စာစဉ်(7) အပိုင်း(72)

Background color
Font
Font size
Line height

Lengends of spring goddness

အပိုင်း(72) သူက စိတ်အားထက်သန်စွာနဲ့ချစ်မူ့ရေးရာများလုပ်ချင်သော်လည်း သူမက အရမ်းဖြူစင်လွန်းနေသောအခါ

ကန်ရေတို့ဟာ အစကငြိမ်သက်လျှက်

နှစ်ကောင်သားဝင်သွားပြီးနောက်မှာတေ့ာ ဆူပွက်လို့လာခဲ့တယ်

ကျုးလစ် စိုးထိတ်သွားပြီး မသိစိတ်ကအနီးကပ်ကြည့်ဖို့လုပ်လိုက်သော်လည်း တုကူးရှန်းက သူမခါးကိုမြဲမြံစွာကိုင်လိုက်ပြီး ပြန်ထိုင်စေတယ်

"..........."

"ထားလိုက် မသေပါဘူး"

"..........."

မသေနိုင်ဘူးဆိုတာတော့ သူမလဲသိတာပေါ့

ဒါပေမဲ့လဲ ကြည့်တော့ကြည့်ချင်သေးတယ်လေ

သူမ တုကူးရှန်းရဲ့ပေါင‌်ပေါ်ထိုင်နေရင်း အကြည့်တို့က ရေကန်နားကမခွာ

ဘယ်ရီကတော့ အဖြစ်သည်းလှချည်ရဲ့လို့ မျက်ဖြူလှန်ပြတယ်

ရေကန်ထဲရှိနေတို့က ဆူပွက်ဆဲ

အငွေ့တွေထွက်နေပြီး ရေတွေဘောင်ဘင်ခတ်နေတာဟာ အတော်နာကျင်လို့များလား

ခေါင်မိုးပေါ်ကလူကတော့ ကျုးလစ်ကိုစူးစိုက်ကြည့်လျှက်

"မဖြစ်နိုင်ဘူး ဒါက သူမ မဟုတ်ဘူး "

သူသိတဲ့နွေဦးနတ်ဘုရားမက မောက်မာတယ် အပေးအယူမလုပ်ဘူး အညှာအတာမရှိဘူး

အခု သူ့မျက်စိရှေ့ကမြင်ကွင်းကတော့ သူထင်နေတာနဲ့ခြားနားစွာ

သူမတို့မွေးဖွားလာတဲ့နေ့ကိုသူအမှတ်ရသေးတယ်

ကောင်းကင်မှာပန်းမိုးတို့ရွာသွန်းပြီး နီတာရဲကလေးလေးက လေဟပ်လိုက်တာနဲ့ တဖြေးဖြေးကြီးထွားလာခဲ့ကာ အလှပဆုံးသော နတ်ဘုရားမလေးဖြစ်လာခဲ့တာကို

ချောလွန်းလှလွန်းတဲ့နတ်ဘုရားမလေးက မာနကလဲမိုးထက်တောင်မှခေါင်ခိုက်သေးတယ်

အရွယ်ရောက်လာလေ အောင်မြင်မူ့တွေကိုယူဆောင်လာလေ

သူတို့မောင်နှမနှစ်ယောက်ကို ကောင်းကင်ဘုံကနတ်ဘုရားတိုင်းကြောက်ကြရတယ်

-အားးး-

အသံနက်ကြီးနဲ့ဗလုံးဗထွေးအော်သံကြောင့် သူ့အတွေးတို့ပျက်သွားပြီး ရှေ့ကိုကြည့်မိတော့

ရေကန်ရေဟာ လုံးဝကိုခမ်းခြောက်သွားပြီး အပင်တွေကအစသေကုန်တယ်

လှပနေတဲ့လေသာဆောင်ဟာရေကန်နဲ့အရမ်းလိုက်ဖက်တာ

ဒါပေမဲ့အခုတော့ရုပ်ဆိုးကာအကျည်းတန်သွားခဲ့လေပြီ

နောက်ဆုံးတော့ ရေကန်ရေဟာလုံးဝခမ်းခြောက်သွားပြီးရေကန်ထဲမှာ လူရွယ်တစ်ယောက်ရယ် အသက်ဆယ်နှစ်အရွယ်မိန်းမငယ်လေးတစ်ယောက်ရယ်က ကျုံ့ကျုံ‌့လေးကျန်ခဲ့တယ်

"အမ် ဘယ်သူက ဘယ်ဟာလဲ"

ဘယ်ရီက နားမလည်သလို ကျုးလစ်ကိုကြည့်လာခဲ့တယ်

ရန်ကျင်းကလဲထိုနည်းလည်းကောင်းပဲ

"အရှိန်အဝါအရဆိုရင်တော့ မိန်းမငယ်လေးက ရှောင်ရှောင်ပဲ ဆိုတော့....."

