတဲ့ပြတင်းပေါက်က လိုက်ပါခုန်ချသွားတော့တယ်

သူမလိုအမြင်ထက်မြက်တဲ့သူက သူ့ကိုသတိပြုမိတယ်ဆိုတာဖြစ်သင့်ပေမဲ့ သူ့ကို ရန်သူတစ်ယောက်လိုသဘောထားတာကိုတော့ အနဲငယ်အလိုမကျဖြစ်ရတယ်

ညှိနှိုင်းဖို့

တိုက်ခိုက်ဖို့မဟုတ်ဘူး

ညှိနှိုင်းဖို့ပါမိန်းကလေးရေ

တုကူးရှန်း အရိပ်တစ်ခုလိုလျှင်မြန်စွာပျံသန်းနေတယ်

သူက ကောင်းကင် အဆင့်ငါးရောက်နေပြီမို့ အလွယ်တကူပျံသန်းနိုင်တာတောင် သူမရဲ့အရိပ်လေး‌ကိုတောင်မတွေ့ရသေးဘူး

"မြန်လိုက်တာ ဘယ်ရောက်သွားပါလိမ့်"

‌မြို့အစွန်နားကတောအုပ်ထဲကိုရောက်လာ‌ခဲ့ပေမဲ့ အဲ့မိန်းကလေးကိုသူမတွေ့သေး

ဒါကြောင့် ပျံသန်းခြင်းကိုရပ်တန့်လိုက်ပြီး တောအုပ်ထဲကိုခြေချလိုက်တော့တယ်

တကယ်က ကျူးလစ်ဟာ အုပ်ဆိုင်းနေတဲ့ဝါးတောတွေထဲက ဝါးပင်တစ်ပင်ပေါ်မှာရပ်ပြီး သူမ‌နောက်လိုက်လာတဲ့ကောင်လေးတစ်ယောက်ကိုစောင့်ကြည့်နေတာဖြစ်တယ်

သန့်စင်တဲ့အသားအရေ ထူထဲတဲမျက်ခုံး စင်းတဲ့နှာတံနဲ့ ဖူးပြီးနီရဲနေတဲ့နှုတ်ခမ်းတွေ

အဟွန်း မိန်းကလေးထက်တောင်‌လှသေးတယ်

"အပေါ်ကမိန်းကလေး စကားပြောချင်လို့ ဆင်းခဲ့ပါဦး ရန်မပြုပါဘူး မိတ်‌ေဆွဖွဲ့ချင်လို့ပါ"

ထိုသူက ကျုးလစ်ရှိရာကိုမော့ကြည့်ပြီး ‌စကားဆိုလာခဲ့တယ်

သူမရဲ့အသက်ရှူသံတောင် ခနရပ်တန့်ထားတာကို ဘယ်လိုလုပ်သိနေတာလဲ

ကျုးလစ်အံဩသွားခဲ့တယ်

ပြီးတော့ ကျူးလစ် သူ့မျက်နှာပေါ်ကတည်ကြည်ခြင်းတွေကိုလဲတွေ့လိုက်ရတာမို့

အောက်ကိုဆင်းလိုက်ကာ ထိုသူနဲ့မျက်နှာချင်းဆိုင်လိုက်တော့တယ်

"ပြော ဘာလဲ"

"ချွန်းဟွားမိန်းကလေးက သစ်သားစွမ်းအင်ကိုအသုံးချလို့ရတယ်လို့ကြားတယ် အဲ့ဒါကိုအတည်ပြုချင်လို့ပါ"

ကျူးလစ် သူမရဲ့လက်ကိုဝှေ့ရမ်းလိုက်တယ်

ဘေးနားကကြွေကျနေကြတဲ့ဝါးရွက်တွေဟာ လေထုထဲကိုမြောက်တက်လာကြတယ်

သူမရဲ့လက်ကိုအပေါ်မြောက်လိုက်တော့ ဝါးရွက်တွေအားလုံးဟာလဲ အပေါ်ကိုမြင့်တက်လာကြပြီး သူမရဲ့အမိန့်ကိုနာခံဖို့အဆင်သင့်ဖြစ်လို့နေတယ်

ကျူးလစ် သူမရဲ့လက်တွေကို ထိုသူထံညွှန်လိုက်တာနဲ့ ဝါးရွက်တွေရဲ့ဦးတည်ရာက တုကူးရှန်းထံကိုလှည့်လာကြတော့တယ်

အခုတော့ တုကူးရှန်းရဲ့ဘေးပတ်ပတ်လည်မှာ ဝါးရွက်တွေဟာ ဝိုင်းရံနေပြီး တချက်လှုပ်လိုက်တာနဲ့ လည်ပင်း ခေါင်း ရင်ဘတ် ကျောအပြင် အခြားနေရာများကိုထိုးဖောက်သွားတော့မှာပါ

"အာ ချွန်းဟွားမိန်းကလေး ကိုယ်က ‌ေဆွးနွေးချင်တာပါ ကျန်တဲ့စိတ်ကူးမရှိပါဘူး"

ကျူးလစ်က တုကူးရှန်းရဲ့ တည်ငြိမ်တဲ့မျက်နှာထားကိုကြည့်ကာ ကောင်းကင်အဆင့်ကရန်သူတွေကိုရန်မစသင့်ဘူးလို့တွေးလိုက်တယ်

မိတ်ဆွေတစ်ယောက်တိုးလာရင်လဲ အကျိုးရှိတာမို့ သူမညွှန်ထားတဲ့လက်ကို အောက်ချလိုက်တော့တယ်

