စာစဉ်(9)အပိုင်း(94)

Background color
Font
Font size
Line height

Lengends of spring goddness

အပိုင်း(94) သူမနှင့်မရင်းနှီးသောမှတ်ဉာဏ် (3)

အဲ့လိုတိုက်ပွဲကို မြင်ရပါများလာပေမဲ့လဲ ဘယ်တော့မှရိုးမသွားကြ

မောင်နှမနှစ်ယောက်တိုက်တဲ့ပွဲကိုအားလုံးကစိတ်ဝင်တစားနဲ့ကြည့်နေကြပြီး ဘယ်သူကမှလဲဖြန်ဖြေပေးခြင်းမရှိခဲ့

နောက်တော့ သူတို့မောင်နှမတိုက်ကြမဲ့ရက်ကိုခန့်မှန်းတာနဲ့

ဘယ်သူနိုင်မလဲခန့်မှန်းတဲ့‌ဒိုင်လျိုလောင်းကစားဝိုင်းသေးသေးလေးတွေတောင်ထွက်ပေါ်လာခဲ့တယ်

အဲ့လိုနဲ့တရက်တော့ နွေဦးနတ်ဘုရားမ ရုတ်တရက်ကြီး နွေနှောင်းနတ်ဘုရားကိုလာမရှာတော့ဘူး လာစိန်မခေါ်တော့ဘူး

ဘယ်သူကမှလဲ နွေဉီးနတ်ဘုရားမပျောက်သွားတဲ့အကြောင်းအရင်းကိုမသိကြဘူး

အဲ့လိုနဲ့အထက်ဘုံမှာ နွေဦးနတ်ဘုရားမရဲ့သတင်းကမှေးမှိန်သွားတော့တယ်

ကျုးလစ်ကတော့ ဘယ်သူမှမသိတဲ့ကိစ္စကြီးတခုကိုမျက်မြင်ကိုယ်တွေ့ကြည့်နေရပါတယ်

သူမ မြင်နေတာကတော့

နွေဦးနတ်ဘုရားမဟာ ရေနတ်ဘုရားကိုကယ်တင်ဖို့ခုန်အုပ်လိုက်တဲ့အချိန်ကလောကပါလအဆောင်ရဲ့တန်ပြန်သက်ရောက်မူ့ဒဏ်ကိုခံခဲ့ရပါတယ်

နွေနှောင်းနတ်ဘုရားက ရက်စက်တယ်ဆို ရေနတ်ဘုရားပက်စက်တယ်လို့ပဲမြင်ပါတယ်

ကြားထဲကနွေဉီးနတ်ဘုရားမရှိနေတာကို သူတို့နှစ်ယောက်လုံးကစိတ်မဝင်စားခဲ့ကြပါဘူး

နွေနှောင်းနတ်ဘုရားက ရေနတ်ဘုရားကို အကြပ်ကိုင်ချိန်မှာ ရေနတ်ဘုရားကလဲ လောကပါလအဆောင်တော်ကိုနိုးဆွပြီးတိတ်တဆိတ်တိုက်ခိုက်ဖို့ပြင်ဆင်ထားခဲ့တာပါ

အဆုံးမှာတော့ နွေဉီးနတ်ဘုရားမဟာ လောကပါလအဆောင်တော်ကြောင့်ထိခိုက်ခဲ့ရတဲ့အပြင် သံသရာစက်ဝိုင်းတဲ့တန်ပြန်မူ့ကိုလဲခံယူထားခဲ့ရပါတယ်

‌အဲ့လိုအကြောင်းအရင်းတွေကြောင့်ပဲ သူမဟာ ရုပ်နာမ်နဲ့တန်ခိုးဆိုပြီးအစိတ်အပိုင်းသုံးခုအဖြစ်ကွဲထွက်သွားမှာကိုသိလို့ သူမကိုယ်သူမအနာခံကာ နောင်တချိန် အထက်ဘုံမှာသောင်းကျန်းလိုတဲ့ဆန္ဒနဲ့ သူမရဲ့အကြံအစည်တွေကိုလျို့ဝှက်စွာလုပ်ဆောင်ခဲ့ပါတယ်

