စာစဉ်(7)အပိုင်း(69)

Background color
Font
Font size
Line height

Lengends of spring goddness

အပိုင်း(69)

"Hi  world "

ကျူးလစ် ပြန်‌ေတွ့လိုက်ရတဲ့ ကမ္ဘာကြီးကို မနှုတ်ဆက်ပဲမနေနိုင်တော့ဘူး

သူမ ကြောက်နေခဲ့တာ

သူမရဲ့ဝိဉာဉ်ကို တစုံတယောက်က ချုပ်ကိုင်ထားပြီး တစက်လေးတောင်မလှုပ်နိုင်ခဲ့ဘူး

ပြီးတော့လဲ သူမပြန်ထွက်လာနိုင်တဲ့အချိန်အထိ အိမ်မက်လားတကယ်လားဆိုတာခွဲခြားမရသေးဘူး

သူမ နင်းထားတဲ့မြေကြီးရဲ့အအေးဒဏ်ကိုခံစားမိတာကိုတောင် မယုံနိုင်သေးဘူး

"ကျူးလစ် !"

"ဟင် ဘယ်သူလဲ "

"ငါပါရှန့်ကွမ်းချွန်းဟွား"

သူမခေါင်းထဲက မိန်းမတစ်ယောက်ရဲ့အသံထွက်ပေါ်လာခဲ့တယ်

အဲ့နောက်တော့ တော်တော်များများဖြစ်သွားတဲ့အရာတွေကိုရော သူမရဲ့အခြေအနေတွေကိုရော အားလုံးကိုသိလိုက်ရလေတယ်

"ငါအခုပင်ပန်းသွားပြီ "

အသံပျော့ပျော့လေးက သူမဘယ်လောက်ပင်ပန်းနေတယ်ဆိုတာကိုသိလိုက်ရသလိုပဲ

သူမတို့စကားစပြတ်သွားတာနဲ့ သူမရဲ့ဆံနွယ်အဖြူတို့ဟာပျောက်ကွယ်သွားပြီး ဆံနွယ်အမဲရောင်တို့ဟာ ပြန်လည်ထွက်ပေါ်လာခဲ့တယ်

သူမရဲ့အရှိန်အဝါကလဲ ပြန်လည်နူးညံ့နေလာခဲ့တယ်

"အဟမ်း"

"တုကူး ......!!."

သူမ ချောင်းဟန့်သံကြားလို့ လှည့်ကြည့်မိတော့ တုကူရှန်းကိုတွေ့ရတယ်

‌သူမကိုယ်ကိုအပိုင်စီးထားတဲ့ချွန်းဟွားမိန်းကလေးပြောပုံအရဆို တုကူးရှန်းက သူမနဲ့မျက်နှာတူနေတာတောင်မှ တချက်လေးစောင်းမကြည့်ခဲ့ဘူးတဲ့

ဘယ်လောက်တောင် သစ္စာရှိတဲ့သူလဲ

တကယ်တော့ သူမ အိပ်ပျော်နေတဲ့အချိန်မှာ သိခဲ့တယ်

သူ့ကိုမတွေ့ရတော့ဘူးလို့တွေးလိုက်တိုင်း သူမနှလုံးသားတခုလုံးကမခံမရပ်နိုင်အောင်ကိုက်ခဲသွားရတော့တာပဲ

ဘယ်လောက်ပဲသီးခံသီးခံ သူမအတွက်တော့ ပုရွက်ဆိတ်အကောင်သန်းပေါင်းများစွာကိုက်ခဲနေသည့်နှယ်

အခုတော့ တည်ကြည်တဲ့သူမရဲ့အမျိုးသားချစ်သူလေးကိုပြန်တွေ့ရတော့

"ရှန်းရှန်း"

တုကူးရှန်းကြောင်အသွားရတယ်

တဆက်ထဲဒီမိန်းမရူးများသွားတာလားလို့လဲတွေးလိုက်မိပါရဲ့

သူမကိုသူမော့ကြည့်လိုက်တော့

"ဟင်!"

