Lengend of spring goodness
အပိုင်း(9) သူမနှင့်ထဲထဲဝင်ဝင်ပတ်သတ်မိခြင်း
ကျုးလစ်ပေါ့ပါးစွာခုန်ချသွားပြီးနောက် တုကူးရှန်းကလဲ အမြင့်မှညင်သာစွာဆင်းသက်လာခဲ့တယ်
ကြောင်ရိုင်းကြီးက သေလုနီးပါးအင်အားချည့်နဲ့စွာလှဲလျောင်းနေရာမှ တုကူးရှန်းကိုရန်လိုစွာဟိန်းဟောက်လိုက်ပြီး ကျူးလစ်ကိုတော့ သူ့ရဲ့ကြီးမားတဲ့မျက်ဝန်းစိမ်းကြီးများနဲ့ကြည့်ကာ တအီအီအော်ဟစ်ချွဲနွဲ့လို့နေတယ်
အဲ့လိုမြင်ကွင်းကြောင့် ကျူးလစ်ရော တုကူးရှန်းပါကြောင်အလို့သွားတယ်
"ဖြစ်နိုင်တာက သူ့ကိုကုပေးလိုက်တာ ချွန်းဟွားမိန်းကလေးဆိုတာသိလို့ထင်တယ်"
တုကူးရှန်းပြောတဲ့စကားကြောင့် ကျူးလစ်ဆွ့ံအရပြန်တယ်
အင်း စိတ်ဝိဉာဉ်သားရဲလို့မပြောရဘူး
အသိဉာဉ်ကမြင့်ချက်
တကယ်က သူမမှာကြီးမားတဲ့အားနည်းချက်တခုရှိတယ် အဲ့ဒါကတော့ သူမဟာ ခွေးတို့ကြောင်တို့ ကြက်တို့ငှက်တို့ကိုအရမ်းချစ်တတ်တာပဲ
ခေတ်သစ်မှာတုန်းက သူမရဲ့ကိုယ်ပိုင်အခန်းထဲမှာ ခွေးတွေကြောင်တွေအပြင် ငါးတွေ ဟမ်းစတားတွေ ယုန်တွေနဲ့ ငှက်တွေပါရှိတယ်
သူမ အဖော်ကင်းမဲ့နေချိန်မှာ သူတို့က သူမရဲ့ရင်ခွင်ထဲမှာပေါင်ပေါ်မှာခေါင်းပေါ်မှာ စသဖြင့် နေရာအသီးသီးကနေ အဖော်လုပ်ပေးခဲ့ကြတယ်
တော်သေးတာက သူမ အဖွဲ့အစည်းကိုတော်လှန်ပုန်ကန်ခါနီး သူမချစ်တဲ့အကောင်လေးတွေအားလုံးကို လုံခြုံတဲ့တစ်နေရာမှာကြိုတင်ပြောင်းရွေ့ထားခဲ့လို့သာပဲ
အခုလဲ အဲ့လိုချစ်တတ်တဲ့စိတ်က ထကြွလာပြန်ပြီ
သူမ ကြောင်ရိုင်းကြီးအနားကိုတိုးကပ်သွားခဲ့တယ်
"ချွန်းဟွားမိနး်ကလေး !"
