စာစဉ်(၁)အပိုင်း(13) zgi&uni

Background color
Font
Font size
Line height

Lengend of spring goodness

အပိုင်း(13) တိုင်းပြည်အတွင်းရှိကွဲလွဲနေကြသောအင်အားစုများ

"အားလုံးပဲ ကျွန်မကို ကျူးလစ်လို့ရင်းရင်းနှီးနှီးခေါ်ပေးကြပါ ချွေမျိုးနွယ်စုကနှုတ်ထွက်လာပြီးပြီမို့ ချွေချွန်းဟွားဆိုတဲ့နာမည်ကိုမေ့လိုက်ပါပြီ အားလုံးနားလည်ကြလိမ့်မယ်လို့ထင်ပါတယ်"

ကျူးလစ်က ကျက်သရေရှိကာချောမောပေမဲ့ မျက်နှာထားတည်တင်းတယ်

ပြောရင်ပြောတဲ့အတိုင်းလုပ်တတ်တဲ့ သံမဏိလူသားကြီးလိုပဲ

တခါတရံ ထူထဲခိုင်မာကာ ခန့်မှန်းကြည့်လို့မရတဲ့တံတိုင်းကြီးနဲ့တူပြီး

သူမရဲ့ချစ်ရသူတွေအပေါ်မှာတော့ အတွင်းစိတ်ဟာဖြူစင်ပြတ်သားကာ ထွင်းဖောက်မြင်ရတော့မတတ် ကြည်လင်ပြီး ထိလိုက်ရုံနဲ့ကွဲကြေသွားတော့မလို အကာအကွယ်တွေကိုဖွင့်ထားပေးတတ်တယ်

တခါတရံမှာတော့ မြက်ပင်ရိုင်းတခုလို နွဲ့နှောင်းကာပြတ်သားတတ်လေတယ်

ရက်စက်တဲ့နေရာမှာလဲ လက်မရွ့့ံသလို ဆုံးဖြတ်ထားပြီးရင်လဲ ဖြစ်အောင်လုပ်တတ်တယ်

ချွေဆိုတဲ့မျိုးရိုးနာမည်ကို သူမစွန့်လွတ်ခဲ့ပြီးပြီ

ချွေအိမ်တော်ကိုလဲ တနေ့ပြိုကွဲအောင်သူမလုပ်ရဦးမှာဆိုတော့ ချွေဆိုတဲ့အမည်ကိုဆက်မယူထားလိုက်တာပဲ သူမကို စိတ်ပြတ်သားစေနိုင်လိမ့်မယ်

"ကောင်းပါပြီ ဒါဆို အခုချိန်ကစပြီး အကြီးအကဲတို့က ကျူးမိန်းကလေးလို့ပြောင်းခေါ်ပေးကြပါ"

အားလုံးထွက်ခွာသွားကြတော့ ရဲ့ဟန်တစ်ယောက် ယောင်လည်လည်နဲ့ ကျူးလစ်နားကျန်ခဲ့တယ်

ပေတံတစ်ချောင်းလိုဖြောင့်မတ်တဲ့ သူမနားမှာသွားရပ်လိုက်တော့ သူကပိုသိမ်ငယ်သွားရတယ်

သူမရဲ့ကြင်အင်ကိုက ဓားတစ်ချောင်းလိုထက်မြက်ပြီး အမှားမခံဘူးဆိုတာသိနေလို့ ဆရာရှေ့ရောက်နေတဲ့ကလေးလို ရဲ့ဟန်ခံစားလိုက်ရတယ်

သူ ထန်းယွမ်ကျောင်းမှာ ဆရာအဖြစ် နှစ်ပေါင်းနှစ်ဆယ် သူ့အသက်ငါးဆယ်ရှိပြီ

တခါတုန်းက ငယ်ရွယ်ပြီးအလေလိုက်နေတတ်တဲ့သူ့မြေးအနိုင်ကျင့်ခံခဲ့ရကြောင်း သူသိခဲ့ပြီးချွေမိသားစုရဲ့အမှိုက်မကြောင့်ဆိုတာကိုပါသိခဲ့တယ်

ဒါကြောင့် အခုလိုသူမကို မျက်မြင် တွေ့လိုက်ရတော့ သူပြသနာရှာကာရစ်နေရခြင်းပါ

"ကျူးမိန်းကလေး ဒီအဘိုးကြီးကိုဗွေမယူပါနဲ့ကွယ် ဒီအဘိုးကြီးက အသက်ကြီးလာတော့ နဲနဲထုံလာလို့ပါ"

