စာစဉ်(6) အပိုင်း(56)

Background color
Font
Font size
Line height

Lengends of spring goddness

အပိုင်း(56)သူမဘယ်သူလဲ(2)

အစပိုင်းတွင်တော့ ထိုက်ယန်ကွမ်းတို့ဇနီးမောင်နှံနှစ်ယောက်သားဟာ ကျုးလစ်ကိုနီးနီးကပ်ကပ်မျက်စိကျယ်ကျယ်ထားကာ စောင့်ကြည့်ခဲ့ကြတယ်

ဒါပေမဲ့ကျုးလစ်လိုလူမျိုးက ငြိမ်နေရင်ယုန်လိုမျိုးအပြစ်ကင်းစင်ပြီးအန္တရာယ်မရှိဘူးဆိုတာကိုပဲတွေ့ခဲ့ရတယ်

သူမက နန်းတော်ကိုသွားတယ် ဒါမှမဟုတ် ကျင့်ကြံတယ်

တုကူးရှန်းနဲ့စကားပြောတယ်

ဒါမှမဟုတ် ပိုင်ချင်းနဲ့စကားပြောတယ်

အဲ့ဒါတွေတခုမှလုပ်မနေဘူးဆိုရင် သစ်ပင်အိုကိုမှီပြီး ရှောင်ရှောင်ကိုပွတ်သပ်ကာ စာအုပ်ဖတ်ရင်းအိပ်ပျော်နေလိမ့်မယ်

အဲ့ဒီအခါ သူမလဲကျမသွားအောင် သစ်ပင်အိုကြီးကအမြစ်တွေဆန့်ထုတ်ရင်းသက်တောင့်သက်ဖြစ်အောင် ရှောင်ရှောင်ရဲ့ကြီးမားတဲ့ကိုယ်ပေါ်မှာနွေးနွေ‌းထွေးထွေးဇိမ်ရှိရှိနဲ့အိပ်ပျော်နေလိမ့်မယ်

ပြိးရင်တော့ ရန်ကျင်း ဒါမှမဟုတ် တုကူးရှန်း တစ်ယောက်ယောက်ကသူမကိုအိပ်ရာဆောင်ဆီသယ်သွားပေးလိမ့်မယ်

ဒီလိုမျိုး ဘဝကိုဇိမ်ရှိရှိနဲ့ဖြတ်သန်းတတ်တဲ့မိန်းမငယ်လေးက အန္တရာယ်အပြည့်နဲ့ဆူးပင်တပင်ဆိုတာဘယ်သူယုံမှာလဲ

လျို့ဝှက်ချက်တွေကလဲများလိုက်သေး

သူမရဲ့လျို့ဝှက်ချက်တွေက စေ့ပိတ်ထားတဲ့တံခါးရဲ့နောက်ကွယ်မှာရှင်သန်နေတဲ့မြက်ရိုင်းပင်တွေလို များပြားလွန်းလှတယ်

ဘယ်လောက်ကြာကြာစောင့်ကြည့်ပါစေ သူမကအပျင်းလိုသာလှုပ်ရှားနေတာမို့

သတိထားကြည့်နေကြတဲ့ ထိုက်ယန်ကွမ်းတို့နှစ်ယောက်ဟာ မသိလိုက်ဘာသာပဲ သတိလျှော့ရဲသွားတော့တာပဲ

ဘယ်လောက်ပဲစိတ်ဝင်စားနေပါစေ စေ့ပိတ်ထားတဲ့တံခါးရှေ့မှာအချိန်အတော်ကြာတိတ်ဆိတ်နေရတာမို့ စောင့်ကြည့်ရမှာတောင်ပျင်းသွားတဲ့သဘောတရားလိုပဲပေါ့

ဒီအတောအတွင်းမှာ တုကူးရှန်းနဲ့ကျုးလစ်ရဲ့ဆက်ဆံရေးကပုံမှန်ထက်ပိုရင်းနှီးလာခဲ့တယ်

ပိုင်ချင်းကတော့ သူ့ဘက်ကလက‌်လျော့ရတော့မလိုအခြေအနေပေါ့

ယောကျာ်းသားများရဲ့တိုက်ပွဲဟာပိုပြိးပြင်းထန်လာလေတယ်

ဒါပေမဲ့သူတို့ရဲ့ဘုံရန်သူက တစ်ယောက်ထဲ

စံအိမ်သခင်

အဲ့ကောင်က သူမရဲ့အနားမှာတ့ခါးမရှိဓားမရှိ အိပ်ခန်းဆိုလဲလှစ်ခနဲပဲ ဝင်သွားလိုက်တာပဲ

ရေချိုးနေရင်းလဲ တုန့်ဆိုင်းမူ့မရှိခုန်ပေါက်ဝင်သွားခဲ့တာပဲ

ဝတ်ရုံဝတ်နေရင်တောင် ကြိုးပါစည်းကူပေးလိုက်သေးတယ်

အဲ့ကောင်က ရိုးရိုးသားသားပဲဖြစ်နေလို့

အဲ့ကောင်ရဲ့မျက်လုံးတွေကကသာမရိုးသားဘူးဆိုရင် အသားတပုံအရိုးတပုံဖြစ်အောင်လုပ်ပစ်လိုက်တာကြပေါ့

