စာစဉ်(9) အပိုင်း(98)

Background color
Font
Font size
Line height

Lengends of spring goddness

အပိုင်း(98) သူမနှင့်နွေနှောင်းနတ်ဘုရား

သလွန်ပေါ်မှာ သူမကအိပ်စက်လျှက်ရှိဆဲ

မနက်နေထွက်လာပြီဆိုပေမဲ့ သူမက အိပ်ရာထဲက မထလာသေးဘူး

အကြောင်းအရင်းကတော့ သူမရဲ့ဧည့်သည်တွေရဲ့စာရင်းတွေထဲမှာ နွေနှောင်းနတ်ဘုရားလဲပါလာလို့ပါပဲ

"ဘာလိုချင်တာလဲ"

သူမရဲ့ဟန်က အေးစက်စက်

တကယ်က သူမဟာ ‌သူမရဲ့ဘဝဇတ်ကြောင်းတွေအလုံးစုံကိုသိပြီးပြီ မှတ်ဉာဏ်တွေလဲပြန်ရပြီးပြီ

ဝိဉာဉ်သုံးခုဟာပြီးပြည့်စုံစွာပေါင်းစပ်ပြီးသွားပြီ

တခုပဲကွာခြားသွားတာက သူမဟာ ခံစားချက်မရှိ အေးစက်စက်မဟုတ်တေ့ာပဲ သုံးဘဝဖြတ်သန်းလာပြီးနောက်မှာသိပ်ကိုရင့်ကျက်သွားတာပါပဲ

သူမကိုလိုချင်တဲ့သူတွေကို ဂရုစိုက်ပေးမယ်

သူမကို မုန်း‌တဲ့သူတွေကလဲ မှန်အတိုင်းပဲတူညီမူ့ပြန်ရမယ်

သူတို့ကိုဂရုပြန်စိုက်ပေးဖို့ရာပျင်းလွန်းလှတယ်လေ

အခု သူမက နတ်ဒေဝါအဆင့်ပဲပြန်ရောက်သေးပေမဲ့ နတ်ဘုရားအဆင့်ကိုရောက်ဖို့တဆင့်ပဲလိုတာ

ဒီအခြေအနေအထိရောက်ဖို့ သူမအောက်ခြေကနေတက်လာရတယ်

အရင်ကလိုနတ်ဘုရားမအဖြစ်
ဘွားခနဲမွေးဖွားလာတာမျိုးမဟုတ်ပဲ သူမလက်သူမခြေနဲ့တခုချင်းစီတခုချင်းစီတဆင့်ပြီးတဆင့်တက်လာရတာ

ပြောရမယ်ဆို ဒါက သူမရဲ့လူ့လောက ကြုံတွေ့ရမဲ့ဒုက္ခစမ်းသပ်ချက်တခုလိုတောင်ပြောလို့ရပါတယ်

သူမရှေ့က သူဟာ သွေးရင်းမောင်နှမဖြစ်ပေမဲ့ အခုပြန်တွေ့တော့ သူစိမ်းလိုပဲ သူမခံစားရတယ်

အရင်က ကြင်နာမူ့တွေဟာ ဟန်ဆောင်တာသက်သက်ပဲလားလို့

သူမကိုချစ်ခင်တယ်ဆိုတာ သူများတွေသိရုံသက်သက်ပဲလားလို့

သူမမေးချင်တယ်

ဒါပေမဲ့ သူမကို သတ်ဖို့ကြိုးစားတာကိုပြန်‌မြင်ယောင်တိုင်း သူမရင်ထဲမှာစိတ်ပျက်မူ့ကလွဲပြီးဘာမှမရှိဘူး

ဒါကြောင့် ဘာမှမမေးချင်တော့ဘူး

ဒီလိုမှ သူမ ထပ်စိတ်မပျက်ရမှာ

‌ထပ်ပြီးမမျော်လင့်ချင်တော့မှာ

ထပ်ပြီးမခံစားရတော့မှာ

"ဟွားဟွား ! "

"............."

