Lengends of spring goddness
အပိုင်း(77) သူမအသက်မရှင်နိုင်ဘူး
သူမသတင်းကိုကြားတာနဲ့ ပိုင်ချင်းကအမြန်ဆုံးရောက်လာခဲ့တယ်
သူနဲ့အတူ နန်းတွင်းကတော်ဝင်သမားတော်လဲပါလာပြီး အားလုံးက တံခါးရှေ့မှာစိတ်ပူပန်စွာနဲ့ရပ်စောင့်နေကြရတယ်
သူမကိုဘယ်လိုပြန်သယ်လာရလဲဆိုတာ သူတို့လုံးဝမမေ့သေးဘူး
သူမကိုကိုင်လိုက်တိုင်း တဂျွတ်ဂျွတ်မြည်ပြီးကျိုးကျေနေတဲ့အတွက် သူတို့ခြေမကိုင်မိလက်မကိုင်မိနဲ့ တုန်ရင်နေခဲ့ကြရတာ
မျက်လုံးကွယ်သွားတာလဲ တခုကောင်းတာပါပဲ
ဘာလို့လဲဆိုတော့ မိုးကြိုးမှန်ထားလို့မဲသဲနေတဲ့အသားအရတွေဟာ အသားနီတွေလှန်နေပြီး သူမနောက်ကျောဆိုရင် လုံးဝကိုဟက်တက်ကွဲနေတာ
ယောကျာ်းလေးဖြစ်တဲ့တုကူးရှန်းတောင်မှ မျက်လုံးတွေနီရဲနေကာ ငိုထားတာသိသာလွန်းတယ်
ရန်ကျင်းရဲ့မျက်နှာသေကလဲ အခုမှပဲစိတ်ပူပန်တဲ့ရုပ်ထွက်လာကာ လူသားဆန်လာခဲ့တယ်
ဘယ်ရီရဲ့ငိုကြွေးသံကသာ အကျယ်ဆုံးဖြစ်လို့နေပြီး ကျန်တဲ့သူတွေကတော့ ကျိတ်ငိုနေကြရတယ်
သံယောဇဉ်ဆိုတာကလဲ အခက်သားလား
ဘာမှမထိခိုက်ထားရင်တောင် သူငိုရင်ကိုယ်ပါလိုက်ပြီးရောငိုမိတာမျိုးလေ
အခုလိုကြီးကြီးမားမားထိခိုက်နေတဲ့အချိန်မှာတော့ အားလုံးဟာမျက်ရည်လည်ရွှဲဖြစ်ရတော့တယ်
အတန်ကြာအောင်စောင့်ပြီးနောက်မှာ နန်းတွင်းကပင့်လာတဲ့ေတာ်ဝင်သမားတော်ဟာ စိတ်ပျက်လက်ပျက်ပြန်ထွက်လာခဲ့တာကိုတွေ့လိုက်ရတယ်
တံခါးဖွင့်လာတဲ့အချိန်က အားလုံးရဲ့ရင်မှာ ကိုယ်စီမျှော်လင့်ချက်လေးတွေရှိကြသေးတယ်
ဒါပေမဲ့ သမားတော်ရဲ့မျက်နှာထားဆိုးဆိုးကိုေတွ့လိုက်တော့ လှမ်းနေကြတဲ့ခြေလှမ်းကို ကိုယ်ရှိန်သတ်ရပ်တန့်လိုက်ပြီး ငေးငိုင်သွားကြတော့တယ်
တုကူးရှနး်တစ်ယောက်သာ ရှေ့ကိုထပ်တိုးသွားကာ
"သူမရဲ့အခြေအနေက?"
"ဝမ်းနည်းပါတယ် သူမအသက်မရှင်နိုင်တော့ဘူး အနဲဆုံးဆယ်ရက် အများဆုံး ရက်သုံးဆယ်ပဲ စိတ်ကိုအဆင့်သင့်ပြင်ဆင်ထားကြပါ"
တုကူးရှန်းရဲ့ကမ္ဘာတခုလုံးချာချာလည်ကာဇောက်ထိုးဖြစ်သွားသလိုပဲ
သူမအသက်မရှင်နိုင်ဘူးတဲ့လား
မဖြစ်နိုင်တာ
မနေ့ကမှ သူနဲ့နစကားေပြာနေသေးတာကို
ဒီနေ့တော့ သူမကိုလက်လွတ်ဖို့ တစ်စုံတယောက်က သူ့ကိုလာပြောနေတယ်တဲ့လား
သူရူးသွားတာလား
ဒါမှမဟုတ် နားကြားများလွဲသွားတာလား
"ကုပေးလို့မရဘူးလား ဘယ်လောက်ဖြစ်ဖြစ် မဟုတ်သေးဘူး ဘယ်လိုပဲဖြစ်ဖြစ်ရအောင်ကယ်ပေးပါ"
"တခုတော့ရှိတယ် "
သမားတော်က အခက်တွေ့စွာပြောလာတယ်
မျက်စိအောက်စိုက်ထားတဲ့တုကူးရှန်းလဲ မျော်လင့်ချက်တွေနဲ့ နန်းတွင်းကတော်ဝင်သမားတော်ကိုမော့ကြည့်မိတာပဲ