မရိုးမသားမရှိဘူးဆိုရင်တောင် သူတို့ကမကျေမနပ်ဖြစ်နေတုန်းပဲ
အဲ့ဒါကြောင့် တိတ်ဆိတ်အေးချမ်းနေတဲ့ သက်တ့့ရောင်ခြယ်စံအိမ်ဟာ တနေ့တခေါက်လောက်တော့ မီးတောင်ထပေါက်ကွဲတတ်လေရဲ့

များသောအားဖြင့် စံအိမ်သခင်ကို ရန်သူနှစ်ယောက်ပူးပေါင်းကာ သတ်တတ်ကြပြီး တခါတရံတော့ ထူးထူဆန်းဆန်းနဲ့ ဟိုဖက်သည်ဖက်ပြောင်းတွဲကြပြီး တိုက်ကြခိုက်ကြလေ့ရှိတယ်

သူတို့အားလုံးက တစ်ယောက်ထဲဆိုရင်အရှိန်အဝါကြီးြပီး နတ်ဆိုးဆန်ကြတဲ့သူတွေချည်းပဲ

တည်ကြည်ခန့်ညားပြီး အရမ်းချောမောကြကာ ပျိုတိုင်းြကိုက်တဲ့နှင်းဆီခိုင်တွေချည်းပါပဲ

ဒါပေမဲ့လဲ ကျုးလစ်ရှေ့မှာတော့ကလေးလိုပဲ ဟန်ဆောင်မူ့မရှိဖက်ပြီးရန်ဖြစ်နေကြတာပါပဲ

ကျုးလစ်ကလဲဘာမှမပြောတော့ပဲ ရန်ပွဲတွေ့ရင်ဖရဲသီးစားပြီးအားပေးလိုက်တော့တယ်

‌ယောကျာ်းလေးတွေရင်းနှ္ီးဖို့ကတိုက်ကြခိုက်ကြမှပဲ တဖြေးဖြေးအကျွမ်းတဝင်ရှိနေမှာလေ

သူမကရင်းနှီးစေဖို့ အတင်းတိုက်တွန်းလိုက်ရင်တောင် သေသည်အထိမုန်းသွားကြမဲ့ရန်သူတွေမို့ပါပဲ

အစကတော့ တကယ်ကြီးတိုက်ခိုက်နေကြတာပါ

အဲ့လိုနဲ့ကြာလာတော့ ရန်လိုစိတ်နဲလာပြီး သွေးအေးအေးနဲ့အကွက်ချောင်းကာ တိုက်ကြခိုက်ကြရင်းနဲ့ မထင်မှတ်ပဲရင်းနှီးသွားကြတော့တယ်

သူတို့ခေါင်းဆိုင်ပြီးတည့်နေတဲ့အချိန်လဲရှိပါတယ်

ကျူးလစ်အရေးကိစ္စနဲ့ပတ်သတ်ရင်အားလုံးကပူးပေါင်းသွားတတ်ကြတယ်

အိမ်တော်ရဲ့အရေးကိစ္စတွေမှာလဲပိုင်ချင်းကလွဲရင်အားကိုးရတာမို့ ကျူးလစ်ကတော့သက်သာသလိုပဲနေလိုက်တော့တယ်

အဲ့လိုနဲ့ငြိမ်းချမ်းနေတဲ့သက်‌တံ့ရောင်ခြယ်စံအိမ်တော်လေးဟာ တရက်မှာတော့ တည်ငြိမ်မူ့ပျောက်ဆုံးသွားရမဲ့အကြောင်းတရားဖန်လာတော့တယ်

အဲ့လိုမဖြစ်ခင်က အရာအားလုံးဟာ ပုံမှန်နေ့တနေ့လိုပဲလည်ပတ်နေခဲ့တာ

ကျူးလစ်တောင်မှ ရှောင်ရှောင်ကိုမှီကာ နေရောင်ခြည်ကိုခံစားရင်း သတ်‌ေနကြပြန်တဲ့နှစ်‌ေယာက်သားရဲ့ပွဲကိုထိုင်ကြည့်နေခဲ့တာလေ

