စာစဉ်(၁)အပိုင်း(4) zgi&uni

Background color
Font
Font size
Line height

Legend of spring goodness

အပိုင်း(4) အိမ်သို့အပြန်

ကောင်ငယ်လေးကိုခေါ်ကာ သူမစတင်သတိရလာတဲ့အချိန်ကနေရာဖြစ်တဲ့ရေကန်ရှေ့ကိုရောက်လာပြီးနောက် ‌ေြမပြင်ပေါ်အသာအယာသက်ဆင်းလိုက်တယ်

သစ်ပင်များကငုံ့ကိုင်းလာပြီး သူမအတွက်အိပ်ရာသဖွယ်ခင်းပေးတဲ့နေရာမှာဝင်ထိုင်လိုက်ပြီး သူမရဲ့ခြေထောက်များကိုတော့ ရေပြင်တွင်အသာအယာတင်ထားလိုက်တယ်

သူမ‌ခြေထောက်က ရေထဲလဲမဝင်သလို ရေလဲမစိုသွားခဲ့ ဒါက ရေစွမ်းအားဖြစ်တာကြောင့် သူမကစွမ်းအားနှစ်မျိုးနဲ့ပိုင်ရှင်ဖြစ်ကြောင်းပြသလို့နေတယ်

မိုးကြိုးလျှပ်စီးကျက်သရေကုန်းမြေမှာ စွမ်းအားနှစ်မျိုးကိုတပြိုင်နက်ထဲသုံးနိုင်တဲ့သူဟာ ဖီးနစ်ငှက်လိုချီလင်အမွေးတို့လိုရှားပါးလှတယ်

လာလိုင်းနန်းမြို့တော်ကိုအုပ်ချုပ်နေတဲ့ သူတို့ရဲ့အရှင်မင်းကြီးအပြင် စွမ်းအားနှစ်မျိုးကိုသုံးနိုင်တဲ့သူနောက်တစ်ယောက်မရှိခဲ့ဘူး

မျက်စိရှေ့တင် သူအခုလေးတင်ခိုဝင်ခဲ့တဲ့သခင်မလေးကလဲဒီလိုလူမျိူးဆိုတာသိလိုက်ရတော့ သူမှန်ကန်တဲ့လုပ်ရပ်လုပ်ခဲ့တယ်ဆိုတာကိုသိလိုက်ရတော့တယ်

ကျူးလစ်ကတော့ ကောင်ငယ်လေးဘာ‌ေတွးနေလဲဆိုတာကိုစိတ်မဝင်စားဘူး

ဒီနေရာသို့မကူးပြောင်းလာခင်အချိန်ထဲက တိုက်ခိုက်ရေးပညာများအားကျူးလစ်ရင်းနှီးပြီးသားဖြစ်တယ်

ပြီးတော့ ချွေချွန်းဟွားကလဲ စွမ်းအားမနိုးထသေးပေမဲ့ သူမကိုမျော်လင့်ချက်ပုံထားပြီး သေချာသင်ကြားပေးထားခြင်းကိုခံထားရတဲ့သူမို့ ကျူးလစ်အတွက်တော့ ရေကန်အသင့်ကြာအသင့်သာ

သူမရဲ့တိုက်ခိုက်ရေးပညာသက်သက်နဲ့တောင် လူသတ်နိုင်တာမို့ အခူလိုစွမ်းအားတွေပါပေါင်းလိုက်တော့ သူမဟာပိုကြောက်ဖို့ကောင်းလာခဲ့တယ်လေ

နောက်ပြန်လှည့်လို့မရတော့ဘူးဆိုမှတော့ ရှေ့ကိုပဲဆက်ရတော့တာပေါ့

ချွေချွန်းဟွားရဲ့နောက်ဆုံးအမှာစကားမှာပါတဲ့အကြောင်းအရာတွေကိုဖြေရှင်းပြီးတာနဲ့ ဒီကုန်းမြေကနေထွက်ခွာပြီး သူမဘာကြောင့်ဒီနေရာကိုကူးပြောင်းလာရသလဲဆိုတာရဲ့အကြောင်းပြချက်ကိုရှာဖွေတော့မှာဖြစ်တယ်

အဲ့လိုလွပ်လပ်စွာသွားလာနိုင်ဖို့ သူမနောက်မှာအင်အားကြီးအဖွဲ့အစည်းတခုရှိဖို့လိုတယ်

ဒါကြောင့် သူမ‌ကောင်ငယ်လေးကိုခေါ်လာပြီး‌သေချာလေ့ကျင့်ပေးကာ သူမရဲ့ကိုယ်ခွဲလိုဖြစ်လာစေမယ်

