စာစဉ်(7)အပိုင်း(73)

Background color
Font
Font size
Line height

Lengends of spring goddness

အပိုင်း(73) ကာကွယ်ခံလူတန်းစား

ကျုးလစ် ရှောင်ရှောင်တို့ကိုစောင့်ရှောက်ပေးရင်း တုကူးရှန်းကိုရှောင်နေတယ်

တုကူးရှန်းခမျာ အစကတော့ နမလည်ဘူးပေါ့

နောက်တော့မှ သူ့ရဲ့စနောက်မူ့လွန်ကဲသွားတဲ့အကြောင်းကိုသိရတော့တာ

သူ့မှာနောင်မှတရတဲ့ နောင်တဆိုတာမျိုး ခံစားဖူးသွားတော့တယ်

ကျုးလစ်ရဲ့မျက်နှာရိပ်မျက်နှာကဲကို မျက်နှာငယ်လေးနဲ့လိုက်ကြည့်နေရတာလဲအမော

"သူက ဘာဖြစ်နေတာလဲ "

ဘယ်ရီမေးလိုက်တော့ ကျူးလစ်က နီရဲစွာပြန်ဖြေတယ်

"မသိဘူး"

"မသိဘူး? ဟုတ်ရဲ့လားဟယ် နင့်ကိုကြည့်ရတာလဲ ပုဇွန်ကိုမီးနဲ့ကင်ခံထားရတဲ့အတိုင်းပဲ နီရဲနေတာပဲ အဲ့ဒါကိုများမသိဘူးတဲ့လား နင် ခွေးတကောင်ကိုသွားပြောရင်တောင်ယုံမှာမဟုတ်ဘူး"

ကျူးလစ် အပြုံးကြီးကြီးပြုံးလိုက်တယ်

ပြီးမှာဘယ်ရီကိုကြည့်ကာ

"နင်ကခွေးမှ မဟုတ်တာ "

"......"

ကောင်းပါပြီ ငါကပဲအရှုံးပေးပါတယ် ဟုတ်ပြီလား

ဘယ်ရီတစ်ယောက် မျက်ဖြူပဲလှန်ပြလိုက်တော့တယ်

"နင်နဲ့ အဝှာပြီးပြီလား"

"ဟမ်"

ကျူးလစ် သူမရဲ့မြင့်မြတ်တဲ့ပုံရိပ်ကြောင့် ဘယ်ရီတယောက် ကျောင်းသူတွေအ
တင်းပြောကြသလိုပုံစံလုပ်နေတာကိုလိုက်မမှီဘူး

နောက်မှ သူမ သတိထားမိတာ

ခေတ်သစ်မှာတုန်းကလဲ ဘယ်ရီကဒီလိုပုံစံပဲဆိုတာကိုပေါ့

တခုရှိတာက သူမတို့ရဲ့ပစ်မှတ်ကိုဘယ်လိုသတ်ခဲ့သလဲဆိုတာကိုအသေးစိတ်ဆွေးနွေးခဲ့ကြတာပဲရှိတာပေါ့

"အမ် အဲ့ဒါကလေ "

အရင်ကတော့ သူမတို့ပစ်မှတ်ကိုဘယ်လိုသတ်လာတယ်ဆိုတာကိုဆွေးနွေးရတာကပျော်စရာကောင်းပေမဲ့ ဘယ်ရီရဲ့ပစ်မှတ်က သူမဖြစ်လာတဲ့အခါမှာတော့

နဲနဲလေးတောင် ပျော်ဖို့ကောင်းမနေဘူးနော်ဟုတ်ပြီလား

"ဘာလဲ ဘာလဲ"

အထူးသဖြင့် အခုလို ဘလင်းဘလင်းထနေတဲ့မျက်ဝန်းတွေနဲ့ကြည့်နေတာဆိုရင်ပိုလို့မပြောပြချင်တော့ဘူး

"အာ ငါ ရှောင်ရှောင်တို့နိုးပြီလားလို့သွားကြည့်လိုက်ဦးမယ်နော်"

"........"