တုကူးရှန်းက အလန့်တကြားထအော်တယ်
ဒါပေမဲ့ ဘယ်လိုလုပ်မလဲ သူမကဖြင့် ကြောင်ရိုင်းကြီးရဲ့လည်ပင်းကအမွေးတွေကိုပွတ်သပ်နေပြီ
ဒါအပြင် ကြောင်ရိုင်းကြီးကလဲ သူမရဲ့အပြုအမူတွေကို မျက်လုံးမှေးစင်းကာ ငြိမ်ခံနေသေးတယ်လေ
"ဂီးးးးး "
ကြောင်ရိုင်းကြီးက ကျူးလစ်ကို တောင်းဆိုတြဲအကြည့်နဲ့ကြည့်ကာ အော်ဟစ်လိုက်တယ်
အဲ့ဒီအချိန် သူမတို့နောက်က ဂူဝထဲက ယိုင်ထိုးနေတဲ့ပုံရိပ်သေးသေးလေးပေါ်ထွက်လာပြ္ီး ဖခင်ခေါ်လိုက်တဲ့အသံကြောင့် ကုန်းရုန်းထလာတဲ့ပုံမျိုးနဲ့ ကြောင်သားပေါက်သေးသေးဟာ ကျူးလစ်အရှေ့ကိုရောက်လာခဲ့လေတယ်
"ညောင် "
အစိမ်းရောင် အမွေးတွေနဲ့ ကြီးမားတဲ့ အစိမ်းရောင်မျက်ဆံလေးတွေက ကျုးလစ်ကိုမချစ်ရမနေနိုင်အောင်ဖြစ်စေတယ်
တုကူးရှန်းကတော့ အံဩသင့်သထက် အံဩသင့်လာခဲ့တယ်
သူမရဲ့ပုံရိပ်ကလဲ သူ့စိတ်ထဲမှာ တဖြေးဖြေး ထူးခြားဆန်းကြယ်လာပြီး ကြီးကြယ်မြင့်မြတ်လာခဲ့ပြီ
သူသိလိုက်တယ်
သူဟာသူမနဲ့ထဲထဲဝင်ဝင်ပတ်သတ်မိပြီဆိုတာကိုပေါ့
ကျုးလစ်က သူမရဲ့ရှေ့က ကြောင်ပေါက်လေးကိုပွေ့ချီလိုက်ပြီး ကြောင်ရိုင်းကြီးရဲ့ေနာက်ဆံုးထွက်သက်ကို ဂရုစိုက်ပေးနေတယ်
သိပ်မကြာခင်မှာပဲ ကြောင်ရိုင်းကြီးသေဆုံးသွားခဲ့တယ်
သူ့ရဲ့ဦိးခေါင်းထဲက စွမ်းအင်အလုံးဟာလဲ အခဲပုံစံပြောင်းသွားပြီး ကျုးလစ်လက်ထဲရောက်လာခဲ့တယ်
ကြောင်သားရဲပေါက်လေးကတော့ ကျုးလစ်ရဲ့ရင်ခွင်ထဲမှာ သက်တောင့်သက်သာရှိစွာတိုးဝင်နေပြီး တညောင်ညောင်အော်မြည်နေခဲ့တယ်လေ
ကျုးလစ် သူမရဲ့လက်ထဲက ကြောင်ရိုင်းကြီးရြဲအမြုတေကို ကြောင်ပေါက်လေးရဲ့ခွေနေတဲ့လက်သေးသေးလေးတွေကြားထဲထိုးထည့်လိုက်ပြီး
"ဒီမှာ ဒီမှာ အရှင်မင်းမြတ် ဟိုနားကခေါင်းငါးလုံးဖားကြီးရဲ့အမြုတေကိုထုတ်ပေးပါလားဒီအကောင်လေးကြီးလာရင်ကျွေးရအောင်သိမ်းထားမလို့"
တကူးရှန်း ရဲ့တည်ကြည်တဲ့မျက်နှာဟာ တခနချင်း ပြုံးမိသွားခဲ့တယ်
ကြောင်သားရဲပေါက်လေးရဲ့အမွှေးလေးတွေကိုသပ်တင်ပေးရင်း ပြုံးနေတဲ့သူမဟာ စကားပြောတဲ့နေရာမှာတော့ နဲနဲတည့်တိုးဆန်တယ်
ဘယ်လိုပဲဖြစ်ဖြစ် အနာဂတ်မှာ သူမကြောင်းနားလည်အောင်လုပ်ရမယ်လို့ပဲတွေးလိုက်မိတော့တယ်
တုကူးရှန်း နေရာကမရွေ့ သူ့ရဲ့လက်ကိုမြောက်လိုက်ကာ မိုးကြိုးတန်းများစွာဖန်တီးလိုက်ပြီး ခေါင်းငါးလုံးဖားဆီ ကျဆင်းစေလိုက်တယ်
တဘန်းဘန်းမြည်သံနဲ့အတူ ခေါင်းငါးလုံးဖားရဲ့ကြီးမားလှတဲ့ကိုယ်ထည်ဟာမဲတူးသွားပြီး
ဦးခေါင်းက အမြုတေဟာလဲ တုကူးရှန်းလက်ထဲပျံသန်းရောက်လာခဲ့တော့တယ်
.....