"ဘုန်းးးးး"

"အု အဟွတ်ဟွတ် အဟွတ်ဟွတ် ဟွတ်"

သတိမထားမိတဲ့အချိန်မှာ

သူမက သူ့ရင်ခွင်ထဲပြေးဝင်လာခဲ့တယ်

သူ မပြင်ဆင်ထားတာကြောင့် သူမရင်ခွင်ထဲရောက်လာတြဲအခါ အနောက်ကိုပြိုလဲသွားတော့တယ်

သူမရဲ့နဖူးက သူ့ရဲ့လည်စေ့ကိုဖြတ်တိုက်မိတာကြောင့် သူမှာ သူမကိုဖက်ရက်ကြီးနဲ့ချောင်းဆိုးသွားလေတော့တယ်

အစကတော့ သူမကို သူတွန်းထုတ်ပစ်လိုက်မို့

ဒါပေမဲ့ သူမနားက ပန်းပေါင်းစုံကိုယ်သင်းရနံ့လေးကိုရှူရှိုက်မိတဲ့အခါမှာတော့

"ကျူးလေး ကျုးလေးလား-

သူ့လည်ချောင်းထဲက ထွက်လာတဲ့အသံဟာ တုန်ရီပြီး အက်ကွဲနေလို့ သူကိုယ်တိုင်တောင်အံဩမိတယ်

သူမကတော့ သူအပေါ်ထပ်လှဲနေရာမှ

"အင်း ကျူးလေး ပြန်လာပြီ"

တုကူးရှန်း သတိလက်လွတ်နဲ့ သူမကိုတင်းကျပ်စွာဖက်ထားလိုက်တယ်

နောက်တခေါက်ခွဲမသွားနိုင်အောင်

နောက်တခါ ထွက်မသွားနိုင်တေ့ာအောင်လို့ပေါ့

"ညောင်"

မရပ်မနားပြေးလာပုံရတဲ့ ရှောင်ရှောင်ရဲ့ကြီးမားတဲ့ကိုယ်က လွှားခနဲ သူတို့နှစ်ယောက‌်ပေါ်ခုန်တက်လာခဲ့တယ်

တုကူးရှန်းကတော့ ထိတ်လန့်သွားတာပေါ့

အဲ့လောက်ကြီးမားတဲ့ကိုယ်နဲ့သာတက်ဖိလိုက်ရင်တော့ အသားပြားဖြစ်သွားလောက်တယ်မဟုတ်ဘူးလား

အဲ့လိုတွေးမိတာနဲ့ သူ့မှာ ကပျာကယာပြောရတော့တယ်

"ရှောင်ရှောင် မင်းကိုယ်ကိုသေးဦး "

အရိပ်မဲမဲကြီးဟာ လွှားခနဲရောက်လာပေမဲ့ ခနတွင်းမှာ သေးသေးလေးဖြစ်သွားကာ တုကူးရှန်းနဲ့ကျုးလစ်တို့ကြားထဲကျလာခဲ့တယ်

အရှိန်အဝါ အနံ့နဲ့ အပြုအမူအားလုံးပြောင်းလဲသွားတဲ့အခါ ရှောင်ရှောင်က ကျုးလစ်ရဲ့ဝေးဝေးကိုပြေးတော့တာ

သူ့သခင်ရဲ့ဘေးမှာ အန္တရာယ်အငွေ့အသက်တွေများလွန်းတာမို့ သူခမျာ ကုတ်နေခဲ့ရတာလေ

အခုတော့ သူ့သခင်ပြန်လာပြီဆိုတာကို သိလိုက်ရလို့ ငိုချမတတ်ပျော်နေပြီး သူမကိုသူ့ခေါင်းလေးနဲ့တတ်နိုင်သမျှတိုးကပ်ပွတ်သပ်နေတော့တယ်

ကျူးလစ်ကလဲပြုံးကာ ပြန်လည်ပွတ်သပ်ပေးနေတာမို့ ရှောင်ရှောင်တကောင် မျက်လုံးလေး‌ေတွတောင်စင်းနေခဲ့ပြီ

တုကူးရှန်းကတော့ မြေပြင်မှထထိုင်လိုက်တယ်

သူမကိုလဲ ပေါင်ပေါ်ဆက်တင်ထားပြီး သူမခါးကိုဖက် သူမပခုံးပေါ်မေးတင်ကာ ရှောင်ရှောင်ကိုပွတ်သပ်ပေးနေတဲ့ သူမကိုတစိမ့်စိမ့်ကြည့်နေလေရဲ့

ခပ်ကော့ကော့လေးတက်နေတဲ့ဒီလိုအပြုံးရဲ့မူပိုင်ရှင်ဟာ သူမတယောက်ပဲရှိပါတယ်

"လွမ်း‌ေနတာ"