ရုပ်ဟာ ကျူးလစ်အဖြစ် မွေးဖွားခဲ့ပြီး သူမကို ခံစားချက်မရှိတဲ့စက်ရုပ်လိုဖြစ်စေခဲ့ပါတယ်

‌နာမ်ကတော့ ချွေချွန်းဟွားအဖြစ်မွေးဖွားခဲ့ပြီး အချစ်ကိုပဲသိတဲ့မိန်းကလေးဖြစ်လာစေခဲ့တယ်

တန်ခိုးကတော့ ရောက်ရာပေါက်ရာသံုး‌လောကမှာငြိတွယ်နေရင်းမှ ကျူးလစ်ဒီဖက်ရောက်လာတဲ့အခါအဲ့ဒီအရာကပါ လိုက်ပါကူးပြောင်းလာခဲ့ပါတယ်

အဲ့တော့ ကျုးလစ် ချွေချွန်းဟွားနဲ့ နွေဦးနတ်ဘုရားမဟာ တယောက်ထဲဖြစ်တယ်ဆိုတဲ့သဘောပဲပေ့ါ

ဒါဆိုရင်‌ေမးခွန်းက သူမဘာကြောင့် ဒီဘက်ကိုကူးပြောင်းလာရတာလဲ ?

အခုတော့သူမသိသွားပါပြီ

နွေဦးနတ်ဘုရားမအတွက်စတေးခံဝိဉာဉ်အဖြစ်နဲ့ဖြည့်ဆည်းပေးဖို့ပါပဲ

ဒါက အရမ်းခက်ခဲတဲ့လမ်းကြောင်းဖြစ်ပြီး အန္တရာယ်လဲများလွန်းလှပါတယ်

အခု ကျုးလစ်က ချွေချွန်းဟွားရဲ့နာမ်ဖြစ်တဲ့ဝိဉာဉ်နဲ့ပေါင်းစပ်ပြီးသွားပြီဖြစ်လို့ သူမလုပ်ရမှာက တခုထဲကျန်တော့တာပါ

အဲ့့ဒါက နွေဉီးနတ်ဘုရားမရဲ့တန်ခိုးစုဖြစ်တဲ့အရာနဲ့ ကျူးလစ် ဟာ တစ်ယောက်နဲ့တစ်ယောက်တသားထဲဖြစ်အောင် ဝါးမြိုရမှာပါ

အဆင်ပြေ‌ေပြဝါးမြိုပြီးမှ ပြီးပြည့်စုံတဲ့နွေဦးနတ်ဘုရားမအဖြစ် ပြန်လည်မွေးဖွားလာမှာပဲဖြစ်ပါတယ်

အဲ့လိုသာဖြစ်လာပြီဆို ကျူးလစ်ဆိုတာကလဲ သုံးလောကထဲကနေအပြီးတိုင်ပျောက်ကွယ်သွားမှာပါ

အခုတုကူးရှန်းတောင်မှ ရေနတ်ဘုရားအဖြစ်သာပြန်လည်နိုးထလာတော့မယ်လို့သူမထင်နေမိပြီလေ

တုကူးရှနး်ကို လိုက်သတ်နေတာ အထက်ဘုံကလို့သူမဘယ်တုန်းကမှမထင်ခဲ့ဖူးပါဘူး

အခုမှ သူမသိတာ လောကပါလအဆောင်တော်ကိုရချင်လို့ တုကူးရှနး်ဟာအမဲလိုက်ခံနေရတယ်ဆိုတာကိုသိတာပါ

ပြီးတော့ သူမရော ဘာကြောင့်ခနခနလုပ်ကြံခံနေရတာလဲဆိူတာရဲ့အကြောင်းအရင်းကို‌လဲသူမသိခဲ့တယ်

သူမသေမှ နွေဉီးနတ်ဘုရားမပြန်လည်နိုးထလာမှာမို့လို့ပါပဲ

ကြည့်ရတာတော့ သူမရဲ့အသွေးအသားတွေက ဆေးဖြစ်တယ် အထက်ဘုံကိုရောက်နိုင်တယ်ဆိုတာက အမှန်ဖြစ်တဲ့ပုံပါပဲ