အဲ့အချိန်မှာပဲ သူမခါးမှချိတ်ထားတဲ့ ကျောက်စိမ်းပြားလေးဟာရုတ်တရက်ဆိုသလိုကွဲ‌ေကြသွားတော့တယ်

"ဂွပ်"

ကျုးလစ်ရဲ့ရေနွေးကြမ်းသောက်ဖို့ပင့်မြောက်ထားတဲ့လက်ဟာ လမ်းတဝက်မှာတငိရပ်တန့်သွားခဲ့တယ်

မျက်ဝန်းတို့ဟာလဲ အနီရောင်ပြောင်းလဲသွားလျှက် သူမကိုဗဟိုပြုထားတဲ့နေရာတဝိုက်ဟာအေးစက်မှောင်မဲသွားတော့တာပဲ

ထိုက်ယန်ကွမ်းတို့နှစ်ယောက်လုံးဟာလဲ ထိတ်လန့်သွားကြတယ်

ဘာလို့လဲဆိုတော့ သူမရဲ့အားပြင်းတဲ့ပြောင်းလဲမူ့ကိုမျက်မြင်ကြုံလိုက်ရလို့ပါပဲ

ရှောင်ရှောင်ကလဲ အဆင်သင့်ဖြစ်နေခဲ့ပြီ

ဟိုနှစ်ယောက်သားဟာလဲတခုခုမှားနေတာကိုအာရုံရလိုက်လို့ သူမနားအပြေးလေးရောက်လာခဲ့ကြတယ်

ရန်ကျင်းကလဲ ပျင်းရိပျင်းတွဲပုံစံမျိုးမဟုတ်‌ေတာ့ပဲ ဖြတ်လတ်နေခဲ့တယ်

အဲ့ခနမှာ သက်တံရောင်ခြယ်စံအိမ်တော်ကြီးဟာ ရန်လိုမူ့အပေါင်းနဲ့ခညောင်းသွားတော့တာပဲ

"ဘာဖြစ်တာလဲ"

တုကူးရှနး်က ဂရုတစိုက်နဲ့သူမကိုခပ်ဖြေးဖြေးမေးလိုက်တယ်

"ဘယ်ရီ .....က သူမရဲ့ကျောက်စိမ်းပြားကိုချိုးပစ်လိုက်တယ် "

"ဟမ် "

ကျောက်စိမ်းပြားကိုချိုးလိုက်တာ်ဆိုတာဘာအဓိပွာယ်လဲလူတိုင်းသိကြတယ်

သေရေးရှင်ရေးကြုံနေတယ်လို့ဆိုလိုတာပဲလေ

သူတို့နဲ့ရန်ဖြစ်ဖော်ရန်ဖြစ်ဖက် နှင်းပွင့်စံအိမ်သခင် တစ်ယောက်ဒုက္ခရောက်နေပြီပေ့ါ

ဝမ်းသာရမဲ့အစားပူပန်သွားခဲ့ကြတယ်

အဲ့ကောင်သာ မတော်တဆသေသွားရင် ဘယ်သူ့ကိုသွားအနိုင်ကျင့်ရမှာလဲ

ပြီးတေ့ာ သူတို့စာရင်းရှင်းတာမပြီးသေးဘူးလေ

"ကျွန်မနဲ့ဆန္ဒရှိရင်လိုက်ခဲ့ မရှိရင်လဲနေခဲ့ "

"လိုက်မယ် "

"လိုက်မယ်"

တုကူးရှန်းနဲ့ပိုင်ချင်းနှစ်ယောက်သားဟာ ပြိုင်တူပြောလိုက်ကြပြီးမှ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးအော့အန်ချင်လိုလုပ်ပြလိုက်ကြတယ်

ရန်ကျင်းကတော့ အဲ့နှစ်ယောက်ကိုမျက်ဖြူပဲလှန်ပြချင်တော့တာပဲ

အရေးကြီးပါတယ်ဆို သူတို့ကသတ်ချင်နေကြသေးတယ်

အဲ့လိုနဲ့ သစ်ပင်အိုကြီးကလွဲပြီး အားလုံးဟာ နှင်းပွင့်စံအိမ်တော်ဆီကိုချီတက်သွားကြတော့တယ်


အဲ့လိုချီတက်သွားကြတဲ့အားကမနည်းလို့ အားလုံးကိုအုတ်အော်‌ေ‌သာင်းနင်းဖြစ်သွားစေခဲ့တာပေါ့

တိုးတိုး တိုးတိုးနဲ့ပြောရင်းကျန်ခဲ့ကြတဲ့ နှင်းပွင့်ကုန်းမြေကလူသားတွေရဲ့ပထမဆုံးစည်ကားတဲ့ရက်လဲဖြစ်ခဲ့တာပေါ့

..............🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷

Alinkar nang

You are reading the story above: TeenFic.Net