ကျူးလစ်ကတော့ သူတို့ကို ဘာမှမပြော ခေါင်းညိတ်ကာသာ အသိအမှတ်ပြုလိုက်တယ်

ရဲ့ဟန်ကလဲ သူမအခြေအနေကိုကြည့်ပြီး တခါလောက်တော့ထပ်အတွန့်တက်လိုက်ချင်သေးတယ်

ဒါပေမဲ့ သူတို့ရဲ့မင်းတရားကြီးက ကျူးမိန်းကလေးဆီတိုက်ရိုက်ဆင်းလာနေပြီမို့ သူ့လိုအဖိုးကြ္းကပဲအလိုက်တသိရှောင်ကွင်းပေးလိုက်တော့တယ်

"လာ ကျူးမိန်းက‌လေး ‌ကိုယ်တော်တို့ကျောင်းစီမံခန့်ခွဲရေးကိုသွားကြမယ်"
"ကျူးလစ်လို့ခေါ်ပါ"
"ဟုတ်ပြီ ကျုးလစ် ကိုယ်တို့သွားကြစို့"

ကိုယ်တော်လို့သုံးနှုန်းနေရာမှ သူမကိုရင်းရင်းနှီးနှီးခေါ်ဝေါ်လာတဲ့ တုကူးရှန်းကို သူမနားမလည်စွာတချက်ကြည့်လိုက်ပြီး သူ့နောက်ကိုတိတ်ဆိတ်စွာလိုက်ပါသွားတော့တယ်

"ဒီမှာ ကျူးလစ်ရဲ့တနေ့တာအချိန်ဇယားနဲ့ တန်းခွဲဘယ်လောက်ကိုသွားသင်ရမယ်ဆိုတာရေးထားတယ် ပြီးတော့ တနှစ်တာထောက်ပံ့စာရင်းနဲ့ ဒီမှာလိုအပ်တဲ့တံဆိပ်ပြား ဒီတံဆိပ်ပြားနဲ့ဈေးဝယ်ရင် ကျက်သရေကုန်းမြေဘယ်နေရာမှမဆို ဆယ်ရာခိုင်နှုန်းလျော့ဈေးရလိမ့်မယ် ဒါက ထန်းယွမ်ကျောင်းတော်ရဲ့ ဆရာတွေအကြီးအကဲတွေအပေါ်ပြသတဲ့ဂရုဏာတရားပဲ "

ကျူးလစ် လိုအပ်တာတွေကိုယူဆောင်ပြီး တုကူးရှန်းနဲ့အတူ သူမအတွက်ပေးထားတဲ့အဆောင်ကိုရောက်လာကြတယ်

သူမရဲ့‌အဆောင်က နှစ်ထပ်ဆောင်ဖြစ်ပြီး သစ်ပင်ပန်းမန်တွေနဲ့သာယာတဲ့ဝန်းကျင် ချီပေါများတဲ့နေရာလေးကိုရထားတယ်

သူမရဲ့အိမ်ဘေးပတ်ပတ်လည်မှာ အစီအရင်တွေသုံးလေးထပ်လောက်ခင်းကျင်းထားပြီး သူမကအစီအရင်သခင်မဟုတ်တာကြောင့် ဘာအစီအရင်တွေလဲသူမ မသိ

ဒါပေမဲ့ ချီစုစည်းမူ့ထောက်ပံမူ့အားကောင်းအောင်လုပ်ထားတဲ့အစီအရင်တွေဆိုတာတော့သူမသိတယ်

အသက်ကိုခပ်ပြင်းပြင်းတချက်ရှူလိုက်တာနဲ့ သွေးထြသားထဲ ပေါ့ပါးသွက်လက်သွားကာလန်းဆန်းသွားရတယ်

"အင်း အသံလုံအစီအရင်တခုလောက်ပါရင်ပိုကောင်းမှာပဲ"
"အသံလုံအစီအရင်? ရတယ်လေ ကိုယ်အခုပဲလုပ်ပေးမယ်"