ဝါးရွက်တွေအကုန်လုံးဟာလဲာမြေပေါ်ပြန်ခသွားကြပြီး အားမရှိစွာလျဲလျှောင်းနေကြရတော့တယ်

ဒိလို အဆင့်မြင့်ကလန်ကလာပုံရတဲ့ လူငယ်က သူမဆီက ဘာကိုလိုချင်တာလဲ

"မိတ်ဆက်ပေးပါရစေ ကိုယ်က တုကူးရှန်းပါ"

တုကူးရှန်း

ဒါက လုလိုင်းနန်းမြို့တော်က မိုးကြိုးမိသားစုရဲ့မျိုးရိုးနာမည်မဟုတ်လား

တုကူးက တော်ဝင်မိသားစုလေ

အဲ့တော့ သူမရှေ့မှာရပ်နေတာက

"လာလိုင်းနန်းမြို့တော်ကိုအုပ်ချုပ်တဲ့ဘုရင်တုကူးရှန်းလား"

"ဟုတ်ပါတယ်"

"ဟမ်"

..
✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️

Alinkar nang

Zgi တင်တဲ့ page က fb acc hack ခံရတော့အပိတ်ခံထားရပါတယ်

ဒါကြောင့် zgi မပါတာပါနော်

ရက်နဲနဲလောက်တော့သီးခံပေးကြပါလို့

Lengend of spring goodness



"အရမ်းလှတယ် "



"တော်တော်တော့လှသားဟ"

ကျူးလစ်တကယ်လှတယ်












ရွှေတုံးငါးသောင်း?





"ချွန်းဟွား"


"ဟုတ်ပါတယ် "


သူမလက်ကိုဖြန့်လိုက်ကာ လက်ထဲမှာပဲ ရေစွမ်းအင်ကိုကိုယ်စားပြုတဲ့အပြာရောင်အလုံးလေးနဲ့ သစ်သားစွမ်းအင်ကိုကိုယ်စားပြုတဲ့အစိမ်းရောင်အလုံးလေးနှစ်လုံးဟာ လှပစွာပျံဝဲလို့နေတယ်




အဲ့ဒီအခါ သူမရဲ့ငြမ်သက်စွာနေလိုတဲကနေ့ရက်တွေဟာလဲအဆုံးသတ်သွားလိမ့်မယ်

"........."



သူ မောက်မာလို့ရတယ် ထင်ရာစိုင်းလို့ရတယ် ဒါပေမဲ့ သူ့ထက်သာတဲ့ပါရမီရှင်ရှေ့မှာတော့ သူဟာ သူမခြေဖျားလောက်က ပုရွက်ဆိတ်သာသာပဲ

"ဒီက ချွန်းဟွားသခင်မလေးကိုတောင်းပန်ပါတယ် ကျွန်တော်က ကိုယ့်အဆင့်ကိုယ်မသိပဲပစ်မှားမိတယ် ဒါပေမဲ့ ချွန်းဟွားမိန်းကလေး တကယ်လို့ ရဲ့ကလန်ကိုဝင်ရောက်လာမယ်ဆိုရင် ကျွန်တော်တို့ ရဲ့ကလန်က ချွန်းဟွားမိန်းကလေးလိုအပ်တဲ့အရာတွေကိုထောက်ပံပေးမြဲအပြင် ချွန်းဟွားမိန်းကလေးကိုလဲ သေချာစောင့်ရှောက်ပေးမှာပါ ချွန်းဟွားမိန်းကလေးက ရန်သူတွေရဲ့ကလန်ကိုလာတိုက်ခိုက်တြဲအခါ ပူးပေါင်းပြီးဖြေရှင်းပေးရင်ရပါပြီ"



ရဲ့ကလန်ရဲ့ ဧည့်တံဆိပ်ဟာ ချော်ရည်‌ကျောက်နဲ့လုပ်ထားပြီး အနဲငယ်လေးလံတယ်

ရဲ့ဟန်ကတော့ တံဆိပ်ပေးပြီးတာနဲ့ ကျူးလစ်ကိုဦးညွတ်ကာ အခန်းနံပါတ်ငါးကနေ လူထွားကြီးတွေခြံရံကာပြန်လည်ထွက်ခွာသွားတော့တယ်

ကျုးလစ် ကျသင့်ငွေ ရွှေသားသုံးတုံးကို စားပွဲပေါ်ချလိုက်ပြီး ပြတင်းပေါက်က ခုန်ဆင်းသွားတော့တယ်




သူမခုန်ဆင်းသွားပြီး သိပ်မကြာခင်မှာပဲ ယပ်တောင်ကိုကိုင်ထားတဲ့ မိန်းမချောချောတဲ့ကျောက်စိမ်းလိုလူငယ်တစ်ယောက်ဟာ အခန်းငါးထဲ အဆောတလျင်ဝင်ရောက်လာပြီး ကျူးလစ်ခုန်ချသွားတဲ့ပြတင်းပေါက်က လိုက်ပါခုန်ချသွားတော့တယ်


ညှိနှိုင်းဖို့











"အပေါ်ကမိန်းကလေး စကားပြောချင်လို့ ဆင်းခဲ့ပါဦး ရန်မပြုပါဘူး မိတ်‌ဆွေဖွဲ့ချင်လို့ပါ"






"ပြော ဘာလဲ"







"အာ ချွန်းဟွားမိန်းကလေး ကိုယ်က ‌ဆွေးနွေးချင်တာပါ ကျန်တဲ့စိတ်ကူးမရှိပါဘူး"






တုကူးရှန်း





"ဟုတ်ပါတယ်"

"ဟမ်"

..
✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️

Alinkar nang

You are reading the story above: TeenFic.Net