Lengends of spring goddness
အပိုင်း(64) နွေဦးနတ်ဘုရားမထပ်မံနိုးထလာ
သူမရဲ့လေးတော်စောင့်နဂါးနဲ့ အသွင်ပြောင်းဆေးပင်ရဲ့တိုက်ပွဲကတော့ ပြင်းထန်လွန်းလှပါတယ်
သစ်ပင်တို့ကျိုးကုန်တဲ့အခါ တတောလုံးက တုန်ဟီးနေေတာ့တာပါပဲ
ကျူးလစ်မှာတော့ သားရဲနှစ်ကောင်ချနေတဲ့ကြားကလွတ်အောင်ပြေးရတာကတမျိုး
သူမဆီလာစင်တဲ့သစ်ပင်တွေကိုလွတ်အောင်ရှောင်နေရတာကတမျိုးနဲ့
ခက်ခဲလို့နေပါတယ်
ဘယ်ရောက်သွားမှန်းမသိတဲ့သူမရဲ့နောက်လိုက်တသိုက်နဲ့တုကူးရှန်းကိုလဲ မတွေ့ရဘူးလေ
"အားးး"
သတိလစ်သွားတဲ့တချက်မှာ သူမပေါင်ကိုသစ်စတခုလာစိုက်ပါတယ်
ဒူးထောက်ကျသွားတဲ့ကျုးလစ်က အသွင်ပြောင်းဆေးပင်ကိုစောင့်တဲ့သားရဲရဲ့အမြှီးရိုက်ချက်ကိုလဲခံလိုက်ရလေတော့
မြေပြင်ပေါ်ကိုအရှိန်နဲ့ကျသွားပြိး အပတ်ပေါင်းများစွာလှိမ့်သွားပါတော့တယ်
ကျောက်တုံးတတုံးကို ကျောပြင်နဲ့ရိုက်မိတဲ့ကျူးလစ်ဟာ တစက္ကန့်လေးတောင်အချိန်ဖြုန်းမနေရဲပဲ ထပြေးရပြန်ပါတယ်
ဘာလို့ဆို နှစ်ကောင်သားဟာ ထပ်လုံးထွေးသွားပြီး သူမဆိကိုအရှိန်နဲ့ပြန်ကျလာလို့ပါပဲ
နဂါးက သူစိတ်ရှိသလောက်ပြန်တွန်းကန်နေပါတယ်
အချိန်ဘယ်လောက်ကြာနေမှန်းမသိ သူမပြေးနေခဲ့ရပြီးနောက်မှာ မရဏချောက်ကမ်းပါးရဲ့အစွန်းကို
ရောက်လာကြတော့တာပါပဲ
"သေစမ်း လမ်းမှားသွားပြီ"
တောပိုနက်သထက်နက်လာတဲ့နေရာမှာ မရဏချောက်ကမ်ပါးရှိပါတယ်
ဘာလို့မရဏချောက်ကမ်းပါးလို့ခေါ်တာလဲ
မဲမှောင်နေအောင်မမြင်ရတဲ့ချောက်ကမ်းပါးရဲ့အောက်မှာ ခပ်ရေးရေးမြင်ရတဲ့ ကျောက်ဆူးချွန်တွေက သင်ပြုတ်ကျလာတဲ့အခါ သင့်ရဲ့အသားအရိုးေတွကိုဆွဲခွဲသွားဖို့အဆင်သင့်ရှိနေလို့ပါပဲ
ဒဏ်ရာသေးသေးလေးရသွားလို့သွေးနံ့နဲနဲေလးထွက်သွားရင်တောင် သင့်ကိုစားသောက်ပစ်မဲ့အကောင်တွေကလဲ စောင့်ကြိုလို့နေပါတယ်
အဲ့တော့ ချောက်ကမ်းပါးထဲ ခုန်ဆင်းတာမျိုး ဒါမှမဟုတ်ပြုတ်ကျတာမျိုးဆိုရင် အသက်ရှင်ဖို့မျှော်လင့်မနေပါနဲ့တော့
ကျိန်းသေသေဆုံးသွားပြီပဲမှတ်လိုက်ပါ
အခုလဲကျူးလစ်က လမ်းဆုံးလိုသဘောမျိုးနဲ့မရဏချောက်ကမ်းပါးကိုရောက်လာ
ခဲ့ပါတယ်
သူမနောက်မှာလဲ အန္တရာယ် ရှေ့မှာလဲ သေကွင်း
ဒီလိုအခြေအနေမျိုးနဲ့ရင်ဆိုင်လာရတဲ့အခါ
သူမရဲ့မော်ဒန်ခေတ်တုန်းက ဗုံးဖောက်ခွဲပြီးသေခဲ့ရတဲ့အဖြစ်ကိုတောင်သတိရသွားခဲ့သလိုပါပဲ