တုကူးရှန်းက ပြောပြောဆိုဆိုနဲ့ သိုလှောင်လက်စွပ်ထဲက အလံဆယ်ခုလောက်ကို အိမ်ပတ်ပတ်လည်ပစ်လွတ်လိုက်ပြီး အသံလုံအစီအရင်ကိုခင်းကျင်းလိုက်တယ်

ကျူးလစ်မျက်လုံးတချက်ပင့်မိသွားကာ အံဩဟန်ကိုဖုံးကွယ်လိုက်ပေမဲ့ တုကူးရှန်းကမြင်ဖြစ်အောင်မြင်သွားပြီး ရယ်ရမ်းတချက်သွေးကာ ကိုယ့်ကိုဂုဏ်ယူလိုက်တယ်

စိတ်ထဲကလဲ သူ့ကိုအတင်းဖိအားပေးပြီးပညာစုံအောင်သင်ခိုင်းခဲ့တဲ့သူ့ဆရာကိုသွားသတိရလိုက်လေတယ်

"ကဲ ကျူးမိန်းကလေး အဲ ကျုးလစ် အနားယူလိုက်ပါဦး ကိုယ်သွားတော့မယ် မနက်ဖြန်တွေ့ကြမယ်နော် အိမ်မက်ကောင်းကောင်းမက်ပါစေ"

ပြောပြီးတာနဲ့ တချက်ခုန်ကာပျောက်ကွယ်သွားတဲ့ တုကူရှန်းရဲ့ကျောပြင်ကိုကြည့်ကာ ကျူးလစ်ခေါင်းခါလိုက်မိတယ်

ပြီးတာနဲ့ သူမနေရာချစရာရှိတာချပြီး ရေချိုးကာ တရားထိုင်လိုက်တော့တယ်

သူမရဲ့ဒန်ထျန်ထဲမှာတောက်ပနေတဲ့ ကျောက်ငါးလုံးကိုအပြန်အလှန်လှန်စစ်ဆေးရင်းမိုးလင်းခဲ့တော့တယ်

ငှက်ကလေးတွေတွန်သံကြောင့် သူမတရားထိုင်နေတာကိုဖြုတ်လိုက်ကာ ရေချိုးအဝတ်အစားလဲကာ ‌သူမဝင်ရမဲ့အတန်းကိုတိုက်ရိုက်လာခဲ့လိုက်တယ်

တန်းခွဲငါးရဲ့အခန်းသုံးမှာ သူမရဲ့‌တနေ့တာကိုစတင်ရမှာဖြစ်ပြီး အချိန်ဇယားအတိုင်းလှည်ပတ်သွားတော့မှာ

ညနေကျရင်တော့ သူမရဲ့ကိုယ်ရံတော်ကိုသွားခေါ်ပြီး လုပ်စရာရှိတာတွေစီစဉ်ပေးရဦးမယ်

လေလံအိမ်ကလဲ အကောင်အထည်‌မပေါ်သေးဘူး

နောက်ဆို သူမရဲ့အချိန်တော်တော်များများကို ဒီမှာကုန်ဆုံးရတော့မှာမို့ သူမနဲ့ဆက်သွယ်နိုင်မဲ့လူယုံတစ်ယောက်လောက်တော့ ရှာထားရမယ်

ကိုယ့်အတွေးနဲ့ကိုယ် သူမ တန်းခွဲငါးက အခန်းသုံးထဲကို အသိမပေးပဲဝင်ရောက်သွားမိတယ်

ဆူညံလွန်းနေပြီး အော်ဟစ်နေကြတဲ့အသံက သူမနားထဲ ဆိုးရွားစွာဝင်ရောက်လာမှ သူမဝင်ရမဲ့အခန်းဟာ လူရမ်းကားတွေနဲ့ပြည့်နေပြီး ရန်ဖြစ်နေကြတယ်ဆိုတာကိုသိလိုက်တော့တယ်

တိုင်းပြည်မှာကွဲလွဲနေကြတဲ့အင်အားစု ငါးစုရှိတယ်

အင်အားစုငါးစုဟာ ဘယ်တော့မှမတည့်ပဲ အမြဲရန်ဖြစ်နေကြတယ်တဲ့

အဲ့လိုအမြဲရန်ဖြစ်နေကြတဲ့မိသားစုကဆင်းသက်လာတဲ့ကလေးတွေဟာလဲ အသိဉာဉ်ပျောက်ဆုံးသွားပြီး တခြားမိသားစုက‌ကလေးတွေ့ရင် ပြိုင်ဆိုင်ကာချောက်ချဖို့ကြိုးစားနေကြတော့တာ

