စာစဉ်(9)အပိုင်း(96)

Background color
Font
Font size
Line height

Lengends of spring goddness

အပိုင်း(96) သူမနိုးထလာခြင်း

နွေဦးနတ်ဘုရားမက သူမကိုခနခနငြင်းဆန်တယ်

သူမမှာပြန်တိုက်စရာဘာမှမရှိပေမဲ့ သူမမှာ ခိုင်မာတဲ့စိတ်ဓာတ်နဲ့ဇွဲဆိုတာရှိတယ်

သူမကြိုးစားတယ်

တခါကျရှူံးရင် နောက်တခါထပ်ကြိုးစားတယ်

နောက်တခါထပ်ကျရှူံးရင် နောက်ထပ်ပိုကြိုးစားတယ်

ဒီလိုနဲ့ အပြင်ကမ္ဘာမှာ တနှစ် လောကပါလအဆောင်တော်ထဲမှာကသုံးနှစ်‌

သူမတော်တော်ကြာကြာကြိုးစား
အားထုတ်ခဲ့ရတယ်

နောက်တော့ အဲ့တန်ခိုးတွေက

သူမနဲ့အသားကျလာတယ်

သူမနဲ့အဆင်ပြေလာတယ်

သူမနဲ့သင့်တော်လာတယ်

အဲ့တော့ သူမအောင်မြင်သွားခဲ့တယ်

သူမမျက်လုံးတို့ဖွင့်လိုက်တာနဲ့လောကပါလအဆောင်တော်ထဲကနေ ချက်ချင်းကန်ထုတ်ခံလိုက်ရတော့တာပဲ

သုံးနှစ်လောက်မလှုပ်ရှားထားလို့ သူမခြေထောက်တို့ထုံကျင်နေတာမို့ ထုထောင်းနေတဲ့အချိန်

"ဂျိန်းးးးးးးး"

မိုးတိမ်‌ေတွအုံဖွဲ့ကာ သူမအပေါ်ကိုပစ်ချတော့မဲ့ဟန်ပြင်လာကာ အသံတွေပါထွက်ပေါ်လာခဲ့တယ်

အခု ကျူးလစ်က ဆံနွယ်အဖြူရောင် မျက်ဝန်းများကစိမ်းပြာရောင် ဘာမှ ပြောင်းလဲမသွားပါဘူး

ဒါပေမဲ့ သူမရဲ့အရှိန်အဝါကတော့ တော်တော်ပြင်းထန်လာတာပါ

ဒါကြောင့်လဲ သူမကန်ထုတ်ခံလိုက်ရတာနဲ့တပြိုင်နက် အပြစ်ပေးဒုက္ခမိုးကြိုးကချက်ချင်းကိုရောက်ချလာတော့တာ

အပြစ်ပေးဒုက္ခမိုးကြိုးက နတ်ဒေဝါမိုးကြိးစမ်းသပ်ချက်ပဲဖြစ်တယ်

လူသားတွေဟာ ကောင်းကင်အလိုကိုဆန့်ကျင့်ပြီး လူကနေ နတ်တပါးဖြစ်လာခဲ့တယ်

ဒါကြောင့်  မတတ်သာတဲ့အဆံုးမှာ အထက်ဘုံက မိုးကြိုးစမ်းသပ်ချက်သုံးခုကိုဖြတ်ကျော်ပြီးမှ အစစ်အမှန် နတ်ဘုရားတပါးဖြစ်လာခဲ့မှာပါ

ပထမ မိုးကြိုးစမ်းသပ်ချက်က နတ်ဒေဝါစမ်းသက်ချက်လို့လဲဆိုသလို အပြစ်ပေးဒုက္ခမိုးကြိုးလို့လဲခေါ်ပါတယ်

ဘာကြောင့်အဲ့လိုအမည်တွင်နေရတာလဲဆိုရင်တော့ လူသားကနေ နတ်ဘုရားတပါးဖြစ်လာဖို့ကြိုးစားလို့ ပေးတဲ့အပြစ်လို့ပြောနိုင်ပါတယ်

နောက်တမျိုးက ဝဋ်ကြွေးခြေအပြစ်‌ေပးဒုက္ခမိုးကြိုးစမ်းသပ်ချက်ပါ

လူ့လောကမှာကျန်ခဲ့တဲ့ဆပ်ရမဲ့ဝဋ်ကြွေးတွေကြောင့် မိုးကြိုးနဲ့အပြစ်ပေးတာပါ

နောက်ဆုံးတမျိုးကတော့ နတ်ဘုရားစမ်းသပ်ချက်အတိတ်အချစ်ကံတရားပဲဖြစ်ပါတယ်

ဒီတခုကတော့ ကိုယ်နဲ့အတူချည်နှောင်လာတဲ့အချစ်ကြိုးတွေကြောင့်ပေးတဲ့အပြစ်ပေးခြင်းပါ

အားလုံးကသေလုမျောပါး‌ဖြစ်ရင်ဖြစ် မဖြစ်ရင်သေသွားကြတာချည်းပဲ

ဒါဆိုရင် အပြစ်ပေးစမ်းသပ်ချက်ကတကယ်ပဲ ဆိုးဝါးတာလား

အဲ့လိုမေးရင်လဲ မဟုတ်ပါဘူး

အပြစ်ပေးဒုက္ခမိုးကြိုးစမ်းသပ်ချက်ကြောင့်ကိုယ်ထဲကအညစ်အကြေးတွေကိုသဖယ်ရှားပေးပြီးအရှိန်အဝါကိုပိုမိုသန့်စင်စေကာ ပြောင်းလဲလာစေပါတယ်