သူမရဲ့အမူအယာမဲ့မူ့က ရှန်ကွနး်ချိုးယွဲ့ကိုပျာယာခတ်စေတယ်

"မေ့မေ့ (ညီမလေး)"

"ကော(ကိုကို) ဘာလိုချင်တာလဲ ရတနာပန်းမျက်လုံးလား ဒါမှမဟုတ် လောကပါလအဆောင်လား ဒါမှမဟုတ် ဒီမေ့မေ့ရဲ့အသက်ကိုလား ဒါမှမဟုတ် ချင်းချင်းရဲ့အသက်ကိုလား"

"............ မင်း ! ........"

မျက်စိမျက်နှာပျက်နေတဲ့ ရှန့်ကွမ်းချိုးယွဲ့က သူမကိုပွေ့ဖက်လိုသလို လက်ဆန့်ကာ ရှေ့တိုးလာခဲ့တယ်

သူမကတော့ နောက်ကိုမထင်မှတ်ပဲဆုတ်မိသွားတာပေါ့

ဒါက သူမ တမင်လုပ်တာမဟုတ်ဘူး

ပင်ကိုယ်အသိစိတ်နဲ့ သူမကိုယ်သူမကာကွယ်တာ

"မေ့မေ့ ကော‌ရှင်းပြတာ နားထောင်ပေးပါဦး ဒါက ဒါက အကြောင်းအရင်းရှိပါတယ်"

"မကြားချင်ဘူး"

"........."

"ကိုယ်ရဲ့သွေးသားရင်းကိုတောင်ထိခိုက်အောင်လုပ်နိုင်တဲ့အဲ့အကြောင်းပြချက်ကိုနားမထောင်ချင်ဘူး ကြားလဲမကြားချင်ဘူး ထွက်သွားတော့ တိုက်မယ်ချမယ်ဆိုလဲပေါ်တင်လာ ခိုးကြောင်ခိုးဝှက်နြဲသူများအိမ်မက်ထဲပေါ်ပေါ်မလာနဲ့ မျက်စိနောက်တယ် အိပ်ရေးပျက်တယ်"

".........."

"ဟူးးးးးးးး"

သူမသက်ပြင်းတို့လေးလံစွာချလိုက်တယ်

မျက်စိဖွင့်လိုက်တော့ နေ့လည်ဖြစ်နေပြီ

သူမနိုးနိုးချင်း တုကူးရှန်းရှိနေတဲ့ရေခဲဥနားသွားလိုက်တယ်

ဖ္ီးနစ်ကုန်းမြေမှာရှိပေမဲ့လဲ အဲ့ဥက အပူစွမ်းအင်ကိုအအေးစွမ်းအင်အဖြစ်ပြောင်းလဲနိုင်ပံုရတယ်

အေးမြပြီး အငွေ့လေးတွေတောင်ထွက်နေတဲ့ရေခဲဥနားသူမအတော်ကြာရပ်တန့်နေခဲ့ပြီး ခပ်ဝါးဝါးသာမြင်ရ‌တဲ့ သူ့ရဲ့မျက်နှာလေးကို မြတ်နိုးစွာကြည့်လိုက်တယ်

"ချင်းချင်း........ရှင်ဘယ်ဝောာ့နိုးမှာလဲ "

သူမ ချင်းချင်းလို့ခေါ်လိုက်တာပါ

အခုချိန်ကစပြီး တုကူးရှန်းဆိုတာ မရှိတော့ပါဘူး

တုကူးရှန်းရဲ့ကိုယ်ဟာလဲ အခုသူမလို အခွံသက်သက်ပါပဲ

အခု ရေနတ်ဘုရားစစ်ထူပိုင်ချင်းက ဒီကိုယ်ထဲမှာပဲ ပြန်လည်နိုးထလာပါလိမ့်မယ်

တုကူးရှနး်ရဲ့မှတ်ဉာဏ်တွေရထားမှာဖြစ်တဲ့အတွက် အရင်ကထပ် ထက်မြက်လာမှာဖြစ်တာကလွဲပြီးကျန်တာအရင်အတိုင်းပဲ ဘာမှပြောင်းလဲမသွားဘူး အခုသူမလိုပဲပေါ့