အဲ့တော့ မိသားစုငါးစုလုံးရောထားတဲ့အခန်းတိုင်းဟာ အကြီးအကဲတွေဆရာတွေကိုခေါင်းကိုက်စေတော့တယ်

အခုလဲ တစ်ပွဲထပ်နွဲနေကြတဲ့ပုံမှာရှိတယ်

‌ဝရုန်းသုန်းကားနဲ့ဗြောင်းဆန်နေကြတော့တာ

အဲ့လိုအကြမ်းပတမ်းဆန်ပြီး လုံးထွေးနေကြတဲ့မြင်ကွင်းက ရုတ်တရက်ဆိုသလို ကျူးလစ်ရဲ့သည်းခံစိတ်ကိုလာနိုးဆွနေတော့တယ်

အခန်းထဲဝင်လိုက်တာနဲ့ သူမရဲ့အကောင်းမြင်စိတ်တွေကုန်ဆုံးသွားတော့တယ်

သူမဘေးဘီဝဲယာကိုဝေ့ဝဲကြည့်လိုက်တော့ အခန်းထဲမှာအလှစိုက်ထားတဲ့ဘွန်ဆိုင်းပန်းပင်လေးကိုမျက်မှန်းတန်းမိလိုက်တယ်

သူမအတန်းရှေ့က ဆရာတွေသာထိုင်ရတဲ့ခုံမှာ သူမအသာအယာဝင်ထိုင်လိုက်တယ်

သူမအခန်းထဲဝင်လာတာကိုဂရုစိုက်မိတဲ့ကျောင်းသူတွေက သူမကိုထူးဆန်းတဲ့အကြည့်နဲ့ဝိုင်းကြည့်နေကြပြီး ရန်ဖြစ်တဲ့သူတွေကတော့ ဖြစ်လို့ကောင်းနေကြဆဲ

ကျူးလစ် သူမလက်တဖက်ကိုဝေ့ရမ်းကာ ဘွန်ဆိုင်းအရွက်တွေကိုကြွေလာစေလိုက်တယ်

သူမလက်ထဲကိုရောက်လာတဲ့ဘွန်ဆိုင်းအရွက်တွေဟာ လေအထက်မှာဝေ့ဝဲနေပြီးလှပစွာကခုန်နေကြတယ်

ဒါပေမဲ့ ကျူးလစ်ကတော့ လှပနေတာကိုစိတ်မဝင်စားပဲ သူမရဲ့လက်ကိုဆတ်ခနဲရမ်းလိုက်ကာ ရန်ဖြစ်နေကြတဲ့အဖွဲ့ထဲကို ပစ်ထည့်လိုက်တော့တယ်

"ဝှီးးးးးးးး ဝှစ် ဝှစ် ဝှစ် ‌ဒုတ် ဒုတ် ဒုတ် "

သိုင်းပညာကိုငယ်စဉ်ထဲကလေ့လာထားကြတာမို့ သူတို့အားလုံးရဲ့နားတွေဟာထက်မြက်ကြတယ်

ဒါကြောင့် ကျူးလစ်ပစ်လိုက်တဲ့သစ်ရွက်တွေ သူတို့ဆီပျံဝဲလာတဲ့အခါ အလိုလိုလူစုကွဲသွားကြပြီး တရားခံကိုလိုက်ရှာကြတော့တယ်

အဲ့ဒီအခါမှာ နေတဲ့မိန်းမချောလေးတစ်ယောက်ကိုတွေ့လိုက်ကြရတော့တာပဲ

..........✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️

Alinkar nang

Lengend of spring goodness

အပိုင္း(13) တိုင္းျပည္အတြင္းရွိကြဲလြဲေနၾကေသာအင္အားစုမ်ား

"အားလုံးပဲ ကၽြန္မကို က်ဴးလစ္လို့ရင္းရင္းႏွီးႏွီးေခၚေပးၾကပါ ေခၽြမ်ိဳးႏြယ္စုကႏွုတ္ထြက္လာၿပီးၿပီမို့ ေခၽြခၽြန္းဟြားဆိုတဲ့နာမည္ကိုေမ့လိုက္ပါၿပီ အားလုံးနားလည္ၾကလိမ့္မယ္လို့ထင္ပါတယ္"

