စာစဉ်(8)အပိုင်း(84)

Background color
Font
Font size
Line height

Lengends of spring goddness

အပိုင်း(84) မီးနတ်ဘုရားရဲ့ကိုယ်ပိုင်နိုင်ငံ(5)

"ကိုယ်ပိုင်နိုင်ငံလား အဟွန်း ဖုန့်ဟွမ် ရှင့်ရဲ့နောက်ခံကိုကျွန်မကြောက်လာပြီနော် ပြီးတော့ ကျွန်မကိုယ်ကျွန်မအပ်နှင်းရင်‌ေတာင်ကျွန်မရဲ့နှလုံးသားကိုတစ်ယောက်ကရ
ပြီးသွားပြီမို့ ရှင်မကျေနပ်နိုင်မှာပဲစိုးမိတယ်"

ကျူးလစ် သူမရဲ့အသက်ရှူနှုန်းကိုမြင့်တင်ပြီး မီးစွမ်းအင်ပါတဲ့ချီမျှင်စုတွေကိုရသလောက်စုဆောင်းနေလိုက်
တယ်

သူကတော့ ဂရုစိုက်နေပုံမပေါ်ပါဘူး

"ရပါတယ် မင်းရဲ့အပျိုစင်ခန္ဒာကိုယ်ကို ကိုယ့်ကိုပေးလိုက်လေ ဒါဆို ကျန်တာတွေကို ကိုယ်မတောင်းဆိုတော့ပါဘူး မင်းလဲဒီထဲကိုကြိုက်သလိုဝင်ထွက်ခွင့်ရမယ် ဘယ်လိုလဲ "

သူမ တောင့်ခနဲဖြစ်သွားတယ်

ပြီးတော‌့ဒေါသထွက်သွားတယ်

အဲ့ဒါတွေအားလုံးကိုအပြုံးတခုနဲ့သူမမျိုသိပ်လိုက်တယ်

သူသာပြန်မထုတ်ပေးချင်ရင် သူမ ဒီမှာပဲပိတ်နေမှာ အဲ့တော့ သူမ ခပ်ရွဲ့ရွဲ့ပဲပြောပစ်လိုက်တော့တယ်

"ရှင်က စီးပွားရေးအရမ်းဆန်တာပဲ ဒါကပဲ ကျွန်မကိုကြောက်စေတယ်"

"အဲ့တော့ငြင်းတာလား"

"ဟုတ်တယ်"

"မင်းကအရမး်ပြတ်သားတာပဲ"

"ကျေးဇူးတင်စွာနဲ့ပဲ ဟုတ်တယ်လို့ပြောပါရစေ"

"ယဉ်ယဉ်ကျေးကျေးမပြောပဲ ကိုယ့်ကိုသူငယ်ချင်းလိုပဲဆက်ဆံပါလား"

ရုတ်တရက်သူမဘေးနားရှူုထုတ်နေတဲ့လေနွေးနွေးလေးနီးကပ်လာခဲ့တယ်

ကျုးလစ် နောက်ကိုခြေတလှမ်းဆုတ်လိုက်ပြီး မျက်မှောင်ကြုံကာပြောလိုက်တယ်

သူမရဲ့သီးခံနိုင်စွမး်ကကုန်နေပြီ

"ဒါက ရှင်တောင်းတဲ့လျော်ကြေးလား"

"အင်း"

"........."

သူမ စိတ်ပိုဆိုးသွားတယ်

ဒါက ဘာသဘောလဲ

သူမကိုဝင်ထွက်ခွင့်အလွယ်တကူပေးလိုက်တာမဟုတ်လား

ပေါင်နားကပ်ထားတဲ့သူမလက်ကို ခပ်နွေးနွေးအရာတခုကပွတ်သပ်လာခဲ့တယ်

သူမ လန့်သွားတယ် ပြီးတော့ ‌အနောက်ကိုခုန်ဆုတ်ကာ မော်ဒန်ခေတ်မှာသူမကျင့်ခဲ့ဖူးတဲ့ ထိုက်ကျိသိုင်းကွက်ကိုထုတ်လိုက်တာပေါ့