သက်တန့်ရောင်ခြယ်စံအိမ်တော်ရဲ့အဝင်ဝမှာ ရန်ကျင်းတစ်ယောက် စိုးရိမ်ပူပန်နေတဲ့မျက်နှာနဲ့ရပ်လို့နေတယ်
သူ့ရဲ့သခင်မလေး ပျောက်နေတာဟာ နေ့တဝက်လောက်ရှိနေပြီ
အဲ့ဒီအချိန်မှာ
ချန်ချင်းစားသောက်ဆိုင်မှာတွေ့ခဲ့ရတဲ့လူငယ်ဟာ လူကြီးတစ်ယောက်နဲ့အတူ သက်တန့်ရောင်ခြယ်စံအိမ်တော်ရှေ့ရောက်လာခဲ့တယ်
"ဒီက ရောင်းရင်း ချွန်းဟွားမိန်းကလေးဆီတေွ့ခွင့်တောင်းပေးပါလား"
"အာ အဲ့ဒါတော့မရဘူးဗျ သခင်မလေးက သခင်လေးတို့ထွက်သွားပြီးထဲက ပြန်မလာသေးဘူး "
"ဒါဆိုလဲ ဧည့်ဆောင်မှာထိုင်စောင့်နေလို့ရမလား"
"ရပါတယ် ရပါတယ် ရန်ကျန်း သခင်လေးနဲ့ဒီကမိတ်ဆွေကို ဧည့်ဆောင်မှာနေရာချပေးပါဦး"
"ကျေးဇူးတင်ပါတယ် ရောင်းရင်း"
"ရပါတယ် ဒါပေမဲ့ သခင်မလေးက သခင်လေးတို့ကို တွေ့ချင်မလားဆိုတာကတော့ မသေချာဘူး တကယ်လို့ သခင်မလေးပြန်လာရင်တော့ အကြောင်းကြားပေးပါမယ်"
ရန်ကျင်းက ဧည့်ဆောင်ဘက်ဦးတည်သွားလိုက်တဲ့ လူငယ်နဲ့ အင်အားကောင်းပုံရတဲ့လူကြီးရဲ့နောက်ကျောကိုကြည့်ကာ ခေါင်းခါရမ်းလိုက်မိတယ်
ရွှေတုံးငါးသောင်းရှုံးတာမမှတ်သေးလို့လားမသိ
ထို့နောက်တော့ ခြံတံခါးဝမှာ ရပ်ပြီး သူ့သခင်မလေးအလာကိုပြန်လည်စောင့်မျှော်နေလိုက်တော့တယ်
......
"ပူးပေါင်းဖို့ ?"
ကျူးလစ် အံဩသွားတဲ့မျက်ဝန်းလေးတွေနဲ့ တုကူးရှန်းကိုမော့ကြည့်လိုက်တယ်
ကြောင်ကလေးကိုပိုက်ထားရင်း သူ့ကိုမော့ကြည့်ပြီး မေးလိုက်တဲ့ပုံလေးကို ငေးရင်း တုကူးရှန်း ခေါင်းညိတ်ကာ ရှင်းပြလိုက်တယ်
"ဟုတ်ပါတယ် ချွန်းဟွားမိန်းကလေးက သစ်သားစွမ်းအင်ကိုဘယ်လိုအသုံးချရမလဲဆိုတာကို တော်ဝင်ကျောင်းမှာ သင်ကြားပေးရင်ရပါပြီ အီု့အတွက်လဲ လိုအပ်တဲ့ထောက်ပံ့မူ့ကို လာလိုင်းနန်းတော်က အကုန်ပေးအပ်သွားမှာပါ"
"အင်း မဆိုးဘူး လက်ခံနိုင်လောက်တဲ့ကမ်းလှမ်းမူ့ပဲ ဒါပေမဲ့ ကျွန်မက တနေရာထဲမှာ ခြေချုပ်မိပြီး မနေနိုင်ဘူး ပြီးတော့ ကျင့်ကြံရမဲ့အချိန်တွေနဲ့ တောင်တန်းတွေဆီခရီးထွက်ရဉီးမယ် "
"ဒါဆို ငါးရက်မှာ သုံးရက်ပဲသင်ပေး ကျန်တဲ့အချိန်တွေမှာကျင့်ကြံပေါ့ "
" ခရီးထွက်ရမယ်ဆိုရင်ရော "
"အစားထိုးသင်ခဲ့ပြီး တလအတွင်းပြန်လာပေါ့"
"ရှင်ပြောချင်တာက သင်ရမဲ့ရက်တွေကိုပေါင်းလိုက်ပြီး ခွင့်ရက်များများယူလို့ရတယ်ပေါ့"