က်ဴးလစ္က က်က္သေရရွိကာေခ်ာေမာေပမဲ့ မ်က္ႏွာထားတည္တင္းတယ္

ေျပာရင္ေျပာတဲ့အတိုင္းလုပ္တတ္တဲ့ သံမဏိလူသားႀကီးလိုပဲ

တခါတရံ ထူထဲခိုင္မာကာ ခန႔္မွန္းၾကည့္လို့မရတဲ့တံတိုင္းႀကီးနဲ႔တူၿပီး

သူမရဲ့ခ်စ္ရသူေတြအေပၚမွာေတာ့ အတြင္းစိတ္ဟာျဖဴစင္ျပတ္သားကာ ထြင္းေဖာက္ျမင္ရေတာ့မတတ္ ၾကည္လင္ၿပီး ထိလိုက္႐ုံနဲ႔ကြဲေၾကသြားေတာ့မလို အကာအကြယ္ေတြကိုဖြင့္ထားေပးတတ္တယ္

တခါတရံမွာေတာ့ ျမက္ပင္ရိုင္းတခုလို ႏြဲ႕ေႏွာင္းကာျပတ္သားတတ္ေလတယ္

ရက္စက္တဲ့ေနရာမွာလဲ လက္မရြ႕့ံသလို ဆုံးျဖတ္ထားၿပီးရင္လဲ ျဖစ္ေအာင္လုပ္တတ္တယ္

ေခၽြဆိုတဲ့မ်ိဳးရိုးနာမည္ကို သူမစြန႔္လြတ္ခဲ့ၿပီးၿပီ

ေခၽြအိမ္ေတာ္ကိုလဲ တေန႔ၿပိဳကြဲေအာင္သူမလုပ္ရဦးမွာဆိုေတာ့ ေခၽြဆိုတဲ့အမည္ကိုဆက္မယူထားလိုက္တာပဲ သူမကို စိတ္ျပတ္သားေစနိုင္လိမ့္မယ္

"ေကာင္းပါၿပီ ဒါဆို အခုခ်ိန္ကစၿပီး အႀကီးအကဲတို့က က်ဴးမိန္းကေလးလို့ေျပာင္းေခၚေပးၾကပါ"

အားလုံးထြက္ခြာသြားၾကေတာ့ ရဲ့ဟန္တစ္ေယာက္ ေယာင္လည္လည္နဲ႔ က်ဴးလစ္နားက်န္ခဲ့တယ္

ေပတံတစ္ေခ်ာင္းလိုေျဖာင့္မတ္တဲ့ သူမနားမွာသြားရပ္လိုက္ေတာ့ သူကပိုသိမ္ငယ္သြားရတယ္

သူမရဲ့ၾကင္အင္ကိုက ဓားတစ္ေခ်ာင္းလိုထက္ျမက္ၿပီး အမွားမခံဘူးဆိုတာသိေနလို့ ဆရာေရွ႕ေရာက္ေနတဲ့ကေလးလို ရဲ့ဟန္ခံစားလိုက္ရတယ္

သူ ထန္းယြမ္ေက်ာင္းမွာ ဆရာအျဖစ္ ႏွစ္ေပါင္းႏွစ္ဆယ္ သူ႔အသက္ငါးဆယ္ရွိၿပီ

တခါတုန္းက ငယ္ရြယ္ၿပီးအေလလိုက္ေနတတ္တဲ့သူ႔ေျမးအနိုင္က်င့္ခံခဲ့ရေၾကာင္း သူသိခဲ့ၿပီးေခၽြမိသားစုရဲ့အမွိုက္မေၾကာင့္ဆိုတာကိုပါသိခဲ့တယ္

ဒါေၾကာင့္ အခုလိုသူမကို မ်က္ျမင္ ေတြ႕လိုက္ရေတာ့ သူျပသနာရွာကာရစ္ေနရျခင္းပါ

"က်ဴးမိန္းကေလး ဒီအဘိုးႀကီးကိုေဗြမယူပါနဲ႔ကြယ္ ဒီအဘိုးႀကီးက အသက္ႀကီးလာေတာ့ နဲနဲထုံလာလို့ပါ"