"ငါ ဒိမှာသေရတော့မှာလား"
သူမ စိတ်ဆင်းရဲစွာနဲ့ ပတ်ဝန်းကျင်ကိုလှမ်းကြည့်လိုက်ပေမဲ့ ဘယ်လိုနည်းလမ်းကမှ သူမကိုအသက်ရှင်အောင်မပြုလုပ်ပေးနိုင်ဘူးဆိုတာသိလိုက်ပါတော့တယ်
တခါသေပြီးသားဆိုပေမဲ့ အသိရှိနေတုန်း ကိုယ့်အသွေးကိုယ့်အသားဟာ တစစီဖြစ်သွားပြီး အရပ်ပေါင်းစုံကိုလွင့်စင်သွားတဲ့အခါ ဘယ်လိုခံစားချက်ဖြစ်လာဆိုတာ ထပ်ပြီးမကြုံချင်တော့ပါဘူး မသိချင်တော့ပါဘူး
အခု တခါ အသက်ပြန်ရှင်ခွင့်ရလာတဲ့အခါ ထပ်ပြီးသေဆုံးရဦးမယ်ဆိုရင် မိုးကောင်းကင်ကြီးက သူမကိုဘာဖြစ်စေချင်နေတာပါလဲ
သူမလဲမသိတော့ပါဘူး
အားလုံးက ကံကြမ္မာအလိုအရပဲလား
သူမဟိုဖက်ခေတ်မှာသေပြီး ဒီဖက်ရောက်လာက ဆန်းကြယ်တဲ့ဖြစ်ရပ်ဆိုပေမဲ့
ဟမ်?
ခနလေး
ဆန်းကြယ်တဲ့ဖြစ်ရပ်လား ?
သူမ(ကျူးလစ်) သူမ(နွေဦးနတ်ဘုရားမ)ကိုနိုးဖို့လိုတယ်
အဲလိုဆိုရင် သူမရဲ့အသက်အန္တရာယ်ကိုကယ်ပြီးသားဖြစ်လိမ့်မယ်
သူမရဲ့မျက်ဝန်းတို့ကိုမှိတ်လိုက်ပါတယ်
ပြီးတော့ ဒန်ထျန်ဆီကိုအာရုံစိုက်လိုက်တဲ့အခါ သူမမျက်ဝန်းတို့ပြန်ဖွင့်လာတဲ့အခါ
ဒန်ထျန်ရေကန်ရဲ့ဘေးက ဆယ့်နှစ်ရာသီပန်းပွင့်နေတတ်တဲ့ သစ်ပင်ကြီးအောက်ရောက်နေခဲ့ပါတယ်
"ငါဒုက္ခရောက်နေတယ် နိုးလာပြီးငါ့ကိုကယ်ပေးဦး ငါတို့ကခန္ဒာကိုယ်တခုထဲကိုမျှသုံးနေကြရတာပဲလေ ငါသေရင် နင်ပါဒုက္ခရောက်မှာနော် အဲ့လိုဖြစ်စေချင်တာလား "
တည်ငြိမ်နေတဲ့သစ်ပင်ကြီးက သူမစကားတို့ကြားတဲ့အခါ သစ်ရွက်တွေလှုပ်ရှားလာပါတယ်
အဲ့တာက ကြားတယ်လို့ဆိုလိုတာပဲမဟုတ်ဘူးလား
သူမ အဲ့သစ်ပင်ခြေရင်းမှာလှဲအိပ်လိုက်ပါတယ်
သူမအိပ်လိုက်တဲ့အခါ ငြိမ်းချမ်းခြင်းနယ်မြေထဲကိုရုတ်ချည်းဝင်ရောက်သွားတော့တာပါပဲ
"မဖြစ်ဘူး"
သူမအလန့်တကြားရေရွတ်လိုက်ပေမဲ့ ဘယ်တတ်နိုင်မလဲ သူမကအိပ်ပျော်သွားခဲ့ပြီကိုး
အပြင်ဘက်မှာတော့ ထက်မြက်စူးရှပေမဲ့သွေးအေးတဲ့စိမ်းပြာရောင်မျက်ဝန်းတစုံရဲ့ပိုင်ရှင်က နှုတ်ခမ်းတို့အသာတွန့်လျှက်နိုးထလာပါတယ်
သူမရဲ့ဆံနွယ်တွေဟာလဲ ငွေရောင်ဆီကူးပြောင်းသွားခဲ့ရင် ခေါင်းပေါ်မှာလဲ ပန်းသရဖူတခုကလှပစွာနေရာယူထားလျှက်ရှိပါတယ်
နွေဦးနတ်ဘုရားမနိုးထလာခဲ့ပါပြီ
သူမရဲ့အရှိန်အဝါကလဲ ချက်ချင်းဖြာထွက်လာပြီး ထိုက်ယန်ကွမ်းတို့ဇနီးမောင်နှံကလဲချက်ချင်းလိုလိုပေါ်ထွက်လာကာ