သူမပုံလေးကဒေါင်းလေးလိုပဲ ခြေတဖက်ကို တဖက်ပေါင်မှာထောက်ကန်ထားပြီး ခြေတဖက်ထဲနဲ့မတ်တပ်ရပ်နေတယ်

လက်သီးဆုပ်ထားတဲ့လက်များက ရင်ဘတ်မှာတဖက်ကပ်ထားပြီး တဖက်ကိုတော့ ထိုးရန်အသင့်အခြေအနေနဲ့အနဲငယ်ကွေးထားခဲ့တယ်

"ဟားဟား သူတို့ကမင်းကိုချစ်တဲ့ပုံပဲ"

သူလေသံက အံဩနေသလိုမျိုး ပျော်နေသလိုမျိုး နောက် သဘောကျနေသလိုမျိုး

အဲ့ဒါကပဲသူမကိုထိတ်လန့်စေတယ်

"သူတို့ ? "

"အမ် ....အဲ့ဒါက.... ဖီးနစ်ငှက်ပေါက်လေးတွေပါ"

"ဖီးနစ်ငှက်ပေါက်လေးတွေ "

သူမစိတ်ထဲ နှင်းတောထဲမှာတွေ့ခဲ့တဲ့ ဖီးနစ်ငှက်မလေးကိုပြန်သတိရသွားခဲ့တယ်

နေပါဦး ဖီးနစ်ငှက်ပေါက်လေးတွေလို့ပြောလိုက်တာလားလို့

သူမသိထားတာကတော့ ဖီးနစ်တွေက တကောင်ထဲပဲမွေးကြတာပါ

"အမ် ဖီးနစ်ငှက်ပေါက်လေးတွေဟုတ်လား ဘယ်နှစ်ကောင်တောင်ရှိတာလဲ"

"ကိုးကောင် "

"ဝိူးး ရှင်က အရမ်းချမ်းသာတာပဲ "

"အဟွန်း"

တလင်တမယားစနစ်ပဲကျင့်သုံးကြတဲ့ ဖီးနစ်ငှက်တွေအားလုံးပေါင်းလိုက်ကြမယ်ဆိုရင် အားလုံးပေါင်း နှစ်ဆယ့်ခုနှစ်ကောင်တောင်

ဒါကကုန‌်းမြေလေးခုလုံးမှာမှသုံးကောင်ပဲရှိတဲ့အရေအတွက်အရဆိုရင်တော့ သူက တကယ့်ကိုချမ်းသာတာပဲပေါ့

သူမ သတိလျှော့ချလိုက်ပြီး ခြေတွေလက်တွေပြန်ချလိုက်တော့ သူမလက်ကိုတခါလာထိပြန်တယ်

ဒီတခါတော့ သူမထိုင်ချလိုက်ပြီး အရှေ့ကိုလက်ဆန့်ထုတ်လိုက်တယ်

"အိုးးးး ဖြေးဖြေးလုပ်ပါအကောင်ပေါက်လေးတွေရဲ့ "

သူမရင်ခွင်ထဲ အလုအယက်ဝင်လာကြတဲ့အကောင်ပေါက်လေးတွေကိုပွတ်သပ်ရင်း သူမ‌တီးတိုးပြောလိုက်တယ်

မမြင်ရပေမဲ့လဲ သူတို့လေးတွေကချစ်ဖို့ကောင်းတယ်ဆိုတာသိတယ်

ကလေးတွေလို အရမ်းတွယ်တာတာပဲ ကိုင်လို့လဲအရမ်းကောင်းတယ်

ကျုးလစ် ဖီးနစ်ငှက်ပေါက်လေးတွေနဲ့ဆော့နေတာကို နေနတ်ဘုရားက မျက်ဝန်းထဲ တဖျတ်ဖျတ်လက်နေတဲ့အလင်းတွေနဲ့ကြည့်နေတယ်