"အင်း အဲ့လိုသဘောမျိုးပါပဲ "
"ကောင်းပြ္ီလေ အဲ့ဒါဆိုရင်လဲ ကျွန်မတောင်းတဲ့ထောက်ပံ့စားရင်းကိုတော့ သေသေချာချာဖြည့်ဆည်းပေးပါ "
"ကောင်းပါပြီ တခုတောင်မကျန်စေရပါဘူး"
ကျုးလစ် ကြောင်လေးကိုထွေးပိုက်ကာ လမ်းလျှောက်ရင်း လာလိုင်းနန်းမြို့တော်ဘက်ကို ပြန်လာကြတယ်
ကိုယ်ဖော့ပြီးပြေးတာဖြစ်ဖြစ် ပျံသနး်တာဖြစ်ဖြစ် တခုခုလုပ်လို့ရပေမဲ့လဲ
ဘာကြောင့်မှန်းမသိ
သူမလုံခြုံတယ်လို့ခံစားရတာကြောင့် အေးအေးလူလူပဲ လမ်းလျောက်ကာ လာလိုင်းနန်းမြိုတော်ထဲဦးတည်လိုက်တော့တယ်
✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️
Alinkar nang
Lengend of spring goodness
အပိုင္း(9) သူမႏွင့္ထဲထဲဝင္ဝင္ပတ္သတ္မိျခင္း
က်ဳးလစ္ေပါ့ပါးစြာခုန္ခ်သြားၿပီးေနာက္ တုကူးရွန္းကလဲ အျမင့္မွညင္သာစြာဆင္းသက္လာခဲ့တယ္
ေၾကာင္ရိုင္းႀကီးက ေသလုနီးပါးအင္အားခ်ည့္နဲ႔စြာလွဲေလ်ာင္းေနရာမွ တုကူးရွန္းကိုရန္လိုစြာဟိန္းေဟာက္လိုက္ၿပီး က်ဴးလစ္ကိုေတာ့ သူ႔ရဲ့ႀကီးမားတဲ့မ်က္ဝန္းစိမ္းႀကီးမ်ားနဲ႔ၾကည့္ကာ တအီအီေအာ္ဟစ္ခၽြဲႏြဲ႕လို့ေနတယ္
အဲ့လိုျမင္ကြင္းေၾကာင့္ က်ဴးလစ္ေရာ တုကူးရွန္းပါေၾကာင္အလို့သြားတယ္
"ျဖစ္နိုင္တာက သူ႔ကိုကုေပးလိုက္တာ ခၽြန္းဟြားမိန္းကေလးဆိုတာသိလို့ထင္တယ္"
တုကူးရွန္းေျပာတဲ့စကားေၾကာင့္ က်ဴးလစ္ဆြ႕ံအရျပန္တယ္
အင္း စိတ္ဝိဉာဥ္သားရဲလို့မေျပာရဘူး
အသိဉာဥ္ကျမင့္ခ်က္
တကယ္က သူမမွာႀကီးမားတဲ့အားနည္းခ်က္တခုရွိတယ္ အဲ့ဒါကေတာ့ သူမဟာ ေခြးတို့ေၾကာင္တို့ ၾကက္တို့ငွက္တို့ကိုအရမ္းခ်စ္တတ္တာပဲ
ေခတ္သစ္မွာတုန္းက သူမရဲ့ကိုယ္ပိုင္အခန္းထဲမွာ ေခြးေတြေၾကာင္ေတြအျပင္ ငါးေတြ ဟမ္းစတားေတြ ယုန္ေတြနဲ႔ ငွက္ေတြပါရွိတယ္
သူမ အေဖာ္ကင္းမဲ့ေနခ်ိန္မွာ သူတို့က သူမရဲ့ရင္ခြင္ထဲမွာေပါင္ေပၚမွာေခါင္းေပၚမွာ စသျဖင့္ ေနရာအသီးသီးကေန အေဖာ္လုပ္ေပးခဲ့ၾကတယ္
ေတာ္ေသးတာက သူမ အဖြဲ႕အစည္းကိုေတာ္လွန္ပုန္ကန္ခါနီး သူမခ်စ္တဲ့အေကာင္ေလးေတြအားလုံးကို လုံျခဳံတဲ့တစ္ေနရာမွာႀကိဳတင္ေျပာင္းေရြ႕ထားခဲ့လို့သာပဲ
အခုလဲ အဲ့လိုခ်စ္တတ္တဲ့စိတ္က ထႂကြလာျပန္ၿပီ
သူမ ေၾကာင္ရိုင္းႀကီးအနားကိုတိုးကပ္သြားခဲ့တယ္
"ခၽြန္းဟြားမိနး္ကေလး !"