"ဆယ်ရက်ထက်ပိုနေရတယ်ဆိုရင် အာ ဖီးနစ်ကုန်းမြေကနယ်မြေသခင်ဆီမှာအကူအညီတောင်းကြည့်ပါလား နယ်မြေသခင်က ဆေးကုအရမ်းတော်တယ်လို့နာမည်ကြီးတယ် ဒါပေမဲ့ ခရီးသွားလို့လမ်းမှာအရမ်းခုန်လှုပ်နေရင် သူမအတွက်အရမ်းအန္တရာယ်ရှိတယ် လမ်းမှာတင်ဆုံးပါးသွားတာလဲဖြစ်နိုင်တယ် သတိထားကြပါ"
ပြောပြီးတော့ သမားတော်ပြန်သွားပေမဲ့ တုကူးရှန်းတို့ကတော့ ခေါင်းချင်းဆိုင်ကာအစည်းအဝေးထိုင်ကြတော့တယ်
အခန်းထဲမှာတော့ ကျုးလစ် နာကျင်မူ့ကြောင့် ချွေးအပြိုက်ပြိုက်ကျလို့နေတယ်
မှောက်ရက်ကြီးနေနေရပြီး ခွေးတွေကလဲ အနာတွေထဲစိမ့်ဝင်သွားတော့ သူမမှာစူးပြီးစပ်နေလေတယ်
မျက်တောင်ခတ်ရင်တောင်နာကျင်နေတဲ့သူမက လုံးဝကိုလှုပ်လို့မရဘူး
နေရာတိုင်းကကိုက်ခဲနေကာ သွေးအေးလာလေပိုပြီးနာကျင်ကိုက်ခဲလာလေပဲ
အဲ့နာကျင်မူ့ကြောင့် သူမမျက်ရည်ထွက်လာပြန်ရင်တေင် သုတ်လို့မရပါဘူး
သူမတကိုယ်လုံးနာကျင်မူ့ကလွဲပြီးဘာမှမသိတော့ပါဘူး
သူမကမ္ဘာမှာနာကျင်မူ့တွေပဲအမြဲရှိနေတော့တယ်
သမားတော်ဖြူးပေးခဲ့တဲ့အနာကျက်ဆေးတွေရှိတဲ့နေရာတွေအားလုံးကလဲ သူမကိုပိုလို့သာနာကျင်စေတယ်
အခု သူမ ေတွးနေ
ဖြစ်ချင်ေနတာကတော့ နာနေမဲ့အစားသေသွားလိုက်တာကပဲ ပိုကောင်းတယ်လို့ပေါ့
အားလုံးဆုံးရှုံးသွားရပြီးနောက်မှာသူမတကယ်ပဲစိတ်ဓာတ်ကျနေခဲ့တာပါပဲ
အဲ့အခိုက်မှာ တစုံတယောက်က သူမလက်ကိုနွေးထွေးညင်သာစွာကိုင်တွယ်လာရင်းနဲ့သူမကိုစကားေပြာလာခဲ့တယ်
"ကျူးလေးသမားတော်ကပြောသွားတယ် ပြန်နေကောင်းလာတော့မှာတဲ့ ဒီမှာဆယ်ရက်လောက်နားပြီးရင် ဖီးနစ်ကုန်းမြေကိုခေါ်သွားပေးမယ်နော် အဲ့ဒီကနယ်မြေသခင်ကအရမ်းတော်တယ်တဲ့ အဲ့ဒီမှာကုသမူ့ခံယူလိုက်ရင် ကျုးလေးမကြာခင်နေကောင်းလာမှာ အရင်လိုပြန်ဖြစ်လာမှာ သိလား ကိုယ့်ကိုချစ်ရင် ဒီနာကျင်မူ့တွေကိုလက်မလျှေိာ့လိုက်ပါနဲ့နော်"
ကျူးလစ် ဘာပြန်ပြောရမလဲ
သူမကိုလိမ်ရဲတဲ့အထိအတင့်
ရဲနေတဲ့သူ့ကိုပဲစိတ်ဆိုးပစ်ရမလားလို့သူမတွေးနေတာ
သူ့စကားတွေထဲမှာ တခွန်းမှအမှန်မပါဘူးလေ
သူမလဲကုသတတ်သူဆိုတာသူတို့အားလုံးမေ့နေကြတာလား
ကိုယ့်အခြေအနေကိုယ်သိပြီးတော့ အသိစိတ်ကလဲ လုံးဝကိုအကောင်းကြီးရှိနေပါသေးတယ်
သူမရဲ့အတွင်းထဲဘယ်လိုဖြစ်နေကြပြီလဲဆိုတာ သူမသာအသိဆုံး
ဒါနဲ့ သူမနဲ့တုကူးရှန်းကိုကယ်ပေးတာကဘယ်သူလဲ
သူ့ကိုကြည့်ရတာ
သဘောကောင်းပြီး
ပျော်စရာကောင်းပေမဲ့
အရမ်းအန္တရာယ်များနေတယ်လို့ခံစားရတယ်
သူဘယ်သူလဲ
ဘာကြောင့်ကယ်ပေးတာလဲ
ဘာကြောင့်လဲ
ဒါပေမဲ့လဲ
သူမတွေးနေဖို့ပဲတတ်နိုင်တယ် အခြားလုပ်စရာဘာမှကိုရှိမနေတာလေ
အဲ့တော့ သူမတွေးနေရုံကလွဲပြီးဘာမှလဲလုပ်နိုင်တာမရှိဘူးကိုး
🍿🎂🍿🍿🎂🧃🍿🎂🍿🍿🎂🎂🍿🎂🍿🎂🍿🎂🍿🎂🍿🎂🍿🎂🍿🎂🍿🎂🍿🎂🍿🎂🍿🧃🍿🧃
Alinkar nang
You are reading the story above: TeenFic.Net