က်ဴးလစ္ကေတာ့ သူတို့ကို ဘာမွမေျပာ ေခါင္းညိတ္ကာသာ အသိအမွတ္ျပဳလိုက္တယ္

ရဲ့ဟန္ကလဲ သူမအေျခအေနကိုၾကည့္ၿပီး တခါေလာက္ေတာ့ထပ္အတြန႔္တက္လိုက္ခ်င္ေသးတယ္

ဒါေပမဲ့ သူတို့ရဲ့မင္းတရားႀကီးက က်ဴးမိန္းကေလးဆီတိုက္ရိုက္ဆင္းလာေနၿပီမို့ သူ႔လိုအဖိုးၾက္းကပဲအလိုက္တသိေရွာင္ကြင္းေပးလိုက္ေတာ့တယ္

"လာ က်ဴးမိန္းက‌ေလး ‌ကိုယ္ေတာ္တို့ေက်ာင္းစီမံခန႔္ခြဲေရးကိုသြားၾကမယ္"
"က်ဴးလစ္လို့ေခၚပါ"
"ဟုတ္ၿပီ က်ဳးလစ္ ကိုယ္တို့သြားၾကစို့"

ကိုယ္ေတာ္လို့သုံးႏွုန္းေနရာမွ သူမကိုရင္းရင္းႏွီးႏွီးေခၚေဝၚလာတဲ့ တုကူးရွန္းကို သူမနားမလည္စြာတခ်က္ၾကည့္လိုက္ၿပီး သူ႔ေနာက္ကိုတိတ္ဆိတ္စြာလိုက္ပါသြားေတာ့တယ္

"ဒီမွာ က်ဴးလစ္ရဲ့တေန႔တာအခ်ိန္ဇယားနဲ႔ တန္းခြဲဘယ္ေလာက္ကိုသြားသင္ရမယ္ဆိုတာေရးထားတယ္ ၿပီးေတာ့ တႏွစ္တာေထာက္ပံ့စာရင္းနဲ႔ ဒီမွာလိုအပ္တဲ့တံဆိပ္ျပား ဒီတံဆိပ္ျပားနဲ႔ေဈးဝယ္ရင္ က်က္သေရကုန္းေျမဘယ္ေနရာမွမဆို ဆယ္ရာခိုင္ႏွုန္းေလ်ာ့ေဈးရလိမ့္မယ္ ဒါက ထန္းယြမ္ေက်ာင္းေတာ္ရဲ့ ဆရာေတြအႀကီးအကဲေတြအေပၚျပသတဲ့ဂ႐ုဏာတရားပဲ "

က်ဴးလစ္ လိုအပ္တာေတြကိုယူေဆာင္ၿပီး တုကူးရွန္းနဲ႔အတူ သူမအတြက္ေပးထားတဲ့အေဆာင္ကိုေရာက္လာၾကတယ္

သူမရဲ့‌အေဆာင္က ႏွစ္ထပ္ေဆာင္ျဖစ္ၿပီး သစ္ပင္ပန္းမန္ေတြနဲ႔သာယာတဲ့ဝန္းက်င္ ခ်ီေပါမ်ားတဲ့ေနရာေလးကိုရထားတယ္

သူမရဲ့အိမ္ေဘးပတ္ပတ္လည္မွာ အစီအရင္ေတြသုံးေလးထပ္ေလာက္ခင္းက်င္းထားၿပီး သူမကအစီအရင္သခင္မဟုတ္တာေၾကာင့္ ဘာအစီအရင္ေတြလဲသူမ မသိ

ဒါေပမဲ့ ခ်ီစုစည္းမူ႔ေထာက္ပံမူ႔အားေကာင္းေအာင္လုပ္ထားတဲ့အစီအရင္ေတြဆိုတာေတာ့သူမသိတယ္

အသက္ကိုခပ္ျပင္းျပင္းတခ်က္ရွူလိုက္တာနဲ႔ ေသြးၾထသားထဲ ေပါ့ပါးသြက္လက္သြားကာလန္းဆန္းသြားရတယ္

"အင္း အသံလုံအစီအရင္တခုေလာက္ပါရင္ပိုေကာင္းမွာပဲ"
"အသံလုံအစီအရင္? ရတယ္ေလ ကိုယ္အခုပဲလုပ္ေပးမယ္"

တုကူးရွန္းက ေျပာေျပာဆိုဆိုနဲ႔ သိုေလွာင္လက္စြပ္ထဲက အလံဆယ္ခုေလာက္ကို အိမ္ပတ္ပတ္လည္ပစ္လြတ္လိုက္ၿပီး အသံလုံအစီအရင္ကိုခင္းက်င္းလိုက္တယ္