သူမပြောတဲ့စကားကို ဘယ်ရီကလိုက်ထပ်ပြောတယ်

"လူရွယ်လေးက သစ်ပင်အိုကြီးပေါ့ "

သစ်ပင်အိုကြီးလို့ပြောတာမဟုတ်လား

ဘယ်လိုလုပ်မအိုပဲနဲ့ လူရွယ်ဖြစ်နေရတာလဲ

အိုမင်းပြီးခါးကိုင်းနေတဲ့အဖိုးကြီးကိုတွေ့ရဖို့မျော်လင့်ထားတာလေ

ဘယ်ရီရဲ့အတွေးတွေတိုင်းကို သူ့မျက်နှာမှာပဲတိုက်ရိုက်ရေးထားသလိုပဲပေါ်လွင်နေတယ်

"သစ်ပင်တွေက နှစ်တထောင်မှာ လူတွေရဲ့အသက်တနှစ်နဲ့ညီမျှတာလေ အခု သူ့အသက်က လူလိုဆို နှစ်ဆယ်လောက်ရှိမယ်ဆိုတော့ အဘိုးကြီးပဲပေါ့မဟုတ်ဘူးလား "

ဘယ်ရီကို ကျုးလစ်ရှင်းပြလိုက်ပြီးနောက် အာခြောက်သွားလို့အခါးရည်သောက်လိုက်တယ်

"ဝေါင်းးးး အခုတော့ နှစ် နှစ်သောင်းတန်လူကြီးကိုတွေ့ဖူးသွားပြီလေ ဟားဟားဟားး"

ဘယ်ရီက အားရပါးရရယ်ပြီးတော့ ရေကန်ထဲက လူကိုစိတ်ဝင်တစားကြည့်တယ်

ရေကန်ထဲကနှစ်ယောက်ကတော့ မေ့မျောနေလျှက်ပဲ

"သွား ရန်ကျင်းက သစ်ပင်အိုကြီးကို ကူလိုက် ဘယ်ရီက ရှောင်ရှောင်ကိုကူပေးလိုက် တော်တော်ပင်ပန်းသွားကြတဲ့ပုံပဲ ပေးအိပ်ထားလိုက် သွားမနှောင့်ယှက်ကြနဲ့"

"အင်း"

"ကောင်းပါပြီ သခင်မ"

သူမ တခုခုထပ်ပြောမလို့ပဲရှိသေး တုကူးရှန်းကသူမကိ‌ုမင်းသမီးလိုပွေ့ကာ ခေါ်ဆောင်သွားနှင့်ပြီ

".........."

သူ ဘာတွေအလောတကြီးဖြစ်နေတာလဲ

သူမ သူ့နောက်ငြိမ်သက်စွာပါသွားပြီး တိတ်ဆိတ်စွာလိုက်သွားတယ်

တုကူးရှန်းသူမကိုပွေ့ကာ အဆောင်ခေါ်လာပြီး သလွန်ပေါ်နုနုညံ့ညံ့လေးချပေးတယ်

ြပီးတာနဲ့သူကိုယ်နဲ့သူမကိုဖိထားလိုက်တော့တာပဲ

"အု အာ့ သေပြီ လေးလိုက်တာ ဖယ်စမ်းပါ "

ကျူးလစ်က တုကူးရှနး်ကိုဖယ်ထုတ်လိုက်ကာ သလွန်ပေါ်ကဆင်းပြီး စားပွဲသွားကာ စာအုပ်သွားဖတ်နေတယ်

တုကူးရှနး်က သလွန်ပေါ်မှာ ခေါင်းကိုလက်တဖက်နဲ့ထောက်ထားရင်း ကျူးလစ်ကိုမကြည်မသာကြည့်နေတယ်

သူက စိတ်အားထက်သန်စွာနဲ့ချစ်မူ့ရေးရာများလုပ်ချင်သော်လည်း သူမက အရမ်းဖြူစင်လွန်းနေသောအခါ သူ့မှာ ဘာဆက်လုပ်ရမှန်းကိုမသိဘူး