သူမကိုသာသတ်နိုင်ရင် အထက်ဘုံကိုရောက်မဲ့အခွင့်အလမ်းကတကယ်ရှိတာလေ

ပြောရရင်တော့  သူမကိုသတ်စေတဲ့သူဆီက အထက်ဘုံကိုတက်ရမဲ့လက်မှတ်ရလာမှာပေါ့

သူမမှာ နွေဦးနတ်ဘုရားရဲ့စိတ်ဓာတ်နဲ့ခံစားချက်မရှိပေမဲ့
နွေနှောင်းနတ်ဘုရားကိုဘာကြောင့်ဆန့်ကျင်ရသလဲဆိုတာကိုတော့ အနဲအကျဉ်းနားလည်မိတယ်

ဒါက ရှုပ်ထွေးတဲ့ဆက်ဆံရေးတခုအပြင်မပိုပေမဲ့ ကိုယ်တိုင်ခံစားဖူးတဲ့သူအတွက်ကတော့ရှင်သန်ရာကမ္ဘာကြီးတခုလုံးဖြစ်နေလို့ပါပဲ

.......

ဖျစ် ဖျစ် ဖျစ်

နတ်သူငယ်တပါးကို‌ ပြန်လည်ဝင်စားမူ့မရှိအောင် ဝိဉာဉ်အရင်းအမြစ်ကိုချေမွလိုက်တဲ့တဖျစ်ဖျစ်မြည်သံက ကောင်းကင်မင်းကြီးအဆောင်တော်အတွင်းမှာပျံလွင့်လို့နေပါတယ်

"ဒါ ဘယ်နှယောက်မြောက်လဲ ပုရွက်ဆိတ်လိုအားနည်းတဲ့ကုန်းမြေကလူလေးတစ်ယောက်ကိုတောင်မကိုင်တွယ်နိုင်ကြတော့ဘူးလား"

ဒီနေ့နဲ့ဆို အထက်ဘုံမှာ ကောင်းကင်မင်းကြီးတဖြစ်လဲနွေနှောင်းနတ်ဘုရားသောင်းကျန်းနေတာ သုံးရက်မြောက်သွားပါပြီ

ရေနတ်ဘုရားဝင်စားတဲ့တုကူးဘုရင်ကိုအကြိမ်ကြိမ်သတ်ဖို့ကြိုးစား‌ေစပေမဲ့ အခါခါကျရှူံးခဲ့ကြလို့ပါပဲ

"အခု လောကပါလအဆောင်တော်က သူတို့နှစ်ယောက်လုံးနဲ့ပြန်ပတ်သတ်သွားပြီ .....တောက်..... နတ်ဘုရားအဆင့်တွေက ကုန်းမြေထဲဝင်မရလို့ မဟုတ်ရင် ‌အသုံးမကျတဲ့ဒီလိုဟာလေးတွေကိုအရေးလုပ်မနေဘူး "

ကောင်းကင်မင်းကြီး ဒေါသထွက်လာပြန်တာကြောင့် အားလုံးကအလိုက်တသိနဲ့ခေါင်းကိုရင်ပြင်ပေါ်ဖိကပ်လို့သ‌ာနေလိုက်ကြပါတော့တယ်

နွေနှောင်းနတ်ဘုရားကတော့ သူတို့ကိုစိတ်ပျက်စွာတချက်ကြည့်ပြီးမှ

လျို့ဝှက်ခန်းထဲကိုခနကြည့်လိုက်ပါတယ်

သူ့မျက်ဝန်းထဲဆွေးရိပ်တို့တခနသန်းလာပြီး ဖျတ်ခနဲ တခါမှပေါ်မလာဖူးသလိုပြန်လည်ပျောက်ကွယ်သွားခဲ့ပါတယ်

သူဘာကိုကြည့်ပြီး ဘာကိုလွမ်‌းဆွေးနေတာလဲဆိုတာကိုတော့ သူသာသိပါလိမ့်မယ်

.....🧁🍩🧁🍩🧃😉🧃🥰🧃😉🧃😉🧃🍩🧃🍩🧈🧃🧈🧁🧈🧁🍩🧁🧈🧁🧁🍩🧃🍩

Alinkar nang



You are reading the story above: TeenFic.Net