က်ဴးလစ္မ်က္လုံးတခ်က္ပင့္မိသြားကာ အံဩဟန္ကိုဖုံးကြယ္လိုက္ေပမဲ့ တုကူးရွန္းကျမင္ျဖစ္ေအာင္ျမင္သြားၿပီး ရယ္ရမ္းတခ်က္ေသြးကာ ကိုယ့္ကိုဂုဏ္ယူလိုက္တယ္

စိတ္ထဲကလဲ သူ႔ကိုအတင္းဖိအားေပးၿပီးပညာစုံေအာင္သင္ခိုင္းခဲ့တဲ့သူ႔ဆရာကိုသြားသတိရလိုက္ေလတယ္

"ကဲ က်ဴးမိန္းကေလး အဲ က်ဳးလစ္ အနားယူလိုက္ပါဦး ကိုယ္သြားေတာ့မယ္ မနက္ျဖန္ေတြ႕ၾကမယ္ေနာ္ အိမ္မက္ေကာင္းေကာင္းမက္ပါေစ"

ေျပာၿပီးတာနဲ႔ တခ်က္ခုန္ကာေပ်ာက္ကြယ္သြားတဲ့ တုကူရွန္းရဲ့ေက်ာျပင္ကိုၾကည့္ကာ က်ဴးလစ္ေခါင္းခါလိုက္မိတယ္

ၿပီးတာနဲ႔ သူမေနရာခ်စရာရွိတာခ်ၿပီး ေရခ်ိဳးကာ တရားထိုင္လိုက္ေတာ့တယ္

သူမရဲ့ဒန္ထ်န္ထဲမွာေတာက္ပေနတဲ့ ေက်ာက္ငါးလုံးကိုအျပန္အလွန္လွန္စစ္ေဆးရင္းမိုးလင္းခဲ့ေတာ့တယ္

ငွက္ကေလးေတြတြန္သံေၾကာင့္ သူမတရားထိုင္ေနတာကိုျဖဳတ္လိုက္ကာ ေရခ်ိဳးအဝတ္အစားလဲကာ ‌သူမဝင္ရမဲ့အတန္းကိုတိုက္ရိုက္လာခဲ့လိုက္တယ္

တန္းခြဲငါးရဲ့အခန္းသုံးမွာ သူမရဲ့‌တေန႔တာကိုစတင္ရမွာျဖစ္ၿပီး အခ်ိန္ဇယားအတိုင္းလွည္ပတ္သြားေတာ့မွာ

ညေနက်ရင္ေတာ့ သူမရဲ့ကိုယ္ရံေတာ္ကိုသြားေခၚၿပီး လုပ္စရာရွိတာေတြစီစဥ္ေပးရဦးမယ္

ေလလံအိမ္ကလဲ အေကာင္အထည္‌မေပၚေသးဘူး

ေနာက္ဆို သူမရဲ့အခ်ိန္ေတာ္ေတာ္မ်ားမ်ားကို ဒီမွာကုန္ဆုံးရေတာ့မွာမို့ သူမနဲ႔ဆက္သြယ္နိုင္မဲ့လူယုံတစ္ေယာက္ေလာက္ေတာ့ ရွာထားရမယ္

ကိုယ့္အေတြးနဲ႔ကိုယ္ သူမ တန္းခြဲငါးက အခန္းသုံးထဲကို အသိမေပးပဲဝင္ေရာက္သြားမိတယ္

ဆူညံလြန္းေနၿပီး ေအာ္ဟစ္ေနၾကတဲ့အသံက သူမနားထဲ ဆိုးရြားစြာဝင္ေရာက္လာမွ သူမဝင္ရမဲ့အခန္းဟာ လူရမ္းကားေတြနဲ႔ျပည့္ေနၿပီး ရန္ျဖစ္ေနၾကတယ္ဆိုတာကိုသိလိုက္ေတာ့တယ္