တုကူးရွန္းက အလန႔္တၾကားထေအာ္တယ္
ဒါေပမဲ့ ဘယ္လိုလုပ္မလဲ သူမကျဖင့္ ေၾကာင္ရိုင္းႀကီးရဲ့လည္ပင္းကအေမြးေတြကိုပြတ္သပ္ေနၿပီ
ဒါအျပင္ ေၾကာင္ရိုင္းႀကီးကလဲ သူမရဲ့အျပဳအမူေတြကို မ်က္လုံးေမွးစင္းကာ ၿငိမ္ခံေနေသးတယ္ေလ
"ဂီးးးးး "
ေၾကာင္ရိုင္းႀကီးက က်ဴးလစ္ကို ေတာင္းဆိုၾတဲအၾကည့္နဲ႔ၾကည့္ကာ ေအာ္ဟစ္လိုက္တယ္
အဲ့ဒီအခ်ိန္ သူမတို့ေနာက္က ဂူဝထဲက ယိုင္ထိုးေနတဲ့ပုံရိပ္ေသးေသးေလးေပၚထြက္လာျပ္ီး ဖခင္ေခၚလိုက္တဲ့အသံေၾကာင့္ ကုန္း႐ုန္းထလာတဲ့ပုံမ်ိဳးနဲ႔ ေၾကာင္သားေပါက္ေသးေသးဟာ က်ဴးလစ္အေရွ႕ကိုေရာက္လာခဲ့ေလတယ္
"ေညာင္ "
အစိမ္းေရာင္ အေမြးေတြနဲ႔ ႀကီးမားတဲ့ အစိမ္းေရာင္မ်က္ဆံေလးေတြက က်ဳးလစ္ကိုမခ်စ္ရမေနနိုင္ေအာင္ျဖစ္ေစတယ္
တုကူးရွန္းကေတာ့ အံဩသင့္သထက္ အံဩသင့္လာခဲ့တယ္
သူမရဲ့ပုံရိပ္ကလဲ သူ႔စိတ္ထဲမွာ တေျဖးေျဖး ထူးျခားဆန္းၾကယ္လာၿပီး ႀကီးၾကယ္ျမင့္ျမတ္လာခဲ့ၿပီ
သူသိလိုက္တယ္
သူဟာသူမနဲ႔ထဲထဲဝင္ဝင္ပတ္သတ္မိၿပီဆိုတာကိုေပါ့
က်ဳးလစ္က သူမရဲ့ေရွ႕က ေၾကာင္ေပါက္ေလးကိုေပြ႕ခ်ီလိုက္ၿပီး ေၾကာင္ရိုင္းႀကီးရဲ့ေနာက္ဆံုးထြက္သက္ကို ဂ႐ုစိုက္ေပးေနတယ္
သိပ္မၾကာခင္မွာပဲ ေၾကာင္ရိုင္းႀကီးေသဆုံးသြားခဲ့တယ္
သူ႔ရဲ့ဦိးေခါင္းထဲက စြမ္းအင္အလုံးဟာလဲ အခဲပုံစံေျပာင္းသြားၿပီး က်ဳးလစ္လက္ထဲေရာက္လာခဲ့တယ္
ေၾကာင္သားရဲေပါက္ေလးကေတာ့ က်ဳးလစ္ရဲ့ရင္ခြင္ထဲမွာ သက္ေတာင့္သက္သာရွိစြာတိုးဝင္ေနၿပီး တေညာင္ေညာင္ေအာ္ျမည္ေနခဲ့တယ္ေလ
က်ဳးလစ္ သူမရဲ့လက္ထဲက ေၾကာင္ရိုင္းႀကီးျရဲအျမဳေတကို ေၾကာင္ေပါက္ေလးရဲ့ေခြေနတဲ့လက္ေသးေသးေလးေတြၾကားထဲထိုးထည့္လိုက္ၿပီး
"ဒီမွာ ဒီမွာ အရွင္မင္းျမတ္ ဟိုနားကေခါင္းငါးလုံးဖားႀကီးရဲ့အျမဳေတကိုထုတ္ေပးပါလားဒီအေကာင္ေလးႀကီးလာရင္ေကၽြးရေအာင္သိမ္းထားမလို့"
တကူးရွန္း ရဲ့တည္ၾကည္တဲ့မ်က္ႏွာဟာ တခနခ်င္း ျပဳံးမိသြားခဲ့တယ္