‌နောက်တဆင့်ကိုတက်လှမ်းရာမှာလဲအကူအညီဖြစ်စေတယ်

မိုးကြိုးစမ်းသပ်ချက်သုံးမျိုးလုံးပြည့်သွားရင်တော့ တကယ်ကောင်းကင်မှာစံမြန်းပြီးသိက္ခာရှိတဲ့နတ်ဘုရားဖြစ်ပါပြီ

ကျူးလစ် အဲ့ဒါတွေကိုသိလို့ ကောင်းကင်ကြီးကိုမကြောက်မရွံ့မော့ကြည့်လိုက်ကာ ရင်ဆိုင်ဖို့အသင့်ပြင်ထားလိုက်ပါတော့တယ်

"လာစမ်း ငါအသင့်ဖြစ်ပြီကွ"

"ဂျိန်းးးဂျလိန်းးးးး "

မိုးကြိုးစမ်းသပ်ချက်ကြောင့်ကျရောက်လာတဲ့မိုးကြိုးတွေဟာ ဖီးနစ်ကုန်းမြေတခွင်လံုးကိုရုတ်ရုတ်သဲသဲဖြစ်သွားစေပါတယ်

‌ရှောင်ရှောင်တို့လူတစုကလဲ ခုန်ပေါက်ထွက်လာပြီး သူမကိုရှာလိုက်တော့

ငွေရောင်ဆံနွယ်များပျံ့လွင့်နေတဲ့မိန်းကလေးတစ်ယောက်ဟာ မိုးကြို‌းတောထဲမှာသတ္တိရှိရှိနဲ့ရပ်နေတာကိုတွေ့လိုက်ရပါတယ်

"ဝါးးးးးး ကျူးကျူးကအရမ်းမိုက်တာပဲ "

"ဟုတ်ပ နတ်ဒေဝါအဆင့်ကိုတောင် ရောက်ဖို့အဆင်သင့်ဖြစ်နေပြီ "

"သူမကိုကြည့်ရတာရင်ဆိုင်နိုင်မဲ့ပုံပဲ"

သူတို့တစ်ယောက်တစ်ပေါက်ပြောနေတုန်း ဖုန့်ဟွမ်ကလဲ ရောက်ချလာခဲ့တယ်

သူ့နောက်မှာတေ့ာ ဖီးနစ်ကုန်းမြေသခင်မ

သူတို့အစကတွေးမိကြတာဖီးနစ်ကုန်းမြေသခင်ဆိုပြီးဘာလို့မိန်းမဖြစ်နေရတာလဲပေါ့

သူတို့မှာ သခင်မလို့ခေါ်လိုက် သခင်လို့ခေါ်မိလိုက်နဲ့

အခုမှသိတာ တကယ့်ပိုင်ရှင်အစစ်က ဒီဖုန့်ဟွမ်ပေါ့

ဟိုတစ်ယောက်က ဒုတိယရာထူးအကြီးဆုံးလူပဲဖြစ်မယ်

လူယုံလိုပေါ့

,"ဂျိန်းးးးးဂျလိန်းးးး"

မိုးကြိုးသံကြားမှ သူတို့စိတ်ကူးယဉ်တာတ္ရပ်လိုက်ပြီးရှေ့ကိုပြန်အာရုံစိုက်လိုက်ကြတယ်

သူမကတော့ တချက်ပြီးတချက်ဝံ့ကြွားစွာ ရင်ဆိုင်နေတာပေါ့

မိုးကြိုးတခါပစ်ချလိုက်တိုင်း သူမရဲ့ကိုယ်ထဲကို အဲ့မိုးကြိုးတွေစိမ့်ဝင်သွားပြီး ယားယံလာစေတယ်

ဟုတ်တယ် ယားယံတာ

ဘယ်လိုအမှားရှိတာလဲမသိ အဲ့မိုးကြိုးတွေဟာ ကိုယ်ထဲစိမ့်ဝင်သွားပြီး သူမကိုအားဖြစ်စေတယ်

ပြီးတော့ သူမရဲ့ဒန်ထျန်မှာလဲ အပြာရောင်လျှပ်စီးလေး‌ေတွဟာတဖျစ်ဖျစ်မြည်နေရင်း သလင်းကျောက်ဖြစ်ဖို့ရာတာဆူနေခဲ့တယ်

သူမရုတ်တရက်ကြီး ပိုစိတ်လှုပ်ရှားလာတယ်

ပြီးတော့ပိုရူးသွပ်လာတယ်

နောက်တော့ အဲ့လိုပစ်ချလာသမျှမိုးကြိုး‌ေတွကိုမြန်မြန်ဆန်ဆန်စုပ်ယူတော့တယ်

...... 🍿🧁🍿🍩🍿🍩🧃🧁🧃🧁🧃🧁🧃🧁🧁🧃🍩🍩🍿🍩🍯🧁🍿🧁🧈🍿🧁🍿🧁🍯🧁🍿🧁🍯

Alinkar nang
















You are reading the story above: TeenFic.Net