"အရှင်မကို ဒီငယ်သားတို့က နှုတ်ဆက်ပါတယ် "
နွေဦးနတ်ဘုရားမက သူမရဲ့လက်တို့ကိုဝှေ့ရမ်းလိုက်ပြီး ဦးညွတ်နေတဲ့ဇနီးမောင်နှံကိုထစေလိုက်ကာ သူမဆီဝင်ရောက်လာတဲ့ သားရဲနှစ်ကောင်ကို လက်နဲ့အသာထိလိုက်ပါတယ်
နဂါးကတော့ သူမကိုယ်ထဲပြန်ဝင်သွားခဲ့ပြီး အသွင်ပြောင်းဆေးပင်ကိုစောင့်တဲ့
သားရဲကောင်ကတော့ ပန်းပွင့်ဖတ်လေးတွေအဖြစ်နဲ့အဆုံးသတ်သွားပါတော့တယ်
"အရှင်မရဲ့စွမ်းအားတွေပြန်သက်သာလာပြီ"
"အင်း"
ဟုတ်ပါတယ်
ကျုးလစ်ရဲ့ဒန်ထျန်ထဲကချီတွေကိုစုပ်ယူပြီး သူမ(ကျူးလစ်)ကျင့်တဲ့အခါ တဝက်ကိုလဲရပါသေးတယ်
အဲ့တော့ သူမရဲ့အားတွေကခပ်မြန်မြန်ပဲ ပြန်ရလာပြီး သူမရဲ့ပျက်စီးနေတဲ့ဝိဉာဉ်ကလဲ တဖြေးဖြေးပြန်ကောင်းလာနေပါတယ်
"အရှင်မ ဒီချွေချွန်းဟွားရဲ့ကိုယ်က အရမး်အံဩဖို့ကောင်းတာပဲ အရှင်မရဲ့ဝိဉာဉ်ကိုလက်ခံနိုင်ပြီးတော့ ကုစားနိုင်စွမ်းလဲရှိသေးတယ်"
ထိုက်ထိုက်က ဝမ်းသ အားရနဲ့ပြောလာပါတယ်
နွေဦးနတ်ဘုရားမကလဲ အဲ့ဒါကိုလက်ခံပါတယ်
သူမကိုထိန်းထားနိုင်တဲ့ကိုယ်က ဒီလောက်တော့အစွမ်းရှိမှရမှာေပါ့ မဟုတ်ရင် သူမ နောက်တကိုယ်ရှာနေရဦးမယ်လေ
မရဏချောက်ကမ်းပါးက သစ်ပင်အနဲငယ်သာရှိပြီး တခြားအရာတွေပေါက်ရောက်ဖို့လဲအင်မတန်
အခွင့်အရေးနဲလှပါတယ်
အဲ့လိုနယ်မြေတခုက နွေဦးနတ်ဘုရားမခြေချလိုက်တဲ့အခါ ချက်ချင်း အပင်တွေနဲ့ပြည့်နှက်သွားပြီး အုပ်ဆိုင်းသွားပါတော့တယ်
ချောက်ကမ်းပါးကိုတောင်မမြင်နိုင်လောက်အောင်ထူထပ်သွားပြီး အသွင်ပြောင်းဆေးပင်ကိုစောင့်တဲ့သားရဲကပန်းပွင့်ဖတ်တွေဖြစ်သွားပြီးမြေပြင်ပေါ်ကျသွားတဲ့အခါ အနီရောင်ဆွေးေဆွး သွေးလိုအရောင်ရှိတဲ့ပန်းပင်တွေအဖြစ်ပြောင်းသွားတော့တာပါပဲ
လူတယောက်ကိုမပြောနဲ့ဦး ကြီးမားလွန်းလှတဲ့သားရဲကြီးကိုတောင် ဒီလိုဖြစ်စေနိုင်တဲ့နွေဦးနတ်ဘုရားမက သူမရဲ့ဒဏ်ရာတွေတောင်အကုန်မကောင်းသေးပါဘူး
ဒီလိုဆို ကောင်းကင်တိုင်းပြည် အထက်ဘုံမှာတုန်းက အကောင်းအတိုင်းရှိနေတဲ့နွေဦးနတ်ဘုရားမရဲ့စွမ်းအားက ဘယ်လောက်ကြီးမာနေမလဲဆိုတာ စဉ်းစားသာကြည့်ကြပါတော့
,,.............🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷
Alinkar nang
You are reading the story above: TeenFic.Net