ေၾကာင္သားရဲေပါက္ေလးရဲ့အေမႊးေလးေတြကိုသပ္တင္ေပးရင္း ျပဳံးေနတဲ့သူမဟာ စကားေျပာတဲ့ေနရာမွာေတာ့ နဲနဲတည့္တိုးဆန္တယ္
ဘယ္လိုပဲျဖစ္ျဖစ္ အနာဂတ္မွာ သူမေၾကာင္းနားလည္ေအာင္လုပ္ရမယ္လို့ပဲေတြးလိုက္မိေတာ့တယ္
တုကူးရွန္း ေနရာကမေရြ႕ သူ႔ရဲ့လက္ကိုေျမာက္လိုက္ကာ မိုးႀကိဳးတန္းမ်ားစြာဖန္တီးလိုက္ၿပီး ေခါင္းငါးလုံးဖားဆီ က်ဆင္းေစလိုက္တယ္
တဘန္းဘန္းျမည္သံနဲ႔အတူ ေခါင္းငါးလုံးဖားရဲ့ႀကီးမားလွတဲ့ကိုယ္ထည္ဟာမဲတူးသြားၿပီး
ဦးေခါင္းက အျမဳေတဟာလဲ တုကူးရွန္းလက္ထဲပ်ံသန္းေရာက္လာခဲ့ေတာ့တယ္
.....
သက္တန႔္ေရာင္ျခယ္စံအိမ္ေတာ္ရဲ့အဝင္ဝမွာ ရန္က်င္းတစ္ေယာက္ စိုးရိမ္ပူပန္ေနတဲ့မ်က္ႏွာနဲ႔ရပ္လို့ေနတယ္
သူ႔ရဲ့သခင္မေလး ေပ်ာက္ေနတာဟာ ေန႔တဝက္ေလာက္ရွိေနၿပီ
အဲ့ဒီအခ်ိန္မွာ
ခ်န္ခ်င္းစားေသာက္ဆိုင္မွာေတြ႕ခဲ့ရတဲ့လူငယ္ဟာ လူႀကီးတစ္ေယာက္နဲ႔အတူ သက္တန႔္ေရာင္ျခယ္စံအိမ္ေတာ္ေရွ႕ေရာက္လာခဲ့တယ္
"ဒီက ေရာင္းရင္း ခၽြန္းဟြားမိန္းကေလးဆီေတြ႕ခြင့္ေတာင္းေပးပါလား"
"အာ အဲ့ဒါေတာ့မရဘူးဗ် သခင္မေလးက သခင္ေလးတို့ထြက္သြားၿပီးထဲက ျပန္မလာေသးဘူး "
"ဒါဆိုလဲ ဧည့္ေဆာင္မွာထိုင္ေစာင့္ေနလို့ရမလား"
"ရပါတယ္ ရပါတယ္ ရန္က်န္း သခင္ေလးနဲ႔ဒီကမိတ္ေဆြကို ဧည့္ေဆာင္မွာေနရာခ်ေပးပါဦး"
"ေက်းဇူးတင္ပါတယ္ ေရာင္းရင္း"
"ရပါတယ္ ဒါေပမဲ့ သခင္မေလးက သခင္ေလးတို့ကို ေတြ႕ခ်င္မလားဆိုတာကေတာ့ မေသခ်ာဘူး တကယ္လို့ သခင္မေလးျပန္လာရင္ေတာ့ အေၾကာင္းၾကားေပးပါမယ္"
ရန္က်င္းက ဧည့္ေဆာင္ဘက္ဦးတည္သြားလိုက္တဲ့ လူငယ္နဲ႔ အင္အားေကာင္းပုံရတဲ့လူႀကီးရဲ့ေနာက္ေက်ာကိုၾကည့္ကာ ေခါင္းခါရမ္းလိုက္မိတယ္
ေရႊတုံးငါးေသာင္းရွုံးတာမမွတ္ေသးလို့လားမသိ
ထို့ေနာက္ေတာ့ ၿခံတံခါးဝမွာ ရပ္ၿပီး သူ႔သခင္မေလးအလာကိုျပန္လည္ေစာင့္ေမၽွာ္ေနလိုက္ေတာ့တယ္
......