ကျူးလစ်ကတော့ သူမမျက်ဝန်းတွေထဲက ရယ်မြူးရိပ်‌ကို တုကူးရှန်းမြင်သွားမှာစိုးလို့ မျက်လွှာမြန်မြန်ချလိုက်တယ်

ဒီကိုယ်က အပျိုစင်ဆိုပေမဲ့ ဟိုဖက်ခေတ်က ကျူးလစ်ကတော့ အပျိုစင်မဟုတ်ခဲ့ပေ

လုပ်ငန်းမစရသေးခင်ထဲက အိပ်ယာပေါ်က ကိစ္စတွေကိုသင်ကြားရတဲ့အပြင် တခါတရံ အဲ့လိုဆက်ဆံနေရင်းနဲ့သတ်ပစ်ရတာတွေလဲရှိတာမို့ ထမင်းစားရေ‌ေ‌သာက်လိုဗဟုသုတတွေကအများကြီးသူမမှာရှိတယ်

အခုတော့ သူမက သူနဲ့ကြာကြာနေချင်ပြီး ဒီလိုကိစ္စတွေနဲ့မရောထွေးချင်သေးဘူး

သူမရဲ့လျို့ဝှက်ချက် သူမပြန်လည်မွေးဖွားလာရခြင်းရဲ့အကြောင်းအရင်းနဲ့ သူမ မက်နေကြအိမ်မက်ထဲကလူအကြောင်းရှာဖို့အထက်ဘုံကိုသွားရမယ်

အဲ့ဒါတွေက သူမလမ်းမှာဆူး‌ညောင့်ခလုတ်တွေလိုပဲ

အဲ့ဒီဆူးတွေကိုအရင်ဖယ်ပြီးမှ သူမဘဝကိုဘာဆက်လုပ်ရမလဲတွေးပါတော့မယ်

သူမ အတွေးလွန်သွားလို့ သတိပြန်ဝင်လာတော့သူကသူမနောက်ကျောရောက်နှင့်ပြီ

"ကျူးလေး"

"ဟင်"

"ကိုယ့်ကိုချစ်လား"

"အင်း"

"အင်းလို့မပြောနဲ့ကွာ "

"ဒါဆိုဘယ်လိုပြောရမှာလဲ"

"ချစ်တယ် တုကူးရှန်းကိုအရမ်းချစ်တယ် အသည်းထဲကကိုချစ်တယ် အဲ့လိုစကားလေးနဲ့နုနုရွရွလေးပြော"

".........."

သူရူးသွားတာလား

ကျုးလစ်မျက်ခုံးပင့်ပြီး သူမနောက်ကလူကိုစောင်းကြည့်လိုက်တယ်

အနဲငယ်နီရဲနေပေမဲ့ သူမကိုစိတ်အားထက်သန်စွာကြည့်နေလေတဲ့တုကူးရှန်း

"..........."

ကျူးလစ်ဆွံ့အသွားတယ်

ဘုရား ဘုရား

ဒီလူဘာဖြစ်နေတာလဲ သူမလိုဝိဉာဉ်လဲသွားတာလား

ဘာတဲ့

ချစ်တယ် တုကူးရှန်းကိုအရမ်းချစ်တယ် အသည်းထဲကကိုချစ်တယ် အဲ့လိုစကားလေးနဲ့နုနုရွရွလေးပြော ဆိုပဲ အမလေး ပါးစပ်ထဲတောင်မရောက်သေးဘူး လည်ချောင်းတခုလုံးတောင်ယားတက်လာတယ်

"အာ ကျွန်မ သစ်ပင်အိုကြီးနဒ့ရှောင်ရှောင်တို့တွေနိုးပြီလားလို့သွားကြည့်လိုက်ဦးမယ်နော် "

နောက်တော့ ကျုးလစ်လဲ အစအနမကျန်အောင်ပြေးထွက်သွားတော့တယ်

အခန်းထဲမှာတော့ သူ့မျက်နှာသူအုပ်ပြီးကျန်ခဲ့တဲ့တုကူးရှန်း့ဲကျန်တော့တာပေါ့

..........🍭🍿🍭🍿🍭🍭🧁🧁🍭🍭🍿🧁🍭🧁🍭🍭🍿🧁🍭🍭🍿🍿🍿

Alinkar nang

မေး။ ။ မင်း တုကူးရှန်းလောက်ကလေးဆန်လား

ဖြေ။ ။ လည်ချောင်းယားလိုက်တာအေ

😆😆😆

You are reading the story above: TeenFic.Net