ဆံနွယ်များကိုနမ်းရှိုက်ရင်း သူ့နှာခေါင်းထိပ်လေးနဲ့သူမရဲ့နားရွက်ကိုပွတ်သပ်နေတဲ့သူ့ဆီကခပ်ရှရှစကားသံလေးကြောင့် ကျူးလစ်မျက်ဝန်းတို့ပိတ်ကျသွားခဲ့တယ်

သူ့နှုတ်ဖျားကထွက်လာတဲ့စကားသံက သူမနားထဲမှ တဆင့် နှလုံးသားဆီကို တိုက်ရိုက်ကူးခတ်သွားခဲ့တာကြောင့် သူမ အလိုလိုပခုံးလေးကျုံမိသွားတယ်

ဒါပေမဲ့လဲ သူမရဲ့ပခုံးလေးကိုသူကကိုက်လာတဲ့အခါမှာတော့ သူမတကိုယ်လုံးကြက်သီးမွေးညှင်းတို့ထရပြီလေ

သူမရဲ့တောင့်တင်းနေတဲ့ကိုယ်ကိုသတိထားမိလို့တုကူးရှန်းက အသာပြုံးတယ်

"ပြန်လာတာအရမ်းကောင်းတယ် နောက်တခါထပ်မသွားတော့နဲ့နော် ဒီလိုထပ်မဖြစ်ခိုင်းတော့နဲ့ ကျူးလေးကိုဆုံးရှုံးရမှာကိုကိုယ်ကြောက်လို့ ပြောစကားနားထောင်နော်"

"အင်း"

သူမ ပြောတော့ပြောလိုက်တာပဲ

ခက်တာက သူမအာရုံက သြူအသံလေးထဲမှာပဲရှိနေလေတယ်

"ကိုယ့်ကိုကြည့်ပါဦး"

ရှောင်ရှောင်ကိုပွတ်သပ်ပေးနေတဲ့ကျုးလစ်က သူ့ကိုခပ်ဖြေးဖြေးမော့ကြည့်လိုက်တယ်

တလက်လက်တောက်ပနေတဲ့မျက်ဝန်းအစုံဟာရီဝေလျှက်သူမကိုငုံ့ကြည့်နေတာကိုပဲ‌‌တွေ့မိတာပဲ

ရုတ်တရက် သူမရင်ခုန်လာခဲ့တယ်

အပူတို့က နားရွက်နဲ့ပါးတို့ဆီကူးစက်လာပြီး သူမကိုအပန်းရောင်ငါးလေးလိုဖြစ်လာစေတယ်

"ကိုယ့်ကိုချစ်လား"

"အင်း..........ဟင် "

ယောင်ယောင်မှားမှားနဲ့ခေါင်းညိတ်ပြီးခါမှ နားမလည်တဲ့ဟန်လေးနဲ့သူ့ကိုပြန်မော့ကြည့်မိတော့ သူက

"ဒီလိုပုံလေးကို ကိုယ်တယောက်ပဲမြင်ပါရစေနော် တ
ခြားသူတွေကိုသာမြင်ခွင့်ပေးလိုက်ရင် ကိုယ်တော့မနာလိုဖြစ်ရလွန်းလို့ရူးမှာပဲ "

သူမဦးနှောက်ကသူ့ရှေ့မှ‌ာတော့ တကယ်အလုပ်မလုပ်ဘူး

အခုလဲ

သူဘာ‌ေတွပြောနေလဲဆိုတာ သေချာ‌ေတွးနေတုန်း သူ့မျက်နှာဟာသူမနဲ့နီးကပ်လာပြီး သူမနှုတ်ခမ်းတို့ဟာ နုညံ့ချိုမြိန်တဲ့အရာနဲ့ထိကပ်သွားပြီးသူမလဲအဲ့ထဲမှာပဲနစ်မျောသွားတော့တယ်

.....,........🍷🍷🍷🍷🍷🍷🍷🍷🍷🍷

Alinkar nang

ရေးလာသမျှထဲမှာ ဒီအတွဲက ချစ်မိကြဖို့အကြာကြီးပဲ

စိတ်မရှည်တော့ဘူး ဇွတ်ချိတ်ပေးလိုက်ပြီ

ဒါနဲ့

အရင်နေ့တွေက ဖျားနေလို့ မတင်နိုင်တာပါ

အခုလဲဖျားနေတုန်းပါပဲ

ဒါပေမဲ့ လက်ကအကျင့်ပါနေပြီး ဦးနှောက်ကလဲ စကားလုံးတွေစီနေတာနဲ့ မနေနိုင်ပဲ ထတင်လိုက်ပါတယ်🥰🥰🥰





You are reading the story above: TeenFic.Net