"ပူးေပါင္းဖို့ ?"
က်ဴးလစ္ အံဩသြားတဲ့မ်က္ဝန္းေလးေတြနဲ႔ တုကူးရွန္းကိုေမာ့ၾကည့္လိုက္တယ္
ေၾကာင္ကေလးကိုပိုက္ထားရင္း သူ႔ကိုေမာ့ၾကည့္ၿပီး ေမးလိုက္တဲ့ပုံေလးကို ေငးရင္း တုကူးရွန္း ေခါင္းညိတ္ကာ ရွင္းျပလိုက္တယ္
"ဟုတ္ပါတယ္ ခၽြန္းဟြားမိန္းကေလးက သစ္သားစြမ္းအင္ကိုဘယ္လိုအသုံးခ်ရမလဲဆိုတာကို ေတာ္ဝင္ေက်ာင္းမွာ သင္ၾကားေပးရင္ရပါၿပီ အီု့အတြက္လဲ လိုအပ္တဲ့ေထာက္ပံ့မူ႔ကို လာလိုင္းနန္းေတာ္က အကုန္ေပးအပ္သြားမွာပါ"
"အင္း မဆိုးဘူး လက္ခံနိုင္ေလာက္တဲ့ကမ္းလွမ္းမူ႔ပဲ ဒါေပမဲ့ ကၽြန္မက တေနရာထဲမွာ ေျခခ်ဳပ္မိၿပီး မေနနိုင္ဘူး ၿပီးေတာ့ က်င့္ႀကံရမဲ့အခ်ိန္ေတြနဲ႔ ေတာင္တန္းေတြဆီခရီးထြက္ရဉီးမယ္ "
"ဒါဆို ငါးရက္မွာ သုံးရက္ပဲသင္ေပး က်န္တဲ့အခ်ိန္ေတြမွာက်င့္ႀကံေပါ့ "
" ခရီးထြက္ရမယ္ဆိုရင္ေရာ "
"အစားထိုးသင္ခဲ့ၿပီး တလအတြင္းျပန္လာေပါ့"
"ရွင္ေျပာခ်င္တာက သင္ရမဲ့ရက္ေတြကိုေပါင္းလိုက္ၿပီး ခြင့္ရက္မ်ားမ်ားယူလို့ရတယ္ေပါ့"
"အင္း အဲ့လိုသေဘာမ်ိဳးပါပဲ "
"ေကာင္းျပ္ီေလ အဲ့ဒါဆိုရင္လဲ ကၽြန္မေတာင္းတဲ့ေထာက္ပံ့စားရင္းကိုေတာ့ ေသေသခ်ာခ်ာျဖည့္ဆည္းေပးပါ "
"ေကာင္းပါၿပီ တခုေတာင္မက်န္ေစရပါဘူး"
က်ဳးလစ္ ေၾကာင္ေလးကိုေထြးပိုက္ကာ လမ္းေလၽွာက္ရင္း လာလိုင္းနန္းၿမိဳ့ေတာ္ဘက္ကို ျပန္လာၾကတယ္
ကိုယ္ေဖာ့ၿပီးေျပးတာျဖစ္ျဖစ္ ပ်ံသနး္တာျဖစ္ျဖစ္ တခုခုလုပ္လို့ရေပမဲ့လဲ
ဘာေၾကာင့္မွန္းမသိ
သူမလုံျခဳံတယ္လို့ခံစားရတာေၾကာင့္ ေအးေအးလူလူပဲ လမ္းေလ်ာက္ကာ လာလိုင္းနန္းၿမိဳေတာ္ထဲဦးတည္လိုက္ေတာ့တယ္
✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️
Alinkar nang
You are reading the story above: TeenFic.Net