အဲ့အကြောင်းပြချက်က သုံးလို့ အရမ်းကောင်းနေလား

အေး ဟုတ်ပြီ ရှောင်ရှောင် တို့နိုးလာမှ နင်ဘယ်လိုအကြောင်းပြချက်သုံးမလဲဆိုတာစောင့်ကြည့်နေလိုက်ဦးမယ်

ဘယ်ရီက ထွက်ပြေးသွားတဲ့ ကျုးလစ်ရဲ့နောက်ကျောကိုကြည့်ကာ မဲ့ရွဲ့လိုက်တယ်

ရုတ်တရက်သူက သမီးတ‌ယောက်ကိုခွေးချီသွားတာခံလိုက်ရသလိုခံစားလိုက်ရလေတယ်

ကျုးလစ်ကတော့ ပြေးသွားလိုက်တာ တန်းနေတာပဲ

"ဟေ့ အချောလေး "

"ဟမ် ရှင် ! အခုတလော ရှင့်ကိုနေရာတကာမှာတွေ့နေရတယ် ဘာလိုချင်နေတာလဲ "

နေနတ်ဘုရားက သူမကိုတွယ်တာနေဟန်တချက်ကြည့်တယ်

ကျုးလစ်ကတော့ ဒီလူဟာပြုံးနေပေမဲ့ အရမ်း အန္တရာယ်ရှိတဲ့သူဆိုတာကိုမသိပဲနေမလား

သူမသာလုပ်နိုင်စွမ်းရှိရင် စပေါ်လာထဲက အမြစ်ဖြုတ်လိုက်ပြီ

အခုတော့ မီးစင်ကပဲ ကြည့်ကရတော့မှာပဲ

"အလှလေး ကိုယ့်မှာ ပြသနာတခုရှိတယ်အဲ့ဒါအလှလေးလိုက်ကြည့်ပေးပါလား"

"အသွင်ပြောင်းဆေးကြောင့်လား"

"အင်း"

ကျုးလစ် သူမ‌ရှေ့ကလူကို ခပ်တည်တည်ကြည့်လိုက်တယ်
ပြီးတာနဲ့ ခေါင်းညိတ်လိုက်တော့တာပဲ

နေနတ်ဘုရားက သူမလက်ကိုဆွဲလိုက်တာနဲ့ ကျုးလစ်မှာ ချလပတ်မူးသွားရတယ်

သူမ မူးဝေသွားတာပြန်ကြည်လာတေ့ာ သူမရှေ့ကမြင်ကွင်းက သက်တံ့ရောင်ခြယ်စံအိမ်မဟုတ်တော့ပဲ စွတ်စွတ်ဖြူတဲ့နှင်းတောထဲရောက်နေပြန်ပြီ

ဒါက နတ်‌ေ‌ဒဝါတယောက်ရဲ့အစွမ်းလား အာကာသဟင်းလင်းပြင်ကို‌ြဖတ်ကျော်သွားခြင်းပေါ့

သူမရောက်နေတဲ့ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပေမဲ့

အိုက်ယားး ငါ ဒီအဖြူရောင်နှင်းတွေကိုမြင်လာရင် အရမ်းပျင်းတာပဲ ဘာအလုပ်မှတောင်မလုပ်ချင်တော့ဘူး

သူမရဲ့ဟန်ပန်က ချက်ချင်းပျင်းရိပျင်းတွဲဖြစ်လာလျှက် နေရာကမရွေ့တော့ပေ

"ချွီချွီ....."

နေနတ်ဘုရားက နှင်းတောထဲကို နာမည်တခုအော်ခေါ်လိုက်တာနဲ့ တောလဲသံလို တဝုန်းဝုန်းပြိုကျတဲ့အသံတွေကိုကြားလာရတယ် အကောင်ကတော့ တော်တော်ကြီးမှာပဲ

သူမတွေးနေတုန်းပဲရှိသေးတယ်

အကောင်တကောင်ဟာ ယိုင်ထိုးယိုင်ထိုးနဲ့ထွက်လာပြီး‌ သူမရှေ့ပေါ်လာတော့တယ်

"ဖီးနစ်!"

ဟုတ်ပါတယ်

တော်တော်ကြီးကြီးမားမားဖြစ်နေပါသော အနီရောင် ဖီးနစ်ကြီးပါပဲ

သနားစရာကောင်းတာက ဖီးနစ်ဟာ မှော်ဝင်သားရဲဖြစ်ပြီး မီးနဲ့ဆက်စပ်တယ်ဆိုပေမဲ့ နှင်းတောထဲရောက်တော့ စုတ်ဖွာနေလေတယ်

သူမ ရှေ့ကိုလှမ်းသွားလိုက်တယ်

"ဟေ့ ချွီချွီသူက ကိုယ်ကလွဲပြီး ဘယ့်သူကိုမှ အနားအကပ်မခံ....အဲ..."

