Lengends of spring goodness
အပိုင်း(92) မရင်းနှီးသောမှတ်ဉာဏ်အပိုင်းအစများ
ကျူးလစ်ရဲ့ကိုယ်ဟာသက်တောင့်သက်သာမရှိစွာ လူးလွန့်နေခဲ့တယ်
ရေခဲအိမ်ထဲက သူမဟာ အခုတော့ တကယ်ကြီး ကိုယ့်ဘာသာကို မကာကွယ်နိုင်တော့ပါဘူး
တုကူးရှန်းကိုကယ်တင်ဖို့ကြိုးစားနေရင်း သူမလဲ ဒိလိုအခြေအနေမျိုးဖြစ်လာမယ်လို့လုံးဝမထင်ထားခဲ့ဘူး
သူမို့ သူမ ကိုယ့်ဘာသာကိုယ်ကာကွယ်မထားခဲ့တာ
အခုတော့ တကယ်ကြီး သူမ အတယ်လို့ခံစားလိုက်ရပြီ
ဒါပေမဲ့ နောက်တခါပြင်ဆင်ခွင့်ရရင်လဲ သူမဒီအတိုင်းပဲ ဆုံးဖြတ်မိမှာပဲ
ဘာလို့လဲဆိုတော့ သူမက သူများပြောတိုင်း ယိုင်လဲတတ်တဲ့သူမဟုတ်လို့ပါပဲ
ဘယ်တော့မှ အနီးကပ်ဆုံးလူတွေကို ထားခဲ့မှာလဲမဟုတ်လို့ပါပဲ
သူမဘက်က ဘယ်တော့မှ သစ္စာမဖောက်သလို သူမကိုလာမထိသရွေ့ သူမကငြိမ်နေမှာဖြစ်ပြီး သူမကိုလာထိရင်လဲအစွမ်းကုန်ပြန့်တုန့်ပြန်မှာ
မော်ဒန်ခေတ်ကသူမဟာ ဒီဖက်မှာထက် ပိုပြီးအေးစက် ပိုပြီးရက်စက် ပိုပြီးပြတ်သားတယ်
အဲ့လိုဖြစ်တာက သူမမှာ ကာကွယ်ရမဲ့သူမရှိလို့အားနည်းချက်ဆိုတာလဲမရှိလို့ပါပဲ
အခု သူမမှာ ကာကွယ်ရမဲ့သူတွေရှိလာပြီ သူမမှာ အလေးထားရမဲ့သူတွေရှိလာပြီ
သူမကိုချစ်တဲ့သူနဲ့ သူမကပြန်ချစ်ရတဲ့သူလဲရှိလာခဲ့ပြီ
သူမမှာအားနည်းချက်ရှိလာပြီ
ဒါကြောင့် တချို့သောကိစ္စတွေမှာ သူမဘက်က တာဝန်မကျေတာမျိုး အားနည်းလာတာမျိုး ပျော့ညံ့လာတာမျိုးရှိလာခဲ့တယ်
ဒါပေမဲ့ သူမ ဒီဘဝကိုပျော်တယ်
လူသားနဲ့တူလို့ သူမကိုယ်သူမ လူပီသလာတယ်လို့ခံစားရလို့
ဒါကြောင့် တုကူးရှန်းသူမကိုဖမ်းစားလိုက်တုန်းက မငြင်းခဲ့တာပါပဲ
အခုတော့ သူမနဲ့မကြာခင်ကမှနေသားကျလာတဲ့ခန္ဒာကိုယ်က သူမကိုယ်ထဲကထွက်သွားပြီး ဝိဉာဉ်အဖြစ်ကိုကူးပြောင်းသွားပါတယ်
သူမ နောက်တခါသေရတော့မှာလားလို့ထင်လိုက်ပေမဲ့
တကယ်တမ်းသူမရောက်သွားတာက အထက်ဘုံလို့ခေါ်တဲ့နေရာဖြစ်ပြီး ချွန်းဟွားအဆောင်တော်လို့ရေးထားတဲ့အဆောင်ရဲ့အရှေ့ကိုပါ
ရွှေအတိနဲ့ဆောက်ထားတဲ့အဲ့အဆောင်မှာ နတ်သူငယ်များစွာဟာ ဒူးထောက်လျှက်ခစားနေကြပြီး တချို့နတ်သူငယ်များက ပန်းတွေကိုပြုပြင်နေပါတယ်
ရွှေနဲ့လုပ်ထားတဲ့အဆောင်ထဲမှာ ပန်းပေါင်းများစွာဟာ ရနံ့သင်းပျံ့လို့နေတယ်
ပန်းရနံ့ပေါင်းများစွာကြောင့်ရှုပ်ထွေးမသွားပဲ ရနံ့ဟာတခုဖဲအဖြစ်ပြောင်းသွားပြီး ပန်းေပါင်းစံုရနံ့ဟာသင်းသင်းလေးထွက်ပေါ်လို့နေပါတယ်
အဆောင်တော်ထဲမှာ နတ်ဘုရားမတပါးလဲရှိနေလေတယ်
သူမက ငြိမ်သက်တဲ့ဝင်သက်ထွက်သက်နဲ့အတူ ညင်သာစွာအိပ်မောကျလို့ရှိတယ်
သူမရဲ့သက္ကလပ်စောင် သလွန် နဲ့ အစစအရာရာအားလုံးဟာ ပန်းတွေဝေဆာနေပြီး သူမရဲ့ငွေရောင်ဆံနွယ်တွေပေါ်မှာတော့ ရောင်စုံပန်းလေးတွေကပ်ညှိလျှက်ရှိလေတယ်
လှုပ်ရှားနေကြတဲ့နတ်သူငယ်အားလုံးဟာလဲ အသံတသံမှ မထွက်ရလေအောင် သွားလာလုပ်ကိုင်နေကြေလတယ်
အဲ့အချိန်မှာပဲ
"နွေနှောင်းနတ်ဘုရားကြွမြန်း......."