ကျုးလစ်သာမြင်ရရင် နေနတ်ဘုရားက သူ့ရဲ့မေးကိုပွတ်နေတာကိုတွေ့ရမှာပါ

သူသိတာက ဒီဖီးနစ်ငှက‌်ပေါက်လေ‌းတွေကို နွေဦးနတ်ဘုရားမဆီလက်ဆောင်ပေးဖို့ကြိုးစားဖူးတယ်

အဲ့တုနး်က ဖီးနစ်ငှက်ပေါက်လေးတွေက စိတ်ဆိုးပြီးသူမကိုဆိတ်ခဲ့လို့ ‌ေနွဦးနတ်ဘုရားမနဲ့သူရန်ဖြစ်ပြီးစကားများခဲ့ကြတာ အထက်ဘုံတခုလုံးအသိပဲ

အခုတော့ သူတို့ကြားထဲမှာ ဘာ ဘာအကျိတ်အခဲမှမရှိပဲ ပျော်ပျေိာ်ရွင်ရွင်ဆော့ကစားနေကြတယ်တဲ့လား

"အဟွန်း မင်းက သူမဟုတ်ဘူးပဲ "

"ဟမ် "

"ဘာမှ မဟုတ်တော့ပါဘူး "

"မင်းကိုတကောင်လက်ဆောင်ပေးရမလား"

"အမ်  အာ ရပါတယ် မယူတော့ပါဘူး"

သူမပြောပြီးတာနဲ့ အကဲပိုတဲ့ဖီးနစ်ငှက်ပေါက်လေးတကောင်က စိတ်မကောင်းသလို

သူမရင်ခွင်ထဲဝင်တိုးလာခဲ့တယ်

"အိုးးးးး"

မိန်းကလေးတွေက နုနုညံ့ညံ့အကောင်လေးတွေချစ်တယ်

ကျူးလစ်ဆိုပိုဆိုးပေါ့

သူမ ကြောင်လေးတွေငှက်လေးတွေကိုအရမ်းချစ်လို့ အကောင်ပေါင်းများစွာတောင်မွေးထားတာလေ

အခုလို လာချွဲတဲ့အကောင်ပေါက်လေးအပေါ် သူမရဲ့အချစ်စိတ်တွေက ချက်ချင်းယိုကျလာတော့တယ်

"အကောင်တွေကိုချစ်တတ်လား"

"အင်း အရင်က အကောင်နှစ်‌ဆယ်လောက်ရှိတယ် မွေးထားတာ အခုတော့......"

သူမက ဒီဘက်ရောက်လာပြီမို့ မတွေ့ရတော့ဘူးလေ

သူတို့လေးတွေအဆင်ပြေမှာပါ

"မင်းကိုအရမး်ချစ်နေပုံပဲ ယူသွားပါ "

"တကယ်လား ယူသွားလို့ရလား"

"ကိုယ်ကတော့ရတယ်"

"ဟမ်"

"သူလေးရဲ့အမေကတော့ရမယ်မထင်ဘူး"

"အွန်း"

သူမရဲ့ရင်ခွင်ထဲကအကောင်ပေါက်လေးကို လာပွတ်သပ်ရင်းသူကဆိုတယ်

"ဒါပေမဲ့ အခြေအနေတရပ်မှာတော့ သူ့ကိုအပြင်ခေါ်ထုတ်သွားလို့ရမယ် "

"ဘာနည်းလမး်လဲ "

"သူတို့အားလုံးရဲ့သခင်မဖြစ်လာရင် ရတယ်လေ"

"..........."

ဘယ်လိုလုပ် ဒီဘူတာပဲ ပြန်ဆိုက်သွားရတာတုန်း

...........🍿🧃🧁🧃🧁🍯🧁🧃🧁🧃🧁🍯🧁🧃🍿🧃🍿🧃🍿🍿🧃🍿🧃🍿🍯🍿🍯🍯

Alinkar nang







You are reading the story above: TeenFic.Net