ဒါကြောင့်လဲသူမစိတ်ချမ်းသာတယ်

သူနိုးလာရင်တော့ သူပေးခဲ့တဲ့စကားလက်‌ေ‌ဆာင်က ဘာကိုဆိုလိုတာလဲဆိုတာမေးရဦးမယ် နွေဦးနတ်ဘုရားမပြန်ဖြစ်လာပေမဲ့ အဲ့ဒါတွေကို အခုချိန်ထိ သူမ နားမလည်နိုင်‌‌ေသးဘူး

သူမဘေးနားလာရပ်နေတဲ့ ဖုန့်ဟွမ်ကို သူမခေါင်းလေးစောင်းကာကြည့်လိုက်ရင်း

"ဖုန့်ဟွမ် "

"ဟမ်"

"ရှင့်မှာရှိတဲ့ရတနာကဘာများဖြစ်မလဲ"

"ဖီးနစ်ရဲ့သွေးမျက်လုံးလေ "

သူမ သူ့ကိုပြူးကြည့်မိတယ်

သူ့ပုံကပျင်းရိပျင်းတွဲနဲ့ ဘာကိုမှ ဂရုစိုက်တဲ့ပုံမပေါ်ဘူး

"ဟမ်  လွယ်လိုက်တာ အဲ့ဒါကိုဒီအတိုင်းပြောပြလိုက်ရလား ရှင့်ဆီကကျွန်မလုယူသွားရင်ဘယ်လိုလုပ်မလဲ"

"မင်းလိုချင်လို့လား "

"ဟင့်အင်း မလိုချင်ပါဘူး"

"မလိုချင်တဲ့သူတစ်ယောက်ကို ပြောပြလိုက်လဲဘာမှမဖြစ်ဘူးလေ မင်းမှမလိုချင်တာကို"

သူက သစ်ပင်တခုကိုမှီထားကာ မြက်ရိုးတခုကိုကိုက်ဝါးလို့နေတယ်

အဲ့ရတနာက နတ်ဘုရားတိုင်းရဲ့အသက်ဆိုတာကိုသိရက်နဲ့ သူအတွက်ကျ အရမး်ပေါပဲနေသလိုပဲ

သူမ‌ စနောက်ချင်စိတ်ပေါက်လာတာနဲ့ပဲ

"တကယ်လို့လိုချင်တယ်ဆိုရင်ရော"

"မင်းယူတာဆိုရင်တော့ ကိုယ် ကိုယ်တိုင်က ကြည်ကြည်ဖြူဖြူပေးမှာပါ"

"ရှင်သေသွားရင်တောင်လား"

"ဒါပေါ့"

သူမနားမလည် အရမး်အဖိုးတန်တဲ့ပစ္စည်းရတနာကို လွယ်လွယ်ကူကူသဘောထားနေတာက အရမ်း ပေါ့ပျက်ပျက်နဲ့

"ဘာလို့လဲ"

"မရှင်းဘူးလား ကိုယ်မင်းကိုချစ်နေလို့ပေါ့ "

"............"

ဟမ် !!

အခု !!

သူမက ညာတာပါတေးနဲ့ရည်းစားစကားပြောခံလိုက်ရတာလား

.......🍩🍯🧁🍯🧁🍯🧁🍯🍯🍩🍯🍩🍯🍩🍯🧁🍯🧁🍯🧁🍯🧁🍯🧁🍯🧁🍯🧁🍿🧁🍯🧁🍯🧁

Alinkar nang




You are reading the story above: TeenFic.Net