အင်အားကြီးတဲ့ဂိုဏ်းတခုတည်ထောင်ပြီး လာလိုင်းနန်းမြို့တော်ကိုလက်ဖဝါးကြားထဲထည့်‌ထားတော့မှာ

ပန်းတိုင်ကဝေးသေးတယ်ဆိုပေမဲ့ လုပ်စရာတွေတော့ပုံနေပြီ

မျက်လုံးပြူးကြီးနဲ့ကြည့်နေတဲ့ ကောင်ငယ်လေးကိုကြည့့်ကာ ကျုးလစ်မေးလိုက်တယ်

"မင်း နာမည်ပြော"

"ရန်ကျင်းပါသခင်မလေး "

"ကောင်းပြီး ငါအခု စွမ်းအားမြင့်ဖို့ကျင့်ကြံလိုက်ဦးမယ် အခုမင်းရဲ့တာဝန်က ဒီနေရာကိုတစ်ယောက်တောင်ဝင်မလာစေနဲ့ အသက်သေရမယ်ဆိုရင်တောင်မှတားရမယ် "
"ဟုတ်ကဲ့ပါ "

က‌ျူးလစ်ရေကန်ထဲငုတ်ဆင်းသွားပြီး ရေအောက်ကြမ်းပြင်မှာခြေထောက်များကိုထပ်ကာထိုင်လိုက်ပြီး စတင်ကျင့်ကြံတော့တယ်

"ချီစုဆောင်းမူ့ အဆင့်လေးလား ဟွန်းမဆိုးပါဘူး "

သူမကူးပြောင်းလာခဲ့ပြီး သတိရလာစဉ်တုန်းက သူမရဲ့ဝမ်‌းဗိုက်နေရာမှာ ‌နွေးထွေးသောစွမ်းအင်စီးကြောင်းလေးနှစ်ခုရှိနေတာကိုသတိထားမိလိုက်တယ်

စွမ်းအားနှစ်မျိုးဖြစ်တာကြောင့် သူမဆီမှာ စွမ်းအင်စီးကြောင‌်းလေးနှစ်မျိုးရှိရမှာဖြစ်ပြီး လေ့ကျင့်ရာမှာလဲ နှစ်မျိုးလုံးစွမ်းအားပြည့်မှီမှသာ အဆင့်တက်မှာဖြစ်လေတယ်

ချီစုဆောင်းမူ့ကအဆင့်ရှစ်ဆင့်ရှိတယ်တဲ့

အဆင့်ပိုမြင့်လေ ပိုအင်အားကြီးမားလေဆိုပဲ

ဒီဘဝမှာတော့ အားလုံးထက်သာလွန်ရမယ် ပြီးတော့ ဘယ်သူကမှ သူမကိုအနိုင်ကျင့်လို့မရစေရဘူး

ဒါကသူမရဲ့ရည်ရွယ်ချက်အစစ်အမှန်ဖြစ်ပြီး သူမသွားရာလမ်းမှာပိတ်ပင်‌တဲ့သူမှန်သမျှကို စာနာမူ့မထားပဲသုတ်သင်ပစ်မှာဖြစ်လေတယ်

ကျူးလစ်မျက်လုံးမှိတ်လိုက်ကာ သူမရဲ့ဒန်ထျန်ထဲကစွမ်းအားတွေကိုအာရုံခံလိုက်တယ်

အပြာရောင်စွမ်းအင်‌စီးကြောင်းနဲ့ အစိမ်းရောင်စွမ်းအင်စီးကြောင်းနှစ်ခုကိုတွေ့လိုက်ရပြီး အပြာရောင်ဟာ ရေ အစိမ်းရောင်ဟာ သစ်သားစွမ်းအင်ဖြစ်တယ်ဆိုတာကိုသူမသဘောပေါက်လိုက်တယ်

သူမအသက်ကိုလေးပင်စွာရှူရှိုက်လိုက်ပြီးရေထုထဲကစွမး်အင်များကိုသူမရဲ့ဒန်ထျန်ထဲဂရုတစိုက်တွန်းပို့လိုက်တယ်

ရေထုထဲမှာရှိနေတဲ့ ရေစွမ်းအင်သာမက သစ်သားစွမ်းအင်ပါသူမရဲ့ဒန်ထျန်ထဲစီးဝင်သွားခဲ့တယ်

နောက်ထပ်အခြားအရောင်တွေပါ ရောပါနေတာကိုသူမတွေ့ရှိလိုက်ပြီ သူမရခဲ့တဲ့ချွေိခွန်းဟွားရဲ့ကိုယ်က ငါးမျိုးသုံးစွမ်းအင်ပိုင်ရှင်ဖြစ်နေတယ်လေ