နတ်သူငယ်လေးရဲ့စကားသံမဆုံးခင်မှာပဲ နွေနှောင်းနတ်ဘုရားဆိုသူက သူ့လက်ညိုးကိုပါးစပ်မှာကပ်ကာ တိတ်တိတ်နေရန်အချက်ပြလိုက်ပြီး အထဲကို အရိပ်တခုလိုဝင်ရောက်သွားတော့တယ်
သူအထဲရောက်တော့ နားပါးလှတဲ့ နွေဦးနတ်ဘုရားမက နိုးခဲ့ပါပြီ
"ကော "
ချိုသာတဲ့အသံလေးနဲ့စိမ်းပြာရောင်မျက်ဝန်းလေးတွေကြောင့် ဒီနတ်ဘုရားမကိုမြင်
ရတဲ့ဘယ်သူမဆို အချစ်မှာပျော်ဝင်သွားကြမှာပါပဲ
အခုလဲ နွေနှောင်းနတ်ဘုရားက သူမကိုကြည့်ကာ အချစ်တွေရေစီးကမ်းပြိုလိုက်သွားတဲ့အခြေအနေဖြစ်သွားခဲ့ပါတယ်
"ဟွားဟွား ဘာကြောင့်နိုးလာတာလဲ ကောကြောင့် အနှောင့်အယှက်ဖြစ်လို့လား"
"မဟုတ်ပါဘူး နိုးချိန်ရောက်နေလို့နိုးလာတာဖြစ်မယ်"
"အဟွန်း အချွဲမလေး ကောကိုစိတ်ချမ်းသာအောင်အရမ်းပြောတတ်တယ် သိလား "
နွေနှောင်းနတ်ဘုရားက သလွန်စောင်းမှာတင်ပါးလွဲဝင်ထိုင်လိုက်ရင်း နွေဦးနတ်ဘုရားရဲ့ပါးလေးကို သာသာလေးဖျစ်လိုက်ပါတယ်
သူလက်ရုတ်လိုက်တော့ သူမလေးရဲ့ပါးက နီရဲလို့နေပြီ
လှပတဲ့ပန်းလေးက လက်အပူကိုမကြိုက်သလိုပါပဲ
သူမပါးလေးကလဲ ပန်းပွင့်ချပ်လေးလို
နုညံ့လွန်းလှတယ်
ကျူးလစ်ကတော့ဝိဉာဉ်အခြေအနေနဲ့ဒီမြင်ကွင်းကိုမကြည့်ချင်လဲကြည့်နေရတယ်
သူမမြင်တာကတော့ မောင်နှမနှစ်ယောက်ရဲ့ကြည်နူးနေတဲ့မြင်ကွင်းလေးပါပဲ ပုံမှန်အတိုင်းပဲလေ
သူမတွေးလို့တောင်မဆုံးသေး
သူမရဲ့ဝိဉာဉ်ဟာ တစုံတယောက်ဆွဲခေါ်သွားသလိုခံစားလိုက်ရတယ်
သူမ ရေကန်အကြီးကြီးပေါ်မှာဆောက်ထားတဲ့အဆောင်တော်ရဲ့အရှေ့ကိုရောက်လာပြန်တယ်
"ရေနတ်ဘုရားအဆောင်တော်"
သူမ အသံထွက်ရွတ်ကြည့်တော့ ဘာမှန်းမသိ စိတ်လေးလာသလိုရယ်
ဒီအဆောင်ကတော့ အရမ်းရိုးရှင်းတယ် ပုလဲလုံးတွေများစွာရှိပြီး ပန်းတပွင့်မှရှိမနေတာကလွဲရင် သာမာန်ပဲ
ရေလူသားတွေကလဲ ပုံစံမျိုးစူံနဲ့အလုပ်အကျွေးပြုနေကြတယ်
သူမ ကြမ်းပြင်ပေါမှာကော်လိုကပ်နေပြီး ခြေလက်တွေအများကြီးရှိနေတဲ့ ရေဘဝဲတပိုင်းနတ်သူငယ်ကိုတွေ့လိုက်ရတော့
"အီးးးး ငါ ရေဘဝဲတောင်မကြိုက်ချင်တော့ဘူး"
သူမပြောလိုက်ပြီး ဟိုဟိုသည်သည်လိုက်ကြည့်လိုက်ပေမဲ့
အဲ့အဆောင်ထဲကထွက်လာတဲ့နတ်ဘုရားကိုတွေ့လိုက်တော့ သူမမှာ ထိတ်လန့်အံဩသွားလွန်းလို့ ပါးစပ်တောင်ပိတ်လိုက်မိတယ်
တုကူးရှန်း.......
ဟုတ်ပါတယ်
အဲ့နတ်ဘုရားတပါးက တုကူးရှနး်နဲ့တပုံစံထဲပါပဲ
မျက်ဆံအပြာ ဆံနွယ်အပြာ ဝတ်ရုံအပြာနဲ့ ဒီအဆောင်ရဲ့ပိုင်ရှင်ဖြစ်ပုံရတဲ့ ရေနတ်ဘုရားဟာတုကူးရှန်းတဲ့လား
ဘယ်လိုတောင်ရှုပ်ထွေးလာရတာလဲ .....
.........🧁🧃🧁🧃🍩🍦🍩🍦🍩🧃🧁🧃🧁🧃🧁🧃🧁🧃🧁🧃🧁🧃🧁
Alinkar nang
You are reading the story above: TeenFic.Net