တိုင္းျပည္မွာကြဲလြဲေနၾကတဲ့အင္အားစု ငါးစုရွိတယ္

အင္အားစုငါးစုဟာ ဘယ္ေတာ့မွမတည့္ပဲ အျမဲရန္ျဖစ္ေနၾကတယ္တဲ့

အဲ့လိုအျမဲရန္ျဖစ္ေနၾကတဲ့မိသားစုကဆင္းသက္လာတဲ့ကေလးေတြဟာလဲ အသိဉာဥ္ေပ်ာက္ဆုံးသြားၿပီး တျခားမိသားစုက‌ကေလးေတြ႕ရင္ ၿပိဳင္ဆိုင္ကာေခ်ာက္ခ်ဖို့ႀကိဳးစားေနၾကေတာ့တာ

အဲ့ေတာ့ မိသားစုငါးစုလုံးေရာထားတဲ့အခန္းတိုင္းဟာ အႀကီးအကဲေတြဆရာေတြကိုေခါင္းကိုက္ေစေတာ့တယ္

အခုလဲ တစ္ပြဲထပ္ႏြဲေနၾကတဲ့ပုံမွာရွိတယ္

‌ဝ႐ုန္းသုန္းကားနဲ႔ေျဗာင္းဆန္ေနၾကေတာ့တာ

အဲ့လိုအၾကမ္းပတမ္းဆန္ၿပီး လုံးေထြးေနၾကတဲ့ျမင္ကြင္းက ႐ုတ္တရက္ဆိုသလို က်ဴးလစ္ရဲ့သည္းခံစိတ္ကိုလာနိုးဆြေနေတာ့တယ္

အခန္းထဲဝင္လိုက္တာနဲ႔ သူမရဲ့အေကာင္းျမင္စိတ္ေတြကုန္ဆုံးသြားေတာ့တယ္

သူမေဘးဘီဝဲယာကိုေဝ့ဝဲၾကည့္လိုက္ေတာ့ အခန္းထဲမွာအလွစိုက္ထားတဲ့ဘြန္ဆိုင္းပန္းပင္ေလးကိုမ်က္မွန္းတန္းမိလိုက္တယ္

သူမအတန္းေရွ႕က ဆရာေတြသာထိုင္ရတဲ့ခုံမွာ သူမအသာအယာဝင္ထိုင္လိုက္တယ္

သူမအခန္းထဲဝင္လာတာကိုဂ႐ုစိုက္မိတဲ့ေက်ာင္းသူေတြက သူမကိုထူးဆန္းတဲ့အၾကည့္နဲ႔ဝိုင္းၾကည့္ေနၾကၿပီး ရန္ျဖစ္တဲ့သူေတြကေတာ့ ျဖစ္လို့ေကာင္းေနၾကဆဲ

က်ဴးလစ္ သူမလက္တဖက္ကိုေဝ့ရမ္းကာ ဘြန္ဆိုင္းအရြက္ေတြကိုေႂကြလာေစလိုက္တယ္

သူမလက္ထဲကိုေရာက္လာတဲ့ဘြန္ဆိုင္းအရြက္ေတြဟာ ေလအထက္မွာေဝ့ဝဲေနၿပီးလွပစြာကခုန္ေနၾကတယ္

ဒါေပမဲ့ က်ဴးလစ္ကေတာ့ လွပေနတာကိုစိတ္မဝင္စားပဲ သူမရဲ့လက္ကိုဆတ္ခနဲရမ္းလိုက္ကာ ရန္ျဖစ္ေနၾကတဲ့အဖြဲ႕ထဲကို ပစ္ထည့္လိုက္ေတာ့တယ္

"ဝွီးးးးးးးး ဝွစ္ ဝွစ္ ဝွစ္ ‌ဒုတ္ ဒုတ္ ဒုတ္ "

သိုင္းပညာကိုငယ္စဥ္ထဲကေလ့လာထားၾကတာမို့ သူတို့အားလုံးရဲ့နားေတြဟာထက္ျမက္ၾကတယ္

ဒါေၾကာင့္ က်ဴးလစ္ပစ္လိုက္တဲ့သစ္ရြက္ေတြ သူတို့ဆီပ်ံဝဲလာတဲ့အခါ အလိုလိုလူစုကြဲသြားၾကၿပီး တရားခံကိုလိုက္ရွာၾကေတာ့တယ္

အဲ့ဒီအခါမွာ ေနတဲ့မိန္းမေခ်ာေလးတစ္ေယာက္ကိုေတြ႕လိုက္ၾကရေတာ့တာပဲ

..........✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️

Alinkar nang

You are reading the story above: TeenFic.Net