နေနတ်ဘုရား ပြော‌လို့တောင်မဆုံးသေး သူမက ဇွပ်ခနဲရှေ့တိုးသွားလိုက်ကာ ဖီးနစ်ငှက်ကြီးကို သွားရောက်ချော့မြူနေလေပြီ

နေနတ်ဘုရား အံဩစိတ်နဲ့မျက်ဝန်းတို့လက်ခနဲဖြစ်သွားရတယ်

ဝိုးးး မိန်းမ‌လှလေးနဲ့တွေ့တာနဲ့ သခင်ကို တန်းပြီးသစ္စာဖောက်သွားတော့တဲ့ ချွီချွီရယ်ပါ

သူမကို ကြိုက်တာလုပ်ခွင့်ပေးထားပြီး
မျက်ဝန်းတွေကတော့ အသနားခံနေတဲ့ဟန်နဲ့

တော်တော်လဲ တတ်နိုင်တဲ့ကောင်

ဟန်ဆောင်နေတာများ မြင်လို့တောင်မကောင်းဘူး

သူ အဝေးကပဲကြည့်နေလိုက်တယ်

ဒီအကောင်ကို ငါမသိဘူး

စကားမပြောချင်ဘူးဆိုတဲ့စိတ်နဲ့ပေါ့

သူမကတော့ သူ့ထံ စိတ်ဆိုးမာန်ဆိုးနဲ့လာနေပြီ

"ဖြောင်း "

"အမ်"

သူအံဩသွားရတယ်

ဘာမပြောညာမပြောနဲ့ သူမက သူ့လက်မောင်းကို သူမလက်သေးသေးကွေးကွေးလေးတွေကိုအသုံးပြုပြီးရိုက်ပစ်လိုက်တာကိုး

သူကြောင်တောင်တောင်နဲ့ သူမကို

"ဘာလို့ရိုက်တာလဲ"

"ရှင်က ငတုံးမို့လေ ချွီချွီကငယ်သေးတယ် အသွင်ပြောင်းဆေးသောက်လို့မရသေးဘူး အဲ့ဒါကိုရှင်ကပေးသောက်လိုက်တော့ ဘယ်ခံနိုင်ပါတော့မလဲ အပူတောထဲမှာဆို ကိစ္စမရှိဘူး အခု ချွီချွီက နှင်းတောထဲမှာလေ ဒီမှာကြာကြာထားရင်သေနိုင်တယ် သွား သူ့ကို မီးတောင်တွေရှိတဲ့နေရာကိုသာခေါ်သွားလိုက်တော့ ဒီမှာဆက်ထားရင် ရှင့်ခွ‌ျီချီကိုဒီမှာပဲဆုံးရှုံးသွားရလိမ့်မယ်"

"အိုးး"

"ဖြောင်းးးး "

"အ"

"သွား အိုး အ လုပ်မနေနဲ့ ချွီချွီကိုအခုခေါ်သွားတော့"

နေနတ်ဘုရား တော်တော်ထူးဆန်းနေတာ

ဒီကောင်မလေး သူ့လက်မောင်းကိုရိုက်တာနှစ်ခါတောင်

သူ့ကိုပဲမသိတာလား ကြောက်ပဲမကြောက်တာလား သတ္တိပဲကောင်းတာလား

သူလဲ မသိတော့ဘူး

ဒါပေမဲ့ သူမရဲ့ ပူညံပူညံလုပ်နေတာလေးတွေက တကယ့်ဟန်ဆောင်မူ့ကင်းပြီးချစ်စရာလေး

"ကောင်းပါပြီ ချွီချွီကောင်းရင် မင်းကိုတခါထပ်ကြည့်ခိုင်းမယ် "

"ဒါပေါ့"

"ဒါဆိုကိုယ်သွားပြီနော်"

ဘာကြောင့်မှန်းမသိ နောက်ဆံတင်းတယ်ဆိုတာရဲ့ခံစားချက်အဓိပ္ပာယ်ကိုရုတ်တရက်နားလည်လိုက်သလိုပဲ

သူမလေးက နွေဦးနတ်ဘုရားမ မဟုတ်ဘူး

ကျိန်းသေပေါက် အဲ့မိန်းမ မဟုတ်ဘူး

.
.............🍭🧁🍭🧁🧁🍭🐴🧁🍭🧁🍭🧁🍭🧁🍭🧁🍭🧁🍭🧁🍭🍭🍿🍿🧁🍭🧁🍭🧁🍭

Alinkar nang

You are reading the story above: TeenFic.Net