ဘာကိုမှ အလစ်မပေးပဲ စွမ်းအင်အကုန်လုံးကိုသူမစုပ်ယူကျင့်ကြံနိုင်တယ်လို့ဆိုနိုင်ပေမဲ့လဲ တခုချင်းစီကိုပြည့်မှီအောင်ဖြည့်ရမှာ အဆင့်တက်တာကြာနိုင်ပေမဲ့လဲ အဆင့်တူတွေထဲမှာတော့ ပြိုင်ဘက်ကင်းဖြစ်လိမ့်မယ်

ဥပမာ စွမ်းအားတခုကို ခွက်တလုံးလို့သဘောထားပါစို့

သူမက ငါးမျိုးသုံးစွမ်းအင်ပိုင်ရှင်မို့ ခွက်ငါးလုံးရှိလိမ့်မယ် ခွက်တွေထဲကိုရေအပြည့်ထည့်လိုက်သလို ငါးခွက်လုံးကိုစွမ်းအင်အပြည့်ဖြည့်နိုင်မှ သူမနောက်တဆင့်တက်လို့ရမှာဖြစ်တယ်

‌'ကောင်းပြီလေ အကုန်ပဲကျင့်ကြံလိုက်တာပေါ့ ဒါဆို ဘာပဲလာလာမကြောက်ရတော့ဘူးပေါ့ '

ရေနဲ့မီးဟာရန်သူတွေဖြစ်ပြီး သစ်သားနဲ့မိုးကြိုးဟာ ပနံမသင့်ကြဘူး

အဲ့လိုပေါ့ သူမသာရေစွမး်အင်တခုပဲလေ့ကျင်ထားရင် မီးစွမ်းအားရှင်နဲ့တွေ့တဲ့အခါကျိန်းသေပေါက်ထွက်ပြေးရလိမ့်မယ်

သူမစိတ်ကိုဒုံးဒုံးချလိုက်ကာ သူမရဲ့ဒန်ထျန်ထဲကိုစွမး်အားတွေအပြည့်ဖြည့်လိုက်တော့တယ်

ရေစွမ်းအင် ။ အပြာရောင်
မီးစွမ်းအင်။အနီရောင်
သစ်သားစွမး်အင်။အစိမ်းရောင်
မြေစွမ်းအင်။အဝါရောင်
လေစွမ်းအင်။အဖြူရောင်

သူမရဲ့ဒန်ထျန်မှာ ‌အရောင်ငါးခုကတောက်ပလို့နေတယ်

ဘုန်းးးးးးးးး

သူမရဲ့အကာအရံကျိုးပျက်သွားပြီး ချီစုဆောင်းမူ့ အဆင့်ငါးကိုထိုးဖောက်ဝင်ရောက်သွားခဲ့တော့တယ်

တကိုယ်လုံးပေါ့ပါးနေပြီး သူမကလဲပိုလို့ချောမောလာတယ်

သူမရေကန်ထဲကထွက်လာတော့ ရန်ကျင်းဟာ မတ်တပ်ရပ်လျက် စောင့်ကြပ်ပေးနေဝာာကိုတွေ့လိုက်ရတယ်

"မင်းလုပ်တာကောင်းတယ် မင်းကိုဆုပေးမယ် "

သူမလက်ညိုးနဲ့ ရန်ကျင်းရဲ့ရင်ဘတ်ကပိတ်ဆို့နေတဲ့သွေးကြောတွေကိုထောက်ဖိကာဖွင့်လှစ်ပေးလိုက်တယ်

"အားးးးးးးးး "

ရန်ကျင်း နာကျင်မူ့ကြောင့်ဒူးထောက်ကျသွားပြီး သွေးကြောတွေပွင့်သွားတာကြောင့် ပတ်ဝန်းကျင်က သစ်သားစွမ်းအင်တွေက ရန်ကျင်းရဲ့ကိုယ်ထဲကိုအမှုန်အမွှားလေးတွေအဖြစ်ပြောင်းလဲသွားပြ္ီးဝင်ရောက်သွားတော့တယ်

"ကျွန်တော်တကိုယ်လုံးအားရှိသွားသလိုပဲ "

အတန်ကြာမှ ရန်ကျင်းခေါင်းပြန်ထောင်လာခဲ့တယ် ဒါပေမဲ့ သူရဲ့တကိုယ်လုံးပေါ့ပါးနေတာမို့ သူမကိုကြည့်ကာအံဩတကြီးနဲ့စကားဆိုလာလေတယ်

"ဝါးးးးး အရမ်းမိုက်တာပဲ"

"လာသွားကြစို့"

"ဘယ်ကိုလဲသခင်မလေး "

"အိမ်ပြန်ပြီး ခေွျအိမ်‌‌ေတာ်ကိုမြေသွားလှန်ကြမယ်လေ "

"ချွေအိမ်တော်? အာ..... သခင်မလေးက ချွေအိမ်တော်ကလား "

"ဟုတ်တာပေါ့ အသုံးမကျတဲ့အမှိုက်ဆိုတာငါပဲလေ "

"သခင်မလေးမှ အမှိုက်ဆိုရင် သူတို့အကုန်လုံးက ဝက်စာတွေဖြစ်လိမ့်မယ်"

"ပြောတာကောင်းတယ် လာခဲ့ ဝက်စာတွေကိုသွားရှင်းကြစို့"

ရန်ကျင်းရဲ့လက်ကိုကိုင်ကာ အမြင့်ကိုပျံသန်းသွားတဲ့ကျူးလစ်တို့ဟာ လေထုထဲမှာတင်ပျောက်ကွယ်သွားခဲ့‌တော့တယ်

........✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️

Alinkar nang

Legend of spring goodness


ကောင်ငယ်လေးကိုခေါ်ကာ သူမစတင်သတိရလာတဲ့အချိန်ကနေရာဖြစ်တဲ့ရေကန်ရှေ့ကိုရောက်လာပြီးနောက် ‌မြေပြင်ပေါ်အသာအယာသက်ဆင်းလိုက်တယ်





မျက်စိရှေ့တင် သူအခုလေးတင်ခိုဝင်ခဲ့တဲ့သခင်မလေးကလဲဒီလိုလူမျိုးဆိုတာသိလိုက်ရတော့ သူမှန်ကန်တဲ့လုပ်ရပ်လုပ်ခဲ့တယ်ဆိုတာကိုသိလိုက်ရတော့တယ်

ကျူးလစ်ကတော့ ကောင်ငယ်လေးဘာ‌တွေးနေလဲဆိုတာကိုစိတ်မဝင်စားဘူး










မျက်လုံးပြူးကြီးနဲ့ကြည့်နေတဲ့ ကောင်ငယ်လေးကိုကြည့်ကာ ကျုးလစ်မေးလိုက်တယ်

"မင်း နာမည်ပြော"

"ရန်ကျင်းပါသခင်မလေး "

"ဟုတ်ကဲ့ပါ "











သူမအသက်ကိုလေးပင်စွာရှူရှိုက်လိုက်ပြီးရေထုထဲကစွမ်းအင်များကိုသူမရဲ့ဒန်ထျန်ထဲဂရုတစိုက်တွန်းပို့လိုက်တယ်








အဲ့လိုပေါ့ သူမသာရေစွမ်းအင်တခုပဲလေ့ကျင်ထားရင် မီးစွမ်းအားရှင်နဲ့တွေ့တဲ့အခါကျိန်းသေပေါက်ထွက်ပြေးရလိမ့်မယ်

သူမစိတ်ကိုဒုံးဒုံးချလိုက်ကာ သူမရဲ့ဒန်ထျန်ထဲကိုစွမ်းအားတွေအပြည့်ဖြည့်လိုက်တော့တယ်

ရေစွမ်းအင် ။ အပြာရောင်
မီးစွမ်းအင်။အနီရောင်
သစ်သားစွမ်းအင်။အစိမ်းရောင်
မြေစွမ်းအင်။အဝါရောင်
လေစွမ်းအင်။အဖြူရောင်


ဘုနျးးးးးးးးး






"အားးးးးးးးး "

ရန်ကျင်း နာကျင်မူ့ကြောင့်ဒူးထောက်ကျသွားပြီး သွေးကြောတွေပွင့်သွားတာကြောင့် ပတ်ဝန်းကျင်က သစ်သားစွမ်းအင်တွေက ရန်ကျင်းရဲ့ကိုယ်ထဲကိုအမှုန်အမွှားလေးတွေအဖြစ်ပြောင်းလဲသွားပြ်ီးဝင်ရောက်သွားတော့တယ်



"ဝါးးးးး အရမျးမိုကျတာပဲ"

"လာသွားကြစို့"

"ဘယ်ကိုလဲသခင်မလေး "

"အိမ်ပြန်ပြီး ချွေအိမ်‌‌တော်ကိုမြေသွားလှန်ကြမယ်လေ "






........✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️

Alinkar nang

You are reading the story above: TeenFic.Net